Old 10-01-2013, 12:01 PM
  post #1
မောင်ပေါ်ဦး
MF Contributor
 
မောင်ပေါ်ဦး's Avatar
 
အသင်းဝင်နေ့စွဲ: Sep 2008
တည်နေရာ: Working
ရေးသားချက်များ: 2,276
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 4,939
ပို့စ် 1,900 ခုအတွက် 9,441 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 4
မောင်ပေါ်ဦး will become famous soon enough
Repeater များအကြောင်း

Repeater များအကြောင်း



ကျွန်တော် အခု Repeater များ အကြောင်းကို ပြောပြချင်ပါတယ်။ အရိုးရှင်းဆုံး ပြောရမယ်ဆိုရင်တော့ Repeater ဆိုတာ Computer Network တွေမှာ အသုံးပြုတဲ့
Networking Device တစ်ခုပါပဲ။ Repeater ကို ဘယ်လို အသုံးပြုရသလဲဆိုရင် Network တွေမှာ ကြားခံပစ္စည်း Media
( Cable ) တွေက Data Signal တွေကို သယ်ယူတဲ့အခါမှာ Signal တွေဟာ Weaken ဖြစ်ကြတာချည်းပါပဲ။ အဲဒီလို Weaken ဖြစ်သွားတဲ့ Signal တွေကို Regenerate
လုပ်ပေးတယ်။ နောက်ပြီး Network Length ကိုလည်း တိုးချဲ့ပေးတယ်။ ဆိုလိုတာက Media ( Cable ) တစ်ခုချင်းစီမှာ Data Signal တွေကို သယ်သွားနိုင်တဲ့ အကွာအဝေးကို
ကန့်သတ်ထားပါတယ်။ Media တွေဟာ သူတို့ရဲ့ သတ်မှတ်ထားတဲ့ အကွာအဝေး အတွင်းမှာပဲ Network ချိတ်ဆက်နိုင်ပါတယ်။ အဲဒီလို အခြေအနေမှာ ကိုယ်ကလည်း နောက်ထပ်
Network ထပ်ချိတ်ဖို့ ရှိနေတယ်။ Maximum Length ကလည်း ကုန်နေပြီဆိုရင် Repeater ကို အသုံးပြုရပါတော့မယ်။ Network တစ်ခုနဲ့ တစ်ခုကို Repeater ကို အသုံးပြုပြီး
ချိတ်ဆက်လိုက်မယ်ဆိုရင် လက်ရှိ Network က နှစ်ဆ ဖြစ်သွားပြီပေါ့။ ဒါကြောင့် Repeater ကို Network တစ်ခုနဲ့တစ်ခု ချိတ်ဆက်ဖို့ရာ အတွက် အသုံးပြုတာ ဖြစ်ပါတယ်။



Repeater ဟာ ၀င်လာတဲ့ Weak Signal တွေကို Strong Signal တွေ အဖြစ် Regenerate လုပ်ပေးပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် Transmission Media တိုင်းမှာ
Attenuation ရှိကြပါတယ်။ ၎င်း Attenuation ကြောင့် Data Signal တွေဟာ Weakend ဖြစ်သွားကြပါတယ်။ အဲဒီလို Weakend ဖြစ်သွားတဲ့ Data Signal တွေကို Repeater
တွေက Regenerate လုပ်ပေးပြီး သူ့ရဲ့ Original မူလပုံစံရအောင် ပြုလုပ်ပေးတာပါ။ Repeater က ၀င်လာတဲ့ Signal ကို Accept လုပ်ပြီးတော့ Clean လုပ်တယ်။ Regenerate
လုပ်တယ်။ အဲဒီလိုတွေ လုပ်ပြီးမှ ၎င်း Data Signal တွေကို Line ပေါ်တင် ပေးလိုက်ပါတယ်။ Repeater တွေဟာ Data Signal တွေကို Amplify လုပ်ရင်း၊ Regenerate လုပ်ရင်းနဲ့
Network Length ကို တိုးမြှင့်ပေးပါတယ်။ Data Signal တွေ Amplify ဖြစ်လာသလို ကွန်ရက်ပေါ်က Noise တွေကလည်း Amplify ဖြစ်လာပါတယ်။ ဒါ့အပြင် အကယ်၍များ
Original ဖြစ်တဲ့ မူလ Data Signal တွေဟာ ပျက်စီးနေရင်တောင် ၎င်းဟာ Signal တွေကို ပြန်ပြီး Clean up မလုပ်နိုင်ပါဘူး။ ဒါပေမယ့် ဒီနေ့ Repeater တော်တော်များများဟာ
အဆင့်မြင့် ကောင်းမွန်လာပါပြီ။ Repeater တွေဟာ ၀င်လာတဲ့ Data Signal တွေကို Identify လုပ်ပါတယ်။ ပြီးမှ Orginal Signal ရအောင် Regenerate လုပ်ပါတယ်။ ဒီလိုနဲ့
Noise တွေကိုလည်း လျှော့ချရင်း Signal တွေကိုလည်း Amplify လုပ်ရင်းနဲ့ ရှိကောင်းရှိနေနိုင်တဲ့ အပျက်အစီးတွေနဲ့ နှောင့်ယှက်မှုတွေကိုလည်း ရှင်းလင်းပေးပါတယ်။ ဒါပေမယ့်
Repeater က Data Signal တွေကို Filtering လုပ်ခြင်းနဲ့ Translation လုပ်ခြင်းတို့ကိုတော့ ဆောင်ရွက်မပေးနိုင်ပါဘူး။
Repeater ဟာ OSI Layer ရဲ့ Physical Layer မှာ အလုပ်လုပ်ပါတယ်။ Repeater ကို အသုံးပြုပြီး Data တွေ Pass လုပ်ဖို့ဆိုရင် Repeater ရဲ့ Side နှစ်ဖက်စလုံးမှာရှိတဲ့
Packet တွေနဲ့ LLC ( Logical Link Control ) Protocol တွေက တူရပါမယ်။ တစ်နည်းအားဖြင့် ပြောရရင် Repeater ကို အသုံးပြုရာမှာ Network နှစ်ခုဟာ Protocol နဲ့ Speed
တူရပါမယ်။ နောက်ပြီး Repeater တွေဟာ မတူညီတဲ့ Network Architectures နှစ်ခုမှာ Connect လုပ်လို့ မရပါဘူး။ ဆိုလိုတာက ဗျာ...Ethernet 802.3 LAN နဲ့ Token
Ring 802.5 LAN နှစ်ခုကြားကို Repeater အသုံးပြုပြီး ချိတ်ဆက်လို့ မရပါဘူး။ Repeater တွေဟာ မတူညီတဲ့ Network Architecture တွေမှာ Connect လုပ်လို့ မရပေမယ့်
မတူညီတဲ့ Physical Media တွေမှာတော့ Connect လုပ်လို့ ရပါတယ်။



Thinnet Coaxial Cable ကို အသုံးပြုထားတဲ့ Network နဲ့ UTP Cable ကို အသုံးပြုထားတဲ့ Network နှစ်ခုကို Repeater အသုံးပြုပြီး
ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် Network Architecture ကတော့ တူညီတဲ့ Ethernal 802.3 ကိုပဲ အသုံးပြုထားခြင်း ဖြစ်ပါတယ်။ Repeater တွေဟာ Fiber Optic
နဲ့ ဆင်တဲ့ Network ထက် Copper Wire နဲ့ ဆင်တဲ့ Network တွေမှာ ပိုပြီးတော့ အသုံးများပါတယ်။ Repeater တွေကို အသုံးပြုပြီး Network တွေကို အကန့်အသတ်မရှိ
တိုးချဲ့နိုင်သော်လည်းပဲ Repeater တွေ အများကြီး အသုံးပြုတာဟာ Propagation Delay ကို ဖြစ်စေပါတယ်။ Propagation Delay ဆိုတာဟာ Source Device ကနေ
Destination Device ဆီကို Data တွေ ရောက်ရှိဖို့ ကြာတဲ့ အချိန် ပမာဏကို ပြောတာပါ။ ဒါကြောင့် Network Architecture တွေမှာ အသုံးပြုရမယ့် Repeater
အရေအတွက်ကို Limit လုပ်ထားပါတယ်။ ဥပမာ- 10 Base 2 Network မှာ ဆိုရင် အများဆုံး Repeater ၄ လုံးပဲ အသုံးပြုဖို့ Limit လုပ်ထားပါတယ်။
Repeater မှာ ကောင်းတဲ့အချက်တွေရော၊ မကောင်းတဲ့အချက်တွေရော နှစ်မျိုးစလုံး ရှိပါတယ်။ ကောင်းတဲ့ အချက်တွေကတော့ ၀င်လာတဲ့ Data Signal တွေကို Amplify,
Retime, Regenerate လုပ်ပေးနိုင်ခြင်း၊ Network ကို လွယ်ကူစွာ တိုးချဲ့နိုင်ခြင်း၊ Network Speed မှာ Impact ဖြစ်မှု အရမ်းနည်းခြင်း၊ မတူညီတဲ့ Media (Cable) တွေ ကြားမှာ
Connect လုပ်နိုင်ခြင်းတို့ ဖြစ်ပါတယ်။ Repeater ရဲ့ မကောင်းတဲ့ အချက်တွေကတော့ Large Distance မှာ Addressing Information တွေကို မထောက်ပံ့နိုင်ခြင်း၊ မတူညီတဲ့
Network Architecture တွေမှာ Connect မလုပ်နိုင်ခြင်း၊ Network တွေမှာ အသုံးပြုနိုင်တဲ့ Repeater အရေအတွက် ကန့်သတ်ထားခြင်းတို့ ဖြစ်ပါတယ်။


(မောင်ပေါ်ဦး)

တစ်မိုးအောက်-(ပူစူး) အခုလက်ရှိအကြိုက်ဆုံး
Download
koshain17@gmail.com သို့ဆက်သွယ်နိုင်ပါတယ်။
တွယ်ရာမဲ့သော ကျွန်တော် ဘဝ
ကျွန်တော်တင်ထားသောပုံများ မတွေ့ရပါက ဒီနေရာမှာ အကောင့်ဖောက်ပါ။
ကျွန်တော် facebook မသုံးပါ။ twitter တော့သုံးပါတယ်
မောင်ပေါ်ဦး is offline   Reply With Quote
အောက်ပါအသင်းဝင် 11 ဦးတို့မှ မောင်ပေါ်ဦး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 10-01-2013, 02:21 PM
  post #2
မျိုးဟန်ထက်
အရွယ်ရောက်သူ
 
အသင်းဝင်နေ့စွဲ: Jan 2010
တည်နေရာ: အမိမြေ
ရေးသားချက်များ: 162
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1,434
ပို့စ် 164 ခုအတွက် 1,263 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
မျိုးဟန်ထက် is on a distinguished road
ပြန်စာ - Repeater များအကြောင်း

အင်း Repeater ကိုတော့ အလွယ်ပဲ မှတ်ထားခဲ ဘူးတယ် ။ ဘာကြီးကို နမူနာ ထားပြီး မှတ်လဲဆိုတော့ ရပ်ကွက် ထဲ မှာတွေတွေ နေတဲ့ ထရန်စဖော် မှာကြီးကို မှတ်ထားတာ သူနဲ့ တူတယ်လို။ ဟုတ်လောက်တယ် လေ ဟိုက လွတ်လိုတ်တာ့ ဗိုအားအပြည့် လမ်းမှာဗိုလျော့ သွားတယ် ၊ အဲဒါကို ထရန်စဖော်မာက ပြန်ပြီး ဗို ပြန်မြှင်ပေးတယ် အဲလို ကြီး မှတ်ထားတာ။
---------
Repeater တွေသုံးကြတုန်း က Coaxial Cable တွေကို backbone Network အဖြစ် အသုံးပြုတဲ့ နေရာတွေမှာ သုံးကြတယ်လို ဖတ်ရတယ်။
--------
Twisted pair Cable တွေကို သုံးပြုလာကြ တော့ Hub ကနေ စလာတယ်တဲ့  အဲ့ ဒီ Hub ကလည်း Repeater နဲ့လုပ်ဆောင်မူခြင်း တူတူ ပဲတဲ့။ နောက်ပြီး Bridge တွေ switch တွေကို ရော Repeater အဖြစ် သုံးနိုင်မယ်ထင်တယ်။

[B]ပန်းတိုင်သို့[/B] :typing:
[MP3]http://dl.dropbox.com/u/42583359/pan%20tine%20tho..mp3[/MP3]
မျိုးဟန်ထက် is offline   Reply With Quote
အောက်ပါအသင်းဝင် 5 ဦးတို့မှ မျိုးဟန်ထက် အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 11-01-2013, 03:11 PM
  post #3
minthike
အထူးအသင်းဝင်
 
minthike's Avatar
 
အသင်းဝင်နေ့စွဲ: Nov 2007
တည်နေရာ: singapore
ရေးသားချက်များ: 1,937
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 14,779
ပို့စ် 1,805 ခုအတွက် 9,625 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 19
minthike is on a distinguished road
ပြန်စာ - Repeater များအကြောင်း

ဟိုက စစလွှတ်ခြင်း ဗို့အားထောင်ချီနဲ့ လွှတ်ပေးရတာပါမျိုးပါ ပြီးမှ ထရန်စဖော်မာကြီး တွေနဲ့ လျှော့ပြီးသုံးရတာပါ ကိုမျိုးဟန်ထက်..

http://uk.answers.yahoo.com/question...4032829AArM4FP

Josh Groban - To Where You Are
mt.myanmarfamily@gmail.com


Last edited by minthike; 11-01-2013 at 03:11 PM..
minthike is offline   Reply With Quote
အောက်ပါအသင်းဝင် 5 ဦးတို့မှ minthike အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 12-01-2013, 07:03 PM
  post #4
မျိုးဟန်ထက်
အရွယ်ရောက်သူ
 
အသင်းဝင်နေ့စွဲ: Jan 2010
တည်နေရာ: အမိမြေ
ရေးသားချက်များ: 162
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1,434
ပို့စ် 164 ခုအတွက် 1,263 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
မျိုးဟန်ထက် is on a distinguished road
ပြန်စာ - Repeater များအကြောင်း

ကျွန်တော်ကား တင်ပေးတယ်ပဲမှတ်နေတာ ။ ရပ် ကွက် ထဲမှာ မီးအား နည်းရင် ထရန်စဖော်မာ နဲ့ နီး တဲ့ အိမ်တွေနဲ့ သွားသွားတိုင်း တာကို သူရို့ အိမ်မှာ မီး အားကောင်း ရင် ထရန်စဖော်မာကြောင့်ပေါ့ အဲကလိုမျိုး :d
ဘာမှ မသိပဲ နဲ့ ရမ်းပြောမိတယ် ။ ရှက်ထှာ :fp: :fp:

[B]ပန်းတိုင်သို့[/B] :typing:
[MP3]http://dl.dropbox.com/u/42583359/pan%20tine%20tho..mp3[/MP3]

Last edited by မျိုးဟန်ထက်; 12-01-2013 at 07:04 PM..
မျိုးဟန်ထက် is offline   Reply With Quote
အောက်ပါအသင်းဝင် 3 ဦးတို့မှ မျိုးဟန်ထက် အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 13-01-2013, 08:41 AM
  post #5
minthike
အထူးအသင်းဝင်
 
minthike's Avatar
 
အသင်းဝင်နေ့စွဲ: Nov 2007
တည်နေရာ: singapore
ရေးသားချက်များ: 1,937
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 14,779
ပို့စ် 1,805 ခုအတွက် 9,625 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 19
minthike is on a distinguished road
ပြန်စာ - Repeater များအကြောင်း

ဟုတ်ကဲ့ ကိုမျိုးဟန်ထက် ရပ်ကွက်ထဲက အိမ်တွေမှာ ရှိတာကတော့ ဗို့ အားတင်ပေးတဲ့
ထရန်စဖော်မာတွေပါ၊ ရပ်ကွက်ထိပ်တို့  မြို့နယ်လျှပ်စစ်ရုံးတို့ မှာတွေ့ တဲ့ ထရန်စဖော်မာကြီးတွေကတော့
ဗို့ အားလျှော့ချပေးတဲ့ ထရန်စဖော်တွေပါ၊ သုံးစွဲတဲ့ ဝန်အားများရင်တော့ ဗို့ လျှော့နည်းကျဆင်းတယ် ဆိုတာလဲ မှန်ပါတယ်
အဝေးတစ်နေရာကို လျှပ်စစ်ပို့ ဆောင်ရလို့  ဗို့ အားကျဆင်းမှုရှိတယ် ဆိုတာလဲ မှန်ပါတယ်
လောပိတကနေ ဗို့ အားထောင်ချီသောင်းချီနဲ့  ပို့ ပေးပါတယ် အကွာအဝေးကြောင့် ဖြစ်လာမယ့် ဆုံးရှုံးမှုကိုကာကွယ်ဖို့  အတွက်ပါ၊ ဒါကို မြို့နယ် အဆင့်ဆင့်က ထရန်စဖော်မာတွေက သုံးစွဲသူတွေ အဆင်ပြေစေမည့် ဗို့အား ပမာဏအထိပြန်လျှော့ချပေးတယ်ပေါ့

Josh Groban - To Where You Are
mt.myanmarfamily@gmail.com

minthike is offline   Reply With Quote
အောက်ပါအသင်းဝင် 5 ဦးတို့မှ minthike အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Reply

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !

အခြားဆင်တူဆွေးနွေးချက်များ
ဆွေးနွေးချက် စတင်ရေးသားသူ ကွပ်ပျစ်ဝိုင်း ပြန်စာများ နောက်ဆုံးပို့စ်
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့ Ye Aung Network ပိုင်းဆိုင်ရာ 212 19-10-2014 06:07 AM
CPE ဖြင့် Wireless လွင့်နည်း , ဖမ်းနည်း azp09 Network ပိုင်းဆိုင်ရာ 100 08-09-2014 12:22 AM
router , switch , hub , correlation domain and broadcast domain အကြောင်းလေး တွေ သိချင် လို.ပါ ဗျ.. htikewailinn Network ပိုင်းဆိုင်ရာ 8 22-02-2011 02:04 AM


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 01:38 PM
Inactive Reminders By Icora Web Design