Old 27-09-2010, 08:03 AM
နိုးတူး
ကိုယ်ပိုင်အစွမ်းရှိပြီးသူ
 
အသင်းဝင်နေ့စွဲ: Aug 2009
ရေးသားချက်များ: 349
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1,961
ပို့စ် 156 ခုအတွက် 393 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
နိုးတူး is on a distinguished road
ပြန်စာ - 2010 2011 Ultimate Software Guide for Windows Users

Quote:
Originally Posted by KznT View Post
26. TuneUp Utilities 2010 9.0.4400.16 Software + Serial Keys

Windows 7, Vista, XP တွေ အတွက် optimization software တွေ ထဲမှာ TuneUp Utilities ကိုတော့ ကျွန်တော် သဘောအကျဆုံးပါပဲ - သူ့ရဲ့ စွမ်းဆောင်ရည်က အရင် 2009 ကထက် တော်တော်လေး သာပြီး ကောင်းလာသလို သုံးရတာ လည်း ပိုပြီး အဆင်ပြေလာတာ ကျွန်တော် သတိထားမိပါတယ်။ ပထမဆုံး စသုံးတဲ့ အချိန်မှာ ကိုယ်လိုချင်တဲ့ Configuration ရအောင် Internet ပိုင်း - Hardware & Software ပိုင်း - Visual effects ပိုင်း ချိန်ညှိရတာလေးတော့ ရှိပါတယ်။

ပါဝင်မည့် Software များ

TuneUp Utilities 2010 v9.0.4500.29 Software + Serial Keys
ကို Kznt , ကျွန်တော် ပထမ တုန်းက သုံးတဲ့ ကီးတွေက ဘာဖြစ်လဲ မသိဘူး...invaild ဆိုပီး ပြောနေတယ်..
အခု ကီးထပ်တောင်းနေပြန်ပီအကို...
ကျွန်တော် အကို့ အခု ပေးထားတဲ့ ကီး အကုန်လုံး တစ်ခု ပီး တစ်ခု စမ်းတာတောင် မရဘူး ဖြစ်နေတယ်...
ဘယ်လိုလုပ်ရမလဲ ဗျာ...
ကူညီပေးပါအုံး....
ကျေးဇူးတင်ပါတယ်....
နိုးတူး is offline   Reply With Quote
အောက်ပါအသင်းဝင် 3 ဦးတို့မှ နိုးတူး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 27-09-2010, 03:33 PM
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,394 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - 2010 2011 Ultimate Software Guide for Windows Users

ကျွန်တော် ဒီနေရာမှာ နောက် Versions တွေ ပြန်ပြောင်းတင်ပေးထားလိုက်ပါပြီ - TuneUp Utilities 2010 က Versions မြင့်လာလို့လား မသိ - Activations ကို တော်တော်လေး တင်းကျပ်နေပါတယ်။ ကီးတွေလည်း လိုက်စစ်နေပုံရတယ် - အဲတာကြောင့် ခဏခဏ သုံးမရ ဖြစ်နေတာပါ - လောလောဆယ် တင်ပေးထားတဲ့ နောက်ဆုံး Versions တွေကတော့ အဆင်ပြေပါလိမ့်မယ်။

KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 5 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 06-10-2010, 04:46 PM
Hlwamkoko
MF Contributor
 
Hlwamkoko's Avatar
 
အသင်းဝင်နေ့စွဲ: Jun 2008
တည်နေရာ: North dagon
ရေးသားချက်များ: 127
ကျေးဇူးတင်စကား: 155
ပို့စ် 112 ခုအတွက် 883 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
Hlwamkoko is on a distinguished road
ပြန်စာ - 2010 2011 Ultimate Software Guide for Windows Users

ကို kznt

Google earth ကို ifile (or) mediafire ကပြန်တင်ပေးပါလား အကို.. လင့်တွေပျောက်ကုန်လို့ multi upload ကနေ ဆို
ဆော့ဝဲတွေ အတော်များများ ဒေါင်းမရလို့ပါ..။

Hlwamkoko is offline   Reply With Quote
Old 06-10-2010, 11:31 PM
မြင့်မိုရ်
အထူးအသင်းဝင်
 
မြင့်မိုရ်'s Avatar
 
အသင်းဝင်နေ့စွဲ: Jan 2009
တည်နေရာ: မြန်မာမိသားစု
ရေးသားချက်များ: 566
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1,432
ပို့စ် 405 ခုအတွက် 2,148 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
မြင့်မိုရ် is on a distinguished road
ပြန်စာ - 2010 2011 Ultimate Software Guide for Windows Users

Quote:
Originally Posted by Hlwamkoko View Post
ကို kznt
Google earth ကို ifile (or) mediafire ကပြန်တင်ပေးပါလား အကို.. လင့်တွေပျောက်ကုန်လို့ multi upload ကနေ ဆိုဆော့ဝဲတွေ အတော်များများ ဒေါင်းမရလို့ပါ..။
ကိုKznT အစားပြန်တင်ပေးလိုက်ပါတယ်ခင်ဗျာ ...
Password ကတော့မူရင်းဖိုင်အတိုင်းပါပဲ (www.myanmarfamily.org)
အဆင်ပြေပါစေ ...

2010 2011 MF Collection - Gearth.rar
မြင့်မိုရ် is offline   Reply With Quote
အောက်ပါအသင်းဝင် 8 ဦးတို့မှ မြင့်မိုရ် အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 06-12-2010, 02:27 PM
နှင်းမောင်
ကလေးပေါက်စ
 
အသင်းဝင်နေ့စွဲ: Jul 2008
ရေးသားချက်များ: 21
ကျေးဇူးတင်စကား: 22
ပို့စ် 7 ခုအတွက် 8 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
နှင်းမောင် is on a distinguished road
ပြန်စာ - 2010 2011 Ultimate Software Guide for Windows Users

ကို Kzn T ရေ
ကျနော့်သူငယ်ချင်းတယောက် ကွန်ပြူတာအသစ်မှာ ၀ယ်စဉ်က ၀င်းဒိုး 7 အစစ် တင်ထားပါတယ်။ အဲဒီဝင်းဒိုးကို နောက်တခါ (အကြောင်းကြောင်းကြောင့် ဖောမက်ချခဲ့ရရင်) ပြန်တင်နိုင်အောင် Backup ပြုလုပ်ထားလိုပါတယ်။ Acronis True Image နဲ့ window backup လုပ်ထားပါက boot CD အဖြစ်သုံး ရ မရ (သို့) တခြားနည်းလမ်း ရှိပါက သိပါရစေခင်ဗျား။

လေးစားစွာဖြင့်
နှင်းမောင်

Last edited by နှင်းမောင်; 07-12-2010 at 11:45 PM..
နှင်းမောင် is offline   Reply With Quote
Old 08-12-2010, 04:09 AM
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,394 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - 2010 2011 Ultimate Software Guide for Windows Users

Quote:
Originally Posted by နှင်းမောင် View Post
ကို KznT ရေ
အဲဒီဝင်းဒိုးကို နောက်တခါ (အကြောင်းကြောင်းကြောင့် ဖောမက်ချခဲ့ရရင်) ပြန်တင်နိုင်အောင် Backup ပြုလုပ်ထားလိုပါတယ်။ Acronis True Image နဲ့ window backup လုပ်ထားပါက boot CD အဖြစ်သုံး ရ မရ (သို့) တခြားနည်းလမ်း ရှိပါက သိပါရစေခင်ဗျား။
အေးဗျာ ကိုနှင်းမောင် -
မေးထားတာတော့ ကြာပြီ - အကြောင်းအရာက တွေ့တာနဲ့ သုံးလေးကြောင်းလောက်ရိုက်လိုက် ပြီးသွားတဲ့ အဖြေမျိုး ဆိုရင်လည်း ချက်ချင်း ဖြေပေးဖြစ်ပါတယ် - ခုဟာက မေးထားတာသာ သုံးလေးကြောင်း ဖြေရမှာက တကယ်တမ်း အကျယ်ချဲ့ရင် ချဲ့သလောက်များမှာမို့လို့ ဘယ်လို ပြန်ပြောလို့ ပြောရမှန်း မသိ ဖြစ်နေတာနဲ့ အတိုဆုံးနဲ့ အထိရောက်ဆုံး ဖြစ်အောင် အကြံပေးဖို့ စဉ်းစားရင်း ရက်တွေက နောက်ရောက်လာတာပါ - ပထမဆုံး အရင်ပြောချင်တာကတော့ Windows 7 တင်ထားတယ် - အဲဒီဝင်းဒိုးကို နောက်တခါ (အကြောင်းကြောင်းကြောင့် ဖောမက်ချခဲ့ရရင်) ပြန်တင်နိုင်အောင် Backup ပြုလုပ်ထားချင်တယ်ဆိုရင် နည်းတွေက တော်တော်များများကို ရှိပါတယ် - အဲ့ဒီ့ Backup လုပ်တာနဲ့ ပတ်သတ်ပြီး ထုတ်ထားတဲ့ Software တွေဆိုတာလည်း မနည်းမနော ရှိပါတယ် - အရမ်းများလွန်းလို့ တစ်ခုချင်းအကြောင်း ဒီနေရာမှာ မိတ်ဆက်မပေးနိုင်တော့ပါဘူး - အရင်က တစ်ခါ ဖိုရမ်မှာ Backup အကြောင်းနဲ့ ပတ်သတ်ပြီး လွယ်ကူလေ့လာ Backup နည်းပညာ - နောက် Windows 7 တွင် Step by Step Backup ပြုလုပ်ခြင်း ဆိုတဲ့ ခေါင်းစဉ်မျိုးတွေနဲ့ ကျွန်တော် ရေးခဲ့ပေးဖူးတယ် - အသေးစိတ်တွေကို ဖော်ပြပါ နေရာတွေမှာ လေ့လာနိုင်ပါတယ် - တကယ်တော့ Windows Backup လုပ်တယ်ဆိုတာ Acronis True Image - Paragon စသဖြင့် နာမည်ကြီး Software တွေသုံးပြီးပဲ Backup လုပ်လုပ် - ရိုးရိုး Windows မှာပါတဲ့ Backup and Restore ကနေပဲ လုပ်လုပ် သဘောတရားအားဖြင့် တူတူပါပဲ - အရင် တစ်ချိန်တုန်းက Windows ကနေ ပေးတဲ့ Backup and Restore ကို မသုံးကြဘူးဆိုတာ လုပ်ထုံးလုပ်နည်းကလည်း မသပ်ရပ်သလို အသုံးပြုနည်းကလည်း မသုံးဖူးရင် အကျွမ်းတဝင် ရှိဖို့ မလွယ်နိုင်လို့ပါ - အဲ့တုန်းကတော့ သုံးရလွယ်တဲ့ Acronis True Image တို့ နောက် တစ်ခြား Backup အတွက် သုံးတဲ့ Software တွေကလည်း တော်တော်လေး အသုံးတည့်ခဲ့ပါတယ် - ဒါပေမယ့် ခု Windows 7 ထွက်ပြီး နောက်ပိုင်းကျတော့ Microsoft ကလည်း သူ့ အားနည်းချက်ကို အတတ်နိုင်ဆုံး ပြင်ဆင်ဖာထေးလိုက်တယ် - အဲတာက အရင် သေသေသပ်သပ် မရှိတဲ့ Windows Backup ကို အသုံးပြုရလွယ်အောင် ပြင်ဆင်ပေးလိုက်တာပါ - အဲလို Windows မှာ အရင်ကနဲ့ မတူပဲ အလွယ်တကူ အသင့်ယူသုံးနိုင်တဲ့ Windows Backup ဆိုတာ ပါလာတော့ သာမန် တစ်ကိုယ်ရည် တစ်ကာယသုံး Computer သမားတွေ အတွက်က Backup လုပ်ငန်းစဉ်နဲ့ ပတ်သတ်ပြီး အရင်လို Software တွေ ဝယ်သုံးနေဖို့ မလိုတော့ဘူး - အခု ကိုနှင်းမောင် သူငယ်ချင်းကလည်း Windows 7 သုံးနေတာဆိုတော့ အခန့်သင့်တာပေါ့ - အရင်ဆုံး ကျွန်တော်တို့ Control Panel\System and Security\Backup and Restore ကိုသွားရင် အောက်ဖော်ပြပါ အတိုင်း စတွေ့ရပါလိမ့်မယ် -


ပုံမှာ မြင်နေရတဲ့ ဘယ်ဘက်ခြမ်းက Create a system image ဆိုတာ ကိုယ့်ရဲ့ System ကို Backup လုပ်ပေးမယ့် နေရာပါ - System ကို Backup လုပ်တဲ့ နေရာမှာမှ နေရာ နှစ်နေရာ ကွဲပါသေးတယ် - အခု အပေါ်မှာ ဖော်ပြထားတဲ့ Create a system image ကနေ Backup လုပ်မယ်ဆိုရင် ကိုယ့် System ကို တစ်ကြိမ်တည်းပဲ Backup လုပ်ဆောင်ပေးမှာပါ - တကယ်လို့ ကိုယ်က တစ်ကြိမ်တည်း မဟုတ်ပဲ နေ့တိုင်း ရက်တိုင်း အပြောင်းအလဲ ရှိတိုင်း Backup လုပ်ထားချင်တာမျိုး ဆိုရင် အောက်မှာ ဖော်ပြထားတဲ့ အတိုင်း Control Panel\System and Security\Backup and Restore အောက်မှာပဲ ရှိတဲ့ ညာဘက်ခြမ်းက Set up backup ကနေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ် -


ကျွန်တော့် အနေနဲ့ တစ်ခု တိုက်တွန်းချင်တာ Backup လုပ်ငန်း လုပ်ဆောင်မယ်ဆိုရင် System image လတ်တလော စက်မှာ သုံးနေတဲ့ Drive ပေါ်မှာ မသိမ်းပဲ ဖြစ်နိုင်ရင် External HD တစ်ခုပေါ်မှာ သိမ်းစေချင်ပါတယ် - ဘာကြောင့်လဲ ဆိုတာ Windows 7 တွင် Step by Step Backup ပြုလုပ်ခြင်း ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဖော်ပြခဲ့ပြီးသားမို့လို့ ဒီမှာ မဖော်ပြတော့ပါဘူး -

Create a system image ကနေ လုပ်တဲ့ System backup နဲ့ Set up backup ကနေ လုပ်ဆောင်တဲ့ Backup မှာ ကွာခြားသွားချက်က အောက်မှာ ဖော်ပြထားတဲ့ အတိုင်း Set up backup ကနေ လုပ်ဆောင်တဲ့ Backup ဟာ Schedule နဲ့ Backup လုပ်ဆောင်ဖို့ စီစဉ်ထားနိုင်တာပါ -


Create a system image ကတော့ အရေးအကြီးဆုံးဟာကို တစ်ကြိမ်ပဲ Backup လုပ်တဲ့ သဘောပေါ့ - Schedule နဲ့ Backup လုပ်တယ်ဆိုတာကတော့ များသောအားဖြင့် ရုံးသုံး ကျောင်းသုံး ကွန်ပြူတာတွေ တစ်နေ့ နဲ့ တစ်နေ့ စာရင်းအဝင်အထွက် များတဲ့ နေရာတွေမှာ အချိန်လိုက် ပြောင်းလဲနေတဲ့ Data တွေကို မလိုအပ်ပဲ ကွန်ပြူတာ Error တက်ပြီး မဆုံးရှုံးရအောင် သတ်သတ်မှတ်မှတ် အချိန်ဆွဲပြီး နေ့တိုင်း Backup လုပ်တဲ့ သဘောပါ - ကျွန်တော်က Windows ကနေ လုပ်တဲ့ Backup အကြောင်းချည်း အသားပေးပြောနေလို့ Acronis နဲ့ အသုံးပြုပုံချင်း တော်တော်များ ကွာနေလားလို့ ထင်စရာ ရှိပါတယ် - အပေါ်မှာ ပြောခဲ့ပြီးသလို Acronis ပဲ ဖြစ်ဖြစ် တစ်ခြား ဘယ် Backup software ပဲ ဖြစ်ဖြစ် Backup ရဲ့ သဘောတရားကို နားလည်သွားရင် လုပ်ဆောင်နည်းတွေ အားလုံးက တူတူပဲ ဆိုတာ သဘောပေါက်လာပါလိမ့်မယ် -

အခု ပြောခဲ့ပြီးတာ Backup လုပ်တဲ့ အဆင့်ပဲ ရှိပါသေးတယ် - Backup လုပ်ထားပြီးသားကို Restore ပြန်လုပ်ဖို့ဆို နောက်ထပ် နားလည်ဖို့ တစ်ဆင့် လိုလာပြန်ပါတယ် - ဒီနေရာမှာလည်း Windows ကပေးထားတဲ့ Backup and Restore ကိုပဲ ဥပမာ ပေးပြီး အတိုချုံးပြောပေးပါ့မယ် - တစ်ချို့က ရှိတယ် Backup - Backup နဲ့ Backup အရေးကြီးကြောင်း သိလို့ Backup တော့ လုပ်ထားပါရဲ့ - ကွန်ပြူတာ တစ်ခုခု ဖြစ်ရင် Backup file တော့ ရှိပြီး Restore ကျ ပြန်မလုပ်တတ်တော့ဘူး - ပုံမှန် လမ်းကြောင်းအတိုင်း Control Panel\System and Security\Backup and Restore ကနေသွားရင် အောက်မှာ ဖော်ပြထားတဲ့ နေရာကို ရောက်ပါလိမ့်မယ် - အဲ့နေရာကို ရောက်ရင် Set up backup ကနေ ကိုယ် Backup လုပ်ဆောင်ထားတဲ့ System image ကို သုံးပြီး Restore ပြန်လုပ်ရမှာပါ -


System Restore လုပ်တာက ဒီနည်းလမ်း တစ်ခုတည်း မဟုတ်ပါဘူး - တစ်ခြား နည်းလမ်းတွေလည်း ကျန်ပါသေးတယ် - ဆိုကြပါစို့ အပေါ်မှာ ပြောခဲ့တဲ့ Create a system image ဆိုတဲ့ နည်းကို သုံးပြီး External HD တစ်ခုမှာ Backup လုပ်ထားတယ်ဆိုပါစို့ - ဒီလိုဆို ကိုယ့် System ကို Restore ပြန်လုပ်ဖို့ အတွက်ဆို Windows CD ဒါမှမဟုတ် System repair disc ဆိုတာ လိုပါတယ် - သူက ဘာကြောင့်လိုသလဲဆို ကိုယ်ဖန်တီးထားတဲ့ System image ကို Restore ပြန်လုပ်နိုင်ဖို့ အတွက် Windows system recovery tools က သူ့ထဲမှာပဲ ပါဝင်မှာမို့လို့ပါ - System repair disc ကို အောက်မှာ ဖော်ပြထားတဲ့ Create a system repair disc ဆိုတဲ့ နေရာကနေ ဖန်တီးယူပါ -


System repair disc ရလာရင် ကိုယ့် ကွန်ပြူတာကို Restart ပေး Drive မှာ အဲ့ဒီ့ Repair CD ထည့်ပြီး boot တက်ပါ - နောက် Recovery options ကနေ ဆက်သွားပြီး System image ရှိရာကနေ Restore လုပ်ယူရင် နဂို Error တက်ပြီး သုံးမရ ဖြစ်နေတဲ့ Windows ကနေ အကောင်းပကတိ Windows ကို ရပါလိမ့်မယ် -

တော်တော်လည်း ရှည်ပြီဗျာ - လက်လည်းညောင်းပြီ - တကယ်တော့ ပြောဖို့ အများကြီး ကျန်သေးတယ် - မရမက အတင်းချုံ့ပစ်လိုက်တာ ချုံ့တာများပြီး နားလည်ပါ့မလားတောင် မပြောတတ်ဘူး - အတတ်နိုင်ဆုံး နားလည်နိုင်အောင်တော့ ကျွန်တော် ကြိုးစားထားပါတယ် - ကျွန်တော့် စာတွေ့ကို လက်တွေ့လေး နည်းနည်းပေါင်းပြီး လေ့လာကြည့်လိုက်ပါ - အဆင်ပြေနိုင်လိမ့်မယ် ထင်ပါတယ် -

KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 08-12-2010 at 01:14 PM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 12 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 21-12-2010, 07:18 AM
azp09
MF Contributor
 
azp09's Avatar
 
အသင်းဝင်နေ့စွဲ: Sep 2010
တည်နေရာ: 61.4.72.107
ရေးသားချက်များ: 237
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1,536
ပို့စ် 211 ခုအတွက် 1,117 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
azp09 is on a distinguished road
ပြန်စာ - 2010 2011 Ultimate Software Guide for Windows Users

Quote:
Originally Posted by KznT View Post
4. Internet Download Manager v5.19 Build 3

Browsers တင်ပြီးပြီဆိုတာနဲ့ နောက်ထပ်တင်ထားသင့်တာ Download Manager တစ်ခုခုပါ - ကျွန်တော်ကတော့ Downloader တွေထဲမှာ Internet Download Manager ကို သဘောကျပါတယ်။ Browsers တင်ပြီးရင် ဘာကြောင့် Internet Download Manager ကို တင်သင့်သလဲ ?? ဘာကြောင့်လဲ ဆိုတာ ဥပမာ အနေနဲ့ ပြောရရင် တကယ်လို့ ကိုယ်သုံးနေကျ Browser ( ဥပမာ - Mozilla Firefox ) မတင်ရသေးခင် Internet Download Manager ကို တင်လိုက်တဲ့ အခါ Internet Download Manager နဲ့ အတူပါလာတဲ့ Internet Download Manager Integration Module ဟာ သူနဲ့ချိတ်ဆက်ရမယ့် Mozilla Firefox ကို မတွေ့တဲ့ အတွက်ကြောင့် Mozilla Firefox ရဲ့ Extensions မှာ မချိတ်ဆက်နိုင်ပဲ နောက်ပိုင်း Mozilla Firefox တင်ပြီးတဲ့ အချိန် Download ချတဲ့ နေရာမှာ Internet Download Manager တင်ထားပြီး IDM နဲ့ ကျမလာဘူးဆိုတဲ့ ပြဿနာမျိုးတွေနဲ့ ရင်ဆိုင်ရတတ် ပါတယ်။ အဲ့ပြဿနာကို ဖြေရှင်းဖို့ အတွက် Internet Download Manager > Options > General > Use advanced browser integration ကို select ပေးပြီး Computer ကို Restart ပေးရပါလိမ့်မယ်။ ဒီလို အရှုပ်အရှက်တွေ ကင်းအောင်လို့ Browsers တင်ပြီးမှ Internet Download Manager ကိုတင်ဖို့ စီစဉ်ရတာပါ။
IDM ကိုဒေါင်းလို့မ၇ဘူး....Download not available
The following download is not available:

http://rapidshare.com/files/40527204...n_Manager.rar0 KB

ဖြစ်နေပါတယ်...........အဆင်ပြေမယ်ဆိုရင်ပြန်တင်ပေးပါ....Kzn Tေ၇းတဲ့ post တွေကို အမြဲအားပေးလျက်.....

Last edited by KznT; 21-12-2010 at 02:53 PM..
azp09 is offline   Reply With Quote
Old 21-12-2010, 02:17 PM
bonge
ကြီးကြပ်သူ
 
bonge's Avatar
 
အသင်းဝင်နေ့စွဲ: Mar 2008
တည်နေရာ: မကွေးမြို့။
ရေးသားချက်များ: 619
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 11,532
ပို့စ် 600 ခုအတွက် 5,173 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
bonge is on a distinguished road
Icon10 ပြန်စာ - 2010 2011 Ultimate Software Guide for Windows Users

ကို KznT ရဲ့ rapid ကလွှဲပြီး တခြား dl လင့်တွေ အလုပ်လုပ်ပါသေးတယ်။ အဆင်မပြေဘူးဆိုတော့ ပြန်တင်ပေးလိုက်ပါတယ်။
ဒါကတော့ ကို KznT တင်ပေးထားတဲ့ Downloader တွေ
http://www.interupload.com/files/1QZ...ager.rar_links

ဒါလေးကတော့ ကျနော် လက်ရှိသုံးနေတာလေးပါ
http://www.interupload.com/files/D2F...FULL.rar_links

Credit to ကိုKznT

စကားမစပ် ကိုကေဇက် ရေ ... အကို ပိုစ်တွေက အားပေးတဲ့ သူတွေများတော့ dl လင့်တွေ ကူတင်ပေးရမယ် ဆိုရင် ကျနော် interupload ကနေ တင်ပေးဖို့ ကူပေးဖို့ အသင့်ရှိနေပါတယ်ဗျာ။ အကိုလဲ မအားရင် ကျနော်လင့်တွေကို ဖြည့်ပေးမယ် ဆိုရင် အကိုပိုစ်တွေက dl လင့်တွေ ကျနော် တင်ပေးပါ့မယ် ... အကို စိတ်ပါရင် ဘယ် ပိုစ်က စတင်ရမလဲ ဆိုတာပြောပေးပါ။ ပိုစ် မဖောင်းပွဲအောင် PM နဲ့ ပြန်ပို့ပေးပါ့မယ်

ကျန်းမာ ပျော်ရွှင်ကြပါစေ ...

Last edited by bonge; 21-12-2010 at 02:20 PM.. Reason: စာပြင်
bonge is offline   Reply With Quote
အောက်ပါအသင်းဝင် 8 ဦးတို့မှ bonge အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 21-12-2010, 03:22 PM
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,394 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - 2010 2011 Ultimate Software Guide for Windows Users

ကိုbonge ကျေးဇူးပါ -
ခုရက်ပိုင်း ကျွန်တော်လည်း အလုပ်လေး နည်းနည်းများနေလို့ ဖိုရမ်တွက် ဘာမှ မဖြည့်ဆည်း ပေးနိုင်သေးဘူး ဖြစ်နေတယ် - တောင်းထားတာတွေ မေးထားတာတွေ သိပေမယ့် ခဏရပ်ထားရတယ် - ကူညီပေးတာ ကျေးဇူးအထူးပါဗျာ -

ကျွန်တော့် အနေနဲ့တော့ ဒီနေရာမှာ ဒီ Apps တွေကိုပဲ နောက်ထပ် download links တွေ ထပ်ပေါင်းဖြည့်ပေးဖို့ မစီစဉ်တော့ဘူး - ဘာကြောင့်လည်းဆို ကိုbonge လည်း သိတဲ့ အတိုင်း ကျွန်တော် တင်ပေးတုန်းက ဒီ Apps တွေက နောက်ဆုံးထွက်တွေ ဆိုပေမယ့် ခုချိန်နဲ့ ယှဉ်လိုက်ရင်ကျတော့ Apps အကြီးတွေဆို နဲနဲဟောင်းသွားပြီး - အသေးစားတွေဆို တော်တော်ဟောင်းနေပြီလို့တောင် ပြောလို့ ရတယ် - အဟောင်းနေရာမှာ ထပ်ပြီး အဟောင်း Apps တွေကို links အသစ်ထပ်ဖြည့်လည်း မိသားစုဝင်တွေ အဟောင်းပဲ သုံးနေရမှာပဲ - ကျွန်တော်တော့ အဲလို မဖြစ်စေချင်ဘူး -

လတ်တလော ကျွန်တော် ရည်ရွယ်ထားတာတော့ links ပျက်နေတာတွေလည်း ရှိကောင်းရှိမယ် - အဲတာတွေ နေရာမှာ လိုချင်တဲ့ သူပေါ်လာရင် သူတို့တောင်းတဲ့ အခါ နောက်ဆုံးထွက်တဲ့ Apps အသစ်လေးနဲ့ links အသစ်ကိုပါ အစားထိုးပြီး တင်ပေးလိုက်မယ်လို့ပဲ ကျွန်တော်တော့ စိတ်ကူးထားတယ် - အဲလိုမျိုးဆိုရင် တကယ်လိုမယ့်သူလည်း အဆင်ပြေ - နောက်ယူမယ့်သူလည်း အသစ်ရတာပေါ့ - နောက်ပြီး တင်ပေးမယ့်သူအတွက်လည်း Apps အများကြီးကို တစ်ပြိုင်တည်း စုပြီး တင်ပေးရတာမျိုး မဟုတ်လို့ နဲနဲ သက်သာမယ်လို့ ထင်မိတယ် - လောလောဆယ် ကို azp09 တောင်းတယ်ဆိုတော့ ကျွန်တော် နောက်ဆုံး version တစ်ခု တင်ပေးလိုက်တယ် - Internet Download Manager 6.03 Beta 14 - ကိုbonge တင်ပေးထားတာနဲ့များ တူနေမလား မသိဘူး - အဲဒီ့ဟာအတွက် link ကိုတော့ နဂိုနေရာမှာပဲ အရင်က link တွေနဲ့ အစားထိုးထားလိုက်တယ် - တစ်ခု အဆင်မပြေ နောက်တစ်ခု သုံး သဘောပေါ့ -

နောက် ကိုazp09 ကို အကြံပြုစရာ တစ်ခုရှိတာက Quote နဲ့ စာပြန်တဲ့ အခါ အကြောင်းအရာ ရှည်ရင် စာမျက်နှာနဲ့ စာကြောင်းရေ မဖောင်းပွရအောင် ကိုazp09 ပြောလိုတဲ့ နေရာလေးကိုပဲ ကွက်ပြီး Quote လုပ်ပေးဖို့ အကြံပြုချင်ပါတယ် - နောက် ကျွန်တော် တင်ပေးထားတဲ့ links တွေရော တစ်ခြား သူတွေ တင်ပေးထားတဲ့ Links တွေ ရောမှာ - တကယ်လို့ Mulitiple Hosts ကနေ တင်ပေးထားတဲ့ links မျိုးတွေ ဖြစ်နေရင် Rapidshare ကိုရွေးတာမျိုးထက် Megaupload တို့ ဘာတို့က ပိုကောင်းပါတယ် - တကယ်လို့ Rapidshare links တွေ ပျက်နေမယ် ဆိုရင်တောင် တစ်ခြား ရှိနေသေးတဲ့ links တွေကို စမ်းကြည့်နိုင်ပါတယ် - ကျွန်တော်တော့ များသောအားဖြင့် Megaupload ကို ပိုသုံးဖြစ်တယ် -

KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 21-12-2010 at 03:54 PM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 11 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 22-12-2010, 09:49 AM
azp09
MF Contributor
 
azp09's Avatar
 
အသင်းဝင်နေ့စွဲ: Sep 2010
တည်နေရာ: 61.4.72.107
ရေးသားချက်များ: 237
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1,536
ပို့စ် 211 ခုအတွက် 1,117 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
azp09 is on a distinguished road
ပြန်စာ - 2010 2011 Ultimate Software Guide for Windows Users

ဟုတ်ကဲ့ပါ....နောက်ကျရင်ကျွန်တော်သတိထားပါမယ်....ကျွန်တော်လဲ send လုပ်ပြီးမှ သိတာပါ....လူသစ်တရောက်ဖြစ်တာမို့....ဖိုရမ်အကြောင်းကောင်းကောင်းမသိတာလဲပါ...ပါတယ်....IDM link ကိုတင်ပေးထားတဲ့အတွက် ကျေးဇူးလည်းတင်ပါတယ်.....bonge ကိုလည်း ကျေးဇူးပါ
azp09 is offline   Reply With Quote
အောက်ပါအသင်းဝင်မှ azp09 အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 23-12-2010, 01:08 PM
ရွှာသားလေး
ကလေးပေါက်စ
 
အသင်းဝင်နေ့စွဲ: Dec 2008
ရေးသားချက်များ: 40
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 0
ပို့စ် 13 ခုအတွက် 19 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ရွှာသားလေး is on a distinguished road
ပြန်စာ - 2010 2011 Ultimate Software Guide for Windows Users

အကို..ကျေးဇူးတင်ပါတယ်ဗျာ..အခုလို လူအများလိုအပ်မဲ့ software လေးတွေကိုတင်ပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတ
ရွှာသားလေး is offline   Reply With Quote
Old 23-12-2010, 01:21 PM
ရွှာသားလေး
ကလေးပေါက်စ
 
အသင်းဝင်နေ့စွဲ: Dec 2008
ရေးသားချက်များ: 40
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 0
ပို့စ် 13 ခုအတွက် 19 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ရွှာသားလေး is on a distinguished road
ပြန်စာ - 2010 2011 Ultimate Software Guide for Windows Users

အကို ကျွန်တော်များမှားတာလားမသိဘူး ဖိုင်တွေကို ဖြေတဲ့အခါမှာ password တောင်းနေတယ်ဗျ...အဲ့ဒါလေးကူညီပါအုံး
ကျွန်တော်မသိလိုလားမသိဘူး...တခြား password နဲ့ကရတော့ရတယ် ဒါပေမယ့် ထွက်လာတဲ့ဖိုင်တွေက ဘာမှမပါဘူးဖြစ်နေတယ်
... လေးစားလျှက်..
ရွှာသားလေး is offline   Reply With Quote
Old 23-12-2010, 02:32 PM
သန့်ဇင်ဌေး
အထူးအသင်းဝင်
 
သန့်ဇင်ဌေး's Avatar
 
အသင်းဝင်နေ့စွဲ: Oct 2009
တည်နေရာ: ချစ်သူရင်ခွင်
ရေးသားချက်များ: 538
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 3,650
ပို့စ် 479 ခုအတွက် 4,822 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 4
သန့်ဇင်ဌေး will become famous soon enough
ပြန်စာ - 2010 2011 Ultimate Software Guide for Windows Users

Quote:
Originally Posted by ရွှာသားလေး View Post
အကို ကျွန်တော်များမှားတာလားမသိဘူး ဖိုင်တွေကို ဖြေတဲ့အခါမှာ password တောင်းနေတယ်ဗျ...အဲ့ဒါလေးကူညီပါအုံး
ကျွန်တော်မသိလိုလားမသိဘူး...တခြား password နဲ့ကရတော့ရတယ် ဒါပေမယ့် ထွက်လာတဲ့ဖိုင်တွေက ဘာမှမပါဘူးဖြစ်နေတယ်
... လေးစားလျှက်..
အကိုရေ ကိုကျော်ဇင်သန့် အပေၞဆုံးထိပ်ဆုံးမှာ အောက်ကလို ပုံကြီးနဲ့ ကိုပြထားတာပါဗျာ

Password ကိုလေ ပုံတိုင်းကြည့်လိုက်ပါဦး


Password က www.myanmarfamily.org ပါဗျာ။

ပရဟိတ စိတ် အပြည့်နဲ့ လူအများ အကူညီလိုအပ်မူတွေကို ကူညီကြပါစို့လား။

စိမ်းလန်းမြေ ပရဟိတ ဖိုရမ်

Thant Zin Htay
သန့်ဇင်ဌေး is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ သန့်ဇင်ဌေး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 29-12-2010, 05:20 AM
မောင်ဟိန်းထိုက်
လမ်းလျှောက်တတ်စ
 
မောင်ဟိန်းထိုက်'s Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
ရေးသားချက်များ: 13
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 12
ပို့စ် 5 ခုအတွက် 8 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
မောင်ဟိန်းထိုက် is on a distinguished road
ပြန်စာ - 2010 2011 Ultimate Software Guide for Windows Users

အကိုရေ bunner တွေစုထားပေးတဲ့ဟာက ပတ်စ်ဝတ်လိုနေလို့ပါအကိုမေ့သွားတာထင်တယ် ကြည့်ပေးပါဦးအကို

:25:
မောင်ဟိန်းထိုက် is offline   Reply With Quote
Old 29-12-2010, 05:27 AM
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,394 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - 2010 2011 Ultimate Software Guide for Windows Users

ကိုဟိန်းထိုက်ရေ တင်ပေးထားသမျှ apps အားလုံးရဲ့ password ကို post နံပါတ် ( ၁ ) ရဲ့ ထိပ်ဆုံး ခေါင်းစည်းမှာ ခုလိုမျိုး ရေးထားပေးပါတယ် - အခု ကိုဟိန်းထိုက် ရေးလိုက်တဲ့ post ရဲ့ အပေါ်မှာတင်ကို ကိုဖိုးသားလေး ပြထားတာလည်း ရှိပါသေးတယ် -

Password For All Applications = www.myanmarfamily.org

ကိုဟိန်းထိုက် သတိမထားမိလို့ ဖြစ်ပါလိမ့်မယ် -

KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 29-12-2010 at 05:28 AM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 31-12-2010, 11:39 AM
နှင်းမောင်
ကလေးပေါက်စ
 
အသင်းဝင်နေ့စွဲ: Jul 2008
ရေးသားချက်များ: 21
ကျေးဇူးတင်စကား: 22
ပို့စ် 7 ခုအတွက် 8 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
နှင်းမောင် is on a distinguished road
ပြန်စာ - 2010 2011 Ultimate Software Guide for Windows Users

ကို KznT ရေ

ပြဿနာတခုက MS 2010 မှာ Header နှင့် Page Number တွဲတပ်မရ ဖြစ်နေတယ်။ ဆိုလိုတာက စာမျက်နှာတိုင်း မှာ Chapter One .....................Page No စသည် တွဲပြီး တပ်ချင်တာ။ ခုတော့ တခု တပ်လိုက် တခုက ပျက်သွားလိုက် ဖြစ်ဖြစ် နေပါတယ်။ အကြံဥာဏ်လေး ရပါရစေခင်ဗျာ။

လေးစားစွာဖြင့်
နှင်းမောင်
နှင်းမောင် is offline   Reply With Quote
Old 31-12-2010, 03:35 PM
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,394 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - 2010 2011 Ultimate Software Guide for Windows Users

Quote:
Originally Posted by နှင်းမောင် View Post
ကို KznT ရေ
ပြဿနာတခုက MS 2010 မှာ Header နှင့် Page Number တွဲတပ်မရ ဖြစ်နေတယ်။ ဆိုလိုတာက စာမျက်နှာတိုင်း မှာ Chapter One .....................Page No စသည် တွဲပြီး တပ်ချင်တာ။ ခုတော့ တခု တပ်လိုက် တခုက ပျက်သွားလိုက် ဖြစ်ဖြစ် နေပါတယ်။ အကြံဥာဏ်လေး ရပါရစေခင်ဗျာ။
ကိုနှင်းမောင် ဖြစ်ချင်တာ ဒီလိုပုံစံအတိုင်း စာမျက်နှာတိုင်းမှာ ပေါ်ချင်တာလား မသိ - ဘယ်လိုပုံစံ လိုချင်တယ်ဆိုတာ ကျွန်တော်လည်း မျက်စိထဲ သိပ်မမြင်တော့ ဖြစ်နိုင်ချေရှိတဲ့ ပုံစံပဲ ကိုယ့်ဘာသာ Screenshot ပြီး တင်လိုက်ရတယ် -


တကယ်က MS 2010 မှာ Header နှင့် Page Number တွဲတပ်မရတာ မဟုတ်ပါဘူး - Heaers & Footers ဆိုတာက Page numbers လိုမျိုးပဲ Document တစ်ခုရဲ့ ထိပ်ဆုံး - အောက်ဆုံးနဲ့ Page ရဲ့ ဘေးဘယ်ညာမှာ နေရာယူကြတဲ့ သဘောတရားချင်း ဆင်တူနေလို့ -


ပုံမှန်အားဖြင့် Feature တစ်ခုကို တစ်နေရာတည်းမှာ ထပ်တူ သုံးဖို့ ကျွန်တော်တို့ ကြိုးစားတဲ့ အခါ နောက်ရောက်လာတဲ့ ကောင်က ရှေ့က ကောင်ကို တွန်းထုတ်ပစ်တတ်ပါတယ် - ဆိုလိုတာ Page numbers ကိုလည်း ထိပ်မှာတပ်မယ် - Header ကိုလည်း ထိပ်မှာတပ်မယ်ဆိုပြီး ကြိုးစားရင် ရှေ့မှာ အရင်လုပ်ထားတဲ့ ကောင်က နောက်ကကောင်အတွက် နေရာဖယ်ပေးရပါတယ် - တကယ်လို့ ကိုယ်က Page numbers ကို အောက်မှာတပ်ပြီး Header ကို ထိပ်မှာတပ်မယ် ဆိုရင် ဒီလိုမျိုး မဖြစ်တတ်ပါဘူး - အဲတာတွေကလည်း ကိုယ်ရွေးချယ်တဲ့ Design ပေါ်မူတည်ပါတယ် -

အခု ကိုနှင်းမောင်က ကျွန်တော် အပေါ်မှာ အစမ်းပြထားသလို Page no ရော Header ရောကို တစ်နေရာတည်းမှာ ပူးတွဲပြီး တပ်ချင်တယ် ဆိုပါစို့ - ဒါဆိုလည်း ဖြစ်ပါတယ် - Office ထဲမှာ Page no ရော Header ရော တွဲတပ်နိုင်ဖို့ အတွက် အသင့်ပါပြီးသား Design တွေရှိပါတယ် - အောက်မှာကြည့်ကြည့်ပါ -


တကယ်လို့ ကိုယ်က ဒီ ဒီဇိုင်းတွေကို မကြိုက်သေးဘူး ဆိုရင်လည်း ကျွန်တော်ထိပ်ဆုံးမှာ ပြထားသလိုပဲ စိတ်ကြိုက် ပြင်ဆင်ယူလို့ ရတဲ့နည်းတွေ တော်တော်များများ ရှိပါတယ် - နည်းတွေက Document တစ်ခု ဖန်တီးသူရဲ့ Idea ကိုလိုက်ပြီး မျိုးစုံ ပြောင်းလဲ နိုင်တာမို့လို့ အားလုံးတော့ ကျွန်တော် ပြောပြနိုင်ဖို့ မလွယ်ပါဘူး - ဒါပေမယ့် ကျွန်တော် အပေါ်မှာ အစမ်းပြထားသလို Page no ရော Header ရောကို တစ်နေရာတည်းမှာ ပူးတွဲ ထည့်သွင်းနည်း ဖော်ပြပေးပါ့မယ် -

အရင်ဆုံး ကိုနှင်းအောင် Insert tab ကနေ Page no ကို စတပ်ထားလိုက်ပါ - Design ကိုတော့ ကိုယ် Header ထားချင်တဲ့ နေရာပေါ် မူတည်ပြီး အဆင်ပြေတာ ရွေးပါ -


အဲတာပြီးသွားရင် Header တပ်ဖို့စပြီး ပြင်ဆင်ပါမယ် -

တကယ်လို့ ကိုယ်က Header ကို Page no ရဲ့ ရှေ့မှာ ထားချင်တာဆိုရင် ( ကျွန်တော့် ပုံမှာလိုမျိုး ) Page number ထားထားတဲ့ Area ထဲမှာ Double-click ပေးပြီး Keyboard က Home ကိုနှိပ်ပါ - Home ကိုနှိပ်ရတဲ့ ရည်ရွယ်ချက်က Page no ရဲ့ ရှေ့မှာ Header ထားမယ်ဆိုတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ် - တကယ်လို့ ကိုယ်က Page no ရဲ့ နောက်မှာ Header ထားချင်မယ်ဆိုရင် Keyboard က End ကိုနှိပ် ရပါမယ် - ပြီးရင် ဘာညာသာဓကာ ကိုယ့်ထည့်ချင်တဲ့ Header အကြောင်းအရာကို ရိုက်ထည့်ပြီး ကိုယ်ထားချင်တဲ့ နေရာကို ချိန်ညှိဖို့ Keyboard က TAB ကိုနှိပ်ပြီး ချိန်ညှိရပါမယ် - ကိုယ်လိုချင်တဲ့ အနေအထားရပြီ ဆိုရင် Save လိုက်ယုံပါပဲ - ခုဖော်ပြတဲ့နည်းက နဂို Page no တပ်ထားပြီးသား အခြေအနေ တစ်ခုမှ Header ပေါင်းထည့်တဲ့ နည်းပဲ ရှိပါသေးတယ် - တကယ်လို့ ကိုယ်က Header တပ်ထားပြီးသားမှာ Page no လာပေါင်းထည့်ချင်တာ ဆိုရင်လည်း လုပ်ဆောင်လို့ ရတဲ့ တစ်ခြားနည်းတွေ ရှိပါသေးတယ် - ဒီအောက်မှာ ဖော်ပြထားတဲ့ ပုံက ကျွန်တော် Header တပ်ထားပြီးသားမှာ Page no လာပေါင်းထည့်ထားတာပါ -


တစ်ခြား ဆက်စပ်နေတဲ့ အကြောင်းအရာ အသေးစိတ်ကို ဒီစာနေရာက
>> Insert a page number ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ် -

KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 31-12-2010 at 03:37 PM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 8 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 09-01-2011, 07:00 PM
mars
ကြီးကောင်ဝင်စ
 
အသင်းဝင်နေ့စွဲ: Mar 2009
ရေးသားချက်များ: 86
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 47
ပို့စ် 32 ခုအတွက် 106 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
mars is on a distinguished road
ပြန်စာ - 2010 2011 Ultimate Software Guide for Windows Users

Quote:
Originally Posted by KznT View Post
9. Microsoft Office 2010 Professional Plus x64 and x86 14.0.4743.1000 Full Activated

စာစီစာရိုက်တစ်ခုတည်း အတွက် မဟုတ်ပဲ ဘက်စုံသုံး ရုံးသုံး ကျောင်းသုံး စီးပွားရေး လုပ်ငန်းသုံး - နယ်ပယ်စုံမှာ အသုံးချဖို့ သင့်တော်တဲ့ နောက်ထပ် မရှိမဖြစ် မသုံးမဖြစ် အသုံးပြုရမယ့် Applications ကောင်း တစ်ခုကတော့ Microsoft Office 2010 ပါ။ Microsoft Office 2010 နဲ့ ပတ်သတ်ပြီး အရင် Versions တွေနဲ့ စာရင် ဘာတွေ ကောင်းလာသလဲ ဆိုတာ ကျွန်တော် ဒီနေရာမှာ ဆွေးနွေးထားခဲ့ဖူးတာ ရှိပါတယ်။ ဒါတင်မက Microsoft Office 2010 ကိုပဲ ဒီနေရာမှာ တစ်ခါ တင်ထားပေးပြီးသား ရှိပါတယ်။ ဒါပေမယ့် အဲ့ဒီ Microsoft Office 2010 က 32bit တစ်ခုတည်း အတွက်ပါ။ ဒီ Microsoft Office 2010 ကတော့ 32bit ရော 64bit ရော အတွက်ပါ။ နောက်ပြီး ဒီ Microsoft Office 2010 Professional Plus x64 and x86 14.0.4743.1000 က အရင် ကျွန်တော် တင်ပေးဖူးတဲ့ Microsoft Office 2010 လို မဟုတ်ပါဘူး - ဒီ Microsoft Office 2010 ဟာ Full Activated လုပ်ဆောင်ပြီးသား ဖြစ်ပါတယ်။[/justify]

ပါဝင်မည့် Software များ

MICROSOFT.OFFICE.2010.RTM.14.0.4734.1000_ProfessionalPlus_volume_x64_en-us
MICROSOFT.OFFICE.2010.RTM.14.0.4734.1000_ProfessionalPlus_volume_x86_en-us
အဲဒိလင့်ကနေတော့ ဆွဲပြီးသုံးလိုက်ပါတယ်အကို.. ကျနော်စက်က 32 ဆိုတော့ x86 ကိုသွင်းထားပါတယ်... ကျန်တာအကုန်အဆင်ပြေပေမယ့် ms access ကတော့ သုံးလို့မရဘူးအကို... တခြားသူတွေကော ဒီဟာနဲ့အဆင်ပြေလားဆိုတာ ပြောပေးပါဦါ်... ကျနော့်ဆီမှာတော့ လိုင်စင်ညှိနေတယ်ဆိုပြီး msg လာတယ်အကို... ကျန်တဲ့ တခြား အကုန်လုံးဘာမှမဖြစ်ဘူးအကို... တစ်ချက်လောက်စစ်ဆေးပေးပါဦး...

Last edited by KznT; 09-01-2011 at 07:04 PM..
mars is offline   Reply With Quote
Old 09-01-2011, 07:17 PM
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,394 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - 2010 2011 Ultimate Software Guide for Windows Users

ကိုmars ရေ -

ကျွန်တော်လည်း ဒီကောင်ပဲ သုံးနေတာမို့လို့ App Error တော့ မဖြစ်နိုင်ပါဘူး - လိုင်စင်ညှိနေတယ်ဆိုပြီး msg တက်လာတယ်လို့ ပြောထားလို့ အောက်မှာပေးထားတဲ့ Activator ကို Download ချပြီး Office ကို နောက်တစ်ခေါက်ထပ် Activate လုပ်ကြည့်ဖို့ အကြံပြုလိုပါတယ် - Activation လုပ်ဆောင်နည်း အဆင့်ဆင့်ကို Folder ထဲမှာ Word file နဲ့ ရေးထားပေးပါတယ် - သတိပေးလိုတာ တစ်ခုက အောက်မှာ ပေးထားတဲ့ ဖိုင်ကို ဒေါင်းလုပ်မချခင်တည်းက စက်မှာတင်ထားတဲ့ Antivirus ကို တစ်ချက် ပိတ်ထားပေးပါ - သူက False alarm ပေးတတ်ပါတယ် -

Download!!

Quote:
KMSYv1.3.rar (1.55 MB)
http://up4vn.com/?d=H322Q0PU
KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 09-01-2011 at 07:18 PM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 4 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 10-01-2011, 04:30 PM
နှင်းမောင်
ကလေးပေါက်စ
 
အသင်းဝင်နေ့စွဲ: Jul 2008
ရေးသားချက်များ: 21
ကျေးဇူးတင်စကား: 22
ပို့စ် 7 ခုအတွက် 8 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
နှင်းမောင် is on a distinguished road
ပြန်စာ - 2010 2011 Ultimate Software Guide for Windows Users

ကို K znt ရေ

သူငယ်ချင်းတယောက်က သူ့စက် တလုံးကို Window xp Pro P2 တင်ပေးဖို့ လာအပ်ထားပါတယ်။ သူ့စက်ကToshiba, P III, DynaBook Satellite 1800 SA75P/3 , PS 18075p4412, Model Name. Satellite 1801 System Unit လို့ ဖော်ပြထားပါတယ်။ ခက်တာက Driver Download ရှာမရတာပဲ ဖြစ်ပါတယ်။ နောက်ပြီး ဒီမော်ဒယ်ကို Window Xp Pro P2 တင်လို့ အဆင်ပြေမပြေ လမ်းညွှန်ပေးစေချင်ပါတယ်။

လေးစားစွာဖြင့်
နှင်းမောင်
နှင်းမောင် is offline   Reply With Quote
Old 10-01-2011, 10:54 PM
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,394 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - 2010 2011 Ultimate Software Guide for Windows Users

ကိုနှင်းမောင်ရေ - သိပ်တော့ အဆင်မပြေလှဘူးဗျ - ဂျပန်စက် ထင်တယ် - dynabook.com ကလည်း တစ်ဆိုဒ်လုံး ဂျပန်လိုချည်း ရေးထားတာဆိုတော့ ရှာရတာ တော်တော် မျက်စိနောက်သွားတယ် - ကြိုးစားပမ်းစား ရှာကြည့်တော့ Driver ဒေါင်းလုပ်ချမယ့် နေရာ တွေ့လာခဲ့တယ် - စက်မှာ တင်လို့ ရမရတော့ မပြောတတ်ဘူး - အောက်မှာ ပေးထားတဲ့ link ကနေ သွားကြည့်ပါ -

http://dynabook.com/assistpc/download/

အဲ့ဒီ့က Model နဲ့ OS မှာ ကိုယ့် စက် Model နဲ့ ကိုယ်သုံးမယ့် OS အမျိုးအစားကို ရိုက်ပေးပြီး ရှေ့ဆက်သွားရင် Drivers တွေကျလာလိမ့်မယ် - Display ဆို Display အလျောက် - Sound ဆို Sound အလျောက် တစ်ခေါက်ချင်းစီ ရှာကြည့်ပေါ့ - အဲ့ဆိုဒ်ကတော့ အဆင်အပြေဆုံး ဖြစ်မယ် ထင်မိတာပဲ -


တစ်ခြား Drivers ချလို့ရမယ့် links တွေတွေ့သေးတယ် - အချိန်သာကုန်ရော အဆင်မပြေဘူးဗျ -
အဆင်ပြေလောက်မယ် ထင်တဲ့ Site ကျတော့ Menu မရှိ - Tags မရှိနဲ့ တော်တော် ရှာရခက်တယ် - Model ကလည်း နဲနဲ ဟောင်းနေတယ်ဗျ - လူသုံးနည်းသွားတော့ Drivers ကလည်း ရှာရခက်သွားတယ် - တွေ့တာတွေကျတော့လည်း ကိုနှင်းမောင်ပြထားတဲ့ အချက်တွေနဲ့ မကိုက်တာတွေ များတယ် - Model no ရှေ့ပိုင်းထိ တူပေမယ့် နောက်ပိုင်းလွဲတာတွေရှိလာတယ် -

http://dynabook-driver.com/
http://www.csd.toshiba.com/cgi-bin/t...p?nav=Download
http://eu.computers.toshiba-europe.c...ivers_bios.jsp
http://www.driverguide.com/ မှာလည်း ရှာကြည့်သေးတယ် အဆင်မပြေဘူး -

Windows XP တင်ရမရတော့ ကျိန်းသေပြောလို့ မရဘူး - ဒီနေရာမှာ ကြည့်ကြည့်တဲ့ ပုံအရတော့ ရကောင်းရနိုင်ပါလိမ့်မယ် -

ဒါပေမယ့် တစ်ခုရှိတာက Drivers က မရှိပဲနဲ့တော့ အဆင်ပြေနိုင်မယ် မထင်ဘူး - ကိုနှင်းမောင် Drivers အရင်ရှာကြည့်သင့်တယ် - စုံတော့မှ XP ပြောင်းကြည့်ဖို့ စဉ်းစားကြည့်ပါ - တစ်ခုမှ အဆင်မပြေရင်လည်း Toshiba Service Center က Service သမား တစ်ယောက်ယောက်ကို အကူအညီတောင်းကြည့်နိုင်ပါတယ် -

KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 10-01-2011 at 10:59 PM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 8 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 11-01-2011, 10:15 AM
bagothar85
အထူးအသင်းဝင်
 
bagothar85's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2010
ရေးသားချက်များ: 1,297
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 7,571
ပို့စ် 1,345 ခုအတွက် 8,095 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
bagothar85 will become famous soon enough
ပြန်စာ - 2010 2011 Ultimate Software Guide for Windows Users

အစ်ကို ကေဇက် နှင့်တကွ မိသားစုဝင် ညီ၊ အစ်ကို၊ မောင်၊နှမများခင်ဗျာ။ ကျွန်တော့် Internet download manager က ယနေ့မှစပြီး
" Internet Download Manager has been registered with a fake Serial Number. Be aware that the cracked product may work incorrectly and download files with errors. Thus we advise you to purchase the full-featured product"
ဆိုတာပေါ်လာပြီး ဒေါင်းလုဒ်လုပ်နေတဲ့ဟာတွေ အားလုံးပိတ်သွားပါတယ်။ ပြီးတော့သူ့ဆိုဒ် window ပွင့်သွားပြီးဝယ်ဖို့ရန် ဂျီပူနေ့လို့ စိတ်ဆင်းရဲရပါတယ်။ ကျွန်တော်မည်သို့မည်ပုံ ပြုလုပ်ရမည်ကို အစ်ကို၊အစ်မများမှ ကျေးဇူးပြုပြီး ညွန်ပြပေးကြပါရန် အနူးအညွတ် တောင်းပန်အပ်ပါတယ်ခင်ဗျာ။
bagothar85 is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ bagothar85 အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 11-01-2011, 11:09 AM
zo
အထူးအသင်းဝင်
 
zo's Avatar
 
အသင်းဝင်နေ့စွဲ: Jul 2008
တည်နေရာ: the earth that GOD created.
ရေးသားချက်များ: 1,225
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 18,725
ပို့စ် 1,058 ခုအတွက် 6,027 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
zo will become famous soon enough
ပြန်စာ - 2010 2011 Ultimate Software Guide for Windows Users

အကိုbagothar85
အကိုသုံးနေတာ ဘယ်ဗားရှင်းလဲ မသိလို. ဒီနေ၇ာက အဆင်ပြေတာလေး ယူသုံးလိုက်ပါလား။
အဆင်မပြေခဲ.ဘူးဆို၇င် ပြောပါဗျာ။




See You When I See You
zo is offline   Reply With Quote
အောက်ပါအသင်းဝင် 5 ဦးတို့မှ zo အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 11-01-2011, 12:44 PM
bagothar85
အထူးအသင်းဝင်
 
bagothar85's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2010
ရေးသားချက်များ: 1,297
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 7,571
ပို့စ် 1,345 ခုအတွက် 8,095 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
bagothar85 will become famous soon enough
ပြန်စာ - 2010 2011 Ultimate Software Guide for Windows Users

အစ်ကို zo ရေ အခုလို ကျွန်တော့်ကို ကူညီတာအရမ်းကျေးဇူးတင်ပါတယ်။ ကျွန်တော့်အရင်အဟောင်းက IDM 6.4 ပါ။ အခုအစ်ကို ပေးတဲ့ လင့်က IDM 5.19 ကို ဒေါင်းပြီး သုံးကြည့်တာ အဆင်မပြေပါခင်ဗျာ။ အင်တာနက်ဖြင့်မချိတ်မိပါ။ IDM 6.4 ကို မနေ့ကအထိ သုံးရတာ အရမ်းအဆင်ပြေပါတယ်။ ဒီမနက်ကျမှ ထဖောက်တော့တာပဲ။
bagothar85 is offline   Reply With Quote
အောက်ပါအသင်းဝင်မှ bagothar85 အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 11-01-2011, 01:59 PM
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,394 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - 2010 2011 Ultimate Software Guide for Windows Users

ကိုပဲခူးသား ခင်ဗျ -

အဲ့လို ပြဿနာမျိုးက ကျွန်တော်တို့ ဖိုရမ်မှာ တစ်ခါ ကိုဆန်းမောင် ဖြစ်တော့ ကိုကျောက်ဖြူတို့ ကျွန်တော်တို့ ဝိုင်းခေါင်းစားပြီး ရှင်းထားတဲ့ အဖြေရှိပါတယ် - အဲတာတွေကိုပဲ ကိုဝင်းအောင် စာအုပ်အဖြစ်ပြန်လုပ်ပြီး ထုတ်ပေးထားတယ် - အောက်မှာ ဖော်ပြထားတဲ့ နေရာကနေ သွားယူလိုက်ပါ -

ပြဿနာ ဖြေရှင်းနည်းတင် မဟုတ်ပဲ - အသုံးပြုနည်း အသေးစိတ်ပါ ပါလို့ ကိုပဲခူးသား အဆင်ပြေလိမ့်မယ် ထင်ပါတယ် -

Download!!

http://www.myanmarfamily.org/forum/s...2&postcount=63

KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 6 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 12-01-2011, 07:45 AM
azp09
MF Contributor
 
azp09's Avatar
 
အသင်းဝင်နေ့စွဲ: Sep 2010
တည်နေရာ: 61.4.72.107
ရေးသားချက်များ: 237
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1,536
ပို့စ် 211 ခုအတွက် 1,117 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
azp09 is on a distinguished road
ပြန်စာ - 2010 2011 Ultimate Software Guide for Windows Users

ကို KznT ခင်ဗျား.............. ကျွန်တော်IDM 6.03 beta version ကိုသုံးနေပါတယ်...အစကတော့အဆင်ပြေပါတယ်....မနေ့ကစပြီး youtube တို့...တခြား video download လုပ်လို့၇တဲ့နေရာတွေဆိုရင် အ၇င်က downlaod this video ဆိုပြီးအစိမ်းေ၇ာင်စာတန်းလေးပေါ်ယ် ....မနေ့ကစပြီးအဲဒီ download this video ဆိုတာကမပေါ်တော့ပါ.....အဲဒါနဲ့ uninstrall လုပ်ပြီးပြန်တင်တော့လည်း download this video ဆိုတာကတော့မပြတော့ပါ.......link ကနေပြီး downlaod ဆွဲတာတွေကတော့ရတယ်....youtube ကို IDM နဲ့ ဒေါင်းလို့တော့မ၇တော့ပါ........အဲဒီနေ့က firefox Video Download helper ကို update ပေးပြီးတဲ့နောက်ပိုင်းမရတော့တာပါ.........ကျေးဇူးပြုပြီးဆွေးနွေးပေးပါဦး
azp09 is offline   Reply With Quote
အောက်ပါအသင်းဝင်မှ azp09 အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 12-01-2011, 11:03 AM
mars
ကြီးကောင်ဝင်စ
 
အသင်းဝင်နေ့စွဲ: Mar 2009
ရေးသားချက်များ: 86
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 47
ပို့စ် 32 ခုအတွက် 106 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
mars is on a distinguished road
ပြန်စာ - 2010 2011 Ultimate Software Guide for Windows Users

Quote:
Originally Posted by KznT View Post
ကိုmars ရေ -

ကျွန်တော်လည်း ဒီကောင်ပဲ သုံးနေတာမို့လို့ App Error တော့ မဖြစ်နိုင်ပါဘူး - လိုင်စင်ညှိနေတယ်ဆိုပြီး msg တက်လာတယ်လို့ ပြောထားလို့ အောက်မှာပေးထားတဲ့ Activator ကို Download ချပြီး Office ကို နောက်တစ်ခေါက်ထပ် Activate လုပ်ကြည့်ဖို့ အကြံပြုလိုပါတယ် - Activation လုပ်ဆောင်နည်း အဆင့်ဆင့်ကို Folder ထဲမှာ Word file နဲ့ ရေးထားပေးပါတယ် - သတိပေးလိုတာ တစ်ခုက အောက်မှာ ပေးထားတဲ့ ဖိုင်ကို ဒေါင်းလုပ်မချခင်တည်းက စက်မှာတင်ထားတဲ့ Antivirus ကို တစ်ချက် ပိတ်ထားပေးပါ - သူက False alarm ပေးတတ်ပါတယ် -

Download!!



KznT.
ကျနော် အခုတော့ဆွဲပြီးသွားပြီ... ညကျမှ အိမ်ကစက်မှာတင်ကြည့်ပြီးအဆင်မပြေတာရှိရင် print screen လုပ်ပြီးတော့ကို ပေးပါ့မယ်... ညကျမှစမ်းကြည့်လိုက်ဦးမယ်... တခုခု ထူးခြားရင်အကြောင်းကြားပေးပါ့မယ်.. အခုလိုပြန်ကြားပေးလို့ကျေးဇူးတင်ပါတယ်ဗျာ...
mars is offline   Reply With Quote
Old 12-01-2011, 03:45 PM
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,394 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - 2010 2011 Ultimate Software Guide for Windows Users

Quote:
Originally Posted by azp09 View Post
ကို KznT ခင်ဗျား.............. ကျွန်တော်IDM 6.03 beta version ကိုသုံးနေပါတယ်...အစကတော့အဆင်ပြေပါတယ်....မနေ့ကစပြီး youtube တို့...တခြား video download လုပ်လို့၇တဲ့နေရာတွေဆိုရင် အ၇င်က downlaod this video ဆိုပြီးအစိမ်းေ၇ာင်စာတန်းလေးပေါ်ယ် ....မနေ့ကစပြီးအဲဒီ download this video ဆိုတာကမပေါ်တော့ပါ.....အဲဒါနဲ့ uninstrall လုပ်ပြီးပြန်တင်တော့လည်း download this video ဆိုတာကတော့မပြတော့ပါ.......link ကနေပြီး downlaod ဆွဲတာတွေကတော့ရတယ်....youtube ကို IDM နဲ့ ဒေါင်းလို့တော့မ၇တော့ပါ........အဲဒီနေ့က firefox Video Download helper ကို update ပေးပြီးတဲ့နောက်ပိုင်းမရတော့တာပါ.........ကျေးဇူးပြုပြီးဆွေးနွေးပေးပါဦး
ဟုတ်ကဲ့ ကို azp ခင်ဗျ -

ဒီအကြောင်းက ရေးရင်တော့ တော်တော်ရှည်မယ် - တတ်နိုင်သလောက် ချုံ့ပြီး ပြောကြည့်ပါ့မယ် - Youtube ပြဿနာက တစ်ချို့လည်း သတိထားမိနေကြပြီ - တစ်ချို့လည်း သတိမထားမိကြသေးဘူး - သတိမထားမိတာ ကျွန်တော်တို့ မြန်မာက မိသားစု တော်တော်များများက Youtube သိပ်မကြည့်ကြတာရော - ကျော်ကြည့်မှ ရတာမျိုးဆိုတော့ သိပ်မဝင်ဖြစ်ကြတာနဲ့ သတိမထားမိတာ ဖြစ်မယ် ထင်မိတယ် -

ခုနောက်ပိုင်း အရင်က ပေးထားတဲ့ Youtube video downloading applications တော်တော်များများ ( တော်တော်များများဆိုတာ အကုန်တော့ မဟုတ်သေး ) အလုပ်မလုပ်တော့ပါဘူး - ဘာလို့လည်း ဆိုတော့ Youtube (Google) က သူတို့ဆီမှာရှိတဲ့ favorite videos တွေကို သူတို့အတွက် အကျိုးအမြတ် တစ်ပြားတစ်ချပ် မရပဲ အလကားမတ်တင်း ဒေါင်းလုပ်ချနေကြတာကို လက်မခံနိုင်တော့လို့ပါ -


အဲတာကလည်း Youtube (Google) အပြစ်တော့ မဟုတ်ဘူး - သူတို့မလည်း တစ်နေ့နဲ့ တစ်နေ့ ဒီ သန်းနဲ့ချီတဲ့ Video clips တွေအတွက် ထိန်းသိမ်းခ ကုန်ကျစရိတ်တွေ ဆိုတာ ရှိသေးတယ် မလား - အဲတာကြောင့် ခုလို ဝင်ငွေရှာတဲ့ ဘက်ကို ကူးသွားတာပါ - ဒါပေမယ့် လောလောဆယ်တော့ Youtube video downloading applications တွေ သုံးလို့ မရဘူးလို့ ဆိုပေမယ့် တစ်ချို့ သုံးလို့ ရနေသေးတာတွေ ရှိသလို - ကျွန်တော် လက်ရှိသုံးနေတဲ့ Internet Download Manager v6.04 Build 2 ကလည်း Youtube ကနေ ဒေါင်းလုပ်ချလို့ ရနေပါသေးတယ် - ကျွန်တော် အရင် သတိထားမိသလောက် IDM မှာမှ 6.03 Beta အမြင့်ပိုင်း version တွေလည်း ရသေးတာ သတိထားမိပါတယ် - ဆိုလိုတာ Internet Download Manager v6.03 Beta 11 - Beta 14 စတာမျိုးတွေပေါ့ - Beta အနိမ့်ပိုင်း တွေတော့ ကျိန်းသေ မပြောတတ်ပါဘူး - Internet Download Manager v6.04 ကလည်း ကျွန်တော် သတိထားမိသလောက် လတ်တလော သိပ်မငြိမ်သေးဘူးဗျ - ခဏခဏ Key ပြဿနာ တက်နေတယ် - လတ်တလော ကျွန်တော်သုံးနေတဲ့ Internet Download Manager v6.04 build 2 နောက်အသစ်လေးတော့ ခုထက်ထိ ပြဿနာ မတက်သေးဘူး - လိုမယ်ဆို အောက်မှာ ယူလို့ရပါတယ် - အရင်တုန်းက သုံးခဲ့တဲ့ Cracked အဟောင်းကို Crack Updated On: January 11, 2011 မှ အသစ်လဲပြီးသုံး ထားတာမို့လို့ အားလုံးအဆင်ပြေလိမ့်မယ်လို့ ယူဆမိပါတယ် -

Quote:
Internet_Download_Manager__IDM__v6.04_Build2.rar(7.56 MB)
http://up4vn.com/?d=0NGDTHU8
အဲ့တော့ ကျွန်တော်တို့ ပထမနည်းလမ်း အနေနဲ့ အပေါ်မှာ ဖော်ပြထားတဲ့ IDM နဲ့ Youtube က Video clips တွေ Download ချလို့ ရမယ် - ဒါ့အပြင်နောက်ထပ် နည်းတွေ ရှိပါသေးတယ် -

ဥပမာ ပြောရရင် -

( 1 ) Zamzar’s Youtube Video Conversion Tool


- အဲ့ကို သွားရင် အဆင့်လေးဆင့် ထည့်ပေးရမှာ ရှိတယ်


Step ( 1 ) မှာ ကိုယ် Download ချချင်တဲ့ Youtube ရဲ့ URL ထည့် - နောက်တစ်ဆင့်မှာ ဘယ်လို ဖိုင်မျိုး လိုချင်လဲ ရွေး - နောက်တစ်ဆင့်မှာ သူက ကိုယ့်ဆီ Download link ပို့ပေးလို့ ရအောင် Email ထည့်ပေး - နောက်ဆုံး တစ်ဆင့်မှာ Convert ပေါ့ -


တစ်ခုရှိတာ က Email ပေးရင် ကိုယ် အမြဲသုံးတဲ့ Email အစား Secondary Email ထည့်ပေးတာ ပိုကောင်းပါတယ် - Secondary Email မှ ထည့်မပေးချင်ဘူးဆိုရင်လည်း 10minutemail.com က Email တစ်ခုကို ခဏယူသုံးပြီး ထည့်ပေးနိုင်ပါတယ် - ကောင်းတာကတော့ Secondary Email သုံးတာ ဒီနေရာမှာ ပိုကောင်းပါတယ် - ဘာကြောင့်လည်းဆို Zamzar က Download ချဖို့ Email ပို့ပေးမယ် ဆိုပေမယ့် လူအများနဲ့ လုပ်ဆောင်နေရတာမို့ စာအဝင် နဲနဲ ကြာတတ်ပါတယ် - 10minutemail.com က Email က 10 မိနစ်ခံ Mail ပါ - ဒါ့ကြောင့် ကိုယ်သွင်းပေးလိုက်တဲ့ Mail က 10 မိနစ်နေရင် ပျက်မှာမို့လို့ Zamzar ကနေ စာဝင်မလာခင် Mail ဖျက်သွားရင် လုပ်ထားသမျှ အလကားဖြစ်နိုင်ပါတယ် - အဲလို မဖြစ်ချင်ရင်10minutemail.com မှာ မိနစ်ပိုတောင်းလို့ ရတာရှိသေးပေမယ့် စာရောက်မလာသေးတိုင်း မိနစ်တိုးတောင်းနေဖို့ကလည်း အဆင်မပြေပြန်ပါဘူး - ဒါ့ကြောင့် Secondary Email ကို သုံးစေချင်တာပါ - Secondary Email သုံးစေချင်တဲ့ တစ်ခြား အကြောင်းတွေ သိချင်သေးရင် ချစ်သမီးသို့ ပေးစာ အမှတ် ( ၁ ) ရှင်းပြထားတာ ရှိပါတယ် - လေ့လာကြည့်ပါ -

( 2 ) Video Download Helper for Firefox

သူလည်း လတ်တလော အလုပ်လုပ်သေးတယ် - ဘာလို့လည်းဆိုတော့ သူက Webpage ကနေပြီး Video ကို တိုက်ရိုက် ဆွဲယူတာမို့လို့ -

( 3 ) KeepHD


သူကနေပြီးလည်း ကိုယ်ဒါင်းလုပ်ချချင်တဲ့ Youtube က Video clip ရဲ့ URL ကို paste လုပ်ပြီး download ချလို့ ရပါသေးတယ် - တစ်ခုချွင်းချက်ရှိတာ အဲလို ဆိုဒ်မျိုးတွေကနေ Youtube video ကို download ချချင်တယ်ဆိုရင် Java Runtime Environment စက်မှာ installed လုပ်ထားပြီး ဖြစ်ဖို့လိုပါတယ် - Java Runtime Environment က Free ပါ - ဖော်ပြထားတဲ့ နေရာမှာ ယူနိုင်ပါတယ် -

( 4 ) KeepVid


သူကလည်း KeepHD နဲ့ သဘောတရားချင်း ဆင်ပါတယ် - Java Runtime Environment စက်မှာ installed လုပ်ထားပြီး ဖြစ်ဖို့လိုပါတယ် - ကိုယ်ဒေါင်းလုပ်ချချင်တဲ့ Youtube က Video clip ရဲ့ URL ကို paste လုပ်ပြီး download ချချင်တဲ့ format ကိုရွေးပေးပြီး ဆက်သွားယုံပါပဲ -

( 5 ) ClipNabber


သူကလည်း KeepVid နဲ့ သဘောတရားချင်း ဆင်ပါတယ် - Java Runtime Environment စက်မှာ installed လုပ်ထားပြီး ဖြစ်ဖို့လိုပါတယ် - ကိုယ်ဒေါင်းလုပ်ချချင်တဲ့ Youtube က Video clip ရဲ့ URL ကို paste လုပ်ပြီး download ချချင်တဲ့ format ကိုရွေးပေးပြီး ဆက်သွားယုံပါပဲ -

( 6 ) kissyoutube.com


သူက website ကို သွားဖို့ မလိုဘူး - ကိုယ်ဒေါင်းလုပ်ချချင်တဲ့ Youtube Video clip ရဲ့ URL ရှေ့မှာ kiss ဆိုတဲ့ စာလုံးလေးလုံးရိုက်ပြီး Enter ခေါက်လိုက်ပါ - အဲလိုဆို သူ့ website မူရင်း စာမျက်နှာမှာ ကိုယ်လိုချင်တဲ့ Video clip ကို ဒေါင်းလုပ်ချဖို့ အသင့် အနေအထားနဲ့ ရောက်သွားပါလိမ့်မယ် -

Quote:
သတိပြုရန် !! - တစ်ခု သိထားဖို့က အထက်ပါ နည်းတွေ အကုန်လုံးဟာ Java Runtime Environment စက်မှာ installed လုပ်ထားပြီးသား ဖြစ်ဖို့လိုပြီး အောက်ဖော်ပြပါလိုမျိုး သတိပေးစာ တက်လာတဲ့ အခါ Always trust content from this publisher. မှာ အမှန်ခြစ်ပေးပြီး run ပေးဖို့ လိုပါတယ် -

တစ်ခြားနည်းလမ်းတွေလည်း ရှိသေးပေမယ့် ခုဖော်ပြခဲ့သလောက်ဆို Youtube ကနေ ဒေါင်းလုပ်ချဖို့ အဆင်ပြေနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ် -

KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 12-01-2011 at 04:44 PM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 13 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 13-01-2011, 02:10 PM
mars
ကြီးကောင်ဝင်စ
 
အသင်းဝင်နေ့စွဲ: Mar 2009
ရေးသားချက်များ: 86
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 47
ပို့စ် 32 ခုအတွက် 106 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
mars is on a distinguished road
ပြန်စာ - 2010 2011 Ultimate Software Guide for Windows Users

Quote:
Originally Posted by KznT View Post
ကိုmars ရေ -

ကျွန်တော်လည်း ဒီကောင်ပဲ သုံးနေတာမို့လို့ App Error တော့ မဖြစ်နိုင်ပါဘူး - လိုင်စင်ညှိနေတယ်ဆိုပြီး msg တက်လာတယ်လို့ ပြောထားလို့ အောက်မှာပေးထားတဲ့ Activator ကို Download ချပြီး Office ကို နောက်တစ်ခေါက်ထပ် Activate လုပ်ကြည့်ဖို့ အကြံပြုလိုပါတယ် - Activation လုပ်ဆောင်နည်း အဆင့်ဆင့်ကို Folder ထဲမှာ Word file နဲ့ ရေးထားပေးပါတယ် - သတိပေးလိုတာ တစ်ခုက အောက်မှာ ပေးထားတဲ့ ဖိုင်ကို ဒေါင်းလုပ်မချခင်တည်းက စက်မှာတင်ထားတဲ့ Antivirus ကို တစ်ချက် ပိတ်ထားပေးပါ - သူက False alarm ပေးတတ်ပါတယ် -

Download!!



KznT.




ကျနော့်စက်မှာတင်ထားတဲ့ install လုပ်ပြီးသား Microsoft office 2010 ထဲက ဘယ်ဟာကိုဖွင့်ဖွင့် (ms access မပါ) ဖွင့်လိုက်တာနဲ့ စစချင်း အခုပုံမှာပြသလို installation ထပ်လုပ်ပြီးမှ ပွင့်လာတယ်ခင်ဗျာ. နောက်ပြီး အခုလို အနေအထားမှာ cancel လုပ်လိုက်ရင်လည်း ဘာမှတော့ ပြဿနာမရှိဘူး. နဂိုအတိုင်းပဲပွင့်တော့ပွင့်တယ်. သုံးလို့တော့ရတယ်ခင်ဗျ.
အဲ ဒါပေမယ့် Microsoft access ကိုသုံးမယ်ဆိုရင်တော့ အောက်ကပြထားတဲ့ပုံလေး နှစ်ပုံအတိုင်းပဲတွေ့ရပြီး ဖွင့်လို့မရပါဘူးခင်ဗျာ၊ အဲဒါကတော့ ကျနော်လည်း တတ်နိုင်သလောက်လေး ရှင်းရှင်းလင်းလင်းအားလုံးသိရအောင် ကိုယ့်ပြဿနာလေးကိုတင်ပြကြည့်တာပါ၊ အားလုံးပဲ သိသလောက်လေး ဆွေးနွေးပေးပါဦးဗျာ



mars is offline   Reply With Quote
အောက်ပါအသင်းဝင်မှ mars အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 13-01-2011, 04:11 PM
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,394 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - 2010 2011 Ultimate Software Guide for Windows Users

Quote:
Originally Posted by mars View Post
ကျနော့်စက်မှာတင်ထားတဲ့ install လုပ်ပြီးသား Microsoft office 2010 ထဲက ဘယ်ဟာကိုဖွင့်ဖွင့် (ms access မပါ) ဖွင့်လိုက်တာနဲ့ စစချင်း အခုပုံမှာပြသလို installation ထပ်လုပ်ပြီးမှ ပွင့်လာတယ်ခင်ဗျာ. နောက်ပြီး အခုလို အနေအထားမှာ cancel လုပ်လိုက်ရင်လည်း ဘာမှတော့ ပြဿနာမရှိဘူး. နဂိုအတိုင်းပဲပွင့်တော့ပွင့်တယ်. သုံးလို့တော့ရတယ်ခင်ဗျ.
အဲ ဒါပေမယ့် Microsoft access ကိုသုံးမယ်ဆိုရင်တော့ အောက်ကပြထားတဲ့ပုံလေး နှစ်ပုံအတိုင်းပဲတွေ့ရပြီး ဖွင့်လို့မရပါဘူးခင်ဗျာ၊ အဲဒါကတော့ ကျနော်လည်း တတ်နိုင်သလောက်လေး ရှင်းရှင်းလင်းလင်းအားလုံးသိရအောင် ကိုယ့်ပြဿနာလေးကိုတင်ပြကြည့်တာပါ၊ အားလုံးပဲ သိသလောက်လေး ဆွေးနွေးပေးပါဦးဗျာ
ကို mars ခင်ဗျ -

"Microsoft Access can't start because there is no license for it on this machine." ဆိုတဲ့ error message က ဖြစ်နိုင်ချေတွေ သုံးလေးခု ရှိပါတယ် - အားလုံးထဲက အဖြစ်နိုင်ဆုံးတွေက ဒီလို ပြဿနာပေါ်တာဟာ Office apps ကို install လုပ်ဆောင်စဉ်မှာ Access က ကိုယ်သုံးနေတဲ့ ကွန်ပြူတာမှာ registered မဖြစ်ပဲ ကျန်နေရစ်တာရယ် - installed လုပ်ဆောင်ခဲ့စဉ်က error ဖြစ်တာရယ်ကြောင့် အများဆုံး ဖြစ်နိုင်ချေ ရှိပါတယ် -

ဒီ ပြဿနာကို ဖြေရှင်းဖို့ အတွက် အကောင်းဆုံး ပြေလည်နိုင်ချေရှိမယ့် နည်းလမ်းက လတ်တလော စက်မှာတင်ထားတဲ့ Office 2010 ကို completely remove လုပ်ပစ်ပြီး နောက်တစ်ကြိမ် Reinstall ပြန်လုပ်ဖို့ပါ - Office 2010 ကို Uninstall ( Completely remove ) လုပ်တဲ့ နေရာမှာ ပုံမှန် ဖိုင်တွေကို Add / Remove programs ကနေ remove လုပ်ယုံတင်မကပဲ registry entries တွေကိုပါ အပျောက်ရှင်းနိုင်ဖို့ ဒီနေရာက သွားရင် စာမျက်နှာ အောက်ဆုံးနားမှာ အောက်ဖော်ပြပါအတိုင်း Fix it tool ရှိပါတယ် - သူ့ကို Download ချ အသုံးပြုပြီး Uninstall လုပ်ပါ -


အရင်တုန်းက Access 2007 မှာ KB 141373 ကဖြစ်တဲ့ font issue ပြဿနာကလည်း ခုလိုမျိုးပဲ ဖြစ်တတ်တယ်လို့ ဖတ်ခဲ့ဖူးပါတယ် - ဒါပေမယ့်လည်း အဲတာမျိုးက ဖြစ်နိုင်ချေတော့နည်းပါတယ် - များသောအားဖြင့် FixIt tool ကိုသုံး Office 2010 ကို စက်ထဲကနေ completely remove လုပ်ပြီး reinstall ပြန်လုပ်တဲ့ အချိန်မှာ အဆင်ပြေသွားတာ များပါတယ် -

Microsoft ရဲ့ အမေးအဖြေ ဆိုဒ်တစ်ခုမှာ အထက်ပါနည်းမျိုးနဲ့ ပုံစံတူလုပ်ပြီး ပြေလည်သွားတာ တွေ့ဖူးပါတယ် - သူ့ဖော်ပြချက်က ဒီလိုပါ -

Quote:
I was able to resolve this problem and the "going through the configuration process every time" problem by using a registry cleaner. I uninstalled Office 2010, removed all references to Office and unused file types in my registry, rebooted, reinstalled, rebooted, and it works now.
နောက်တစ်ခု ကျွန်တော် မေးကြည့်ချင်တာ ဒီ Office 2010 ကိုပဲ တစ်ခြားစက်တစ်ခုခုမှာ တင်ကြည့်ခဲ့ဖူးပါလား - တကယ်လို့ တင်ကြည့်ခဲ့ဖူးတယ်ဆိုရင် စက်နှစ်ခုလုံးမှာ ဒီလို ပြဿနာ ဖြစ်သလား ဆိုတာ တစ်ချက်စစ်ကြည့်ပါ - စက် နှစ်ခုမက သုံးလေး ခုလုံးမှာ ခုလို ပြဿနာ ဖြစ်တာဆိုရင်တော့ ကျွန်တော်တင်ပေးတဲ့ apps ကိုက error ရှိနေတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် - အဲလို မဟုတ်ရင်တော့ စက်က ဖြစ်တဲ့ Error ဖြစ်နိုင်ပါတယ် - စမ်းကြည့်ကြည့်ပါဦး ကို mars -

KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 13-01-2011 at 04:19 PM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 10 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Reply

Tags
how to, user guide

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !

အခြားဆင်တူဆွေးနွေးချက်များ
ဆွေးနွေးချက် စတင်ရေးသားသူ ကွပ်ပျစ်ဝိုင်း ပြန်စာများ နောက်ဆုံးပို့စ်
Torrent ဘာလဲ Torrent ဘယ်လဲ ?? KznT အထွေထွေဗဟုသုတ 27 06-04-2015 01:06 AM
Kaspersky Offline Update လုပ်ဆောင်နည်းများ KznT Virus & Anti-virus ပိုင်းဆိုင်ရာ 31 07-07-2011 03:53 PM
Microsoft Office 2010 အတွင်းရှိ ဆန်းသစ်မှုများ KznT Software များဆိုင်ရာ 4 04-07-2010 10:25 PM
Software installation in Ubuntu 10.04 LTS KznT Linux များ (သို့) Linux နှင့်ဆိုင်ရာများ 0 08-06-2010 12:14 AM
Ware နဲ့ဆုံးသော စကားလုံးများအကြောင်း (Hardware, Software, Spyware and etc…) poekaunglay87 အထွေထွေဗဟုသုတ 3 11-06-2009 05:30 AM


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 07:41 AM
Inactive Reminders By Icora Web Design