Go Back   မြန်မာမိသားစုဖိုရမ် » ..:: ကွန်ပျူတာနယ်ပယ် ::.. » Linux များ (သို့) Linux နှင့်ဆိုင်ရာများ
မြန်မာလက်ကွက်

Linux များ (သို့) Linux နှင့်ဆိုင်ရာများ Linux OS များအကြောင်း ဆွေးနွေးရန်နေရာပါ.. Linux OS အသုံးပြုပုံများ.. တွေ့ကြုံရသည့်အခက်အခဲများကို ဆွေးနွေးဝေမျှထားသည့်နေရာဖြစ်သလို သင်ကိုယ်တိုင်လည်းဝင်ရောက်ဆွေးနွေးနိုင်ပါသည်.

Reply
 
Bookmark and Share တန်ဆာပလာများ ဖော်ပြမှုပုံစံ
Old 06-06-2010, 12:30 AM
  post #1
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,394 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
Linux အသင်းဝင်တစ်ယောက် အဖြစ်သို့

တကယ်တော့ ကျွန်တော် ဒီအကြောင်းအရာကို ပို့စ်တင်ဖို့ စိတ်ကူးလုံးဝ မရှိပါဘူး - ကိုမြင့်မိုရ်ဆီက စာဝင်လာတော့ သူ့အတွက် ပြန်စာရေးရင်း ရေးရင်းနဲ့ တော်တော်ရှည်သွားပြီး သူ့ဆီ ပို့တဲ့ အခါ ခုလို ပေါ်လာပါတယ်။
Quote:
The text that you have entered is too long (51632 characters). Please shorten it to 50000 characters long.


အဲတာနဲ့ ကျွန်တော်လည်း ဒီမှာပဲ တင်ပြီး ကိုမြင့်မိုရ်ကို ဖတ်ခိုင်းလိုက်တော့မယ်ဆိုပြီး တင်ဖြစ်လိုက်တာပါ။ ကိုမြင့်မိုရ်အတွက်ဆိုပေမယ့် Linux လေ့လာလိုသူတွေအတွက် အတိုင်းအတာ တစ်ခုထိ အကျိုးပြုနိုင်လိမ့်မယ်လို့လည်း ယုံကြည်မိပါတယ်။ အားလုံးပဲ နားလည် ခွင့်လွှတ်နိုင်ကြပါစေ။

Quote:
မင်္ဂလာပါ KznT ခင်ဗျာ ...
ပိုစ်အသစ်မရေးတော့ပဲ အကူအညီတောင်းရလို့ စိတ်တော့မရှိပါနဲ့ဗျာ ..
မင်္ဂလာပါ ကိုမြင့်မိုရ်ခင်ဗျာ -
လုံးဝ စိတ်မရှိပါဘူး - အဆင်ပြေသလို အကူအညီတောင်းနိုင်ပါတယ် - ကျွန်တော်ကလည်း တတ်စွမ်းသရွေ့ကူညီချင်ပါတယ်

Quote:
ကျွန်တော်ကတော့ ကို KznT ရဲ့ Linux ( Ubuntu ) ကို လေ့လာရင်း စိတ်ဝင်စားလို့ပါ ...
ဟုတ်ကဲ့ ကျွန်တော်လည်း Linux ( Ubuntu ) ကို လေ့လာရင်း Users တစ်ယောက်အတွက် တကယ်ကို အသုံးတဲ့မယ့် OS တစ်ခုပါလားဆိုတာ သဘောပေါက်မိလို့ မြန်မာမိသားစုထဲက Linux နဲ့ စိမ်းတဲ့သူတွေ စမ်းသပ်လေ့လာနိုင်အောင် ဖြည်းဖြည်းချင်း မိတ်ဆက်ပေးနေတာပါ - ကိုမြင့်မိုရ်လည်း သတိထားမိတဲ့ အတိုင်း Ubuntu ဆိုတာ လူသုံးနည်းတော့ တော်တော်များများကလည်း ပို့စ်ဘယ်လောက်တက်တက် စိတ်မဝင်စားကြပါဘူး - ကျွန်တော် အချိန်ကုန်ခံပြီး ရေးပေးတဲ့ အကြောင်းအရာတစ်ခုကို စိတ်ဝင်တစား ရှိလာတဲ့ အတွက် ကြိုဆိုပါတယ် - ကျေးဇူးလည်း တင်ပါတယ် - တဆက်တစပ်တည်း ပြောပြချင်တာက ကျွန်တော်ကိုယ်တိုင်လည်း လေ့လာသူ တစ်ယောက်ပါပဲ - ကျွန်တော့်ကို အရာရာသိနားလည်သူလို သတ်မှတ်မယ့် အစား ကိုမြင့်မိုရ် ကိုယ်တိုင်လည်း Ubuntu ကိုလေ့လာကြည့်ပါ - ပြီးရင် မိသားစုထဲမှာ နိုင်သလောက်လေး ဝင်ဆွေးနွေးပေးပါ - ကျွန်တော် မသိသေးတာတွေ ကိုမြင့်မိုရ် ဖတ်ဖြစ်တဲ့ ထဲက ကျွန်တော် ပညာရနိုင်သလို - ကျွန်တော်ဖတ်ဖြစ်တာထဲက ကိုမြင့်မိုရ် မသိသေးတာတွေလည်း တွေ့ရှိကောင်းတွေ့ရှိနိုင်ပါတယ် - ကျွန်တော့် အနေနဲ့ Ubuntu ကိုလေ့လာချင်တဲ့ ကိုမြင့်မိုရ်အတွက် လေ့လာသင့်မယ့် ကျွန်တော်သိသလောက် နေရာတွေ လမ်းညွှန်ပေးပါ့မယ်။

Quote:
ဟိုတလောကတော့ စက်ထဲမှာ ခဏ install လုပ်ပီး သုံးကြည့်သေးပါတယ် ဒါပေမဲ့ Refresh တောင်မပေးတတ်လို့ ပြန်ဖြုတ်လိုက်ပါတယ် .. အခုတော့
တကယ့် Linux ( Ubuntu ) အစစ်ကို သုံးချင်လာလို့ပါ ..
ဒီပြဿနာရဲ့ အရင်းအမြစ်က Linux basic ပါ ကိုမြင့်မိုရ် - ကျွန်တော်ကိုယ်တိုင်လည်း စသုံးခါစက ဘာတစ်ခုမှ ကောင်းကောင်း မသိခဲ့ပါဘူး - အဲတာနဲ့ အင်တာနက်တွေထဲ လိုက်ကြည့် - ဖိုရမ်တွေထဲ လိုက်ကြည့် - Linux နဲ့ ဆိုင်တဲ့ အကြောင်းအရာတွေတော့ တွေ့တယ် - but သူတို့ ပြောတာတွေက basic မကျဘူး - ဆိုလိုတာ windows မသုံးဖူးတဲ့ သူတစ်ယောက် Windows 7 backup လုပ်ငန်းစဉ် ဖတ်ရသလို ဖြစ်ခဲ့ဖူးပါတယ် - Linux ကို အခြေခံကျကျ ဖော်ပြတဲ့ ( ဆိုလိုတာ မလေ့လာဖူးသူတစ်ယောက်ကို ဘယ်ကနေ စဆိုတာကို မြန်မာလို အစီအစဉ်တကျ သပ်သပ်ရပ်ရပ်ဖော်ပြတဲ့ ) ဆိုဒ်မျိုးတွေ ကျွန်တော် မသိခဲ့ဘူး - ကျွန်တော် စလေ့လာတော့ စလုံးရေ စပြီး အင်္ဂလိပ်ဆိုဒ်တွေ လိုက်ဖတ်ရ - Linux နဲ့ ဆိုင်တဲ့ အင်္ဂလိပ်စာအုပ်တွေ ဖတ်ရနဲ့ အချိန်တော်တော် ကုန်ခဲ့ပါတယ် - ဆရာလည်း မရှိပါဘူး - အင်္ဂလိပ်စာအုပ်တွေ - websites တွေ နဲ့ Linux အသုံးပြုပုံလေးတွေ - ကြုံတွေ့နိုင်မယ့် အခက်အခဲလေးတွေကို အနည်းအကျဉ်း ဖော်ပြထားတဲ့ မြန်မာဆိုဒ်တွေဆိုတာ ကျွန်တော့် ဆရာတွေပါ - လတ်တလော အနေနဲ့ ကျွန်တော် ရေးလတ်စ " အားလုံးအတွက် Ubuntu ( Linux ) " ဆိုတဲ့ ခေါင်းစဉ်ကို ကိုမြင့်မိုရ် မဖတ်ခဲ့ရသေးရင် ဖတ်စေချင်ပါတယ်။ သိပ်အပြည့်အစုံကြီး မဟုတ်ပေမယ့် ကနဦး လေ့လာသူတွေအတွက် ကျွန်တော် ဖန်တီးထားတာမို့လို့ အခြေခံလေးတွေ တွေ့ရှိနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ကိုမြင့်မိုရ်အနေနဲ့လည်း Linux ကို လေ့လာမယ်ဆိုရင် ၃၀ % လောက်တော့ နားလည်သူတွေကို အားကိုးနိုင်ပြီး ၇၀ % လောက်တော့ ကိုယ့်အားကိုယ်ကိုးရမှာပါ - ဒါက Linux ရဲ့ အားနည်းချက်ပါပဲ - ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်အပေါ်မှာ ပြောခဲ့သလို Linux နဲ့ ပတ်သတ်ပြီး ဝေမျှတဲ့သူ ဆိုတာ တော်တော်လေးနည်းနေပါသေးတယ် - တကယ်နားလည်တတ်ကျွမ်းသူတွေ ရှိပေမယ့်လည်း တစ်ချို့ကျတော့ မျှဝေဖို့ စိတ်မဝင်စားကြတာ တွေ့ရပါတယ် - Windows မှာတော့ လူသုံးလည်း များသလို လေ့လာသူလည်း များတာကြောင့် အခက်အခဲ တစ်ခု ဖြစ်ရင် တစ်ယောက်မဟုတ် တစ်ယောက် ဝင်ပြီး ဖြေရှင်းပေးနိုင်ကြတာ များပါတယ် - Linux မှာတော့ စာဖတ်မှ ရမှာပါ - အဲ့အတွက် ပထမဆုံး လုပ်ဆောင်သင့်တာကတော့ ကျွန်တော်တို့ရဲ့ မြန်မာမိသားစုမှာသာမက အောက်ဖော်ပြပါ ဖိုရမ်တွေမှာ အသင်းဝင်ဖြစ်ဖို့ အရင်ကြိုးစားထားသင့်ပါတယ် - လူတစ်ဦးတစ်ယောက်ကို အကူအညီတောင်းနေဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး - အဲတာကြောင့် ဖိုရမ်တော်တော်များများမှာ members ဖြစ်ထားခြင်းအားဖြင့် မိမိသိချင်တဲ့ အကြောင်းအရာကို အချိန်တိုအတွင်း ထိထိရောက်ရောက် ကိုမြင့်မိုရ်သိရှိနိုင်ပါလိမ့်မယ်။
  1. http://www.myanmaritpro.com/
  2. http://www.technical-seven.com/forum/
  3. http://www.mysteryzillion.org/forums/
  4. www.myanmarengineer.org/
  5. http://ubuntu4mm.secretstories.org/forum.htm

တစ်ခြား ဖိုရမ်တွေ ရှိသေးပေမယ့် active သိပ်မဖြစ်လို့ မဖော်ပြတော့ပါဘူး။

ဒီအောက်က ဆိုဒ်တွေကတော့ Linux နဲ့ပတ်သတ်ပြီး မဖြစ်မနေ ဖတ်ကို ဖတ်ရမယ့် မြန်မာဆိုဒ်တွေ ဖြစ်ပါတယ်။ ဒီဆိုဒ်တွေမှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေကို လေ့လာထားမှ Ubuntu ( linux ) ကို စတင်အသုံးပြုတဲ့ အချိန်မှာ ဘယ်ဟာအတွက် ဘာလုပ်ရမယ်ဆိုတာ ကိုမြင့်မိုရ် အချိန်တိုတိုအတွင်း နားလည်နိုင်ပါလိမ့်မယ်။
  1. http://www.ubuntu4mm.org/
  2. http://www.ubuntu-myanmar.org/
  3. http://box02blog.wordpress.com/
  4. http://www.saturngod.net/tag/linux
  5. http://www.myanmartutorials.com/ ( Myanmartutorials က Linux နဲ့ပတ်သတ်ပြီးတော့တော့ သိပ်ဆက်စပ်မှု မရှိပါဘူး - ဒါပေမယ့် သူ့မှာ တင်ပြထားတဲ့ အတွေးအခေါ်ဆောင်းပါးလေးတွေက တော်တော်လေး ကောင်းပါတယ် - ကွန်ပြူတာ လေ့လာသူ တစ်ယောက် အနေနဲ့ မဖြစ်မနေ ဖတ်သင့်ပါတယ်။ )
  6. http://mmshare.org/ ( သူလည်း Myanmartutorials လိုပါပဲ - ကွန်ပြူတာ လေ့လာသူ တစ်ယောက် အနေနဲ့ ဖတ်သင့်တဲ့ Site ကောင်းတစ်ခုပါ။ )

Quote:
ကျွန်တော့်စက် စ ဝယ်လာတုန်းက Linux Ubuntu နဲ့ပါ .. စက်နဲ့အတူ Ubuntu 9.04 Desktop Edition DVD အခွေတစ်ခွေပါလာပါတယ် .. တစ်ခါမှတော့ မသုံးကြည့်ရသေးပါဘူး ....
ခုနောက်ဆုံးထွက် Ubuntu version က Ubuntu 10.04 LTS (Lucid Lynx) ကိုရောက်နေပါပြီ - ကိုမြင့်မိုရ် - သုံးမယ်ဆိုရင် Ubuntu 9.04 Desktop Edition DVD အစား ခုနောက်ဆုံးထွက်လေးကိုပဲ သုံးစေချင်ပါတယ်။ ဘယ်လိုရယူနိုင်မယ်ဆိုတာကတော့ ကျွန်တော်အပေါ်မှာ ပြောခဲ့တဲ့ ကျွန်တော် ရေးလတ်စ " အားလုံးအတွက် Ubuntu ( Linux ) " ဆိုတဲ့ ခေါင်းစဉ်ကို သေသေချာချာ ဖတ်ကြည့်ပြီးရင် သိရှိနိုင်ပါလိမ့်မယ်။

Quote:
နောက်ပိုင်း OS တွေ တစ်ခုပီးတစ်ခု ပြောင်းသုံးကြည့်ပါတယ် ... တစ်ခုမှ အဆင်မပြေလို့ .....ဝင်းဒိုး ၇ ကျတော့ အသံနဲ့ ညိတယ် Vista , Vortex ကျတော့လည်း မိုက်ကရိုဖုန်း အသံချိန်းလို့မရဘူး ... အဲ့ဒါကြောင့် စက်အတွက် သီးသန့်ဖြစ်တဲ့ Linux နဲ့ဆိုရင် အဆင်ပြေမယ်ထင်လို့ပါ ...
ကျွန်တော့် အနေနဲ့ လတ်တလော အကြံပြုနိုင်တာကတော့ ကိုမြင့်မိုရ်ဟာ အခုသုံးနေတဲ့ laptop ကို ဘယ်လို ရည်ရွယ်ချက်နဲ့ အသုံးပြုနေလဲ ဆိုတာ ပေါ်မူတည်ပြီးပဲ အကြံပြုမှ ဖြစ်မှာပါ - ဆိုလိုတာက ကိုမြင့်မိုရ်ဟာ ကျောင်းသား - သို့မဟုတ် - လုပ်ငန်းတစ်ခုခုမှာ ကွန်ပြူတာနဲ့ အသုံးပြု လုပ်ကိုင်နေသူ တစ်ယောက်ဖြစ်မယ်ဆိုရင် Linux ကို အပြီးအပိုင် ကူးပြောင်းဖို့ အကြံမပေးလိုပါဘူး - ဘာကြောင့်လဲ ဆိုတာ ဥပမာ အနေနဲ့ ပြောရရင် ကျောင်းသားတစ်ယောက် ဖြစ်မယ်ဆိုရင် ကျောင်းမှာ Project အတွက် Assignment အတွက် စသဖြင့် အသုံးပြုတဲ့ applications တွေဟာ Windows apps တွေ အများဆုံး ဖြစ်နေတတ်ပြီး Linux ကို အခုမှ စပြီး အသုံးပြုမယ့် ကိုမြင့်မိုရ်အတွက် Linux က ဘယ် apps ဟာ windows က ဘယ် apps နဲ့ လုပ်ဆောင်ပုံချင်းတူတယ်ဆိုတာ မသိရှိနိုင်ပဲ အခက်အခဲ ဖြစ်မှာ စိုးလို့ပါ - လုပ်ငန်းပိုင်းဆိုင်ရာ ဆောင်ရွက်နေသူဆိုရင်လည်း ထိုနည်းလည်းကောင်းပါပဲ - ဒါကြောင့် ဖြစ်နိုင်ရင် Windows 7, vista, XP သုံးရတာ အဆင်မပြေလို့ Linux ပြောင်းသုံးမယ် ဆိုတာထက် Windows နဲ့ Linux ကို ( Dual Boot ) ယှဉ်လျက်တွဲသုံးပြီး အရင်ဆုံး Linux ကို တီးမိခေါက်မိ ဖြစ်သွားစေဖို့ လေ့လာစေလိုပါတယ်။ ဘယ်လိုအသုံးပြုရမယ် - ဘယ်ကောင်တွေကို ဘယ်လို အင်စတော လုပ်နိုင်တယ် ဆိုတာ အရမ်းအပြည့်အစုံကြီး မဟုတ်ပေမယ့် ဒီနေရာလေးမှာ ကျွန်တော်ဆွေးနွေးထားတာ ရှိသလို တစ်ခြားသူတွေ ဆွေးနွေးထားတာတွေကိုလည်း လေ့လာနိုင်အောင် Links တွေချိတ်ပေးထားပါတယ်။ အချိန်တစ်ခု ပေးပြီး ဖတ်ကြည့်ပါ။

Quote:
ကျွန်တော့်ကို အကြံဥာဏ်လေးပေးပါအုံး ခင်ဗျာ .. ကျွန်တော်လည်း Linux အဖွဲ့ဝင်တစ်ယောက် ဖြစ်ချင်ပါတယ် ...
နောက်ဆုံး ကျွန်တော်ပေးနိုင်မယ့် အကြံတစ်ခုကတော့ Ubuntu ( Linux ) ထဲကို ဝင်ရောက်တော့မယ့် Linux user တစ်ယောက်အတွက် မဖြစ်မနေ အသင်းဝင် ဖြစ်ထားရမယ့် နေရာတစ်ခုရှိပါတယ်။ အဲတာကတော့ http://ubuntuforums.org/ ဖြစ်ပြီး ပြဿနာရပ်တိုင်းကို အမြန်ဆုံး ဖြေကြားပေးမယ့် နေရာတစ်ခုလည်း ဖြစ်ပါတယ်။ နောက်ထပ် မဖြစ်မနေ သိထားရမယ့် နေရာတွေကတော့ http://wiki.linuxquestions.org/http://www.howtogeek.com/tag/linux/http://www.ubuntugeek.com/http://ubuntuguide.org/နဲ့ https://help.ubuntu.com/ ပါ။ အဲ့နေရာတွေမှာ Linux နဲ့ ပတ်သတ်တဲ့ အခြေခံ အကြောင်းအရာတွေ ၊ Tips and Tweaks တွေတော်တော်များနဲ့ ဘုံအရကြုံတွေ့ရလေ့ရှိတဲ့ အခက်အခဲတွေ ဖြေရှင်းပေးထားတာတွေကို လေ့လာနိုင်ပါတယ်။

ကိုမြင့်မိုရ်အနေနဲ့ စာများများ ဖတ်နိုင်လေ Linux ကို ကောင်းကောင်း အသုံးချနိုင်လေ ဆိုတာ အကြံပြုပြောကြားရင်း ကျွန်တော့် အကြံပြုချက်ကို အဆုံးသတ်လိုက်ပါတယ်။

လေးစားခင်မင်လျှက်

KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 14-03-2011 at 06:44 PM..
KznT is offline   Reply With Quote
Reply

Tags
ubuntu faqs, ubuntu guide, ubuntu howto, ubuntu knowledge

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !

အခြားဆင်တူဆွေးနွေးချက်များ
ဆွေးနွေးချက် စတင်ရေးသားသူ ကွပ်ပျစ်ဝိုင်း ပြန်စာများ နောက်ဆုံးပို့စ်
Torrent ဘာလဲ Torrent ဘယ်လဲ ?? KznT အထွေထွေဗဟုသုတ 27 06-04-2015 01:06 AM
အသင့်တော်ဆုံး Linux OS အား ရွေးချယ်ခြင်း KznT Linux များ (သို့) Linux နှင့်ဆိုင်ရာများ 17 06-06-2013 11:52 AM
အားလုံးအတွက် Ubuntu ( Linux ) KznT Linux များ (သို့) Linux နှင့်ဆိုင်ရာများ 20 02-09-2012 07:18 PM
Linux OS Install လုပ်ဆောင်ခြင်း komyo2010 Linux များ (သို့) Linux နှင့်ဆိုင်ရာများ 6 27-01-2011 06:30 PM
ပီစီအဟောင်းတစ်လုံးကို Linux သုံး၍အသက်ဆက်ခြင်း poekaunglay87 Linux များ (သို့) Linux နှင့်ဆိုင်ရာများ 4 16-10-2008 08:01 PM


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 02:00 PM
Inactive Reminders By Icora Web Design