Old 06-01-2013, 05:50 PM
  post #1
မောင်ပေါ်ဦး
MF Contributor
 
မောင်ပေါ်ဦး's Avatar
 
အသင်းဝင်နေ့စွဲ: Sep 2008
တည်နေရာ: Working
ရေးသားချက်များ: 2,276
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 4,939
ပို့စ် 1,900 ခုအတွက် 9,441 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 4
မောင်ပေါ်ဦး will become famous soon enough
Cable Type

10 Base2,10 Base5, 10 Base T Installation


Network အတွင်းမှာ ချိတ်ဆက်အသုံးပြုလျက်ရှိသော cable Type အကြောင်းများကို ရေးပြပေးပါ့မယ်။ Network ချိတ်ဆက်တဲ့အခါကျရင် ကွန်ပျူတာတွေအပြင်တစ်ခြား Device များနှင့် ချိတ်ဆက်အသုံးပြုရန် Network Cable များလိုအပ်လာပါပြီ။ အရှင်းဆုံးပြောရရင် Network cableများကို ချိတ်ဆက်အသုံးပြုပြီး အပြန်အလှန် ချိတ်ဆက်မယ်ဆိုရင် ၄င်း Network ကို Bounded media များနှင့် ချိတ်ဆက်ခြင်းလို့ခေါ်ပါတယ်။ သို့မဟုတ် Network တစ်ခုကို Wireless Device များနှင့် ချိတ်ဆက်အသုံးပြုပြီး Data များ၊ information များကို အပြန်အလှန်အသုံးပြုချင်ပါက Wireless Access Point များနှင့် Wireless Adapter များလိုအပ်လာမှာဖြစ်ပါတယ်။ ၄င်း Device နှစ်ခုဟာ ပုံမှန်အားဖြင့် Wireless Network အတွင်းမှာ အသုံးပြုကြပါတယ်။ Wireless Network အတွင်း၌ Access Point များနှင့် Wireless Network Adatpter များအချင်းချင်းအပြန်အလှန်ချိတ်ဆက်မယ်ဆိုရင် ၄င်း Network ကို Inbounded media များနှင့် ချိတ်ဆက်ထားခြင်းကို ဆိုလိုပါတယ်။ ဟုတ်ပါပြီ။ ယခုအခါမှာ Network အတွင်းမှာ အသုံးပြုလျက်ရှိကြတဲ့ Cable Type များကို ပြောပြပေးပါ့မယ်။ ၄င်းNetwork Cable များကို တစ်နည်းအားဖြင့် bounded media များနှင့် ချိတ်ဆက်ခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။ယခုအခါ Network အတွင်းမှာ အသုံးပြုလျက်ရှိတဲ့ CableType များမှာ

(1)Coaxial Cable
(2)Twisted pair(TP)Cable

(3)Fiber optic cable


Coaxial Cable များဟာ အခုနောက်ပိုင်းမှာ အသုံးမများတော့ပါဘူး။ နောက်ပိုင်းမှာတော့ တပ်ဆင်ရလွယ်ကူတဲ့ Twisted Pair cabel များကို အသုံးပြုလာကြပါတယ်။ Coaxial Cable ရဲ့ Ethernet Network အတွင်းမှာ အသုံးပြုတဲ့ Cable Type 2 ခုကို ဖော်ပြပေးပါမယ်။ ၄င်း Cable များမှာ Thin Ethernet နဲ့ Thick Ethernet တို့ဖြစ်ပါတယ်။ Thin Ethernet ကို thinnet, thinwire နှင့် cheapernet cable လို့လည်း ပြောနိုင်ပါတယ်။ နောက်ထပ် Cable တစ်ခုဖြစ်တဲ့ Thick Ethernet ကို Thicknet သို့မဟုတ် Thickwire ဟူ၍လည်း ခေါ်ဆိုနိုင်ကြပါတယ်။ ၄င်း Cabel 2 မျိုးကို အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Institude of Electrical and Electronics Engineers (IEEE) မှလည်း စံတစ်ခုအနေနှင့် 10 Base 2 နှင့် 10 Base 5 ဟု သတ်မှတ်ထားပါတယ်။ 10 Base 2 ဆိုသည်ကား Thin Ethernet ပြောခြင်းဖြစ်ပါတယ်။ 10 Base 5 ဆိုတာကတော့ Thick Ethernet ကို ရည်ညွှန်းထားခြင်း ဖြစ်ပါတယ်။ အခု 10 Base 2 Ethernet Cable အကြောင်းကို ပြောပြပေးပါ့မယ်။

10 Base 2(Thin Ethernet)

10 Base 2ကို ပုံမှန်အားဖြင့် အပိုင်း၃ ပိုင်း ခွဲခြားပေးထားပါတယ်။ ၄င်းအပိုင်း၃ပိုင်းဟာ (10)ဆိုတဲ့အပိုင်း ၊( Base )ဆိုတဲ့ အပိုင်းနှင့် (2) ဆိုတဲ့အပိုင်းလေးပဲဖြစ်ပါတယ်။ (10)ဆိုတဲ့အဓိပ္ပါယ်ဟာ ၄င်းEthernet Cable ရဲ့ Total Bandwidth (စုစုပေါင်းပေးနိုင်တဲ့ Bandwidth )ကတော့ 10 Megabits per second (Mbps)ဖြစ်ပါတယ်။ ဒုတိယအပိုင်းဖြစ်တဲ့ Baseband Transmission ကို ရှင်းပြပေးပါ့မယ်။Network အတွင်း၌ Data များကို ပေးပို့ရာမှာ Baseband Transmission နှင့်သော်လည်းကောင်း၊ Broadband Transmission နှင့် သော်လည်းကောင်း ပေးပို့ကြပါတယ်။ Baseband Transmission မှာကတော့ဖြင့် Data များကို Digital ပုံစံနှင့် Transmit လုပ်ပါတယ်။ Broadband Transmission မှကတော့ဖြင့် Data များကို Digital အစား analog ပုံစံနှင့် Transmit လုပ်ပါတယ်။ နောက်ဆုံးအပိုင်းမှာတော့(2)ဆိုတဲ့အဓိပ္ပါယ်ကို ရှင်းပြပေးပါ့မယ်။ ၄င်း(2)ကဘာကို ကိုယ်စားပြုသလဲဆိုရင် Cable ရဲ့ အသုံးပြုနိုင်တဲ့ Segment Length ကိုဖော်ပြခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ (2)ဆိုတဲ့အဓိပ္ပါယ်ဟာ မီတာ ၂၀၀ အသုံးပြုနိုင်တယ်လို့ ပြောတာပါ။ ပုံမှန်အားဖြင့် ၄င်း Cable ဟာ ၁၈၅ မီတာပဲရပါတယ်။ အခုဆိုရင် 10 Base 2 ဆိုတဲ့ Thin Ethernet အကြောင်းကို နားလည်သဘောပေါက်လောက်ပြီဖြစ်ပါတယ်။ 10 ဆိုတာ Cable ရဲ့ Bandwidth ကို ပြောတာပါ။ အဓိပ္ပါယ်က 10 Mbps ရတယ်ပေါ့။ Base ဆိုတာက (Data)များကို (Baseband Signaling) ဆိုတဲ့ Digital ပုံစံအနေနှင့် Transmit ပြုလုပ်ခြင်းဖြစ်ပါတယ်။ 2 ဆိုတာကတော့ ၄င်းCable ရဲ့ အများဆုံးရနိုင်တဲ့ Segment ရဲ့ Length ဖြစ်ပါတယ်။
10 Base 5 (Thickwire Ethernet)


10 Base 5 တဲ့။၎င်း 10 Base 5 ကို Thickwire Ethernet လို့လည်းခေါ်ဆိုနိုင်ပါတယ်။ ၄င်းနေရာမှာ 10 ဆိုတာက Cable ရဲ့ Bandwidth ကိုဆိုလိုခြင်းဖြစ်ပါတယ်။ Base ဆိုတာကတော့ဖြင့် (Baseband Signaling) ကို ပြောခြင်းဖြစ်ပြီး Data များကို Digital ပုံစံဖြင့် Transmit ပြုလုပ်ပါတယ်။ (5) ဆိုတဲ့ ဆိုလိုရင်းကတော့ ၄င်း Cable ၏အများဆုံးသုံးစွဲနိုင်တဲ့ Segment ရဲ့ Length ပဲဖြစ်ပါတယ်။ ၄င်း 5 ဆိုတာက မီတာ ၅၀၀ ကို ကိုယ်စားပြုပါတယ်။ ၄င်း Cable ရဲ့ Length ဟာ မီတာ ၅၀၀ အသုံးပြုနိုင်တယ်လို့ဆိုလိုတာပါ။
ဒုတိယ Cable တစ်မျိုးကတော့ Twisted Pair Cable အမျိုးအစားဖြစ်ပါတယ်။ ၄င်း Twisted Pair Cable မှာ နောက်ထပ် Cable Type (2)မျိုးထပ်ခွဲထားပါတယ်။ ၄င်း CableType(2)မျိုးဟာ (1)Unshielded Twisted Pair (UTP)
(2)Shielded Twisted Pair (STP) ဆိုပြီး Cable Type (2)မျိုးရှိပါတယ်။ ဒီနေရာမှာ UTP ဆိုတဲ့ Cable ကို (IEEE) မှ Standard တစ်ခုအနေနှင့် 10 Base Tလို့သတ်မှတ်ထားပါတယ်။

10 Base T


10 Base T ကို တစ်နည်းအားဖြင့် Unshielded Twisted Pair (UTP) လို့ခေါ်ဆိုနိုင်ခြင်းဖြစ်ပါတယ်။ ၄င်းနေရာမှာ 10 Base T ကိုအသေးစိတ်ရှင်းပြပေးပါ့မယ်။ 10 ဆိုတာ Cable ရဲ့ Bandwidth ကို ပြောခြင်းဖြစ်ပါတယ်။ ဆိုလိုတာက 10 mbps ရခြင်းကို ပြောခြင်းဖြစ်ပါတယ်။ Base ဆိုတာကတော့ Baseband Signaling ကို အသုံးပြု၍ Data များကို Digital ပုံစံနှင့် Transmit ပို့လွှတ်ခြင်းကို ပြောခြင်းဖြစ်ပါတယ်။ T ဆိုတဲ့ဆိုလိုရင်ကတော့ဗျာ Ethernet ရဲ့ Unshielded Twisted Pair (UTP) ကို ကိုယ်စားပြုခြင်းပဲဖြစ်ပါတယ်။ ဟုတ်ပါပြီ။ အခု 10 Base T ဆိုတဲ့အချက်တစ်ခုခြင်းဆီကို ပြန်လည်တွဲကြည့်လိုက်ရင် အားလုံးကို သဘောပေါက်သွားပါ လိမ့်မယ်လို့ထင်ပါတယ်။


(မောင်ပေါ်ဦး)

တစ်မိုးအောက်-(ပူစူး) အခုလက်ရှိအကြိုက်ဆုံး
Download
koshain17@gmail.com သို့ဆက်သွယ်နိုင်ပါတယ်။
တွယ်ရာမဲ့သော ကျွန်တော် ဘဝ
ကျွန်တော်တင်ထားသောပုံများ မတွေ့ရပါက ဒီနေရာမှာ အကောင့်ဖောက်ပါ။
ကျွန်တော် facebook မသုံးပါ။ twitter တော့သုံးပါတယ်
မောင်ပေါ်ဦး is offline   Reply With Quote
အောက်ပါအသင်းဝင် 11 ဦးတို့မှ မောင်ပေါ်ဦး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 07-01-2013, 12:24 PM
  post #2
မောင်ပေါ်ဦး
MF Contributor
 
မောင်ပေါ်ဦး's Avatar
 
အသင်းဝင်နေ့စွဲ: Sep 2008
တည်နေရာ: Working
ရေးသားချက်များ: 2,276
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 4,939
ပို့စ် 1,900 ခုအတွက် 9,441 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 4
မောင်ပေါ်ဦး will become famous soon enough
ပြန်စာ - Cable Type

Twisted Pair Cable များအကြောင်း


Twisted Pair ဆိုတာ Copper Wire နှစ်ကြိုးကို အတူတကွ လိမ်ပတ်ထားခြင်း ဖြစ်ပါတယ်။ အဲဒီလို
လိမ်ပတ်ထားခြင်းက Twisted Pair Cable ရဲ့ အဓိကကျတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ကြိုးကို လိမ်ထားခြင်းအားဖြင့်
Copper Cable တွေရဲ့ EMI အပေါ် တိမ်းညွတ်မှုကိုလည်း လျော့ချပေးပါတယ်။ ထို့အပြင် မိမိကြောင့်
ဖြစ်ပေါ်သည့် ရေဒီယိုလှိုင်း (Radio Frequency) ပျံ့နှံ့မှုနှုန်းကိုလည်း ၎င်း၏အနီးတ၀ိုက်တွင်ရှိသော
တခြားကြိုးများနှင့် လျှပ်စစ်ပစ္စည်းများ မထိခိုက်အောင် လျော့ချပေးပါတယ်။
ဥပမာပြောရလျင် TV Antenna တွင် အသုံးပြုသောကြိုးအပြား (Shield လို ကြိုးအလုံးမဟုတ်) Radio
Frequency Signals များ တမင်တကာ Radiate ဖြစ်နေစေရန်ကြိုးကို လိမ်မထားဘဲ အပြိုင်ထားထားခြင်း
ဖြစ်တယ်။ ထိုကဲ့သို့ လိမ်ထားခြင်းအားဖြင့် အချင်းချင်း EMI ဖြစ်မှုကိုလည်း ထိန်းချုပ်ပေးထားပြန်ပါတယ်။
ဝါယာကြိုးနှစ်ခုကို နီးနီးကပ်ကပ်ထားလျင် တစ်ခုမှတစ်ခုသို့ အချင်းချင်း Noise တွေ ထုတ်လွှတ်တတ်သော
သဘောရှိလေသည်။ ၎င်းဖြစ်တတ်သည့် သဘောကို Crosstalk ဟု ခေါ်လေသည်။ ကြိုးကို ဤကဲ့သို့ အစုလိုက်
လိမ်ထားခြင်းအားဖြင့် Crosstalk ဖြစ်မှုကိုလည်း လျော့ချပေးပါတယ်။ LANs မှာ အသုံးပြုတဲ့ Twisted Pair Cableနှစ်မျိုး ရှိပါတယ်။ Shielded (Shield ပါတာ)နှင့် Unshielded (Shiled မပါတာ) တို့ပဲ ဖြစ်ပါတယ်။ Twisted Pair Wire ကြိုးတွေဟာ Shield ပါတာရော၊ Shield မပါတာရော ပုံစံအမျိုးမျိုးလာပါတယ်။ Pair ဆိုတဲ့
အစုံအနေနှင့် ၁စုံ၊ ၂စုံ၊ ၄စုံ၊ ၆စုံ စသဖြင့် ရှိကြပါတယ်။[

Shield Twisted Pair (STP) အကြောင်း


Shielded ဆိုတဲ့ အတိုင်းပါပဲ။ STP က ကြိုးမှာ Shield ပါပါတယ်။ ဒီလို Shield ပါလာခြင်းကြောင့် Crosstalkကို လျော့ချနိုင်တဲ့အပြင် EMI ဆိုတဲ့ External Interfarence ကိုလည်း လျော့ချပေးနိုင်ပါတယ်။ ဒီ STP အတွင်းမှာ Shield ဟာ သံဇကာအကွက် ပုံစံအားလုံးကို အပေါ်ကနေအုပ်ပြီး ပတ်ပတ်လည်ပါတဲ့အပြင်
တစ်ကြိုးချင်းစီမှာပါ အပေါ်က ပတ်အုပ်ထားတဲ့ Shield ပါရှိ ပြန်ပါတယ်။ အဲသလို ကောင်းမွန်တဲ့ Shield
ပါရှိခြင်းကြောင့် STP ဟာ Cable Transmission ပိုင်းဆိုင်ရာ၊ Interference ပိုင်းဆိုင်ရာ ပိုကောင်းပါတယ်။ UTP
ထက်နှိုင်းစာလျင် ခပ်ဝေးဝေးနှင့်ပိုကြီးတဲ့ Bandwidth နှင့် သွားနိုင်ပါတယ်။ ကုန်ကျစရိတ်အနေနဲ့ ပြောရမယ်ဆိုလျင် STP Cable ဟာ Thin Coaxial နဲ့ Unshielded Twisted Pair
(UTP)ထက်စာလျင်တော့ ကုန်ကျစရိတ် ပိုတယ်ဆိုပေမယ့် Thick Coaxial နဲ့ Fiber Optic တို့ထက်တော့
ကုန်ကျစရိတ် သက်သာပါတယ်။ တပ်ဆင်ရာမှာတော့ မတူညီတဲ့ ကွန်ရက်အမျိုးအစားတွေပေါ် မူတည်ပြီး ကွဲပြားသွားပါတယ်။ အဓိက ကွာခြားသွားတာကတော့ Connector ပါပဲ။ ဥပမာ Apple Talk ဆိုလျင် ကြိုးတပ်ဆင်ရာမှာ Connector ကို ခဲလည်းဆော်ရမယ်။ နောက်ပြီး ကြိုးတပ်ဆင်ပုံနဲ့ ပတ်သက်ပြီး အတွေ့အကြုံ ရှိထားဖို့လည်း လိုအပ်တယ်။ IBM Token Ring ကြတော့ Unisex ဆိုတဲ့ Data Connector ကို သုံးတယ်။ ခေါင်းနာမည်က Unisex တဲ့။ ထူးဆန်းတယ်နော်။ ဘာဖြစ်လို့လဲဆိုတော့ ၎င်း Connector မှာ Male ရော၊ Female ရော ပါနေလို့ပါ။ ဒါပေမယ့် IBM Data Connector ကတော့ Connector တစ်ခုတည်းမှာ Pins နှင့် Socket တစ်ခါတည်း တွဲပါတာကြောင့် သူ့ကို Unisex Connector လို့ ခေါ်ပါတယ်။ IBM Data Connector တစ်ခုဟာ အခြား IBM Data Connector တစ်ခုကို ချိတ်ဆက်နိုင်ပါတယ်။ ဒီထက် ပိုထူးခြားတာတွေက STP Cable တွေဟာ အရမ်းကိုကြီးတာပါပဲ။ IBM Type1 Cable မှာဆိုလျင် အချင်းတစ်လက်မခွဲ ရှိပါတယ်။ သယ်ဖို့ပြုဖို့တောင် အတော်လေးဒုက္ခရောက်မယ်။ STP Cable တွေဟာ သီအိုရီအရတော့ 500Mbps လောက် Bandwidth ရှိပါတယ်။ သို့သော်လည်း Meter 100 လောက် ရှည်တဲ့ Connection ဆိုလျင်တော့ 15 Mbps လောက်ပဲ ရှိပါတော့တယ်။ ဒါပေမယ့် STP ကလည်း အခက်သားလား။ သူက အမျိုးမျိုးသော ပုံစံရှိနေတာကြောင့် Token-Ring Network တွေရဲ့ Bandwidth ဆို 16Mbps ပါပဲ။
ရာဂဏန်း မီတာလောက် အရှည်ရှိတဲ့ ဒီ Twisted Pair ကြိုး အမျိုးမျိုးတို့ဟာ Attenuation ရဲ့ကန့်သတ်ခြင်းကို ခံကြရတယ် ဆိုပေမယ့် တကယ်တမ်းကြတော့ Meter 100 ကိုတောင်
မလွန်ဆန်နိုင်ကြပြန်ပါဘူး။ Shield ပါတဲ့အတွက်ကြောင့် EMI ကို ခုခံနိုင်မှုဟာ အတော်လေး ကောင်းလာပါတယ်။ ဒါက တချို့သော အခြေအနေတွေမှာ Unshielded Twisted Pair ဆိုတဲ့ UTP Cable အစား STP ကို ရွေးသင့်တဲ့ အချက်တစ်ချက်ပဲပေါ့။

Unshielded Twisted Pair Cable အကြောင်း



UTP ကို IEEE ရဲ့ Ethernet Specification အရပြောလျင် 10 BaseT လို့ ခေါ်ပါတယ်။ ဒီနေရာမှာ TကUTP ကို ပြောတာ ဖြစ်ပါတယ်။Unshield Twisted Pair ဆိုတဲ့အတိုင်း UTP ဟာ Lock of Shield (Shield မပါ) ပါ။ EMI နဲ့ Attenuation ကလွဲလို့ UTP ဟာ STP နဲ့ အချို့အချက်တွေမှာ သွားတူနေပါတယ်။ ကြိုးထဲမှာပဲ လိမ်ထားတဲ့ကြိုးအစုံလေးတွေ ပါဝင်ပါတယ်။ အဲ့ဒီကြိုး အစုံလေးတွေဟာ အစုံမှန်းသိအောင် အရောင်နဲ့ ခွဲခြား ပြထားပါတယ်။ UTP ရဲ့ အများဆုံးသော Segment အလျားဟာ မီတာ ၁၀၀။ ပေနဲ့ပြောရလျင်တော့ ၃၂၈ ပေ ရှိပါတယ်။ UT Cable ကို EIA လို့ခေါ်တဲ့ Electronic Industries Alliance၊ TIA လို့ခေါ်တဲ့ Telecommunications Industries Associations၊ ANSI လို့ခေါ်တဲ့ American National Standards Institute ရယ် သူတို့(၃)အုပ်စုက Commercial Building Wiring Standard ဆိုပြီး ANSI/EIA/TIA 568 ကို သတ်မှတ်ခဲ့ပါတယ်။ အဲ့ဒီသတ်မှတ်ချက်အရ UTP မှာ Cable အမျိုးအစား(၅)မျိုး ရှိပါတယ်။ Category 1 to 5 အထိ ရှိပါတယ်။ ကျွန်တော်တို့ အတိုကောက် Cat 1, Cat 2 စသဖြင့်ပဲ အတိုကောက်ပြောပါတယ်။


Cat 1 ကြိုးကို Telephone ကြိုးအဖြစ် အသုံးပြုကြပါတယ်။ ၎င်းက အသံ(Voice)ကိုပဲ
သယ်ဆောင်နိုင်ပါတယ်။ Data မသယ်ဆောင်နိုင်ပါဘူး။
Cat 2 ကြိုးမှာ Wire ကြိုး (၄)စုံ ရှိပါတယ်။ Bandwidth ကတော့ 4Mbps အထိ ရပါတယ်။ ၎င်း 4 Mbps ဟာ
ယနေ့ခေတ် Network လောကအတွက်တော့ နှေးလွန်းပါတယ်။ ဒါကြောင့် CAT 2 ကို Network လောကမှာ
အသုံးပြုမှုနည်းပါတယ်။
Cat 3 ကတော့ Bandwidth 10 Mbps ရပါတယ်။ Signaling rate က အမြင့်ဆုံး 16 MHz အထိ ရပါတယ်။
၎င်းဟာ Data Grade Cable ဖြစ်ပေမယ့် အခု ဒီ Cat 3 ကို တယ်လီဖုန်းစနစ်တွေမှာ စံအဖြစ်အသုံးပြုနေပါပြီ။
Cat 4 ကတော့ Bandwidth 16 Mbps - 20Mbps လောက်အထိ ရပါတယ်။ Signaling rate က အမြင့်ဆုံး
20 MHz အထိ ရပါတယ်။ ၎င်းမှာ Wire ကြိုးလေးစုံ ပါရှိပါတယ်။ ၎င်းကို Voice ထက်စာလျင် Data တွေ
သယ်ဖို့အတွက် အသုံးပြုကြပါတယ်။
Cat 5 ကတော့ Bandwidth 100 Mbps ရှိပါတယ်။ Signaling rate က အမြင့်ဆုံး 100 MHz အထိ
ရပါတယ်။ Cat 5 ဟာ Wire ကြိုးလေးစုံ ပါရှိပါတယ်။ Data Grade Cable ဖြစ်ပါတယ်။ Ethernet Cabling မှာ
ဒီ Cat 5 တစ်မျိုးပဲ အသုံးပြုပါတယ်။
အခုနောက်ပိုင်း Cat 6 ဆိုတာလည်း ရှိလာပြန်ပါတယ်။ Cat 6 ကတော့ 1000 Mbps ဖြစ်ပါတယ်။ Data
Grade ဖြစ်ပါတယ်။

ဆက်လက်ကြိုးစားပါဦးမယ်...(မောင်ပေါ်ဦး)

တစ်မိုးအောက်-(ပူစူး) အခုလက်ရှိအကြိုက်ဆုံး
Download
koshain17@gmail.com သို့ဆက်သွယ်နိုင်ပါတယ်။
တွယ်ရာမဲ့သော ကျွန်တော် ဘဝ
ကျွန်တော်တင်ထားသောပုံများ မတွေ့ရပါက ဒီနေရာမှာ အကောင့်ဖောက်ပါ။
ကျွန်တော် facebook မသုံးပါ။ twitter တော့သုံးပါတယ်
မောင်ပေါ်ဦး is offline   Reply With Quote
အောက်ပါအသင်းဝင် 7 ဦးတို့မှ မောင်ပေါ်ဦး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 13-01-2013, 06:12 PM
  post #3
မောင်ပေါ်ဦး
MF Contributor
 
မောင်ပေါ်ဦး's Avatar
 
အသင်းဝင်နေ့စွဲ: Sep 2008
တည်နေရာ: Working
ရေးသားချက်များ: 2,276
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 4,939
ပို့စ် 1,900 ခုအတွက် 9,441 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 4
မောင်ပေါ်ဦး will become famous soon enough
ပြန်စာ - Cable Type

Networking Cable များအကြောင်းသိကောင်းစရာ



ကျွန်တော်အခုအထက်မှာ ပြထားတဲ့ပုံလေးကတော့ Coaxial Cable ရဲ့ပုံလေးပဲ ဖြစ်ပါတယ်။ Coaxial Cable ရဲ့ အပေါ်ဆုံးမှာတော့ Outer Jacket ရှိတယ်။ Outer Jacket ရဲ့အောက်မှာ Shield တွေရှိပါတယ်။ Shield တွေရဲ့အောက်မှာ Isulator ရှိပါတယ်။ Insulator ရဲ့အထဲထဲမှာတော့ Copper Connector ရှိပါတယ်။ Outer Jacket ကတော့ Cable ကို ထိခိုက်ဒဏ်ရာရမှုကို သက်သာအောင်ဖုံးအုပ်ပေးတာဖြစ်ပါတယ်။ Shield တွေက ပြင်ပမှ ဝင်ရောက်နှောက်ယှက်မှုတွေဖြစ်တဲ့ EMI (Eloctromagnetic Interfrance) နှင့် RFI(Radio Frequency Interfrance) တွေမှ ကာကွယ်ပေးရန်အတွက် ဖုံးအုပ်ထားခြင်းဖြစ်ပါတယ်။ Insulator ကတော့ Copper Connector ဖြစ်တဲ့ ကြေးချောင်းလေးကို လျှပ်စစ်မကူးနိုင်အောင် ကာကွယ်ပေးရန်အတွက် ဖုံးအုပ်ထားပေးခြင်း ဖြစ်ပါတယ်။ Coaxial Cable မှာ အသုံးပြုတဲ့ Connector ခေါင်းကတော့ BNC Connector ခေါင်းဖြစ်ပါတယ်။

BNC Connector ခေါင်းရဲ့ပုံစံ


၎င်း Coaxial Cable ကို Bus Topology ပုံစံဖြင့် Network ချိတ်ဆက်မှုတွင် အသုံးပြုခဲ့ပါတယ်။
မှတ်ချက်။ ။ Coaxial Cable ပုံစံသည် TV Antenna Cable ရဲ့ ပုံစံနှင့် အတူတူပဲဖြစ်သည်။ သို့သော် ၎င်း TV Antenna Cable ကိုတော့ Network ချိတ်ဆက်တဲ့နေရာမှာ အသုံးပြုလို့မရပါဘူး။

2. STP Cable

ကျွန်တော် အခုအထက်မှာပြထားတဲ့ ပုံလေးကတော့ STP (Shielded Twisted Pair) Cable ရဲ့ ပုံလေးပဲဖြစ်ပါတယ်။ STP Cable ရဲ့အပေါ်ဆုံးမှာ ဖုံးအုပ်ထားတာကတော့ Outer Jecket လို့ခေါ်ပါတယ်။ Outer Jacket ရဲ့အောက်မှာတော့ Shield တွေရှိပါတယ်။ Shield တွေရဲ့အောက်မှာ Fail ရှိပါတယ်။ Fail ရဲ့အထဲထဲမှာတော့ Plastic Insulator ဖြင့် ဖုံးအုပ်ထားတဲ့ Copper Conductor ရှိပါတယ်။ Outer Jecket ကတော့ Cable ကို ထိခိုက်ဒဏ်ရာရမှုကို သက်သာအောင် ဖုံးအုပ်ပေးထားတာဖြစ်ပါတယ်။ Shield တွေကတော့ EMI နှင့် RFI တို့မှ ကာကွယ်ပေးရန်အတွက် ဖုံးအုပ်ထားခြင်း ဖြစ်ပါတယ်။ Fail ထဲမှာတော့ Plastic Insulator ဖြင့် ဖုံးအုပ်ထားတဲ့ Copper Conductor ရှိပါတယ်။ STP Cable မှာ အသုံးပြုတဲ့ Connector ခေါင်းကတော့ IBM Data Connector ခေါင်းဖြစ်ပါတယ်။

IBM Data Connector
၎င်း STP Cable ကို Ring Topology ပုံစံဖြင့် Network ချိတ်ဆက်မှုတွင် အသုံးပြုပါတယ်။ သို့သော် Ring Nerwork ချိတ်ဆက်မှုတွင် အသုံးပြုတဲ့ Central Device သည် MAU (Multi Session Access Unit) ဖြစ်ပါတယ်။ ၎င်း MAU Device တွင် IBM Data Connector ခေါင်းက သွားရောက်ချိတ်ဆက်ရပါတယ်။

3. UTP (Unshielded Twisted Pair) Cable

ကျွန်တော် အခုအထက်မှာပြထားတဲ့ ပုံလေးကတော့ UTP Cable ရဲ့ ပုံလေးပဲဖြစ်ပါတယ်။ အဟမ်း---ဒီ UTP Cable ကတော့ နည်းနည်းအရေးကြီးတယ်ဗျ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ယနေ့ခေတ် Computer တွေ တစ်လုံးနဲ့တစ်လုံး Network ချိတ်ဆက်တဲ့နေရာမှာ UTP Cable နဲ့ပဲ Network ချိတ်ဆက်နေရလို့ပဲ ဖြစ်ပါတယ်။ UTP Cable ရဲ့အပေါ်ဆုံးမှာ Outer Jacket ဖြင့် ဖုံးအုပ်ထားပါတယ်။ Outer Jacket ထဲမှာတော့ Wire ကြိုးမျှင်လေးတွေကိုလိမ်ထားတဲ့ Wire ကြိုးမျှင်(၄)ခု ပါရှိပါတယ်။ အဲဒီ Wire ကြိုးမျှင်လေးစုံရဲ့ကြားထဲမှာ ကြိုးမျှင်လေးတွေထည့်ထားပေးပါတယ်။ Outer Jacket ကတော့ Cable ကို ထိခိုက်ဒဏ်ရာရမှုကို သက်သာအောင် ဖုံးအုပ်ပေးထားတာ ဖြစ်ပါတယ်။ Outer Jacket ထဲမှာတော့ Plastic Insulator ဖြင့် ဖုံးအုပ်ပေးထားတဲ့ Wire ကြိုး (၄)စုံ ရှိပါတယ်။ Wire ကြိုးက (၄)စုံ ဆိုတော့ (4) Pair ပေါ့ဗျာ--- ဒီတော့ Wire ကြိုးကြီးပဲ တစ်ချောင်းချင်းစီဆိုရင်တော့ (8 Wire) ရှိပါတယ်။ ၎င်း Wire ကြိုး (၄)စုံ ရဲ့ကြားထဲမှာ ကြိုးမျှင်လေးတွေ ပါရှိပါတယ်။ ၄င်းကြိုးမျှင်တွေကတော့ Wire ကြိုးတွေတစ်ခုနဲ့တစ်ခု ပွတ်တိုက်မှုဖြစ်ခဲ့ရင် Wire ကြိုးတွေ ပွန်းမသွားစေရန် အတွက် ထားရှိပေးထားတာဖြစ်ပါတယ်။ UTP Cable မှာ အသုံးပြုတဲ့ Connection ခေါင်းကတော့ RJ-45 Connection ခေါင်းပဲဖြစ်ပါတယ်။

RJ-45 Connector ခေါင်းပုံစံ

၎င်း UTP Cable ကို Star Topology ဖြင့် Network ချိတ်ဆက်မှုတွင် အသုံးပြုပါတယ်။ Star Topology မှာ အသုံးပြုတဲ့ Central Device ကတော့ Switch ပဲဖြစ်ပါတယ်။ ၎င်း Switch တွင် RJ-45 Connector ခေါင်းဖြင့် သွားရောက်ချိတ်ဆက်ရပါတယ်။

4. Fiber Optic Cable

ကျွန်တော်အခု အထက်မှာ ပြထားတဲ့ပုံလေးကတော့ Fiber Optic Cable ရဲ့ ပုံလေးပဲ ဖြစ်ပါတယ်။ Fiber Optic Cable ရဲ့ အပေါ်ဆုံးမှာတော့ Outer Jacket ဖြင့် ဖုံးအုပ်ထားပါတယ်။ Outer Jacket ရဲ့အောက်မှာတော့
Shield များ ရှိပါတယ်။ Shield တွေရဲ့အောက်မှာ Insulator ရှိပါတယ်။ Insulator ထဲမှာတော့ Glass Core (ဖန်ချောင်းပြွန်) ရှိပါတယ်။ Outer Jacket ကတော့ Cable ကို ထိခိုက်ဒဏ်ရာရမှုမရှိအောင် ဖုံးအုပ်ထားရခြင်းဖြစ်ပါတယ်။
Outer Jacket ထဲမှာရှိတဲ့ Shield တွေကတော့ EMI နှင့် RFI တို့မှ ကာကွယ်ပေးရန်အတွက် အသုံးပြုထားတာ ဖြစ်ပါတယ်။ Shield တွေရဲ့အောက်ထဲမှာတော့ Insulator ရှိပါမယ်။ Insulator ထဲမှာတော့ Glass Core (ဖန်ချောင်းပြွန်) ရှိပါတယ်။ ၎င်းဖန်ချောင်းပြွန်ထဲမှာ Data တွေကို အလင်းအဖြစ်နဲ့ သယ်ဆောင်သွားပါတယ်။ Fiber Optic Cable မှာ အသုံးပြုတဲ့ Connector ခေါင်းကတော့ ST Connector ခေါင်းဖြစ်ပါတယ်။

ST Connector ခေါင်းပုံစံ


Fiber Optic Cable ကို Mash Topology မှာ အသုံးပြုနိုင်ပါတယ်။ ဒီနေရာမှာ ကျွန်တော် Fiber Optic Cable နဲ့ ပတ်သက်လို့ ပြောချင်တာလေးရှိပါသေးတယ်။ Fiber Optic Cable ထဲမှာရှိတဲ့ Glass Core ထဲမှာ Data ကို အလင်းအဖြစ်နဲ့ သယ်ဆောင်သွားပေးတာ ဖြစ်ပါတယ်။ အဲဒီတော့ Fiber Optic Cable မှာ အလင်းသွားတဲ့ နည်းလမ်း(၂)ခုရှိပါတယ်။ အဲဒါတွေကတော့-

1. Single Mode
2. Multi Mode တို့ ဖြစ်ပါတယ်။

Single Mode ရဲ့အလင်းသွားတဲ့ပုံစုံ



Multi Mode

ကျွန်တော်အထက်မှာ ဖေါ်ပြပေးထားတဲ့ပုံစံလေး (၂)ပုံ ကတော့ Single Mode ဖြင့် အလင်းသွားတဲ့ပုံစံနှင့် Multi Mode ဖြင့် အလင်းသွားတဲ့ပုံစံတွေပဲ ဖြစ်ပါတယ်။ ကဲကဲ---ဒီလောက်ဆိုရင် Network ချိတ်ဆက်ရာမှာ အသုံးပြုတဲ့ Network Cable တွေအကြောင်းကို သိသွားလောက်ပြီလို့ ထင်ပါတယ်။


(မောင်ပေါ်ဦး)

တစ်မိုးအောက်-(ပူစူး) အခုလက်ရှိအကြိုက်ဆုံး
Download
koshain17@gmail.com သို့ဆက်သွယ်နိုင်ပါတယ်။
တွယ်ရာမဲ့သော ကျွန်တော် ဘဝ
ကျွန်တော်တင်ထားသောပုံများ မတွေ့ရပါက ဒီနေရာမှာ အကောင့်ဖောက်ပါ။
ကျွန်တော် facebook မသုံးပါ။ twitter တော့သုံးပါတယ်

Last edited by မောင်ပေါ်ဦး; 13-01-2013 at 06:14 PM..
မောင်ပေါ်ဦး is offline   Reply With Quote
အောက်ပါအသင်းဝင် 5 ဦးတို့မှ မောင်ပေါ်ဦး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 13-11-2013, 11:26 AM
  post #4
nightman1190
ကလေးပေါက်စ
 
nightman1190's Avatar
 
အသင်းဝင်နေ့စွဲ: Feb 2012
ရေးသားချက်များ: 23
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 10
ပို့စ် 14 ခုအတွက် 22 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
nightman1190 is on a distinguished road
ပြန်စာ - Cable Type

အကိုရေ Cat 6 အကြောင်းလေး ပါပြည့်ပြည့်စုံစုံ ပြောပြပေးပါအုံးခင်ဗျာ...
ခင်မင်စွာဖြင့်...
nightman1190 is offline   Reply With Quote
Reply

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !

အခြားဆင်တူဆွေးနွေးချက်များ
ဆွေးနွေးချက် စတင်ရေးသားသူ ကွပ်ပျစ်ဝိုင်း ပြန်စာများ နောက်ဆုံးပို့စ်
Network cable ညှပ်နည်း ယွန်း Network ပိုင်းဆိုင်ရာ 20 19-12-2016 09:10 AM
PDF reading, Editing & Converter softwares ငြိမ်းချမ်း(nyeinc8an) Applications 164 04-10-2015 12:29 PM
ကွန်ပျူတာနှစ်လုံးကို lan ချိတ်ပြီးသုံးချင်လို့ပါ san lin Network ပိုင်းဆိုင်ရာ 41 01-07-2010 08:58 PM
Some Useful VB Code khit100 ဆွေးနွေးချက်များ 1 03-02-2010 09:54 AM


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 03:44 PM
Inactive Reminders By Icora Web Design