Go Back   မြန်မာမိသားစုဖိုရမ် » ..:: ကွန်ပျူတာနယ်ပယ် ::.. » Hardware များဆိုင်ရာ
မြန်မာလက်ကွက်

Hardware များဆိုင်ရာ Hardware များအကြောင်း နှင့်အသုံးဝင်ပုံ၊အသုံးချပုံများ ဆွေးနွေးထားတဲ့နေရာဖြစ်သလို ရင်ဆိုင်ရသည့်အခက်အခဲများကို ၀ိုင်းဝန်းဖြေရှင်းဆွေးနွေးထားသည့်နေရာဖြစ်ပါသည်..

Reply
 
Bookmark and Share တန်ဆာပလာများ ဖော်ပြမှုပုံစံ
Old 29-07-2008, 07:52 AM
  post #1
ကိုဖြိုးငြိမ်း
ကြီးကြပ်သူ
 
ကိုဖြိုးငြိမ်း's Avatar
 
အသင်းဝင်နေ့စွဲ: Jul 2008
တည်နေရာ: မကွေး
ရေးသားချက်များ: 1,023
ကျေးဇူးတင်စကား: 2,171
ပို့စ် 503 ခုအတွက် 2,848 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 2
ကိုဖြိုးငြိမ်း is on a distinguished road
Devices ထိန်းသိမ်းပြုပြင်ခြင်း

Device Manager ဆိုတဲ့ အတိုင်း Device များကို ထိန်းသိမ်း ပြုပြင်ရာမှာ
အကောင်းဆုံး Tool ပါ ဒါပေမဲ့ ကောင်းကောင်း အသုံးချ တက်ဖို့တော့
လိုအပ်ပါလိမ့်မယ် ကွန်ပျူတာ အသုံးပြုနေကြသူတိုင်း Device error messages
များကို တစ်နည်းမဟုတ် တစ်နည်းတော့ တွေ့မြင်ဘူးကြမှာပါ
အဲဒါ Error Message လေးတွေပေါ်မှာ အခြေခံပြီးတော့
ပြဿနာလေးတွေကို ဖြေရှင်း ထိန်းသိမ်းကြည့် ကြရအောင်
ပထမဆုံး အဆင့်ကတော့ hardware တွေကို ထိန်းသိမ်းပြုပြင် ပေးမဲ့
နေရာလေးကို သွားကြရအောင် window logo key နဲ့ F1 ကို
တွဲနှိပ်လိုက်ပါ Help and Support Center ကျလာပါမယ်
Fixing a problem/Hardware and system device problems ကို
သွားရောက် ပြီတော့ မိမိဖြစ်နေတဲ့ ပြဿနာ နဲ့ ကိုက်ညီမဲ့ ဟာကို ရွေးချယ်ပြီး
သူရဲ့ အစီအစဉ် လမ်းညွန်လေးတွေ အတိုင်း လုပ်ဆောင် သွားယုံပါပဲ
ဒီနေရာမှာ တစ်ခုလောက် အကြံပေးချင်ပါတယ်
ကျွန်တော် ပြောချင်နေတာ တော့ ကြာပါပြီ
ဒါပေမဲ့ သိရှိပြီးသား လူများမှာပါဆိုပြီး မပြောဖြစ်ခဲ့ဘူး
ဒါပေမဲ့ ဒီနေ့မှာတော့ မသိသေးတဲ့
သူများအတွက် သဲတစ်ပွင့်များ ဖြစ်လေးမလား ဆိုတဲ့ ဆန္ဒနဲ့ပါ
သိပြီး သားလူများကတော့
ကျော် ဖတ်သွားကြပါ ဗျာ နော် ကျွန်တော် ပြောချင်တာ ကတော့
Help and Support Center
ကို ထိရောက်အောင် အသုံးချစေချင်ပါတယ်ဗျာ သူရဲ့ အားသာချက်က
E book များလို ရှင်းပြ
ရုံသာမက လိုအပ်တဲ့ tools တွေဆီကို တိုက်ရိုက် လင့်ခ် လုပ်ပေးထားလို့
အတော် လေးကို လွယ်ကူ အဆင်ပြေ ပါတယ်
Help ဆိုပြီး အထင်တော့ မသေးလိုက်ပါ နဲ့ ဗျာ
တစ်ခါလောက် မွှေနှောက်ကြည့်လိုက်ပါ တကယ်အသုံးဝင်လား
မ၀င်ဘူးလားဆိုတာ လက်တွေ့ကျကျ သိလာမှာပါ
Device တွေရဲ့ ပင်မထိန်းချုပ်တဲ့ နေရာဖြစ်တဲ့ Device Manager ကို
Run မှာ devmgmt.msc လို့ရိုက်ထည့်ပြီး ခေါ်ယူလိုက်ပါ
အ၀ါရောင် Exclamation point လေးနဲ့ ပြသနေတာကတော့
Device မှာ ပြဿနာတစ်ခု ခု ရှိနေတယ် အငြင်းပွားစရာလေးတွေ ရှိနေတယ်
ဆိုတဲ့ သဘောပါ.. အနီရောင် “X” နဲ့ပြသနေရင်တော့ အဲဒီ
Device ကို Disable လုပ်ထားလို့ပါ
အပြာရောင် “ i “ လေးနဲ့ ပြနေတာကတော့ Device ရဲ့ အစိတ်အပိုင်း
ဖွဲ့စည်းပုံများကို Change (or) Modify လုပ်ထားတဲ့ Information ပါ
ဒီအပြာရောင် “i” လေးကတော့
တစ်ခုကို နှစ်ခုရွေးကြည့်နေ တဲ့ အခြေအနေမျိုးမှာ ပဲပေါ်ပါတယ်
ရှုပ် သွားလား မသိဘူးနော်
တစ်ခုကို နှစ်ခုကို ကြည်တယ်ဆိုတာက View Menu လေးကို အသုံးပြုပြီးတော့
“Resource by type” or” Resoure by connection” ဆိုပြီး ကြည့်ရှုခြင်းမျိုးကို
ဆိုလိုတာပါ
အ၀ါရောင် လေးနဲ့ Problem ပြနေရင်တော့ Device ကို double-click လိုက်ပါ
Error mesaage နဲ့ ပြဿနာဖြစ်နေတဲ့ အခြေအနေကို ပြောပြနေပါလိမ့်မယ်
General tab\Troubleshoot ကို click လိုက်ပါ
ကူညီပါရစေ( Help and support center)
ကိုရောက်လာပါမယ် I’m having a problem with my …. ….
ဆိုတဲ့ စာကြောင်လေးကို
Check ပေး ပြီး ရှာဖွေပါတော့ဗျာ အလွယ်တစ်ကူနားလည် နိုင်တဲ့ Instructions
လေးတွေ ပေးပါလိမ့်မယ် အဲဒီအတိုင်းသာ လုပ်ဆောင်လိုက်ပါ
Ok မှ စိုပြေသွားပါမယ်
သာမန်ပြဿနာ လေးတွေကတော့ ဒီနေရာလေးမှာပဲ
အဆင်ပြေ သွားတက်ပါတယ် ကျွန်တော် အခုဆွေးနွေးလိုတာကတော့
Error Message လေးတွေရဲ့ Information ကိုလိုက်ပြီး ဘယ်လို
ပြုပြင်ထိန်းသိမ်း မှု့တွေ ပြုလုပ်မလဲဆိုတာ ပါ
ဖြစ်ပေါ်တက်တဲ့ error codes,messages တွေနဲ့ ဖြေရှင်းနည်းတွေကို လိုက်ပြီး
အမှတ်စဉ် (၄၅) ခုရှိပါတယ်
1. “ This device is not configured correctly “
ဒီ မက်ဆေ့ကို တွေ့ရပြီး ဆိုရင်တော့ Drivers ကို Hard Update wizard ကို
အသုံးပြုပြီး Update သာ လုပ်လိုက်ပါ(properties\drive\Update driver)
ဒါကနည်းလမ်း (၁) ပါ နည်းလမ်း(၂)ကတော့
Device ကို Remove လုပ်ပြီး ပြန် run ကြည့်ပါ

2. “The <type> dvice loader(s) for this device could not load the device driver “
ပထမ မက်ဆေ့အတိုင် ပါပဲ remove လုပ် ပြီးရင် install ပြန်လုပ် ဒါမှအဆင်မပြေရင် Update လုပ်
3.”Thae driver for this device might be corrupt or your system may be running low on memory or other resources”
My computer ကို right click လုပ် properties\General tab\advanced\performance အောက် က setting ကို click ပြီး ဘာပြဿနာလဲဆိုတာ မြင်ရပါပြီ RAM နည်းနေလို့ပါ RAM ပိုမို စိုက်လိုက်ခြင်းဖြင့်
ဖြေရှင်းနိုင်ပါပြီ RAM မစိုက်ချင်သေးဘူးဆိုရင်တော့ အပေါ်က အချက်တွေလိုပဲ Update\Remove\Add
ဒါမှမဟုတ် Troubleshotting wizard နဲ့ကြိုးစားကြည့် နိုင်ပါသေးတယ်

4.”This device is not working properly because one of its drivers may be bad ,or your Registry may be bad”
Update (or) Remove\Add နဲ့ဖြေရှင်းနိုင်ပါတယ်

5.”the driver for this device requested a resource that windows does not know how to handle”
ထုံးစံအတိုင်း Update\Remove\Add နဲ့ဖြေရှင်းလိုက်ပါ

6.”Another device is using the resources this device needs”
Properties\General tab မှ Troubleshoot button ကို click ပြီး
HardwareTroubleshooter ကိုသာ Run လိုက်ပါ

7.”The drivers for this device need to be reinstalled”
ဒါကတော့ ရှင်းပါတယ် Reinstall လုပ်လိုက်ပါ

8.”Code 8 has many error messages associated with it”
Update \ Remove\Add

9.”Code 9 has several error messages associated with it”
Remove\Add လုပ်ဖို့ ကြိုးစားကြည့်ပါ အဲဒါတွေ အလုပ်မလုပ်နိုင်တော့ဘူးဆိုရင်
Registry setting မှာသွားပြင်ရပါမယ် သင့်ရဲ့ BIOS ကိုလဲ Update လုပ်ဖို့လိုအပ်နေပါပြီ

10.”The device either is not persent ,is not working properly,or does not
have allthe drivers installed.This code may also have a manufacturer-specific
error message associated with it,depending on the device.”
ကွန်ပျုတာကို သေချာ ချိတ်ဆက်ထားခြင်းမရှိုလို့ပါ physically ပိုင်းကို သေချာ
ချိတ်ဆက်ပြီးတာတောင် အဆင်မပြေသေးဘူးဆိုရင် Update သာ လုပ်လိုက်ပါတော့ဗျာ

11.”This device cannot find enough free <type> resources that it can use .”
ဒီနေရာမှာ type ဆိုတာက resourse type ကိုပြောတာပါ (ဥပမာ- IRQ,DMA,Memory,or I/O)
ဒီပြဿနာကိုတော့ Troubleshoot ကို click ပြီး troubleshooting wizard ကို Run

12.”This device either ie not present,is not working properly,or
does not have all the drivers installed.”
Detect hardware ကို click ပါ ၊ အဆင်မပြေသေးဘးဆိုရင်တော့
Remove\Add နဲ့ကြိုးစားနိုင်ပါသေးတယ်

13.”This device cannot work properly until you restart your computer”
ကွန်ပျူတာကို Restart လုပ်လိုက်ပါ

14.” This device is causing a resource conflict.”
Troubleshoot ကို click ပြီး troubleshooting wizard ကို Run

15.” Windows cannot identify all the resources this device uses.”
Resourse tab ကို click ပါ Settings အောက် က detailed လေးတွေကို ကြည့်ပြီး
ဖြေရှင်းပါ

16. “The driver information file <name> is telling this child device
to use a resource that the parent device does not have or recognize.”
ဒီနေရာမှာ name ဆိုတာကတော့ device ရဲ့ .inf file ကိုဆိုလိုတာဖြစ်ပါတယ်
Update drivers\Remove\Add တို့နဲ့ ဖြေရှင်းနိုင်ပါတယ်

17.” Reinstall the drivers for this device.”
Click reinstall driver.

18.”Your Registry may be bad”
Click check Registry

19.”windows could not load one of the drivers for this device”
Click update drivers

20.”Windows is removing this device”
အချိန်တော်တော်ကြာအောင် စောင့်လိုက်ပါဦး
ပြီးရင် Device manager ကို refresh လုပ်လိုက်ပါ
Device လေးပေါ်လာပြီဆိုရင်တော့ ကွန်ပျုတာကို Restart လုပ်လိုက်ပါ

21.”The device is disabled”
Click Enable Device

22.”The device is disabled”
Click Start Device

23.”Several error messages may appear with Code 23.”
Properties\update driver လုပ်လိုက်ပါ ပေါ်လာတဲ့ button
အပေါ်မှာမူတည်ပြီး လုပ်ဆောင်မှု့အဆင့် ကွဲပြားနိုင်ပါတယ်

24.” This device is not present, is not working properly, or does not have all its drivers installed.”
Detect hardware ကို click ပါ ပေါ်လာတဲ့ button အခြေအနေပေါ်မှာ မူတည်
ပြီး လုပ်ဆောင်သွားရမှာပါ

25.” Windows is in the process of setting up this device.”
ကွန်ပျူတာကို Restart ပေးလိုက်ပါ

26.” Windows can't specify the resources for this device.”
Device Manager ကို အသုံးပြုပြီး Remove လုပ်လိုက်ပါ
ပြီးရင် control panel မှ Add new Hard wizard နဲ့ ပြန် run လိုက်ပါ
အဲဒါမှ ကောင်းကောင်း အလုပ်မလုပ်သေးဘူးဆိုရင် Update လုပ်လိုက်ပါ

27.” The drivers for this device are not installed.”
Reinstall drivers ကို click ပါ

28.” This device is disabled because the firmware for the device did not give it the required resources.”
BIOS မှာ စစ်ဆေးကြည့်လိုက်ပါ၊နောက်တစ်နည်းကတော့ CMOS seetings မှာ သွားပြီး
Device ကို Enable ပေးလိုက်ပါ

29.” This device is using an Interrupt Request (IRQ) resource that is in use by another device and cannot be shared. You must change the conflicting setting or remove the real-mode driver causing the conflict.”
Device Manager ကို ဖွင့်လိုက်ပါ IRQ တစ်ခုထဲမှာ ပဲနောက်ထပ် device တစ်ခုသုံးထားသလားဆိုတာကို စစ်ဆေးကြည့်ပါ ဟုတ်တယ်ဆိုရင်တော့
Device ကို Disable ပေးလိုက်ပါ တကယ်လို့များ IRQ မှာ နောက်ထပ် device တစ်ခုသုံးထားတာကို
မတွေ့ဘူးဆိုရင် Config.sys (or) Autoexex.bat မှာ drivers ကိုရှာပြီးတော့ disable ပေးလိုက်ပါ

30.” This device is not working properly because Windows cannot load the drivers required for this device.”
Properties ကို click ပါ ဒါကိုတောင် click လို့မရဘူးဆိုရင်တော့ Remove\Add လုပ်ပါ
ပြန်စမ်းကြည့်လိုက်ပါဦး ဒါမှ အဆင်မပြေသေးဘူး ဆိုရင်တော့ Update သာလုပ်တော့ဗျို့

31.” Windows cannot install the drivers for this device because it cannot access the drive or network location that has the setup files on it.”
Restart လုပ်လိုက်ပါ..

32.” Windows cannot determine which resources are required for this device.”
Troubleshooting wizard နဲ့ကြိုးစားကြည့်လိုက်ပါ အဆင်မပြေသေးဘူးဆိုရင်တော့
Device change ရတော့မှာပါ

33.” Windows cannot determine the settings for this device. Consult the documentation that came with this device and use the Resource tab to set the configuration.”
Hard ware settings ကို change လိုက်ပါ ပြီးရင် Resources tab ကိုသွားပြီး
Configure လုပ်လိုက်ပါ

34.” Your computer's system firmware does not include enough information to configure and use this device properly. To use this device, contact your computer manufacturer to obtain a firmware or BIOS update.”
Troubleshooting wizard နဲ့ကြိုးစားကြည့်လိုက်ပါ အဆင်မပြေဘးဆိုရင်တော့
BIOS ကို update ဒါမှမဟုတ် BIOS အသစ်လဲရပါတော့မယ်

35.” This device is requesting a PCI interrupt but is configured for an ISA interrupt (or vice versa). Please use the computer's system setup program to reconfigure the interrupt for this device.”
သင့်ရဲ့ BIOS မှာ IRQ settings ကိုဘယ်လိုပြန်လည်စီစဉ် ထားသလဲဆိုတာ
စစ်ဆေးကြည့်ပါ ပြီရင် Troubleshoot !!!

36.” Windows cannot initialize the device driver for this hardware.”
ကွန်ပျူတာကို restart အရင်ပေးလိုက်ပါ …ပြီးရင်တော့ Troubleshoot!!

37.” Windows cannot load the device driver for this hardware because a previous instance of the device driver is still in memory.”
Driver ကို Uninstall လုပ်.. ပြီးရင် Reinstall ,Trobleshooting!!!!!!!!

38.” Windows cannot access this hardware because its service key information in the registry is missing or recorded incorrectly.”
အမှတ်စဉ် 37 အတိုင်းလုပ်ဆောင်ရပါမယ်

39.” Windows successfully loaded the device driver for this hardware but cannot find the hardware device.”
Driver ကို Uninstall, Reinstall လုပ်လိုက်ပါ ပြီးရင် Troubleshoot!!!
တကယ်လို့ device က non-plug-and-play ဖြစ်နေမယ်ဆိုရင်
အောက်ပါအတိုင်းလုပ်ဆောင် ပေးရပါဦးမယ်
Control Panel\Performance and Maintenance\System\Hardware\Add Hardware Wizard

40.” Windows cannot load the device driver for this hardware because there is a duplicate device already running in the system.”
Restart ပေးလိုက်ပါ ,window ပြန်တက်လာတာနဲ့ Device Manager\General tab\Troubleshoot!!!!!!

41.” Windows has stopped this device because it has reported problems.”
Hardware documentation ကို စစ်ဆေးကြည့်ပါ….ပြီးရင် Troubleshoot!!!!

42.” An application or service has shut down this hardware device.”
Restart လုပ်ပါ ..ပြီးရင် Troubleshoot!!!!!!!!

43.” Windows cannot gain access to this hardware device because the operating system is in the process of shutting down.”
ဘာမှ ပြုပြင်ပြောင်းလဲ စရာမလိုအပ်ပါဘူး….computer ကို ဖွင့်လိုက်တာနဲ့ ပုံမှန်အလုပ် လုပ်သွားမှာပါ

44.” Windows cannot use this hardware device because it has been prepared for "safe removal" but it has not been removed from the computer.”
Device ကို ဖြုတ်ပြီး ပြန်တပ်လိုက်ပါ..

45.” The software for this device has been blocked from starting because it is known to have problems with Windows. Contact the hardware vendor for a new driver.”
Driver update (or) New လိုအပ်နေပါတယ်

(မူရင်း O’Reilly: Window XP hacks မှ Troubleshoot Hardware by Decoding Device Manager Error Messages ဆိုတဲ့ အခန်းလေးကို သင့်တော် သလို ပြန်ဆိုရေးသားခြင်း
ဖြစ်ပါတယ် ..တစ်စုံ တစ်ရာ မှားယွင်း ချွတ်ချော် မှု့များရှိခဲ့လျှင် ကျွန်တော်ရဲ့ ညံဖျင်း
မှု့သာ ဖြစ်ပါကြောင်း )

"Don't cry because it's over, smile because it happened."

Last edited by tu tu; 29-07-2008 at 09:13 AM..
ကိုဖြိုးငြိမ်း is offline   Reply With Quote
အောက်ပါအသင်းဝင် 19 ဦးတို့မှ ကိုဖြိုးငြိမ်း အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 31-07-2008, 01:24 AM
  post #2
အောင်အောင်ဇော်
လမ်းလျှောက်တတ်စ
 
အသင်းဝင်နေ့စွဲ: Jul 2008
ရေးသားချက်များ: 11
ကျေးဇူးတင်စကား: 20
ပို့စ် 4 ခုအတွက် 34 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
အောင်အောင်ဇော် is on a distinguished road
ပြန်စာ - Devices ထိန်းသိမ်းပြုပြင်ခြင်း

အကို ရေ..
ကူညီပါအုံး... Window cannot open Help and Support because a system service is not running.
To fit this problem , start the service named 'Help and Support'.
OK

Help and Support center ကို ဖွင့်ရင်... အဲဒီလို ပေါ်နေပါတယ်...ဘယ်လိုလုပ်ရမလဲ ဆို တာ ကျေးဇူးပြုပြီး ကူညီပါအုံး အကို....

ကျေးဇူးတင်ပါတယ်.. အကို
အောင်အောင်ဇော် is offline   Reply With Quote
အောက်ပါအသင်းဝင်မှ အောင်အောင်ဇော် အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 31-07-2008, 02:31 AM
  post #3
ကိုဖြိုးငြိမ်း
ကြီးကြပ်သူ
 
ကိုဖြိုးငြိမ်း's Avatar
 
အသင်းဝင်နေ့စွဲ: Jul 2008
တည်နေရာ: မကွေး
ရေးသားချက်များ: 1,023
ကျေးဇူးတင်စကား: 2,171
ပို့စ် 503 ခုအတွက် 2,848 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 2
ကိုဖြိုးငြိမ်း is on a distinguished road
ပြန်စာ - Devices ထိန်းသိမ်းပြုပြင်ခြင်း

အထူးအဆန်းပဲဗျာ

ကျွန်တော် တော့ တစ်ခါမှ မကြားဖူးဘူး

ဘာတွေ သွားကလိလိုက် လဲမသိဘူးနော်

ဆွေးနွေး ကြည့် ရအောင် ဗျာနော်

Help and Support Center ကို သွားတာက

ကျွန်တော် သိသလောက် ကတော့ ၃ နည်းရှိပါတယ်

၁။ Start Menu
၂။ window logo + F1

၃။ မည့်သည့် foldr မှာမဆို menu bar က Help

ဆိုပြီး ရှိပါတယ်

အဲဒီနည်းတွေနဲ့ ပြောင်းပြီး ခေါ်ကြည့်လိုက်ပါ

အဆင်မပြေသေးဘူးဆိုရင် တော့

ကျွန်တော် သူငယ်ချင်းတစ်ယောက် ဖြစ်တဲ့

ဖြစ်စဉ်နဲ့ ဖြေရှုင်းလိုက်တဲ့ နည်းလေးကို ပြောပြမယ်နော်

သူကတော့ လုံးဝမပေါ်တာ မျိုးတော့ မဟုတ်ဘူးဗျ

Help and Support Center ကို ဖွင့်လိုက်တိုင်း

မငြိမ် ပဲ "ဖလက် ...ဖလက်" နဲပေါ်လာတာ

သူဖြစ်တာလဲ အဆန်းပဲဗျ ကျွန်တော် လဲ လုပ်လို့မရဘူး

ကြံရာမရတာနဲ့ အောက်ပါနည်းလေးနဲ့ ဖြေရှုင်းလိုက်တာ

အဆင်ပြေသွားပါတယ်

၁။Run မှာ msconfig လို့ရိုက်ထည့်လိုက်ပါတယ်

၂။General tab \startup selection အောက် က Normal setup-load all device drivers and services ဆိုတဲ့

စာကြောင်းကို check ပေးပါ

၃။Boot.INI tab \Boot Options အောက် က

safe boot ကို check ပေးပြီး

Apply,Ok, Close.....

Restart ပေးလိုက်ပါ

အဆင်ပြေပါစေ ဗျာ

အဆင်မပြေဘူးဆိုရင် ထပ်ပြောပါ ဗျာ

"Don't cry because it's over, smile because it happened."
ကိုဖြိုးငြိမ်း is offline   Reply With Quote
အောက်ပါအသင်းဝင် 6 ဦးတို့မှ ကိုဖြိုးငြိမ်း အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 13-08-2008, 06:55 PM
  post #4
ကိုတာတေ
လမ်းလျှောက်တတ်စ
 
အသင်းဝင်နေ့စွဲ: Jun 2008
ရေးသားချက်များ: 18
ကျေးဇူးတင်စကား: 7
ပို့စ် 8 ခုအတွက် 28 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ကိုတာတေ is on a distinguished road
ပြန်စာ - Devices ထိန်းသိမ်းပြုပြင်ခြင်း

Quote:
Originally Posted by အောင်အောင်ဇော် View Post
အကို ရေ..
ကူညီပါအုံး... Window cannot open Help and Support because a system service is not running.
To fit this problem , start the service named 'Help and Support'.
OK

Help and Support center ကို ဖွင့်ရင်... အဲဒီလို ပေါ်နေပါတယ်...ဘယ်လိုလုပ်ရမလဲ ဆို တာ ကျေးဇူးပြုပြီး ကူညီပါအုံး အကို....

ကျေးဇူးတင်ပါတယ်.. အကို
ံHelp & Support Service မ run ထားလို့ပါ...
windows + R > type -> services.msc
နဲ့ services ကိုခေါ်ပြီး... Help and Support service ကို right click -> start လုပ်ပေးရင်ရပါပြီခင်ဗျား...

အောင်မြင်ပါစေ.
ကိုတာတေ is offline   Reply With Quote
အောက်ပါအသင်းဝင် 12 ဦးတို့မှ ကိုတာတေ အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 14-02-2014, 08:32 PM
  post #5
စိုးထက်
ကလေးပေါက်စ
 
စိုးထက်'s Avatar
 
အသင်းဝင်နေ့စွဲ: Feb 2014
ရေးသားချက်များ: 24
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2
ပို့စ် 14 ခုအတွက် 17 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
စိုးထက် is on a distinguished road
ပြန်စာ - Devices ထိန်းသိမ်းပြုပြင်ခြင်း

အကို ကျတော် စက်က laptop ဆိုတော့ device ကိုထိန်းသိမ်းချင်လို့ကူညီပေးပါဦးနော် ကိုဖြိုးငြိမ်း လေးကူညီပါဦး ကျတော်ကတော့ start > Run> devmgmt.msc ကနေ device တွေကို update လုပ်လိုက်တာကောင်းလာ ဝေဖန်အကြံပေးပါဦး ကောင်းကျိုးဆိုးကျိုး လေးပြောပေးပါနော်
စိုးထက် is offline   Reply With Quote
Old 24-05-2016, 08:38 AM
  post #6
ကိုဖြိုးငြိမ်း
ကြီးကြပ်သူ
 
ကိုဖြိုးငြိမ်း's Avatar
 
အသင်းဝင်နေ့စွဲ: Jul 2008
တည်နေရာ: မကွေး
ရေးသားချက်များ: 1,023
ကျေးဇူးတင်စကား: 2,171
ပို့စ် 503 ခုအတွက် 2,848 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 2
ကိုဖြိုးငြိမ်း is on a distinguished road
ပြန်စာ - Devices ထိန်းသိမ်းပြုပြင်ခြင်း

Quote:
Originally Posted by စိုးထက် View Post
အကို ကျတော် စက်က laptop ဆိုတော့ device ကိုထိန်းသိမ်းချင်လို့ကူညီပေးပါဦးနော် ကိုဖြိုးငြိမ်း လေးကူညီပါဦး ကျတော်ကတော့ start > Run> devmgmt.msc ကနေ device တွေကို update လုပ်လိုက်တာကောင်းလာ ဝေဖန်အကြံပေးပါဦး ကောင်းကျိုးဆိုးကျိုး လေးပြောပေးပါနော်
မလိုအပ်ဘဲ update မလုပ်တာ အကောင်းဆုံးပါဘဲ version မြင့်တိုင်းသုံးရတာ အဆင်ပြေတာမဟုတ်ပါဘူး

"Don't cry because it's over, smile because it happened."
ကိုဖြိုးငြိမ်း is offline   Reply With Quote
အောက်ပါအသင်းဝင်မှ ကိုဖြိုးငြိမ်း အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Reply

Tags
hardware howto, hardware knowledge

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !

အခြားဆင်တူဆွေးနွေးချက်များ
ဆွေးနွေးချက် စတင်ရေးသားသူ ကွပ်ပျစ်ဝိုင်း ပြန်စာများ နောက်ဆုံးပို့စ်
Unknown Device Identifier 5.02 PyaitSone Applications 0 28-07-2008 03:10 PM
SpyRemover Pro 3.04 PyaitSone Applications 0 23-07-2008 05:33 PM


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 11:00 AM
Inactive Reminders By Icora Web Design