Go Back   မြန်မာမိသားစုဖိုရမ် » ..:: ကွန်ပျူတာနယ်ပယ် ::.. » Linux များ (သို့) Linux နှင့်ဆိုင်ရာများ
မြန်မာလက်ကွက်

Linux များ (သို့) Linux နှင့်ဆိုင်ရာများ Linux OS များအကြောင်း ဆွေးနွေးရန်နေရာပါ.. Linux OS အသုံးပြုပုံများ.. တွေ့ကြုံရသည့်အခက်အခဲများကို ဆွေးနွေးဝေမျှထားသည့်နေရာဖြစ်သလို သင်ကိုယ်တိုင်လည်းဝင်ရောက်ဆွေးနွေးနိုင်ပါသည်.

Reply
 
Bookmark and Share တန်ဆာပလာများ ဖော်ပြမှုပုံစံ
Old 19-08-2010, 04:09 PM
  post #1
kyaukphyu
အထူးအသင်းဝင်
 
kyaukphyu's Avatar
 
အသင်းဝင်နေ့စွဲ: Nov 2008
ရေးသားချက်များ: 472
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1,327
ပို့စ် 451 ခုအတွက် 3,289 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
kyaukphyu is on a distinguished road
ဘာလို့ Ubuntu သုံးသင့်လဲ ..??

Ubuntu သုံးသင့်တဲ့ အချက် (၁၀)ချက်လောက် ပြောပြပေးပါခင်ဗျ။

1. Without Partitioning (With Wubi)

Ubuntu တင်ဖို့အတွက် သီးသန့် Partition မလိုပါဘူး။ Windows ထဲမှာ 4GB လောက် နေရာလွတ်ရှိရင် Google Talk ကို အင်စတော လုပ်သလိုပဲ လွယ်လွယ်ကူကူ ထည့်သွင်း အသုံးပြု နိုင်ပါတယ်။ မကြိုက်ရင်လဲ ပြန်ဖြုတ်ပစ်ဖို့ Windows ထဲမှာ Ubuntu Uninstaller ကို ထည့်သွင်း ပေးသွား ပါလိမ့်မယ်။ Ubuntu ကို Wubi နဲ့ သွင်းရင် Restart မချခင် ၅ မိနစ်လောက် အပါအဝင် ၁၅ မိနစ်နဲ့ မိနစ် ၂၀ ကြားမှာပဲ အသုံးပြုဖို့ အဆင်သင့် ဖြစ်နေ ပါလိမ့်မယ်။ Partition နဲ့တင်ချင်တာ မရှိတော့လို့ ဆိုပြီးလဲ စိတ်မပျက်ပါနဲ့ လက်ရှိ Partition တွေထဲက လွတ်နေတဲ့ နေရာတွေစုပြီး Partition အသစ် ဖန်တီးဖို့အတွက် Drag and Drop ပါပဲ။ လက်ရှိ Data တွေကိုလဲ မထိခိုက် စေပါဘူး။ Ubuntu မှာ လက်ရှိ သုံးနေတဲ့ Partition ကို Size ပြောင်းလဲနိုင်တဲ့ Disk Utility ပါပါတယ်။ မိမိစက်ရဲ့ HDD ကို အသေးစိတ် ကြည့်နိုင်ပါတယ်။ ပြုပြင် ပြောင်းလဲ နိုင်ပါတယ်။ Windows ရဲ့ Disk Management ထက် အများကြီး သာပါတယ်။

2. Activation

Activation လုပ်စရာ မလိုပါဘူး။ Windows ကို Crack တော့ လုပ်ပေးမှ ကူးယူ သုံးစွဲနိုင်တာပါ။ ဝယ်သုံးလဲ Activation လုပ်ပေး ရပါမယ်။ Ubuntu ရဲ့ ဘယ်အမျိုးအစား ဘယ် Version မှာ Activate လုပ်စရာ မလိုပါဘူး။ အခမဲ့ မှာထားတဲ့ အခွေ ဒီရောက်လာလဲ ဒီတိုင်း သုံးနိုင်ပါတယ်။
3. Customization
Mac Style ကြိုက်လား Windows 7 ကြိုက်လား အဲတာတွေ သုံးချင်စိတ် မရှိလို့ ဆိုရင်လဲ ကိုယ်ပိုင် ဒီဇိုင်းတစ်ခု လုပ်နိုင်တာက Ubuntu ရဲ့ လူကြိုက် များတဲ့ တစ်ချက်ပါ။ Mac ရဲ့ Dock နဲ့ Windows 7 ရဲ့ Themes, Menu တွေသုံး ပြီးမှ Ubutnu icon နဲ့ထားတဲ့ OS တစ်ခုကို သာမန် User တစ်ယောက်က ဖန်တီး နိုင်တယ်။ ပြီးရင် ကိုယ်ပိုင် OS လို CD ထုတ်ထားပေါ့။ ဘယ်စက်မှာ မဆို ပြန်တင်ပြီး အဲဒီ ပုံစံအတိုင်း ရယူ နိုင်မယ်လေ။ YLMF လဲ Windows Xp ပုံစံအတိုင်း ရအောင် အဲလို လုပ်ထားတဲ့ Ubuntu OS ပါပဲ။

4. Virus

Virus မရှိဘူး ဆိုရင်တော့ လိမ်တာပဲ။ Linux မှာ Virus ရှိတယ်။ ဒါပေမယ့် Windows ရဲ့ Virus တွေက File System မတူတဲ့ Linux ကို မကိုက် နိုင်ဘူးလေ။ Linux အတွက် Virus သီးသန့် ရေးရတာဆိုတော့ စီးပွားလဲမဖြစ် လူလဲ အမြင် ကပ်နိုင်တာမို့ Linux အတွက် သိပ်မရေး ကြဘူး။ ၂၀၀၅ စစ်တမ်းအရ Windows Virus ၂၀၀၀၀ ဆိုရင် Linux Virus က ၁ တဲ့။ အော် Windows မှာ Virus တက်နေရင် Ubuntu CD နဲ့ Live တက်ပြီး Virus တွေကို ဖျက်နိုင် နှိမ်နှင်း နိုင်တယ်နော်။ Avast, AVG, Avira, Panda, BitDefender, NOD32 နဲ့ Cleam တွေက Ubuntu Live CD ဒါမှမဟုတ် USB Stick ထဲကို ထည့်သုံးရုံပဲလေ။
5. Live CD / Live USB
Ubuntu ကို Live အနေနဲ့ သုံးရတာ သိပ်လွယ်ပါတယ်။ Ubuntu OS ကို USB Stick ဒါမှမဟုတ် CD နဲ့ သုံးရင်လဲ Function အပြည့်အဝ သုံးနိုင်တာပါပဲ။ Windows မတက်တော့တဲ့ စက်က Data တွေကို Recovery လုပ်နိုင်ဖို့၊ Virus တက်နေတဲ့ Windows ကို ရှင်းလင်းပစ်ဖို့၊ လက်ရှိ သုံးနေတဲ့ Partition တွေကို ပြုပြင် ပြောင်းလဲနိုင်ဖို့ Ubuntu Live CD ကိုသုံးနိုင်ပါတယ်။ Live လုပ်ဖို့အတွက် ဘာမှ ထွေထွေထူးထူး မလိုပါဘူး။ သူ့ Original CD ကကို Live အနေနဲ့ သုံးနိုင်တယ်။ အဲဒီ OS ထဲမှာကို live USB လုပ်နိုင်မယ့် Application လဲ ပါပြီးသားဗျ။ System -> Administration -> USB Creator ဆိုပြီး ရှိနေပါတယ်။ Live ကနေ application တွေကို အသုံးပြုနေပြီး Document တွေ photo တွေကို ဖန်တီး ပြုပြင်နေရင်း မိမိစက်ထဲကို Installation လုပ်နိုင်တဲ့ OS တစ်ခုကို အကြောင်းသိတွေ ကြိုက်ကြပါတယ်။

6. Hardware support

Windows XP ကို 45 မိနစ်ကျော်ကြာ တင်ပြီးရင် အသံပိုင်းဆိုင်ရာ ရုပ်ထွက် ပိုင်းဆိုင်ရာ Audio, Graphic Driver တွေ ထပ်သွင်းပါ။ ပြီးမှ Software တွေသွင်းပေါ့။ Windows 7 မှာ အချိန် အဲလောက် ကြာကြာ Install မလုပ်ရပေမယ့် သူ့အတွက် Support မလုပ်လို့ Printer Driver ကို ခက်ခက်ခဲခဲ ရှာကြည့် ဖူးပါလိမ့်မယ်။ ရှာရခက်တဲ့ Windows Driver တွေကို Ubuntu မှာ တန်းသိ တာကတော့ သုံးစွဲသူတွေ အကြိုက် ဖြစ်စေမယ့် တစ်ချက်ပါပဲ။ Ubuntu မှာ Install လုပ်ပြီးတာနဲ့ Audio Driver ကိုသိပြီးသားပါ။ Graphic ကတော့ Intel နဲ့ nVidia တွေကို သိပါတယ်။ ATI အတွက်နဲ့ နောက်ဆုံးထုတ် nVidia တွေအတွက် လောက်ပဲ Driver ကို Download လုပ်စရာ လိုပါတယ်။ သာမန် Driver တွေအပြင် Windows 7 မသုံးနိုင်တဲ့ Printer တွေရဲ့ ၇၅% ကို Ubuntu မှာ ဘာမှ လုပ်ပေးစရာ မလိုပဲ လွယ်လွယ်ကူကူ သိနေပါတယ်။ USB headset, Printer, Fax, Blue-tooth စသဖြင့် Windows မှာ ထပ်ထည့်ပေးရတဲ့ Driver တွေကို Ubuntu မှာ ဒီအတိုင်းသိပါတယ်။ Mobile ဖုန်းတစ်လုံးကို Windows မှာ ဒီအတိုင်း ချိတ်လို့ရတယ် ဆိုရင် USB Storage အနေနဲ့ပဲ မြင်နိုင်ပါတယ်။ Ubuntu မှာတော့ Firmware ကိုပါ သိနိုင်တယ်။ Hardware လိုအပ်ချက်လဲ အရမ်း နည်းပါးပါတယ်။ Windows 7 အတွက်
HDD 20 GB
RAM 1 GB
CPU 1 GHz
Graphic DirectX 9 graphics device with WDDM 1.0 or higher driver
အနည်းဆုံးလိုအပ်ပါတယ်။ Ubuntu အတွက်ကတော့
HDD 5 GB
RAM 512 MB
CPU 1 GHz
Graphic 1024786 (Desktop Virtual Effect Enable for GPU)
အနည်းဆုံးလိုပါတယ်။ စက်အသစ် တစ်လုံး ဝယ်စရာမလိုပါဘူး။ လက်ရှိ စက်မှာတင် ဘာမှ ထပ်မံ တိုးမြှင့်စရာမလိုပဲ စမ်းသပ်လို့ ရရှိနိုင်တာမျိုးပါ။

7. Update and Upgrade

Ubuntu 9.04 ကနေ 9.10 ကို Upgrade လုပ်ချင်ရင် Alternative CD ရှိပါတယ်။ Alternative CD နဲ့ Upgrade လုပ်မယ်ဆိုရင် OS အဟောင်းပေါ်က ဖိုင်တွေ အသုံးချ ဆော့ဝဲတွေကို ဒီအတိုင်း OS အသစ်ပေါ်မှာ ပြန်မြင်ရမှာပါ။ Windows XP ကနေ 7 ကို Upgrade လုပ်မယ် ဆိုရင်တော့ အနည်းဆုံး ၄ နာရီလောက် ကနေ နာရီ ၂၀ ကြာနိုင်ပါတယ်တဲ့။ Page Maker လို ဆော့ဝဲတွေလည်း အဆင်ပြေပြေ ပါမလာနိုင်ပါဘူး။ ၆ လ တစ်ကြိမ်ထုတ်တဲ့ Ubuntu Version တိုင်းမှာ Alternative အနေနဲ့ ထုတ်ပေး ထားပါတယ်။ နောက်ပြီး Windows XP ကနေ 7 ကို Upgrade လုပ်မယ်ဆိုရင် USB Storage ဒါမှမဟုတ် အခြား ကွန်ပျူတာ တစ်ခုခုနဲ့ Network ချိတ်ဆက်ပြီး Backup လုပ်ဖို့ လိုပါလိမ့်မယ်။ Ubuntu ကတော့ မလိုပါဘူး။ တကယ်လို့ Ubuntu ကို OS အသစ် တစ်ခုအနေနဲ့ Upgrade မလုပ်ပဲ Kernel လို့ခေါ်တဲ့ Linux ရဲ့ အဓိက အပိုင်းပဲ Upgrade လုပ်မယ် ဆိုလဲရပါတယ်။ Software တွေပဲ Upgrade လုပ်ချင်လဲ ရပါတယ်။ Ubuntu Updater က အင်တာနက်နဲ့ချိတ်ဆက်တိုင်း Software တွေ Kernel တွေအသစ်ရှိမရှိ ကိုယ့်ကို အကြောင်းကြား နေမှာပါ။ ကိုယ်ကြိုက်တဲ့ အပိုင်းပဲ Upgrade လုပ်နိုင်ပါတယ်။ OS ကို Upgrade မလုပ်လဲ LTS လို့ခေါ်တဲ့ Ubuntu Long Term Support တွေဆိုရင် Desktop ကို ၃ နှစ် Server ကို ၅ နှစ် အထိ တရားဝင် Update တွေ ထုတ်ပေးနေမှာပါ။

8. Re-Install but Without Losing Your Data

Ubuntu ကို ဖိုင်တစ်ခုခု မှားဖျက်မိလို့ OS မတက်တော့တဲ့အထိ ကိုယ်တိုင် လုပ်ပစ်နိုင်သလား ? ဟုတ်ကဲ့လို့ပဲ ဖြေရမှာပဲ Virus တွေ မကိုက်ပေမယ့် အရေးကြီးတဲ့ System File တွေကို root အနေနဲ့ သုံးပြီး ဖျက်ပစ်ရင် တကယ် ဖျက်မလားတောင် ပြန်မမေးပဲ ခွင့်ပြု ပေးလိမ့်မယ်။ Windows မှာတော့ Administrator အနေနဲ့တောင် ဖွင့်မကြည့်နိုင်တဲ့ ဖိုင်တွေ ရှိတယ်နော်။ Free and Open Source ဆိုတာ အဲတာကို ပြောတာပါ။ အခမဲ့ရတာကို ဆိုလိုတာ မဟုတ်ဘူး။ လွတ်လွတ်လပ်လပ်ကို လုပ်ပိုင်ခွင့် ပေးထားတာကို ပြောတာပါ။ အဲဒီတော့ ဖျက်မိလို့ OS မတက်တော့ဘူး ဆိုပါဆို့။ Ubuntu ကိုပြန်တင်လိုက်ပါ။ နဂို / (root) မှာပဲ ပြန်ရွေးပါ။ Format ကို မရွေးချယ်ခဲ့ပါနဲ့။ အရင် Data တွေနဲ့ OS ကို ပြန်ရပါပြီဗျာ။

9. Access More than 4GB RAM

Windows XP ပဲဖြစ်ဖြစ် Windows 7 ပဲဖြစ်ဖြစ် 32 bit မှာ 4GB RAM တင်သုံးတဲ့ လူတွေတွေ့ဖူးမှာပါ။ 64 Bit မှာတော့ သူတို့သုံးထားတဲ့ RAM တွေဟာ ကောင်းကောင်း အလုပ်လုပ် မှာပေါ့ဗျာ။ အဲ 32 Bit Windows တွေမှာတော့ 3GB ထက်ပိုပြီး လက်မခံနိုင် မသိနိုင်ပါဘူး။ Ubuntu မှာ PAE Kernel ကို RAM 3GB ထက်ကျော်ရင် သုံးပါ။ Squid အတွက် အကောင်းဆုံး Cache Server ဖြစ်ဖို့ Memory 8GB ထည့်ပေးမယ် ဆိုလည်း ရပါပြီ။ 32 bit Windows တွေရဲ့ ပိုနေတဲ့ 1GB အတွက် ဘာမှ လုပ်မပေးနိုင်တာ နှမျှောစရာပဲ။

10. Ready Made OS

Windows XP မှာလဲ Internet Explorer ပါတာပဲဗျာ။ Windows နဲ့လဲ အင်တာနက်သုံးနိုင်တာပေါ့။ ဒါပေမယ့် Gtalk နဲ့ Yahoo Messenger ကိုတော့ထပ်သွင်းရမှာပါပဲ။ Ubuntu မှာတော့ Gtalk Yahoo စသဖြင့်သုံးနိုင်တဲ့ Empathy ဆိုတဲ့ Instant Messenger / Mozilla Firefox / Open Office (same Word/Excel/PowerPoint) / Disk Utility / Audio Player / Video Player / စသဖြင့် အကုန်ပါဝင်ပြီးသားဖြစ်ပြီး Internet အတွက်လဲ တကယ့် အဆင်သင့် OS တစ်ခုဖြစ်ပါတယ်။
http://www.osnews.com/story/23132/10...r_Than_Windows
http://thepcspy.com/read/10_reasons_..._than_windows/
http://popey.com/blog/2010/03/11/why...-than-windows/
http://www.scribd.com/kokoye2007
http://lifehacker.com/195437/hack-at...pps-and-tweaks
http://www.makeuseof.com/tag/10-appl...tu-lucid-lynx/
http://www.makeuseof.com/tag/8-power...linux-machine/

ကျနော် ဒီ(၁၀) ချက်ကိုယ် သဘောကျလို့ ကျနော့်စက်ထဲမှာ သိမ်းထားခဲ့ဒါပါ..ဒါပေမဲ့လို့ ခုက လိုက်သုံးတဲ့ သူတွေ လိုက်လုပ်တဲ့သူတွေရှိလာပြီဆိုတော့ သိထားသင့်သလို သိလည်းသိသင့်တယ် ထင်လို့ပါဗျာ..ကျနော် တို့ ဒီ(၁၀) ချက်က ကိုကိုရဲ ကိုယ် အင်တာဗျူးတုန်း ဖြေထားတဲ့ (၁၀) ချက်ဖြစ်ပါတယ်.. Ubuntu သမိုင်း ကြောင်း ကိုယ်လည်းအဲဒီမှာ အတိုချုံး ဖတ်ကြည့်ကြပါအုံးဗျာ..

Credit link

အင်တာဗျူးလုပ်ပေးတဲ့ ကိုသီဟရော ဖြေပေးတဲ့ ကိုကိုရဲ ကိုယ်ပါ ကျေးဇူးအထူးတင်ပါတယ်ဗျာ..

အားလုံးဘဲအဆင်ပြေပါစေ..
kyaukphyu is offline   Reply With Quote
အောက်ပါအသင်းဝင် 20 ဦးတို့မှ kyaukphyu အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Reply

Tags
ubuntu faqs, ubuntu guide, ubuntu knowledge

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !

အခြားဆင်တူဆွေးနွေးချက်များ
ဆွေးနွေးချက် စတင်ရေးသားသူ ကွပ်ပျစ်ဝိုင်း ပြန်စာများ နောက်ဆုံးပို့စ်
Ubuntu တင်ပြီး ဘာဆက်လုပ်မလဲ ?? KznT Linux များ (သို့) Linux နှင့်ဆိုင်ရာများ 14 29-12-2011 12:05 PM
ပြောင်းလဲနိုင်သော Ubuntu applications များ KznT Linux များ (သို့) Linux နှင့်ဆိုင်ရာများ 7 02-08-2011 11:14 PM
Windows ပေါ်မှာ Ubuntulinux ကို ဘယ်လို Install လုပ်ပြီး run မလဲ။ poekaunglay87 Linux များ (သို့) Linux နှင့်ဆိုင်ရာများ 22 24-06-2011 12:52 AM
အလန်းများနှင့် Ubuntu 10.04 KznT Linux များ (သို့) Linux နှင့်ဆိုင်ရာများ 9 22-07-2010 06:18 PM
Software installation in Ubuntu 10.04 LTS KznT Linux များ (သို့) Linux နှင့်ဆိုင်ရာများ 0 08-06-2010 12:14 AM


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 01:55 AM
Inactive Reminders By Icora Web Design