Old 05-04-2009, 06:14 AM
  post #1
green leaf
ဆယ်ကျော်သက်
 
အသင်းဝင်နေ့စွဲ: Apr 2009
ရေးသားချက်များ: 70
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 197
ပို့စ် 63 ခုအတွက် 507 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
green leaf is on a distinguished road
Terminology and Definition in C++

/* ကျနော် ခုရေးချင်တာက C++ programming ရဲ့ စုံစီနဖာ တွေပေါ့လေ။ တောင်ရောက်လိုက်၊ မြောက်ရောက်လိုက်နဲ့  လဲ ဖြစ်နိုင်တယ်။ C++ နဲ့  ပတ်သတ်လို့  ကျနော် သိထားသမျှ ဖတ်မှတ်စရာ၊ တိုလီမုတ်စ လေးတွေကို ခုလောလောဆယ် ဦးနှောက် မှတ်မိနေသလောက် ပြောပြချင်ပါတယ်။ ဒါကို ကျနော့်လို Beginner level တွေအတွက်ရယ်၊ တစ်ချို့ နေရာ တွေမှာ သိသလိုလိုနဲ့  သေသေချာချာ ဂဏနဃ မသိသေးတဲ့သူတွေအတွက် ရည်ရွယ်ပါတယ်။တစ်ချို့ သောသူတွေအတွက် အကျိုးရှိလိမ့်မယ်လို့  ယုံကြည်ပါတယ်။ */

Introduction
C++ မှာ version နှစ်မျိုး ရှိတယ် ခင်ဗျ။ original ISO/ANSI standard C++ နဲ့  C++/CLI ဆိုပြီးတော့ နှစ်မျိုး ရှိပါတယ်။ C++/CLI ကတော့ Microsoft နဲ့  ECMA standard ပါ။ အဲတော့ version ကိုလိုက်ပြီးတော့ syntax တွေ ကွာပါတယ်။ syntax ဆိုတာ ရေးထုံးရေးနည်းကို ပြောတာပါ။ Grammar လို့ ပဲ အလွယ်ပြောလိုက်တာပေါ့။ ISO/ANSI ကတော့ Native C++ ပေါ့လေ။ C++/CLI ကတော့ .NET Framework ကို target ထားပြီး ရေးတာ ဖြစ်ပါတယ်။ .NET Framework ရဲ့  မွေးရာပါလို့ လဲ ပြောနိုင်ပါတယ်။ C++/CLI ကို CLR programs တွေလိုလဲ ခေါ်ပါသေးတယ်။

အဲဒီ့တော့ အဲဒါကို လိုက်ပြီး Windows application တွေရေးရာမှာ MFC လို့ လူသိများနေတဲ့ Microsoft Foundation Classes (based on ISO/ANSI C++) နဲ့  Windows Forms application (based on C++/CLI) ဆိုပြီး ကွဲပြားမှုတွေ ရှိလာပါတယ်။

How a program works in C++ ?
programming language တစ်ခုကို လေ့လာမယ်ဆိုရင် သူဘယ်လိုအလုပ်လုပ်သလဲဆိုတာ သိဖို့  လိုအပ်ပါတယ်။ Must know ပါ။ C++ မှာဆိုရင်လဲ program တစ်ပုဒ် ဘယ်လို output ထွက်လာသလဲ၊ သူ့  ထဲပါတဲ့ statements တွေ၊ loop တွေ၊ function တွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာတွေ ကျကျနနသိပြီးမှ logic ကို လေ့လာသင့်တယ်လို့ ကျနော် အကြံပြုပါရစေ။

အဲတော့ နဲနဲ နောက်ကြောင်း ပြန်ဆွဲရရင် C++ programming language ဟာ High level language တစ်ခုပါ။ ဟိုအရင်တုန်းကတော့ programmer တွေက low level language တွေနဲ့ ရေး ၊ ပြီးတော့ Assembly language တွေနဲ့ ရေးသားခဲ့ကြတယ်။ High level language ရေးဖို့ အတွက် programmers တွေဟာ computer တွေကို မှီခိုမှု နဲသွားတယ်။ ဆိုလိုတာက သူတို့ ဟာ machine language ကနေ ဝေးကွာသွားပြီး လူတွေပြောဆိုသုံးစွဲတဲ့  human languages တွေနဲ့ ရေးသားကြလို့  high-level ဖြစ်တယ်လို့  အဓိပ္ပါယ်ဖွင့်ကြတယ်။ High level languages တွေရဲ့  အားသာချက်က အလွယ်တကူ ဖတ်နိုင်တယ်၊ ရေးနိုင်တယ်၊ ထိန်းချုပ်နိုင်တယ်လေ။

Compiler & interperter

High level language မှာ ကျနော်တို့  ရေးလိုက်တဲ့ program ဟာ ဘာမှမလုပ်ရသေးခင်၊ compile မလုပ်ရသေးခင် (visual studio 2008 မှာဆိုရင် F7 key ကို မနှိပ်ရသေးခင်ပေါ့) မှာ သူဟာ programming text အဆင့်ပဲ ရှိပါသေးတယ်။ program မဖြစ်သေးပါဘူး။ အဲဒီ့ ကျနော်တို့ ရေးလိုက်တဲ့ source code (human language) ကို စက်နားလည်တဲ့ machine code ဖြစ်အောင် compiler နဲ့  interpreter ရဲ့ အကုအညီ ယူရပါတယ်။ ဆိုလိုတာက compiler နဲ့  interpreter ဟာ translator တွေလို့  ပြောလို့ ရပါတယ်။
သူတို့ ကနေ လူနဲ့  စက်နဲ့ ကြားမှာ translate လုပ်ပေးကြပါတယ်။ C++ ဟာ compiler ကို အသုံးပြုပါတယ်။
compiler ဘယ်လိုအလုပ်လုပ်လဲ ကြည့်ရအောင် ...





ဒါဆို ခင်ဗျားအနေနဲ့  compiler အလုပ်လုပ်ပုံကို နားလည်သွားပြီလို့  ကျနော်ယုံကြည်ပါတယ်။

ဒါဆို ကျနော်အနေနဲ့  program တစ်ပုဒ်ရဲ့  compile လုပ်ပုံ၊ execute လုပ်ပုံနဲ့  terms တွေကို ပြောပြဖို့  အချိန်ရောက်ပြီလို့  မျှော်လင့်ပါတယ်။

Analysis of a Program
ကဲ အရိုးရှင်းဆုံး၊ အလွယ်ကူဆုံး program တစ်ပုဒ်ကို ကြည့်ရအောင်။



အင်း output က တော့ အောက်ကအတိုင်းပါပဲဗျာ ။



ကျနော်တို့  နဲနဲလောက် analyze လုပ်ကြည့်ရအောင်။ ကျနော်တို့  အပေါ်ဆုံးက စကြည့်ကြမယ်။
  • line 1 မှာ ပထမဆုံး စတွေ့ တာက ဒီသင်္ကေတ (// လေးပါ။ အဲဒါကို double-slash characters လို့ ခေါ်ပါတယ်။ // sample_01.cpp တစ်ခုလုံးကို single-line comment လို့ ခေါ်ပါတယ်။ double-slash characters နောက်က ရေးသားတာတွေကို compiler က ဘာမှမလုပ်ပေးပဲ ဒီအတိုင်း လွှတ်ပေးပါတယ်။ အဲလိုရေးသားတာကို comments ရေးတယ်လို့ ခေါ်ပါတယ်။ comment တွေကို ဘာကြောင့် ရေးကြသလဲဆိုတော့ တစ်ခြား programmer တစ်ယောက် ဖတ်လို့ပဲ ဖြစ်ဖြစ်၊ ကိုယ်ကိုတိုင်ပဲ နောင်တစ်ချိန်မှာ ပြန်ဖတ်လို့ ပဲဖြစ်ဖြစ်၊ ဒီနေရာမှာ ငါဘာကြောင့် ဒါကို ဒီလို သုံးခဲ့တာလဲဆိုတာ အလွယ်တကူ သိနိုင်စေဖို့  ဖြစ်ပါတယ်။ program ရဲ့  ဘယ်နေရာမှမဆို ရေးနိုင်ပါတယ်။ အဲဒါဟာ ကျနော့်အမြင်ပါ။ ခင်ဗျားတို့ လဲ program ရေးရင် comment တွေပါ ရေးပါလို့ ကျနော် အကြံပြုပါရစေ။ comment မှာ စာအများကြီး ရေးချင်တယ်ဆိုရင် (/* */) အဲဒီ့ သင်္ကေတ နှစ်ခုကြားထဲမှာ စာကြောင်းရေ ကြိုက်သလောက်ပေးလို့ ရပါတယ်။ ဥပမာ ကြည့်ချင်ရင် ဒီ post ရဲ့  ထိပ်ဆုံးမှာ ကျနော်ရေးထားတဲ့ အတိုင်းပါပဲ။
  • line 2 မှာ #include <iostream> ဆိုတဲ့ statement ကို preprocessing directive လို့ ခေါ်ပါတယ်။ နောက်ထပ် အဲလို directive အနည်းငယ် ထပ်ရှိပါသေးတယ်။ <iostream> ဆိုတာ standard library header ဖိုင်လို့ ခေါ်ပါတယ် ။ header ဖိုင်တွေဆိုတာက visual studio software ကနေ support လုပ်ထားတဲ့ အသင့်သုံးလို့ ရအောင် လုပ်ပေးထားတဲ့ header ဖိုင်တွေပါ။ <iostream> က program ရဲ့  input/output/next line ကို အသင့်ရေးပေးထားပါတယ်။ <iostream> ကို ခေါ်သုံးလိုက်တဲ့အတွက် ကျနော်တို့ ဟာ input, output, နဲ့  next line အတွက် program ထဲမှာ ထည့်ရေးပေးစရာ မလိုတော့ဘူးလေ။ အဲလိုမျိုး အသင့်သုံးလို့ ရတဲ့ header file နဲ့  functions များစွာကို visual studio က support ပေးထားပါတယ်။ ဒီ statement ရဲ့  အဓိပ္ပါယ်ကတော့ #include directive ကနေ compiler ကို ဒီ <iostream> header ဖိုင်ကို ထည့်ပေးပါ ဆိုတဲ့ command ပေးလိုက်တာပါ။
  • line 3 မှာ using namespace std; ကို တွေ့ ရပါမယ်။ အဲဒါကိုတော့ ကျနော့် အနေနဲ့  အတိအကျ မပြောပြနိုင်သေးပါဘူး။ ကျနော် မလေ့လာရသေးလို့ ပါ။ အကြမ်းအားဖြင့်တော့ သူဟာလဲပဲ ခုနက ကျနော်တို့ ခေါ်လိုက်တဲ့ header ဖိုင်တွေကို အလုပ်လုပ်ဖို့ အတွက် ထပ်သုံးရတဲ့ statement ပါပဲ ( မတိကျပါ)။
  • line 4 မှာက ဘာမှ မရှိပါဘူး။ စာတစ်ကြောင်း အလွတ်ထားလိုက်ပါတယ်။ အဲဒါကို blank lines တွေလို့  ခေါ်ပါတယ်။ အဲဒီ့မှာ ခင်ဗျားအနေနဲ့  ဘာမှမရှိပါဘူးဆိုတာကို အလကား နာမည်လာတပ်နေတယ်လို့  မထင်ပါနဲ့ ။ အဲဒါလဲ သူ့ အဓိပ္ပါယ်နဲ့ သူ ရှိပါတယ်။ ခု program မှာ ကျနော်က တစ်ကြောင်းချင်းစီ ရေးထားတယ်။ ဒါပေမဲ့ program မှာက အဲဒါတွေမလိုဘူးဗျ။ အားလုံးကို စာတစ်ကြောင်းထဲပုံစံနဲ့  ရေးလို့ ရတယ်။ အပေါ်က header file ကြေငြာတာနဲ့  using namespace std; ဆိုတဲ့ စာကြောင်း မပါ၊ main() function တစ်ခုလုံးကို စာတစ်ကြောင်းထဲ ရေးလို့ ရတယ်။ ဒါဆို ဘယ်လို ဖြစ်သွားမလဲ။ အလုပ်တော့လုပ်မယ်လေ။ ဒါပေမဲ့  ဖတ်ရတာက ဘယ်နှယ့်ရှိမလဲ ။ ဟုတ်တယ်မို့ လား။ အဲဒါကြောင့် လိုအပ်ရင် လိုအပ်တဲ့ နေရာတွေမှာ အဲလို blank lines တွေ၊ space ခြားတာတွေ၊ new lines တွေ၊ tab ခုန်ထားတာတွေ၊ အားလုံးကို white space character လို့ ခေါ်ပါတယ်။ white space character တွေကို compiler က ဒီအတိုင်းပဲ ပေးထားလိုက်ပါတယ်။
  • line 5 မှာ int main() function ပါ။ program တစ်ပုဒ်မှာ အနည်းဆုံး main() function တစ်ခု ပါရပါတယ်။ အဲမှာ return type က int ဖြစ်တာကို သတိထားပါ။ line 8 ရောက်ရင် အဲဒီ့အကြောင်း ကျနော် ပြောပြပါမယ်။ main နောက်က () အဲဒါလေးကို parentheses လို့ ခေါ်ပါတယ်။ မြန်မာလို လက်သည်းကွင်းလို့ ခေါ်တာလေးပါ။ function တိုင်းမှာ function name နောက်က အမြဲတမ်း parentheses ပါရပါတယ်။ အဲဒါကို function parameter လို့ လဲ ခေါ်ကြပါတယ်။
    လောလောဆယ်တော့ ကျနော့် program မှာ function parameter မှာ ဘာမှ မရှိပါဘူး။ void သဘောမျိုးပါပဲ။
်function မှာ return type ကို int ထားလိုက်ခြင်းဖြင့် line 8 မှာ တွေ့ ရတဲ့ return ဆိုတဲ့ keyword မှာ integer type ဂဏန်းတစ်လုံး return ပြန်လိုက်တာနဲ့  main() function ရဲ့  အလုပ်ကို ပြီးဆုံးပြီဆိုတာကို compiler အား အသိပေးလိုက်စေခြင်းဖြစ်ပါတယ်။ return type မှာ void ဆိုတဲ့  keyword ပေးခဲ့ရင်တော့ return ပြန်ပေးစရာ မလိုပါဘူး။
  • line 6 ဟာ main()function စတင်အလုပ်လုပ်ပြီဆိုတာကို ကြေငြာတဲ့ သဘောပါပဲ။ function တိုင်းမှာ အဲလိုချည်းပဲ တွေ့ ကြရမှာပါ။ { } အဲဒါလေးကို curly bracket (သို့ မဟုတ်) brace လို့  ခေါ်ကြပါတယ်။ ခုဟာကတော့ left brace ပေါ့။
  • line 7 မှာ သေချာကြည့်ပါ။ cout ဆိုတဲ့ keyword သုံးထားပါတယ်။ အဲဒါဟာ <iostraeam> header ဖိုင်ကို ခေါ်ထားပြီးလဲ ဖြစ်တဲ့အတွက် cout လို့ ရေးလိုက်တာနဲ့  output ကို cmd မှာ ပြသပါတယ်။ သူ့ နောက်က << က သူ့ ရဲ့  operator ပေါ့။ အဲနောက်က ဒါလေး " " ကို double quotation လို့ ခေါ်ပါတယ်။ အဲဒီ သင်္ကေတလေးဟာ cout နဲ့  တွဲသုံးပါတယ်။ သူ့ အတွင်းမှာ ရေးချင်တာ output ထုတ်ချင်တာ အကုန်လုံး ရေးလို့ ရပါတယ် ။ space တစ်ချက်ကအစ အတိအကျ output ထုတ်ပေးပါတယ်။ double quotation အတွင်း characters များကိုလဲ compiler က လွှတ်ပေးလိုက်ပါတယ်။ ဘာအနှောင့်အယှက်မှ မရှိပါဘူး။ endl ဆိုတာ နောက်တစ်ကြောင်း ဆင်းဖို့ အတွက် <iostream> ကနေ support လုပ်ထားတဲ့  cout လိုမျိုး keyword ပါပဲ။ သူ့ နောက်က ဒီ သင်္ကေတ ; လေးကို semicolon လို့ ခေါ်ပါတယ်။ မြန်မာစာရေးသားရာမှာ စာတစ်ကြောင်းပြိးတိုင်း ပုဒ်မ ချသလို၊ အင်္ဂလိပ်စာမှာ စာတစ်ကြောင်းပြီးတိုင်း full stop ချသလို၊ programming မှာလဲ statement တစ်ကြောင်းဆုံးတိုင်း semicolon ပိတ်ဖို့ မမေ့ပါနှင့်။
  • line 8 ကတော့ line 5 မှာ ပြောထားခဲ့သလို ပါပဲ။ main() function ကို အလုပ်ရပ်ခိုင်းတာပါ။ အဓိပ္ပါယ်ကတော့ constant integer value (0) zero ကို operating system ဆီ return လုပ်ပေးလိုက်တာပါပဲ။
  • line 9 ကတော့ main() function အလုပ်ပြီးဆုံးကြောင်း ပြလိုက်တဲ့ သဘောပါပဲ။ right brace လို့ ခေါ်ပါတယ်။

C++ ရေးရာတွင် အသုံးပြုနိုင်သော software များ
C++ ကို အထက်ကပြောခဲ့သလို ANSI ကော .NET နဲ့ ကော ရေးချင်ရင်တော့ ဒီ software တွေ လိုလိမ့်မယ်..
  • Visual Studio 2008 Standard Edition
  • Visual Studio 2008 Professional Edition
  • Visual Studio 2008 Team System
  • Visual C++ Express 2008 ( but it is not sufficient because
    the MFC is not included)
Visual Studio 2008 မှလို့ တော့ မဟုတ်ပါဘူး။ 2005 လဲ ရေးလို့ ရပါတယ်။ version ကွာတော့ နဲနဲတော့ မတူတာတွေ ရှိမှာပေါ့။ Visual Studio 2008 နဲ့ ရေးမယ်ဆိုရင်တော့ requirements တွေကတော့ အောက်ကအတိုင်းပါပဲ ...
  • Windows XP Service Pack 2 or later
  • Windows Server 2003 Service Pack 1 or later
  • Any edition of Windows Vista (except Starter Edition)
  • 1.6 GHz processor
  • at least 384 MB of Memory (at least 748 MB for Windows Vista)
  • at least 2.2 GB of hard-drive available
  • an additional 1.8 GB on the installation drive for MSDN documentation

ကျနော် သဘောကျတဲ့ software တွေကိုပဲ ပြောပြထားတာပါ... C++ ကို ရေးတဲ့ software တွေ အများကြီး ရှိပါတယ်...


ွှTo Be Continued
-<>-<>-

Last edited by green leaf; 01-05-2009 at 05:54 PM..
green leaf is offline   Reply With Quote
အောက်ပါအသင်းဝင် 17 ဦးတို့မှ green leaf အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 05-04-2009, 04:14 PM
  post #2
မိုးလွင်
အထူးအသင်းဝင်
 
မိုးလွင်'s Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
ရေးသားချက်များ: 878
ကျေးဇူးတင်စကား: 836
ပို့စ် 754 ခုအတွက် 2,430 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
မိုးလွင် is on a distinguished road
ပြန်စာ - Terminology and Definition in C++

green leaf အထက်မှာ ရေးထားတဲ့ Interpreters & Compilers လေးကိုနည်းနည်းလေးဖြည့်စွက်မယ်နော်... Interpreters & Compilers ဟာ Source code တွေကို executable program အဖြစ်ပြောင်းလဲဖို့ နည်းလမ်း (၂) ခု လို့လဲဆိုနိုင်ပါတယ်....

1) Interpreters -translated the source code into computer instructions and the computer acts on those instruction immediately...
2) Compilers -translated the source code into a program, which you can run at a later time (While interpreters are easer to work with, most serious programming is done with compiler because compile code runs much faster..
C++ is a compiled language...
ကျွန်တော် အခုပြောပြချင်တာက ကွန်ပျူတာဘာသာရပ်လေ့လာနေတယ်...ကိုယ်လေ့လာနေတဲ့ ဘာသာရပ်က ဥပမာ။ ။ Programming language မှာဆိုရင် low-level languages နဲ့ high-level programming language တွေရှိပါတယ်...သိစေချင်တာက low-level languages ကဘာလဲ...high-level languages တွေက ဘာတွေလဲဆိုတာကိုပါဗျာ..

1) low-level languages ။ Machine language or an assembly language တွေကို ဆိုနိုင်ပါတယ်...
low-level languages are closer to the hardware than are high-level programming languages,which are closer to humans languages.

2) High-level languages ။ Including Ada, Algol, BASIC , COBOL , C , C++ , FORTRAN , LISP , PASCAL and Prolog အဲဒါလေးတွေကို ဆိုနိုင်ပါတယ်....
မသိသေးသော ညီအစ်ကိုမောင်နှမများ အတွက် သိစေချင်ပါတယ်...သိပြီးသောညီအစ်ကို မောင်နှမများ ထပ်ပြီး ဖြည့် စွက်ပေး စေလိုပါတယ်ဗျာ....

Last edited by မိုးလွင်; 05-04-2009 at 04:15 PM..
မိုးလွင် is offline   Reply With Quote
အောက်ပါအသင်းဝင် 7 ဦးတို့မှ မိုးလွင် အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 05-10-2009, 09:12 AM
  post #3
^Dragon^
ကြီးကောင်ဝင်စ
 
အသင်းဝင်နေ့စွဲ: Mar 2008
တည်နေရာ: moMenT @ HELL
ရေးသားချက်များ: 102
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 204
ပို့စ် 37 ခုအတွက် 75 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
^Dragon^ is on a distinguished road
ပြန်စာ - Terminology and Definition in C++

ကို green leaf ခင်ဗျာ ..
အကို ပို့ စ် နံပါတ်(၁) မှာရေးထားတဲ့ C++ ရေးရာတွင် အသုံးပြုနိုင်သော Software များဆိုတာ ဘယ်က နေသွား Download လုပ်လို့ ရနိုင်မလဲ ဗျာ ။
အကို သိရင် နေရာလေး ညွှန်ပေးပါအုံး ၊ ကျေးဇူးပါ ။

[FONT="Impact"]bAL lO mHa mA pHiT nG tOt bU lOH mIN sAiT hTAe mHaR tHaY cHaR nAY tG .. nGA kO mA pYAW pAR nE .. MiN kO cHiT tAL sO tE sAiT nE PaL .. nGaR 1 tHaT lONE nAY tWar cHiN lOH pAR ...[/FONT]
^Dragon^ is offline   Reply With Quote
အောက်ပါအသင်းဝင်မှ ^Dragon^ အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 11-10-2009, 11:27 AM
  post #4
green leaf
ဆယ်ကျော်သက်
 
အသင်းဝင်နေ့စွဲ: Apr 2009
ရေးသားချက်များ: 70
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 197
ပို့စ် 63 ခုအတွက် 507 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
green leaf is on a distinguished road
ပြန်စာ - Terminology and Definition in C++

Quote:
Originally Posted by ^Dragon^ View Post
ကို green leaf ခင်ဗျာ ..
အကို ပို့ စ် နံပါတ်(၁) မှာရေးထားတဲ့ C++ ရေးရာတွင် အသုံးပြုနိုင်သော Software များဆိုတာ ဘယ်က နေသွား Download လုပ်လို့ ရနိုင်မလဲ ဗျာ ။
အကို သိရင် နေရာလေး ညွှန်ပေးပါအုံး ၊ ကျေးဇူးပါ ။
ကျနော်လဲ နီးရက်နဲ့ ကို မိသားစုနဲ့  ဝေးနေတယ်ဗျာ.. မြန်မာ မိသားစုထဲ မ၀င်ဖြစ်တာကို ပြောပါတယ်...

http://www.microsoft.com/express/download/#webInstall

အဲဒီ့မှာ နဂါးရေ.. ဘယ်ဘက် column မှာ ၄ ခု တွေ့ တယ်မို့ လား... VB ရေးချင်လား.. C# ရေးချင်လား.. Web ပိုင်းဆိုင်ရာ ရေးချင်လား.. C++ ရေးချင်လား .... ကြိုက်တာသာ ရွေးလိုက်... အားလုံး portable လေးတွေချည်းပဲ.....

C++ coding တွေပဲ ရေးမယ်ဆိုရင်တော့ အောက်ဆုံးက အ၀ါရောင်လေးကို ရွေးပြီး Download လိုက်... ပထမဆုံးကတော့ ဒေါင်းပြီးပြီးချင်း 3 Mb နီးပါးလောက်ပဲ ရှိတဲ့ သေးသေးလေး ချပေးလိမ့်မယ်... အဲဒါလေးကို run လိုက်မှ လိုအပ်တဲ့ဟာကို သူက ဆက်ချပေးလိမ့်မယ်... နောက်ထပ် ထပ်ချမဲ့ဟာကလဲ 100 Mb လား 200 Mb လားပဲ ရှိပါတယ်....ပြီးရင် ဟိုးအောက်ဆုံးက msdn express library ဆိုတာတွေ့ လား.. အဲဒါလဲ မချမဖြစ်ပဲ... အဲနှစ်ခု ချပြီး run ပြီးရင် နဂါးရေးချင်တဲ့ Coding တွေ ရေးချင်တာသာ ရေးပေတာ့ပဲ....

ညာဘက် column အပေါ်ဆုံးမှတွေ့ လား... Visual Studio 2008 Professional Edition တွေလား.. အဲဒါလဲ သုံးလို့ ၇တယ်... Free Trial အနေနဲ့  ၃ လ ပေးထားတယ်... အောက်က 2010 Beta version လဲ စမ်းချင်ရင် စမ်းကြည့်ပေါ့...

ကျနော် သုံးတာတော့ Visual Studio 2008 Team System Full Version သုံးတယ်.. အဲကောင်က 4 Gb နီးပါး ရှိတယ်... အခု နဂါး တွေ့ ရတဲ့ ဟာတွေက c++ coding တွေ သီးသန့် ပဲ ရေးလို့ ၇တယ်... Visual Studio 2008 Team System ဆိုတဲ့ဟာက VC++ ကော .. C# ကော .. VB ကော.. .NET ကော ရေးလို့ ၇တယ်... Windowds Programming ပိုင်းမှာဆို MFC တို့ ... Windows Form တို့ .. WPF တို့ ပါ ရေးလို့ ရတယ်ဗျာ...

အဲ.. ဘာကြောင့် အဲဒါပြောလဲဆိုတော့ ကိုနဂါး မှ မဟုတ်ဘူး... တခြားသူတွေထဲကလဲ လိုချင်တယ်ဆိုရင် ကျနော် upload တင်ပေးမလို့ ပါ... တကယ်လိုအပ်လို့ သုံးမယ်ဆိုရင်ပေါ့... အဲလောက်ထိ မလိုသေးဘူးဆိုရင်လဲ မသုံးနဲ့ ပေါ့... တစ်ခု ရှိတာက ဒီကောင်ကြီးကို upload တင်ပေးဖို့ က copy right နဲ့  ညိလား.. မညိလား ဆိုတာတွေ ကျနော် နားမလည်ဘူးဗျ...ဒါကြောင့် forum ပေါ်မှာ မတင်ပေးသေးတာ... သုံးတော့လဲ သုံးစေချင်ပါတယ်... အထူးသဖြင့် programmer အစ်ကိုကြီး.. အစ်မကြီးတွေ အတွက်ပေါ့... လိုချင်တဲ့သူက ကျနော့်ဆီ PM ပို့ လိုက်.... ကျနော် upload တင်ပေးပြီး links တွေပေးလိုက်မယ်...


C++ ရေးဖို့ က ကျနော် ခုပြောတဲ့ microsoft က software တွေသာ မကဘူး... မောင်ရိုး တင်ပေးထားတဲ့ Dev C++ (http://www.myanmarfamily.org/forum/s...ad.php?t=10012) နဲ့ လဲ ရေးလို့ ရပါတယ်.. တခြား software တွေလဲ အများကြီး ရှိအုံးမှာပါ...

လိုအပ်တာများ ရှိသေးရင် ဆက်လက်မှာစားကြပါ..

အဲ ပြောဖို့ မေ့နေတယ်... C++ ကို ရေးချင်ပါတယ်... အသုံးပြုချင်ပါတယ်.. နကန်းတစ်လုံးမှ နားမလည်ပါဘူး... သိချင်တတ်ချင်တဲ့ ပုဂ္ဂိုလ်များရှိမယ်ဆိုရင်တော့ Beginner Guide လေးတော့ ကျနော် ချပေးပါမယ်.. (ကျနော်လဲ beginner level လောက်ပဲ သိပါတယ်... တော်ကြာ မသိပဲ အထင်ကြီးနေမှာစိုးလို့ .. :) ) ..အဲ သင်တန်း ဖွင့်ပေးမယ်... သင်တန်းကြေးကတော့ ကော်ဖီတစ်ခွက်ပါပဲ... သို့ သော် ကျနော့်ဆီ အိမ်တိုင်ရာရောက် လာပေးရမှာနော်.. သင်တန်းသူများအတွက် အထူးစပါယ်ရှယ် လက်ထပ်ပြီးကို သင်ကြားပေးအုံးမှာ...

ပျော်ရွှင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်.. မိသားစုဝင်အားလုံးပဲ...

Last edited by green leaf; 11-10-2009 at 11:38 AM..
green leaf is offline   Reply With Quote
အောက်ပါအသင်းဝင် 13 ဦးတို့မှ green leaf အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 03-12-2011, 11:38 PM
  post #5
zinayemin
မွေးကင်းစကလေး
 
အသင်းဝင်နေ့စွဲ: Oct 2010
ရေးသားချက်များ: 4
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 24
ပို့စ် 3 ခုအတွက် 4 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
zinayemin is on a distinguished road
ပြန်စာ - Terminology and Definition in C++

C++ coding တွေပဲ ရေးမယ်ဆိုရင်တော့ အောက်ဆုံးက အ၀ါရောင်လေးကို ရွေးပြီး Download လိုက်... ပထမဆုံးကတော့ ဒေါင်းပြီးပြီးချင်း 3 Mb နီးပါးလောက်ပဲ ရှိတဲ့ သေးသေးလေး ချပေးလိမ့်မယ်... အဲဒါလေးကို run လိုက်မှ လိုအပ်တဲ့ဟာကို သူက ဆက်ချပေးလိမ့်မယ်... နောက်ထပ် ထပ်ချမဲ့ဟာကလဲ 100 Mb လား 200 Mb လားပဲ ရှိပါတယ်....ပြီးရင် ဟိုးအောက်ဆုံးက msdn express library ဆိုတာတွေ့ လား.. အဲဒါလဲ မချမဖြစ်ပဲ... အဲနှစ်ခု ချပြီး run ပြီးရင် နဂါးရေးချင်တဲ့ Coding တွေ ရေးချင်တာသာ ရေးပေတာ့ပဲ....


စာရေးသူ ကိုgreen leaf ရေးသွားတဲ့ C++တင်ဖို့အတွက် ပေးထားတဲ့လင့်ကနေ Visual studio 2008 express
ကို ဒေါင်းလုပ်ချပြီး တင်လိုက်ပါပြီ.။သို့သော် ဟိုးအောက်ဆုံးက msdn express libraryကို တင်ဖို့လိုမယ်လို့ ရေးထားတဲ့ အတွက် လင့်ကို ဒေါင်းလုပ်လုပ်ဖို့ ကြည့်တဲ့အခါမှာ လမ်းညွန်ချက် တိတိကျကျမရေးထားသောကြောင့် ဘယ်ဟာကို ဘယ်လို ဆက်ဒေါင်းရမလဲ ဆိုတာ မသိဘူး ဖြစ်နေပါတယ် ခင်ဗျာ..။အောက်ပါလင့်ကို ရောက်နေပါတယ်..။

http://msdn.microsoft.com/en-us/vstudio/default

ပထမအပိုင်းတင်ပြီး၍ ဒုတိယပိုင်းမှာ ရပ်တန့်နေပါ၍ ဒီလင့်မှာ ဘာကိုဒေါင်းပြီးတင်ရမလဲဆိုတာ သိသူများရှိရင် ကူညီပေးကြပါခင်ဗျာ..။
zinayemin is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ zinayemin အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Reply

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 11:41 AM
Inactive Reminders By Icora Web Design