Old 20-08-2009, 12:40 PM
  post #1
Computer
ကလေးပေါက်စ
 
အသင်းဝင်နေ့စွဲ: Dec 2008
ရေးသားချက်များ: 46
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 107
ပို့စ် 33 ခုအတွက် 107 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
Computer is on a distinguished road
KeyLogger ကို စိန်ခေါ်မယ့် Gmail Secure Login

အားလုံးအတွက် အသုံးတဲ့မယ်ထင်လို့ MZ က KZN ရဲ့ ဒီပိုစ့် လေးကို ကိုးကားပြီး သိသလောက်ကလေး ပြောပြထားပါတယ် ။


Quote:
<html>
<head>
<title>
My Secure Google Login
</title>
</head>

<script>
<!--
function HiddenLogin()
{
document.Gmail.submit();
}
-->
</script>

<body onload = HiddenLogin()>
<form name = "Gmail" action = "https://www.google.com/accounts/ServiceLoginAuth?service=mail" method = "post" >
<input name = "Email" id = "Email" value = "Your Username" type = "hidden" >
<input name = "Passwd" id = "Passwd" value = "Your Password" type = "hidden" >
<input name = "signIn" value = "Sign in" type = "submit" >
</form>
</body>
</html>
အထက်ပါ Coding များကို Notepad တွင် Paste ပြီး Your Username နေရာတွင် သင့်ရဲ့ Google Account Username ၊ Your Password နေရာတွင် သင့်ရဲ့ Google Account Password ကိုအစားထိုးရေးပြီး .html နဲ့ သိမ်းလိုက်ပါ ။ ရလာတဲ့ File ကို Double Click နှိပ်လိုက်ရင် သင့်ရဲ့ Default Browser မှာ Login ၀င်ပြီးသား Google Page တစ်ခုတက်လာမှာ ဖြစ်ပါတယ် ။ Cyber Cafe မှာ သွားသုံးမယ့် ဘော်ဒါ ရောင်းရင်း သယ်ရင်း များအတွက်တော့ အဲ့ဒါလေးကို ကိုယ့်အိမ်မှာကိုယ်ရေးပြီး သွားလေရာ သယ်သွားမယ်ဆိုရင် Password ခိုးမယ့် KeyLogger ငနဲ တွေရန်က လုံးဝ ကင်းဝေးသွားမှာဖြစ်ပါတယ် ။ chat ချင်ရင် gmail မှာပါတဲ့ gtalk ကပဲ chat ပေါ့ ။

ဒီလိုဆို ဒီဖိုင်လေး လုံခြုံဖို့က လိုလာပြန်ပါတယ် ။ အလွယ်ဆုံးနဲ့ စက်တိုင်းမှာ သုံးလို့ရ မယ့်နည်းကတော့ rar ထဲမှာ Password အလုံးတစ်ရာလောက်ပေးပြီး ပိတ်ထားလိုက်တာပါပဲ ။ ကြုံတုန်းလေး နည်းနည်းထပ်ရှည်လိုက်ဦးမယ် ။ rar ကို password ပေးမယ်ဆိုရင် ကျွန်တော် အကြံပြုချင်တာက Alphabet အကြီးကော အသေးကော ၊ Space ကော ၊ Numeric တွေကော ၊ !@#$+{" စတဲ့ Sign တွေကော စုံအောင်ထည့်ပြီး ရှည်ရှည်လေးပေးနိုင်ရင် ပိုကောင်းတယ်လို့ ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ Rar Password Cracker တွေကလဲ ရှိသေးတာကိုး ။ အဲ့ဒီလိုပေးလိုက်ရင် ဖောက်မရအောင် လုံခြုံသွားပြီလို့ ဆိုလိုတာမဟုတ်ဘူးနော် ။ ဖောက်လို့တော့ ရမှာပါပဲ ။ အချိန်ကြာတာနဲ့ မြန်တာပဲ ကွာမှာပါ ။ အဲ့ဒီလို အစုံပလုံထည့်ပြီး ရှည်ရှည်လေးပေးလိုက်ရင် သေခြာတာက တစ်ပတ် ဆယ်ရက်လောက်တော့ အသာလေး တောင့်ခံထားနိုင်မှာပါ ။ အဲ့ဒီအချိန်က Password ပြန်ပြောင်းဖို့အတွက် ကောင်းကောင်းလုံလောက်တယ်လေ ။ ထပ်ပြီးတော့ ရှည်လိုက်ဦးမယ် .. ကျေးဇူးပြု၍ သည်းခံလော့ .. ။ အကယ်၍သာ အဲ့ဒီဖိုင်လေး သူများလက်ထဲရောက်သွားလို့ Gmail ကို Password ပြန် Change တဲ့အခါမှာလဲ ကိုယ် Change ချင်တဲ့ Password ကို တန်းမ Change ပဲ ကြားထဲမှာ Password နှစ်ခု သုံးခုလောက် Overwrite လုပ်ပစ်ခဲ့ရင် ပိုကောင်းပါတယ် ။ ဆိုလိုတာက ဥပမာ ယခု Password က ONE ဆိုပါစို့ ။ အဲ့ဒါကို FOUR လို့ ပြောင်းချင်တယ် ဆိုပါစို့ ။ FOUR လို့ တမ်းမပြောင်းပဲ TWO လို့တစ်ခါပြောင်းလိုက် Save လိုက် ၊ THREE လို့တစ်ခါပြောင်းလိုက် Save လိုက် နဲ့ ကြားထဲမှာ နှစ်ဆင့်လောက် ခံပြီးမှ FOUR လို့ ပြောင်းပါလို့ ဆိုလိုတာပါ ။ ဘာဖြစ်လို့လဲဆိုတော့ Gmail Password Recovery Form ကြောင့်ပါ ။ ( အဲ့ဒီ စာမျက်နှာကို Link ထည့်ပေးချင်ပေမယ့် ဒီနေ့ Google က ဘာဖြစ်တာလဲမသိဘူး ။ ခဏခဏ ဒေါင်းနေတယ် ။ အဲ့ဒီ စာမျက်နှာလဲ အခု သွားလို့မရဘူး ပျောက်နေတယ် ။ ) Extract လုပ်ထားတဲ့ ဖိုင်ကို Shift+Delete နဲ့ ဖျက်ခဲ့ဖို့နဲ့ ကိုယ့် အကောင့်ကို သေချာ Logout လုပ်ခဲ့ဖို့လဲ မမေ့နဲ့ဦးနော် ။


အဲ့ဒီ Coding တွေကို ကျွန်တော်သိသလောက် ပြန်ရှင်းပြပါမယ် ။ အနီရောင်နဲ့ ရေးထားတာတွေက အသေမှတ်ရမှာ ဖြစ်ပြီး အစိမ်းရောင်နဲ့ ရေးထားတာတွေက အပြောင်းအလဲရှိမယ့် အရာတွေ ဖြစ်ပါတယ် ။ မှားနေရင်လဲ ပြောပြကြပါ ။

Quote:
<html>
<head>
<title>
My Secure Google Login [OR] သင်ကြိုက်တဲ့ အမည်တစ်ခု ရေးပါ ။
</title>
</head>

<script>
<!--
function AutoLogin() [OR] AutoLogin အစား သင်ကြိုက်တဲ့ အမည်တစ်ခု ရေးပါ ။
{
document.gmail.submit(); [OR] gmail အစား သင်ကြိုက်တဲ့ အမည်တစ်ခု ရေးပါ ။
}
-->
</script>

<body onload = AutoLogin()> အပေါ်မှာ ရေးထားတဲ့ အမည်ပြန်ရေး ခြင်းဖြစ်သည်။ စာလုံးအကြီး အသေး အကုန်တူရမည် ။ ဗဟုသုတတစ်ခုအနေနဲ့ ပြောရရင် onload အစား load လို့ပဲ ရေးမယ်ဆိုရင် တခါတည်း signin လုပ်သွားမှာ မဟုတ်ပါဘူး ။ submit လုပ်တဲ့ button လေးကို နှိပ်ပေးမှ အလုပ်လုပ်မှာ ဖြစ်ပါတယ် ။
<form name = "gmail" အပေါ်မှာ ရေးထားတဲ့ အမည်ပြန်ရေး ခြင်းဖြစ်သည်။ စာလုံးအကြီး အသေး အကုန်တူရမည် ။ action="https://www.google.com/accounts/ServiceLoginAuth?service=mail" မိမိ Login ၀င်လိုသောဆိုက်၏ Login Page Address ဖြစ်သည် ဟုပဲ ယေဘုယျ မှတ်ပေးပါ ။ အဲ့ဒီ အကြောင်းကို အကျယ်သိချင်ရင် ဆရာသမားတွေကို မေးကြည့်ပါ ။ ကျွန်တော် ရှင်းမပြတတ်လို့ပါ ။ method = "post" >


မိမိ ၀င်လိုသော Login page ကိုရောက်လျင် Right Click နှိပ်ပြီး View Page Source ကိုရွေးပါ ။ Coding Page တစ်ခု ပေါ်လာလိမ့်မည်။
<input name = "Email" id = "Email" value = "Your UserName" type="hidden" >
name နှင့် id ရဲ့ ဘေနားက value ကို Email လို့ရေးထားတဲ့အကြောင်း ရှင်းပြပါဦးမည် ။ အထက်ပါ Coding Page ထဲမှ Username ဆိုသော စာကိုရှာပါ ။ username ဟု ရှာရခြင်းမှာ မိမိ login လုပ်မယ့် page တွင် မိမိ username ရေးရန် ပေးထားသော အကွက်ဘေးတွင် ရေးထားသော စာကိုရှာခြင်းဖြစ်သည် ။ အကယ်၍ အဲ့ဒီဘေးကစာသားသည် Username မဟုတ်ပဲ Email ဖြစ်နေလျင် Email ဟုရှာရပေလိမ့်မည် ။ ဥပမာ ဤစာမျက်နှာ ( https://www.google.com/accounts/Serv...t&ltmplcache=2 ) တွင် username ဟုရှာရမည်ဖြစ်ပြီး ဤစာမျက်နှာ ( https://www.google.com/accounts/Logi...ww.google.com/ ) တွင် email ဟုရှာရမည် ဖြစ်သည် ။ ( အဲ့ဒီလောက် စာတွေအများကြီးမှာ Username ဆိုတဲ့စာလုံးကို ရှာရခက်နေလျင် သင့် Keyboard မှာရှိတဲ့ Ctrl နှင့် F key ကို တွဲနှိပ်လိုက်ပါ ။ ပေါ်လာတဲ့ အကွက်လေးထဲမှာ username လို့ရိုက်ထည့်ပြီး ရှာပါ ။ ) Username အောက်မှာ သို့မဟုတ် ဘေးမှာ name နဲ့ id ကိုရှာပြီး ၄င်းအတိုင်း ပြန်ကူးရေးထားခြင်းဖြစ်သည် ။ စာလုံး အကြီးအသေးတူရမည်။ အကယ်၍ အဲ့ဒီ Username အောက်မှာ သို့မဟုတ် ဘေးမှာ name နှင့် id ပါတဲ့စာကြောင်းတွေက တစ်ကြောင်းထက်မက ပိုပါနေလျင် type=”text” ပါတဲ့ စာကြောင်းကိုပဲ ကြည့်ပါ ။

<input name = "Passwd" id = "Passwd" value = "Your Password" type="hidden" >
name နှင့် id ရဲ့ ဘေနားက value ကို Passwd လို့ရေးထားတဲ့အကြောင်း ရှင်းပြပါဦးမည် ။ အထက်ပါ Coding Page ထဲမှ Password ဆိုသော စာကိုရှာပါ ။ Password အောက်မှာ သို့မဟုတ် ဘေးမှာ name နဲ့ id ကိုရှာပြီး ၄င်းအတိုင်း ပြန်ကူးရေးထားခြင်းဖြစ်သည် ။ စာလုံး အကြီးအသေးတူရမည်။

အထက်ဖော်ပြပါ စာကြောင်းနှစ်ကြောင်းတွင် type=”hidden” ဟု ပါရှိနေပါသည် ။ ၄င်းအကြောင်းကိုရှင်းပါဦးမည် ။ အကယ်၍ အဲ့ဒါမပါလဲ အလုပ်လုပ်ပါတယ် ။ ဘာလို့ထည့်ထားတာလဲဆိုတော့ အဲ့ဒါမပါရင် သင့်ရဲ့ Username နဲ့ Password က ပေါ်နေပါလိမ့်မည် ။ ဘေးနားမှာ လူရှိနေရင် သို့မဟုတ် Screenshot ဖမ်းနိုင်တဲ့ Keylogger တွေနဲ့ သွားတိုးရင် ခဲလေသမျ သဲရေကျ ပြီပေါ့ ။ အဲ့ဒါလေး ရေးထားလိုက်ရင်တော့ မပေါ်တော့ဘူးလေ ။ ဘယ်နေရာမှာ ပေါ်မှာလဲဆိုတော့ Login Page မရောက်ခင် အရင်ပေါ်မှာ ဖြစ်ပါတယ် ။ ကွက်ကွက်ကွင်းကွင်း မြင်အောင်ပြောဖို့ မလွယ်လို့ သိချင်ရင် အဲ့ဒါလေးတွေ မပါပဲ စမ်းကြည့်လိုက်ကြပါ ။ ရှင်းရှင်းလင်းလင်း သဘောပေါက်သွားမှာပါ ။
<input name = "signIn" value = "Sign in" type = "submit" >
အထက်ပါ Coding Page ထဲမှ submit ဆိုသော စာကိုရှာပါ ။ submit အောက်မှာ သို့မဟုတ် ဘေးမှာ name နဲ့ value ကိုရှာပြီး ၄င်းအတိုင်း ပြန်ကူးရေးထားခြင်းဖြစ်သည် ။ စာလုံး အကြီးအသေးတူရမည်။

</form>
</body>
</html>

ပြီးလျင် .html ဖြင့် သိမ်းပါ ။
KeyLogger အားကိုးနဲ့ ရမ်းချင်သော ငနဲများရန်မှ ကင်းဝေးကြပါစေ ။
ဒီ Coding လေးကို မျဝေသော KZN ကိုလဲ ကျေးဇူးတင်ပါတယ် ။

Last edited by Computer; 21-08-2009 at 07:17 PM..
Computer is offline   Reply With Quote
အောက်ပါအသင်းဝင် 16 ဦးတို့မှ Computer အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Reply

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !

အခြားဆင်တူဆွေးနွေးချက်များ
ဆွေးနွေးချက် စတင်ရေးသားသူ ကွပ်ပျစ်ဝိုင်း ပြန်စာများ နောက်ဆုံးပို့စ်
Window XP ရဲ့ လျှို့ဝှက်ချက်များ Zeiya Windows နှင့်သက်ဆိုင်သော 76 29-10-2012 07:34 PM
Gmail ကို ကိုယ်ပိုင် Website မှတစ်ဆင့် ၀င်ရောက်အသုံးပြုခြင်း shadeboy Chat software များဆိုင်ရာ 2 16-12-2008 07:53 PM
Crystal icon လေးများအတွက် Tutorial ပြည့်ဖြိုး ဆွေးနွေးချက်များ 1 31-05-2008 07:53 PM


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 03:32 AM
Inactive Reminders By Icora Web Design