Old 18-01-2008, 05:14 PM
  post #1
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

Introduction to Networking

ကျွန်တော်အခုဆွေးနွေးသွားမှကတော့ ကွန်ပျူတာမှသည်ကွန်ယက်ဆီသို့
အကြောင်းဘဲဖြစ်ပါတယ်။ကျွန်တော်က အခြေခံကျကျသိရှိအောင်အချိန်အတော်ကြာ
ကြာလေးလေ့လာလိုက်ရပါတယ်။ အားလုံးလိုလိုဟာ အင်တာနက်ကိုသုံးစွဲနေကြပေ
မယ့် ကွန်ရက်မှာကွန်ပျူတာတွေဘယ်လိုအချင်းချင်းချိတ်ဆက်သလဲဆိုတာကိုကျ
တော့ လေ့လာလိုက်စားဘို့အချိန်မရတာလဲပါချင်ပါကြမယ်။ ကျွန်တော် ဆက်လက်
ပြီးဆွေးနွေးသွားမှာပါ။ အခြေခံကျကျ တဆင့်ချင်းကို အသေးစိတ် ဆွေးနွေးသွားမှာ
ပါ။ အခန်းပေါင်း များစွာကနေ ရှူထောင့်မျိုးစုံနဲ့ ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ

ကျွန်တော် ဒီအောက်ပါစာအုပ်များကိုကိုးကားပြီး ဆွေးနွေးသွားမှာပါ

၁) မျိုးသူရ ( ကွန်ပျူတာမှ ကွန်ယက်ဆီသို့ တည်ဆောက်အသုံးပြုခြင်းနှင့် အခြေခံသဘောတရားများ)

၂) ဇော်လင်း (Youth Computer ) ရေးသော ကွန်ပျူတာကွန်ရက်အကြောင်း လေ့လာမှုလမ်းညွှန်

၃) Интернет как это работает ( Алексадр Прохоров)

၎) Основы Работы в Интенете ( Александр Гаевский)


အမှတ်စဉ် ၁ နှင် ၂ ကတော့ မြန်မာပြည်မှ ညီအကိုမောင်နှမ များတို့တွင်
ရှိပြီးနေပါလိမ့်မယ်။ ပြည်ပတွင်ရောက်နေသော ညီအကိုမောင်နှမများတွင်တော့
မရှိနိုင်လောက်ဘူးထင်ပါတယ်။ ကျေးဇူးတင်ပါတယ်

Last edited by Ye Aung; 01-02-2008 at 10:03 PM..
Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင် 71 ဦးတို့မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
ကိုစံငြိမ်း, ကိုမိန်နွယ်, ကွက်တိ, ချယ်ရီမင်း, စည်သူဇော်, ဆန်းမောင်, တီဘွား, နီထွန်းဦး, နီလာချစ်သူ, ဖယောင်း, မင်းမြတ်007, မျိုးမင်းငယ်အောင်, မျိုးဟန်ထက်, ရန်ရန်လင်း, လမင်းမျက်နှာ, ဝင်းကျော်ဦး, ဝင်းအောင်, သက်နိုင်, သက်ပိုင်ဦး, ဟန်နီသူသူ, အပယ်ခံ, အလတ်ကြီး, အလွမ်းမင်းသား, အနိုင်းမဲ့, ဇော်ဘုန်းလှိုင်, နေဦး, နောင် နောင်, မေဦးမွန်, မောင်စိန်ရွှေ, မောင်မိုးအောင်, မောင်သံသရာ, သောကမဲ့မိုးတိမ်, သေးသေးလေး, အောင်မိုးထွန်း, အောင်လံလေး, ၀င်းကျော်စိုး, ဖြိုးယံလေး, aungkohtat, aungphyo, aungzaw, Blackbrother, CICADA, goldstar, hellboy, hightechkey, Htun, kokhing, kokomaung.ko28, kyawswarhein, KznT, linthuraaung, lu soe, minthike, minthumon, moethout, Myanmar_Lycan, nayray, nayzaw3053, nightman, nyowin, Scorpion, smooth gut, Starfire, thanehtunaung, thura.it, thureinsoe, whiteman, yelinoo, zawyehtut, zo
Old 18-01-2008, 05:29 PM
  post #2
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

Network ဘယ်ကစသလဲလို့မေးလာရင်တော့ networkအစကွန်ပျူတာကလို့ပြောရမှာဖြစ်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ ကွန်ပျူတာတွေမပေါ်ခင်တုန်းက network ဆိုတာမရှိခဲ့ပါဘူး နည်းနည်လေးထပ်ပြောရရင်ပထမဆုံးကွန်ပျူတာ တစ်လုံးကိုတီထွင်ခဲ့ချိန်ထိလည်း network ဆိုတာမရှိသေးပါဘူး ဒုတိယမြောက် ကွန်ပျူတာရယ်လို့ပေါ်လာတဲ့အချိန်ကစပြီး တဖက်ကွန်ပျူတာ ထဲမှာ ရှိနေတဲ့ တွေ folder တွေကို မိမိကွန်ပျူတာထဲမှာရှိနေသကဲ့သို့ ထိုင်ရာမထယူငင်အသုံးပြုနိုင်အောင်နည်းလမ်းအမျိုးမျိုးတို့ဖြင့် တီထွင်ကြံဆခဲ့ကြတယ်။
သူ့ရဲ့သဘောကတော့ ရှင်းရှင်းလေးပါဘဲ တဖက်ကွန်ပျူတာထဲမှာ ရှိနေတဲ့ information တွေကို လူကိုယ်တိုင် သယ်ဆောင် ဖလှယ်စရာမလိုဘဲ ဒီဘက်ကွန်ပျူတာကနေထိုင်ရာမထ ဘဲ ယူနိုင်သုံးနိုင်ရင် အဲ့ဒါ network ဖြစ်ပါတယ်။ ထိုကဲ့သို့ information တွေတဖက်နှင့်တဖက် အပြန်အလှန်ဖလှယ်နိုင်အောင် ဘာတွေလိုအပ်သလဲ။ကဲ---ဆက်လက်လေ့လာကြရအောင်။
Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင် 56 ဦးတို့မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
ကိုမိန်နွယ်, ကိုရင်အေးကျော်, ကွက်တိ, ချယ်ရီမင်း, နီထွန်းဦး, ဖယောင်း, ဗညားလေး, မင်းမြတ်007, မိုးမိုး, မျိုးမင်းငယ်အောင်, ရန်ရန်လင်း, လမင်းမျက်နှာ, သက်နိုင်, အနိုင်းမဲ့, နေဦး, နောင် နောင်, မောင်စန်းယု, မောင်စိန်ရွှေ, မောင်မိုးအောင်, မောင်သံသရာ, မောင်ဝင်း, သောကမဲ့မိုးတိမ်, သေးသေးလေး, အောင်မင်းကို, အောင်မိုးထွန်း, အောင်လံလေး, မြတ်လေးငုံ, ၀င်းကျော်စိုး, aries, aungkohtat, aungphyo, Blackbrother, CICADA, hellboy, hightechkey, hninn nu, khinmarsan, kokhing, kokomaung.ko28, linthuraaung, minthike, moh, naynayz, nayzaw3053, nnkpol, nyowin, Scorpion, smooth gut, Starfire, thandaroo, thanehtunaung, thura.it, whiteman, yelinoo, zo
Old 18-01-2008, 05:33 PM
  post #3
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

Network Medium ကြားခံဆက်သွယ်ရေးပစ္စည်းများ

Network Medium ဆိုတာ ကွန်ပျူတာတွေကို ကွန်ရက်ရိုက်တဲ့အခါ ကွန်ပျူတာတစ်လုံးနှင့်တစ်လုံးကိုကြားခံချိတ်ဆက်ပေးတဲ့ပစ္စည်းကိုခေါ်တာဖြစ်ပါတယ်။ဒီကြားခံပစ္စည်းဟာ
Network cable ကြိုးတွေဘဲဖြစ်ပါတယ်။ ၎င်းတို့ဟာ Metallic Cable ဒါမှမဟုတ်Fiber Optic Cable တို့
ဖြစ်ကြပါတယ်။Metallic Cable ဆိုတာ Coaxial Cable နှင့် တယ်လီဖုန်းကြိုးတို့ ဖြစ်ကြပါတယ်။
အဲ့ဒီအပြင်ခုနောက်ပိုင်းတွင် ကြိုးတွေကို အသုံးမပြု တော့ဘဲ Wireless ဆိုတဲ့ ကြိုးမဲ့ကွန်ယက်
တွေကိုလည်း ချိတ်ဆက် အသုံးပြု လာကြပါတယ်။နောက်တစ်ခုက ကွန်ပျူတာတစ်လုံးနှင့်တစ်လုံး
က Network ကြိုးနှင့် ချိတ်ဆက်တယ်ဆိုပေမယ့် ဒီကြိုးတွေ လာရောက်တပ်ဖို့ကကွန်ပျူတာမှာ
NIC ဆိုတဲ့ Network Interface Card (Nerwork Card) တော့ရှိ ရမှာပေါ့ ။ ဒီတော့ ကွန်ပျူတာ
တစ်လုံးနှင့်တစ်လုံးသို့ Network Card တွေ Network ကြိုးတွေ Network ခေါင်းတွေ စတဲ့
Network Medium တွေကို အသုံးပြု ပြီး Data တွေကို Carries လုပ်ကြတာ ဖြစ်ပါတယ်။
Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင် 46 ဦးတို့မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
ကိုစံငြိမ်း, ကိုမိန်နွယ်, ကွက်တိ, ဆန်းမောင်, နီထွန်းဦး, ဖန်ဆင်းရှင်, ဖယောင်း, မင်းမြတ်007, မျိုးမင်းငယ်အောင်, ရန်ရန်လင်း, လမင်းမျက်နှာ, ဝင်းကျော်ဦး, သက်နိုင်, နေမင်းဇွဲမာန်, နေဦး, နောင် နောင်, မောင်စိန်ရွှေ, မောင်သံသရာ, အောင်မင်းကို, အောင်မိုးထွန်း, အောင်လံလေး, မြတ်လေးငုံ, aries, aungphyo, AZM, Blackbrother, carnationflower, CICADA, hellboy, hightechkey, hninn nu, khinmarsan, kokhing, kokomaung.ko28, linthuraaung, minthike, nayzaw3053, nyowin, pyaephyowin21522, Scorpion, smooth gut, thanehtunaung, thura.it, yelinoo, zo
Old 18-01-2008, 05:36 PM
  post #4
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

Network Protocols ဆက်သွယ်ရေးအရာရှိ

ကွန်ပျူတာ တစ်လုံးနှင့်တစ်လုံး Network Card တွေစိုက် Network ကြိုးတွေချိတ် လုပ်လိုက်ရုံနဲ့ Network တစ်ခုဖြစ်မလာပါဘူးcomputer တစ်လုံး communicate ဖြစ်ဖို့ရာ အခြားကွန်ပျူတာတစ်လုံးနဲ့ ချိတ်ဆက်မိသွားဘို့ဆိုတာ rule လေးတစ်ခုလောက် တော့လိုတယ်နော်။ဆိုတာ အခြားတစ်ဘက်က ပြောလိုက်တာကို တစ်ဖက်က ဘယ်လိုဘာသာပြန်လဲပေါ့ နောက်ပြီး တစ်ဘက်နဲ့တစ်ဘက် ဘယ်လို initiate လုပ်ကြလဲပေါ့ ဒီလို Network တစ်ခုမှာကွန်ပျူတာတွေ တစ်လုံးနှင့်တစ်လုံးကြားCommunicate လုပ်ဖို့က ဥပဒေသ တွေ rule တွေပါတဲ့ software တစ်ခုလိုသဗျ။ ဒါဟာဘာလဲဆိုတော့ Protocols ဘဲပေါ့။ Protocols ဆိုတာ ကCommunicate ကိုထိန်းချူပ်ပေးတဲ့ Software တစ်ခု ဖြစ်တယ်။
Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင် 39 ဦးတို့မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 18-01-2008, 06:02 PM
  post #5
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

ဒီတော့ ကွန်ပျူတာတစ်လုံးနှင့်တစ်လုံး ကြိုးလေးချိတ်ဆက်ထားရုံ Network Card တွေ တပ်ထားရုံနဲ့မပြီး ဘဲ Communicate ဖြစ်မြောက်ဘို့အတွက် Protocol ဆိုတာလိုအပ်တယ်။
ဥပမာ--
(၁) TCP/IP (Transmission Control Protocol/ Inernet Protocol)
(၂) NetBEUI( Net BIOS Extend User Interface)
(၃) IPX/SPX (Internetwork Packet Exchange /Sequence Packets Exchange ) စသည်
တို့ဖြစ်ကြတယ်။ တစ်ခြား သုံးတာတွေလည်းရှိပါသေးတယ်။
Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင် 39 ဦးတို့မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 18-01-2008, 06:05 PM
  post #6
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

Network Software ထိန်းချုပ်မည့်စနစ်


Network ကိုကွန်ပျူတာတစ်လုံးနှင့်တစ်လုံးချိတ်ဆက်ထားရုံနဲ့ NIC card တွေတပ်ဆင်ထားရုံနဲ့ နောက် Protocol လေးတင်ထားရုံနဲ့ တင်မရပါဘူး ။ကိုယ်တပ်ဆင်မယ့် Network က Client / Sever Network မျိုး ဆိုရင်ပေါ့။ အဲ့ဒီလိုClient / Sever Network တွေမှာဆိုရင် Network ကြိုးတွေNetwork Card တွေ Network Protocol တွေနဲ့တင်မလုံလောက်တော့ပါဘူး။Network Software ဆိုတာကြီးကလဲလိုလာပြန်ပါတယ်။ အဲ့ဒီNetwork Software ဆိုတာတခြားမဟုတ်ပါဘူး။ Network Operation System (NOS) ပါဘဲ။ဒီ NOS ဟာ ဘယ်ကွန်ပျူတာ၊ဘယ်အသုံးပြုသူ User ကတော့ဖြင့် Network ရဲ့ဘယ် Resoures ကို အသုံးပြုမယ် စတာတွေကို ထိန်းချုပ်ပေးရပါတယ်။ အဲ့ဒီ NOS တွေက တော့ဥပမာအားဖြင့် Microsoft Windows NT,Microsoft Windows Server 2003 စတာတွေပေါ့ ။အဲ့ဒီထဲမှာမှ Windows NT Server ,Windows Server 2003 ,Novell Netware 5.1 တို့ဟာ Serverversion တွေဖြစ်ကြပြီး တဖက်က Client တွေကတော့ Microsoft Windows NT Workstations, Windows 2000 Professional ,Window XP, တို့ဖြစ်နိုင်
ကြပါတယ်။
Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင် 38 ဦးတို့မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 18-01-2008, 06:07 PM
  post #7
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

Network Services ကွန်ရက်ဝန်ဆောင်မှု


Network Services ဆိုတာ ကွန်ရက်က လုပ်ဆောင်ပေးနိုင်တဲ့ ၀န်ဆောင်မှုတွေ ဖြစ်ပါတယ် အဲ့ဒါတွေကတော့
၁) File Services
၂) Print Services
၃) Communication Services
၎) Electronic Mail တို့ဖြစ်ကြပါတယ်။

Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင် 37 ဦးတို့မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 18-01-2008, 06:08 PM
  post #8
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

ဒီ Services တွေကို ဘယ်သူကဘယ်သူ့ကို ပေးသလဲနေတာလဲ။ ဒါလဲသိဖို့လိုတယ်။ဒီတော့ ဒီ နေရာမှာဝန်ဆောင်မှုကို ပံ့ပိုးသူနဲ့ ၀န်ဆောင်မှုကိုတောင်းဆိုတဲ့သူ ဆိုပြီးရှိပါတယ်။ Services Providers နဲ့ Services Requester ပေါ့ဗျာ။ Service Provider ဆိုတာ က၀န်ဆောင်မှုကိုပံ့ပိုးတဲ့သူ ။Services Requester ဆိုတာက ၀န်ဆောင်မှုကို တောင်းဆိုတဲ့သူ အလိုရှိတဲ့သူပေါ့။ ဥပမာပြောရရင် လ္ဘက်ရည်ဆိုင်မှာ ပေါ့ စားသုံးသူလာမယ်။ လ္ဘက်ရည်မှာမယ်။မုန့်မှာမယ်။ ဒါဝန်ဆောင်မှုကိုတောင်းဆိုတာဘဲ။ Services Requester ပေါ့ စားသောက်ဆိုင်က စားသုံးသူကို ပံ့ပိုးပေးရတာဆိုတော့ Service Provider ပေါ့ ။Services Requester တွေက ကြိုက်တဲ့ မုန့်ကိုကြိုက်သလိုမှာစားလို့ရတယ်။ အဲ့ဒီအပြင်မှာစားတဲ့အရေအတွက်ရော မှာ စားတဲ့ဦးရေကောများမှာ ဖြစ်တယ်။ ဒါပေမယ့် လ္ဘက်ရည်ဆိုင်ကတော့တစ်ဆိုင်တည်း ။ ဒီတော့ Services Requester မှာ မှာသမျှ ကိုအားလုံး မလစ်ဟင်းအောင် လုပ်ပေးနိုင်ဘို့က Service Provider ကအင်အားတောင့်တင်းနေမှ ဖြစ်မှာပေါ့။ Service Provider နှင့် Services Requester မှာအောက်ပါတို့ပါဝင်ပါတယ်။

သူတို့ကတော့

၁) Server သူကတော့ Service Provider သက်သက်ပါ
၂) Client သူကတော့ Service Requester သက်သက်ပါ ။ဘယ်သူကိုမှ Service Provider မလုပ်ပါဘူး
၃) Peer သူက တော့ Service Provider လဲလုပ်ပါတယ်။ Service Requester လဲလုပ်ပါတယ်။


Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင် 33 ဦးတို့မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 18-01-2008, 06:10 PM
  post #9
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

Network Types ကွန်ရက်အမျိုးအစားများ


ကွန်ရက်အမျိုးအစားကိုခွဲပြရမယ်ဆိုရင် (၂)မျိုးရှိသဗျ။ အဲ့ဒါကတော့

၁။ Peer to Peer Network

၂။ Client Server Network (Server ကို Based အခြေပြုထားသော Network)

ရယ်လို့ (၂)မျိုး ရှိပါတယ်။ ဒီမှာတော့ ကျွန်တော်က Server Based Network ကိုဘဲ အဓိက ထာားဖော်ပြသွားမှာဖြစ်ပါတယ်။

အဲ့ ဒီ ဆာဗာ နှစ်မျိုးလုံးအကြောင်းကိုမလေ့လာခင့်မှာ Server ဆိုတာဘာလဲ Workstation ဆိုတာဘာလဲ စတာတွေကို တင်ပြချင်တယ်။

Ye Aung is offline   Reply With Quote
Old 18-01-2008, 06:12 PM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

Server ပံ့ပိုးမည့်သူ

Server ဆိုတာဝန်ဆောင်မှု တောင်းဆိုတဲ့သူတွေကို ၀န်ဆောင်မှု ပံ့ပိုး ပေးရတဲ့ အလုပ်တွေကို လုပ် ပါတယ်။ သူကတစ်ဖက် သတ်ပါ။ သူကနေ ၀န်ဆောင်မှု ပြန်မယူပါဘူး သူက ၀န်ဆောင်မှု ပေးတဲ့အလုပ်ကိုပဲ လုပ်ပါတယ်။ ဒါပေမယ့် လ္ဘက်ရည်ဆိုင်ဥပမာအတိုင်း ၀န်ဆောင်မှုကိုတောင်းဆို မယ့်သူ ကတောင်းသလောက် ပေးနိုင်အောင်Server က အင်အားတောင့် တင်းဖို့လိုပါတယ်။ ဥပမာ Multi Processor သုံးဘို့လိုကောင်းလိုမယ်။ RAM က ECC ပါဘို့လိုကောင်းလိုမယ်။ Hard Disk က SCSI ဖြစ် ဖို့လိုကောင်းလိုမယ်။အမြင့်ဆုံးနဲ့ အမြန်ဆုံးဖြစ်ဘို့လိုအပ်ပါတယ်။ အောက်မှာ Server အမျိုးအစားတွေကို ဖော်ပြပေးထားပါတယ်။ Server တစ်မျိုးချင်းစီဟာ သက်ဆိုင်ရာ တာဝန်တစ်ခု ကိုပဲလုပ်ကြပါတယ်။

၁) File Server ဖိုင်များကိုသိမ်းဆည်းပေးထားခြင်း နှင့်တောင်းခံရင်းဖြန့်ဖြူးခြင်း
၂) Print Server ကွန်ရက်မှာရှိတဲ့ Print များကိုထိန်းချုပ်ခြင်းနှင့် အုပ်ချုပ်ခြင်း
၃) Proxy Server တခြား ကွန်ပျူတာကိုယ်စားလှယ် လုပ်ငန်းတွေကို လုပ်ဆောင်ပေးထားပါတယ်။ဆိုလိုတာက ကိုယ်စားလိုဆိုလိုချင်တာပါ။
၎) Application Server -ကွန်ရက်မှာ အသုံးပြုမယ့် Application တွေနဲ့ပတ်သက်လို့ ၀န်ဆောင်မှု ပေးထားပါတယ်။
၅) Web Server - Web Page နဲ့တခြား Web Content တွေကို သိမ်းထားပေးခြင်း နှင့် Hypertext Transfer Protocol (HTTP) ကိုအသုံးပြုပြီးတော့ လိုရာသို့ ပေးပို့ခြင်း။
၆) Mail Server - Email များကိုလက်ခံခြင်းနှင့် ပေးပို့ခြင်းတို့ကို လုပ်ဆောင်ပေးခြင်း။ အဲ့ဒီအပြင် Fax Server ,Remote Access Server ,Telephone Server တို့ဆိုတာရှိပါသေးတယ်။

Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင် 31 ဦးတို့မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 18-01-2008, 06:39 PM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

Workstation တောင်းခံမယ့်သူ

Workstation ဆိုတာ ၀န်ဆောင်မှုတောင်းဆိုတဲ့သူဖြစ်ပါတယ်။ ဒီနေရာမှာ Workstation ဆိုတာနဲ့ Client ဆိုတာကွဲပြားအောင်ပြောဆိုရပါအုံးမယ်။ ကွန်ရက်မှာ ချိတ်ဆက်ထားတာတွေက ကွန်ပျူတာချည်း ပဲဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ကွန်ပျူတာအပြင် ပရင်တာတွေလည်းပါနိုင်တယ်လေ။ ကွန်ရက်တခုမှာ လိုအပ်ချက်တွေကို တောင်းခံသူအားလုံး ဟာ Clientပါ ။ဆိုလိုချင်တာက ကွန်ရက်မှာရှိတဲ့ လိုအပ်ချက်တွေကို တောင်းဆိုသူတိုင်းပါ ။ကွန်ပျူတာ၊ပရင်တာအားလုံးပေါ့ ။ဒါ Client ပဲ။ ဒါပေမယ့် Workstation ဆိုတာကွန်ရက်ထဲက ၀န်ဆောင်မှုကိုတောင်းခံသူ ကွန်ပျူ တာတွေပါဘဲ ကွန်ပျူတာမဟုတ်တဲ့ တောင်းခံသူကိုတော့ Client လို့ခေါ်ပြီးတော့ ကွန်ပျူတာဆိုရင်တော့ Workstaion လို့ခေါ်ပါတယ်။ ဒီတော့ Workstationတိုင်းဟာ Client ဖြစ်တယ်။Client တိုင်းဟာ Workstation မဟုတ်ဘူး။


Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင် 30 ဦးတို့မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 18-01-2008, 06:41 PM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

Peer to Peer Networking ဆိုတာ


Peer to Peer Networking ဆိုတာ ကွန်ရက်အတွင်းမှာရှိတဲ့ ကွန်ပျူတာတွေဟာ တစ်ချိန်မှာ ၀န်ဆောင်မှုကိုတောင်း
ခံပြီးတော့ တစ်ချိန်မှာ သူဟာတစ်ခြားသူတောင်းခံတဲ့ ၀န်ဆောင်မှုကို ပံ့ပိုးပေးတဲ့သူ ဖြစ်နိုင်ပါတယ်။ဆိုလိုတာက
သူလိုနေတဲ့အချိန်မှာ ကိုယ်ကပံ့ပိုးပေးပြီးတော့ ကိုယ်လိုနေတဲ့ အချိန်မှာ ကျတော့ ကိုယ်က ပြန်တောင်းခံရပြန်ကော
ဒီတော့ Peer Network မှာ ကိုယ်က တောင်းခံတဲ့သူလည်းဖြစ်နိုင်တယ်။ ပံ့ပိုးတဲ့သူလည်းဖြစ်နိုင်တယ်။ တောင်းခံတဲ့
အခါကျတော့ ကိုယ်က Client ပေါ့ ပံ့ပိုးတဲ့အခါကျတော့ ကိုယ်က Server ဖြစ်သွားပြန်ရော ။ ဒီတော့ Peer Network
မှာ Decidated Server ဆိုတာမရှိဘူး ။ Decidated Server ဆိုတာ အဲ့ဒီကွန်ပျူတာက တစ်ချိန်လုံး Server အလုပ်
ကြီးကိုဘဲ သက်သက်လုပ်နေတာကို ပြောတာ။အဲ့ဒီလိုမရှိဘူး။တစ်ချိန်မှာ ကိုယ်ကတောင်းခံရင်း Client ဖြစ်သွားသလို
တစ်ချိန်မှာ ကိုယ်က ပံ့ပိုးရင် Server ဖြစ်သွားပြန်တယ်။ ဒါကြောင့် Peer Network ကို Workgroup လို့လဲ ခေါ်တယ်။
ဆိုလိုတာက သူငယ်ချင်းကိုကိုယ်က စာပြပေးတယ်။သူနားမလည်လို့ထားပါတော့ ဒီတော့ကိုယ်က Server တစ်ခါ ၊
ကိုယ်နားမလည် စာကြတော့ ကိုယ်က ပြန်မေးရပြန်ရော။ ဒီအခါကိုယ်က Client ဖြစ်သွား ပြီ။

ဒီတော့ပြောချင်တာက Peer Network မှာ Server ဆိုပြီး သက်သက်မရှိဘူး။စက်တလုံးဟာ Server လည်းဖြစ်သွားနိုင်သလို Client လည်းဖြစ်သွားနိုင်ပါတယ်။ Centralized စနစ်မဟုတ်ဘူး။ ဗဟိုကနေ ထိန်းချုပ်ပေးတဲ့စနစ်မဟုတ်ဘူး ဒီတော့ အသုံးပြုသူ User ဟာ သူ့ကွန်ပျူတာထဲမှာ ရှိတဲ့ Resourse တွေကို အသုံးပြုချင်တယ်ဆိုရင် Local Userဟုခေါ်ပြီး ဒီကနေ တခြား ကွန်ပျူတာဆီက Resourse တွေကိုဘဲ အသုံးပြုတယ်ဆိုရင် ဒါကို Remote User လို့ ခေါ်ပါတယ်။

နောက်တစ်ခုက Peer Network အတွက် NOS ဆိုတဲ့ Network Operation System သီးခြားမလိုအပ်ပါဘူး ။ကိုယ့်စက်မှာ အသုံးပြုနေတဲ့ Microsoft Windows နဲ့တင် Peer Network တစ်ခုကို တည်ဆောက်လို့ရ နေပါပြီ။

နောက်တစ်ခုထပ်ပြောချင်တာက Peer Network တစ်ခုမှာ ကွန်ပျူတာ(၅)လုံး ရှိရင် အဲ့ဒီ ကွန်ပျူတာ ၅လုံး စလုံး က အကြောင်းအရာ တွေကို ကိုယ်စီကိုယ်ငှ Share လုပ်ထားကြပါတယ်။ ဒီကွန်ပျူတာ တစ်လုံးကအကြောင်းအရာကို အခြား
တစ်လုံးက ခေါ်ကြည့်လိုရသလို တတိယမြောက် လူကလည်းတခြားကွန်ပျူတာ တစ်လုံးဆီက အကြောင်းအရာ ကိုယူကြည့်လို့ ရပြန်ရော ။တကယ့်ကိုအတွင်းသိအဆင်းသိ တွေပေါ့။ ဒါကြောင့် သူက Sharing တော့ကောင်းတယ်။
Security အရမကောင်းဘူး။ Security လိုအပ်တဲ့ နေရာတွေမှာ Peer Network ကို မသုံးသင့်ဘူး။နောက်ပြီး Peer Net
work က ကွန်ပျူတာအလုံးရေသိပ်များလားရင်လည်းမကောင်းတော့ဘူး။

အချုပ်ပြောရရင် Peer Network မှာချိတ်ဆက် ထားတဲ့ ကွန်ပျူတာတွေက လုပ်ပိုင်ခွင့်ဆိုတဲ့ Rights ကိုတူညီစွာ ပိုင်ဆိုင်ကြပါတယ်။ တစ်လုံးတည်းမှာပဲ လုပ်ပိုင်ခွင့်ကို Centralized လုပ်ထားတာမျိုး မရှိပါဘူး။ ကိုယ်က တခြား တစ်ယောက်စီကအချက်အလက်တွေကိုလိုချင်တဲ့အခါ မှာကိုယ်က ၀န်ဆောင်မှုကို တောင်းခံတဲ့ သူဖြစ်သွားပြီး တခြားသူက ကိုယ့်ဆီက အချက်အလက်တွေကို ပြန်လိုချင်တဲ့အခါ ကိုယ်က ကပံ့ပိုးပြန်ဖြစ်သွားပြန်ရော တစ်ချို့လုပ်ငန်းတွေမှာ အချက်အလက်တွေကိုကွန်ပျူတာတစ်လုံးနှင့် တစ်လုံးဖလှယ် ဖို့လိုအပ် သော်လည်း လုပ်ငန်းသဘောအရ အချက်အလက် လုံခြုံဖို့မလိုအပ်ပါက အခုလိုPeer to Peer Network ဆင်ရုံနဲ့လိုအပ်ပါတယ်။ ဆိုလိုချင်တာက Peer to Peer ဟာအချက်အလက်တွေကို ဖလှယ်လို့ရသော်လည်းSecurity အရ ဆိုရင်အားနည်းလို့ပါ။ နောက်ပြီး Network Operation System သီးခြားမလိုအပ်ပါဘူး။




Ye Aung is offline   Reply With Quote
Old 18-01-2008, 06:55 PM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

Peer Network ၏ကောင်းကျိုးများ

၁။ လွယ်ကူစွာတပ်ဆင်နိုင်ခြင်းနှင့် Configure လုပ်နိုင်ခြင်း
၂။ ကွန်ပျူတာ တစ်လုံးခြင်းစီကိုက Dedicated Server ပေါ်မမှီခိုဘဲသီးခြားစီရပ်တည်နိုင်ခြင်း။
၃။ အသုံးပြုသူတစ်ဦးချင်းစီကိုက ကိုယ့်ပိုင်ဆိုင်မှုများကို ခွဲဝေပေးခြင်း။
၎။ ကုန်ကျစရိတ်သက်သာခြင်း ။
၅။ သီးခြားပစ္စည်းများ Software များမလိုအပ်ခြင်း။ ဥပမာ Network Operation System
၆။ ၎င်း Network ကြီးပုံမှန် အလုပ်လုပ်နေအောင်သီးခြား Administarator မလိုအပ်ခြင်း။

Ye Aung is offline   Reply With Quote
Old 18-01-2008, 06:56 PM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

Peer Network ၏အားနည်းချက်များ

၁။ Security အားနည်းခြင်း
၂။ ခွဲဝေအသုံးပြုမည့် Resourse များသည် Single Password နှင့်မထိန်းချုပ်နိုင်ခြင်း
၃။ Data များကို Backup ပြုလုပ်ရာတွင်လည်း ကွန်ပျူတာတစ်လုံးချင်းစီ မှသီးခြားစီပြုလုပ်
နေရခြင်း
၎။ အသုံးပြုသူတစ်ဦးက အခြားကွန်ပျူတာတစ်လုံးစီမှ Resourse များကိုလှမ်းယူလိုက်တိုင်း
အသုံးခံရသည့် တစ်နည်းအားဖြင့် ပံ့ပိုးပေးရသည့်ကွန်ပျူတာမှာ Performance ကျသွားခြင်း
၅။ အပြန်အလှန်ဖလှယ် နေခြင်းကြောင့် ဗဟိုထိန်းချုပ်မှုစနစ်မရှိခြင်း။
၆။ ကွန်ပျူတာ (၁၀) လုံးထက် ပို၍အသုံးပြုလျှင် မသင့်တော်ခြင်းတို့ကြောင့်ဖြစ်သည်။


Ye Aung is offline   Reply With Quote
Old 18-01-2008, 06:58 PM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

Server Based Network ဆိုတာ

ကွန်ရက်တစ်ခုမှာ အသုံးပြုတဲ့သူတွေကိုလိုအပ်တာတွေပံ့ပိုးပေးဖို့သီးခြား Dedicated Server ထိုင်လိုက်ပြီဆိုရင်တော့ဒါဟာ Server Based Network ဖြစ်သွားပြီပေါ့ ။Server Based Network ဆိုတာကျွန်တော်တို့သိခဲ့ကြတဲ့ Client Server Nerwork ပါဘဲ။ဒီ Network တွေမှာဆိုရင် resources တွေပေးသုံးပေမယ့် ကျွန်ပျူတာ(Server) နှင့် resources တွေယူသုံးမယ့် ကွန်ပျူတာ(Client)ဆိုပြီး ကွဲပြားမှုရှိလာပါတယ်။တကယ့် Client /Server Network အစစ်တွေမှာဆိုရင် resource တွေကို server ကွန်ပျူတာထဲမှသာ ထားရှိပြီး၎င်းတို့ကိုClient ကွန်ပျူတာများမှ access လုပ်ရပါတယ်။ Client ကွန်ပျူတာအချင်းချင်း တိုက်ရိုက် Share ပေးလို့မရပါဘူး။Server ကိုကြားခံအဖြစ် အသုံးပြုရပါတယ်။ Network အတွင်း Login ၀င်ရောက်အသုံးပြုခွင့်ရရန် လိုအပ်တဲ့ username,password တို့နှင့် Login ၀င်ရောက်ပြီးတဲ့အခါ ဘယ် folder တွေကိုဖွင့်ကြည့်ခွင့်ရှိတယ် မရှိဘူးအစရှိတဲ့ access right တွေကို database ဆောက်ပြီး server ကွန်ပျူတာထဲမှာ သိမ်းဆည်းထားပါတယ်။ဒါကြောင့် Client/Server Network ထဲမှာရှိတဲ့ ကွန်ပျူတာများသည် ကိုယ်တိုင်စီမံပိုင်ခွင့် မရှိကြပါဘူး decision အားလုံးကို ဗဟိုကနေပြီးထိန်းချုပ်ပါတယ်။နောက်တစ်ခုက Sever Based Network တွေဟာ NOS ကိုလိုအပ်ပါတယ်။
၎င်း NOS ကို Server မှာ Install လုပ်ရမှာဖြစ်ပါတယ်။ အချုပ်ပြောရရင် Client Server Network မှာတော့ ကွန်ရက်ကြီးတစ်ခုလုံးကို စက်တလုံးက Network Operating System ကိုအသုံးပြုပြီး တော့ထိန်းချုပ်နေပါတယ်။အဲ့ဒီစက်ကတော့ Server ပဲဖြစ်ပါတယ်။

Server မှာဘဲ အသုံးပြုမယ့် User Accounts တွေ Passwords တွေ လုပ်ပိုင်ခွင့် Access Rights တွေကို Centralized အနေနဲ့သိမ်းထားတာကြောင့်ကွန်ရက်ကိုချုပ်ကိုင်ရတာလွယ်ကူပြီး Security တင်းကျပ်မှုရှိလှပါတယ်။ အဲ့ဒီလိုဖြစ်စဉ်ကို Microsoft Windows NT, Windows Server 2000 or2003 မှာ ၎င်းကို Domain Model လို့ခေါ်ပါတယ်။ တနည်းအားဖြင့် ၎င်းကို Active Directory လို့ခေါ်ပါတယ်။ထပ်ပြီးရှင်းပြပါအုံးမယ်။ Sever Based Network တွေဟာ Single Logon ဖြစ်ပါတယ်။ဆိုလိုတာက အဲ့ဒီလူတစ်ယောက် ဟာဘယ်ကွန်ပျူတာ ထိုင်ထိုင်ဒီ Logon လေးတစ်ခုကိုဘဲအသုံးပြုပြီးဝင်လို့ရပါတယ်။ဆိုလိုတာက အဲ့ဒီ User တွေဟာ ကွန်ပျူတာအလုံး (၂၀) ရှိလို့ အဲ့ဒီကွန်ပျူတာတိုင်းမှာ ထိုင်သုံးလို့ Logon Nameအခု(၂၀) ရှိစရာမလိုပါဘူး Logon Name တစ်ခုတည်းနဲ့ပဲမည်သည့် စက်ကနေမဆို Access လုပ်လို့ရပါတယ်။ဒါဟာထိန်းချုပ်ရတာ အင်မတန်လွယ်ကူသွားတာပေါ့ ။ဒါကိုဘဲ Centralized ဗဟိုထိန်းချုပ်မှုစနစ် လို့ခေါ်တာပါ။ Peer Network ကျတော့ အဲ့ဒီလို မဟုတ်။အဲ့ဒီလူတစ်ယောက်ဟာ ကွန်ပျူတာအလုံး ၂၀ ရှိလို့ အဲ့ဒီအလုံးပေါက်စေ့တိုင်းမှာ ထိုင်သုံးတဲ့အခါမှာ Logon Name နဲ့ Password ကိုတစ်ခုမက အများကြီးသုံးလို့ရတယ်။



Ye Aung is offline   Reply With Quote
Old 18-01-2008, 06:59 PM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

Sever Based Network ၏ကောင်းကျိုးများ

၁။ User Account, Security,Access Control စတာတွေဟာဗဟိုထိန်းချုပ်မှုဖြစ်တာတွေကြောင့် ကွန်ရက်ကိုအုပ်ချုပ်ရတာလွယ်ပါတယ်။
၂။ Server ကိုသက်သက်ထားပြီး တကယ့်ကိုစွမ်းအားမြင့် ပစ္စည်းတွေကို သုံးထားတာကြောင့် Network ရဲ့ Resources ကိုသုံးစွဲရာမှာ Efficient ဖြစ်စေပါတယ်။
၃။ Network မှာရှိတဲ့ Resources တွေကို သုံးစွဲတဲ့အခါမှာ Network ကိုLogon တစ်ခါဝင်ထားရုံနဲ့လုပ်နိုင်ပါတယ်။
၎။ အသုံးပြုမှုများသည်ဖြစ်စေ အရင်းအမြစ်များကို အသုံးချမှုများသည်ဖြစ်စေ Server Based Network က Handle လုပ်နိုင်ပါတယ်။

Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင် 14 ဦးတို့မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 18-01-2008, 06:59 PM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

Sever Based Network ၏ အားနည်းချက်များ

၁။ အဆိုးရွားဆုံးကတော့ Sever Failure ဖြစ်သွားရင် Network ကြီးတစ်ခုလုံး အလုပ်လုပ်လို့မရအောင် ဖြစ်သွားတော့တာပါဘဲ။
၂။ ကုန်ကျစရိတ်တွေပိုများပါတယ်။ ကျွမ်းကျင်ဝန်ထမ်းတွေလည်း ရှိဘို့လိုအပ်ပါတယ်။ဘာလို့လည်းဆိုတော့ Sever ကိုသီးသန့် ထားရခြင်း ၎င်းအတွက် NOS များတပ်ဆင်ရခြင်းတို့ကြောင့်ဖြစ်ပါတယ်။

Sever Based Network ကိုအကြောင်းပြုပြီး ပိုပြီးနားလည်သွားအောင် Domain Model နှင့် WorkGroup Model ကိုဆက်ပြီးရှင်းပါ့မယ်။

Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင် 11 ဦးတို့မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 18-01-2008, 07:01 PM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

Workgroup Model -သူက Single Point မဟုတ်ဘူး။Windows NT ကွန်ပျူတာတစ်လုံးချင်းစီမှာ ကိုယ်ပိုင် Directory နဲ့ Database ရှိရမယ်အသုံးပြုသူဟာ Logon လုပ်လိုက်တာနဲ့ လက်ရှိအသုံးပြုနေတဲ့ ကွန်ပျူတာထဲ မှာဘဲ Database ကိုသွားစစ်ပြီးဝင်ခွင့်ပေးလိုက်ပါတယ်။ ဒီတော့
အဲ့ဒီ အသုံးပြုသူဟာ နောက်ကွန်ပျူတာတစ်လုံးကိုသွားပြီး အသုံးပြုတော့မယ်ဆိုရင် အဲ့ဒီအသုံးပြုသူရဲ့ Database တစ်နည်းအားဖြင့် Accounts ဟာ အဲ့ဒီစက်မှာလည်းရှိနေပါတယ်။ မရှိရင်သုံးလို့မရဘူး။ဒါကြောင့်မို့ Single Point မဟုတ်ဘူးလို့ပြောတာ။

Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင် 13 ဦးတို့မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 18-01-2008, 07:02 PM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

Domain Model -လိုအပ်တဲ့ Directory Services Database ကို Domain Controller မှာ ဘုံထားပြီး အသုံးပြုသူတွေက Share လုပ်ပြီးသုံးပါတယ်။ဒါကြောင့်ဒါဟာ Single Adminstartion ပါဘဲ။
Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင် 12 ဦးတို့မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 18-01-2008, 07:03 PM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

Server များ

Server ဆိုသည်မှာလည်းအသုံးချမှုအပေါ် မူတည်ပြီးအမျိုးမျိုး ရှိပါတယ်။ ဆိုလိုတာက Server တစ်လုံးထဲကိုလုပ်ငန်း
မျိုးစုံသုံးနေရင် မနိုင်မနင်းဖြစ်မှစိုးတဲ့အတွက်ကြောင့်မို့လို့ လုပ်ငန်းအပေါ်မူတည်ပြီး Server တွေလည်းကွဲပြားပါတယ်။

Domain Controller (Directory Server) အကြောင်း

၎င်း Server တွေမှာDirectory Services ဆိုတာရှိတယ်။သူကဘာလုပ်ပေးလည်းဆိုတော့ အသုံးပြုသူတွေကို Network မှာရှိတဲ့ Resources တွေကိုအသုံးချရာ၌ လုံခြုံစိတ်ချမှုရှိအောင် စိစစ်ပေးရ ခြင်း ၎င်းတို့နှင့်ပတ်သက်တဲ့ Infor-
Mation တွေကိုသိမ်းဆည်းပေးခြင်းစတာတွေကို လုပ်ဆောင်ရပါတယ်။အသုံးပြုသူတွေဟာ ကွန်ရက်အတွင်းမှာ ရှိတဲ့ဘယ်
Resources ကိုမဆိုသုံးနိုင်အောင် ကွန်ပျူတာတွေကို Logical နည်းအရ ပေါင်းစည်းထားပါတယ်။ အဲ့ဒါကို Domain လို့ခေါ်
ပါတယ်။ ဘယ် User မဆိုသက်ဆိုင်ရာ Domain အဖွဲ့ဝင်နိုင်ငံဖြစ်နိုင်ပြီး ၎င်း Domain အတွင်းရှိ Resources များနှင့် Information များကိုယူသုံးနိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် အဲ့ဒီအသုံးပြုသူဟာ Domain ကို Logging လုပ်ရမှာဖြစ်ပါတယ်။ အဲ့ဒီလို Logging လုပ်ဘို့ Logon Services တွေကွန်ပျူတာနှင့် User တွေကို Domain ထဲမှာ စုစည်းပေးထားတဲ့ တနည်း
အားဖြင့် Handle လုပ်ပေးတဲ့ Server ကို Controller သို့မဟုတ် Directory Server လို့ခေါ်ပါတယ်။

Last edited by Ye Aung; 18-01-2008 at 07:06 PM..
Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင် 14 ဦးတို့မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 18-01-2008, 07:07 PM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

File and Print Server အကြောင်း

File and Print Server ကတော့ အဓိကအားဖြင့် Network မှာ File တွေကိုသိမ်းပေးထားခြင်းပြန်ခေါ်ခြင်းစတဲ့ဝန်
ဆောင်မှုတွေ Network Printer တွေကိုအသုံးပြုမှုစတာတွေကို အဓိကထားပံ့ပိုးပေးရတာဖြစ်တယ်။၎င်းဟာအသုံးချမယ့်
Software တွေကိုအသုံးပြုသူဟာမိမိထိုင်နေတဲ့ စက်မှာပင်အသုံးပြုနိုင်ပါတယ်။ Datafile တွေကိုသိမ်းဆည်းတဲ့အခါကြတော့
File Server မှာသွားသိမ်းစေတာဖြစ်ပါတယ်။ ၎င်း File and Print Server တွေကို File Storage အတွက်လည်းအသုံးပြုနိုင်ပါ
တယ်။

Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင် 11 ဦးတို့မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 18-01-2008, 07:09 PM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

Application Server အကြောင်း

Application Server ကျတော့ Client Server Application တွေကိုအသုံးပြုသူ Client တွေဘက်က အသုံးချလို့ရ
အောင် Server ဘက်ကပံ့ပိုးပေးတာဖြစ်တယ်။ အဲ့ဒီအပြင်သူက ဥပမာ Database Server ဆိုပါတော့-- လိုအပ်တဲ့ Data
တွေကို analysis လုပ်ခြင်းနှင့် ရှာဖွေမှုတွေဖြစ်တဲ့ Qurey Processing တွေကိုဘဲပံ့ပိုးပေးတာမဟုတ်ဘဲ အဲ့ဒီ Database
ကြီးရဲ့မြောက်များစွာလှစွာသော Data တွေကိုပါ သိုလှောင်သိမ်းဆည်းထားရာဌာနအဖြစ်လည်းလုပ်ဆောင်ပေးပါတယ်။
နောက်တစ်ခုက Application Server တွေဟာ File and Print Server တွေနဲ့မတူညီတဲ့အချက် ကသူဟာလုပ်ငန်းအတွက်
လုပ်ဆောင်ရာမှာ လိုအပ်တဲ့ ၀န်ဆောင်မှုတွေ ကိုပံ့ပိုးပေးရုံသာမက Client တွေဘက်က Fiile and Print Server တွေကို
လည်းပံ့ပိုးတယ်။
Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင် 10 ဦးတို့မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 18-01-2008, 07:10 PM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

Communication Server အကြောင်း

အသုံးပြုသူ User တစ်ယောက်ဟာ နေရာတကာကိုလျှောက်သွားနေသော လူတစ်ယောက်ဆိုပါစို့။ဒါမှ မဟုတ်
အိမ်မှာဘဲ အလုပ်လုပ်နေတဲ့ Home Based Worker ဖြစ်စေ၊ Modem ကိုအသုံးပြုပြီး Communicated Server Network
ထဲကိုဝင်ရောက်ပြီး အချက်အလက် များပေးပို့ခြင်း ဆက်သွယ်ခြင်း များပြုလုပ်လို့ရပါတယ်။ Microsoft Windows 2000
Server မှာဆိုရင် Remote Routing and Access Server (RRAS) ဆိုတဲ့ တကယ့်ကိုစွမ်းအားပြည့် Communication
Server ပါရှိပါတယ်။ ပြောရရင် Communication Server ဆိုတာ တခြားကွန်ရက်တွေကို Modem ကနေ တဆင့်ဆက်သွယ်
မှုပြုလုပ်ပေးတာဖြစ်ပါတယ်။ နောက်ပြီး E-Mail Message တွေကိုလည်း ကွန်ရက်အတွင်း အခြား Server တွေအကြား Handle လုပ်ပေးပါတယ်။
Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင် 9 ဦးတို့မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 18-01-2008, 07:15 PM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

Mail Server အကြောင်း

Mail Server ကတော့ Network အတွင်းရှိအသုံးပြုသူ User တွေကိုယ်စား E-Mail Message တွေကို Handle လုပ်ပေးပါတယ်။ Mail Server ဟာ Store and Forward ၀န်ဆောင်မှုကိုလည်း ပံ့ပိုးပါတယ်။ ဆိုလိုတာက Server ဟာဝင်လာတဲ့ E-Mail Message တွေကို User တွေဖွင့်မကြည့်ခင် သိမ်းပေးထားရပါတယ်။ အဲ့ဒီလိုပါဘဲ ဒီဘက်ကပို့လိုက်တဲ့ E-Mail Message တွေကိုတဘက်က Server မချိတ်မိမချင်း ၎င်း Message များကို သိမ်းပေးထားရပြီး တဖက်က Server ကိုချိတ်မိသည်နှင့် Message ကိုပေးပို့လိုက်ရပါတယ်။ ၎င်းကို Store and Forward လို့ခေါ်ပါတယ်။
Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင် 11 ဦးတို့မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 18-01-2008, 07:15 PM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

Fax Server အကြောင်း

Fax Server ကတော့ Network အတွင်း Fax လမ်းကြောင်းတွေကို Manage လုပ်ပေးရပါတယ်။ဆိုလိုတာက တယ်လီဖုန်းကတဆင့် ၀င်လာတဲ့Fax တွေကို Network မှာရှိတဲ့ သက်ဆိုင်ရာလူတွေဆီကိုတဆင့်ပြန်လည်ဖြန့်ဝေပေးရပါ
တယ်။ အဲ့ဒီလိုပါပဲ Network အတွင်းမှာရှိတဲ့ အသုံးပြုသူတွေကပို့လိုက်တဲ့ Fax တွေကို Fax Server ကစုစည်းပြီး တယ်လီ
ဖုန်းကတဆင့် Fax တွေကို ပို့ပေးရပါတယ်။

Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင် 13 ဦးတို့မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 18-01-2008, 07:20 PM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

Set of Rules (Standards)

လူနှစ်ယောက်စကားပြောနေတယ်။ တစ်ယောက်ကပြောနေချိန်တွင် တစ်ယောက်ကနားထောင်နေတယ်ဆိုပါစို့။ အဲ့ဒီဖြစ်စဉ်မှာ တစ်ယောက်ကဘာပြောသလဲဆိုတာကို တဖက်က လူကနားလည်ဖို့ရန်နှစ်ယောက်လုံးတတ်ကျွမ်းသည့် ဘာသာစကားသည်တူရပါမယ်။ အဲ့ဒီဖြစ်စဉ်ကိုပင် အခြားရှူ့ထောင့် တစ်ခုကကြည့်မယ်ဆိုရင် ပြောကြတဲ့ `စကား´ ဆိုတာတွေသည် `အသံ´ တွေကိုပေါင်းစပ်ထားခြင်းဖြစ်ပါသည်။ တစ်ဖက်က ဘာသာစကားတစ်ခုနှင့် ပြောလိုက်လို့ ထွက်လာတဲ့ အသံတွေ မိမိထံ ရောက်လာတဲ့အခါမှာ လည်း၎င်း ဘာသာစကားဖြင့်ပင် အဓိပ္ပါယ်ဖေါ်ယူရပါတယ်။ Network ချိတ်ဆက်ထားသောကွန်ပျူတာ တွေမှာလည်းဒီသဘောပင်ဖြစ်သည်။

ဥပမာ ကွန်ပျူတာ B ဘက်မှ Microsoft Word နှင့်ရေးထားသော File တစ်ခုကို ကွန်ပျူတာA ဘက်က ယူသုံးတယ်ဆိုပါစို့။ ဒါဆိုရင် ကွန်ပျူတာ A ထဲမှာ Microsoft Word ကို install လုပ်ထားမှ သာ ၎င်း File ကိုအသုံးပြုလို့ရမည်
ဖြစ်ပါသည်။ သဘောက File ၏ Format နားလည်သော Program သည် ကွန်ပျူတာနှစ်လုံးစလုံးမှာရှိဘို့လိုခြင်းဖြစ်ပါသည်။

File တွေဆိုတာ အမှန်တကယ်တော့ bit လို့ခေါ်တဲ့ binary number 0 (သို့) 1 တို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပါ
တယ်။ဒါကြောင့် file transfer လုပ်တယ်ဆိုတာကလည်းကွန်ပျူတာတစ်လုံးမှ bit တွေကိုအခြားကွန်ပျူတာတစ်လုံးဆီသို့ပေး
ပို့ခြင်းသာဖြစ်ပါတယ်။ဒီနေရာမှာအရေးကြီးတာက ပေးပို့သူနှင့် လက်ခံသူတို့အကြားမှာနားလည်မှုတွေ လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းတွေရှိလာပါတယ်။ ဥပမာအနေနှင့် NIC တပ်ဆင် ထားပြီး Cable တစ်ချောင်းဖြင့်ချိတ်ဆက်ထားသော ကွန်ပျူတာ A နှင့် B တို့သည်အချက်အလက်များကို ဘယ်လိုဖလှယ်တယ်ဆိုတာကြည့်ကြရအောင် ။

ကွန်ပျူတာ A ထဲမှ NIC သည်ပို့လိုတဲ့ bit တွေကို ဗို့အားတစ်ခုရှိသော electronic signal များအဖြစ် ပြောင်းပြီးချိတ်ဆက်ထားသော cable ပေါ် မှတဆင့် ကွန်ပျူတာ B ထံသို့ transmit လုပ်ကြရပါတယ်။ အခြားတစ်ဖက်ကွန်ပျူ
တာ B ထဲမှ NIC သည် ရောက်လာတဲ့ electronic signal များကို bit များအဖြစ်သို့ ပြန်ပြောင်းယူရပါတယ်။ electronic signal မှ bit အဖြစ်သို့ တဖန် bit မှ electronic signal အဖြစ်သို့ အပြန်အလှန် ပြောင်းလဲလုပ်ငန်းစဉ်ကို encode လုပ်တယ်လို့ခေါ်ပါတယ်။ အဲ့ဒီလို တစ်ဖက်က transmit လုပ်လိုက်သော bit တွေကို အခြားတစ်ဖက်က လက်ခံရယူနိုင်ကြရန်အတွက် NIC တို့အကြား Standard (၀ါ) set of rule အချို့ကိုနားလည်သဘောပေါက်ထားဖို့လိုပါတယ်

ဥပမာဆိုရရင် ကွန်ပျူတာ B မှ NIC သည် binary 0 ကို 5V ၊ binary 1 ကို 10V အဖြစ် Transmit လုပ် လိုက်တယ်ဆိုပါစို့။ အကယ်၍ များလက်ခံမည့်ကွန်ပျူတာ A မှ NIC အနေနှင့် binary 0 သည် 2V ၊ binary 1 အတွက် 4V
ဖြစ်တယ်လို့များနားလည်ပြီးစောင့်ဆိုင်းနေမယ်ဆိုရင် ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ ကွန်ပျူတာ A သည်
ရောက်လာတဲ့ electronic signal တွေကို bit အဖြစ် မှန်မှန်ကန်ကန် ပြန်ဆိုနိုင်စွမ်းမရှိသောကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်
ပို့တဲ့ဘက်က binary 0 သည် 5V binary 1 သည် 10V ဖြစ်တယ်ဆိုရင် အခြားတစ်ဖက်ကလည်း အဲ့ဒီ standard အတိုင်း(၀ါ) rule အတိုင်း နားလည်သဘောပေါက်ဖို့လို့ပါတယ်။







Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင် 13 ဦးတို့မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 18-01-2008, 07:21 PM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

Transmission Control Protocol (TCP)

TCP ရဲ့လုပ်ဆောင်မှုနဲ့ပါတ်သက်ပြီးတော့ပြောရရင် သူ့မှာ feature များစွာရှိပါတယ်။ အဲဒီများစွာထဲက သိသာထင်ရှားဆုံးက '' segmentation" နှင့် " error recovery" ဆိုတဲ့ feature တို့ပင်ဖြစ်ပါတယ်။ segmentation သည်အရွယ်အစား ကြီးမားတဲ့ data တွေကို မပို့ခင်မှာ packet များအဖြစ်သို့စိတ်ပိုင်းခြင်းလုပ်ငန်းစဉ်ရဲ့အစလို့ဆိုနိုင်ပါတယ်
ဆိုရရင် ရန်ကုန်ကနေ မန္တလေးသို့ နို့မုန့်အထုပ် (၁)သိန်းပို့သလိုပေါ့ ကွန်ပျူတာတစ်လုံးမှ ပေးပို့ဖို့ရှိလာတဲ့ data တွေသည် အရွယ်အစားကြီးနေတယ်ဆိုရင် ဒီအတိုင်းမပို့ဘဲ နိုင်နိုင်နင်းနင်းဖြင့်ပေးပို့နိုင်အောင် အပိုင်းငယ်လေးများဖြင့် စိတ်ပိုင်းခြင်းကို TCP မှ လုပ်ဆောင်ပြီး၎င်းလုပ်ငန်းစဉ်ကို segmentation လို့ခေါ်ပါတယ်။ထိုမှတဖန် TCP သည် segmentation လုပ်ငန်းစဉ်ပြီးဆုံး၍ ရလာမည့် data အပိုင်းငယ်လေးများရှေ့တွင် TCP header များထည့်သွင်းပေးပါသည်။TCP header ထည့်သွင်းပြီးသော data အပိုင်းငယ်ကို 'TCP segment' လို့ခေါ်ပါတယ်။(Packet မဖြစ်သေးတာကိုသတိပြုပါ) TCP header ကိုထည့်သွင်းရခြင်းရဲ့ အဓိကရည်ရွယ်ချက် ကတော့ error recovery အတွက်ဖြစ်ပါတယ်။










TCP segment တစ်ခုရဲ့ရှေ့ပိုင်းမှာ TCP header ဆိုတာနှင့် သူ့နောက်မှာ Data ဆိုတာကိုတွေ့ရပါလိမ့်မယ်။ error recovery အတွက် TCP သည် segment တွေကို နံပါတ်စဉ်တပ်ဖို့လိုပါတယ်။ သည့်အတွက် TCP header သည် sequence number <Seq> လို့ခေါ်တဲ့ segment နံပါတ်စဉ် ထည့်သွင်းဖို့နေရာဖြစ်လာခဲ့တယ်။ ဒါ့အပြင့် TCP header သည် acknowledge number <ACK> ထည့်သွင်းရမယ့်နေရာလည်းဖြစ်ပါတယ်။ acknowledge number ရဲ့အဓိက အစိတ်ရည်ရွယ်ချက်ကတော့ ဘယ် segment မှာ error ရှိနေသလဲဆိုတာကို ပေးပို့သူအားပြန်လည်ပြောပြနိုင်ရန်ဖြစ်ပါတယ်







Segment တစ်ခုရဲ့အရွယ်အစားသည် 1480 bytes ဖြစ်ပါတယ်။ TCP header သည် 20 bytes နေရာယူပါသည်။ဒါကြောင့် segment တစ်ခုမှာ data ပမာဏ အများဆုံး 1460 byte ထည့်သွင်းနိုင်တယ်လို့ အကြမ်ဖျင်း မှတ်သားထားနိုင်ပါသည်။




Last edited by Ye Aung; 18-01-2008 at 07:23 PM..
Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင် 12 ဦးတို့မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 18-01-2008, 07:25 PM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

Internet Protocol (IP)


TCP သည် segment (Data+ TCP header) တွေကိုအခြားကွန်ပျူတာ တစ်လုံးဆီကိုပို့လိုပါတယ်။ဒါပေမယ့် segment တွေကိုပို့ဘို့ရန်လိုအပ်တဲ့ အသေးစိတ်လုပ်ငန်းစဉ်တွေကို TCP မှမသိပါ။ TCP သည် segmentation ၊ error recovery နှင့်အခြားလုပ်ငန်းစဉ်အချို့နှင့်သာသက်ဆိုင်ပါတယ်။ဒါကြောင့် data တွေကိုပို့ဖို့ရန် IP ရဲ့အကူအညီ ကိုရယူပါတယ်။ TCP မှ segmentation လုပ်ပြီး၍ ရလာသော segment တို့၏ ရှေ့တွင် IP မှ header တစ်ခုကိုထည့်သွင်းပါတယ်။ IP မှ ထပ်မံထည့်သွင်းထားသော ၎င်း header များကို IP header ဟုခေါ်ပြီး source နှင့် destination IP address ပါရှိပါတယ်။
IP မှထည့်သွင်းထားသော IP header ထဲတွင် IP address (၂)ခု ပါရှိပါတယ်။ တစ်ခုက source IP address ဖြစ်ပြီး ကျန်တစ်ခုက destination IP address ဖြစ်ပါတယ်။အမြန်ချောပို့ လုပ်ငန်းတစ်ခုမှ တဆင့် မိမိရဲ့မိတ်ဆွေထံသို့ ပါဆယ်ထုပ် တစ်ထုပ် ပို့မယ်ဆိုပါစို့ ၊ဒါဆိုရင် ချောပို့လုပ်ငန်းက ထုတ်ပေးတဲ့ form ပုံစံစာရွက်ထဲမှာ မိမိပို့လိုတဲ့(၀ါ) လက်ခံရယူသူလိပ်စာကို အတိအကျ ဖြည့်စွက်ရပါတယ်။ ဒါ့အပြင် အကြောင်းတစ်ခုခုကြောင့် ပေးပို့၍မရခဲ့ဘူးဆိုရင် ၎င်း ပါဆယ်ကိုချောပို့လုပ်ငန်းမှ မိမိထံသို့ပြန်ပို့ပေးနိုင်အောင် မိမိလိပ်စာ(၀ါ) ပေးပို့သူ၏လိပ်စာ ကိုပါဖြည့်စွက်ပေးရပါတယ်။

ထိုနည်းတူစွာပင် ကွန်ပျူတာတစ်လုံးမှ အခြားကွန်ပျူတာတစ်လုံးသို့ data ပေးပို့ရန် အတွက် လက်ခံရယူမည့် ကွန်ပျူတာ၏ IP address ကို IP header ထဲရှိ destination IP address နေရာတွင်ထည့်သွင်းရပါတယ်။အလားတူပင် ပေးပို့သည့် ကွန်ပျူတာ၏ IP address ကို source IP address နေရာတွင်ထည့်သွင်းရပါတယ်။ IP header ထည့်သွင်းပြီးပါက segment မှသည် IP packet ( IP header +Data) ဖြစ်လာပါတယ်။ 4 byte ပမာဏ ရှိတဲ့ IP address ၂ ခု အပါအ၀င် IP header သည် 20 byte ရှိပါတယ်။ ဤတွင်မှဆက်ဆိုရရင် IP packet တစ်ခု၏ အမြင့်ဆုံး ပမာဏသည် 1500 byte ဖြစ်တယ်လို့ အကြမ်းဖျဉ်းမှတ်သားထားနိုင်ပါတယ်။
Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင် 13 ဦးတို့မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 18-01-2008, 07:29 PM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

IP address အကြောင်းကို အနည်းငယ်ရှင်းပြလိုပါတယ်။ စာပို့တဲ့အခါ စာအိတ်ပေါ်မှာ အိမ်အမှတ် လမ်း၊ရပ်ကွက် မြို့နယ်၊တိုင်း၊အစရှိသဖြင့် လိပ်စာကိုဘယ်လိုရေးရမယ်ဆိုတဲ့ format ရှိသလို IP address မှာလည်း intenet protocol မှ သတ်မှတ်ပေးထားသော format ရှိပါတယ်။ IP address တွေသည် 32 bit binary ဂဏန်းတွေဖြစ်ပါတယ်။ သို့သော် အသုံးပြုသူတို့အနေနှင့် 32 bit binary ဂဏန်းများကို မှတ်သား ချရေးဖို့ရန်များစွာအခက်အခဲ ရှိသည့်အတွက် address တွေကို decimal ဂဏန်းများဖြင့် အသုံးပြုကြပါတယ်။ဒါကြောင့် IP address တို့ရဲ့ရေးသားပုံကို dotted decimal လို့ခေါ်ပါတယ်။

192 . 168 . 10 . 20

1st Octet 2nd Octet 3rd Octet 4th Octet

decimal number တစ်ခုစီကို octet တစ်ခုလို့ခေါ်ပါတယ်။ decimal octet တစ်ခုသည် 8 bitကိုကိုယ်စား

ပြုပါတယ်။ ဒါကြောင့် IP address တစ်ခုတွင် 4 octet ပါရှိသည့်အတွက် IP address တစ်ခုလုံးသညိ 32 bit(4 byte) ဖြစ်ပါတယ်။ ကွန်ပျူတာမှာတပ်ဆင်ထားသည့် NIC တိုင်းအတွက် IP address တစ်ခုစီသတ်မှတ်ပေးဖို့ လိုပါတယ်။ အဲ့ဒီလို သတ်မှတ်ပေးရမည့်နေရာမှာ IP address တစ်ခုသည် network ထဲရှိ အခြားမည်သည့် address နှင့်မှ ထပ်တူမညီတဲ့ decimal ဂဏန်းတွဲတွေဖြစ်ရပါမယ်။
Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင် 12 ဦးတို့မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 18-01-2008, 07:31 PM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

IP Address ရဲ့ အပိုင်းလေးပိုင်းဟာ တစ်ခုနှင့်တစ်ခုကြားမှာ Decimal Point လေးတွေနဲ့ ခွဲခြားထားပါတယ်။ပေးလို့ရတဲ့ အတိုင်းအတာကတော့ ၁ ကနေ ၂၅၄ အထိဖြစ်ပါတယ်။

ကွန်ရက်အမျိုးအစားပေါ်မူတည်ပြီးတော့ IP ကို ကွန်ရက်လိပ်စာ(Address for the Network )နဲ့ Hosts ရဲ့လိပ်စာ(Address for the Host) ဆိုပြီး ခွဲခြားထားလိုက်ပါတယ်။ ယေဘုယျအားဖြင့် တော့ ရှေ့ပိုင်းက Address for the Network ဖြစ်ပြီးကျန်တဲ့အပိုင်းကတော့ Address for the Hosts ဖြစ်ပါတယ်။ အကယ်၍ သင်ဟာအင်တာနက်ချိတ်ဆက်မယ်ဆိုရင်တော့ အောက်ပါအမျိုးအစားတွေကိုသိဘို့လိုအပ်ပါတယ်။


၁) Class-A ဆိုတာကတော့ အလွန်ကြီးမားတဲ့ ကွန်ရက်တွေမှာ အသုံးပြုပါတယ်။ ရှေ့ဆုံးက Bits ဟာ Zero ဖြစ်ပါတယ်ကျန်တဲ့ 7 bits ဟာကွန်ရက်ပေါင်း ၁၂၇ ခုသတ်မှတ်ပေးနိုင်ပြီး နောက်က 32 bits ကို ရှေ့က 8 bits နှုတ်တော့ ကျန်တဲ့ 24 bits ကကွန်ရက်တစ်ခုချင်းစီကနေ Hosts ပေါင်း 16,777,216 ကို ကိုင်တွယ်နိုင်ပါတယ်။ Class ကွန်ရက်များမရနိုင်တော့ပါ။

ပထမ 8 bits ဟာတစ်နည်း အပိုင်းလေးပိုင်းထဲက ပထမဆုံးအပိုင်းဟာ Network address အပိုင်းဖြစ်ပြီး ကျန်သုံးပိုင်းဟာ Host address ပိုင်းဖြစ်ပါတယ်။ Network Address တန်ဘိုးဟာ ၁၂၆ အောက်မှ ၁၂၆ အထိပေးလို့ရပါတယ်။ ဘာလို့လဲဆိုတော့ အပေါ်မှာပြောထားတဲ့အတိုင်း ကွန်ရက်က ၁၂၇ အထိဘဲသတ်မှတ်နိုင်ပါတယ်။

မှတ်ချက်။ ။ အဲ့ဒီနေရာမှာ ၁၂၇ ဆိုတာ Loopback Test Address အတွက် Reserved လုပ်ထားတာပါ။သင်ဟာ 127.0.0.1 ဆိုတဲ့စီကို Message ပို့လိုက်ရင်အကယ်၍ များကွန်ရက်မှာဘာအမှားတစ်ခုမှမရှိရင် ၎င်း ဟာသင့်ဆီကိုပြန်ရောက်လာပါလိမ့်မယ်။

၂) Class B ဆိုတာကတော့ အလယ်အလတ်တန်းစား ကွန်ရက်တွေမှာသုံးဘို့ပါ။ရှေ့ဆုံးနှစ်ခုသော Higher Order Bits ဟာအမြဲတမ်း 10 ဖြစ်ပြီး ကျန်တဲ့ 14 bits ဟာ ကွန်ရက်ပေါင်း 16,384 ကိုသတ်မှတ်နိုင်ပြီး ပေါင်းလို့ရတဲ့ Bits ဟာ 16 bits ရှိတာကြောင့် နောက်ကျန်တဲ့ 16 bits ဟာကွန်ရက် တစ်ခုချင်းဆီကနေ Host ပေါင်6း5,535 ကိုင်တွယ်နိုင်ပါတယ်။ သူလည်း Class A ကွန်ရက်လို အားလုံး အသုံးပြုနေကြတာကြောင့် မရနိုင်တော့ပါ။
ဒီတော့အပေါ်ကမှတ်ချက်အတိုင်းအရဆိုရင် နံပါတ်က ၁၂၇ အထိရှိတာကြောင့် Class B ကွန်ရက်ရဲ့ Address ဟာ 128 ကနေစရပါမယ် 191 အထိပါ။ ပထမအပိုင်းနဲ့ ဒုတိယအပိုင်းဟာ Network Address ဖြစ်ပြီး ကျန်တဲ့နှစ်ပိုင်းဟာ Host Address ဖြစ်ပါတယ်။

၃) Class C ဆိုတာကတော့ ကွန်ရက်အငယ်စားအတွက်ပါ။ ရှေ့ဆုံးက ၃ ခုသော Higher Order Bits ဟာအမြဲတမ်း 110 ပါဘဲ။ကျန်တဲ့ 21 bits ဟာကွန်ရက်ပေါင်း 2,097,157 ကိုသတ်မှတ်ပြီး 32 bits မှာကျန်တဲ့ 8 bits ကတော့ ကွန်ရက်တစ်ခုချင်းဆီမှာ Hosts ပေါင်း 254 အများဆုံးပဲရနိုင်ပါတယ်။ Class C ကွန်ရက်တွေ ရနိုင်ပါသေးတယ်။

Class C ကွန်ရက်ကတော့ 192 ကနေ 223 အတွင်းရပါတယ်။ပထမပိုင်း ၃ ပိုင်းကတော့ Network Address ဖြစ်ပြီး ကျန်တစ်ပိုင်းကတော့ Host Address အပိုင်းဖြစ်ပါတယ်။ 223 အထက်ကတော့ Reserve ဖြစ်ပါတယ်။





Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင် 34 ဦးတို့မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
ကိုစံငြိမ်း, ခင်မောင်ထွန်း, ချစ်သားငယ်လေး, ချယ်ရီမင်း, စိုးကျော်သူ, ဆွမ်းပေါင်, တီဘွား, နီထွန်းဦး, ဖိုးရှမ်း, ဖိုးသားလေး89, ယဉ်ဌေး, ရှင်းလေး, အလတ်ကြီး, အနိုင်းမဲ့, ကောင်းကောင်း, မောင်စိန်ရွှေ, မောင်မိုးအောင်, မောင်သံသရာ, သောကမဲ့မိုးတိမ်, အောင်မိုးထွန်း, ၀င်းကျော်စိုး, aungkohtat, aungphyo, aungzaw, AZM, Blackbrother, falcon, kyaw soe, moeyannaing, myominhtike, nayzaw3053, nyowin, yelinoo
Reply

Tags
networking ebooks, networking faqs, networking guide, networking howto, networking knowledge

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 10:36 PM
Inactive Reminders By Icora Web Design