Old 04-04-2009, 07:25 AM
  post #1
green leaf
ဆယ်ကျော်သက်
 
အသင်းဝင်နေ့စွဲ: Apr 2009
ရေးသားချက်များ: 70
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 197
ပို့စ် 63 ခုအတွက် 507 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
green leaf is on a distinguished road
classes in C++

Classes OR Defining Your Own Data Types


class ဆိုတာ ဘာလဲ ? class ကို ဘာကြောင့် အသုံးပြုကြသလဲ ? class က ဘာတွေ စွမ်းဆောင်နိုင်စွမ်း ရှိသလဲ ?
ကဲ အဲဒီ့တော့ class ဆိုတာ ဘာလဲလို့ မပြောသေးခင် class ဖြစ်ပေါ်လာပုံလေးကို အရင် ပြောပြပါမယ်။ ဒီတော့ class မတိုင်ခင် အသုံးပြုတဲ့ struct အကြောင်းကို အရင်ပြောမှ ရလိမ့်မယ်။

The struct in C++
structure ဆိုတာ struct ဆိုတဲ့  keyword ကို အသုံးပြုထားတဲ့ user-defined type ပါ။ C++ မပေါ်ခင် C language မှာ struct ကို အသုံးပြုခဲ့ကြတာပါ။ C++ မပေါ်ခင် Windows ရေးရာတွင် C နှင့် ရေးကြတယ်။ အဲတော့ Windows Programming မှာ struct ကို ကျယ်ကျယ်ပြန့် ပြန့် အသုံးပြုခဲ့ကြတယ်။

What is a struct ?

variable အားလုံးနီးပါးဟာ သူ့ ရဲ့  single data type တစ်ခုစီ ရှိကြတယ်။ ဂဏန်းတစ်လုံး၊ character တစ်လုံး စသည်ဖြင့်ပေါ့။ ကျနော် ဆိုလိုချင်တာက ဥပမာ
int number_1;
double number_2;
char name[40];
int box[10];
ဆိုပါစို့ ။၎င်းကို declaration လို့ ခေါ်တယ်။ဥပမာ int number_1; မှာ ဆိုရင် int ဟာ data type ဖြစ်ပြီးတော့ number_1 ဟာ variable ဖြစ်ပါတယ်။ number_1, number_2, name, box စတဲ့ variable တွေအတွက် သူနဲ့ ဆိုင်ရာဆိုင်ရာ int, double, char array ရှိကြတယ်။ ၎င်းနည်းတူ integer ဆိုလဲ integer ကိန်းတစ်လုံးပဲ store လုပ်နိုင်တယ်။ double တို့ ၊ float တို့ ၊ array တွေ လဲ ထိုနည်းတူပါပဲ။ ဥပမာ
number_1 = 123;
number_2 = 345.56;
name[4] = { "mg mg", "aung aung", "john", "smith" };
box[10] = { 1, 2, 3, 4, 5, 6, 7, 8, 9, 10 };
ဆိုပါစို့ ။ ၎င်းကို initialization လို့ ခေါ်ပါတယ်။ အဲလောက်ဆို single data type အလုပ်လုပ်ပုံကို နားလည်ပြီလို့ 
ထင်ပါတယ်။

သို့ သော် တကယ့် real world မှာ အနည်းငယ် ပိုရှုပ်ထွေးပါတယ်။ ဥပမာ စာအုပ်(Book) နဲ့  ပတ်သတ်တဲ့ information တွေကို ကျနော်တို့ လေ့လာကြည့်ရအောင်။ ကဲ စာအုပ်တစ်အုပ်မှာ ယေဘူယျအားဖြင့် မပါမဖြစ် information တွေ ရှိတယ်။ ဘာတွေလဲကြည့်ရအောင်။ စာအုပ်နာမည်၊ စာရေးဆရာနာမည်၊ ထုတ်ဝေသူ၊ ထုတ်ဝေသည့်ခုနှစ်၊ စာအုပ်စာမျက်နှာ၊ စာအုပ်ဈေးနှူန်း၊ စာမူခွင့်ပြုချက်အမှတ် စသည်ဖြင့်ပေါ့လေ။ အဲဒီ့တော့ စာအုပ်တစ်အုပ်ကို ဖော်ပြဖို့ အတွက် သူ့ ရဲ့  parameters (စာအုပ်နာမည်၊ စာရေးဆရာနာမည်၊ ထုတ်ဝေသူ၊ ထုတ်ဝေသည့်ခုနှစ်၊ စာအုပ်စာမျက်နှာ၊ စာအုပ်ဈေးနှူန်း၊ စာမူခွင့်ပြုချက်အမှတ်) အလိုက် မတူညီတဲ့  single data type တွေဖြစ်နေလိမ့်မယ်။ စာအုပ်နာမည်ဆိုရင် char type ဖြစ်ပြီးတော့ ထုတ်ဝေသည့် ခုနှစ်ဆိုရင် int type ဖြစ်နေလိမ့်မယ်။ အဲဒီ့တော့ အဲဒီ့ parameters တွေကို ပေါင်းစုပြီး BOOK ဆိုတဲ့ နာမည်နဲ့  single data type လုပ်ချင်တယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ အဲဒီ့အတွက် struct တည်ရှိနေတာ ဖြစ်ပါတယ်။

Defining a struct
ခုနက စာအုပ်ကို struct နဲ့  ဖွဲ့ စည်းလိုက်မယ်ဆိုရင် အခုလိုမျိုး ရရှိလာပါလိမ့်မယ်။ parameter ကို ၄ ခုပဲ ထည့်ထားပါတယ်။


ကျနော့်အနေနဲ့  struct ကို ဒီလောက်ပဲ ဆွေးနွေးသွားပါမယ်။ အကြမ်းဖျဉ်း ပြောရရင် class နဲ့  struct ဟာ သဘောတရား အတူတူပါပဲ။

class in C++
class ဆိုတာ အဲဒီ့ structure ကနေ အဆင့်မြင့်လာတဲ့ concept ပါ။ class နဲ့  structure ဘာကွာသလဲဆိုရင် struct ဟာ data members တွေကိုပဲ ကိုင်တွယ်နိုင်ပြီးတော့ class ကတော့ data members အပြင် function members တွေကိုပါ ကိုယ်တွယ်နိုင်ပါတယ်။ classes ကော၊ structures ကော ပါ data တွေကို အကန့် အသတ်မရှိ ကိုင်တွယ်နိုင်ပါတယ်။

Terminology
  • class ဟာ user-defined type ပါ။ user-defined type ဆိုတာ user ကနေ ကိုယ်ပိုင် ဖန်တီးလိုက်တဲ့ data type တစ်ခုလို့  ပြောချင်တာပါ။ own data type လို့ ခေါ်ချင်လဲ ခေါ်လို့ ရပါတယ်။ C++ က defined လုပ်ထားတဲ့  data type (e.g, int, double, char) တို့ လို မဟုတ်ပါဘူး။
  • Object-oriented programming(OOP) လို့  လူသိများတဲ့  programming style ဟာ ဒီclasses လိုမျိုး own data types တွေရဲ့  idea ကို အခြေခံထားတာဖြစ်ပါတယ်။
  • class type တစ်ခုမှာ object တစ်ခုကို ဖန်တီးလိုက်ခြင်း၊ declaration လုပ်လိုက်တာကို instantiation လို့  ခေါ်ပါတယ်။ ဘာလို့ ဆိုတော့ အဲဒီ့ class ရဲ့  instance တစ်ခုအဖြစ် create လုပ်လိုက်သောကြောင့် ဖြစ်ပါတယ်။
  • class ရဲ့  objects တွေကို instances လို့  ခေါ်လို့ ရသလို ၎င်းကိုပဲ objects လို့  ခေါ်လို့ လဲရပါတယ်။
  • class ကို encapsulation လို့ ခေါ်နိုင်ပါတယ်။ ဘာလို့ ဆိုတော့ သူ့ အထဲမှာ မတူညီတဲ့  data members တွေ၊ function members တွေအားလုံးကို class name ပေးပြီး ထိန်းချုပ်ထားနိုင်လို့  ဖြစ်ပါတယ်။

Members of the class
class ထဲမှာပါတဲ့  data တွေ၊ functions တွေကို class ရဲ့  members တွေလို့ ခေါ်ပါတယ်။ class ထဲမှာပါတဲ့  data items တွေကို data members တွေလို့ ခေါ်ပြီး class ထဲမှာ ပါတဲ့  functions တွေကိုတော့ function members or member functions တွေလို့ ခေါ်ပါတယ်။ ဒါပေမဲ့  တစ်ချို့  နေရာတွေမှာ member functions တွေကို methods လို့  ခေါ်ပြီး data members တွေကို fields လို့ ခေါ်ကြတာ တွေ့ ရပါတယ်။

Defining a class
class keyword ကို အသုံးပြုပြီးတော့ CBox ဆိုတဲ့  data type လေးတစ်ခုကို define လုပ်ကြည့်ရအောင်။


Access control in a class
အဲဒီ့မှာ public ဆိုတဲ့ keyword ကို အားလုံးပဲ မြင်ကြပါလိမ့်မယ်။ အဲမှာ public နဲ့  access လုပ်ထားတဲ့  data members သုံးခု ရှိပါတယ်။ ဆိုလိုချင်တာက အဲဒီ့ data members တွေအားလုံးကို class object ရဲ့  သူ့  scope အတွင်း ဘယ်နေရာမှာမဆို access လုပ်နိုင်တယ်ဆိုတဲ့ သဘောပါ။ အဲလို public လိုမျိုး class မှာ private နဲ့  protected ဆိုပြီး နောက်ထပ် နှစ်မျိုး ရှိပါသေးတယ်။ သူတို့ ရဲ့  သဘောတရားကိုတော့ နောက်ပိုင်းကျမှ ကျနော် ဆက်ဆွေးနွေးပေးပါမယ်။ ဒါနဲ့  class name ကို CBox လို့ ကျနော် နာမည်ပေးထားကို သတိပြုစေချင်ပါတယ်။ ဘယ် variable name, function name, class name ပဲဖြစ်ဖြစ် ကြိုက်တဲ့  နာမည်ပေးလို့ ရပါတယ်။ ဒီနေရာမှာ ကျနော်အကြံပြုချင်တာက အဲဒီ့ name ကို သက်ဆိုင်ရာ နာမည်ပဲ ပေးစေချင်ပါတယ်။ ဥပမာ ခင်ဗျားအနေနဲ့  ဂဏန်းတွေ ပေါင်းတဲ့  function ရေးမယ်ဆိုရင် function name ကှိုSum() စသဖြင့်ပေးသင့်ပါတယ်။ ဒါဟာ ကိုယ်တိုင်ပဲ ဖြစ်ဖြစ် ၊ တစ်ခြား တစ်ယောက်ယောက်ကပဲ ဖြစ်ဖြစ် ကိုယ့် program နောက်တစ်ချိန်မှာ ပြန်ကြည့်မယ်ဆိုရင် name တွေကို ကြည့်လိုက်တာနဲ့ ကို program ကို trace လိုက်ရာမှာ လွယ်ကူသွားစေပါတယ်။ ပြန်ဆက်ရရင် CBox ဆိုတဲ့  class name ကို ဘာနာမည်ပေးပေးရပါတယ်။ CBox မှလို့ မဟုတ်ဘူး။ Box လို့ ပေးလဲ ရပါတယ်။ ဒါပေမဲ့  MFC က class names တိုင်းရဲ့  ရှေ့ မှာ C ဆိုတဲ့ အက္ခရာလေးကို အမြဲတမ်းကိုယ်ပိုင်သဘောမျိုးသုံးစွဲဖို့ မွေးစားထားပါတယ်။ (must do မဟုတ်ပါ။ ဗဟုသုတ အနေနဲ့ ပဲဖြစ်ဖြစ်ပါ ။အကြံပေးတာပါ။) ပြီးတော့ data members တွေမှာ တစ်ချက်ကြည့်လိုက်ပါ။ m_Length လို့  ကျနော် နာမည်ပေးထားပါတယ်။ အဲဒီ့ m_ လေး ရှေ့ က ပေါင်းထည့်ထားတာဟာ ဒီ variable name ကို တစ်ခြားသော variable နဲ့ ယှဉ်ကြည့်လိုက်ရင် ဒီ name ဟာ class ရဲ့  data member မှန်း အလွယ်တကူ သိသာစေရန် ဖြစ်ပါတယ်။ (must do မဟုတ်ပါ)

Declaring Objects of a Class

ဒါဆိုရင် ကျနော်တို့ ရဲ့  class တစ်ခုကို ကိုယ်တိုင် ဖန်တီးပြီးသွားပါပြီ။ ဒီတော့ objects တွေကို main() function ဖန်တီးရအောင်။

အဲဒီတော့ box1 နဲ့  box2 မှာ သူတို့ ရဲ့  ကိုယ်ပိုင် data members (m_Length, m_Width, m_Height) သုံးခုစီ ရှိသွားကြပါပြီ။ ဒါပေမဲ့  အဲဒီ့ data members တွေကို initialize မလုပ်ထားရသေးတဲ့အတွက် box1 ရဲ့  data members တွေဟာ junk values တွေအဖြစ်ပဲ တည်ရှိနေပါတယ်။ ဒါဆို initialize လုပ်ရအောင်။

Accessing the data members of a class
class တစ်ခုရဲ့  data members တွေကို access လုပ်ဖို့ အတွက် ဆိုရင် direct member selection operator(.) ကို အသုံးပြုပြီးတော့ access လုပ်နိုင်ပါပြီ။ ကဲ ကြည့်ရအောင်



class ရဲ့ အပြင်မှာဆိုရင် ကျနော်တို့ ဟာ အဲပုံစံအတိုင်းပဲ လုပ်ကြရပါမယ်။
form နဲ့ ဆိုရင် object_name.data_member_name = value; .......နောက်တစ်ခုရှိသေးတာက public နဲ့  control လုပ်ထားလို့ အဲလို ရတာပါ။ အကယ်၍ public နဲ့  define လုပ်မထားရင် ဒီ statement ကို compiler က run ပေးမှာ မဟုတ်ပါဘူး။

Use of class
ဒါဆို ကျနော်တို့ တစ်ပုဒ်လောက် စမ်းကြည့်ရအောင်..လေ့လာကြည့်ရအောင်




အဲဒီ့ program ကို run လိုက်ရင် ဒီလို ရလာပါလိမ့်မယ်..



NOTE
ဒီ program ဟာ class ကို သုံးတယ်ဆိုရုံပါပဲ။ class ကို ဘယ်လိုသုံးရတယ်၊ ဘယ်လိုဖွဲ့ စည်းထားတယ် ဆိုတာပါပဲ။ program ကတော့ ဘာမှ ထူးထူးခြားခြား မပါလို့  မရှင်းပြတော့ပါဘူး။ class ရဲ့  သွားပုံ၊လာပုံတွေကို သေချာ လေ့လာကြည့်လိုက်ပါ။ အဲထဲမှာ သုံးထားတဲ့ sizeof ဆိုတဲ့  keyword က object တစ်ခုချင်းစီ ရဲ့  size (class ရဲ့  size) ကို ရှာဖို့ သုံးတဲ့ keyword လေးပါ....

/* C++ programming ကို လေ့လာလိုက်စားမယ်ဆိုရင်တော့ class ဟာ C++ ရဲ့  fundamental ပါပဲ။ ဒါကြောင့် ဒါကို မကျွမ်းကျင်လို့  မရပါဘူး။ ဒါကြောင့် ကျနော်သိတာလေးတွေ ပြောကြည့်တာပါ။ မှားယွင်းတာတွေရှိရင် ပြန်လည်သွန်သင် ပေးဖို့  မေတ္တာရပ်ခံ ပါရစေ။ ဒါနဲ့  ကျနော်ရေးတဲ့ software က microsoft visual studio (2008) နှင့်ပါ။ ပျော်ရွှင်ပါစေ everybody !! */

Last edited by green leaf; 01-05-2009 at 09:58 PM..
green leaf is offline   Reply With Quote
အောက်ပါအသင်းဝင် 24 ဦးတို့မှ green leaf အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 04-04-2009, 06:55 PM
  post #2
မိုးလွင်
အထူးအသင်းဝင်
 
မိုးလွင်'s Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
ရေးသားချက်များ: 878
ကျေးဇူးတင်စကား: 836
ပို့စ် 754 ခုအတွက် 2,430 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
မိုးလွင် is on a distinguished road
ပြန်စာ - classes in C++

green leaf ဆက်ရေးပါ...ဘယ်အကြောင်းအရာနဲ့ ပတ်သက်ပြီးပဲ ရေးရေး ကျွန်တော်တို့ မိသားစု ဖိုရမ်လေးမှာ အကျိုးမရှိဘူးဆိုတာ မရှိပါဘူး...C++ ကို လေ့လာနေသူမှ မဟုတ်ပါဘူး...စိတ်ဝင်စားတဲ့ ညီအစ်ကိုမောင်နှမများ အတွက်လဲ အကျိုးရှိပါနိုင်ပါတယ်ဗျာ...အားပေးပါတယ်...
မိုးလွင် is offline   Reply With Quote
အောက်ပါအသင်းဝင် 7 ဦးတို့မှ မိုးလွင် အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 04-04-2009, 08:48 PM
  post #3
green leaf
ဆယ်ကျော်သက်
 
အသင်းဝင်နေ့စွဲ: Apr 2009
ရေးသားချက်များ: 70
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 197
ပို့စ် 63 ခုအတွက် 507 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
green leaf is on a distinguished road
ပြန်စာ - classes in C++

Member Functions

/* classes နဲ့ ပါတ်သတ်လို့  ဆက်ဆွေးနွေး သွားပါမယ်။ classes နဲ့  ပါတ်သတ်လို့  ဆွေးနွေးဖို့ က တော်တော်လေး များပြားပါတယ်။ တစ်ခုချင်းစီ သေချာလေးကြည့်နိုင်မှ မရှုပ်ထွေးမှာ ဖြစ်ပါတယ်။ ကျနော် တင်ပြချင်တဲ့ ပုံစံကတော့ တတ်ကျွမ်းပြီးသားသူတွေ ဖတ်ပြီးရင်တော့ အကျယ်ချဲ့ တယ်လို့  မြင်ကြပါလိမ့်မယ်။ ဒါပေမဲ့ ကျနော်က အသေးစိတ်ချင်တာပါ။ ဆိုလိုတာက ကျနော်သိသမျှ class နဲ့ ပတ်သတ်တဲ့ အကြောင်းအရာ အသစ် တစ်ခုပါလာတာနဲ့  program တစ်ပုဒ်နဲ့ သီးသန့် စီ ဖြည်းဖြည်းချင်း တင်ပြချင်ပါတယ်။ class နဲ့ ပတ်သတ်လို့  တစ်ချို့ နေရာတွေမှာ သေသေချာချာ မရှင်းလင်းတဲ့ သူတွေအတွက် တစ်ဆင့်ခြင်း ကြည့်ရတော့ သူတို့ အတွက် အကျိုးရှိမယ်လို့ ကျနော်ယုံကြည်တယ်။ အဲမှာ ကျနော်အမြင်လေးဖြည့်ပြောရရင် တစ်ချို့  statements တွေ၊ တစ်ချို့  keywords တွေ၊ တစ်ချို့ နေရာမှာ သုံးထားတဲ့၊ ယူဆထားတဲ့  logic လေးတွေက ချက်ချင်း သဘောမပေါက်ပါဘူး။ ကျနော်လဲ တစ်ချို့ ဟာလေးတွေက တစ်လကျော်မှ အဲဒီ့ program ရဲ့  အဲနေရာလေးမှာ ရေးထားတဲ့ သဘောတရားကို နားလည်သွားတာမျိုး ခဏခဏကြုံဖူးပါတယ်။ အဲဒါကြောင့် တစ်ချို့ ပုစ္ဆာတွေအတွက် ချက်ချင်း မရလို့ စိတ်မပျက်သွားပါနဲ့ ။ ကဲ စကားပြောတာတွေများနေပြီ။ လုပ်လိုက်ရအောင်။ကဲ class ရဲ့  အစကို နဲနဲပြန်သွားရအောင်။ */

class ဆိုတဲ့ keyword ကို အသုံးပြုတဲ့ classes တွေရဲ့  general format က အောက်ပါအတိုင်း ဖြစ်ပါလိမ့်မယ်...

  1. class === keyword
  2. class_name === ဘယ်လိုနာမည်ဖြစ်ဖြစ်ရပါတယ်..C++ မှာ variables ကိုပဲဖြစ်ဖြစ်၊ functions ကိုပဲဖြစ်ဖြစ်၊ classes တွေကိုပဲဖြစ် names ပေးရာမှာ ကန့် သတ်ချက်တွေ ရှိပါတယ်။ (နောက်မှအဲဒါကို သီးသန့်  ဆွေးနွေးပေးပါမယ်။)
  3. access_specifier_1 & 2 === အဲဒါကို public တို့ ၊ private တို့ ၊ protected တို့ ကို ပြောတာပါ။ သူ့ တို့ ရဲ့  scope အလိုက် access လုပ်နိုင်ကြပါတယ်။ သာမန်အားဖြင့်တော့ public နဲ့ ပဲ အရင်အသုံးပြုကြပါ။ အကယ်၍ ဘာမှပြောမထားခဲ့ဘူးဆိုရင် default access_specifier က private ပါ။ ဒါကြောင့် သတိထားပြီး သုံးပါ။ မမေ့ခဲ့ပါနှင့်။ (access control နဲ့ ပါတ်သတ်လို့ နောက်မှာ ဆွေးနွေးပေးပါမယ်..)
  4. members1 & 2 === အဲဒါတွေကို data members(is sometimes called 'fields') နဲ့  function members (is sometimes called 'methods') တို့ ကို ဆိုလိုတာပါ။ 1 နဲ့  2 ခွဲထားတာက data members တွေနဲ့  function members တွေ access_specifier တွေ မတူခဲ့ရင် ခွဲထားတဲ့ သဘောမျိုးပါ။ struct ကော၊ class မှာပါ data members, function members တွေနဲ့  ပါတ်သတ်လို့  limit မရှိပါဘူး။
  5. object_names === ဘာနာမည်ပဲဖြစ်ဖြစ် ပေးထားလို့ ရပါတယ်...

Member functions in class
member functions တွေမှာ အမျိုးအစားအနေနဲ့  ခွဲလို့ ရကောင်းမယ်ဆိုရင်တော့ static နဲ့  non-static ဆိုပြီး ရှိပါတယ်။ ဘာကွာလဲဆိုရင်တော့ static member functions တွေမှာ this pointer အသုံးပြုလို့ မရဘူး။ non-static မှာကျတော့ this pointer အသုံးပြုလို့ ရပါတယ်။ နောက်တစ်ခုက functions တွေကို class declaration ရဲ့  အတွင်းထဲမှာ ရေးသားရင် ဒါဟာ inline function ဖြစ်ပါတယ်။ class ရဲ့  အပြင်မှာ ထုတ်ရေးပြီးတော့ inline function ဖြစ်ချင်ရင် inline ဆိုတဲ့ keyword လေး ရှေ့ က ထည့်ပေးလိုက်တာပါပဲ။ this pointer နဲ့  inline function ကို နောက်မှ သီးသန့်  ပြောပေးပါမယ်။

ကဲဗျာ class ထဲမှာ member function တွေ စသုံးကြည့်ရအောင်။ ပထမဆုံးအပုဒ်က data members တွေနဲ့ ပဲ အသုံးပြုထားတာ ခင်ဗျားတို့ လဲ မြင်နိုင်ပါတယ်။ ဒီပုစ္ဆာကလဲ ရိုးရိုးရှင်းရှင်း လေးပါ။ ကဲ run ကြည့်ရအောင်။





How It Works

အဲဒီ့မှာဗျာ ဒါဟာ class ရဲ့  ဒုတိယ sample ပါ။ class ထဲမှာ function သုံးထားတာကို မြင်ကြပါလိမ့်မယ်။ class ထဲမှာ function သုံးတာက ရိုးရိုး function အသုံးပြုပုံနဲ့ အတူတူပါပဲ။ function ကို class ရဲ့  outside မှာ ရေးချင်ရင်တော့ function ရဲ့  ထုံးစံအတိုင်း function prototype ကို class ထဲမှာ declare လုပ်ခဲ့ပါ။ အဲဒီ့မှာ class ရဲ့  member function ကို outside မှာ ရေးတာတော့ ရေးပါ။ ဒါပေမဲ့ အဲဒီ့ function က class ရဲ့ ပိုင်ဆိုင်မှု ဖြစ်လို့  function name ရဲ့ ရှေ့မှာ class name ကို ထည့်ပေးရပါတယ်။ ဒါပါပဲ။ ဒီလိုလေးပေါ့
void CRectangle::set_values (int a, int b)
{
}
ဒီလို form လေးပါ။
function_return_type class_name: :function_name(_parameters)
်အဲဒီ့မှာ class name နဲ့  function name ကြားက ဒီ operator (: :) လေးကို scope resolution operator လို့ ခေါ်ပါတယ်။ ဒီ operator ကို member functions တွေကို class ရဲ့ အပြင်မှာ ထုတ်ရေးတဲ့အခါတိုင်းမှာ အသုံးပြုပါတယ်။

sample မှာ class ထဲမှာ ကျနော် member functions နှစ်ခု အသုံးပြုထားပါတယ်။ တစ်ခုက အပေါ်မှာ ပြောနေတဲ့ function ကို class ရဲ့ အပြင်မှာ ထုတ်သုံးထားပြီး ကျန်တဲ့ တစ်ခုက အတွင်းမှာပဲ ဒီအတိုင်း အသုံးပြုထားပါတယ်။ ဘယ်လိုသုံးသုံး အတူတူပါပဲ။ ဒါပေမဲ့ အပြင်မှာ ထုတ်သုံးထားတော့ class ကို ကြည့်ရတာ သက်သက်သာသာလဲ ရှိတယ်။ အဓိက ကောင်းတာကတော့ class က ရှင်းရှင်းလင်းလင်းဖြစ်နေပြီး တစ်ခြား တစ်ယောက်က ကြည့်လိုက်ရင် အဲဒါ ဘာကို ရေးထားတာလဲ ဆိုတာ အလွယ်တကူ မြင်နိုင်ပါတယ်။

နောက်ထပ် တစ်ပုဒ်လောက် ကြည့်လိုက်ပါဦး။ အဲဒါက ပထမပုစ္ဆာ ကိုမှ member function ထည့်သုံးလိုက်တော့ ကြည့်ရတာ ပိုပြီး မြင်လိမ့်မယ်လို့  ထင်လို့ ပါ။ ဒီပုစ္ဆာက ဘာမှမထူးခြားလို့ ဘာမှတော့ မပြောတော့ပါဘူး။ ဒါပေမဲ့  class တည်ဆောက်ပုံနဲ့  function members တွေ အသုံးပြုပုံကို သေချာကြည့်ကြည့်ပါဦး။




ွှTo Be Continued
-<>-<>-

Last edited by green leaf; 05-04-2009 at 07:20 AM..
green leaf is offline   Reply With Quote
အောက်ပါအသင်းဝင် 12 ဦးတို့မှ green leaf အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 04-04-2009, 09:28 PM
  post #4
ဗေဒါလေး
ကိုယ်ပိုင်အစွမ်းရှိပြီးသူ
 
အသင်းဝင်နေ့စွဲ: Mar 2008
ရေးသားချက်များ: 228
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 218
ပို့စ် 162 ခုအတွက် 774 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ဗေဒါလေး is on a distinguished road
ပြန်စာ - classes in C++

ကောင်းတယ်ဗျာ..ကို green leaf ။ ဆက်ရေးပါ။ မှန်တာပြောရရင် လက်ရှိကျနော်ကျောင်းမှာ class သင်နေရတာ ရွာပတ်နေတုန်း
ပါပဲ။ ခင်ဗျားရေးသားတင်ပြထားတာတွေက ကျနော့်အတွက်အပြင် တစ်ခြားလူတွေအတွက်ပါ အကျိုးတစ်စုံတစ်ရာ ရှိနိုင်မှာပါ။

[SIZE="3"][SIZE="4"][SIZE="5"][FONT="Arial Black"][COLOR="Blue"]"အလိုအပ်ဆုံးက ဘ၀မှာအရိုးသားဆုံးနေဖို့"[/COLOR][/FONT][/SIZE][/SIZE][/SIZE]
ဗေဒါလေး is offline   Reply With Quote
အောက်ပါအသင်းဝင် 3 ဦးတို့မှ ဗေဒါလေး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 05-04-2009, 02:28 AM
  post #5
green leaf
ဆယ်ကျော်သက်
 
အသင်းဝင်နေ့စွဲ: Apr 2009
ရေးသားချက်များ: 70
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 197
ပို့စ် 63 ခုအတွက် 507 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
green leaf is on a distinguished road
ပြန်စာ - classes in C++

စိတ်ဝင်စားတဲ့ သူရှိတယ်ဆိုလို့  ၀မ်းသာပါတယ်ဗျာ.. ကျနော်လဲ ရေးရတာ အားတက်တာပေါ့.... ဒါနဲ့  ကျနော့် အရေးအသားကော အဆင်ပြေရဲ့ လား... ဖတ်ရတာ ဘယ်လို အခြေအနေတွေ ရှိလဲ.. ဘာလို့ ဆိုတော့ ကျနော်လဲ တစ်ခါမှ စာမရေးဘူးတော့လေ(ဒိုင်ယာရီတော့ ရေးဘူးပါတယ်)... ဒါနဲ့  ကျနော် တစ်ခု ပြောချင်တာက post ကို သတိရတဲ့အချိန်တွေမှာ ပြန်လည် modify လုပ်ထားတာတွေ ရှိပါတယ်... စိတ်ကလဲ ရေးတဲ့အချိန်မှာ အကုန်လုံးကို တစ်ခါတည်း ချရေးပြလို့ အဆင်မပြေဘူးလေ .. သူ့ ဟာနဲ့ သူ တစ်ဆင့်ချင်းပဲ ရေးရတာ ဆိုတော့ ပြီးတော့ တစ်ချို့ နေရာလေးတွေမှာ ချက်ချင်း မစဉ်းစားမိတာတွေ ရှိတယ်.. ဒါကြောင့် နောက်မှ ကြည့်ပြီး modify လုပ်ထားတာတွေ ရှိပါတယ်.. ဒါကြောင့် တစ်ခေါက်လောက် ဖြစ်ဖြစ်၊ သတိရတဲ့အချိန်မှဖြစ်ဖြစ် ပြန်ဖတ်ကြည့် စေချင်ပါတယ်...


green leaf is offline   Reply With Quote
အောက်ပါအသင်းဝင် 6 ဦးတို့မှ green leaf အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 06-04-2009, 04:04 PM
  post #6
yemin
ဆယ်ကျော်သက်
 
အသင်းဝင်နေ့စွဲ: Jul 2008
တည်နေရာ: russia
ရေးသားချက်များ: 65
ကျေးဇူးတင်စကား: 0
ပို့စ် 22 ခုအတွက် 27 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
yemin is on a distinguished road
ပြန်စာ - classes in C++

ဟုတ် ပါတယ်အကို...ပြန်ပြီးပြုပြင်တာကောင်းပါတယ်..ဘာလို့လဲဆိုတော့ ပရိုဂရမ်ဆိုတာ တရက်ဖတ်ပြီး၇င် မှတ်မိတဲ့အ၇ာမှမဟုတ်ပဲ....ကျွန်တော်တိုလည်း ဒီအပိုင်းတွေသင်နေပါတယ်..ပြီးတော့ပြီးသွားပြီ ဒါပေမယ့် အကိုေ၇းထားတာကိုပြန်ဖတ်မှပဲ တော်တော် လေး နားလည်သွားတယ်..အ၇မ်းအကျိုးပြီး။ ကုသိုလ်လည်း၇ပါတယ်အကို...ကျေးဇူးလည်းတင်ပါတယ်..ပြန်ဝင်ကြည့်၇င်လည်း အစကမဟုတ်၇င်တောင်အနည်းဆုံးအကြမ်းလေးတော့ပြန်ဖတ်ပါတယ်..အကိုအနေနဲ့ပြုပြင်ပြီးေ၇းတယ်ဆိုတာ...လုပ်သင့်ပါတယ်...ထောက်ခံတယ်အကို..အမြဲအားပေးသွားမယ်...တခြား ကျောင်းတွေမှာ ဆို ဘားမှမသိတဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်...ညီတို့လည်းကူညီချင်ပါတယ်..ကောင်းကောင်းမ၇လို့ပါ...အခုလိုအကိုေ၇းထားလိုက်တော့ အကျိုးရှိပါတယ်..သူတို့ကိုလည်းလေ့လာလို့၇အောင်လင့်ပေးလို့၇တာပေါ့...

:6::28:
yemin is offline   Reply With Quote
အောက်ပါအသင်းဝင် 3 ဦးတို့မှ yemin အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 10-04-2009, 03:04 AM
  post #7
green leaf
ဆယ်ကျော်သက်
 
အသင်းဝင်နေ့စွဲ: Apr 2009
ရေးသားချက်များ: 70
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 197
ပို့စ် 63 ခုအတွက် 507 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
green leaf is on a distinguished road
ပြန်စာ - classes in C++

Class Constructors


အပေါ်က sample_02 မှာ ကြည့်လိုက်ပါ။ CBox class ရဲ့  objects များဖြစ်တဲ့  box1 နဲ့  box2 နဲ့ ပတ်သတ်တဲ့  data members သုံးခုကို initialize လုပ်ထားတာကို main() function ထဲမှာ တွေ့ နိုင်ပါတယ် ( ဥပမာ box1.m_Height = 18.0; ) စသည်ဖြင့် box1 အတွက် သုံးခု၊ box2 အတွက် သုံးခု initialize လုပ်ထားတာကို မြင်ကြပါလိမ့်မယ်။ ဒါပေမဲ့ အဲလို initialize လုပ်ထားတာဟာ ဘယ်နေရာကပဲ ကြည့်ကြည့် မပြည့်စုံပါဘူး။ မရဘူးလို့  ပြောတာ မဟုတ်ပါဘူး။ အဆင်မပြေဘူးပေါ့လေ။ ဘာလို့ ဆိုတော့ အခုက box1 နဲ့  box2 ဆိုတဲ့  object နှစ်ခုပဲ ရှိသေးတာကိုး ။ အကယ်၍ object တွေဟာ နှစ်ခုထက်မကတဲ့  (ဥပမာ ၁၀ ခုလောက်ဆို) ဘယ်နှယ့်နေမလဲ။ initialize လုပ်တဲ့  statements တွေ ဖောင်းပွနေမှာပေါ့။ ဟုတ်တယ်မို့ လား ။ ဒါက တစ်ကြောင်းပဲ ရှိသေးတယ်။ တစ်ခြား အကြောင်းအရာတွေ များစွာ ရှိသေးတယ်။ အဲဒီ့အတွက် constructor ဆိုတာ ရှိလာတာပါပဲ။

What is a Constructor?
class constructor ဆိုတာ special function တစ်ခုပါ။ သူက ဘာလုပ်ပေးသလဲ ဆိုတော့ objects တွေ create လုပ်ဖို့ အတွက် လိုအပ်တဲ့  data members တွေကို initialize လုပ်ပေးနိုင်တဲ့ function ပါ။ objects မျိုးစုံအတွက် မတူညီတဲ့  constructors မျိုးစုံ ပါဝင်လို့ ရပါတယ်။

constructors တွေအတွက် name ပေးမယ်ဆိုရင် class ရဲ့  name ပဲ ပေးလို့ ရပါတယ်။ တစ်ခြား name ပေးလို့ မရပါဘူး။ အထက်က ပုစ္ဆာ sample_02 မှာ ပါတဲ့  CBox class ရဲ့  constructor name က CBox() ဒီလိုဖြစ်ရပါမယ်။ အဲဒီ့ constructor function မှာ return type မလိုပါဘူး။ void လို့ တောင် ကြေငြာလို့  မရပါဘူး။ constructor ရဲ့  အဓိက လုပ်ငန်းက class အတွက် လိုအပ်တဲ့  data members တွေကို initialize လုပ်ပေးတာပါပဲ။ ကဲ အောက်က ပုစ္ဆာလေးကို ကြည့်ရအောင်။





How It Works
အဲမှာ အားလုံးတွေ့ ကြတဲ့အတိုင်း constructor function တစ်ခု ရေးထားရုံနဲ့  objects တွေ များစွာကို initialize လုပ်ပေးနိုင်တဲ့အတွက် main() function ထဲမှာ assignment(initialize) statements တွေကို ရှုပ်ယှက်ခတ်အောင် မရေးရတော့ဘူးပေါ့ ။ အဲဒီ့မှာ တစ်ခု သတိထားကြည့်ပါ။ Output (cmd) screen မှာ "Constructor called." ဆိုတဲ့ စာကြောင်း နှစ်ကြောင်းကို တွေ့ ကြပါလိမ့်မယ်။ အဲဒါက ဘာကို ဆိုလိုတာလဲဆိုတော့ constructor() function ကို နှစ်ခါခေါ်ထားကို ပြထားတာပါပဲ။ အဲဒီ့ output ကို ထုတ်စရာတော့ မလိုပါဘူး။ မြင်သာအောင်လို့ ကျနော် ရေးပြတာပါ။ ဆိုလိုတာက object နှစ်ခုအတွက် constructor() function ကို နှစ်ခါခေါ်သုံးမယ်ပေါ့လေ။ object အရေအတွက်အလိုက် constructor() function ကို ခေါ်သုံးထားမှာပါပဲ ။

The Default Constructor
အထက်က sample_03 မှာ ကျနော်တို့ နောက်ထပ် object တစ်ခု ထပ် ထည့်ကြည့်ရအောင်။ ဒီလိုလေးပေါ့။
CBox box2;
ဒီမှာ ကျနော်တို့ ဟာ box2 ကို initialize လုပ်မဲ့ values တွေ မပေးခဲ့ကြဘူး။ ဒါကို ကျနော်တို့  build(compile) လုပ်လိုက်ရင် ဒီ error တက်လာပါလိမ့်မယ် ။
error c2512: 'CBox' : no appropritate default constructor available
ဒီ error ရဲ့ ဆိုလိုချက်က compiler (စကားချပ်။ ။compiler အလုပ်လုပ်ပုံ အကြောင်းကို Terminology and Definition in C++ ဆိုတဲ့  topic အောက်မှာ ဖတ်ကြည့်ုနိုင်ပါတယ်။) ဟာ default constructor() function ကို box2 အတွက် ရှာဖွေပါတယ်။ အထက်က program ထဲမှာ default constructor အတွက် မရေးထားပါဘူး။ အဲဒါကြောင့် အဲဒီ့ error တက်ပါလိမ့်မယ်။ default constructor ဆိုတာကတော့ အခုလို ဘာမှ initialize values တွေ မထည့်ပေးလိုက်တဲ့ object အတွက် ရည်ရွယ်ပြီး ရေးရတာပါ။ အဲတော့ ရေးလိုက်ကြတာပေါ့ ။ အလွယ်ဆုံးပုံစံကတော့ ဒီလိုလေးပါပဲ။
CBox()
{ }
ဘာမှ မပါဘူး။ ဒါဆို ခုနက program မှာ ကျနော်တို့  default constructor ကို သုံးကြည့်ရအောင်။
ဒါက class ရဲ့  definition ပါ။



ဒါက main() body ရဲ့  definition ပါ။



ဒါက output ပါ။



အဲဒီမှာ တစ်ခု ရှိသေးတာက box2 အတွက် default constructor ရှိနေပေမဲ့လဲ initial values တွေကို ထပ်ကြေငြာ ပေးရသေးတယ်။ တကယ်လို့  ကျနော်တို့ ဟာ CBox objects တွေအတွက် default size တစ်ခုကို (အဓိက initial value မပေးထားတဲ့ object အတွက်ပေါ့လေ) ထားခဲ့မယ်ဆိုရင် default constructor ကို သီးသန့်  မရေးတော့ပဲ ရိုးရိုး constructor ထဲမှာပဲ ပေါင်းရေးလို့ ရပါတယ် ။ အောက်မှာ ထပ်ကြည့်ကြည့်ပါ။




ဒီ program မှာ default constructor ကို ကျနော် အဓိက ပြောချင်လို့  box1 နဲ့  cigarbox ကို ချန်ထားခဲ့ပါတယ်။ ပြီးတော့ CBox constructor ရဲ့  parameter သုံးခု (lv, bv, hv) တို့ ကို ကျနော့်အနေနဲ့  အကြမ်းဖျဉ်း default values တွေကို 2 နဲ့  သုံးပြထားပါတယ်။ ဒါကြောင့် output က 8 ပါ။ default values တွေကို ကြိုက်ရာ တန်ဖိုးအတိုင်း ပြောင်းလဲ အသုံးပြုကြပါ။

trace လိုက်ကြည့်ပါ။
ဒီလောက်ဆို Constructors တွေ အကြောင်း သဘောပေါက်လောက်ပြီ ထင်ပါတယ် ... constructor တွေကို အသုံးပြုဖို့ က လိုကို လိုအပ်ပါတယ်။ constructor နဲ့  ပါတ်သတ်လို့ ကျနော် ဒီလောက်ပဲ ပြောပါရစေ ...လိုအပ်တာကို ထပ်ပြီး မေးမြန်းပေးပါ ခင်ဗျာ ...


To Be Continued ♠♥♦♣

Last edited by green leaf; 01-05-2009 at 10:00 PM..
green leaf is offline   Reply With Quote
အောက်ပါအသင်းဝင် 8 ဦးတို့မှ green leaf အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 20-04-2009, 09:36 PM
  post #8
heainhtunoo
အရွယ်ရောက်သူ
 
heainhtunoo's Avatar
 
အသင်းဝင်နေ့စွဲ: Aug 2008
ရေးသားချက်များ: 144
ကျေးဇူးတင်စကား: 166
ပို့စ် 105 ခုအတွက် 420 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
heainhtunoo is on a distinguished road
ပြန်စာ - classes in C++

ကို green leaf အရမ်းကျေးဇူးတင်တယ်ဗျာ ..
တကယ်ပြောတာပါ ကျွန်တော်ဆရာ(အစ်ကို)သင်တာမရှင်းလို့ကျေးဇူးပါ..
ကျွန်တော်အကုန်ဖတ်လိုက်ရတယ်..
heainhtunoo is offline   Reply With Quote
Old 30-04-2009, 10:13 PM
  post #9
green leaf
ဆယ်ကျော်သက်
 
အသင်းဝင်နေ့စွဲ: Apr 2009
ရေးသားချက်များ: 70
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 197
ပို့စ် 63 ခုအတွက် 507 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
green leaf is on a distinguished road
ပြန်စာ - classes in C++

sorry ပဲဗျာ....ကျနော် ဆက်မရေးဖြစ်တာ တော်တော်ကြာသွားတယ်....ကြားထဲမှာ သင်္ကြန်ခံသွားတာရယ်..ဖျားနေတာရယ်ကြောင့်.. ဆက်မရေးဖြစ်ဘူး...ဒီ C++ programming နဲ့ ပတ်သတ်လို့  တစ်ယောက်ပဲဖြစ်ပါစေ.. အကျိုးရှိမယ်ဆို ကျနော် ရေးရကျိုးနပ်ပါတယ်....တစ်ခု ကျနော်ဆန္ဒရှိတာလေး ပြောပါရစေ...ကျနော် တွေ့ မိတဲ့ C++ forum တွေမှာ ဆွေးနွေးချက်တွေက အများကြီးပဲဗျ... တစ်ယောက်ယောက်က post တစ်ခုတင်လိုက်ရင် အဲဒါကိုပဲ နောက်ထပ် ၀င်ဆွေးနွေးပေးတဲ့ သူတွေ အများကြီးပဲ.. အင်း ကျနော်လဲ မြန်မာ မိသားစုထဲမှာ C++ programming ကျွမ်းကျင်မဲ့သူတွေ အများကြီး ရှိမယ်ဆိုတာ ကျနော် ယုံကြည်ပါတယ်...ဒါပေမဲ့  ဘယ်သူမှ ၀င်မဆွေးနွေးဘူးဖြစ်နေတယ်... အဲတော့ ကျနော်ဆန္ဒရှိတာလေးက မိမိသိတာလေးတွေ၊ program တစ်ပုဒ်မှာဖြစ်ဖြစ် စဉ်းစားပုံ စဉ်းစားနည်းတွေ ကျွမ်းကျင်တဲ့သူများ ၀င်ဆွေးနွေးပေးစေချင်တာပေါ့လေ.. ဒါဟာ နောင် တက်လာမဲ့ လူငယ်တွေအတွက် အဆင်သင့်ဖြစ်နေမယ်လေ...

ကျနော့် ကို ဆရာဝင်လုပ်တယ်လို့ လဲ မထင်စေချင်ပါဘူး.... မြန်မာ မိသားစုထဲ ၀င်လာတာ မကြာသေးဘူး.. ကြီးကြီးကျယ်ကျယ် လျှောက်ပြောနေတယ်လို့ တော့ မထင်စေချင်ပါဘူး...ကျနော် ရေးထားတာလဲ ၂ ပုဒ်လားပဲ ရှိပါသေးတယ်... ကျနော် သိသမျှ အားလုံး ချပြထားတာပါပဲ...ကျနော်ကတော့ beginner level ပဲ ရှိပါသေးတယ်.. ကျနော်သိသမျှ အဲတာ အကုန်ပါပဲ.. ကျနော် ခုရေးထားသမျှထက် ကျနော် ဘာမှ ပိုမတတ်ကျွမ်းသေးပါဘူး... အဲတော့ ကျနော့်ဆီမှာ မှားယွင်းတဲ့ ယူဆချက်တွေ ရှိရင်လဲ သွန်သင်ပေးစေချင်ပါတယ်...

နောက် ကျနော်စဉ်းစားမိတာက မြန်မာမိသားစုထဲက အစ်ကိုအစ်မ တွေ C++ programming ကို စိတ်မ၀င်စားလို့ လား ..ဒါမှမဟုတ် မိမိသိသမျှ C++ programming ကို share မပေးချင်လို့ လား .. ဒါမှမဟုတ်ရင်တော့ ကျနော်တင်တဲ့ ပို့ စ်တွေကပဲ အကျိုးမပြုလို့ ပဲ ဖြစ်ရမယ်.... ကျနော် စဉ်းစားမိတာပါ...စဉ်းစားမိတာပါ..

အဓိကကတော့ ကျနော်က မြန်မာမိသားစုထဲက အစ်ကိုအစ်မတွေဆီက C++ programming နဲ့  ပတ်သတ်လို့  ပညာယူချင်လို့  အခုလိုနှိုးဆော်ပေးတာပါ....၀င်ရောက် ဆွေးနွေး ပေးကြပါ... ဒီတစ်ရက် နှစ်ရက်အတွင်း ကျနော် နောက်ထပ် ပို့ စ် တွေ ဆက်တင်ပါမယ်... ခု ကျနော်ရေးထားတာတွေနဲ့  ပတ်သတ်လို့  တစ်စုံတစ်ယောက်အတွက် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရင် ဒီနေရာကပဲ ကျနော် တောင်းပန်လိုက်ပါတယ်... အားလုံးပဲ ပျော်ရွှင်ပါစေ....

Last edited by green leaf; 30-04-2009 at 10:23 PM..
green leaf is offline   Reply With Quote
အောက်ပါအသင်းဝင် 11 ဦးတို့မှ green leaf အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 01-05-2009, 09:23 PM
green leaf
ဆယ်ကျော်သက်
 
အသင်းဝင်နေ့စွဲ: Apr 2009
ရေးသားချက်များ: 70
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 197
ပို့စ် 63 ခုအတွက် 507 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
green leaf is on a distinguished road
ပြန်စာ - classes in C++

Destructor, this Pointer and Overloaded Operator Function


ဒီနေ့ တော့ destructors တွေအကြောင်းနဲ့  တစ်ခြား သိသင့်သိထိုက်တာလေးတွေ ပြောမလို့  ရည်ရွယ်ပါတယ်။ C++ programming ဟာ compiler နဲ့  အသုံးပြုရတဲ့ software တွေဖြစ်တယ်။ compiler မတူညီတဲ့အပေါ် မူတည်၍ program ရေးတဲ့ software တွေ ပြောင်းလဲမှု ရှိသလို program ရေးသားရာမှာ syntax (ရေးထုံးရေးနည်း) တွေ ပြောင်းလဲ မှု ရှိပါတယ်။

ကျနော် အသုံးပြုနေတဲ့ software က microsoft ကထုတ်တဲ့ Microsoft Visual Studio 2008 Team System ဖြစ်ပါတယ်။ ကျနော်ရေးထားတဲ့ program တွေကို Visual Studio 2005 မှာ သွား run ရင် မရပါဘူး။ syntax မတူလို့ ပဲ ဖြစ်ပါတယ်။ အဲဒီ့မှာ Visual C++ ဆိုတဲ့ စကားလုံးကို ခင်ဗျားတို့ လဲ တွေ့ ဖူးပြီးသား ဖြစ်ပါလိမ့်မယ်။ အဲဒါဟာလဲ microsoft က ထုတ်တဲ့ visual လို့ အမည်ရတဲ့ compiler ကြောင့်ဖြစ်ပါတယ်။ သူကတော့ ကြီးမားတဲ့ applications တွေ ရေးရာမှာ အဆင်ပြေစေဖို့  special tools တွေ အဆင်သင့် ထည့်ပေးထားတဲ့ compiler ပါပဲ။ compiler ဘယ်လိုအလုပ်လုပ်သလဲ ဆိုတာကို http://www.myanmarfamily.org/forum/s...ad.php?t=13568 မှာ ကျနော် အနဲငယ် ပြောပြထားပါတယ်။ ကိုမိုးလွင်လဲ ၀င် ဆွေးနွေးပေးထားပါတယ်။

ဘာ software ပဲ သုံးသုံး၊ ဘယ် compiler ကိုပဲ သုံးသုံးပါ။ syntax အနဲငယ် ကွဲသွားတာပဲ ရှိပါမယ်။ program တစ်ပုဒ်ကို စဉ်းစားပုံ စဉ်းစားနည်း၊ logic တွေကတော့ ဘာမှ မပြောင်းလဲပါဘူး။ (ဥပမာ http://www.myanmarfamily.org/forum/s...ad.php?t=10012 ထဲမှာ သူငယ်ချင်း မောင်ရိုး တင်ထားတဲ့ Dev-C++ software နဲ့ လဲ ရေးလဲ အတူတူပါပဲ )ကျနော့်အနေနဲ့  Microsoft Visual Studio 2008 Team System software ကို upload တင်ပေးချင်ပါတယ်။ 4 GB လောက် ရှိတယ်။ Copy Right တွေနဲ့  ညိနိုင်မလား မသိဘူး။ ဖိုရမ် အုပ်ချုပ်သူများအနေနဲ့  ဒီပို့ စ်လေးကို ၀င်ဖတ်မိရင် upload တင်လို့  ရ၊မရ၊ ရမယ်ဆိုရင်လဲ ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြပေးစေချင်ပါတယ်။ ဒီ visual studio 2008 နဲ့ ဆိုရင် VC++, VC#, VB, MFC, Windows Forms စသည်ဖြင့် စုံစုံလင်လင် အသုံးပြုနိုင်ပါတယ်။

Classes တွေကို အနဲငယ် ပြန်ကြည့်ရအောင်။ classes ဆိုတာ own data types တွေဆိုတာ သိပြီးသွားပြီနော်..
classes ရဲ့  data members တွေ function members တွေ၊ constructors အသုံးပြုပုံတွေ ကျနော်တို့  သိပြီးသွားပြီ။ အခု destructors တွေအကြောင်း အနည်းငယ် ကြည့်ရအောင်.....

Destructors
ိdestructor ဆိုတာ function တစ်ခုပါ။ ဒီတော့ ဘာလုပ်တဲ့ function လဲ ? သူက objects(instances) တွေကို အသုံးပြုဖို့ မလိုတဲ့အခါ ဒါမှမဟုတ် သူအသုံးပြုတဲ့ scope ကနေ ကျော်လွန်သွားတဲ့အခါ အဲဒီ့ objects တွေကို destroy လုပ်ပေးတဲ့ function ပါ။ ဒီအခြေအနေမှာ objects တွေရဲ့  data members တွေ နေရာယူထားတဲ့ memory တွေကို free လုပ်ခြင်းတို့ ပါ ပါဝင်ပါတယ်။ (မှတ်ချက်။ ။static members တွေ မပါ). သူလဲ constructors တွေလိုပဲ return type မလိုဘူး၊ parameter lists တွေမလိုဘူး၊ constructors တွေလိုပဲ class ရဲ့  name ကို function name အဖြစ် ထားရတာပါပဲ.. တစ်ခုပါပဲ constructor နဲ့ ကွာခြားတာက destructor name မတိုင်ခင် ရှေ့မှာ ဒီ သင်္ကေတ (~) လေး ထည့်ပေးရတာပါပဲ.. အောက်မှာ ကြည့်ကြည့်ပါ....

~CBox()
{ }

ဒါပါပဲ destructor ဆိုတာ... ကဲ ကျနော်တို့  ဥပမာ တစ်ပုဒ်လောက် ကြည့်ရအောင်....




output ကတော့ ဒီအတိုင်းလေးပါ...



How It Works
အခြေအနေကို လိုက်ပြီးတော့ destructor နဲ့  destroy လုပ်လို့ မရတဲ့  object တွေလဲ ရှိတာပေါ့လေ.. ဒါကိုတော့ နောက် ပြောစရာ ကြုံကြိုက်မှ ပြောလို့ ကောင်းမယ်ထင်တယ်... ခုကတည်းကပြောလိုက်ရင် မှတ်ထားရတာ ရှုပ်နေမယ်...

ဒီ program ရဲ့  output မှာ Destructor called. ဆိုတဲ့ စာကြောင်းဟာ မြင်သာအောင်လို့ ရေးပြပေးထားတာပါ... destructor function ကို ၇ ကြိမ် call ခေါ်ထားတဲ့အကြောင်း သိသာအောင်လို့ ပါ.. ကဲ ကျနော်တို့  အပေါ်ကနေစပြီး ဒီ program ကို analysis လုပ်ကြည့်ရအောင်...

class ထဲမှာ ပထမ function က destructor function ..ဒုတိယ function က constructor function .. အဲဒါတွေက ဘာမှ ထပ်ပြောစရာ မရှိတော့ဘူး.. အားလုံး နားလည်ပြီလို့ ပဲ ကျနော် ယူဆလိုက်တယ်..

တတိယ function က Volume() function ...အဲမှာ ကြည့်ရအောင်.. function declaration ရဲ့  နောက်ဆုံးမှာ const ဆိုတဲ့  keyword ကို တစ်ချက်ကြည့်ရအောင်... constant ဖြစ်ပါတယ်.. const ကို သုံးထားတဲ့ အတွက် အဲဒီ့ function ကို ထပ်မံ modify လုပ်လို့ မရတော့ပါဘူး.. လိုအပ်တဲ့ နေရာမှာ အသုံးပြုကြပါ...

နော်က်ဆုံး function က compare() function ... အဲဒါက နဲနဲ ပြောစရာလေးတွေ ရှိပါတယ်... ဒီ function ရဲ့  ရည်ရွယ်ချက်က objects(instances) တွေကို compare နှိုင်းယှဉ် ချင်တာပေါ့လေ...ဘယ်သူကြီးတယ်..ဘယ်သူငယ်တယ် ပေါ့... ဥပမာဗျာ။ ။ 3 > 2 ဆိုရင် ကျနော်တို့ ဟာ 3 ဟာ ကြီးပြီး 2 ဟာ ငယ်တယ်ဆိုတာ အလွယ်တကူ သိနိုင်တယ်လေ.. ဒါပေမဲ့ objects တွေကျတော့ ဘယ်သူကြီးတယ် ဘယ်သူငယ်တယ်ဆိုတာ အလွယ်တကူ မသိနိုင်ဘူးလေ.. ဒါကြောင့် ဒီလို function တစ်ခု ရေးပေးရပါတယ်... ဒီလို function မျိုးကို operator overloaded function လို့  ခေါ်ပါတယ်။ ဒီလို overload function တွေကို အသုံးပြုပြီးတော့ objects တွေကို ပေါင်းနိုင်တယ်၊ နုတ်နိုင်တယ်၊ စားနိုင်တယ်၊ မြှောက်နိုင်တယ်၊ အခုလို compare လုပ်နိုင်တယ်.. နောက်ထပ် များစွာ လုပ်နိုင်ပါသေးတယ်

အဲဒီ့မှာ this ဆိုတဲ့ keyword ကို ကြည့်လိုက်ပါ... အဲဒီ့ this ဟာ pointer ပါ.. this pointer လို့ ခေါ်တာပေါ့လေ.. this pointer က main() function ကနေ ကျနော်တို့  နှိုင်းယှဉ်ချင်တဲ့ object နှစ်ခုကို passed ပေးလိုက်တဲ့ အခါ သူက ပထမ object ကို ယူလိုက်ပါတယ်.. အင်း ရှုပ်သွားမလား မသိဘူး .. ဥပမာ ဗျာ.. ဒီလိုပေါ့...

match.compare(pB1)

အဲဒီ့မှာ ရှင်းအောင် ဒီလို ကြည့်လိုက်ပါ...

{ return match.Volume() > pB1.Volume(); }

ဒါဆို ရှင်းသွားမယ်ထင်တယ်..(အဲလို ရေးထားတာ မမှန်ဘူးနော်...သဘောကို ရှင်းအောင် ရေးထားတာ) အဲဒီ့တော့ this pointer က match object ကို ရည်ညွှန်းလိုက်တာပါ.. cigar object ကိုလဲ pointer name pB1 နဲ့  assign လုပ်ထားပါတယ်... this နဲ့  pB1 နဲ့  Volume() function အကြား ဆက်သွယ်ချက်ကို ဒီသင်္ကေတ -> နဲ့  ပြထားပါတယ်... သာမန်အားဖြင့် ကျနော်တို့ ဟာ ဒီသင်္ကေတ direct access operator(direct selection operator) . ကို အသုံးပြုပါတယ်.. ခုက object နှစ်ခုလုံးဟာ pointers များနဲ့  ရည်ညွှန်းထားတဲ့အတွက် direct access operator နဲ့  အသုံးပြုလို့ မရပါဘူး... Indirect access operator(Indirect selection operator) -> နဲ့ အသုံးပြုရပါတယ်... ပြီးတော့ function declaration မှာ အသုံးပြုထားတဲ့ const ဟာ ဒီ this pointer ကို ရည်ရွယ်ပြီး ရေးထားတာပါ...

ဒါနဲ့  အပေါ်က program မှာ overloaded operator function ကို ရေးပဲ ရေးထားတာပါ...အသုံးမပြုထားပါဘူး.. ခု ဒီအောက်က code နဲ့  main() function ထဲမှာ ထည့်ပြီး run ကြည့်လိုက်ပါ.. နားလည်သွားပါလိမ့်မယ်....



ဒါဆိုရင် output က ဒီအတိုင်း ဖြစ်သွားပါလိမ့်မယ်...



နိဂုံး
destructor အကြောင်းကတော့ ဒီလောက်ပါပဲ ခင်ဗျာ.. နားမလည်တာ ရှိရင် ပြန်မေးပေးပါ.. overloaded operator function နဲ့ ပတ်သတ်ရင် စာမြည်းသဘောလောက်ပဲ ပါပါတယ်...နောက် အချိန်ရရင် သက်သက် ခေါင်းစဉ်ခွဲပြီး ဆွေးနွေးပေးသွားပါမယ်.... နောက်ထပ် classes တွေနဲ့  ပါတ်သတ်လို့  copy constructor, static member function, union, inline function, friend function, class templates နဲ့  အဓိကကတော့ Class Inheritance ပါပဲ... Inheritance ဆိုတာက မျိုးရိုးဆင်းသက်မယ်ပေါ့ဗျာ... အဲလိုပဲ classes တွေကိုလဲ parent classes တွေနဲ့  child classes တွေ လုပ်ကြမယ်ပေါ့ဗျာ... ကျန်တဲ့ဟာတွေကိုတော့ ကျနော်အဲလောက် စိတ်မ၀င်စားပါဘူး.. ဒါပေမဲ့ Class Inheritance နဲ့  ပတ်သတ်လို့ တော့ ကျနော် သေသေချာချာလေး ဆွေးနွေး ပေးပါမယ်... သူက အလွန်ပဲ စိတ်ဝင်စားဖို့ ကောင်းပါတယ်...



To Be Continued ♥♦

Last edited by green leaf; 14-05-2009 at 04:29 AM..
green leaf is offline   Reply With Quote
အောက်ပါအသင်းဝင် 7 ဦးတို့မှ green leaf အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 10-05-2009, 05:41 AM
green leaf
ဆယ်ကျော်သက်
 
အသင်းဝင်နေ့စွဲ: Apr 2009
ရေးသားချက်များ: 70
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 197
ပို့စ် 63 ခုအတွက် 507 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
green leaf is on a distinguished road
ပြန်စာ - classes in C++

ကျနော့်အနေနဲ့  classes နဲ့ ပါတ်သတ်ပြီး ရှေ့ဆက်မသွားခင် sample ပုစ္ဆာလေးတွေ(examples) ပေါ့လေ... ခုထိ ဖတ်ပြီးသားတွေသူတွေထဲမှာလဲ ဒီ C++ programming ကို အနဲငယ်လောက်ပဲ သိသေးတဲ့သူတွေလဲ ပါကောင်းပါနိုင်တယ်လေ...ဒီတော့ class အကြောင်းဆိုတော့ တစ်ချို့ အနေနဲ့ အလွယ်တကူ နားလည်ချင်မှ နားလည်နိုင်မယ်... ဒီတော့ ကျနော့်အနေနဲ့  samples ပုစ္ဆာလေးတွေ (ကျနော်ရေးထားတာလေးတွေပါ) ၄၊ ၅ ပုဒ်လောက် တင်ပေးရမလားလို့ စဉ်းစားမိလို့ ပါ...အမှန်က ကျနော် တင်မယ်ဆိုပြီး တစ်ပုဒ်နှစ်ပုဒ်လောက် ရေးပြီးနေပြီ... ပြီးတော့မှ စဉ်းစားမိလို့  အကယ်၍ မလိုအပ်ဘူးဆိုရင် အလကားနေရင်းနဲ့  post တွေဖောင်းပွမှာရယ်၊ တင်ရမယ်ဆိုရင် စာမျက်နှာကလဲ တော်တော် ရှည်သွားနိုင်မှာရယ်.. တွေးမိလို့  အခုလို ကြိုတင်မေးကြည့်တာ..... အဲဒီ့တော့ လိုချင်တဲ့သူများ ဘယ်နှယောက်လောက် ရှိမလဲ... ကျနော်တင်ပေးမယ်ဆိုတာက သချာင်္ဆိုင်ရာ ပုစ္ဆာလေး တွေပါပဲ...လိုချင်တဲ့သူများ ရှိရင် ကျနော့်ကို တစ်ချက်လောက် ပြောပေးပါ...အများကြီးလဲ reply မလုပ်ကြပါနဲ့ ..တစ်ယောက်လောက်ဆို လုံလောက်ပါပြီ...တော်ကြာ အထက်က ပို့ စ်တွေနဲ့  အဆက်ပြတ်သွားမှာစိုးလို့ ...

Be Regard..

Last edited by green leaf; 13-05-2009 at 06:05 PM..
green leaf is offline   Reply With Quote
အောက်ပါအသင်းဝင် 3 ဦးတို့မှ green leaf အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 10-05-2009, 09:36 PM
heainhtunoo
အရွယ်ရောက်သူ
 
heainhtunoo's Avatar
 
အသင်းဝင်နေ့စွဲ: Aug 2008
ရေးသားချက်များ: 144
ကျေးဇူးတင်စကား: 166
ပို့စ် 105 ခုအတွက် 420 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
heainhtunoo is on a distinguished road
ပြန်စာ - classes in C++

ကို green leaf classes နဲ့ပတ်သက်တဲ့အကြောင်းကို လွယ်ကူနားလည်နိုင်တဲ့ သချာင်္ပုစ္ဆာလေးတင်ပေးစေလိုပါတယ်
တစ်ပုဒ် ၊နှစ်ပုဒ် လောက်ပါပဲ
ကျွန်တော်လည်းတင်ချင်ပါတယ် ...ဒါပေမဲ့ အမှားပါရင်အားနာစရာကောင်းမှာဆိုးလို့ပါ
ကျေးဇူးပါ.........
heainhtunoo is offline   Reply With Quote
အောက်ပါအသင်းဝင် 4 ဦးတို့မှ heainhtunoo အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 14-05-2009, 03:52 AM
green leaf
ဆယ်ကျော်သက်
 
အသင်းဝင်နေ့စွဲ: Apr 2009
ရေးသားချက်များ: 70
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 197
ပို့စ် 63 ခုအတွက် 507 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
green leaf is on a distinguished road
ပြန်စာ - classes in C++

Class Samples

/*sorry ဗျာ... နဲနဲကြာသွားတယ်...အလုပ်လေး နဲနဲ ရှုပ်နေလို့ ပါ...စိတ်ကတော့ ရောက်ပါတယ်...ကဲဗျာ စကားတွေ ရှည်နေမယ်... ကျနော်ဆန္ဒရှိသလို samples လေးတွေပေါ့လေ... တစ်ချက်လောက် ကြည့်ကြည့်ရအောင်... ကျနော် ရည်ရွယ်တာကတော့ beginner level တွေ နားလည်အောင်ရယ်၊ စဉ်းစားပုံ စဉ်းစားနည်းတွေ သိစေချင်တာပါ... ရိုးရိုးရှင်းရှင်း ပုစ္ဆာလေးတွေပါပဲ... */

sample_001
ဂဏန်းသုံးလုံးကို maximum, minimum ရှာတာ ကြည့်ကြည့်ရအောင်....ပထမဆုံး variables သုံးလုံးကို declare လုပ်မယ်.. ပြီးရင် အဲဒီ့ဂဏန်းသုံးလုံးအတွက် input ကို user ဆီကနေ တောင်းမယ်... ပြီးတော့ ပထမဂဏန်း တစ်လုံးကို တစ်ခြား နောက်ထပ် variable(max) တစ်ခုထဲကို assign လုပ်လိုက်တယ်... ဒါဆို အဲဒီ့ max ဆိုတဲ့ variable ထဲမှာ ဂဏန်းတစ်လုံး ရှိနေပြီ.. ပြီးတော့မှ သူနဲ့  နောက်ထပ် ဂဏန်းတစ်လုံးနဲ့  နှိုင်းယှဉ်တယ်... ဒုတိယဂဏန်းက ကြီးမယ်ဆိုရင် max ထဲကို ၀င်သွားပြီး ပထမရှိနေတဲ့ ဂဏန်းကို ဖယ်ပြီးတော့ သူက အစားဝင်လိမ့်မယ်... မဟုတ်ခဲ့ရင်တော့ ပထမဂဏန်းက max ထဲမှာ ဆက်လက်တည်ရှိနေဦးမယ်... အဲဒီ့အဆင့် ပြီးသွားရင် max က တတိယဂဏန်းနဲ့  ဆက်လက်နှိုင်းယှဉ်တယ်... တတိယဂဏန်းက max ထဲမှာ ရှိနေတဲ့ ဂဏန်းထက်ကြီးမယ်ဆိုရင် max ထဲကို ၀င်သွားမယ်... မဟုတ်ခဲ့ရင်တော့ max ထဲမှာ ရှိနေတဲ့ ဂဏန်းကပဲ ဆက်လက်တည်ရှိနေမှာ ဖြစ်ပါတယ်.... ဒါဆို အောက်က code လေးကို ကြည့်လိုက်ပါ...



output ကတော့ အောက်က အတိုင်းပါပဲ



How It Works

အထက်မှာ ရှင်းပြီးပြီ ဆိုတော့ ဘာမှ ထပ်ပြောစရာ မရှိပါဘူး... ဒါပေမဲ့  ကျနော်တို့  တစ်ခု သတိထားရမှာက programmer က ကိုယ့်အတွက် တွေးပြီး ရေးလို့ မရဘူး... အမြဲတမ်း သူများအတွက် ကြည့်ပြီး ရေးပေးရမယ်.. ခု program မှာလဲ ကျနော်တို့ maximum ရေးထားတာ မှန်ပါတယ်... ဒါပေမဲ့ user က ဂဏန်းသုံးလုံးကို အတူတူ ပေးလိုက်ရင် ဘယ်နှယ့်လုပ်မလဲ...(ဥပမာ.. 2,2,2 ) ပဲ ဆိုပါတော့... ဒါဆို maximum ဂဏန်းမရှိဘူးလေ... ဟုတ်တယ်မို့ လား.. အဲဒီ့အတွက် ကျနော်တို့ ထပ်ဖြည့်ပေးရမယ်လေ.. ဂဏန်းတွေ ညီခဲ့ရင် ဘာဖြစ်မလဲ ပေါ့... ကဲ ဒါဆို ဒီလို ထပ်ဖြည့်ကြည့်ရအောင်...






ကဲ အဲဒါဆို အဆင်ပြေသွားပြီ... ဒါဆို ကျနော်တို့  ရည်မှန်းချက်ဖြစ်တဲ့ class ကို ရွေ့ ရအောင်... ဒီပုစ္ဆာကိုပဲ class နဲ့  ရေးကြတာပေါ့.. code ကတော့ အောက်မှာ ကြည့်ကြည့်ပါ...






How It Works
output ကတော့ မြင်တဲ့အတိုင်းပဲ နှစ်ခု ထုတ်ပြထားပါတယ်... တစ်ခုက maximum အတွက်၊ တစ်ခုက equal အတွက် .... ဒါဆို အရိုးရှင်းဆုံး math ပုစ္ဆာတစ်ပုဒ်ကို class နဲ့  ရေးလို့ ပြီးပါပြီ... ဒီပုစ္ဆာမှာ ရေးထားတဲ့  class နဲ့  ပါတ်သတ်ပြီး ထပ်ပြောဖို့ မလိုဘူး ထင်ပါတယ်.. ဘာမှ အထူးအခြား မပါပါဘူး... အပေါ်မှာ ပြောပြထားခဲ့တဲ့ အကြောင်းအရာတွေပါပဲ....constructor() function ရယ်၊ maximum ရှာမဲ့ function ရယ်၊ ဂဏန်းတွေ ညီခဲ့ရင် ဆိုတဲ့ IsEqual() function ရယ်ပါပဲ... ကျနော်မြင်တာတော့ ဘာမှ ထပ်ရှင်းပြစရာ မလိုဘူး ထင်တာပဲ... လိုအပ်ရင်တော့ ပြောပါ... IsEqual() function ကိုတော့ သေချာလေး ကြည့်ကြည့်ပေါ့ဗျာ ... bool type ကို အသုံးပြုထားတာလေးကို ပြောတာပါ....

ဒါပေမဲ့ ဒါဟာ ရိုးရိုးပုစ္ဆာပါ... နောက်လာမဲ့ ပုစ ၦာကေတာ့ ဒီပုစ ၦာကိုပဲ array နဲ ့ ရေးပြမှာပါ... ခဏနေ ဆက်ရေးပါမယ်... ခုလောလောဆယ် ဗိုက်ဆာလို့ စားလိုက်ဦးမယ်ဗျာ ... တစ်စုံတစ်ယောက်အတွက် အသုံးဝင်မယ်ဆိုရင် ကျနော် ကျေနပ်ပါတယ်... အင်း တစ်ခုပြောဖို့  ကျန်သေးတယ်.... class တွေ အသုံးပြုတော့မယ်ဆိုရင် function ကို မသိလို့ မဖြစ်ပါဘူး။ function နဲ့ ပတ်သတ်လို့ ကျနော် သပ်သပ် ရေးဖို့  စဉ်းစားထားပါတယ်...


ကဲ ဗိုက်ပြည့်သွားတော့လဲ အလုပ်လေး ဆက်လုပ်တာပေါ့ဗျာ... အပေါ်က program ကိုပဲ array နဲ့  ရေးမယ်ဆိုရင် နဲနဲတော့ ခေါင်းစားရတာပေါ့ဗျာ... ခင်ဗျားတို့ လဲ လွယ်တာလေးတွေ မလုပ်ချင်ဘူးမို့ လား.. ကျနော်သိပါတယ်... ဘာမှတော့လဲ မဟုတ်ပါဘူး... ကဲ အောက်က codes လေးတွေကို ကြည့်ကြည့်ပါ...






How It Works
သူ ဘယ်လို အလုပ်လုပ်သလဲ ??? ပထမဦးဆုံး class name ကိုတော့ maximum, minimum ရှာဖို့ အတွက်ဆိုပြီးတော့ ကျနော်ကတော့ CMax ဆိုပြီး နာမည်ပေးလိုက်တယ်... ခင်ဗျားလဲ ကြိုက်တဲ့နာမည် ပေးပါ... ခင်ဗျား ရည်းစားနာမည်ပေးလဲ ဘာပြသနာမှ မရှိပါဘူး members အားလုံးကို public နဲ့  access ပေးထားတဲ့ အတွက် ဘာပြသနာမှ မရှိပါဘူး... တစ်ဆင့်ချင်းစီ ကြည့်သွားရအောင်.. ဒါကြောင့် ကျနော် line နံပါတ်တွေ ထိုးထားပါတယ်..

ပထမဦးဆုံး သိထားရမှာက class ရဲ့  member function တွေ အားလုံးကို class definition ထဲမှာ declare ပဲ လုပ်ပြီး class ရဲ့  ပြင်ပမှာ အကုန်ထုတ်ရေးထားပါတယ်... ဒါက class ကိုကြည့်လိုက်တာနဲ့  ဘာကိုရေးထားတယ် ဆိုတာ သိသာစေဖို့ ဖြစ်ပါတယ်... ဒါကြောင့် class အပြင်မှာ ဖြစ်တဲ့အတွက် ဒါတွေဟာ class ရဲ့  ပိုင်ဆိုင်မှု၊ ဆက်နွယ်မှုလို့ သိသာစေဖို့ ၊ common functions တွေနဲ့  ကွဲပြားစေဖို့ အတွက် အဲဒီ့ function name တွေရဲ့  ရှေ့ကနေ class name ကိုရေးပြီး ကြားထဲက ဆက်သွယ်မှုကိုတော့ : : (scope resolution operator) ထည့်ပေးထားရပါတယ်...
  • line 11 မှာ array name ကို yy လို့ ပေးပြီး size ကိုတော့ 10 ပေးထားပါတယ်.. array size ကို ခင်ဗျား သဘောကျသလောက် ပြန်ပြင်ပါ.. အဆင်ပြေပါတယ်..
  • line 12 မှာ default constructor() function ပါ.. default constructor ကို line 71 မှာ ရှိတဲ့ object ( object name: obj_2 ) အတွက် ရည်ရွယ်ပြီး ရေးပေးရတာပါ... အကယ်၍ default constructor() function() မရေးခဲ့ရင် compiler ကနေ ဒီ error ပြပါလိမ့်မယ်...
    error C2512: 'CMax' : no appropriate default constructor available
  • line 13 မှာလဲ constructor() function ပါပဲ... သူကတော့ line 70 မှာ ရေးထားတဲ့ object (object name: obj_1) အတွက် ရည်ရွယ်ပါတယ်...
  • line 14 မှာက destructor function() ပါ... ဒီအပေါ်က ပို့ စ်မှာပဲ ရှင်းထားလို့  ထပ်မပြောတော့ပါဘူး... objects တွေကို destroy လုပ်ပေးတာပါ....
  • line 15 ကနေ line 19 ကတော့ အသုံးပြုမဲ့  function() လေးတွေကို declaration( function prototype) လုပ်ထားတာပါ..
  • ကျန်တာတွေတော့ အသေးစိတ် မရှင်းတော့ပါဘူး.. ခင်ဗျားလဲ နားလည်ပြီးတာတွေပါ.. အဲဒီမှာ array ကို တွက်နေတယ်ဆိုတာ ကျနော်တို့  မေ့လျော့ လို့ မရပါဘူး... array ဖြစ်တဲ့ အတွက် ဘယ်နေရာမှာပဲ ဖြစ်ဖြစ် for loop ကိုအသုံးပြုရမယ်ဆိုတာ မမေ့သင့်ပါဘူး... ပြီးတော့ array တွေကို passed ကျတဲ့အခါ pointer (*) ကို အသုံးပြုရမယ်ဆိုတာကိုလဲ မမေ့သင့်ပါဘူး.. ဘာလို့ ဆိုတော့ array ဟာ data အစုအဝေးတစ်ခု ဖြစ်တဲ့အတွက် သူ့ ကို pointer လို address ကို ညွှန်ပြတဲ့ ဟာနဲ့ မှပဲ အသုံးပြုလို့ ရပါမယ်... ကျန်တာလေးတွေကိုတော့ မပြောတော့ပါဘူး... ကိုယ့်ဘာသာ trace လိုက်ကြည့်ပါ... programming က ကိုယ့်ဘာသာလေး ခေါင်းလေး နဲနဲပူသွားမှ လုပ်ရတာ အရသာ ရှိတာ... အဲတော့ ကျနော်လဲ ခင်ဗျားတို့ လဲ အရသာလေးကို မဖျက်ဆီးချင်ပါဘူး....
sample_001 အနေနဲ့ တော့ ဒီလောက်ပါပဲ ခင်ဗျာ... အားလုံးပဲ ပျော်ရွှင်ပါစေ....




To Be Continued ♥♦

Last edited by green leaf; 14-05-2009 at 06:19 PM..
green leaf is offline   Reply With Quote
အောက်ပါအသင်းဝင် 7 ဦးတို့မှ green leaf အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 14-05-2009, 11:01 PM
heainhtunoo
အရွယ်ရောက်သူ
 
heainhtunoo's Avatar
 
အသင်းဝင်နေ့စွဲ: Aug 2008
ရေးသားချက်များ: 144
ကျေးဇူးတင်စကား: 166
ပို့စ် 105 ခုအတွက် 420 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
heainhtunoo is on a distinguished road
ပြန်စာ - classes in C++

ကျေးဇူးအထူးတင်ပါတယ် ကို green leaf ... ကျွန်တော်မျှော်နေတာကြာပီ ..
အမြဲဖတ်တယ်နော်..ကျွန်တော်လို စလေ့လာနေသူကတော့တော်တော်အဆင်ပြေတယ်..
heainhtunoo is offline   Reply With Quote
အောက်ပါအသင်းဝင် 6 ဦးတို့မှ heainhtunoo အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 11-05-2011, 04:25 AM
အောင်လံလေး
လမ်းလျှောက်တတ်စ
 
အသင်းဝင်နေ့စွဲ: Dec 2010
ရေးသားချက်များ: 13
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 311
ပို့စ် 11 ခုအတွက် 26 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
အောင်လံလေး is on a distinguished road
ပြန်စာ - classes in C++

green leaf အကိုရေ စာနဲ့ဘာမှတော့်မဆိုင်ဘူးဗျ အကိုမေးလ်လိပ်စာလေးများရနိုင်မလား တစ်ချို့အခက်အခဲလေးတွေတိုက်ရိုက်မေးချင်လို့ပါ .. အကိုစာရေးတာ တော်တော်လေးစိတ်ရှည်ပါတယ် .. ကျေးဇူးလည်းတင်ပါတယ်..။ထာဝရ ထပ်တူအကျိုးပေးနိုင်ပါစေဗျာ...။
အောင်လံလေး is offline   Reply With Quote
Old 04-08-2011, 12:11 PM
khine
မွေးကင်းစကလေး
 
အသင်းဝင်နေ့စွဲ: Feb 2008
ရေးသားချက်များ: 3
ကျေးဇူးတင်စကား: 4
ပို့စ် 2 ခုအတွက် 3 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
khine is on a distinguished road
ပြန်စာ - classes in C++

grean leaf ရေ ကျေးဇူးအများကြီးတင်ပါတယ်........
အခုမှ စလေ့လာတာဆိုတော့ ဘာလုပ်ရမှန်းမသိဖြစ်နေတာ .....
သူငယ်ချင်းရေးထားတာလေးကို ဆက်ပြီးလေ့လာပါ့မယ်......
များများတင်ပေးနော်........ မသိတာရှိရင်လည်းမေးပါရစေ
khine is offline   Reply With Quote
Old 07-06-2013, 11:39 AM
လှိုင်ဝင်းဦး
မွေးကင်းစကလေး
 
အသင်းဝင်နေ့စွဲ: Jun 2013
ရေးသားချက်များ: 2
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 0
ပို့စ် 1 ခုအတွက် 1 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
လှိုင်ဝင်းဦး is on a distinguished road
ပြန်စာ - classes in C++

ကျေးဇူးတင်ပါတယ် ကိုသစ်ရွက်စိမ်းရေ.....ကျွန်တော်လို စလေ့လာနေသူကတော့တော်တော်အဆင်ပြေတယ်..စီ++ပြီးရင်စီရှပ်ဘက်လိုက်သင့်လားဂျာဗားဘက်လိုက်သင့်လားဆိုတာပြောပြပေးပါ
လှိုင်ဝင်းဦး is offline   Reply With Quote
Reply

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !

အခြားဆင်တူဆွေးနွေးချက်များ
ဆွေးနွေးချက် စတင်ရေးသားသူ ကွပ်ပျစ်ဝိုင်း ပြန်စာများ နောက်ဆုံးပို့စ်
phython မောင်ဧက ဆွေးနွေးချက်များ 7 31-12-2010 05:12 PM
Iterating Infusion: Clearer Views of Objects, Classes, and Systems Zeiya E-Books & Tutorials 0 25-03-2007 11:37 PM


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 03:38 PM
Inactive Reminders By Icora Web Design