Old 04-11-2010, 11:35 PM
  post #1
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,394 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
Best and Free Antivirus For Myanmarfamily ( Limited Time )

ဒီနေ့တော့ ကောင်းနိုးရာရာ Antivirus လေးတွေ လိုက်ရှာရင်း အသုံးပြုဖို့ သင့်တော်မယ့် နောက်ဆုံးပေါ် Free Antivirus ( Limited Time Versions ) လေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဆိုလိုတာ အရင်က Crack လုပ် ကီးထည့် ပိုက်ဆံပေးသုံးနေရတဲ့ Antivirus တွေကို အခု သူ့ နဂိုမူရင်း ဆိုဒ်ကနေ တရားဝင်ပေးထားတဲ့ Free Serial နဲ့ တစ်နှစ်တန်သည် ခြောက်လတန်သည် သုံးခွင့် ရမယ့် Antivirus မျိုးပါ - တစ်ချို့တော့ စိတ်ဝင်စားကြမယ် မထင်ပါဘူး - ဒါပေမယ့် သေသေချာချာ စဉ်းစားကြည့်ရင် ခြောက်လ တစ်နှစ်လောက် အလကား သုံးရလည်း နဲလား - ရမယ့် Features တွေကလည်း Freeware ပေးတဲ့ Antivirus တွေလို မဟုတ်ပဲ တကယ့် Shareware တွေမှာပါတဲ့ Features တွေ အတိုင်း Real-time protection ရမှာ မို့လို့ သုံးမယ် ဆိုရင်တော့ သုံးပျော်ပါတယ်။ ဒါတွေသုံးခြင်း အားဖြင့် key black list ဖြစ်တာတို့ - Crack အလုပ်မလုပ်တော့တာလို့ - သုံးနေရင်း Update ပေးလို့ မရတော့တာ ဆိုတာမျိုးတွေလည်း မဖြစ်နိုင်တော့ဘူး ပေါ့ - ဒါတွေက ခုလို ( Limited Time ) နဲ့ လာတဲ့ Antivirus တွေရဲ့ အားသာချက်လေးတွေ ပါပဲ - တကယ်လို့ သူပေးထားတဲ့ ( Limited Time ) ပြည့်သွားရင် တစ်ခြားဟာတစ်ခု ပြန်ပြောင်းသုံးယုံပေါ့ - အဲတော့ စိတ်ဝင်စားသူများ ဆက်လက် လေ့လာကြည့်ပါ။

( 1 ) Avira Premium Security 10 Serial License Key free for 3 months (92 Days)


Avira premium security suite 10 က Avira online store မှာ one year license key ကို US$53,95 နဲ့ ရောင်းပါတယ်။ အဲတာကိုပဲ သူတို့က 30 day trial versions လည်း ပေးပါတယ်။ ဒါပေမယ့်လည်း ခုနည်းက ရက် ၃၀ ထက် ပိုကြာရှည် သုံးနိုင်မယ့် Serial activation key (HDEBD.KEY) ကို သုံးမှာပါ -

1, အရင်ဆုံး ဒီစာမျက်နှာကို သွားပြီး သူ တောင်းတဲ့ အချက်အလက်လေးတွေ ဖြည့်ပေးလိုက်ပါ။ Email တောင်းတဲ့ နေရာမှာ ကိုယ့် Email ကို ပေးချင်လည်း ပေးလို့ ရသလို - Email မဖောင်းပွစေချင်ရင် ကိုယ် လက်ရှိသုံးနေတဲ့ Email ကို မပေးပဲ 10minutemail က ပေးတဲ့ Email ကိုယူပြီး ဖြည့်ပေးပါ။ ဘာကြောင့်လည်း ဆိုတာ ဒီမှာ မဖော်ပြတော့ပါဘူး - ချစ်သမီးသို့ ပေးစာများ အမှတ် ( ၁ ) မှာ ဖော်ပြထားပြီး ပါပြီ။

2, အဲလို ဖြည့်ပြီး ဆက်သွားရင် ကိုယ်ပေးလိုက်တဲ့ Email address ဆီကို “Avira Promotion License” ပါတဲ့ mail တစ်စောင် ဝင်လာပါလိမ့်မယ်။ တကယ်လို့ အဲလို မေးလ်ဝင်လာတဲ့ ထိ မစောင့်ချင်ဘူး ဆိုရင်လည်း အောက်မှာ မြင်ရတဲ့ အတိုင်း “License Overview” button ကို နှိပ်လိုက်ပါ။


အဲ့လိုဆို နောက်စာမျက်နှာကို အောက်ဖော်ပြပါအတိုင်း ရောက်သွားပြီး အဲ့ကနေ ကိုယ့် Free license key ကို အဝါရောင် သော့ပုံလေးကနေ တစ်ဆင့် တစ်ခါတည်း ယူလို့ ရပါတယ်။


အဲ့ဒီ့ ကီးက Avira premium security 10 အတွက် Serial license key ဖြစ်ပြီး 92 days ( သုံး လ ) ခံပါလိမ့်မယ်။ စိတ်ချမ်းသာစွာနဲ့ သုံးပါ - Black list လည်း မဖြစ်ပါဘူး - ဘာမှ မဖြစ်ပါဘူး

5, အဲလို ကီးကို ယူပြီး သွားရင် Avira Premium Security Suite 10 English Installer ကို ဒီနေရာကနေ ယူနိုင်ပါတယ်။ [63.35 MB] ပါ။ Avira Premium Security Suite 10 ကို Installation လုပ်ဆောင်နေတဲ့ အချိန်တွင်းမှာ “I already have a HBEDV.KEY” ကို ရွေးပေးပြီး ခုနက downloaded လုပ်ထားတဲ့ HBEDV key ကို ထည့်ပေးပြီး activate လုပ်ပေးရပါမယ်။

( 2 ) Avira AntiVir Premium 10 FREE 6 Months License HBEDV key


Avira AntiVir Premium 10 က single user အတွက် 1 year license ကို € 19.95 ရှိပါတယ်။ ဒါပေမယ့် ဒါကိုပဲ legal နည်းနဲ့ free Avira Premium license HBEDV key ကို သုံးပြီး Avira website ကနေ ယူလို့ ရတဲ့ နည်းရှိပါတယ်။ အဲ့ဒီ့ key က 182 days ရပါတယ်။ ခြောက်လပေါ့ - လုပ်ဆောင်ရမယ့် နည်းကတော့ အပေါ်က နည်းထက် နည်းနည်းလေး ပို ရှုပ်ပါတယ်။ ဒါပေမယ့်လည်း အလကား ဆိုတော့ စိတ်ဝင်စားကြမှာပါ

ဒီ ခြောက်လခံ ကီးကို လိုချင်ရင် ကန့်သတ်ချက်က ကျွန်တော်တို့တွေ Italian users ဖြစ်ရပါမယ်။ ဒါ့ကြောင့် အီတလီမှာ မနေသူများ Italian proxy ပြောင်းသုံးရပါမယ်။ ဘယ်လို လုပ်မလဲ ဆိုတာကတော့ အောက်ဖော်ပြပါ နည်းအတိုင်းသာ ဆက်လုပ်ပါ။

1, အရင်ဆုံး ဒီနေရာက proxy site ကို သွားကြည့်ပြီး လတ်တလော အလုပ်လုပ်နေတဲ့ Italian proxy ကို browser ထဲမှာထည့်ပါ။ ဘယ်လိုထည့်ရမှာလဲ ဆိုတာက အဲ့ စာမျက်နှာရဲ့ အောက်နားလေးမှာပဲ ရေးပေးထားပါတယ်။ သူပြောတဲ့ အတိုင်း ထည့်ပါ။ အဲလိုထည့်ပြီး သွားရင် ဒီနေရာကနေ Avira promotion page ကိုသွားပါ။

2, အောက်မှာ ဖော်ပြထားတဲ့ အတိုင်း သူတောင်းတဲ့ details ကိုဖြည့်ပေးပါ။ နောက်တစ်ဆင့်မှာ “Richiedi licenza” button ကို နှိပ်ပါ။ နောက် စာမျက်နှာကို ခေါ်သွားပါလိမ့်မယ်။


3, နောက်စာမျက်နှာမှာ ကိုယ်ပေးလိုက်တဲ့ email address ကို စာပို့မယ် ဆိုတဲ့ အကြောင်း confirm တောင်းပါလိမ့်မယ်။ “Riepilogo delle licenze” ဆိုတာကို ကလစ်ပေးပြီး Confirm လုပ်ပါ။


4, ဟိုးအပေါ်မှာ ဖော်ပြထားခဲ့ဖူးတဲ့ အတိုင်း yellow key icon ကို နှိပ်ပြီး license key ကို Download ချပါ။


5, AntiVir Premium 10 English Installer ကိုတော့ ဒီနေရာကနေ ရယူနိုင်ပါတယ်။ [44.15 MB] ပါ။ Avira AntiVir Premium 10 ကို Installation လုပ်ဆောင်နေတဲ့ အချိန်တွင်းမှာ “I already have a HBEDV.KEY” ကို ရွေးပေးပြီး ခုနက downloaded လုပ်ထားတဲ့ HBEDV key ကို ထည့်ပေးပြီး activate လုပ်ပေးရပါမယ်။

( 3 ) McAfee Internet Security 2011 With 6 Month License Key For Free


1, အရင်ဆုံး ဒီနေရာကနေ mcafee promo page ကိုသွားပါ - နောက် ‘Get Started Now’ ကိုနှိပ်လိုက်ရင် နောက် စာမျက်နှာကို ရောက်သွားပါလိမ့်မယ်။ အဲ့စာမျက်နှာမှာ mcafee account လုပ်ရပါမယ်။


2. Email ထဲကို ရောက်လာတဲ့ confirmation email ကနေပြီး ကိုယ် ဖန်တီးလိုက်တဲ့ Acc ကို Activate လုပ်ပါ။

3. နောက်ပြီး အောက်ဖော်ပြပါ အတိုင်း 6-month Mcafee Internet security ကို Download ရယူနိုင်ပါပြီ။


( 4 ) Norton 360 Version 4.0 and Norton AntiVirus 2011 Free with 90 Days OEM license serial key


Norton 360 Version 4.0 နဲ့ Norton AntiVirus 2011 ကို 90 Days free ဒီနေရာမှာ ရယူနိုင်ပါတယ်။ [OEM Subscription, Direct download link ကို ဒီနေရာနဲ့ ဒီနေရာကနေလည်း ရယူနိုင်ပါတယ်။ ]

( 5 ) Norton Internet Security 2011 Free 90 Days License


Norton Internet Security 2011 ကို ဒီနေရာကနေ Download ရယူနိုင်ပါတယ်။ [ 90 days OEM Subscription License ကို ဒီနေရာကနေ လည်း တိုက်ရိုက်ရယူနိုင်ပါတယ်။ ]

ဆက်ရန် -

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 05-11-2010 at 03:54 PM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 15 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 05-11-2010, 12:14 AM
  post #2
အောင်လွင်ဦး
ကိုယ်ပိုင်အစွမ်းရှိပြီးသူ
 
အသင်းဝင်နေ့စွဲ: Aug 2008
တည်နေရာ: မူဆယ်
ရေးသားချက်များ: 304
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 545
ပို့စ် 200 ခုအတွက် 805 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
အောင်လွင်ဦး is on a distinguished road
ပြန်စာ - Best and Free Antivirus For Myanmarfamily ( Limited Time )

မသိလို့ တစ်ခုလောက်ဆွေးနွေးပါရစေ။
Free သုံးရတာနဲ့ License နဲ့သုံးရတာ ကွာခြားမှုရှိပါသလား။
ကျွန်တော့်အထင်ပေါ့လေ။
Licence နဲ့သုံးရင် Update အပြည့်အဝပေးပြီး Limited Time Versions သုံးရင် တစ်ဝက်တစ်ပျက်ပဲ Update ပေးလို့ Antivirus ဟာ အပြည့်အဝ အလုပ်မလုပ်ဘူး ထင်လို့ပါ။
အောင်လွင်ဦး is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ အောင်လွင်ဦး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 05-11-2010, 05:41 AM
  post #3
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,394 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - Best and Free Antivirus For Myanmarfamily ( Limited Time )

Quote:
Originally Posted by အောင်လွင်ဦး View Post
မသိလို့ တစ်ခုလောက်ဆွေးနွေးပါရစေ။
Free သုံးရတာနဲ့ License နဲ့သုံးရတာ ကွာခြားမှုရှိပါသလား။
ကျွန်တော့်အထင်ပေါ့လေ။
Licence နဲ့သုံးရင် Update အပြည့်အဝပေးပြီး Limited Time Versions သုံးရင် တစ်ဝက်တစ်ပျက်ပဲ Update ပေးလို့ Antivirus ဟာ အပြည့်အဝ အလုပ်မလုပ်ဘူး ထင်လို့ပါ။
ကိုအောင်လွင်ဦးရေ - ကျွန်တော် သိထားသလောက်နဲ့ သုံးခဲ့ဖူးသလောက်မှာ ပိုက်ဆံနဲ့ ရောင်းတဲ့ Shareware မျိုးတွေက ပုံမှန်အားဖြင့် Personal use အတွက် Freeware အဖြစ် ထုတ်ပေးရင် နဂို ပိုက်ဆံနဲ့ ပေးဝယ်ရတဲ့ Professional versions တွေထက် စွမ်းဆောင်ရည်တွေ လျော့ထားတတ် ပါတယ်။ ဥပမာ အနေနဲ့ ကျွန်တော်တို့ ကြည့်ကြရင် AVG ဆိုကြပါစို့ - AVG Anti-Virus - Internet Security နဲ့ Anti-Virus Free Edition ဘယ်လို ကွာတယ် ဆိုတာ ဒီနေရာမှာ ကြည့်ကြည့်နိုင်တယ်။ ဒါက AVG မှ မဟုတ်ပါဘူး - တစ်ခြား ပိုက်ဆံနဲ့ ရောင်းတဲ့ Products မှန်သမျှ Free ပေးရင် စွမ်းဆောင်ရည် လျော့တာ ချည်းပါပဲ - အဲလို ပိုက်ဆံနဲ့ ရောင်းတဲ့ Products တွေကို စွမ်းဆောင်ရည် လျော့ပြီး Free ပေးရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ သူတို့ Products ရဲ့ စွမ်းဆောင်ရည်ကို နယ်ပယ် အသီးသီးက လူတွေ စမ်းသပ်နိုင်အောင်လို့ပါ - Free ပေးထားတယ် ဆိုတာ သိတော့ ဘာပဲ ပြောပြော အားလုံး မဟုတ်တောင် တော်တော်များများက စမ်းသုံးကြည့်ချင်ကြမယ်။ အဲလို စမ်းသုံးကြည့်လို့မှ မဆိုးဘူး လို့ Users တွေက ယူဆရင် သူတို့ Products ကို Professional ထိ တိုးပြီး ဝယ်ချင်လာအောင် Features တွေ သူတို့က ချပြမယ်။ အဲ့မှာ Users တွေက သဘောကျရင် နဂို Free versions သုံးနေရာကနေ ပိုက်ဆံနဲ့ ပေးဝယ်ရတဲ့ Pro အဆင့်ကို တက်လာမယ်။ ဒါက သူတို့ ကုမ္ပဏီတွေရဲ့ အဓိက ရည်ရွယ်ချက်ပါ - နောက်တစ်ဆင့် အနေနဲ့ Free ပေးတဲ့ နေရာမှာမှ အဆင့် သုံးဆင့် သူတို့ ထပ်ခွဲထားပါသေးတယ်။ အဲတာက -

( ၁ ) ရိုးရိုး Personal use အတွက် Software ရဲ့ စွမ်းဆောင်ရည် လျော့ချပြီး တစ်သက်တာ Free ပေးသုံးတဲ့ လမ်းစဉ်ရယ် -
( ၂ ) Software ရဲ့ စွမ်းဆောင်ရည် အပြည့်အဝပေးထားပြီး Limited Time မှာ Trial Versions အဖြစ် Free ပေးသုံးတဲ့ လမ်းစဉ်ရယ် ( ဥပမာ - ရက် ၃၀ )
( ၃ ) Software ရဲ့ စွမ်းဆောင်ရည် အပြည့်အဝပေးထားပြီး အထူး Promotion ကာလ အဖြစ် Limited Time ကာလကို တိုးမြှင့် သတ်မှတ်ပေးထားတဲ့ Trial Versions အဖြစ် Free ပေးသုံးတဲ့ လမ်းစဉ်ရယ် ( ဥပမာ - ၃ လ - ၆ လ - သို့မဟုတ် ၁ နှစ် - စသဖြင့် ) ဆိုပြီး သုံးမျိုး ထပ်ကွဲ သွားပါတယ်။

ကျွန်တော် အခု အပေါ်မှာ ဖော်ပြထားတဲ့ Software တွေဟာ Free ပေးတဲ့ အမျိုးအစား သုံးမျိုးမှာမှ တတိယ အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ အဲလို သုံးမျိုး ကွဲသွားတဲ့ နေရာမှာ တတိယအမျိုးအစားနဲ့ Free ပေးသုံးတဲ့ လမ်းစဉ် ဟာ Software ရဲ့ စွမ်းဆောင်ရည်ကို အပြည့်အဝ ရတဲ့ အပြင် Limited Time ကာလကလည်း ၃ လ - ၆ လ - သို့မဟုတ် ၁ နှစ် - စသဖြင့် ကြာကြာရှည်ရှည် ရတာမျိုးမို့လို့ Users တော်တော်များများက ဒီလို အခွင့်အရေးကို စောင့်တတ်ကြပါတယ်။ ဒါ့ကြောင့် တစ်ခြား တစ်ဖက်ကနေ သူတို့ ပြန်ကန့်သတ်လိုက်တာက အထူး Promotion ကာလ အဖြစ် Free ပေးတယ် ဆိုပေမယ့် Personal use မှာ Free ပေးသလိုမျိုး အမြဲတမ်း ဒေါင်းလုပ်ချခွင့် မပေးတော့ဘူး - သူ သတ်မှတ်ထားတဲ့ အချိန်ပိုင်းလေး အတွင်းမှာ ဒေါင်းလုပ်ချတဲ့ သူကပဲ ဒီ Promotion ကာလမှာ ပေးတဲ့ စွမ်းဆောင်ရည်ပြည့် free သုံးလို့ ရမယ့် software ကို သုံးလို့ ရမယ်။ နောက်ပြီး ဒီလို Free ရပြီး စွမ်းဆောင်ရည်ပြည့်နဲ့ ကြာရှည် အသုံးခံတဲ့ Versions မျိုးကို တစ်ယောက်နဲ့ တစ်ယောက် ဖြန့်ဖြူးလို့ မရအောင် သူတို့က ၃ လခံ - ၆ လခံ - တစ်နှစ်ခံ စသဖြင့် Free license key ဆိုပြီး ထပ်ထုတ်ပြီး သုံးစေတယ်။ ဒါက သူတို့ အထူး Promotion ကာလမှာ ပေးတဲ့ စွမ်းဆောင်ရည်ပြည့် Free versions ကို ဖောင်းပွမသွားအောင် ပြန်ကာတဲ့ သဘောပါ။

ဒါ့ကြောင့် ကျွန်တော် ခုဖော်ပြထားတဲ့ Software တွေဟာ ဒီနေ့ အထူး Promotion ကာလထဲ ဝင်နေလို့ ၃ လ - ၆ လ - သို့မဟုတ် ၁ နှစ် ခံ စသဖြင့် Free license key သူတို့ပေးပြီး Download ချခွင့် ပေးထားပေမယ့်လို့ မနက်ဖြန်မှာ အထူး Promotion ကာလ ကျော်သွားရင် Download ချလို့ မရတော့ပါဘူး - ဦးရာလူ စနစ်ဖြစ်ပါတယ်။ ဦးတဲ့ လူက ၃ လ - ၆ လ - သို့မဟုတ် ၁ နှစ် ခံ Free license key နဲ့ စွမ်းဆောင်ရည်ပြည့် Antivirus ကို ပိုက်ဆံ ပေးစရာမလိုပဲ သုံးလို့ ရမယ်။ နောက်ကျမှ သိတဲ့ သူက ပိုက်ဆံနဲ့ ဝယ်သုံး - အဲ့လို သဘောဖြစ်ပါတယ်။

Quote:
အဲတာကြောင့် အားလုံးကို ကျွန်တော် သိစေချင်တာ အပေါ်မှာ ဖော်ပြထားတဲ့ Software တွေကို လိုချင်တယ် ဆိုရင် စောစောစီးစီး Download ချပြီး သုံးကြပါ။ နောက်များမှ အထူး Promotion ကာလကနေ ကျော်သွားလို့ Download ချခွင့် မပေးတော့တာ Free license key မပေးတော့တာ မျိုး ဆိုရင်တော့ ကျွန်တော်လည်း ဘယ်လိုမှ မတတ်နိုင်ပါဘူးလို့ မှာလိုက်ချင်ပါတယ်။
ကိုအောင်လွင်ဦး သိချင်တဲ့ အဖြေနဲ့ ကျွန်တော် ပြောတာ ကိုက်ပါ့မလား မသိဘူး -

အဆင်ပြေမယ်တော့ ထင်ပါတယ်။

KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 05-11-2010 at 05:47 AM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 13 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 05-11-2010, 02:02 PM
  post #4
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,394 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - Best and Free Antivirus For Myanmarfamily ( Limited Time )

( 6 ) Safe`n`Sec Personal 1 Year Serial License Key For Free

Safe`n`Sec Personal က အပြင်မှာ ဝယ်သုံးမယ် ဆိုရင် ပုံမှန် အားဖြင့် $14.95 ပတ်ဝန်းကျင်ရှိပါတယ်။ တစ်ခြား Antivirus တွေကို လူသိများကြပေမယ့် Safe`n`Sec ကိုတော့ လူသိနည်းမလားပဲ - ကျွန်တော်လည်း စမ်းသုံးကြည့်နိုင်အောင်သာ လက်တို့လိုက်တာ - ဘယ်လောက်ထိ Security ကောင်းလဲ ဆိုတာတော့ ကျွန်တော်လည်း တိတိကျကျ မပြောနိုင်ပါဘူး - Security product တွေရဲ့ လုပ်ထုံး လုပ်နည်း အတိုင်း သူကတော့ ဘာကောင်းပါတယ် ညာကောင်းပါတယ်တော့ ပြောတာပေါ့လေ - စမ်းသုံးကြည့်ရင်တော့ အားသာချက် အားနည်းချက်လေးတွေ တွေ့လာမှာပါ။ သူရဲ့ နဂိုမူရင်း trial version ကတော့ ရက် ၃၀ ပဲ ရပါတယ်။ ခုကတော့ Promotion ကာလမို့ တစ်နှစ် genuine valid Serial License Key ကို အလကား ပေးပြီး သုံးခိုင်းမှာပါ - တစ်နှစ်ဆိုတော့ နည်းလားဗျာ


လိုချင်သူများ အောက်ဖော်ပြပါ နည်းလမ်းအတိုင်း လုပ်ဆောင်နိုင်ပါပြီ။

1, အရင်ဆုံး ဒီစာမျက်နှာကို သွားပါ။ သူ တောင်းတဲ့ အချက်အလက်တွေကို ဖြည့်ပေးပြီး “Proceed and receive your serial codes” button ကို နှိပ်ပါ။ Email ပေးတဲ့ နေရာမှာတော့ ကျွန်တော် ပြောထားသလို ကိုယ်ပိုင်mail ကို မပေးပဲ 10minutemail ကဟာကို ပေးရင် ပိုကောင်းပါလိမ့်မယ်။
( တကယ်လို့ ကိုယ်ပိုင် mail ကို ပေးမယ် ဆိုရင်တော့ “I want to receive information and special offers from BlueSquad” option မှာ Uncheck လုပ်ထားခဲ့ဖို့ လိုပါလိမ့်မယ်။ ဒါမှ မလိုတဲ့ Spam တွေ သိပ်မဝင်မှာမို့ပါ။ )


2, အဲ့လို နှိပ်လိုက်တာနဲ့ နောက်စာမျက်နှာမှာ product registration information နဲ့ အတူ Password ဆိုတာ တစ်ခုပါ မြင်ရပါလိမ့်မယ်။ အဲ့ဒီ password ဆိုတာ Safe`n`Sec Personal အတွက် License Key ပါပဲ။


3, Safe’n”Sec 2009 (version 3.5.0) trial version ကို ဒီနေရာကနေ Download ချလိုက်ပါ။ နောက်ပြီး အဆင့် ( ၂ ) မှာ ရခဲ့တဲ့ Password ကို သုံးပြီး Product ကို Activate လုပ်ပါ။

( 7 ) McAfee SiteAdvisor Plus FREE with 1 Year License Key

McAfee SiteAdvisor အကြောင်းကိုတော့ မသိသေးသူတွေ အတွက် နည်းနည်းလောက် ရှင်းပြချင်ပါတယ်။ သူက SiteAdvisor ဖြစ်တဲ့ အတွက်ကြောင့်မို့ Antivirus နဲ့တော့ လုံးလုံးလျားလျားကြီး မတူပါဘူး - SiteAdvisor ဆိုတဲ့ အတိုင်း အင်တာနက်နဲ့ ချိတ်ဆက်ထားတဲ့ ကျွန်တော်တို့ ကွန်ပြူတာတွေကနေ Google, Yahoo!, MSN, AOL, Ask.com စတဲ့ Search Engine တွေသုံးပြီး Websites တွေကို ရှာဖွေတဲ့ အခါ ဘယ် sites တွေကတော့ အန္တရာယ် ရှိတယ် - ဘယ် Links တွေကတော့ မသွားသင့်ဘူး -အန္တရာယ် ရှိတဲ့ Sites တွေဆို ကြိုတင် သတိပေးတားမြစ်မယ် စသဖြင့် အကြံပြုချက် ပေးမယ့် Software မျိုး ဖြစ်ပါတယ်။


ဈေးကတော့ ပုံမှန်ချိန်ဆို $19.99 ရှိပြီး လောလောဆယ်တော့ Promotion ကာလအနေနဲ့ 1 Year License Key ကို Free ပေးနေပါတယ်။ လိုချင်သူများ အောက်ဖော်ပြပါ နည်းအတိုင်း လုပ်ဆောင်ပါ။

1,အရင်ဆုံး McAfee SiteAdvisor Plus promo page ကို သွားပါမယ်။ “Download” button ကို နှိပ်ပြီး နောက်တစ်မျက်နှာမှာ Download လုပ်နိုင်ဖို့ Register လုပ်ရပါမယ်။ တကယ်လို့ အရင်က mcafee account ရှိထားရင်တော့ တန်းဝင်လိုက်ယုံပါပဲ။


2, အဲကနေ တစ်ဆင့် mcafeee my account tab ကို သွားပါ။ အဲ့ဒီမှာ 1 year free ပေးထားတဲ့ Mcafee SiteAdvisor plus ကို အောက်ဖော်ပြပါ အတိုင်း တွေ့ရပါလိမ့်မယ်။


Download ချလို့ ရလာတဲ့ “DMSetup.exe” ကို install လုပ်ပါ။ သူက အပေါ်က ဟာတွေလို serial key ထည့်ပေးဖို့ မလိုပါဘူး ၁ နှစ် စိတ်အေးလက်အေး သုံးယုံပါပဲ။

သူ့လိုမျိုး လုပ်ဆောင်ချက်ချင်း သဘောတရားတူတဲ့ Mozilla add-on တစ်ခုလည်း ရှိပါသေးတယ်။ အဲတာကတော့ WOT - Safe Browsing Tool -


စမ်းသုံးကြည့်နိုင်ပါတယ်။ Free ပါ။

ဆက်ရန် -

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 05-11-2010 at 05:45 PM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 11 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 05-11-2010, 03:45 PM
  post #5
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,394 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - Best and Free Antivirus For Myanmarfamily ( Limited Time )

( 8 ) F-Secure Internet Security 2011 6 Months License Key


F-secure Internet Security 2011 က ပုံမှန်အားဖြင့် PC တစ်လုံး တစ်နှစ်စာအတွက် $79.69 ကျပါတယ်။ ဒါပေမယ့် ခု Download ချထားမယ် ဆိုရင်တော့ 6 Months (180 days) license key ကို free ရပြီး သုံးနိုင်ပါမယ်။ လိုချင်သူများ အောက်ဖော်ပြပါအတိုင်း လုပ်ဆောင်နိုင်ပါပြီ။

1, အရင်ဆုံး ဒီစာမျက်နှာ ကို သွားပြီး Online form ဖြည့်ရပါမယ်။ Continue ကနေ ဆက်သွားလိုက်ရင် German စာနဲ့ စာမျက်နှာကို တွေ့ပါလိမ့်မယ်။ Google translate သုံးချင်ရင်လည်း သုံးနိုင်ပါတယ်။


2, ခဏနေရင် f-secure ကနေ “Ihr kostenloser Freischalt-Code für F-Secure Internet Security 2010″ ဆိုတဲ့ Subject နဲ့ စာတစ်စောင် ရောက်လာပါလိမ့်မယ်။

Um die Software zu aktivieren, nutzen Sie bitte folgenden Lizenzschlüssel:
E3VQ-P1GP-2BLR-5521-8TG9


အဓိပ္ပါယ်က အောက်ဖော်ပြပါ အတိုင်း အဓိပ္ပါယ် ရပါတယ်။

To activate the software, please use the following license key:
E3VQ-P1GP-2BLR-5521-8TG9


အဲကနေ ရလာတဲ့ license key က F-secure Internet Security 2010 နဲ့ F-secure Internet Security 2011 နှစ်ခုလုံးမှာ အသုံးပြုနိုင်ပါတယ်။ Free F-Secure Internet Security 2011 ကို ဒီကနေ ရယူပါ။

( 9 ) Uninstall and Remove any Antivirus Software Easily

ဖော်ပြခဲ့တဲ့ Software တွေလည်း များပါပြီ - ခုနောက်ဆုံး တစ်ဆင့် အနေနဲ့ Antivirus Software တွေ တွေကို Add/Remove Programs ထဲကနေ တစ်ခု ဖြုတ်ပြီး နောက် အသစ်တစ်ခု ပြောင်းတင်တဲ့ အခါ registry errors ကြောင့် တင်လို့ မရဖြစ်တတ်တဲ့ ပြဿနာကို ပြေလည်အောင် ဖြေရှင်းပေးနိုင်မယ့် Software တစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူကတော့ AppRemover ပါ။


ပုံမှန်အတိုင်း သူ့ကို Download ချ Install လုပ်ပြီး သုံးတဲ့ အခါ သူက Options နှစ်မျိုး ပေးပါလိမ့်မယ်။ တစ်ခုက - Application ကို Remove လုပ်မှာလား ဆိုတာရယ် - နောက်တစ်ခုက Remove လုပ်ပြီး Failed ဖြစ်တာကို Clean ချင်တာလား ဆိုတာရယ်ပါ။


ကိုယ်ဖြစ်တဲ့ ပြဿနာပေါ် မူတည်ရွေးချယ်ပြီး ရှေ့ဆက်သွားရင် AppRemover က ကိုယ့် System ကို အသေးစိတ် Scan လုပ်ပြီး အကြွင်းအကျန်တွေက အစ Uninstall လုပ်ပေးပါလိမ့်မယ်။ AppRemover ကို ဖော်ပြပါနေရာကနေ Free ရယူနိုင်ပါတယ်။ AppRemover က ဘယ် Antivirus နဲ့ antispyware applications တွေကို အပြည့်အဝ Uninstall လုပ်ပေးနိုင်တယ် ဆိုတာ ဒီနေရာမှာ ကနေလည်း လေ့လာနိုင်ပါသေးတယ်။

KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 05-11-2010 at 03:47 PM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 10 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 05-11-2010, 09:09 PM
  post #6
အောင်လွင်ဦး
ကိုယ်ပိုင်အစွမ်းရှိပြီးသူ
 
အသင်းဝင်နေ့စွဲ: Aug 2008
တည်နေရာ: မူဆယ်
ရေးသားချက်များ: 304
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 545
ပို့စ် 200 ခုအတွက် 805 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
အောင်လွင်ဦး is on a distinguished road
ပြန်စာ - Best and Free Antivirus For Myanmarfamily ( Limited Time )

Quote:
Originally Posted by kznt View Post


ကိုအောင်လွင်ဦး သိချင်တဲ့ အဖြေနဲ့ ကျွန်တော် ပြောတာ ကိုက်ပါ့မလား မသိဘူး -

အဆင်ပြေမယ်တော့ ထင်ပါတယ်။

kznt.
ကျွန်တော်သိချင်နေတာကို စိတ်ရှည်လက်ရှည် ရှင်းပြပေးတာကို အထူးကျေးဇူးတင်ပါတယ်။
ကျွန်တော့်အတွက် ဇဝေဇဝါဖြစ်နေတာကို အခုမှပဲ ရှင်းသွားပါတော့တယ်။
အောင်လွင်ဦး is offline   Reply With Quote
အောက်ပါအသင်းဝင်မှ အောင်လွင်ဦး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 28-09-2013, 02:26 PM
  post #7
ကျော်ထူး22
မွေးကင်းစကလေး
 
အသင်းဝင်နေ့စွဲ: Jan 2009
ရေးသားချက်များ: 2
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 0
ပို့စ် 2 ခုအတွက် 2 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ကျော်ထူး22 is on a distinguished road
ပြန်စာ - Best and Free Antivirus For Myanmarfamily ( Limited Time )

မှန်ပါတယ်ခင်ဗျာကျွ န်တော်ကိုခဏပေးသုံးထားတာပါအမြဲံတန်းအသင်းဝင်ဖြစ်အောင်သူပြန်လာမှကျွ န်တော်ကြိုး
စားရပါမယ်ကျေးဇူးတင်ပါတယ်ခင်ဗျာလောလောဆယ်security 360 ကီးအကြောဗင်းလေးများသိခွင့်ရမလားခင်ဗျာ
ကျော်ထူး၂၂
ကျော်ထူး22 is offline   Reply With Quote
အောက်ပါအသင်းဝင်မှ ကျော်ထူး22 အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 28-09-2013, 02:42 PM
  post #8
ကျော်ထူး22
မွေးကင်းစကလေး
 
အသင်းဝင်နေ့စွဲ: Jan 2009
ရေးသားချက်များ: 2
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 0
ပို့စ် 2 ခုအတွက် 2 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ကျော်ထူး22 is on a distinguished road
ပြန်စာ - Best and Free Antivirus For Myanmarfamily ( Limited Time )

နိုင်ငံတော်အလံကိုပထမဦးဆုံးအလေးပြု ပါတယ် ကျေးဇူးလဲတင်ပါတယ်ဒီမှာရှိတဲ့ဆရာအာ့းလုံးကိုလဲကျေးဇူးတင်ပါတယ်
ကျော်ထူး22 is offline   Reply With Quote
အောက်ပါအသင်းဝင်မှ ကျော်ထူး22 အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Reply

Tags
antivirus, internet

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 06:09 PM
Inactive Reminders By Icora Web Design