Old 02-11-2009, 01:18 AM
  post #1
ရုပ်ဆိုး
MF Contributor
 
အသင်းဝင်နေ့စွဲ: Oct 2008
တည်နေရာ: ထိုင်ခုံပေါ်
ရေးသားချက်များ: 202
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1,291
ပို့စ် 185 ခုအတွက် 1,886 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ရုပ်ဆိုး is on a distinguished road
C# Programming Language

C # ပရိုဂရမ်းမင်းဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းချုပ်
********************************************************
The Beginning of the Modern Age of Programming
(လက်ရှိ Programming Language တွေ့ရဲ့အစ C ပရိုဂရမ်မင်း)


C Programming Language ကို Dennis Ritchie ဆိုသူက ၁၉၇၀ ပတ်ဝန်ကျင်မှာ UNIX Operationg System အတွက် DEC PDP-11 မှာအသုံးပြုဖို့

စတင်တီထွင်ခဲ့တာပါ ။C ဟာ Structured Programming ဖြစ်ပါတယ် ။ သူ့အထက်စောပြီးပေါ်ခဲ့တဲ့ Programming Language တွေထက် control statement

တွေ subroutines တွေ code block တွေ ပြည့်စုံကြွယ်ဝမှု ၊ programmer တွေအတွက် syntax တွေ အသုံးပြုရလွယ်ကူမှုတို့ကြောင့်

လျှင်မြန်စွာပဲတိုးတက်ပြောင်းလဲခဲ့ပါတယ် ။



The Creation of OOP and C++ (OOPနှင့်C++အားစတင်ဖန်တီးခြင်း)


Programs တွေက အလွန်ပဲကြီးထွားလာကြတာကြောင့် Structured Programming ဖြစ်တဲ့ C

Languageဟာ၁၉၇၀နောက်ပိုင်းနှစ်များ(၁၉၇၈၊၁၉၇၉စသဖြင့်)မှာကန့်သတ်ချက်တွေနဲ့စတင်တွေ့ရှိလာရပါတယ် ။ အဲဒီ ပြသနာတွေကိုရင်ဆိုင်ကျော်လွှားနိုင်ဖို့

နည်းလမ်းတစ်ခု တွေ့ရှိခဲ့ကြပါတယ် ။ အဲဒါကတော့ OOP လို့ အတိုကောက်ခေါ်နေကြတဲ့ Object-Oriented Programming ပါပဲ ။ OOP ကိုအသုံး ပြုခြင်းအားဖြင့်

ကြီးမားတဲ့ program တွေကို ထိန်းချုပ်နိုင်ကြပါတယ် ။ ဒါပေမဲ့ ပြသနာတစ်ခုထပ် မံပေါ်ပေါက်လာပြန်ပါတယ် ။အဲဒါကတော့ C မှာ OOP ကို support

လုပ်မပေးနိုင်ပါဘူး ။ ဒါကြောင့် C++ ကို စတင်ဖန်တီးခဲ့ကြပါတယ်။

C++ ကိုတော့ Bjarne Stroustrup ဆိုသူက ၁၉၇၉ နှစ်ဦးပိုင်းလောက်မှာတီထွင်နိုင်ခဲ့ပါတယ် ။ စစချင်းမှာတော့ C with Classes လို့ခေါ်ဆိုပြီး ၁၉၈၃

မှာတော့ C++ ပြောင်းလဲခေါ်ဝေါ်ခဲ့ကြပါတယ် ။C ++ ဟာ C Language အပေါ်မှာ အခြေခံပြီး ဒီဇိုင်းဆွဲထားတာဖြစ်တဲ့အတွက်

C Language မှာပါဝင်သမျှအားလုံးကို C++ မှာ ပါဝင်ပါတယ် ။ တနည်းအားဖြင့်ပြောရရင်တော့ C++ ဆိုတာ C ကို OOP support လုပ်အောင် ဒီဇိုင်းဆွဲထားတဲ့

ဗားရှင်းပါပဲ ။


The Internet and Java Emerge(အင်တာနက်နဲ့ ဂျာဗား Language ထွက်ပေါ်လာခြင်း)


Oak လို့ခေါ်တဲ့ Java ကတော့ ၁၉၉၁ ခုနှစ် Sun Microsystems မှာစတင်ခဲ့တာဖြစ်ပါတယ် ။ Java

ဟာ C++ မှ object-oriented language with a syntax and philosophy ကောက်နှုတ်ရယူထားတဲ့

တည်ဆောက်မှုတစ်ခုပါ ။ အင်တာနက် ဆိုသောအရာကြီးမပေါ်ခင်အချိန်ထိ Programms တွေကို

တိကျတဲ့ CPU တွေ ၊ Operating System တွေ ပေါ်မှာ ရေးနိုင် ၊ compiled လုပ်နိုင် ခဲ့ကြပါတယ် ။ အင်တာနက် ခေတ်စားလာတာနဲ့အမျှ မတူညီတဲ့ CPU တွေ ၊

Operating System တွေ က တစ်ခုခုနဲ့တစ်ခု ချိတ်ဆက်လာကြပါတယ် ။ အဲလိုမတူညီတဲ့ environment မှာ အဆင်ပြေပြေလုပ်ဆောင်နိုင်ဖို့

ပြသနာတစ်ရပ်ဖြစ်လာပါတယ် ။ အဲဒီပြသနာကိုဖြေရှင်းဖို့ Language တစ်ခုလိုအပ်လာပါတယ် ။ အဲဒီ Programming Language ကတော့ Java ပါပဲ ။

Java ဟာ problem of portability တွေကို bytecode လို့ခေါ်တဲ့ ပရိုဂရမ်ရဲ့ source code တွေကို ချက်ချင်း ပြောင်းလဲပေးနိုင်တဲ့ Language

တစ်ခုကို သုံးခြင်းဖြင့်ဖြေရှင်းခဲ့ပါတယ် ။ အဲဒီ Bytecode ကိုတော့ Java Virtual Machine (JVM ) ကနေ execute လုပ်ပေးပါတယ် ။ Java ရဲ့

JVM နဲ့ bytecode ဟာ အင်တာနက်ရဲ portability နဲ့ security ပြသနာကိုပါ ဖြေရှင်းပေးနိုင်ခဲ့ပါတယ် ။နားလည်ထားရမဲ့ အဓိကအကြောင်းအရာကတော့

bytecode ကိုအသုံးပြုတဲ့ Java နဲ့ machine code ကိုအသုံးပြုတဲ့ C နဲ့ C++ တို့ ဟာ execute လုပ်တဲ့အခါမှာလုံးဝမတူညီကြဘူးဆိုတာပါပဲ ။ Java ဟာ

C နဲ့ C++ ကနေဆင်းသက်လာတာဖြစ်လို့ သူ့ရဲ့ syantex တွေက C ပေါ်မှာ အခြေခံပြီးတော့ ၊ Object model တွေကတော့ C++

ကနေတိုးတက်ပြောင်းလဲလာတာဖြစ်ပါတယ် ။ ဒါကြောင့် C ၊C++ ကိုသိပြီးသား Programmers များ ဟာ Javaကိုအလွယ်တကူကူးပြောင်းလေ့လာနိုင်မှာဖြစ်ပါတယ် ။



The Creation of C# (စီရှပ် ဖြစ်ပေါ်လာခြင်း)


Java ဟာ Internet Enviroment မှာ တွေ့ရှိရတဲ့ပြသနာရပ်တွေကို အောင်အောင်မြင်မြင်ဖြေရှင်းနိုင်ခဲ့တယ်ဆိုပေမဲ့ features အချို့လည်းကျန်ရှိနေပါသေးတယ် ။

အဲဒါကတော့ cross-language interoperability ဒါမှမဟုတ် mixed-language programming ဆိုတဲ့ Programming Language တစ်ခုကနေ ထုတ်ပေးတဲ့

code တွေကို မတူညီတဲ့ တစ်ခြား programming Language တစ်ခုမှာအလုပ်လုပ်နိုင်ခြင်းပဲဖြစ်ပါတယ် ။ Java မှာ ကျန်ရှိနေသေးတဲ့ Feature ကို (ဝင်းဒိုးမှာ JVM

ကို instralled) Window Platform နဲ့ဖြည့်ဆည်းပေးနိုင်ပါတယ် ။ ဒါပေမဲ့ operatint system ကိုသုံးထားတဲ့ Windows နဲ့ Java တို့ဟာ နီးစပ်နိင်ဖို့မလွယ်လှပါဘူး ။

အဲဒီလိုအပ်ချက်ပြသနာကိုအဖြေရှာပေးဖို့ Microsoft ကနေ C# ကို ၁၉၉၀ မှာ developed လုပ်ခဲ့ပါတယ် ။ C# ရဲ့ ပထမဆုံး alpha ဗားရှင်း ကတော့ ၂၀၀၀ ခုနှစ်

နှစ်လယ်လောက်မှာ ထွက်လာခဲ့ပါတယ် ။ ဒါကြောင့်မို့ C# ဟာ C ၊ C++ ၊ Java Language တွေနဲ့တိုက်ရိုက်ဆက်နွှယ်ပက်သက်နေပါတယ် ။



C# ဝါသနာတူညီကိုမောင်နှမများ ဆွေးနွေးကြဖို့ဖိတ်ခေါ်ပါတယ်ဗျာ ...။ နောက်လည်း အချိန်ရရင်ဝင်ရောက်ဆွေးနွေးပါဦးမယ် ။
ခင်မင်စွာဖြင့် >>>>> ရုပ်ဆိုး (Kaluga)
ရုပ်ဆိုး is offline   Reply With Quote
Old 05-11-2009, 02:50 PM
  post #2
ရုပ်ဆိုး
MF Contributor
 
အသင်းဝင်နေ့စွဲ: Oct 2008
တည်နေရာ: ထိုင်ခုံပေါ်
ရေးသားချက်များ: 202
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1,291
ပို့စ် 185 ခုအတွက် 1,886 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ရုပ်ဆိုး is on a distinguished road
ပြန်စာ - C# Programming Language

Object-Oriented Programming နှင့် C#

C# Programming နဲ့ OOP ဟာခွဲခြားလို့မရနိုင်ပါဘူး ..။ c# ရဲ့ ရိုးရိုး program လေးတစ်ပုဒ်မှာတောင်မှ OOP ရဲ့ principle တွေက အသုံးဝင်နေလို့ပါပဲ..။ OOP ဟာ
job of programming. ကိုချဉ်းကပ်နိင်ဖို့ စွမ်းရည်ပြည့်ဝတဲ့ နည်းလမ်းတစ်ခုပါပဲ ..။ Programming methodologies တွေဟာ ကွန်ပျူတာတွေစတင်တင်ထွင်ကတည်းက ပိုမိုရှုပ်ထွေးတဲ့ ၊ ပိုမိုများပြားတဲ့ ပရိုဂရမ်တွေကို ထည့်သွားဖို့ ပြောင်းလဲခဲ့ကြပါတယ်..။
ပရိုဂရမ်းမင်းတွေ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အတူ ပိုပြီးကြီးမားရှုပ်ထွေးတဲ့ ပရိုဂရမ်တွေကိုထည့်သွင်းဖို့
Technique တွေ tools တွေကိုဖန်တီးခဲ့ကြပါတယ်။ အဲလိုချဉ်းကပ်မှုတွေထဲက တစ်ခုကတော့ အရင် Programming Language တွေထက်အကောင်းဆုံးအဖြစ် ရှေ့ဆုံးကိုရွေ့လျားသွားခဲ့ပါတယ်။ OOP မတိုင်ခင် Programming တွေတုန်းကတော့ ပရော့ဂျက်အများအပြားဟာ အချိန်ကြာကြာ အလုပ်လုပ်မလုပ်နိုင်တဲ့ ချဉ်းကပ်မှုမျိုးတွေနဲ့ပဲဖြတ်ကျော်ခဲ့ရပါတယ်.။ လိုအပ်လာတဲ့ရှုပ်ထွေးမှုတွေကို ချုပ်ကိုင်နိုင်ဖို့ ဖြေရှင်းချက်ကတော့ OOP ဖြစ်ပေါ်လာခြင်းပါပဲ .။
OOP ဟာ များပြားတဲ့ concept အသစ်တွေနဲ့အတူ ပရိုဂရမ်တွေကို တည်ဆောက်ဖို့ ၊ပေါင်းစပ်ဖို့
အကောင်းဆုံး အိုက်ဒီယာ တစ်ခုပါပဲ ။ ပရိုဂရမ်တစ်ပုဒ်ကို နည်းလမ်း နှစ်ခုနဲ့ ဖွဲ့စည်းလို့ရပါတယ်
ဘာတွေလဲဆိုတော့ around its code (what is happening) ဘာတွေဖြစ်ပွားသလဲ ။
or around its data (what is being affected) ဘာတွေကသက်ရောက်မှုရှိသလဲ ။ဆိုတဲ့တွေးခေါ်မှုမျိုးနဲ့ပါ .။ ပုံမှန် Structure Programming Language မှာတော့
around code ဆိုတဲ့နည်းလမ်းကိုသုံးပါတယ် ။ အဲဒါကြောင့် “code acting on data.” ဆိုတဲ့သဘောမျိုး (ကုဒ်တွေကသာ ပတ်ဝန်းကျင်ကရတဲ့ ဒေတာတွေပေါ်ကိုသက်ရောက်တယ် လုပ်ဆောင်တယ်ဆိုတဲ့အယူအဆ) ဖြစ်ပါတယ်။ အဲဒါကြောင့် ပတ်ဝန်းကျင်အနေအထားအရ
ကြီးမားတဲ့ ပရော့ဂျက်တွေကို ရေးတဲ့အခါမှာကန့်သတ်ချက်တွေဖြစ်ပေါ်လာပါတယ် .။
Object-oriented programs တွေမှာတော့ around data ဆိုတဲ့နည်းလမ်းကိုသုံးပါတယ် ။
သူကတော့ data controlling access to code ဆိုတဲ့သဘောမျိုးပါ (ကိုရေးမဲပရော့ဂျက်အတွက်ရရှိထားတဲ့ဒေတာတွေကသာ ကုဒ်တွေလုပ်ဆောင်ဖို့အတွက် ထိန်းချုပ်ထားမယ်ဆိုတဲ့ သဘောမျိုးပါ) .။ Structure Programming Language တွေရဲ့
လိုအပ်ချက် ကန့်သတ်ချက်တွေကို OOP က ကျော်လွှားသွားနိုင်ပါတယ် ။
OOP ရဲ့ principles တွေအားလုံးကို support နိုင်ဖို့ C# မှာ
encapsulation, polymorphism, and inheritance ဆိုတဲ့ အပိုင်း ၃ ခုပါဝင်ပါတယ် .။


Encapsulation (ကပ်ဆူးပြုလုပ်ခြင်း)

Encapsulation ဆိုတာကတော့ ဒေတာတွေနဲ့ ဒေတာတွေကို လုပ်ဆောင်ပေးမဲ့ code တွေကို အတူတကွ ထုပ်ပိုးချည်နှောင် နိုင်မဲ့ ၊ အဲဒီဒေတာတွေ ကုဒ်တွေ ကို ပြင်ပတစ်ခြားတစ်နေရာကနေ နှောက်ယှက်မဲ့ ၊ မှားယွင်းသုံးစွဲ မှုတွေ ကင်းဝေးအောင် လုံခြုံ စွာ ထိန်းသိမ်းပေးမဲ့ Programming နည်းလမ်းတစ်ခုပါပဲ ။OOP မှာ ကိုယ်ပိုင် black box လေးတွေ ဖန်တီးပြီး အဲဒီ ထဲမှာ ဒေတာတွေနဲ့ အဲဒီဒေတာတွေကို လုပ်ဆောင်ပေးမဲ့ ကုဒ်တွေကို သေချာစွာထည့်ထားပါတယ် ။
အဲလို ဒေတာတွေ ကုဒ်တွေ သေချာစွာထည့်ပြီးပြီဆိုရင်တော့ အဲဒီ ပုံစံလေး ကို Object ဆိုတဲ့ခေါင်းစဉ်တစ်ခုပေးရပါတယ် ။ တခြားဘက်ကကြည့်မယ်ဆိုရင်တော့ အဲဒီ Object ဟာ
Encapsulation ကို support လုပ်ပေးမဲ့ အရာတစ်ခုပါပဲ ။
Object တစ်ခုထဲမှာဆိုရင် data ,code ဒါမှမဟုတ် ၂ ခုလုံး ဟာ private (သီးသန့်ပိုင်ဆိုင်မှု) ဖြစ်နိုင်ပြီးတော့ Object ကတော့ public ဖြစ်နိုင်ပါတယ် ။ Private data and code တွေကို
Object အတွင်းတခြားတစ်နေရာတွေမှာသုံးနိုင်ပေမဲ့ ။ Object ရဲ့အပြင်မှာတော့ သွားသုံးလို့မရပါဘူး ။တကယ်လို့ Program ရဲ့ တစ်ခြားနေရာတွေမှာပါသုံးချင်တယ်ဆိုရင်
Public အနေနဲ့ကြေငြာထားရမှာဖြစ်ပါတယ် ။
ဥပမာအနေနဲ့ပြောရရင်တော့ဗျာ ကျွန်တော် Animals ဆိုတဲ့ Program တစ်ခုရေးမယ်ဆိုပါတော့ - ခွေး (dog) ဆိုတဲ့Object တစ်ခု ကျွန်တော်စ ရေးလိုက်မယ် ။ သူနဲ့ပတ်သတ်တဲ့ data ( name = ဖိုးညို , age = ၂ နှစ်) ,
သူရဲ့လုပ်ဆောင်နိုင်မှုဖြစ်တဲ့ (ဟောင်တက်သည် ။ ကိုက်တက်သည် ။) စတာတွေကို private အဖြစ်ကြေငြာလိုက်မယ် ။ အဲဒီ private ဒေတာတွေ ကို ခွေးဆိုတဲ့ Object အောက်မှာ တစ်ခြားနေရာတွေလည်း သုံးနိုင်ပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ ဖိုးညို ဆိုလည်း ကိုက်တက်တယ်။ အောင်နက်ဆိုလည်းကိုက်တက်တယ် ။ ဂုတ်ကျားကလည်း ဟောင်တက်တယ် ။
ဒါကြောင့် ခွေးဆိုတဲ့ Object အောက်မှာဘယ်နေရာမှမဆို ခွေးအတွက် private ကြေငြာမှုကိုသုံးနိုင်ပါတယ် ။ ဒါပေမဲ့ ခွေး အတွက် ကြေငြာထားတဲ့ private ဒေတာတွေ ကို
ကြောင်ဆိုတဲ့ Object အောက်မှာသွားသုံးလို့မရပါဘူး ။ ရိုးရိုးလေးပဲစဉ်းစားကြည့်ပေါ့ ဗျာ
ခွေးအတွက်ကြေငြာထားတဲ့ ”ဟောင်တက်သည်” ဆိုတဲ့ private ကို ကြောင်အောက်မှာသွားသုံးပြီး ”ရွှေဝါက ဟောင်တက်သည်” ဆိုရင် မှန်ပါ့မလား ။
အများပိုင် public အနေနဲ့ သုံးချင်ရင်တော့ animal ဆိုတဲ့ ပရိုဂရမ်မှာ ”ခြေလေးချောင်းရှိသည်”
လို့ public ကြေငြာလိုက်ရင်တော့ ခွေး ၊ကြောင် ၊နွား စတဲ့ Object တွေ မတူလည်း ပဲ အဲဒါကို ပရိုဂရမ်ရဲ့ ဘယ်နေရာမှမဆို သုံးနိုင်မှာဖြစ်ပါတယ် ။ Encapsulation ရဲ့သဘောကတော့ အဲဒါပါပဲ
ကြောင်ဆိုရင် ကြောင်နဲ့ ပတ်သတ်တဲ့ ၊ခွေးဆိုရင် ခွေးနဲ့ ပက်သတ်တဲ့ data လေးတွေ code လေးတွေ ကို သပ်သပ်လေးစီ ထုပ်ပိုးချည်နှောင်ထားတာပါပဲ ။
C# ရဲ့အခြေခံအကျဆုံး unit ကတော့ class ပါဘဲ ။ Class က Object ရဲ့ ပုံစံကို ပြဆိုပါလိမ့်မယ် ။ Class ထဲမှာပါတဲ့ code တွေ data တွေကို တော့ members of class လို့ခေါ်ပါတယ် ။ အထူးသဖြင့်တော့ class ရဲ့ data တွေ ကို member variables or instance variables အဖြစ် သတ်မှတ်ပြီး ၊ အဲဒီ data တွေ ကို operate လုပ်မဲ့ code တွေကိုတော့
member methods သို့မဟုတ် “Methods” အဖြစ်သတ်မှတ်ပါတယ် ။ C++ နဲ့ရင်းနှီးပြီးသားသူတွေတော့သိကြမှာပါ C# မှာသုံးတဲ့ Methods ဆိုတာ့  C++ က Functions တွေလိုပါပဲ ။တစ်ခါတစ်လေမှာတော့ C# က Method ထဲမှာလည်း Function ကိုတိုက်ရိုက်ပြန်သုံးတက်ပါတယ် ။


Polymorphism (ပုံစံကွဲများစွာအတွက်အသုံးပြုနိုင်ခြင်း)


Polymorphism ဆိုတာ့ ဂရိစကားလုံးတစ်ခုပါ အင်္ဂလိပ်လို ကတော့ ”Many Forms”
လို့ အဓိပ္ပါယ်ရပါတယ် ။ Polymorphism ရဲ့အရိုးရှင်းဆုံးဥပမာ ကိုပြရမယ်ဆိုရင်တော့
Sterring wheel (စတီယာတိုင်/ဘီး) တွေပဲဖြစ်ပါတယ် ။ ရွေ့လျားတဲ့ဘယ်ယာဉ်မျိုးကိုမဆို
စတီယာ တွေရဲ့အလုပ်လုပ်ပုံကအတူတူပဲဖြစ်ပါတယ် ။ ကားတွေမှာ manual steering, ပဲတပ်တပ် power steering ပဲဆင်ဆင် ကား ကိုထိန်းချုပ်မောင်းနှင်နေနိုင်မှာတော့အမှန်ပါပဲ ။အဲဒါရဲ့ကောင်းကျိုးကတော့ ဒီကားမှာ ဒီစတီယာရင်ကို တပ်ရမယ် ၊ ဟိုကားဆိုရင်တော့ ဟိုစတီယာရင်ကိုတပ်ရမယ်လို့ သိထားစရာမလိုပဲ မောင်းသူတွေဟာ ကားမောင်းတက်မယ်စတီယာရင်ကိုထိန်းတက်မယ်ဆိုရင် ကား ကိုမောင်းနှင်နိုမှာဖြစ်ပါတယ် ။
ဘာပဲလာလာ interface တစ်ခုတည်းနဲ့သုံးလို့ရတယ်ဆိုတဲ့ သဘောပေါ့ဗျာ ။
နောက်တစ်ခုက memory ထဲမှာထည့်ထားတဲ့ ဒေတာအထပ်လေး(stack)ကိုစိတ်ထဲမှာမြင်ကြည့်ပါ ။
Program ထဲမှာက မတူညီတဲ့ stacks လေးတွေလိုမယ် တစ်ခုက integer ၊နောက်တစ်ခုက float
နောက်တစ်ခု character ပေါ့ ။ OOP မဟုတ်တဲ့တခြား programming တွေမှာဆိုရင် အဲဒီဒေတာတွေ ကိုထားဖို့ မတူညီတဲ့ name တွေ သီးခြားကြေငြာပေးဖို့လိုပါမယ် ။ Polymorphism
Concepts ကိုသုံးထားတဲ့ C# မှာတော့ အခြေအနေ ၃ ခုအတွက် တစ်ကြိမ်တည်းနဲ့ တစ်ခုကိုသုံးသလို အားလုံး ကိုသုံးနိုင်ပါတယ် ။
Polymorphism ရဲ့ concept ဟာ ” one interface, multiple methods.”
ပုံစံပါ ။ general class of action. ကိုအသုံပြုခြင်းဖြင့် ရှုပ်ထွေမှုတွေကိုလျှော့ကျစေဖို့ဖြစ်ပါတယ် ။
C# မှာသုံးထားတဲ့ Overloading ဆိုတာ Polymorphism ရဲ့ concept ပါပဲ ။



Inheritance (အမွေဆက်ခံနိုင်ခြင်း)

Inheritance ဆိုတာကတော့ Object တစ်ခုရဲ့ properties တွေကို နောက် object တစ်ခုကနေဆက်လက်အသုံးပြုနိုင်တဲ့ လုပ်ဆောင်မှုတစ်ခုဖြစ်ပါတယ် ။ ဒီconcept ကတော့
ဝါစဉ်လိုက် (အစဉ်လိုက်) အမျိုးစားခွဲခြားခြင်းကို support ဖြစ်စေပါတယ် ။ ဥပမာအနေနဲ့ကတော့
RedApple ဆိုတဲ့ class တစ်ခု ဟာ class Apple , class Fruit တွေရဲ့ properties တွေဖြစ်တဲ့
edible, nutritious, juicy, sweet ဆိုတဲ့အရာတွေကို အမွေဆက်ခံသုံးစွဲနိုင်ပါတယ် ။


C# ဝါသနာတူညီကိုမောင်နှမများ ဆွေးနွေးကြဖို့ဖိတ်ခေါ်ပါတယ်ဗျာ ...။ နောက်လည်း အချိန်ရရင်ဝင်ရောက်ဆွေးနွေးပါဦးမယ် ။
ခင်မင်စွာဖြင့် >>>>> ရုပ်ဆိုး (Kaluga)
ရုပ်ဆိုး is offline   Reply With Quote
Old 29-11-2009, 05:42 AM
  post #3
green leaf
ဆယ်ကျော်သက်
 
အသင်းဝင်နေ့စွဲ: Apr 2009
ရေးသားချက်များ: 70
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 197
ပို့စ် 63 ခုအတွက် 507 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
green leaf is on a distinguished road
ပြန်စာ - C# Programming Language

Quote:
Originally Posted by ရုပ်ဆိုး View Post
[b][color="Blue"]
C# ဝါသနာတူညီကိုမောင်နှမများ ဆွေးနွေးကြဖို့ဖိတ်ခေါ်ပါတယ်ဗျာ ...။ နောက်လည်း အချိန်ရရင်ဝင်ရောက်ဆွေးနွေးပါဦးမယ် ။
ရုပ်ဆိုး (Kaluga)
ကျနော်လဲ ၀ါသနာတူပါပဲဗျာ.. ဆွေးနွေးသွားတာလေးတွေ အတော်ကောင်းပါတယ်... ဒီလောက် ပြည့်စုံမှကို ၀င်ဆွေးနွေးဖို့  မလိုသေးပါဘူးဗျာ.... နဲနဲ details ဆွေးနွေးတဲ့အခါမှ ၀င်ဆွေးနွေးပါတော့မယ်.... ဥပမာ ပေးပုံလေးတွေ အတော်ကောင်းပါတယ်.. နားထဲကို တစ်ခါတည်း ရှင်းသွားပါရဲ့ .. သူငယ်ချင်း ခု ဆွေးနွေးတဲ့ပုံစံလေးအတိုင်း အရှိန်မပြတ်ပါစေနဲ့ .. ကျနော်တော့ သူငယ်ချင်းလောက် ဥပမာလေးတွေ ရှင်းရှင်းမပေးတတ်သေးလို့  နောက်ပိုင်း logic တွေ syntax တွေ ဆွေးနွေးမှပဲ ၀င်ဆွေးနွေးတော့မယ်ဗျာ.. logic ပိုင်းတွေ မသွားခင် ခုလိုပဲ သဘောတရားလေးတွေကို C# နဲ့  မနီးစပ်သေးတဲ့သူတွေကို ရှင်းပြပေးသွားပါအုံးဗျာ..
အောင်မြင်ပါစေဗျာ.. နောက်ကျ တွေ့ ကြတာပေါ့...

[SIZE="5"][COLOR="Gray"][CENTER]ခရီးရောက်ချင်ရင် ရပ်မနေဖို့ ပဲ အရေးကြီးတယ်။ နှေးတာက အရေးမကြီးပါဘူး။ [/CENTER][/COLOR][/SIZE]
green leaf is offline   Reply With Quote
အောက်ပါအသင်းဝင် 16 ဦးတို့မှ green leaf အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 08-01-2012, 07:13 AM
  post #4
ရုပ်ဆိုး
MF Contributor
 
အသင်းဝင်နေ့စွဲ: Oct 2008
တည်နေရာ: ထိုင်ခုံပေါ်
ရေးသားချက်များ: 202
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1,291
ပို့စ် 185 ခုအတွက် 1,886 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ရုပ်ဆိုး is on a distinguished road
ပြန်စာ - C# Programming Language

Program ဆိုတာဘာလဲ

Program ဆိုတာ မြန်မာလိုပြောရင်တော့ ဘာပြီးရင်ဘာလုပ် ၊ ဒါပြီးရင်ဟိုဟာလုပ် ဆိုတဲ့ ညွှန်ကြားချက်အစုအဝေးပေါ့ ။ Program ဆိုတာသာမရှိရင် အခုလက်ရှိ ကျွန်တော်တို့ သုံးနေတဲ့ ကွန်ပျူတာဆိုတာချည်းကလည်း ငုတ်တုတ်ထိုင်နေတဲ့ သစ်ငုတ်တိုကြီးနဲ့မခြား အလကားပါပဲ ။ ကျွန်တော်တို့ သုံးနေတဲ့ Computer , TV , Player စ တဲ့ electrical ပစ်စည်းတွေမှန်သမျှ ပရိုဂရမ် နဲ့ လွတ်ကင်းတဲ့အရာတစ်ခုမှ မရှိပါဘူးဗျာ ။ ယုတ်စွအဆုံး သူငယ်တန်းဖတ်စာမှာတောင် ပရိုဂရမ်နဲ့ မလွတ်ကင်းပါဘူး ။သင်ဖူးကြမယ်ထင်ပါတယ် အိပ်ယာထ ၊ မျက်နှာသစ် ၊ သွားတိုက် ၊ အိပ်ယာသိမ်း ၊ အစာစား ၊ ပလုတ်ကျင်း ၊ အဝတ်လဲ ၊ … ကျောင်းသွား ၊ ကျောင်းပြန် ၊ မိဘကူ ၊ ကစား ၊ ရေချိုး ၊ ညစာစား ၊ စာကြည့် ၊ အိပ်ယာဝင် ဆိုတဲ့ဟာလေး ။ အဲဒီသင်ခန်းစာလေးသည်လည်း ကလေးတစ်ယောက်အတွက်လုပ်ဆောင်ရမဲ့ Program ပါပဲ ။ ဒါဆိုရင် Program ဆိုတာဘာလဲလို့တော့သဘောပေါက်လောက်မယ်ထင်ပါတယ် ။

Programming ဆိုတာကရောဘာလဲ

Programming ဆိုတာကတော့ Program တွေရေးသားခြင်းအတက်ပညာ လို့ ခေါ်ဆိုင်နိုင်ပါတယ် ။ စာရေးမယ်ဆိုရင် စာဖတ်သူနားလည်အောင် စာရေးခြင်းအတက် တက်ဖို့လိုအပ်ပါတယ် ။ ကလေးလေးတစ်ယောက်ကို တစ်ခုခုလုပ်စေချင်ရင် ကလေးနားလည်အောင် ၊ နားဝင်အောင်ပြောနိုင်တဲ့ အတက်ပညာ လိုအပ်ပါတယ် ။ အပေါ် မှာပြောခဲ့ တဲ့ Computer အစပြုတဲ့ electrical devices တွေ နားလည်တဲ့ Program တွေ ရေး နိုင်တဲ့ အတက်ပညာကို Programming လို့ခေါ်တာပါပဲ ။

Programming Language ဆိုတာ ဘာလဲ

မြန်မာလူမျိုး ကို ကိုယ်ပြောချင်တာတွေနားလည်အောင် ပြောချင်တဲ့လူ ၊ ခိုင်းချင်တဲ့လူက Myanmar Language တက်ရပါမယ် ။ English လူမျိုးကိုနားလည်အောင်ပြောချင်တဲ့သူ ၊ခိုင်းချင်တဲ့သူက English Language တက်ထားရပါမယ် ။ electrical devices , Computer တွေ နားလည်အောင်ပြောဖို့ ၊ခိုင်းဖို့ဆိုရင်တော့ Programming Language တက်ထားရပါမယ် ။ English လို စကားပြောကောင်းတဲ့လူကို English လူမျိုးတွေကချစ်ခင်နှစ်သက်ပြီး ၊ ကိုယ်အလိုရှိတိုင်းအဆင်ပြေသလိုပါ ပဲ Programming Language ကျွမ်းကျင်သူ ( Programming တော်ကီ ကောင်းသူပေါ့ ဗျာ ) တွေ အတွက်လည်း စက်ပစ်စည်း လေးတွေက လူတစ်ယောက်နဲ့မခြား လိမ်မာ နေပါလိမ့်မယ် ။
ရုပ်ဆိုး is offline   Reply With Quote
အောက်ပါအသင်းဝင် 9 ဦးတို့မှ ရုပ်ဆိုး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 08-01-2012, 07:15 AM
  post #5
ရုပ်ဆိုး
MF Contributor
 
အသင်းဝင်နေ့စွဲ: Oct 2008
တည်နေရာ: ထိုင်ခုံပေါ်
ရေးသားချက်များ: 202
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1,291
ပို့စ် 185 ခုအတွက် 1,886 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ရုပ်ဆိုး is on a distinguished road
ပြန်စာ - C# Programming Language

General Knowladge Of Programming Languages

Programming paradigm ဆိုတာဘာလဲ

Programming paradigm ဆိုတာ Programming Language တွေရဲ့ အခြေခံ စတိုင်လ်ပါပဲ ။ ကမ္ဘာမှာ Programming Languages ပေါင်း ၁၅၀၀ ကျော်ရှိတယ်လို့ဆိုပါတယ် ။ level အရ (low-level , high level ) ခွဲခြားနိုင်သလို ၊ Programming paradigm အရလည်း ( Procedural,Object Oriented, Functional,DataFlow,Logic,…etc)များစွာ ခွဲခြားထားပါသေးတယ် ။ ဒါကြောင့် Programming Language တစ်ခုကို တွေ့တာနဲ့ ဒီ Language ဟာ ဘယ် paradigm အခြေခံလဲဆိုတာ တွဲပြီးပြောဆိုကြပါတယ်။ Language တစ်ချို့မှာ paradigm တစ်ခုသာပါဝင်ပေမဲ့ Programming Language တော်တော်များများမှာတော့ Paradigm တစ်ခုထက်ပိုပြီးပါဝင်ပါတယ် ။ ဥပမာအနေနဲ့ကျွန်တော်တို့ ကြားဖူးနားဝရှိပြီးသားဖြစ်တဲ့
Javascript Programming Language မှာဆိုရင် (Imperative , Object-Oriented,Functional) စတဲ့ Paradigm စတိုင်လ် ၃ ပါဝင်ပါတယ် ။
Java မှာဆိုရင် (Imperative , Object-Oriented(classes-based),reflective,generic) ဆိုတဲ့ Paradigm စတိုင်လ် ၄ မျိုးပါဝင်ပါတယ် ။
Python နှင့် Ruby မှာလည်း မှာဆိုရင် (Imperative , Object-Oriented(classes-based),reflective,functional) ဆိုပြီး စတိုင်လ် ၄ မျိုးပါဝင်ပါတယ် ။
ကျွန်တော်တို့ အဓိကထားဆွေးနွေးမဲ့ C++ မှာတော့ (Imperative , Object-Oriented(classes-based),generic(template metaprogramming),functional) ဆို တဲ့ စတိုင်လ် ၄ မျိုးပါဝင်မှာဖြစ်ပါတယ် ။
C# တို့ VB.Net တို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနမှ အဓိကထားသုံးခဲ့တဲ့ Ada Programming Language တို့မှာတော့ Paradigm စတိုင်လ် ၅ မျိုးပါဝင်ပါတယ် ။
နောက်ထပ် Paradigm ၆ မျိုး ၊ ၇ မျိုး ၊ ၈ မျိုး ၊ ၉ မျိုး ပါဝင်တဲ့ Programming Language တွေ ရှိပါသေးတယ် ။
Programming Paradigm တစ်မျိုးပဲပါဝင်တဲ့ Programming Language များကိုတော့ ရည်ရွယ်ချက်တစ်မျိုးတည်းအတွက်သုံးပြီး ၊ Paradigm အမျိုးမျိုးပါးဝင်တဲ့ Programming Languages များကိုတော့ ရည်ရွယ်ချက်အမျိုးမျိုးအတွက်အသုံးချရေးသားနိုင်ပါတယ် ။

ဘယ် Programming Lanugage ကများအကောင်းဆုံးလဲ

Programming ကိုစလေ့လာတော့မယ်ဆိုရင် အတော်များများ သိချင်တဲ့မေးခွန်း က ဘယ် Langauge ကအကောင်းဆုံးလဲ ။ စိတ်ကူးက အဲဒီအကောင်းဆုံး Language ကိုလေ့လည်မယ်ဆိုတာပါပဲ ။ စလေ့လာခါစ လူတွေမှ မဟုတ်ပါဘူး Programming Language တစ်ခုကို ကျွမ်းကျင်ပိုင်နိုင်ပြီးတဲ့ Programmers တွေဟာလည်း ငါ့ Language ကကောင်းတယ် ၊ မင်း Language ကတော့ ဒါလောက်မကေင်းဘူးဆိုပြီးငြင်းခုန်နေဆဲပါပဲ ။ အသေအချာ သိထားဖို့ ကတော့ဗျာ Programming Language ဆိုတာလူတွေကတီထွင်ခဲ့တာပါ ။ ဘာကြောင့် တီထွင်ခဲ့တာလဲ ။ အသုံးလိုလို့ ပါ ။ ဘာကြောင့် အများကြီးကွဲပြားစွာ တီထွင်ခဲ့တာလဲ ။ အသုံးချရမဲ့ နေရာတွေချင်းမတူလို့ ၊ အသုံးချရမဲ့ နေရာတွေကွဲပြားနေလို့ပါ ပဲ ။
စာရေးဆရာနဲ့ ဆရာဝန် ဘယ်ဟာလုပ်ရင် လူတွေကိုအကျိုးပြုမလဲ လို့ မေးသလိုပါပဲ ။ စာဖတ်ချင်သူ ၊ဗဟုသုတ ရှာမှီးတဲ့လူတွေအတွက် စာရေးဆရာကအကျိုးပြုပြီး ၊ ရောဂါပျောက်ကင်းလိုသူ တွေ အတွက်တော့ ဆရာဝန်ကအကျိုးပြုပါလိမ့်မယ် ။
ဒါကြောင့် ဘယ် Programming Language က ပိုကောင်းလဲ လို့တွေးနေမဲ့အစား ၊ ဘယ်နေရာအသုံးချမှာ လဲ သေချာအောင်မေးပြီး ၊ ဘယ် Language တွေက ဘယ်နေရာမှာအသုံးကျတာလဲဆိုတာလေ့လာတာက ပို အကျိုးရှိမယ်ထင်ပါတယ်ဗျာ ။
သေချာတာတစ်ခုကတော့ နှစ်သက်ရာ Programming Language တစ်ခုကိုသာ နှိုက်နှိုက်ချွတ်ချွတ်လေ့လာပါ ။ အဲဒီ Language တစ်ခုကို တော်တော်လေးကျွမ်းကျင်နေပြီဆိုရင် ကို တခြား Language တွေကို အလွယ်တကူ လေ့လာနိုင်တယ်ဆိုတာပါပဲ ။
ရုပ်ဆိုး is offline   Reply With Quote
အောက်ပါအသင်းဝင် 10 ဦးတို့မှ ရုပ်ဆိုး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 08-01-2012, 07:19 AM
  post #6
ရုပ်ဆိုး
MF Contributor
 
အသင်းဝင်နေ့စွဲ: Oct 2008
တည်နေရာ: ထိုင်ခုံပေါ်
ရေးသားချက်များ: 202
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1,291
ပို့စ် 185 ခုအတွက် 1,886 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ရုပ်ဆိုး is on a distinguished road
ပြန်စာ - C# Programming Language

Generation Of Programming Languages( ပရိုဂရမ် ဘာသာစကားတွေရဲ့ မျိုးဆက်များ)

First-generation programming language

Programming Language တွေရဲ့ ပထမမျိုးဆက်ကတော့ machine-level programming language ပဲဖြစ်ပါတယ် ။ ဒီပထမမျိုးဆက်မှာတော့ Machine Code တွေကို စက်တွေကသာနားလည်နိုင်တာဖြစ်ပြီး လူတွေက နားမလည်နိုင်ပါဘူး ။ လူတွေကလည်း မထိန်းချုပ်နိုင်ပါဘူး ။

Second-generation programming language

Second-generation programming language ကိုတော့ assembly Language လို့ခေါ်ကြပါတယ် ။ ဒီဒုတိယမျိုးဆက်မှာတော့ Programmer တွေက code တွေကို ရေးနိုင် ၊ ဖတ်နိုင်ပါတယ် ။ အဲဒီကုဒ်တွေကို Computer မှာ Run ပြီးတော့ စက်တွေနားလည်တဲ့ machine ကုဒ်အဖြစ်ပြောင်းလဲပေးနိုင်ပါတယ် ။ အစောပိုင်း ပေါ်ခဲ့တဲ့ C language ဟာလည်း Second Generation Language ဖြစ်ပါတယ် ။ window operating system တွေ ရေးသား ဖို့ ၊ Device Driver တွေ ရေးသားဖို့ ၊ Game တွေ Video editing တွေအတွက် Second GenerationProgramming Language တွေကို သုံးပါတယ် ။
First Generation နှင့် Second Generation Language တွေကို Low-Level Programming Language တွေအဖြစ် သတ်မှတ်ပါတယ် ။

Third-generation programming language

Third-generation programming language က Second Generation ကို ပိုကောင်းအောင်မွမ်းမံထားတာပါ။ ကျွန်တော်တို့ ဒီနေ့သုံးနေတဲ့ ဆော့ဖ်ဝဲတွေ ဟာ တတိယမျိုးဆက်မှာမှပေါ်လာရတာပါ ။ တတိယမျိုးဆက်မှာ data types တွေ ၊ concept တွေကို code အဖြစ်ဖန်တီးနိုင်ပြီး စက်တွေကနားလည်အောင်လုပ်လာနိုင်ပါတယ် ။ အရင် ဒုတိယမျိုးဆက်တုန်းက character အများကြီးရိုက်ထည့်ချင်ရင် လူက တစ်လုံးချင်လိုက်ရိုက်ရာကနေ ၊ တတိယမျိုးဆက်မှာတော့ string လို့ ကြေငြာပေးလိုက်တာနဲ့ စက်က character အမျးကြီးဆိုတာ နားလည်သွားပါတယ် ။ ဒါကြောင့် Third Generation ကိုတော့ High-level Programming Language အဖြစ်သတ်မှတ်ပါတယ် ။ C ,C++,C#,Java,BASIC,Delphi စတဲ့ Programming Language တွေဟာ တတိယမျိုးဆက်တွေပါပဲ ။


Fourth-generation Programming Language

Programming Lanugage တွေရဲ့ တတိယမျိုးဆက်တုန်းက Software တွေများများကြီးတိုးတက်လာခဲ့တာ။ စက်ပစ်စည်းတွေကို software တွေအသုံးပြုပြီး လူတွေများကြီးထိန်းချုပ်နိုင်ခဲ့တာ အံ့မခန်းပါပဲ ။ ဒါပေမဲ့ code တွေကို ကိုယ်တိုင်ရေး ရတဲ့အတွက် error တွေများဖြစ်တက်တာတွေ ၊ ကျွမ်းကျင်တဲ့ Programmar မဟုတ်ရင် အချိန်ကြာကြီးပေးရတာတွေကြောင့် Problem Solving နှင့် System Enegering တွေမှာ နှောင့်နှေးခဲ့ရပါတယ်။ Fourth-generation မှာတော့ Applications Development Without Programmers ပါ ။ သက်ဆိုင်ရာ အင်ဂျင်နီယာဘာသာရပ် ၊ ရူပဗေဒ ၊ အီလက်ထရောနစ် ၊သချာင်္ စတဲ့ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူတွေဟာ Programmer တွေလို ကုဒ်ရေးကျွမ်းကျင်စရာမလိုပဲ အသုံးချ application တွေတည်ဆောက်နိုင်တော့မှာဖြစ်ပါတယ် ။ ဥပမာ MATLAB အသုံးပြုသူတွေ သိပါလိမ့်မယ်။ MATLAB ထဲမှာပါတဲ့ Powelink Library တွေမှာ ကုဒ်တွေရေးဖို့မလိုပါဘူး ။ ပေးထားတဲ့ block လေးတွေ ဆွဲယူ ၊ connector လေးတွေဆက် ၊ parameters လေးတွေ ချိန်းပေးရုံနဲ့ Circuit တွေတည်ဆောက်နိုင်သလို ၊ သချာင်္ဆိုင်ရာဖော်မြူလာတွေ ၊ အီကွေးရှင်းတွေလည်းဖြေရှင်းနိုင်ပါတယ် ။ အဲဒီ ဆားကစ်တွေ ဖော်မြူလာတွေရဲ့ ကုဒ်ကိုလိုချင်သပါ့ဆိုရင်လည်း C နှင့် Ada ကုဒ်တွေအဖြစ်ထုတ်ပေးပါသေးတယ် ။
စတုတ္ထ မျိုးဆက် Programming Languages တွေကတော့ SQL , MATLAB ,Mathematica ,LabVIEW,WinDev သဖြင့် များကြီးရှိပါတယ် ။


Fifth-generation programming language

စတုတ္ထ မျိုးဆက်မှာတုန်းကတော့ Programmer တွေဖန်တီးထားတဲ့ algorithm တွေကို အလွယ်သုံးပြီးတော့ application development ကိုမြန်မြန်ဆန်ဆန်လုပ်ခဲ့ကြပါတယ် ။ ယခု 5th Generation မှာတော့ programmer တွေရေးထားတဲ့ algorithm တွေမသုံးတော့ပါဘူး ။ အဲဒီအစား constraint-based ကိုအသုံးပြုမှာပါ ။ logic Programming တွေ ၊ declarative Languages တွေဟာ 5th generation Programming Language တွေပါပဲ ။ 5th generation language တွေကတော့ ကွန်ပျူတာတွေဟာ ပရိုဂရမ်မာ မပါပဲ ပြသနာတွေကို ကိုယ်တိုင်ဖြေရှင်းနိုင်မှာဖြစ်ပါတယ် ။ ဥပမာ ပြသနာတစ်ခုခုကိုဖြေရှင်းချင်တဲ့ အခါမှာ programmer တွေက ဘယ်ပြသနာကိုဖြေရှင်းမလဲ ဆိုတာပဲသိဖို့ လိုပြီးတော့ ၊ ဘယ် algorithm ကိုသုံးရမလဲ ၊ ဘယ်လိုဖြေရှင်းရမလဲဆိုတာကို စဉ်းစားဖို့မလိုတော့ပါဘူး ။ computer ကနေ သူ့အလိုလို ရွေးချယ်ပြီး ဖြေရှင်းသွားမှာပါ ။ 5th generation Language တွေကိုတော့ artificial intelligence research တွေမှာအဓိကသုံးပါတယ် ။ Prolog , OPS5 , Mercury စ တဲ့ Programming Languages တွေဟာ 5th Generation Programming Language တွေဖြစ်ပါတယ် ။
ရုပ်ဆိုး is offline   Reply With Quote
အောက်ပါအသင်းဝင် 11 ဦးတို့မှ ရုပ်ဆိုး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 08-01-2012, 10:59 AM
  post #7
Bayint Naung
အထူးအသင်းဝင်
 
Bayint Naung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2011
တည်နေရာ: Naypyidaw, Kanbawzathadi
ရေးသားချက်များ: 510
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 332
ပို့စ် 499 ခုအတွက် 2,415 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
Bayint Naung is on a distinguished road
ပြန်စာ - C# Programming Language

ကို ရုပ် ဆိုး ရေ။ ကျ နော် လဲ programming ဝါ သ နာ အိုး ပါ ပဲ။
C နဲ. scripting language လေး တွေ လောက် ပဲ သိ ပါ တယ်။
C++ တော့ ကြိုး စား ကြည့် ဘူး တယ်။ မ ရ ဘူး။ ရှုပ် တာ မှ လွန် ကော။
အဲ ဒါ နဲ. OOP java ကွ ဆို လေ. လာ ကြည့် တယ်။ စိတ် ညစ် လာ တယ်။
နေ ရာ တိုင်း ဘာ မှ မ ဟုတ် လဲ Object တွေ လုပ် နေ ရ တော့။
C# က တော့ ကြား ဘူး သ လောက် generic programming, functional programming တွေ ကို လဲ support လုပ် တယ် တော့ ကြား ဘူး တယ်။
ကျ နော် က တော့ linux OS အ များ ဆုံး အ သုံး ပြု တဲ. အ တွတ် C# ကျ တော့ ပြ သ နာ တက် တယ်။

ကျ နော် က တော့ OOP fan တော့ မ ဟုပ် ဘူး။
javascript လို Prototypal OO က တော့ မ ဆိုး ဘူး လာ လို.
mono လေး ရ အောင် install ပီး တော့ လိုက် တော့ လေ. လာ ကြည့် ပါ အုန်း မယ်။

စာလုံး ပေါင်း မှား တာ လေး တွေ ရှိ ရင် လဲ ခွင့် လွှတ် ကြ ပါ။
Bayint Naung is offline   Reply With Quote
အောက်ပါအသင်းဝင် 5 ဦးတို့မှ Bayint Naung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 20-03-2014, 01:00 PM
  post #8
myintmyat
လမ်းလျှောက်တတ်စ
 
အသင်းဝင်နေ့စွဲ: Apr 2008
ရေးသားချက်များ: 13
ကျေးဇူးတင်စကား: 0
ပို့စ် 8 ခုအတွက် 10 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
myintmyat is on a distinguished road
ပြန်စာ - C# Programming Language

Microsoft Visual Studio 2010: A Beginner's Guide စာအုပ်လေးရှိရင် တင်ပေးပါဥှီုးခင်ဗျာ....
myintmyat is offline   Reply With Quote
အောက်ပါအသင်းဝင်မှ myintmyat အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 21-03-2014, 09:39 PM
  post #9
zo
အထူးအသင်းဝင်
 
zo's Avatar
 
အသင်းဝင်နေ့စွဲ: Jul 2008
တည်နေရာ: the earth that GOD created.
ရေးသားချက်များ: 1,211
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 18,704
ပို့စ် 1,047 ခုအတွက် 6,011 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
zo will become famous soon enough
ပြန်စာ - C# Programming Language

အကိုရေ ကျနော် mediafire နဲ. တင်လိုက်တယ်ဗျာ။
တကယ်လို. ဒေါင်းလို. မပြေရင် ပြေမယ့်လင့်ကို ပြောပေးပါဗျာ။

Microsoft Visual Studio 2010: A beginner's guide

See You When I See You
zo is offline   Reply With Quote
Reply

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !

အခြားဆင်တူဆွေးနွေးချက်များ
ဆွေးနွေးချက် စတင်ရေးသားသူ ကွပ်ပျစ်ဝိုင်း ပြန်စာများ နောက်ဆုံးပို့စ်
phython မောင်ဧက ဆွေးနွေးချက်များ 7 31-12-2010 05:12 PM
database and programming language အကြောင်း ဆွေးနွေးရအောင်။ khinsu ဆွေးနွေးချက်များ 23 26-05-2009 10:57 AM
Introduction to C++ programming and graphics မောင်ရိုး E-books များ 1 18-05-2009 04:28 PM
Programming Microsoft Visual Basic 2005 - The Language kothu E-books များ 0 06-02-2008 08:35 PM


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 03:26 PM
Inactive Reminders By Icora Web Design