Old 03-11-2012, 02:24 PM
  post #1
polowaifer
လမ်းလျှောက်တတ်စ
 
အသင်းဝင်နေ့စွဲ: Oct 2012
ရေးသားချက်များ: 11
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 0
ပို့စ် 9 ခုအတွက် 61 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
polowaifer is on a distinguished road
Developer ဆို ဂျိုနဲ့လား

Web Developer သင်ခန်းစာမှ ကြိုဆိုပါတယ်၊ ကျွန်တော့နာမည် Waiferkolar (၀ိုင်ဖာကိုလာ) ပါ၊ ကျွန်တော့ရဲ့ ၀က်ဆိုက်နာမည်က www.72coder.com ပါ၊ ကျွန်တော့ ၀က်ဆိုက်မှာ

လူမလာလွန်းလို့ ဒီဆိုက်မှာ လာပြီးရေးတာပါ၊ ဒီဆိုက်မှာ ကျွန်တော်ရေးတဲ့ သင်္ခန်းစာပေါ် မူတည်ပြီး ကျွန်တော့ ၀က်ဆိုက်ကိုများ လူတစ်ချို့လာလည်ကြမလား လို့ တွေးမိလို့ပါ၊
ကျွန်တော် ဒီဆိုက်မှာ Category အသစ်ဖွင့်ပြီးရေးဖို့ စိတ်မကူးထားပါဘူး၊ သူများမေးတာလေးတွေ ၀က်ဖြေမယ်စိတ်ကူထားတာ၊ ဒါပေမယ့် မနေ့က ကျွန်တော့ကို ကိုသူစင်ကြယ် က Gtalk

မှာတွေ့တုန်း အကြံပြုပါတယ်၊ သူများတွေ လိုချင်နေတဲ့ အချက်ကို လက်တွေ့ရေးပြဖို့ပေါ့၊ (သူလိုချင်တာလားတော့မသိဘူး) ဒါပေမယ့် သူ့ကိုကျေးဇူးတင်ပါတယ်။ ကျွန်တော် အခု

သူအကြံပြုတဲ့အတိုင်း စပြီး လက်တွေ့ သင်ခန်းစာတစ်ခုကိုရေးပါမယ်၊
ကျွန်တော်ရေးမယ့် သင်ခန်းစာက လက်တွေ့ Develope ဖြစ်သင်ခန်းစာပါ၊ ဒီမှာ ကျွန်တော် လက်စွမ်းနည်းနည်းတော့ပြမိလိမ့်မယ် (စိတ်မဆိုးပါနဲ့ ကျွန်တော် ဒီမှာတွေ့နေရတဲ့

မိတ်ဆွေတွေက Developer ဆိုပြီး ရမ်းနေတာများလို့ပါ)၊ ကျွန်တော် ရွှေးချယ်လိုက်တဲ့ သင်ခန်းစာကတော့ Social Web Site ပါ၊ ကျွန်တော် Social Web Site

ကိုတည်ဆောက်တဲ့နည်းကိုလက်တွေ့သင်ပေးပါမယ်၊ လက်တွေ့ဆိုတော့ သူများတွေတည်ဆောက်ထားတဲ့ Forum Application တွေကို ယူပြီး Server ပေါ်တင် Database တည်ဆောက်

ပြီးရင် Setting ချလိုက်တဲ့ သင်ခန်းစာမျိုးမဟုတ်ပါဘူး၊ အခု ကျွန်တော်သင်ပေးမယ့် သင်ခန်းစာက လက်တွေ့ ကိုပိုင် Social Site တစ်ခုကို အစကနေစတည်ဆောက်မှာပါ၊ Ning တို့

Facebook တို့နဲ့ စဉ်ပါမယ်၊ ဒီမှာသေချာပြောလိုတာက အလှအပကို ကျွန်တော် သိပ်ဂရုစိုက်မှာမဟုတ်ဘူး (Design ကိုပြောတာပါ) ကျွန်တော် Development

ကိုကောင်းကောင်းလုပ်သွားမှာပါ၊ (အချိန်မရှိလို့ Design ကို ဂရုမဆိုက်တာပါ၊ လှတဲ့ဆိုက်မျိုးတော့ လဲ မခက်ပါဘူး၊ 72coder.com မှာ ကျွန်တော် အခမဲ့ပေးတဲ့

ဝက်ဆိုက်တွေကိုသွားကြည့်ကြည့်ပါ)၊
Social Web Site တည်ဆောက်မယ်ဆိုတဲ့ စကားက ခောတ်စားသလောက် လူသုံးလဲများလှပါတယ်၊ Facebook အောင်မြင်ပြီးနောက်ပိုင်း Social Web Site ဆိုတာ

လူတိုင်းနုတ်ဖြားမှာရေးပန်းစားလာပါတယ်၊ အခမဲ့ Social Web Site application တွေကော အခမဲ့ Forum တွေကောပေါပါ့၊ ဒီကြားထဲ Ning လို့

အခေကျေးငွေယူတဲ့ဆိုက်တွေကလဲပေါလာတယ်၊ ဒီတော့ အခြား ကုမ္မဏီတွေနဲ့ Developer တွေကလဲ ကိုပိုင် Social Site Application တွေစပြီး ထုတ်လုပ်ရောင်းချကြတယ်၊ တစ်ချို့က

အခမဲ့ပေးကြတယ်၊ အခု ကျွန်တော်က အဲ့ဒီ့ Social Site Application တွေရောင်းစားတဲ့ ကုမ္မဏီတွေက Developer တွေအတိုင်း ကိုယ်တိုင်း အစကနေ အဆုံး အထိ Social Site

တစ်ခုကိုတည်ဆောက်နည်းကို သင်ပေးသွားမယ်၊ တဆင့်စီအလုပ်လုပ်ရင်းရှင်းပြသွားမယ်၊ ကိုပိုင် အစကနေအနဆုံးအထိ တည်ဆောက်သွားမှာပါ၊
ကျွန်တော်ဒီသင်ခန်းစာကို အနှေးဆုံး အဖြေးဆုံး ရှင်းပြသွားမယ်၊ အသေးစိတ်ရှင်းပြသွားမယ်၊ အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ Developer တစ်ယောက်ဆိုတာ ဘာလဲ ဆိုတာကို

ကောင်းကောင်း ပေါ်လွင်သွားစေအောင်ရေးသွားမှာပါ၊ ဒီလိုရေးတဲ့အခါ သုံးသွားမယ့် ဘာသာရပ်တွေက HTML, CSS, HTML5, CSS3, JavaScript, Action Script3, Ajax, PHP ,

MySQL, SQL ဘာသာရပ်တွေကို လိုသလိုသုံးသွားမှာပါ၊ နည်းနည်းမှ လွယ်မယ့်သင်ခန်းစာမဟုတ်ပါဘူး၊ ကျွန်တော့ရဲ့ သဘောကတော့ သင်ခန်းစာတစ်ခုစီကို အခြေခံသင်ပေးချင်တာပါ၊

ဒါပေမယ့် ဒီနည်းကို လူကြိုက်မများဘူးလေ၊ ဒီတော့ ကျွန်တော် လူကြိုက်များတဲ့နည်းကိုလိုက်သုံးရတော့မပေါ့၊ ကျွန်တော့ဆိုက်ကိုလူလာအောင် ဆွဲဆောင်တာလို့ ကျွန်တော်ပြောခဲ့ပါတယ်၊

ဟုတ်ပါတယ်၊ ဒါက ကျွန်တော့ရဲ့မူရင်းရည်ရွယ်ချက်ပါ၊ ဒီရည်ရွယ်ချက်ပေါက်မြောက်အောင် ကျွန်တော် အများအကြိုက် Application တစ်ခုကိုဆွဲနည်းသင်ပြပါမယ်၊ ဒီမှာသင်ပေးမှာက

Social Site Application ပါ၊ ပြီးသွားရင် ကြိုက်သလိုသုံးနိုင်တယ်၊ ရောင်းနိုင်တယ်၊ ဒါက ပြသနာမရှိဘူး၊ ဒါပေမယ့် အခြား Application တွေဖြစ်တဲ့ (Chatting Apps, Forum,

Membership Site, E-commerce, OS-commerce နဲ့ အခြားသော Applicatons တွေကို PHP နဲ့ Asp.net နှစ်မျိုးလုံးသုံးပြီးဆွဲနည်း အပါအ၀င် Android apps, Iphone Apps

တို့ရေးနည်း နဲ့ အခြား သင်ခန်းစာတွေကိုတော့ ကျွန်တော့ဆိုက်မှာလာပြီး လေ့လာနိုင်ပါတယ်)၊
ကျွန်တော်သင်ပေးမယ့် သင်ခန်းစာကို စိတ်ကြိုက်လေ့လာနိုင်တယ်၊ ဒါပေမယ့် PHP အခြေခံလောက်တော့ တတ်ထားရင်ပိုလွယ်မယ်၊ Loalhost မှပဲ တည်ဆောက်သွားမယ်၊ အားလုံးပြီးရင်

Server Host ကိုပြောင်းတဲ့နည်းပါသင်ပေးမယ်၊ ရေးသွားသမျှ ကုတ်တွေထဲက နားမလည်တာရှိရင် www.72coder.com မှာ အသေးစိတ်ဖတ်ပါ၊
စမယ်

ပထမဆုံး xampp ရဲ့ htdocs ဖိုဒါထဲမှာ web ဆိုတဲ့ ဖိုဒါအသစ်တစ်ခုတည်ဆောက်လိုက်ပါ၊ အောက်ကအတိုင်း


အထက်က အတိုင်း xampp ရဲ့ htdocs ဖိုဒါထဲမှာ web ဆိုတဲ့ ဖိုဒါအသစ်ကိုတည်ဆောက်ပြီးသွားရင် အဲ့ဒီ့ ဖိုဒါထဲမှာ ကျွန်တော်တို့ နောက်ထပ် ဖိုဒါနှစ်ခုနဲ့ တည်ဆောက်ကြမယ်၊ ဖိုဒါနှစ်ခုကို

images နဲ့ 72script လို့နာမည်ပေးမယ်၊ (မိတ်ဆွေအနေနဲ့ ကြိုက်တဲ့နာမည်ပေးနိုင်တယ်၊ ဒါပေမယ့် သင်ခန်းစာရဲ့နောက်ပိုင်းမှာ နာမည်ခေါ်သုံးတာ မမှားအောင်

ကျွန်တော်ပေးထားတဲ့နာမည်ပေးရင် ပိုသင့်တော်တယ်)၊ အောက်က အတိုင်း

အထက်က အတိုင်း ဖိုဒါ နှစ်ခုကိုတည်ဆောက်ပြီးသွားရင် မိတ်မိတ်ဆွေရဲ့ Internet Browser ရှိ address bar မှာ localhost/web/ လို့ရိုက်ထည့်လိုက်ပါ၊ ဒါဆိုရင်အောက်က အတိုင်း

စာမျက်နှာပေါ်လာပြီး မိတ်ဆွေတည်ဆောက်ထားတဲ့ ဖိုဒါနှစ်ခုရဲ့နာမည်ကိုဖော်ပြနေပါလိမ့်မယ်၊ ( Xampp control panel ကို Run ထားဖို့တော့လိုတယ်နော်၊ )


အထက်က အတိုင်း မိတ်ဆွေ တည်ဆောက်ခဲ့တဲ့ 72script ဆိုတဲ့ ဖိုဒါနဲ့ images ဆိုတဲ့ ဖိုဒါကိုဖော်ပြနေတာတွေ့ရရင် မိတ်ဆွေလုပ်တာအားလုံး မှန်နေသေးပါတယ်၊
အခု အထက်က web ဆိုတဲ့ ဖိုဒါထဲမှာပဲ 72script နဲ့ images ဆိုတဲ့ ဖိုဒါတို့နဲ့အတူ index.php ဆိုတဲ့ဖိုင်တစ်ခုကိုတည်ဆောက်ကြမယ်၊ ကျွန်တော် Notepad++ သုံးမယ်၊ (ခင်ဗျားတို့လဲ

ကုတ်ရေးတာ ကျွမ်းကျင်ချင်ရင် Notepad++ ကိုသုံးပါ၊ အဆင်သင့်လုပ်ပေးတဲ့ Dreamwaver ကိုချည်းတအားအားမကိုးပါနဲ့၊ သိပ် တော်ပြီးဖြစ်နေရင်တော့ စိတ်ကြိုက်တာလုပ်ပါ)

index.php ဆိုတဲ့ဖိုင်ကို အောက်က ကုတ်တွေအတိုင်းရေးပြီးတည်ဆောက်လိုက်ပါ၊

အထက်မှာက အတိုင်းရေးပြီး index.php ဆိုတဲ့နာမည်နဲ့ web folder ထဲမှာသိမ်းလိုက်ပါ၊ ကျွန်တော် အခု HTML Tags တွေပဲသုံးရေးပါတယ်၊ ဒါပေမယ့် ကျွန်တော် စိကူးပေါက်တဲ့အချိန်

HTML5 Tags တွေထည့်ပြီးသုံးသွားမှာပါ၊ ကျွန်တော် ဘာလုပ်နေတာလဲ အတိအကျမသိဘဲနဲ့ HTML လောက်လေ့လာဖူးတဲ့သူတွေ နောက်ပိုင်းမှာ ကျွန်တော့ကို မသိဘဲ သေဖန်မိမှာ

မိုလို့ပြောတာပါ၊ ဥပမာ အထက်က Document Tags မှရှိတဲ့ Line break တွေကို ကျွန်တော် နောက်က Slash မသုံးပဲ <br> လို့ရေးချင်ရင်ရေးလိုက်မှာပါ၊ နောက်တစ်ချက်က အကယ်၍

မိတ်ဆွေက Notepad++ သုံးပြီးရေးခဲ့ရင် ဘာမှစပြီးမရေးခင် Encoding ကို UTF-8 ပြောင်းထားပါ၊ ဒါမှမဟုတ်ရင် သေချာအောင် cahrset ကို UTF-8 ထားပါ ကျွန်တော်ကတော့

သေချာအောင် အားလုံးကို လုပ် UTF-8 လုပ်ထားတယ်၊
အထက်က အစာမျက်နှာကိုသိမ်းပြီးရင် အောက်က အတိုင်း web folder ထဲမှာ ဖိုဒါ နှစ်ခုနဲ့ ဖိုင်တစ်ခုကိုတွေ့ရပါမယ်၊

အထက်က အတိုင်း web folder ထဲမှာ folders နှစ်ခုနဲ့ ဖိုင်တစ်ခုတွေ့ရရင် အတော်ဟုတ်နေပီ၊ အခု Browser ရဲ့ address bar မှာ localhost/web/ လို့ရိုက်ထည့်လိုက်ကြည့်ပါ၊

ဒါဆိုရင်အောက်က အတိုင်း Output ကိုမြင်ရမယ်၊


အထက်က အတိုင်းအဖြေရရင် အားလုံးမှန်နေပါပီ၊ အပေါ်မှာတုန်းက localhost/web ကို address bar မှာ ရိုက်ထည့်တော့ ဖိုဒါနှစ်ခုရဲ့နာမည်ပေါ်ပြီး အခုကြတော့ ဖိုဒါနှစ်ခုရဲ့နာမည် နဲ့

index.php နာမည်ဘာကြောင့် မပေါ်လဲလို့ မေးစရာရှိပါတယ်၊ ဒါကတော့ Index ဖိုင်ရှိတဲ့ ဖိုဒါတိုင်းမှာ Web Browser တွေအားလုံးက Index ဖိုင်ကိုပဲ စပြီးဖွင့်ပေးတာကြောင့်ပါ၊
အထက်က အဆင့်အထိအားလုံးပြီးရင်ကျွန်တော်တို့ Database တစ်ခုတည်ဆောက်ဖို့လိုပါပီ၊ ဒီအတွက် Xampp control panel ရှိ Apache Admin ကို တစ်ချက်နှိပ်လိုက်ပါ၊

အောက်မှာပုံနဲ့ နှိပ်ရမယ့်နေရာပြထားတယ်၊ (အတော်များများ လွဲတတ်လွန်းလို့)၊

အထက်က အတိုင်း xampp ရဲ့ control Panel ထဲက Apache Admin ကိုခလစ်တစ်ချက်နှိပ်လိုက်ရင် သူ့အလိုလို firefox မှာ new tab အဖြစ်နဲ့ အောက်က စာမျက်နှာမျိုးပေါ်လာမယ်၊

အထက်က အတိုင်းစာမျက်နှာမျိုးပေါ်လာရင် အပြာရောင်မြားပြထားတဲ့ phpMyAdmin ဆိုတဲ့ နေရာကို တစ်ချက်နှိပ်ပါ၊ ဒါဆိုရင်အောက်က စာမျက်နှာမျိုးပြောင်းသွားမယ်၊



အထက်က စာမျက်နှာက ကျွန်တော့ ဆီက Username နဲ့ Password တောင်းတဲ့စာမျက်နှာပါ၊ ဒါက ဘယ်မှ အသုံးဝင်လဲ ဆိုရင် နောက်ပိုင်း database connect လုပ်တဲ့အခါကျရင် အဲ့ဒီ့

က Password ကိုသုံးရမယ်၊ password မသုံးထားရင် ဒီစာမျက်နှာပေါ်လာမှာမဟုတ်ဘူး၊ (password သုံးဖို့ တော့အကြံပြုပါတယ်၊ ဒါမှနောက်ပိုင်းသင်ခန်းစာတွေမှာ Database

ကိုချိတ်ဆက် ရင် password နေရာမှာ ထည့်စရာ တစ်ခုခု ရှိမှာ၊ မရှိလဲ မရေးဘဲထားလို့ရပါတယ်၊ ကျွန်တော်က ကျွန်တော့ညီ လာပြီး ကလိမှာ စိုးလို့ password ထည့်ထားတာ၊)

password ထည့်ချင်ရင် security မှာသွားပီးထည့်လိုက်ရုံပဲနော်၊ အခု အထက်က စာမျက်နှာမှာ ကျွန်တော် password ထည့်လိုက်တယ်၊ ပြီးတော့ Go ကိုနှိပ်တယ်၊ ဒီတော့အောက်က

အတိုင်းစာမျက်နှာပေါ်လာတယ်၊

အထက်က အတိုင်း စာမျက်နှာပေါ်လာရင် အနီရောင်မြားပြထားတဲ့ Database ဆိုတဲ့နေရာမှာ ခလစ်တစ်ချက်နှိပ်ပါ၊ (တစ်ခုသတိပေးချင်တာက MySQL connection collation

ဆိုတဲ့နေရာမှာ utf-8_general_ci ဖြစ်နေအောင် လုပ်ထားပါ၊ နို့မို့ဆိုတောက်ပိုင်း ပြသနာ အကြီးကြီးတတ်လာနိုင်တယ်၊ မလုပ်ချင်လဲနေဗျာ)၊ Database ကိုနှိပ်ရင် အောင်က

အတိုင်းစာမျက်နှာပွင့်လာမယ်၊ စာမျက်နှာအပြည့်ကို မပြတော့ဘူး အရေးကြီးတဲ့အစိတ်အပိုင်းကိုပဲ ပြမယ်၊ ဓာတ်ပုံ သိပ်ကြီးသွားမှာစိုးလို့




အထက်က အတိုင်းစာမျက်နှာပြောင်းသွားရင် Database တည်ဆောက်လို့ရပီ၊ အဲ့ဒီ့တော့ Create New Database ဆိုတဲ့ စာသားအောက်က အကွက်နှစ်ကွက်ရဲ့ ပထမ အကွက်မှာ

တည်ဆောက်လိုတဲ့ Database နာမည်ကိုထည့်၊ နောက်တစ်ကွက်မှာ သုံးမယ့် Unicode အမျိုးအစားကို ထည့်၊ ( Unicode အမျိုးအစားမထည့်လို့ နောက်ပိုင်း မြန်မာစာ

မပေါ်တဲ့ပြသနာဖြစ်ရင် ကျွန်တော်လဲ မပြောပြတော့ဘူး၊ တော်တော်များများဖြစ်ကြတယ်)၊ ပြီးရင် Create ဆိုတဲ့ခလုပ်ကိုနှိပ်၊ အောင်ရင် ဘယ်ဘက်က Sidebar မှာ အခု

တည်ဆောက်လိုက်တဲ့ Database ကိုအောက်က အတိုင်းတွေ့ရမယ်၊


အထက်က အတိုင်းတည်ဆောက်လိုက်တဲ့ Database ရဲ့နာမည် ဘယ်ဘက်က Sidebar မှာပေါ်လာရင် Database တည်ဆောက်တာ အောင်မြင်တယ်၊ ဒီတော့နောက်တစ်ဆင့်အနေနဲ့

Script ဖိုဒါထဲမှာ MySQL Database ကို ချိတ်ဆက်မယ့် ဖိုင်တစ်ခုတည်ဆောက်ကြမယ်၊ အောက်က အတိုင်းရေးလိုက်





အထက်မှာတော့ ကျွန်တော်တို့ Database ကိုချိတ်ဆက်ဖို့အတွက် ဖိုင်တစ်ခုကိုတည်ဆောက်လိုက်ပါပီ၊ အရင်ဆုံးတော့ Veriable တွေဖန်တီးပါတယ်၊ ပထမ variable က $db_host

လို့နာမည်ပေးထားပြီး သူ့ရဲ့တန်ဖိုးက localhost ဖြစ်ပါတယ်၊ ကျွန်တော်က Localhost ကိုသုံးပြီးသင်ပြနေတာဖြစ်တဲ့အတွက် localhost လို့ပဲ နာမည်တတ်လိုက်တာပါ၊ အကယ်၍ Server

Host သုံးတဲ့သူရှိရင်တော့ Server Host မှာ Database တည်ဆောက် ထားတဲ့နာမည်ကိုယူသုံးပါ ( ကျွန်တော်ဒီသင်ခန်းစာကို ဗွီဒီယို ခွေနဲ့သင်တော့ Server Host မှာတိုက်ရိုက်လုပ်ပြီး

သင်ပေးထားပါတယ်) ဒီလို variable တွေတည်ဆောက်ရတာက နောက်ပိုင်းမှာ database ကို mysql_connect Function သုံးပြီးချိတ်တဲ့အခါ တန်ဖိုး အစစ်ကို မထည့်တော့ပဲ Variable

နာမည်ကိုပဲ ထည့်လိုက်ချင်လို့ပါ၊ ဒုတိယ တစ်ခုကတော့ $db_username ဆိုတဲ့ Variable ပါ၊ သူ့တန်ဖိုးကို root လို့ပေးထားတယ်၊ ဒါကေ မိတ်ဆွေ သုံးတဲ့ Database မှာ

မိတ်ဆွေပေးထားတဲ့နာမည်ကိုထည့်ရေးရမှာပါ၊ xampp မှာတော့ Default value က root ပါ၊ ကျွန်တော် က နာမည်မပြောင်းထားလို့ $db_username ရဲ့တန်ဖိုးကို root လို့ပဲပေးလိုက်တာ၊

နောက်ထပ် variable ကတော့ $db_pass ပါ၊ ဒါကတော့ Database ရဲ့ password ကိုသလိုလှောင်တဲ့ Variable ပါ၊ ကျွန်တော့ရဲ့ password ကိုထည့်ထားတယ်၊ pu123pulay လို့ (ဒီ

password ကိုဘာလို့သုံးမိမှန်းမသိဘူး၊ အရေးမကြီးတဲ့ အကောင့်တိုင်းမှာ password တောင်းတိုင်း ပုပုလေး ဆိုတဲ့နာမည်ကို သတိရနေမိတယ်၊ အသိထဲကလဲမဟုတ်ပါဘူး၊

ကျွန်တော့အရပ်လဲရှည်ပါ့၊ ထားပါတော့)၊ နောက်ဆုံး Variable တစ်ခုကတော့ $db_name ပါ သူကတော့ Database ရဲ့နာမည်ပါ၊ ကျွန်တော်တို့ တည်ဆောက်ခဲ့တဲ့ Database

ရဲ့နာမည်ကိုထည့်ထားတယ်၊
အထက်က လို variable တွေတည်ဆောက်တာက နောက်အဆင့်မှာ mysql_connect Function ကိုသုံးပြီး Database ကိုချိတ်ဆက်တဲ့အခါ localhost တို့ root တို့ pu123pulay တို့

72coder တို့ ဆိုတဲ့ နာမည်အစစ်တွေကိုမသုံးချင်လွန်းလို့ သူတို့အစားသုံးလို့ရတဲ့ variable တွေဖန်တီးထားတာ၊
နောက်တစ်ဆင့်မှာတော့ mysql_connect Function ကိုကျွန်တော် စပြီးသုံးထားပါတယ်၊ ဒီကတော့ SQL ဘာသာရပ်ရဲ့ Database ချိတ်ဆက်တဲ့ Build-function တစ်ခုပါ (ခင်ဗျားတို့

ဘယ်လောက်ပဲတော်တော် PHP နဲ့ MySQL မှာ အဲ့ဒီ့ Fuction တစ်ခုပဲ Database ကိုချိတ်ဆက်နိုင်တယ် ဘယ်သူမဆို၊ သူက အသေ အရှင်မဟုတ်ဘူး ၊ ဒါ့ကြောင့်ကျွန်တော်က build-in

လို့ပြောတာပေါ့)
mysql_connect Function မှာ Parameter သုံးခုပါတယ်၊ host name, username နဲ့ password တို့ပဲ၊ သူတို့ကို ကျွန်တော်တို့က host name နေရာမှာ localhost ထည့်ရမယ်၊ ဒါပေမယ့်

localhost မထည့်တော့ဘူး localhost ကို သိုလှောင်ထားတဲ့ Variable ဖြစ်တဲ့ $db_host ကိုပဲထည့်လိုက်မယ်၊ အခြား နှစ်ခုကိုလဲ အဲ့ဒီ့အတိုင်းပဲယူစပါ……….
mysql-connect Function လဲပြီးရော or ဆိုတဲ့စာလုံးလာတယ်၊ ထင်ချင်သလိုထင် အဲ့ဒီ့ or က ခင်ဗျားတို့ထင်တဲ့ (သို့မဟုတ်မဟုတ်ဘူး) ဒါပေမယ့် အဓီပါယ်ကတော့ သို့မဟုတ်ပါ၊

ပြောတာရှုပ်သွားမယ်ထင်တယ်၊ ဒါပေမယ့် မရှင်းပြတော့ဘူး၊ ကို့ဘာသာနားလည်အောင်လုပ် နာမည်ရင် မိတ်ဆွေ Developer ဖြစ်နိုင်တယ်၊ နာမလည်ရင်တော့ သူများရေးတဲ့ကုတ်တွေကို

ခိုးချနိုင်တယ်၊ အဲ့ဒီ့ or ပြီးတော့ PHP ရဲ့ die( ) function ကိုတွေ့ရပြန်တယ်ဗျာ၊ die( ) Function မှာတော့ argument တစ်ခုပဲပါတယ်၊ ( argument နဲ့ Parameter ဘာကွာလဲ၊

မသိသေးရင် သေချာလေ့လာပါ၊ ဟဲဟဲဟဲ မသိဘဲနဲ့ Developer လို့ရှောက်မကြွေးကြော်နဲ့ လေကုန်တယ်)၊ argument က could not connect to mysql ဖြစ်တယ်၊ die( ) function ရဲ့

အလုပ်လုပ်ပုံအတိုင်း သူ့ကိုခေါ်ခံရရင် သူ့ထဲက argument ကို အဖြေထုတ်ပေးမယ်၊ တစ်ချို့ကတော့ error( ) function ကိုသုံးတယ်၊ သုံးချင်ရာသုံးရတယ်၊ အလုပ်လုပ်ပုံက အခေါ်ခံရရင်

အဖြေထုတ်ပေးမှာ
အခေါ်ခံရရင် ဆိုတော့ဘယ်သူက ခေါ်မှာလဲ၊ ဒီလိုဗျ၊ အရင်ဆုံး ရှေ့က mysql_connect ( ) function က အလုပ်လုပ်လိမ့်မယ်၊ အလုပ် မအောင်မြင်ရင် အလိုလျှောက် die( ) function

ကိုခေါ်လိမ့်မယ်၊
နောက်တစ်ကြောင်းမှာတော့ database ကိုရွေးချယ်တဲ့ mysql_select_db ( ) ဆိုတဲ့ function ကိုသုံးတယ်၊ Parameter တစ်ခုပဲပါမယ်၊ $db_name တဲ့ $db_name ဆိုတဲ့ ကျွန်တော်တို့

72coder ဆိုတဲ့ Database နာမည်ကို သိုလှောင်ဖိုတည်ဆောက်ခဲ့တဲ့နာမည် မှတ်လား၊ mysql_select_db( ) Function ရဲ့အလုပ်လုပ်ပုံက သိပ်ရိုးလွန်းအားကြီးတယ်၊ သူ့နာမည်အတိုင်းပဲ

သူ့ရဲ့အလုပ်ကလဲ ရွေးချယ် သတ်မှတ်လိုတဲ့ database နာမည်ကို ခေါ်တာ၊ mysql က လွယ်လွန်းပါတယ်၊ (ယုံချင်ယုံ မယုံချင်နေ ကျွန်တော် တစ်ခါ မှ mysql မလေ့လာဖူးဘူး၊ သူက

လုပ်ရင်းပဲ မဖြစ်မနေသုံးရတော့တတ်သွားတာ၊) ခင်ဗျားတို့ တတ်ချင်ရင် ကျွန်တော် တစ်ရက် ထဲတတ်အောင်သင်ပေးနိုင်တယ်၊ ဒါပေမယ့် သိတဲ့အတိုင်းပဲ ကျွန်တော်က သိပ်မရက်ရောဘူး၊

ကျွန်တော့ ဆီက mysql E-book ကိုရချင်ရင် ကျွန်တော့အတွက် အွန်လိုင်းကနေ တစ်နာရီအလုပ်လုပ်ပေးရတယ်၊ မလုပ်ချင်ရင် မပေးဘူး၊
အထက်က mysql_select_db ( ) Function ပြီးတော့ ခင်ဗျားတို့ ကျုပ်ကိုစိတ်ပျက်သွားတဲ့ or လာတယ်၊ ပြီးတော့ die () function ထပ်လာတယ်၊ Parameter တစ်ခုပဲရှိတယ်၊ die( )

ကိုခေါ်ရင်လုပ်မယ့်အလုပ်ဖြစ်တဲ့ no database၊ အထက်က die() နဲ့ အတူတူပဲ ဆက်ရေးရင် လက်ညောင်းတယ်၊
Databse ကိုချိတ်ဆက်မယ့်ကုတ်ကိုတော့ရေးပြီးသွားပီ၊ အဲ့ဒီ့ဖိုင်ကို db_connect.php လို့နာမည်ပေးပြီး 72script ဖိုဒါထဲသိမ်းလိုက်၊
ပြီးရင် အဲ့ဒီ့ဖိုင် အလုပ်လုပ်လားမလုပ်လားစမ်းမယ်၊ ရိုးရိုးတော့ စမ်းလို့ရဘူး၊ စမ်းလို့ရအောင်ဆိုရင် index.php ဖိုင်ကို Notepad++ နဲ့ ဖွင့်လိုက် ပြီးရင် အောက်က အတိုင်းပြင်လိုက်

အထက်က index.php ဖိုင်ကို ကျွန်တော် php ကုတ်နည်းနည်းထည့်လိုက်တယ်၊ <?php include(“72script/db_connect.php” ) ?> ဆိုတဲ့ကုတ်ပါ၊ <?php အဖွင့်နဲ့ ?> အပိတ်ကတော့

ပြောစရာလိုဘူးထင်တယ်၊ (မိတ်ဆွေရေဒါကိုမှမသိသေးရင် ခင်ဗျား လုံးဝ PHP မတတ်သေးလို့ ခင်ဗျားရဲ့ အခြေအနေက ကျွန်တော့ရဲ့ www.72coder.com

ဆိုက်ကိုမဖြစ်မနေသွားဖို့လိုအပ်နေပီ၊ မြန်မြန်သွား၊) ပြီးတော့ inclue( ) function ကိုသုံးတယ်၊ သူ့ရဲ့အလုပ်က သူ့ရဲ့ Parameter ထဲမှာရှိတဲ့ value ကို အခု

ကုတ်တစ်ကြောင်းလုံးထည့်ထားတဲ့နေရာမှာထည့်ဖို့၊ (ကြုံလို့ပြောဦးမယ်၊ ခင်ဗျားက Developer တစ်ယောက်မဟုတ်ပဲ Designer တစ်ယောက်ဆိုရင်တောင် PHP ရဲ့ inclide( ) function

လေးကိုတော့လေ့လာထားသင့်တယ်၊ ဒါလေးက လေ့လာတာ ၅ မိနစ်မကြာပါဘူး၊ ဒါပေမယ့် Designer တွေအားလုံးခင်ဗျားကို ဦးညွတ်သွားမယ်၊ အဲ့ဒီ့လောက်အထိ အသုံးဝင်တာ၊ ခင်ဗျား

ဆွဲခဲ့တဲ့ဆိုက်တွေအားလုံးကို စက္ကန့် ပိုင်းအတွင်း ပြောင်မြောက်တဲ့ Dyanmic Site Style ကိုပြောင်းလိုက်နိုင်တယ်၊
အဲ့ဒီ့တော့ အထက်က <?php include(“72script/db_connect.php” ) ?> ဆိုတာ Include ရဲ့ parameter မှာပါတဲ့ 72scrip ဖိုဒါထဲရှိ db_connect.php ဖိုင်ကို အဲ့ဒီ့ <?php include

(“72script/db_connect.php” ) ?> ဆိုတဲစာကြောင်းရှိတဲ့နေရာမှာဝင်ခိုင်းတာ၊ အဲ့ဒီ့တော့ဗျာ စိတ်ကူးနဲ့ကြည့်မယ်ဆိုရင် အဲ့ဒီ့ <?php include(“72script/db_connect.php” ) ?>

နေရာကို အထက်က ကျွန်တော်တို့ရေးခဲ့တဲ့ db_connect.php ဆိုတဲ့ ဖိုင်ထဲက ကုတ်တွေအားလုံးရောက်လာမယ်၊ ကုတ်တွေအားလုံး မရေးချင်တော့လို့ အလွယ်လေး php ရဲ့ include

function ကိုသုံးပြီးထည့်လိုက်တာ၊ ဘယ်လောက်မိုက်ထားလဲ အားလုံးရေးစရာမလိုဘူး တစ်ကြောင်းထဲနဲ့အားလုံးပြီးရော Designer တွေရေ၊ အောက်က အတိုင်းမရေးချင်လို့


အထက်က ဥပမာ ကိုကြည့်ရင် သိသာပါတယ်၊ လေးထောင့်ကွက်ထဲက ကုတ်တွေက db_connect.php ဆိုတဲ့ ကျွန်တော်တို့ အထက်မှာထည့်ဆောက်ခဲ့တဲ့ ဖိုင်ထဲက ကုတ်တွေ၊

အဲ့ဒီ့ကုတ်တွေကို ပြန်မရေးချင်တော့လို့ သူ့ဖိုင်ကိုး <?php include(“72script/db_connect.php” ) ?> လို့ရေးပြီးထည့်လိုက်တာ၊ အခု အဲ့ဒီ့ဖိုက်ကို Run ကြည့်လိုက်ပါဦး၊ Run

ကြည့်ဆိုလာ Localhost/web/ လို့ addressbar မှာရိုက်ပြီးစမ်းခိုင်းတာပါ၊ ဒါဆိုရင်အောက်က အတိုင်းအဖြေရမယ်၊

အထက်က အတိုင်းအဖြေထွက်မယ်၊ မိတ်ဆွေတို့က တော့ ဘာမှမထူးဘူးထင်မှာပဲ၊ ထူးပါပီကောဗျာ၊ အခု ပုံမှန်အတိုင်းဖြစ်နေတာ အမှာမပါလို့၊ မယုံရင် အခုလက်ရှိဖိုင်မှာရှိတဲ့ php

ကုတ်မှာဖြစ်စေ db_connect ဖိုင်မှာဆိုတဲ့ နေရာမှာဖြစ်စေ တစ်ခုခု အမှားလုပ်ကြည့်လိုက်ပါ၊ ဥပမာ <?php include(“72script/db_connect.php” ) ?> အစား 72scritpt ဆိုတဲ့

ဖိုဒါနာမည်ကိုဖြောက်ပြီးရေးကြည့်ပါ၊ <?php include(“db_connect.php” ) ?> လို့၊ ပြီးရင် localhost/web/ ဆိုပီးရိုက်ထည့်လိုက်ကြည့်၊ ဒါဆိုရင်ဘာဖြစ်မလဲ သိရအောင်၊

အထက်က ပုံကတော့ တက်လို့ <?php include(“72script/db_connect.php” ) ?> ဆိုတဲ့ လင့်မှာ 72script ဆိုတဲ့ ဖိုဒါနာမည်ကို မပါပဲ ရေးမိရင်ရမယ့်ပုံစံပါ၊ directory မမှန်တော့

အမှားပြတယ်၊ မှားတဲ့အမှားကိုလဲ အတိအကျ ပြောတယ်ဗျ၊ ကျွန်တော်မရှင်းပြတော့ဘူး ကြာလို့၊ ကျွန်တော့ ဆိုက်မှာတော့ရှင်းပြထားမယ်၊ တကယ်လို့ db_connect.php ဖိုင်မှာမှားရင်လဲ

အမှားကို အတိအကျ Warning ပေးလိမ့်မယ်၊ အဲ့ဒီ့ Warning က Localhost မှာ ပြသနာမရှိပေမယ့် Server မှာ အဲ့ဒီ့ပြသနာမျိုးဖြစ်တဲ့ဆိုက်ကိုတင်မိရင်ဖြင့် သေချာပေါက် Hack ခံရမယ်၊

ဒီတော့ အဲ့ဒီ့ Warning ကိုဖြောက်ထားသင့်တယ်၊ ဖြောက်တဲ့နည်းတော့လျှိုထားလိုက်မယ်၊ (နောက်တာ ကျွန်တော့ဆိုက်မှာဖတ်၊ ဘယ်တစ်ခုမှမလျှိုဘူး၊ ကြိုက်တဲ့ ဟာမေး၊

အကုန်ပြောပြမယ်၊ အကုန်လုပ်ပြမယ်၊ ခင်ဗျားတို့က ကျွန်တော့အတွက်တော့အလုပ်လုပ်ပေးရမယ်၊ အပေးအယူပေါ့)၊
အိုကေ စမ်သပ်လို့ အားလုံးအဆင်ပြေရင်ဖြင့်နောက်ထပ် ဖိုင်တစ်ခုကိုဖန်တီးကြမယ်၊ သူကတော့ ကျွန်တော်တို့ရဲ့ database မှာ Tabale တည်ဆောက်မယ့် ဖိုင်၊ Table က

တည်ဆောက်ရလွယ်ပါတယ်၊ Database ကိုသွား table နာမည်ကိုထည့်၊ ပြီးရင် လိုချင်သလောက် row တွေကို ရွေး၊ ပြီးရင် fields တွေလိုချင်သလိုထည့်တာ သိပ်လွယ်တယ်၊ (field ဆိုလို့

အဲ့ဒီ့က ဆရာကြီးတွေကျုပ်ကိုမှားတယ်လုပ်နေဦးမယ်၊ column ခေါ်ခေါ် field ခေါ်ခေါ်ကြိုက်တာခေါ်)၊
ဒါပေမယ့် အထက်က နည်းက ဓာတ်ပုံတွေအများကြီးရိုက် ပြီးတင်ပေးရမှာ ကျွန်တော် အားလုံးနားလည်စေချင်လို့သာ ဓာတ်ပုံတွေထည့်ပေးတာ တကယ်တော့ ဓာတ်ပုံတွေက မမိုက်လှဘူး၊

ကွန်နက်ရှင်မကောင်းရင်ပြသနာရှိသလို နေရာလဲစားတယ်၊ အဲ့ဒီ့တော့ကာ ကျွန်တော် နောက်ထပ် တစ်နည်းဖြစ်တဲ့ Table တွေကို ကုတ်နဲ့ရေးပြီးတည်ဆောက်လိုက်မယ်၊ အောက်က

အတိုင်းရေးလိုက်ပါ အဆွေတောတိုရရေးးးးးးးးးးးးးးးးးးးးးးးး

အထက်က ကုတ်က ဘာတွေကိုရေးထားတာလဲဆိုတာကို ကျွန်တော်ရှင်းပြမယ်၊ အရင်ဆုံးကျွန်တော်တို့ Database ကိုချိတ်ဆက်လိုက်တယ်၊ ချိတ်ဆက်တဲ့ ကုတ်က require_once

“db_connect.php” ဒါလဲ Include( ) function အတိုင်းပါပဲဗျာ၊ ကွာခြားချက်နဲနဲတော့ရှိတယ်၊ ဘာကွာလဲ ဆိုတာ သိတဲ့သူဖြေကြည့်ပါ၊ ဘယ်သူမှန်လဲကြည့်မယ်၊ ဘယ်သူမှမှန်ရင်

ကျွန်တော်ဖြေမယ် ဟဲဟဲဟဲ၊ စာလုံးမတူတာတို့ ရေးတာ မတူတာတို့ပြောတာမဟုတ်ဘူးနော်၊ ကျွန်တော်ပြောတာ အလုပ်လုပ်တဲ့အနှစ်သာရ၊
ပြီးရင် Database ချိတ်တာ အောင်မြင်တယ်ဆိုရင် အောင်မြင်ကြောင်း ပြောဖို့အတွက် Output ကိုထုတ်ခိုင်းတယ်၊ သုံးတာက Print Method ကိုသုံးတယ်၊ ကျွန်တော်သိပါတယ်၊ echo

သုံးတာ ပိုမြန်တယ်ဆိုတာ၊ ဘာကြောင့်မှန်မသိဘူး Print ကိုပဲ စိတ်ထဲ က မသိမသာ မျက်နှာသာပေးနေမိတယ်၊
နောက်တစ်ကြောင်းမှာတော့ $result = "CREATE TABLE myMembers ( ) ဆိုပြီးရေးလိုက်တယ်၊ အရင်ရှင်းပြမှာက "CREATE TABLE myMembers () သူက တော့ mysql statement

ပါ၊ သူအလုပ်လုပ်တာကတော့ Table ဖန်တီးတာ၊ သူ့နာမည်အတိုင်းပဲ CREATE TABLE ဆိုတော့ Table ဖန်တီးတာပေါ့၊ အဲ့ဒါကြောင့် MySQL ကိုသဘောမကျတာ၊

လျို့ဝှက်ချက်ဘာမှမရှိဘူး၊ ထာပါတော့ ဖန်တီးလိုတဲ့ Table ရဲ့နာမည်ကိုတော့ CREATE TABLE ရဲနောက်မှာထည့်ပေးရတယ်၊ အခုကျွန်တော်တို့ ဖန်တီးချင်တဲ့ Table ရဲ့နာမည်က

myMembers ဖြစ်တယ်၊ မိတ်ဆွေကြိုက်တဲ့နာမည်ပေးလို့ရတယ်၊ ဒီမှာကျွန်တော်တို့က အဲ့ဒီ့ တည်ဆောက်နေတဲ့ MySQL Table တစ်ခုလုံးကို $result ဆိုတဲ့ Variable ထဲထည့်လိုက်တယ်၊

ဒါကတော့နောက်ပိုင်း စစ်ဆေးစရာရှိလို့ပါ၊
နောက်တစ်ကြောင်းမှာက
id int(11) NOT NULL auto_increment,
အထက်က ရေးထားတာက id ဆိုတဲ့ row တစ်ခုဖန်တီးမယ်၊ နာမည်က id ၊ Length က 11 (စာလုံးအရေအတွက်ကိုပြောတယ်)၊ Not Null ဒါကတော့ ပညာပါတယ်၊ Null နဲ့ Not Null

နှစ်ခုရှိတယ်၊ Null က အဲ့ဒီ့အကွက်မှာ ဘာမှမထည့်လဲရတယ်၊ Not Null က ဘာမှမထည့်ဘဲ ထားခဲ့လို့မရဘူး၊ ဒီလိုဗျာ၊ အသင်းဝင်တဲ့အခါ တစ်ချို့ အချက်တွေက

မဖြည့်ဘဲထားခဲ့လို့ရတယ်၊ တစ်ချို့အချက်တွေက မဖြည့်လို့မရဘူး၊ မဖြည့်ဘဲထားလို့ရတဲ့အချက်တွေကို Database မှာ သိုလှောင်ဖို့ row ဖန်တီးရင် Null သုံးတယ်၊ မဖြစ်မနေဖြည့်ရမယ့်

အချက်တွေအတွက် row တွေမှာ Not Null သုံးတယ်၊ auto_increment ကတော့ အလိုလျှောက် အဆင့်တိုးသွားမှာကိုပြောတာ၊ ဒါက သိပ်အရေးကြီးတယ်၊ မိတ်ဆွေရဲ့ social site မှာ

သူများအသင်းလာဝင်ရင် ပထမလာဝင်တဲ့လူရဲ့ ID ကို 1 လို့အလိုလို သတ်မှတ်မယ်၊ ဒုတယလာဝင်တဲ့သူရဲ့ id ကို 2 လို့အလိုလို သတ်မှတ်မယ်၊ ဒါကို auto_increment

လုပ်တယ်လို့ခေါ်တယ်၊ သူမပါရင် id ကို အဲ့ဒီ့သတ်မှတ်ပေးမှာမဟုတ်တော့ဘူး၊ မိတ်ဆွေက လိုက်ရေးနေရလိမ့်မယ်၊ သိပ်ရှုပ်တယ်၊
အိုကေ အထက်က အချက်တွေကိုသေချာမှတ်ပါ၊ နောက်ထက် စာကြောင်းတွေကမှာလဲ တူတဲ့အချက်တွေပါတယ်၊ တူတာတွေကို မရှင်းပြတော့ဘူး၊
နောက်တစ်ကြောင်းက
firstname varchar(255) NOT NULL,
အထက်က စာကြောင်းက firstname ဆိုတဲ့ တန်ဖိုးကိုထည့်ဖို့ row တစ်ခုတည်ဆောက်တာ၊ ဒီမှာ ပညာသားပါသာ တစ်ခုလာပြန်ပီ၊ varchar တဲ့ မုန်းဖို့ကောင်းတယ် ဟဲဟဲဟဲ နောက်တာ၊

ဒီလိုဗျ၊ varchar နဲ့ cahr နှစ်ခုရှိတယ်၊ cahr က အများဆုံး စာလုံး ၁၀ လုံးအထိပဲလက်ခံတယ်၊ ဥပမာ မိတ်ဆွေရဲ့ first name ကိုရေးပါဆိုရင် ၁၀ လုံးထက်ကျော်ရေးလို့်မရဘူး၊ ကျော်ရင်

အလုပ်မလုပ်တော့ဘူးပေါ့၊ ဒီတော့ first name မှာ waiferkolar လို့ထည့်လိုက်ရင် 10 လုံးထက်ကျော်တဲ့အတွက် နောက်ဆုံး ၁၁ လံုးမြောက် r ကိုရိုက်လို့မရတော့ဘူး၊ ဒီတော့ char က

စာလုံး (သို့) ဂဏန်း 10 လုံး အများဆုံးလက်ခံတယ်ဆိုတာ မှတ်သားပါ၊ char လိုပဲ varchar ကလဲ စာလုံးရေကန့်သတ်တာပါပဲ၊ ဒါပေမယ့်သူကတော့ အများဆုံး 255 ပါ၊ ပြောချင်တာက

စာလုံး 255 လုံးအထိထည့်နိုင်တယ်ပေါ့ဗျာ၊ ( ဟဲဟဲ အဲ့ဒီ့ကဆရာကြီးတွေ ပြသနာမရှာခင်ကြိုပြောရဦးမယ်၊ MySQL 5.0.3 အောက်ပိုင်း က varchar ကို 225 အထိလက်ခံပြီး သူ့အထက်

version အလန်းတွေကတော့ စာလုံး 65,535 လုံးအထိလက်ခံပါတယ်)
နောက်ကိုးကြောင်း (အားလုံးတူတယ် မရှင်းပြတော့ဘူး)၊
middlename varchar(255) NULL,
lastname varchar(255) NOT NULL,
country varchar(255) NOT NULL,
state varchar(255) NOT NULL,
city varchar(255) NOT NULL,
zip varchar(255) NOT NULL,
phone varchar(255) NOT NULL,
email varchar(255) NOT NULL,
password varchar(255) NOT NULL,
နောက်တစ်ကြောင်း
sign_up_date date NOT NULL default '0000-00-00',
အထက်ကတော့ sign up date ပါ၊ အသင်းဝင်နေ့စွဲလေ၊ သူ့ကိုတော့ 0000-00-00 ဆိုပြီးပေးထားတယ်၊ ဒါကတော့ အသင်းမ၀င်မရှိသေးတဲ့အချိန်မှာပါ၊ အသင်းဝင်ပီဆိုတာနဲ့ အလိုလို

JavaScript ရဲ့ getDate Method သုံးပြီး အချိန်အတအကျကိုယူမှာ၊ ဒါပေမယ့် row တည်ဆောက်တဲ့အချိန်မှာတော့ default value တစ်ခုထည့်ဖို့လိုတဲ့အတွက် ရှေ့က လေးလုံးကို

ခုနှစ်အဖြစ် နောက်က နှစ်လုံးကို လ အဖြစ် နောက်ဆုံးနှစ်လုံးကို ရက်အဖြစ်ယူပေးထားတာ်၊ ခင်ဗျားတို့ ရှေ့နောက်ချိန်ချင်ချိန်းလိုက်၊
နောက်တစ်ကြောင်း
last_log_date date NOT NULL default '0000-00-00',
ဒီတစ်ကြောင်းကလဲ အထက်က အကြောင်းနဲ့ ဆင်တူတယ်၊ ပြောမနေတော့ဘူး၊ နောက်ဆုံး Login လုပ်တဲ့နေ့ကိုမှတ်မှာ၊
နောက်တစ်ကြောင်း
bio_body text NULL,
အထက်က စာကြောင်းရဲ့အ ဓိပါယ်က bio_body အတွက် row ကိုတည်ဆောက်မယ်၊ အမျိုးအစားက Text ၊ Text ဆိုတာ က စာလုံးအရေအတွက် 512,000

ပမာဏကိုသိုလှောင်နိုင်တဲ့ပမာဏကို ရည်ညွန်းတယ်၊ memory storage နဲ့ပြောရင် 64 kolobyte ၊ အဲ့ဒီ့ 64 kilobyte ကိုကျွန်တော် စာလုံး ဘယ်နှစ်လုံရမလဲတွက်တာ 512,000 ရတယ်၊

ခင်ဗျားတို့လဲ ကြိုက်သလိုတွက်ကြည့်ပါ၊
နောက်နှစ်ကြောင်း တူတယ် မရှင်း
website varchar(255) NULL,
youtube varchar(255) NULL,
နောက်တစ်ကြောင်းတွ
account_type enum('a','b','c') NOT NULL default 'a',
အထက်က တော့ enum value type ကိုသုံတာပါ၊ ကျွန်တော်အလွယ်လေးပဲပြောသွားမယ်၊ အကောင့်အမျိုးအစား a , b , c ရှိတယ်၊ ဘယ်အကောင့်အမျိုအစာကို ဖွင့်မလဲမေးတာ၊ ပုံမှန်

Default အနေနဲ့တော့ a လို့ထားတယ်၊ ဒါကတော့ ရိုးရိုးပေါ့၊ အခြား အကောင့် အမျိုး အစားဖြစ်တဲ့ b နဲ့ C ကိုလဲရွေးနိုင်တယ်၊ အဲ့ဒီ့ enum data type က တန်ဖိုး 65,535

ခုထည့်သွင်းနိုင်တယ်၊ တကယ်လို့အဲ့ဒီ့ တန်ဖိုးထဲမှာ မသတ်မှတ်ထားတဲ့ တန်ဖိုးကို ထည့်လာရင်တော့ အဲ့ဒီ့ တန်ဖိုးကိုဖြတ်ချပြစ်မယ်၊
နောက်တစ်ကြောင်း
email_activated enum('0','1') NOT NULL default '0',
အထက်က လဲ enum value ပါ၊ ဒီတစ်ခုက ရှင်းရလွယ်တယ်၊ အသင်းဝင်တဲ့လူတစ်ယောက်ကို ကျွန်တော်တို့က သူ အသုံးပြုတဲ့ email လိပ်စာ စစ်မှန်လား ဆိုတာသိချင်လို့ သူ့ရဲ့ email

ထဲကို activation လင့်ပို့တယ်၊ ဒီတော့အသင်းဝင်က အဲ့ဒီ့ ကုတ်ကို သူ့အီးမေးထဲမှာသွားယူပြီး ဆိုက်မှာလာဖြည့်ရမယ်၊ မှန်တယ်ဆိုမှာ သူ့အကောင့်က activate ဖြစ်မယ်၊

ဒီလိုအခြေအနေမှာ အသင်းတော့ဝင်ပြီးပီ၊ active မလုပ်ရသေးဘူးဆိုတဲ့ အခြေအနေမျိုးဖြစ်လာနိုင်တယ်၊ ဒီတော့ အသင်းဝင်ပြီး active မလုပ်သေးရင် အဲ့ဒီ့ အသင်းဝင်အတွက်

ကျွန်တော်တို့ထားတဲ့ email row မှာ enum တန်ဖိုး 0 ဖြစ်နေလိမ့်မယ်၊ activate လုပ်ပြီးရင် 1 ဖြစ်သွားမယ်၊ ဒါကို အသုံးပြုပြီးနောက်ပိုင်းအလုပ်တွေအများကြီးလုပ်ရမှာ၊ ဥပမာ

Membership Area ထဲက အသင်းဝင်မဟုတ်သေးသူကို ၀င်ခွန့်မပြုတာမျိုးပေါ့၊
နောက်တစ်ကြောင်း
PRIMARY KEY (id),
ဒီအချက်က အရေးကြီးတယ်၊ id ကို Primary key အဖြစ်ထားတာ၊ ဒီလို Primary Key ကို Table တစ်ခုမှာ Row တစ်ခု အတွက်ပဲထားလို့ရတယ်၊ Flash file database တွေအတွက်

အရေးမကြီးသော်ငြား ဖိုရမ်းတည်ဆောက်တဲ့ Mutipel Table Database တွေတည်ဆောက်ရင်ဖြင့် Table တွေကိုချိတ်ဆက်အသုံးပြုရမှာဖြစ်လို့ သိပ်ကိုမှအရေးကြီးပါတယ်၊
နောက်တစ်ကြောင်း
UNIQUE KEY email (email)
ဒါကတော့ အီးမေးလိပ်စာထပ်မသွားအောင်လုပ်ထားတာပါ၊ ဥပမာ အီးမေးလိပ်စာတူနှစ်ခု လာပြီး ထပ်နေတာမဖြစ်အောင်ပေါ့၊ တစ်ခုရှိပြီသားဆိုရင် နောက်ထပ် အဲ့ဒီ့ အီးမေးနဲ့ တူတာ

ထပ်ပြီး မထည့်နိုင်အောင်ပါ၊ ဒီတစ်ခုတော့ ကျွန်တော် ရေးခဲ့သမျှထဲမှာ အကြောင်ဆုံးဘဲ၊ email လိပ်စာတူတာရှိမှမရှိတာ၊
အားလုံးပီးပီ။
အခု Table တည်ဆောက်မယ့်အချက်တွေအားလုံးပြီးသွားရင်ဖြင့် အဲ့ဒီ့အချက်တွေအားလုံးကိုသုံးပြီး CREATE TABLE ဆိုတဲ့ Statement သုံးလို့ Table တည်ဆောက်လိမ့်မယ်၊ အဲ့ဒီ့ဖိုင်ကို

Run တဲ့အချိန်မှာနော်၊ အဲ့ဒီ့လို Table တည်ဆောက်မူအားလုံးကို $result ရဲ့တန်ဖိုးအဖြစ်ထားလိုက်တယ်၊ ပြီးတော့အောက်မှာ Conditional Statement တစ်ခုကိုတည်ဆောက်လိုက်တယ်၊

if else ပေါ့၊
if (mysql_query($result)){
print " ဆရာကြီးရေ Database ထဲ မှာ Table တည်ဆောက်တာ အောင်မြင်တယ်ခင်ဗျာ
<br /><br /><b>ဒီဖိုင်ကို တစ်ခေါက် Run ပြီးရင်ဖြတ်ပြစ်လိုက်ပါ၊ <br />
ဖိုင်နာမည်က 'create_table.php' နော်၊ အဲ့ဒါပီးရင် ဆက်လိမ့် ကြမယ်၊ လုပ်စရာတွေအများကြီးရှိသေးတယ်၊</b>";
}
အထက်က ရေးလိုက်တာက အကယ်၍ mysql_query ( ) Function ကိုသုံးထားယတယ်၊ အဲ့ဒီ့ Function က သူ့ရဲ့ Paramenter ထဲမှာရှိတဲ့ query ဖြစ်သော $result အလုပ်လုပ်တာ

မှန်လားမှားလား ကို အဖြေထုတ်ပေးမှာ မှန်ရင် True မှားရင် false. အထက်မှာရေးတာက အကယ်၍ mysql_query လုပ်တာမှန်ခဲ့ရင် (ပြောချင်တာ Table တည်ဆောက်လို့ရခဲ့ရင်)

အဖြေကို (“ဆရာကြီးရေ Database ထဲ မှာ Table တည်ဆောက်တာ အောင်မြင်တယ်ခင်ဗျာ
<br /><br /><b>ဒီဖိုင်ကို တစ်ခေါက် Run ပြီးရင်ဖြတ်ပြစ်လိုက်ပါ၊ <br />
ဖိုင်နာမည်က 'create_table.php' နော်၊ အဲ့ဒါပီးရင် ဆက်လိမ့် ကြမယ်၊ လုပ်စရာတွေအများကြီးရှိသေးတယ်၊</b>";)
လို့ထုတ်ပေးမယ်၊ နောက်တစ်ကြောင်းမှာက else ဆိုပြီး အထက်က if(mysql_query($result) မမှန်ခဲ့ရင် ပြေချင်တာက (table တည်ဆောက်လို့မရခဲ့ရင်) ဒါဆိုရင်
else {
print "အဆင်မပြေဘူးဗျို့၊ ဘာ Table မှ တည်ဆောက်လို့ရဘူး၊ system debug လေးလုပ်လိုက်ဦးဟ!";
}
ဆိုတဲ့အဖြေဖြစ်တဲ့ ("အဆင်မပြေဘူးဗျို့၊ ဘာ Table မှ တည်ဆောက်လို့ရဘူး၊ system debug လေးလုပ်လိုက်ဦးဟ!";) လို့ထုတ်ပေးမယ်၊
ပြီးရင် PHP ရဲ့ exit( ) Function သုံးပြီးထွက်မယ်၊
အိုကေ အထက်က ဖိုင်ကို script ဖိုဒါထဲမှာသိမ်းလိုက်ပြီးရင် firefox ရဲ့ address bar မှာ localhost/web/72script/create_table.php လို့ရေးပြီး Run လိုက်၊ ဒါဆိုရင်အောက်က

ပုံစံစာမျက်နှာကိုတွေ့ရမယ်၊

အောက်မြင်ရင်အထက်က အတိုင်း အောင်မြင်ကြောင်းကိုပြောမယ်၊ မအောင်မြင်ရင် မအောင်မြင်ကောင်း warnning ပေးမယ်၊ ပြသနာရှိရင် ပြသနာဖြစ်နေတဲ့ စာမျက်နှာပုံကို ဓာတ်ပုံရိုက်ပြီး

ကျွန်တော့ကိုပြ၊ ကျွန်တော် ကြည့်ပေးမယ်၊ အထက်က အတိုင်း Database မှာ Table တည်ဆောက်တာအောင်သွားရင်အောက်က လို Database ထဲကိုဝင်ကြည့်ရင် တည်ဆောက်ခဲ့တဲ့

myMembers ဆိုတဲ့ table ကိုတွေ့ရပါမယ်၊

အထက်က လို PhpMyAdmin မှာ Table တစ်ခုတည်ဆောက်ပြီးသွားရင် အားလုံး အဆင်ပြေတယ်၊ အဲ့ဒီ့ mymembers ဆိုတဲ့ Table က ကျွန်တော်တို့ ကုတ်နဲ့ရေးပြီး

ပြောင်မြောက်စွာတည်ဆောက်ခဲ့တဲ့ Table ပါ၊ ဒီလိုနည်းက forum apps တို့ social apps တို့မှာသုံးတယ်၊ ခလုပ်နှိပ်တာနဲ့ အားလုံးအဆင်သင့်ဖြစ်သွားအောင်၊
ပြီးရင် create_table.php ဆိုတဲ့ ဖိုင်ကို Script ဖိုဒါထဲကနေသွားဖြတ်မယ်၊ မဖြစ်ရင်နောက်ပိုင်းမှာနှိပ်မိလို့ပြသနာဖြစ်နိုင်လို့၊

နေ့စဉ်ရေးပေးမယ်တော့စိတ်ကူးထားယတယ်၊ ဒါပေမယ် နှစ်ရက်တစ်ခါလဲ ဖြစ်သွားနိုင် သလို တစ်ပတ်တစ်ခါလဲဖြစ်သွားနိုင်တယ်၊ ကျွန်တော်သင်ပေးတဲ့ ဒီသင်ခန်းစာပြီးရင် ခင်ဗျားတို့

Conetent Management System ၀က်ဆိုက် တစ်ခုကို ဘယ်လိုတည်ဆောက်ရမလဲဆိုတာ သိသွားမယ်၊ ကိုပိုင် Social Site တွေရေးပြီး ning.com လို့ Social Site ရောင်းစားလို့ရမယ်၊

www.72coder.com က သင်ခန်းစာတွေအားလုံးပြီးရင် မြန်မာနိုင်ငံမပြောနဲ့ ကမ္ဘာမှာတောင် လက်တစ်စုတ်စာလူစု သာတတ်တဲ့ အလုပ်မျိုးကိုခင်ဗျားလုပ်သွားနိုင်မှာပါ၊
နောက်နေ့ Flash သုံးပြီး ၀က်ဆိုက်ရဲ့ Header ကိုအလှဆင်မယ်၊ နောက်ပိုင်း အသင်းဝင်စာမျက်နှာအတွက် PHP ကုတ်ရေးမယ်၊ Flash Gallery အတွက် Action Script 3 သုံးပြီး ကုတ်တွေ

သောက်သောက်လွဲရေးရမယ်၊ နည်းနည်းပညာပြတဲ့အနေနဲ့ JavaScript Interactive Site ဖြစ်အောင် JavaScript ကုတ်တွေလဲ လက်တွေ့ရေးပြီးသုံးသွားမယ်၊ ဒီသင်ခန်းစာ

အစအဆုံးပြီးဖို့တော့ အနည်းဆုံး အခန်း 50 လောက်ရေးရမယ်ထင်ပါတယ်၊ ခင်ဗျားတို့ ကြိုက်တယ် အားပေးတယ်ဆိုဆက်ရေးမယ်၊ မကြိုက်ရင် "မကြိုက်ဘူး" တစ်ခွန်းပဲပြော ဘယ်တော့

မှမရေးတော့ဘူး၊ မကျွမ်းကျင်ရင် မဝေဖန်နဲ့၊ တတ်တယ်ထင်ရင် ကျွန်တော်နဲ့ လာပြီး ဆွေးနွေးကြည့်ပါ၊ ဒါမှမဟုတ် ကျွန်တော့ဆိုက်မှာမေးထားတဲ့ မေးခွန်းတစ်ခု သွားဖြေကြည့်ပါ ဒါဆိုရင်

မိတ်ဆွေ ဘယ်လောက် အဆင့်မှန်းသိသွားမယ်၊ နောက်တစ်ခုက မေးခွန်းတွေမေးရင် ဖြေချင်မှဖြေမယ်၊ သိချင်ရင် 72coder.com ကိုသွားဖတ် အဲ့ဒီ့မှာ အားလုံးဖြေမယ်၊ တကယ်လို့

ကျွန်တော့ရဲ့ Post က မသင့်တော်ဘူးထင်ရင် Forum ပိုင်ရှင်အနေနဲ့ ဖြတ်ချင်တဲ့အချိန်ဖြတ်လိုက်ပါ၊ ဒါဆို ကျွန်တော် သဘောပေါက်မယ်၊
polowaifer is offline   Reply With Quote
အောက်ပါအသင်းဝင် 10 ဦးတို့မှ polowaifer အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Reply

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !

အခြားဆင်တူဆွေးနွေးချက်များ
ဆွေးနွေးချက် စတင်ရေးသားသူ ကွပ်ပျစ်ဝိုင်း ပြန်စာများ နောက်ဆုံးပို့စ်
A Developer Notebook! ပူတူး E-Books & Tutorials 4 30-04-2012 10:22 PM


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 10:34 PM
Inactive Reminders By Icora Web Design