Go Back   မြန်မာမိသားစုဖိုရမ် » ..:: ကွန်ပျူတာနယ်ပယ် ::.. » Linux များ (သို့) Linux နှင့်ဆိုင်ရာများ
မြန်မာလက်ကွက်

Linux များ (သို့) Linux နှင့်ဆိုင်ရာများ Linux OS များအကြောင်း ဆွေးနွေးရန်နေရာပါ.. Linux OS အသုံးပြုပုံများ.. တွေ့ကြုံရသည့်အခက်အခဲများကို ဆွေးနွေးဝေမျှထားသည့်နေရာဖြစ်သလို သင်ကိုယ်တိုင်လည်းဝင်ရောက်ဆွေးနွေးနိုင်ပါသည်.

Reply
 
Bookmark and Share တန်ဆာပလာများ ဖော်ပြမှုပုံစံ
Old 21-08-2010, 04:14 AM
  post #1
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,394 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
Linux မှာ Gmail Voice နဲ့ Video Chat သုံးနိုင်ပြီ

ဒီနေ့တော့ မနက်ပိုင်းက သိပ်မအားတာနဲ့ ညနေပိုင်းလေးမှ စာလိုက် ဖတ်ဖြစ်ပါတယ်။ သတင်းတွေကတော့ ထူးတယ်ဗျို့ - Linux သမားတွေ Ubuntu သမားတွေအတွက်တော့ ပိုတောင် ထူးတယ်လို့ ပြောရမယ် - အဲ့သီတင်းကတော့ -

ကျွန်တော်တို့ တစ်နေ့ပြီး တစ်နေ့ မျှော်လိုက်ရတဲ့ Gmail Voice နဲ့ Video Chat - အခု Linux မှာ သုံးလို့ ရပါပြီ တဲ့ Ubuntu မှာတင်မက တစ်ခြား Debian-based Linux distributions တွေမှာလည်း သုံးလို့ ရပြီလို့ ဆိုပါတယ်။


အသုံးပြုချင်သူများ Gmail.com/videochat ကိုသွားရောက်ပြီး Plugin ကို Download ချနိုင်ပါတယ်။ လုပ်ထားတာကလည်း သပ်သပ်ရပ်ရပ် .deb package နဲ့ပါဗျာ ကဲ ! ဘယ်လောက်များ ကောင်းလိုက်လဲ


ကျွန်တော်တို့ စောင့်နေတာလည်း ကြာပြီ - သူများတွေ Mac တို့ Windows တို့မှာ ဒီဟာက သုံးနေတာ အိုသေတော့မယ် Linux user တွေ သုံးမရနိုင်လို့ ဘာကြောင့်များ ဒီလောက်တောင် ခက်ခဲနေလဲ ဆိုပြီး သိချင်နေတဲ့ အဖြေကိုလည်း ဒီနေ့ သိလိုက်ရပါတယ်။

Google မှာ engineer အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Justin Uberti ရဲ့ Linux နဲ့ ပတ်သတ်ပြီး ကြုံတွေ့ရတဲ့ အခက်အခဲတွေ အကြောင်း ပြောကြားသွားတာကတော့ -
Quote:
" ကျွန်တော်တို့ ဒီ Release မှာ ရုပ်သံပိုင်း ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အသစ်စက်စက် အားလုံးကို ဖန်တီးနိုင်ဖို့ နည်းပညာရပ်ပိုင်း ဆိုင်ရာ ကျွမ်းကျင်မှုတွေ လိုအပ်ခဲ့ပါတယ်။ နောက်ပြီး 64 bit မှာပါ သုံးနိုင်ဖို့ နဲ့ မရေမတွက်နိုင်တဲ့ Webcam တွေ အားလုံးနဲ့ပါ အရံသင့်သုံးနိုင်အောင်လည်း စီစဉ်ခဲ့ရပါတယ်။ ဒါ့အပြင် Windows နဲ့ Mac versions တွေမှာလိုမျိုး Feature အပြည့်အစုံနဲ့ သုံးနိုင်အောင် အသေးစိတ် ပြင်ဆင် နေခဲ့ရလို့ ကျွန်တော်တို့ အချိန်တွေ အများကြီး ပေးခဲ့ရတာပါ။ ဒါမယ့် ခုတော့ Google Voice နဲ့ Video က Desktop platforms အားလုံးအတွက် ထုတ်လုပ်နိုင်ခဲ့ပြီ မို့လို့ အရမ်းကို ကျေနပ် ပျော်ရွှင်နေမိပါတယ် "
လို့ ဆိုသွားပါတယ်။

သူတို့ကို ကျွန်တော် ပြောချင်တာကလည်း ဘာလောက်ပဲကြာကြာ ခုသုံးရပြီ ဆိုတော့ - ကျေနပ်ပါတယ်ဗျာ - အရမ်းလည်း ပျော်ပါတယ် - ကျေးဇူးလည်း တင်ပါတယ်လို့။

KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 21-08-2010 at 04:20 AM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 15 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Reply

Tags
ubuntu howto, ubuntu knowledge

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !

အခြားဆင်တူဆွေးနွေးချက်များ
ဆွေးနွေးချက် စတင်ရေးသားသူ ကွပ်ပျစ်ဝိုင်း ပြန်စာများ နောက်ဆုံးပို့စ်
Torrent ဘာလဲ Torrent ဘယ်လဲ ?? KznT အထွေထွေဗဟုသုတ 27 06-04-2015 01:06 AM
Run Box ထဲမှာ ရိုက်လို့ရတဲ့ Command များ Zeiya ကွန်ပျူတာဆိုင်ရာတိုလီမုစများ 59 12-07-2013 04:08 PM
အသင့်တော်ဆုံး Linux OS အား ရွေးချယ်ခြင်း KznT Linux များ (သို့) Linux နှင့်ဆိုင်ရာများ 17 06-06-2013 11:52 AM
Gmail မှာ Webcam သုံးချင်ရင်ဒါလေးဖတ်ကြည့် ရန်ရန်လင်း Chat software များဆိုင်ရာ 5 25-12-2008 08:22 PM


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 01:39 PM
Inactive Reminders By Icora Web Design