Go Back   မြန်မာမိသားစုဖိုရမ် » ..:: ကွန်ပျူတာနယ်ပယ် ::.. » Software များဆိုင်ရာ
မြန်မာလက်ကွက်

Software များဆိုင်ရာ နေ့စဉ်နဲ့အမျှ ထွက်ရှိသောနေသော Software အသစ်များအကြောင်း ၊ လက်ရှိအသုံးပြုနေသော Software များအကြောင်းနှင့် အသုံးချပုံများအကြောင်းဆွေးနွေးထားသည့်နေရာပါ..

Reply
 
Bookmark and Share တန်ဆာပလာများ ဖော်ပြမှုပုံစံ
Old 06-04-2010, 10:24 PM
  post #1
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,394 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
7 applications you should try !

ဒီနေ့တော့ အားလုံးအတွက် အသုံးချဖို့ သင့်တော်မယ့် apps တစ်ချို့နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ တစ်ချို့လည်း သိပြီးသားတွေ ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် အသစ်အသစ်သော users များအတွက် အသုံးချနိုင်အောင် နိုင်သလောက် ကြိုးစားကြည့်တာမျိုးပါ။ မိတ်ဆက်ပေးချင်တဲ့ apps လေးတွေကတော့ တော်တော်များပါတယ်။ အဲတာတွေထဲကမှ apps 7 မျိုးနဲ့ အဦးဆုံး မိတ်ဆက်ပေးချင်ပါတယ်။

Microsoft Security Essentials


Antivirus ဆိုရင် Kaspersky, AVG, Norton, NOD32 ... စသဖြင့် လူကြိုက်များ လူသုံးများတဲ့ Antivirus ပေါင်း မနည်းမနော ရှိပါတယ်။ ဒါပေမယ့် အားလုံး သိထားကြတဲ့ အတိုင်း Kaspersky ဆိုရင် ကီး တွေ ခဏခဏ Blacklist ဖြစ်တယ်။ Norton ဆို Trail Reset ကို သုံးရတယ် .. NOD ဆိုရင်လည်း Username, Password ရှာရတယ် .. တစ်ခြားဟာတွေ ဆိုရင်လည်း Keys ရှာရ Crack ရှာရနဲ့ ပြဿနာပေါင်း မနဲမနော ရှိပါတယ်။ ဒီ ပြဿနာတွေကနေ ကျွန်တော်ကတော့ အခု ကင်းဝေးပြီး ကျွန်တော့် ကွန်ပြူတာလည်း တစ်ခြား ကွန်ပြူတာတွေလို လုံခြုံတဲ့ စောင့်ရှောက်မှု အောက်မှာ ရောက်ရှိနေခဲ့ပါပြီ။ ကီးမလိုပါဘူး - Crack မလိုပါဘူး - Trail Reset မလိုပါဘူး - ဘာမှ မလိုလို့ ဘာမှမစွမ်းဆောင်နိုင်ဘူးလို့ မထင်လိုက်ပါနဲ့ .. သူကလည်း Protected by Kaspersky Lab လိုပဲ ကျွန်တော်တို့ ကွန်ပြူတာတွေကို အပြည့်အဝ ကာကွယ် ပေးနိုင်ပါတယ်။

Microsoft ကနေ ( 3 ) လလောက် Beta အနေနဲ့ စမ်းသပ်မှု ပြုလုပ်ခဲ့ပြီး နောက်ပိုင်း အတည်ပြု ထွက်ရှိလာတဲ့ Microsoft Security Essentials ဟာ free ဖြစ်တဲ့ အပြင် malware အတွက်လည်း အချိန်ပြည့် ကာကွယ် စောင့်ရှောက်မှု ပေးနိုင်ပါတယ်။ ဒါတင်မက viruses, spyware, rootkits, နဲ့ Trojans တွေကိုလည်း ကျွန်တော်တို့ ကွန်ပြူတာကနေ ကင်းဝေးအောင် စောင့်ရှောက်မှု ပေးနိုင်ပါတယ်။ Microsoft Security Essentials ဟာ Windows XP 32-bit (8.61MB) Windows Vista/7 32-bit (4.28MB) နဲ့ Windows Vista/7 64-bit (4.71MB) ဆိုပြီး Windows အသုံးပြုသူတွေ အတွက် သုံးစွဲရ အဆင်ပြေအောင် ခွဲခြား ထုတ်လုပ်ပေးထားပါတယ်။ Anti-malware testing group တစ်ခု ဖြစ်တဲ့ AV-Comparatives.org က Microsoft Security Essentials ကို Highest rating ADVANCED+ အဖြစ် Rating ပေးခဲ့ယုံမျှ မက performance test မှာလည်း အကောင်းဆုံး အဖြစ် Rank ပေးခဲ့ပါတယ်။

Microsoft Security Essentials ဟာ အထက်မှာ ဖော်ပြခဲ့သလို သုံးစွဲဖို့ အတွက် ဘာအခက်အခဲမှ မရှိပေမယ့် သူနဲ့ ပတ်သတ်ပြီး တစ်ခုကြိုတင် နားလည်ထားသင့်တာ တစ်ခုက သူ့ကို install လုပ်ဆောင်ချင်တယ် ဆိုရင် Windows Genuine Advantage validation ကို ကျွန်တော်တို့ ကွန်ပြူတာက Pass ဖြစ်ဖို့ လိုပါတယ်။ ဒါကလည်း သိပ်တော့ ခက်ခဲတဲ့ အကြောင်းတရား တစ်ခု မဟုတ်တော့ပါဘူး။ Internet မှာ Windows Genuine Advantage validation ကို Crack လုပ်နိုင်တဲ့ နည်းလမ်းတွေ ဝေမျှ ထားတာ မနည်းမနော ရှိနေပြီ မလား။

Microsoft Security Essentials ရဲ့ စွမ်းဆောင်ရည်တွေကို ဖော်ပြပါ နေရာ နှစ်ခုကနေ သွားရောက် စစ်ဆေးကြည့်နိုင်ပါတယ်။

( ၁ ) Performance Tests
( ၂ ) AV-Comparatives Rates Anti-Malware Performance

Evernote


Microsoft Office ထဲမှာ ပါတဲ့ Onenote ကို အသုံးပြုကြဖူးမယ် ထင်ပါတယ်။ Onenote ကို ကျွန်တော် တော်တော်လေး သဘောကျပါတယ်။ သူက တော်တော်လေးလည်း သုံးရလွယ်ကူသလို တကယ်ကို လက်ထဲမှာ notebook တစ်အုပ်ဆောင်ပြီး ရေးချင်ရာရေးနေရသလိုပါပဲ။ Web ထဲမှာ လျှောက်သွားရင်း လိုတာလေးတွေကို မှတ်ထားချင်သလား၊ မိသားစု သတင်းအချက်အလက်တွေ၊ Online shopping တွေ၊ နောက် ကိုယ့် လုပ်ငန်းအချက်အလက်တွေ၊ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေ စသဖြင့် အကုန်လုံးကို အကြမ်းမျဉ်းကနေ စပြီး အပြည့်အစုံထိ မှတ်သားနိုင်အောင် အလွယ်တကူ စွမ်းဆောင်ပေးနိုင်ပါတယ်။ ဒါပေမယ့် သူကတော့ ကိုယ့်ကွန်ပြူတာထဲမှာပါပဲ။ ဆိုလိုတာ ဒီ Onenote ထဲမှာ မှတ်ထားတဲ့ အကြောင်းအရာတွေကို ကျွန်တော်တို့ တစ်ခြားတစ်နေရာ မှာ အသုံးလိုတဲ့ အခါ ကိုယ့်ကွန်ပြူတာထဲကနေ အဲ့ notebook ကို removable media တစ်ခုခုထဲကို ရွှေ့ချင်ရွှေ့ ဒါမှမဟုတ် အွန်လိုင်းပေါ် upload တင်ထားမှ အဆင်ပြေမှာပါ။ ဒါတင်မက အဲ့ဒီ့ ကိုယ်သုံးမယ် တစ်ခြား ကွန်ပြူတာမှာကလည်း Onenote ကို တင်ထားဦးမှ သူ့ကိုအသုံးချဖို့ အဆင်ပြေပါလိမ့်မယ်။ ဒါတွေက ခု အင်တာနက် ခေတ်အတွက်တော့ အရမ်းကို အိုဟောင်းတဲ့ နည်းလမ်း တစ်ခု ဖြစ်နေပါပြီ။


ဒီပြဿနာကို ဖြေရှင်းဖို့ Evernote ရှိနေပါတယ်။ Evernote ဆိုတာကတော့ မိမိ note မှတ်သားလိုတာကို Online မှာပဲ မှတ်၊ Online မှာပဲ သိမ်း။ ဘယ်သွားသွား ဘာမှ သယ်စရာ မလို ၊ အင်တာနက် ရှိတဲ့နေရာမှန်သမျှ Evernote ကို access လုပ်လို့ရပြီး မိမိအလိုရှိရာ မှတ်သားထားရာ အချက်အလက် အသေးစိတ်ကအစ အကုန် ပြန်လည် ရယူနိုင်မှာ ဖြစ်ပါတယ်။ Evernote အကြောင်းကို လေ့လာချင်သူ စမ်းသပ် အသုံးချချင်သူတွေ အတွက် ဒီနေရာကနေ သွားရောက် ရယူနိုင်ပါတယ်။

ZeuApp


တကယ်လို့ ကျွန်တော်တို့ဟာ windows အသစ် တစ်ခုကို setting ချတာပဲ ဖြစ်ဖြစ် ၊ တစ်ခြား သူငယ်ချင်း အသိတစ်ယောက်ယောက်ကို setting ချဖို့ ကူညီတာပဲ ဖြစ်ဖြစ် ဘယ် apps တွေကို ထည့်ရမလဲ ၊ ဘယ်ကောင်ကတော့ free ရသလဲ ဆိုတာ ဦးဆုံး စဉ်းစားရွေးချယ်ရပါတယ်။ ဒီကြားထဲမှာ ကိုယ့်ဆီမှာ ရှိနေတဲ့ versions တွေက date out နေပြီလား ၊ အခု versions တွေက ဘယ်လောက် ရောက်နေပြီ လဲ စသဖြင့် စဉ်းစားဆုံးဖြတ်ရတာတွေလဲ ရှိပါသေးတယ်။

ZeuApp ဆိုတာ အသုံးတည့်တဲ့ open source ဒါမှမဟုတ် free ရတဲ့ apps ပေါင်း ၁၀၀ ကျော်ပါဝင်တဲ့ portable installation tool တစ်ခုပါ။ ZeuAPP မှာ apps ၈၂ ပါဝင်တဲ့ installation dashboard ပါဝင်ပြီး အဲ့ထဲကမှ ကိုယ် ဘာကို install လုပ်ဆောင်ချင်လဲ - CD Burners လား ? P2P apps လား ? Office apps လား ? နှစ်သက်ရာကို application types အလိုက် ရွေးချယ် install လုပ်ဆောင်နိုင်ပါတယ်။ ပုံမှာ မြင်ရတဲ့ အတိုင်း tab အလိုက် apps တွေကို အုပ်စုခွဲထားပြီး Download လုပ်မှာလား သူ့ ဆိုဒ်ကို သွားကြည့်ဦးမလား ဆိုတာကိုပါ ကြိုက်သလို ဆုံးဖြတ်နိုင်ပါတယ်။

ZeuAPP က freeware, portable, နဲ့ Windows အတွက်ပဲ သီးသန့် ဖြစ်ပါတယ်။ ZeuApp နဲ့ လုပ်ဆောင်ပုံ သဘောတရားချင်း ဆင်တူတဲ့ Ninite ဆိုတာလည်း ရှိပါသေးတယ်။ သူ့အကြောင်းကို တော့ ဒီ apps နဲ့ သဘောတရားချင်း ဆင်တူလို့ မဖော်ပြတော့ပါဘူး။ ဒီနေရာကနေ ZeuApp ကို သွားရောက် ရယူနိုင်ပါတယ်။

Scott's Gmail Alert


Scott's Gmail Alert ဆိုတာကတော့ Gmail နဲ့ Google calendar အသုံးပြုသူတွေအတွက် အသုံးတည့်မယ့် notification tool တစ်ခု ပါ။ သူ့မှာ မိမိစိတ်ကြိုက် ပြောင်းလဲအသုံးပြုနိုင်မယ့် Options နဲ့ အတူ ၊ လှပတဲ့ notification မြင်ကွင်းလည်း ပါဝင်ပါတယ်။ သူ့ကို အသုံးပြုပြီး time အလိုက် မိမိသတ်မှတ်ချက် အတိုင်း notifications လုပ်ဆောင်ဖို့ကိုလည်း schedule လုပ်ထားနိုင်ပါတယ်။ Gmail နဲ့ Google Calendar ကို Support လုပ်တယ်လို့ အထက်မှာ ပြောခဲ့ပေမယ့် Scott's Gmail Alert က RSS feeds ကိုလည်း Alert လုပ်ပေးနိုင်ပါသေးတယ်။

အောက်မှာ ဖော်ပြထားတဲ့ အတိုင်း Settings ကနေ စိတ်ကြိုက် ဝင်ရောက် ပြင်ဆင်နိုင်ပါတယ်။


နောက်ထပ် feature တစ်ခုကတော့ browser ဖွင့်စရာမလိုပဲ Eamil တွေကို Reply လုပ်တာ ၊ Send လုပ်တာတွေ လုပ်ဆောင်နိုင်ပါသေးတယ်။


Scott's Gmail Alert ဟာ free ဖြစ်ပြီး Windows အတွက် သီးသန့် ဖြစ်ပါတယ်။ သူ့ကို ရယူချင်မယ် ဆိုရင်တော့ ဒီနေရာကနေ သွားရောက် ရယူနိုင်ပါတယ်။

NetSetMan 3.0.2


ကျွန်တော်တို့ရဲ့ ကွန်ပြူတာကို တစ်နေ့နဲ့ တစ်နေ့ အလုပ်သွား တစ်ခါ ၊ အလုပ်ပြန် တစ်ခါ ၊ တစ်ခြား နေရာ တစ်ခုခုသွားရင် တစ်ခါ - ကွန်ပြူတာကို အင်တာနက် သုံးလို့ ရအောင် network configuration တွေ ခဏခဏ လိုက်ချိန်းနေရတာများ တစ်ခါတစ်လေ စိတ်မပျက်မိကြဘူးလား။ တစ်ရက်လည်း မဟုတ် ၊ ၂ ရက်လည်း မဟုတ် ရက်ဆက် လုပ်နေကြရတာ မဟုတ်လား။

NetSetMan ကတော့ ကျွန်တော်တို့ အတွက် အဖြေပါပဲ။ တစ်နေ့နဲ့ တစ်နေ့ ထပ်ခါ ထပ်ခါ ပြောင်းလဲနေရတဲ့ ကျွန်တော်တို့ရဲ့ network configuration တွေအတွက် တစ်ခါပဲ ဖြည့်သွင်းထားဖို့ လိုပြီး နောက် အသုံးလိုတိုင်း mouse click တစ်ချက် နှိပ်ယုံနဲ့ network configuration ( ၆ ) မျိုးထဲက ကိုယ်အသုံးလိုရာ တစ်ခုဆီ ချက်ချင်း ပြောင်းလဲ ပေးနိုင်ပါတယ်။ သူ့မှာ ပါဝင်တာတွေကတော့ အောက်ဖော်ပြပါ အတိုင်း ဖြစ်ပါတယ်။

* IP Addresses
* Gateways (incl. Metric)
* DNS Servers
* WINS Servers
* IPv4 & IPv6!
* Extensive WiFi Management
* Computer Name
* Workgroup
* DNS Domain/Suffix
* Default Printer
* Network Drives
* NIC Status
* SMTP Server
* Hosts File Entries
* Scripts (BAT, VS, JS, ...)

အသုံးလိုသူများ တစ်ခါလောက်ပဲ စမ်းသုံးကြည့်ပါ။ နောက်ဆို သူမရှိပဲ မနေနိုင်ဘူး ဖြစ်သွားပါလိမ့်မယ်။

File Blender


File Blender ဆိုတာ အခြားအခြားသော Free - Portable tools တွေထဲက တစ်ခု ဖြစ်ပြီး သူတို့တွေ အားလုံးထက် သာလွန်ကောင်းမွန်တဲ့ ဖြည့်စွက်ချက်တွေ အသုံးပြုရ လွယ်ကူမူတွေ ဖြည့်သွင်းထားပါတယ်။ File Blender ရဲ့ စွမ်းဆောင်ချက်ကတော့ pictures တွေ music တွေ စသဖြင့် Files တစ်ခုခုကို File Blender ရှိရာဆီ Drag and drop ပစ်ထည့်ပြီး မိမိနှစ်သက်ရာ တစ်ခြား formats တစ်ခုခုဆီ ( ဥပမာ - MP3s, WAVs, JPGs နဲ့ အခြားအခြားသော formats တွေဆီ ပြောင်းလဲလို့ ရပါတယ်။ File Blender ကို သူ့ တစ်ခုပဲ download ချလို့ ရသလို သူ့ကို apps package တွေ လာပြီး ပေါင်းစပ်ထားပြီးသား File Blender အဖြစ်နဲ့လည်း download ချလို့ ရပါတယ်။ တကယ်လို့ တစ်ခြား apps package တွေ ပေါင်းစပ်ထားပြီးသား File Blender ကို download ရယူမယ် ဆိုရင်တော့ size က ( 4.5 MB ) ရှိပြီး - သူ့ကို သုံးမယ် ဆိုရင်တော့ users တွေ အနေနဲ့ ဘာမှ ပြုပြင်ပြောင်းလဲမှု လုပ်စရာ မလိုပဲ အခန့်သင့် သုံးနိုင်မှာ ဖြစ်ပါတယ်။ အဲလို မှ မဟုတ်ပဲ stand-alone File Blender ကို ရယူမယ် ဆိုရင်တော့ သူ့ကို မိမိစိတ်ကြိုက် အသုံးချနိုင်ဖို့ အတွက် နှစ်သက်ရာ တစ်ခြား apps package တွေ ကို ကိုယ်တိုင်ဖြည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ ဒီနေရာကနေ သွားရောက်ပြီး File Blender က ဘာတွေ စွမ်းဆောင်နိုင်တယ်။ သူ့ကို ဘယ်လို အသုံးချတယ် ဆိုတာ လေ့လာကြည့်ပါ။ သဘောကျတယ်ဆိုရင်တော့ download ချဖို့ လက်မနှေးပါနဲ့လို့ ပြောလိုက်ချင်ပါတယ်။

Maxthon 3


Maxthon ဆိုတာကတော့ ကျွန်တော်တို့ ကြုံဖူးတွေ့ဖူးနေကျ Browser မျိုး မဟုတ်ပါဘူး။ Browser တော့ Browser ပါပဲ။ ဒါပေမယ့် သူ ဘာတွေများ ကွဲပြားသွားပါသလဲ။ ကျွန်တော် ဒီ အကြောင်းအရာ ကို မရေးခင် အရင် တစ်ချိန်တုန်းက Maxthon ကို တစ်ခါ စမ်းခဲ့ဖူးပါတယ်။ သိပ်သဘောမကျပါဘူး။ Speed ကိုလည်း သိပ်သဘော မကျသလို ၊ သူ့ အပြင်အဆင်တွေကို သိပ်သဘောမတွေ့ ဖြစ်မိခဲ့ပါတယ်။ ခုတော့ Maxthon က ပြောင်းလဲ ပြင်ဆင်မှုတွေ များစွာ လုပ်ခဲ့ပြီး Maxthon Browser 3.0.8.11 Alpha Released ကို (2010-04-01) မှာ ပွဲထုတ်လိုက်ပါပြီ။ သူ့မှာ ခုဆိုရင် အမြင်အရမ်းအေးတဲ့ Aero user interface နဲ့ အတူ webpage တွေကို loading လုပ်တဲ့ အချိန်မှာလည်း အရင်နဲ့ မတူတော့ပဲ Dual Browsing Modes ဆိုပြီး ပါဝင်လာပါတယ်။ Dual Browsing Modes က ဘာလဲ ဆိုတာကို အတိုချုံး မိတ်ဆက်ရရင် သူ့မှာ new browser engine ပေါ် အခြေခံတည်ဆောက်ထားပြီး Webpage တွေကို ဖွင့်တဲ့ အချိန်မှာ browsing speed အရမ်းကောင်းတဲ့ Turbo mode အပြင် တကယ်လို့ Turbo Mode သုံးပြီး ဖွင့်လို့ အဆင်မပြေတဲ့ webpage တွေအတွက် အဆင်ပြေနိုင်မယ့် သာမန် အသုံးပြုနေကျ Compatible mode ဆိုပြီး ထည့်သွင်းထားတာကို ဆိုလိုတာ ဖြစ်ပါတယ်။

Maxthon 3 ဟာ လောလောဆယ် အခြေအနေမှာ စမ်းသပ်ဆဲကာလ alpha version အဆင့်ပဲ ရှိနေသေးတာမို့လို့ ပြင်ဆင်ဖို့တွေလည်း အနည်းနဲ့ အများ လိုအပ်နေဦးမှာ ဖြစ်ပြီး ဖြစ်ပေါ်လာတဲ့ ပြဿနာတိုင်း အတွက်လည်း feedback ပြန်လုပ်ပေးဖို့ အကူအညီ တောင်းဆိုထားပါတယ်။ နေ့စဉ်သုံးစွဲနေကျ Browser တွေကို ခဏလောက် စွန့်ပစ်ပြီး အသစ်တစ်ခုကို စမ်းသပ်ကြည့်ချင်မယ် ဆိုရင်တော့ Maxthon 3 ကို ဒီနေရာကနေ သွားရောက် ရယူ စမ်းသပ်ဖို့ လက်တို့ လိုက်ချင်ပါတယ်။

အားလုံးပဲ အဆင်ပြေကြပါစေ။

KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 04-03-2011 at 12:48 PM..
KznT is offline   Reply With Quote
Reply

Tags
အကြိုက်ဆုံး, software guide, software knowledge

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !

အခြားဆင်တူဆွေးနွေးချက်များ
ဆွေးနွေးချက် စတင်ရေးသားသူ ကွပ်ပျစ်ဝိုင်း ပြန်စာများ နောက်ဆုံးပို့စ်
Torrent ဘာလဲ Torrent ဘယ်လဲ ?? KznT အထွေထွေဗဟုသုတ 27 06-04-2015 01:06 AM
Handbook of DATA Structures & Applications PyaitSone E-Books & Tutorials 0 30-07-2008 05:49 AM
Building Oracle XML Applications kothu E-books များ 0 25-05-2008 08:17 AM
Build Your Own AJAX Web Applications mmmaung E-books များ 0 28-01-2008 03:54 PM


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 11:54 AM
Inactive Reminders By Icora Web Design