Old 20-01-2008, 01:56 AM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

Step 7) Encapsulation
Router မှ ethernet 1(192.168.20.1) သည် တဖက် Ethernet 0(192.168.1.1)မှ လွှဲပေးလိုက်တဲ့ packet ကိုရတဲ့အခါ ၎င်း packet ထဲမှာပါလာတဲ့ destination IP address ကိုကြည့်ပါတယ် ၎င်း IP address (192.168.20.55) နှင့်ဆိုင်သော MAC သည် မိမိရဲ ARP cache ထဲရှိမရှိဆိုတာကို ပထမဦးစွာ စစ်ဆေးပါတယ် မရှိဘူးဆိုရင် ထုံးစံအတိုင်း ARP broadcast လုပ်ပြီး 192.168.20.55 ရဲ့ MAC ကိုရှာဖွေပါလိမ့်မယ်။ MAC ကိုရပြီဆိုရင် packet ကို frame အတွင်းသွတ်သွင်း ပြီး ကွန်ပျူတာ B ထံသို့ပို့ပေးပါလိမ့်မယ် router တွေသည် ၀င်လာတဲ့ frame တွေထဲက packet တွေကိုသာ ထုတ်ယူပြီး အခြားတစ်နေရာသို့ လွှဲပေးတဲ့အခါမိမိဖာသာ frame တစ်ခုအဖြစ်ပြန်တည်ဆောက်တယ်ဆိုတာကိုသတိချပ်စေလိုပါတယ်။


ကွန်ပျူတာ B မှ လည်းရောက်လာတဲ့ frame ကိုပထမဦးစွာ bit error ပါမပါစစ်ဆေးပါတယ်။ error ကင်းတယ်ဆိုရင် destination နေရာမှာရှိတဲ့ MAC သည်မိမိရဲ့ MAC ဟုတ်မဟုတ် ဆိုတာဆက်လက်စစ်ဆေးပါတယ်။ မိမိရဲ့ MAC နှင့်ကို့တယ်ဆိုရင် ၎င်း frame ကိုလက်ခံရယူခြင်းဖြင့် ကွန်ပျူတာ A မှပို့လိုက်တဲ့ data တွေသည် ကွန်ပျူတာ B သို့ ရောက်ရှိသွားပြီးလို့ဆိုနိုင်ပါတယ်။




Last edited by Ye Aung; 20-01-2008 at 01:57 AM..
Ye Aung is offline   Reply With Quote
Old 20-01-2008, 05:40 AM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

Network Interface Card

အခြေခံ့ကျကျပြောရရင်တော့ ကွန်ပျူတာမှာ ဒီ Network Interface Card (အတိုကောက် NIC network card) ဆိုတာကြီးရှိမှ Network Medium (ကြားခံပစ္စည်းတွေဖြစ်ကြတဲ့ cable ကြိုး) တွေကလာတပ်လို့ရမှာဖြစ်ပါတယ်။အဲ့ဒီတော့အခုလေ့လာကြမဲ့ network card အခန်းကလည်းအတော်လေးကိုအရေးပါလာတဲ့ သင်ခန်းစာတစ်ခုဖြစ်ပါတယ်။ ဒီ Network Card ဒါမှမဟုတ် Network adapter လို့လည်းခေါ်လို့ရတယ်ဆိုတာကြီးက Branded server ကြီးတွေမှာ onboard (build-in တစ်ခါတည်းတွဲလျက်ပါလာပြီးသား) ပါလာတတ်တာများပါတယ်။ ဒါမှမဟုတ် Network Card ကို ကွန်ပျူတာထဲက motherboard slot တွေမှာစိုက်လဲရပါတယ်။ခုနောက်ပိုင်းတော်တော်များများ motherboard တွေမှာ Network Adapter ဟာ onboard ဖြစ်လာကြပါပြီ Laptops ကွန်ပျူတာတွေမှလည်း ဒီ Network adapter ဟာ onboard တွေများပါတယ်။ အဲ့ဒီလိုမှမဟုတ်ရင်လည်း အခြား interface တွေဖြစ်ကြတဲ့ PC card စတာတွေနဲ့ network ကိုတပ်ဆင်လို့ရပါတယ်။ ကဲဗျာဘယ်လိုဘဲဖြစ်ဖြစ်ကွန်ပျူတာတစ်လုံးမှာ Network Medium လာတပ်ဖို့ Network Card ကတော့ ရှိနေရမှာ အသေအချာပါဘဲ ။ ကျွန်တော်တို့ဟာ ဆွေးနွေးမှုမှာ Network Card တွေဘယ်လိုအလုပ်လုပ်တယ်ဆိုတဲ့အကြောင်းကိုဆွေးနွေးကြမှာဖြစ်ပါတယ်။နောက်ပြီးတော့ Network Card ကိုကွန်ပျူတာမှာဘယ်လိုတပ်ဆင်မလဲ။ ဘယ်လို Configuration လုပ်မလဲဆိုတာကိုပါလေ့လာကြမှာဖြစ်ပါတယ်။


Network Card အကြောင်း

Network Card တစ်ခုဟာဘယ်ကွန်ပျူတာမှာဘဲတပ်ထားတပ်ထား သူလုပ်ဆောင်တဲ့လုပ်ဆောင်ချက် အဓိကအားဖြင့် (၂) ချက်ရှိပါတယ်။ အဲ့ဒါတွေကတော့
၁) Network Connection များပြုလုပ်ခြင်းနှင့် ၎င်း connection များကို manage လုပ်ခြင်း
၂) ကွန်ပျူတာထဲက data တွေကိုအသုံးပြုထားတဲ့ သက်ဆိုင်ရာ medium ပေါ်လိုက်ပြီး ဘာသာပြန်ပေးရတယ်။
ဒါမှ data တွေဟာ signal တွေဖြစ်သွားပြီး ကွန်ပျူတာရဲ့ပြင်ပကို Message တွေအဖြစ်ထွက်သွားနိုင်မယ်၊အဲ့ဒီလိုဘဲ
တစ်ခါအပြင်က၀င်လာတဲ့ signals တွေကိုလည်းကွန်ပျူတာထဲမှာ data တွေပြန်ဖြစ်သွားအောင်လို့ဘာသာပြန်ပေး
ရပါတယ်။

အတိုချုပ်ပြောရရင်တော့ Network Card တွေဟာ ကွန်ပျူတာနှင့် Network ကို ဆက်သွယ်ပေးတယ် ထိန်းချုပ်ပေးပါတယ်။


Network Card များအလုပ်လုပ်ပုံ

ကျွန်တော်တို့ကွန်ပျုတာမှာ Network Card တပ်ဆင်ထားခြင်းရဲ့သဘောသဘာဝ အရကိုက Network Adapter တွေဟာ Network ကရရှိလာတဲ့ data တွေကိုပုံစံပြောင်းခြင်းအလုပ်ကိုလည်းလုပ်ဆောင်ပေးရပါတယ်။ ဘယ်လိုပုံစံပြောင်းပေးရလဲဆိုတော့ ကျွန်တော်တို့သိကြတဲ့အတိုင်းပေါ့ဗျာ --ကွန်ပျူတာတွေမှာက BUS ရဲ့ data လိုင်းတွေက parallel မဟုတ်လား။ CPU နှင့် ဒီ BUS မှာ တပ်ထားတဲ့ Adapter card တွေအကြား data တွေကို send လုပ်တာက parallel အပြိုင် data linesကိုအသုံးပြုတာပါ။ ဒီ Network Adapter လည်းဒီအတိုင်းဘာဘဲ ။Network နှင့် CPU အကြား data တွေကို send လုပ်ရာမှာ parallel data lines ကိုအသုံးပြုပါတယ်။ဒါကို parallel transmission လို့ခေါ်ပါတယ်။



Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 20-01-2008, 05:51 AM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့


ကွန်ပျူတာထဲမှာ CPU နှင့် Network adapter အကြားဆက်သွယ်မှုဟာ parallel transmission ဖြစ်ပါတယ်။ parallel transmission ဟာ data တွေကိုပို့လွှတ်ရာမှာ စီတန်းပြီးသွားတာမဟုတ်ဘဲ အပြိုင်သွားတဲ့ transmission ဖြစ်ပါတယ်။ ဥပမာ- ကားတွေအပြိုင်ယှဉ်ပြီးမောင်းသလိုမျိုးပေါ့ ။
ဒါပေမယ့်  ကွန်ပျုတာအတွင်းမှာ Network Adapter နှင့်ဆက်သွယ်မှုဟာ parallel transmission ဖြစ်ပေမယ့် networking media ( ဥပမာ- cable ကြိုး) ပေါ်မှာ data တွေ signals တွေဟာ အပြိုင်သွားကြတဲ့ parallel transmission ပုံစံမဟုတ်တော့ဘူးဗျ။ ဥပမာ ပြောရရင် ပုရွက်ဆိတ်တွေတန်းစီပြီးသွားသလိုမျိုး။ဒီလို transmission မျိုးကိုကျတော့ အပြိုင်သွားတာမဟုတ်ဘဲ တန်းစီပြီးသွားတာဖြစ်သောကြောင့် serial transmission ဖြစ်ပါတယ်။ network medium မှာ signals တွေဟာ serial transmission နှင့် flow ဖြစ်ကြတယ်။ခုနက network card နှင့် CPU အကြားကျတော့ parallel transmission ဖြစ်တယ်။
ဒီတော့ပြင်ပကလာတဲ့ တနည်းအားဖြင့် network medium ကလာတဲ့ serial data တွေကို ရယူပြီး Network adapter ဟာ CPU ဆီ signal တွေကို အပြိုင်စနစ်အဖြစ်ပြောင်းလဲပြီးမှပို့ရပါတယ်။ CPU ဆီက ပြိုင်လာတဲ့ data တွေကို Network Adapter က ရယူပြီး serial အဖြစ်ပြောင်းပြီးမှ Network Mediumမှာ signal အဖြစ် flow ဖြစ်ပေါ်စေပါတယ်။ Network medium တွေကနေတန်းစီပြီးဝင်လာတဲ့ signals တွေကို network adapter ဟာ bits တွေကို ဖြန့်ချလိုက်ပါတယ်။ ပြီးမှ parallel transmission အဖြစ် CPU ကို data တွေပို့တာဖြစ်ပါတယ်။ CPU ဆီကနေ Network Adapters ဆီပြန်လာမယ်ဆိုရင်လည်း ဒီအတိုင်းပြောင်းပြန် ပြန်လုပ်ပြီးပို့တာဖြစ်ပါတယ်။
Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင်မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 20-01-2008, 05:57 AM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

ဒီနေရာမှာ လူကြီးမင်းတို့အနေနှင့် parallel နှင့် serial အကြောင်းကို သိထားပြီးသိထားကောင်းဖြစ်နေပါလိမ့်မယ်။
ဒါပေမယ့် ဒီအကြောင်းအနည်းငယ်လောက်ပြောရအောင်။ parallel transmission ဟာ ယှဉ်လျက်အပြိုင်သွာတာဖြစ်တာကြောင့် ပုရွက်ဆိတ်တွေလိုတန်းစီပြီးသွားတဲ့ serial transmission ထက်တော့ပိုမြန်ပါတယ်။ CPU ကပြိုင်လာတဲက data တွေကို serial အဖြစ် Network medium ပေါ်မပိုခင်အပြင်ကတန်းစီပြီး
ဝင်လာတဲ့ signal တွေ data bits အဖြစ် CPU အပြိုင်မပို့ခင် Network Adapter အပေါ်မှာ hold လုပ်ထားရသေးပါတယ်။မျက်စိထဲမြင်ကြသလားမသိဘူး။ပြောရရင် Network Adapter ပေါ်က memory မှာ hold လုပ်သေးတယ်လို့ပြောတယ်။ဒါကို buffer လို့ခေါ်တယ်။သေချာရှင်းအောင်ပြောရမယ်ဆိုရင်။ CPU ကနေ အပြင်ကိုထွက်ဘို့လာတဲ့ data တွေက parallel လာတာမဟုတ်လား။ ဒါတွေကို serial အဖြစ်စီတန်းဘို့လိုတယ်လေ။နောက်တစ်ခုက ၀င်လာတဲ့ data တွေကလည်းစီတန်းပြီးဝင်လာတာမဟုတ်လား အဲ့ဒါတွေကို
CPU ဆီမပို့ခင် parallel အဖြစ်ပြန်လည်စီတန်းရသေးတယ်။ ဒီအတွက်ကျွန်တော်တို့ဟာ စီတန်းဘို့စုရပ်တစ်ခုတော့ရှိရမယ်။
ဒါဟာ buffer လို့ခေါ်တယ်။

ကွန်ပျုတာစကား အရပြောရမယ်ဆိုရင်တော့ အဲ့ဒီလို data တွေအပြိုင်စုစည်းပြီး ပေးပို့တဲ့အခါမှာ အသုံးပြုတဲ့လမ်းကြောင်းကို BUS လို့ခေါ်ပါတယ်။ကွန်ပျူတာထဲမှာ data တွေဟာ တစ်နေရာမှ တစ်နေရာကိုသွားတဲ့အခါကျ
ဒီ BUS တွေကနေသွားတာဖြစ်ပါတယ်။ PC တွေရဲ့စစ ခြင်း ကနေဦး BUS တွေကတော့ 8 bits ဖြစ်ပါတယ်။ ဆိုလိုတာ အပြိုင် 8 လိုင်းသွားတယ်ပေါ့ဗျာ။ တခါသွားရင် တလိုင်းမှာ တစ်ခုနှင့်ဆိုတော့ ပေါင်း 8 ခု ပို့နိုင်တာပေါ့။ဒါကို BUS width လို့ခေါ်ပါတယ် BUS width ဆိုတာက BUS မှာ အပြိုင်ဘယ်နှစ်လိုင်းရှိတယ်ဆိုတာကိုပြောတာပါး။BUS မှာအပြိုင် 8 လိုင်းသွားနိုင်ရင် ဒီ BUS ရဲ့ BUS width က 8 bits အကျယ်ရှိတယ်လို့ဆိုလိုချင်တာဖြစ်ပါတယ်။ ISA BUS မှာဆိုရင်တော့ (၂) မျိုးရှိပါတယ်။ ISA 8 bits နှင့် ISA 16 bits တို့ဖြစ်ကြပါတယ်။ EISA နှင့် MCA တို့မှာလည်း 16 bits နှင့် 32 bits ဆိုပြီးရှိပါတယ်။ထို့အတူ PCI BUS မှာဆိုရင်လည်း 32 bits နှင့် 64 bits ဆိုပြီးရှိပါတယ်။
Network Adapter တစ်ခုဟာ data တွေကို network medium တွေမှ တဆင့် transmit လုပ်ဖို့ရာ ၎င်း network adapter မှာ transceiver ဆိုတာ ပါကိုပါရှိရမှာဖြစ်ပါတယ်။ ၎င်း ပါရှိတဲ့ transceiver ဟာလည်း network ကအသုံးပြုထားတဲ့ network medium (cable) လာတပ်မယ့်ခေါင်းနဲ့အတူ အလုပ်လုပ်နိုင်အောင်လည်းကိုက်ညီနေရပါမယ်။
ဥပမာ- network card က Ethernet တော့ Ethernet ပဲ ဒါပေမယ့် ဒီ Network card က 10 BaseT RJ-45 သုံးထားသလား။Thinnet ဖြစ်တဲ့ BNC ကိုသုံးထားသလား။ စသည့်အသုံးပြုထားတဲ့တစ်ခုနှင့်ကိုက်ညီတဲ့ အတွဲ အလုပ်လုပ်မယ့် transceiver မျိုးလည်းဖြစ်ရမယ်လို့ပြောတာပါ။
ဒီနေရာမှာ အကြောင်းစပ်လို့ Network Card ရဲ့ Connector တွေအကြောင်းပြောပြပါဦးမယ်။ ပုံမှာလည်ုးမင်တွေ့ရမှာပါ။Female BNC Connector ကတော့ Thinnet အတွက်ပဲဖြစ်ပါတယ်။ AUI Connector ကတော့ Thicknet အတွက်ပဲဖြစ်ပါတယ်။RJ-45 Connector ကတော့10 BaseT အတွက်ပဲဖြစ်ပါတယ်။ဒီနေရာမှာnetwork card ဟာ ဒါမျိုး Connector(၃)ခုစလုံးတစ်ခါတည်းပါချင်လည်းပါမယ်။နှစ်ခုပါချင်လည်းပါမယ်။တစ်ခုတည်းလည်းဖြစ်ချင်ဖြစ်မယ်။ဒီ Card ကအသုံးပြုထားတဲ့connector ပေါ်မူတည်ပြီးတော့ Card အလုပ်လုပ်ဆောင်မှု လျှပ်စစ်ပတ်လမ်းလည်းပြောင်းလဲတာပေါ့။ပြောရမယ်ဆိုရင်Thinnet နှင့်10BaseT ကိုသာသုံးထားတဲ့ Network Card ဟာ၎င်းConnectorအတွက်လိုအပ်တဲ့ Transceiver ဟာဒီNetwork Card ပေါ်မှာတင် ပါပါတယ်။ သီးခြားထပ်မလိုဘူး။ဆိုလိုတာက Thinnet နှင့်10BaseT အတွက်လိုအပ်တဲ့ Transceiver ကအဲ့ဒီ Network Card ပေါ်တွင်ပါပြီးသားဖြစ်ပြီး Thicknet အတွက် ကတော့ External Transceiver လိုအပ်ပါတယ်။ပြောရမယ်ဆိုရင်Thicknet အတွက် Transceiver ကOn Board (Built-in ပါပြီးသား)မဟုတ်ဘဲ အဲဒီ Network Card ရဲ့AUI Connector မှာ External Transceiver ကိုလာတပ်ပေးရမှာဖြစ်ပါတယ်။အဲ့သလိုမှမဟုတ်ဘဲ Network Card ဟာအခြားသောMediaတွေ ကိုပါသုံးထားဦးမယဆိုရင်ပေါ့ဗျာ။ဥပမာ-fiber Optic Cable အတွက် ဒါမှမဟုတ် အချို့သောWireless နည်းပညာများကိုပေါ့နော် စသဖြင့်တစ်ခုခု ကိုသုံးထားမယ်ဆိုရင်တော့ဒါအခြားသောသက်ဆိုင်ရာ နည်းပညာများအလိုက် သီးခြားသင်ခန်းစာများနှင့်ရှင်းမှဖြစ်ပါတော့မယ်။



Network Card အလုပ်လုပ်ပုံအကြောင်းကို ကျွန်တော် အခုရှင်းပြနေစဉ်မှာ CPU ကနေ parallel လာတဲ့ data တွေကို အပြင်သို့ပို့ရန် serial ပြောင်းချင်း ၊အပြင်လာတဲ့ Incoming Serial Signal များကိုCPU ဆီသို့မပို့မီ parallel ပြောင်းခြင်းစတဲ့ အလုပ်တွေကိုသိသွားပြီးနောက်မှာ အဲ့ဒီလိုဖြစ်စဉ်တွေကို serial ကနေ parallel ပြောင်း ၊parallelကနေ serial ပြောင်း ဒီကြားမှာ network Card ဟာ data များကိုထုတ်ပိုးခြင်းဆိုတဲ့ Data packaging အလုပ်ကိုပါလုပ်နေရတယ်ဆိုတာကိုပါ သိထားရမှာဖြစ်ပါတယ်။ဟုတ်ပါတယ်။ Network Card ဟာ data bits တွေကို packets အဖြစ်ဖြစ်လာအောင်အစီအစဉ်တကျပြုလုပ်ပေးရပါတယ်။ပြီးတာနဲ့ထုပ်ပိုးပြီးတဲ့ packets လေးတွေကို တစ်ခုပြီးတစ်ခုတန်းစီပြီး serial အဖြစ် network medium အပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်။အ၀င်message တွေအတွက်ကတော့ (Network medium ) ကလာတဲ့ data တွေ network card က ၀င်လာတဲ့ signal တွေကို ဦးဆုံး data packets အဖြစ် ပြန်ပြုလုပ်ရပါသေးတယ်။ ဒီတော့မှ Signals ကနေ data packets လေးတွေဖြစ်သွာြး့ပီး၎င်းတို့ကို တစ်ခါ data pacts အတွင်းပါရှိတာတွေကို ( Extracts) ဆွဲထုတ်ပြီးသကာလ parallel ဖြစ်အောင်ပြုလုပ်ပြီး CPU ဆီကိုပေးပို့ပါတယ်။ဒီနေရာမှာ ရင်းနှီးနေရမဲက အခေါ်အဝေါ်တစ်ခုကတော့ packets ဆိုတာပါဘဲ။ Network transmission မှာ ကdata တွေကိုပေးပို့ခြင်းလက်ခံခြင်းဆို့တဲအခါတွေမှာ data တွေကို ခုလိုpackets လေးတွေထုတ်ပြီးပေးပို့တာဖြစ်ပါတယ်။

နောက်တစ်ခုအရေးကြီးတာပြောရအုံးမယ် Network card ကလည်းအရေးကြီးလုပ်ဆောင်နေတဲ့ အချက်တွေဟာ packets တွေကိုပြုလုပ်ခြင်းပေးပို့ခြင်းနဲ့လက်ခံခြင်းမဟုတ်ဘူးဆိုတာပါဘဲ။ Network card ကဘာတွေထပ်လုပ်ရသေးလဲဆိုတော့ ဒီ packet တွေကိုပေးပို့တဲ့အခါမှာ ဖြစ်ပေါ်နိုင်မဲ့ packet level error တွေ ရောက်လာတဲ့ packet တွေပြည့်စုံမှုရှိမရှိဆိုတာတွေနောက်ပြီး ဖတ်လို့မရတဲ့ packet တွေ ဒါတွေနဲ့ပတ်သက်ပြီးလုပ်ဆောင်ပေးရသေးတယ်ဗျ။ Network card ၇ဲ့နောက်ထပ် အရေးကြီးလုပ်ဆောင်ရတဲ့ ကိစ္စ တစ်ခုကတော့ အသုံးပြုတဲ့medium မှာ data transmission ပြုလုပ်နိုင်ရန်အတွက် data တွေကို package လုပ်ပေးရခြင်းနှင့် transmission ပြုလုပ်ရန်ပြင်ဆင်ပေးရခြင်း နောက်ပြီးdata တွေကို ဘယ်အချိန်မှာပို့လွှတ်ရမလဲဆိုတာသိဘို့ medium ကို access လုပ်ရခြင်း ၎င်းဖြစ်စဉ်ကို manage လုပ်ရခြင်းဖြစ်ပါတယ်။

နောက်ပြီးNetwork adapter ဟာ သူ့ဆီကိုရောက်ရှိလာတဲ့ network packet လေးတွေမှာ အခြားသော ကွန်ပျူတာတစ်လုံးရဲ့ network card address ပါရှိလာမှုကိုရှာဖွေခြင်းများပြုလုပ်ရပါတယ်။ network card ဟာ တံခါးမှူးလို့ပေါ့ဗျာ ။ ၀င်လာတဲ့ Data တွေ ထွက်သွားမဲ့ data စတာတွေအတွက် တံခါးမှူးလုပ်ပေးနေရပြီး communication ဖြစ်အောင်လည်းလုပ်ပေးနေရတာပေါ့ ။
တချို့ network card တွေကျတော့ ထူးခြားတာက သူကဗျာ- network card က သူဆီကိုဝင်လာမဲ့ data packet လေးတွေကိုကြိုတင်ပြီးမြင်နေရတယ်။ ဒါတွေကဘယ်မှာသုံးသလဲဆိုတော့ network ကိုစောင့်ကြည့်တဲ့ scanning software တွေပေါ့။ အဲ့ဒီမှာ ၎င်း software က network မှာ သွားလာလှုပ်ရှားနေကြတဲ့ traffic ကိုခြုံပြီးကြည့်နေကြတယ်ပြီးတော့ ဒါမှမဟုတ်လည်း packet တစ်ခုချင်းဆီကိုအသေးစိတ်စစ်ဆေးပါတယ်။ ဒီတော့ network card ဟာ သူ့ဆီကိုလာမယ့် packets တွေကိုကြိုသိနေတယ်လို့အကျဉ်းချုပ်ပြောချင်တာပေါ့ဗျာ ။ဒီလိုနဲ့ မရွေးချယ်ချင်တဲ့ packets တွေရှိရင် network card ဟာ တံခါးမှူးတွေလိုဘဲ ဂိတ်ကိုပိတ်လိုက်ပါတယ်။ ဒီလိုအလုပ်လုပ်တဲ့ function ကို promiscuous လို့ခေါ်ပါတယ်။ အဓိပ္ပါယ်ကတော့ အလွယ်ပြောရရင် မရွေးချယ်ဘူးလို့ဆိုလိုချင်တာဖြစ်ပါတယ်။ ဒါဟာ တကယ်တော့ ပုံမှန် network အသုံးပြုသူတွေအတွက်မလိုအပ်လှပါဘူး။
Network card နှင့် ဂိတ်တံခါးမှူးတာဝန်ဟာ ဒီမှာတင်မပြီးဆုံးသေးပါဘူး။ အရေးကြီးတဲ့နောက်တခုရှိပါသေးတယ်။ ၀ိုင်ယာကြိုးကိုဖြတ်သန်းပြီးပေးပို့လိုက်တဲ့ data တွေဟာ ဘယ်ကိုသွားမှာလဲဆို့တဲ့ သက်ဆိုင်ရာ လက်ခံမည်သူကိုလည်း Network card က ဆုံးဖြတ်ရပါသေးတယ်။အိုး--ဖိုရမ်ဖတ်သူလူကြီးမင်း Network card တစ်ခုချင်းဆီမှာ မတူညီတဲ့သတ်မှတ်ချက်တွေရှိပါတယ်။ဒါကို network addressလို့ ခေါ်ပါတယ်။ဒီ address ကဘယ်ကလာသလဲဆိုတော့ ၎င်း network card ပေါ်က read only memory (ROM) ထဲ program လုပ်ထားတဲ့ data ဆီက ရတာဖြစ်ပါတယ်။ဒီအကြောင်းအရာက အတိုချုပ်ပြောရမယ်ဆိုရင် IEEE (Institute of Electrical & Electronics Engineer) က network card ထုတ်လုပ်ရာမှာ Network card wတစ်ခုချင်းဆီမတူညီတဲ့ network address ကို ဘယ်လိုပေးရမလဲဆိုတဲ့ addressing scheme ကို ဒီဇိုင်းသတ်မှတ်ပေးပြီးသားဖြစ်ပါတယ်။ဒီတော့ပြောရမယ်ဆိုရင် network card အသစ်တစ်ခုတည်ဆောက်ပြုလုပ်တိုင်းမှာမတူညီတဲ့ address တစ်ခုခြင်းစီပါပြီးသားဖြစ်တာကြောင့် network card တပ်ထားတဲ့ကွန်ပျူတာတိုင်းမှာ မတူညီတဲ့ network address တွေပိုင်ဆိုင်ထားကြပါတယ်။ ဒီတော့ network card ရဲ့ ဂိတ်တံခါးမှူးတာဝန်အကြောင်းကို ပြန်ဆက်ပြောရမယ်ဆိုရင်ဖြင့် decode လုပ်ထားတဲ့ packet ထဲက address bits ကိုကြည့်လိုက်ပြီးကိုယ့်ဆီက နေရင် ကိုယ့်ရဲ့ address နှင့်တိုက်ယူလိုက်တာဘဲဖြစ်ပါတယ်။ဒီလိုမှမဟုတ်လဲ။ သက်ဆိုင်ရာ address ဆီကို deliver ဖြစ်သွားမှာဖြစ်ပါတယ်။
Network card ရဲ့ address ပိုင်းဆိုင်ရာကိုဆက်ပြောရအုံးမယ်ဆိုရင်ဘယ်network card ပေါ်က address ပဲဖြစ်ဖြစ်
၎င်း address ကို MAC address လို့ ခေါ်ပါတယ် ။MAC ဆိုတာ (Media Access Control) ဖြစ်ပါတယ်။၎င်းဟာ network card ရဲ့ Media address Control function ကိုလုပ်ဆောင်ပေးတာဖြစ်ပါတယ်။ဒီ MAC အကြောင်းကို နောက်မှအသေးစိတ်ရှင်းပြပေးမှာဖြစ်တယ်။ ဒီ address ဟာ Hexadecimal format ဖြင့် 2 လုံးတွဲဆီကို colon ခြားကာအားလုံးခြောက်တွဲရှိတာဖြစ်ပါတယ်။ဥပမာ- ၎င်း ခြောက်တွဲထဲက ပထမသုံးတွဲကတော့ ထုတ်လုပ်သူကိုရည်ညွှန်းတာဖြစ်ပြီး နောက်သုံးတွဲကတော့ မတူညီတဲ့ Network Address ပဲဖြစ်ပါတယ်။ ကဲဒီလောက်ဆိုရင် network card ရဲ့လုပ်ဆောင်ချက်တွေကိုသိလောက်ပါပြီ Network card ဟာ data တွေကို network မှ CPU ၊ CPU မှ Network အပြန်ပြန်အလှန်လှန်ပေးပို့ခြင်းကို transfers လုပ်ရတဲ့အပြင် parallel နှင့် serial ပြောင်းခြင်းစတာတွေကိုလုပ်ရတယ်။နောက်ပြီးအသုံးပြုထားတဲ့ network medium ကိုလိုက်ပြီးဘယ်လို data transmit လုပ်ရမယ်ဆိုတာကိုလဲဆုံးဖြတ်ရပါတယ်။ network card ရဲ့လုပ်ဆောင်ချက်တွေကိုစာဖွဲ့ပြီးမပြောဘဲ အချက်နဲ့ပြောရမယ်ဆိုရင်--

၁) Network card ဟာ ကွန်ပျူတာမှ data များကို network medium မှာ flow ဖြစ်သွားစေရန်အတွက်ပြင်ဆင်ပေးရမယ်ပြုလုပ်ပေးရမယ်။
၂) ပြီးရင်ကွန်ပျူတာတွေဆီကိုအချက်အလက်များပေးပို့ခြင်းကိုတာဝန်ယူရမယ်။
၃) အဲ့ဒီလိုအချက်အလက်တွေပေးပို့တဲ့အခါမှာလည်း network medium မှာ traffic flow ဖြစ်မှုကိုထိန်းချုပ်ပေးရမယ်။
၎) ကွန်ပျူတာဆီကို cable တွေဆီမှ တဆင့်ရောက်ရှိလာတဲ့ အချက်အလက်တွေကို CPU နားလည်စေမယ့် bits အဖြစ်ပြန်လည်ပြောင်းပေးရမယ်စတာတွေဘဲဖြစ်ပါတယ်။




Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင်မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 20-01-2008, 05:11 PM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

Type of NIC

ကဲ NIC တွေဘယ်လိုအလုပ်လုပ်တယ်ဆိုတာကိုလေ့လာဆွေးနွေးပြီးတဲ့နောက်မှာ အခု အမျိုးအစားတွေကိုဆက်လက်ဆွေးနွေးလိုတယ်ဗျာ။ motherboard ပေါ်မှာ expansion slot တွေပါရှိပါတယ်။ internal modem ၊ sound card ၊ NIC အစရှိသော expansion card များကို ဤslot များတွင်စိုက်သွင်းတပ်ဆင်အသုံးပြုကြရပါတယ်။ BUS အမျိုးအစားပေါ်မူတည်၍ ISA၊ PCI express ဟူ၍ slot အမျိုးအစား များလည်းကွဲပြားကြပါတယ်။ ထို slot အမျိုးအစားများသည် အရောင်အသွေးအားဖြင့် သော်လည်းကောင်း ပါဝင်သော pin အရေအတွက်အားဖြင့်သော်လည်းကောင်း လုံးဝမတူညီသည့်အတွက်လွယ်လင့်တကူခွဲခြားသိနိုင်ပါတယ်။
ဥပမာ- ISA slot သည် အမည်းရောင်ဖြင့်လာလေ့ရှိပြီး PCI slot များကတော့ အဖြူရောင် ဖြစ်ပါတယ်။ pentium 2 နှင့် Pentium 3 အသုံးပြုသော motherboard အများစုတို့တွင် PCI နှင့် ISA slot နှစ်မျိုးစလုံးတွေ့နိုင်ပြီး PIV motherboard များပေါ်မှာတော့ PCI slot တစ်မျိုးတည်းပါရှိတတ်ပါတယ်။ ဒါပေမယ့် ယနေ့နောက်ဆုံးပေါ် PIV motherboard တွေမှာတော့ PCI နှင့် PCI express နှစ်မျိုးကိုတွေ့ရတတ်ပါတယ်။ PCI slot တပ်ဆင်နိုင်တဲ့ NIC ကို PCI NIC ၊ PCI express မှာတပ်ဆင်နိုင်သည့် NIC ကို PCI express NIC အစရှိသဖြင့်NIC အမျိုးအစားများကွဲပြားကြပါတယ်။


NIC တစ်ခုကိုရွေးချယ်တဲနေရာမှ အဓိကအားဖြင့် မိမိကွန်ပျူတာရဲ့ဘယ် expansion slot မှာတပ်ဆင်အသုံးပြုသလဲဆိုတဲ့အချက်ပေါ်မူတည်ပြီး၎င်းslot နှင့်ကိုက်ညီသော interface ပါရှိသည့်NIC ကိုရွေးချယ်ကြရပါသည်။ဘာဖြစ်လို့လဲဆိုတော့ ယနေ့ ဈေးကွက်အတွင်းမှာ အလွယ်တကူဝယ်ယူရရှိနိုင်သည့် NIC အားလုံးနီးပါးတို့၏ access method ၏ Ethernet transmission speed သည် 10/100 connector သည် RJ-45 ပင်ဖြစ်သည် ဈေးနှုံးအနေနှင့်ကြည့်မယ်ဆိုရင်brand ကောင်းရင်ဈေးပိုကြီးမယ်ပေါ့။


PIC NIC --ယနေ့အသုံးအများဆုံး NIC အမျိုးအစားဖြစ်ပါတယ်။ ဈေးကွက်အတွင်အလွယ်တကူဝယ်လို့ရနိုင်တဲ့အမျိုးအစား ဖြစ်ပါတယ်။



PCI Express

PCI Express သည် ယနေ့နောက်ဆုံးပေါ် BUS အမျိုးအစားတစ်ခုပင်ဖြစ်ပါတယ်။ မဝေကွာလှတော့တဲ့ နှစ်အနည်းငယ်အတွင်းမှာ PCI တို့နေရာမှာ အစားထိုးရန်ရည်ရွယ်ထားသည့် BUS ဖြစ်ပြီး အချို့က PCIe ဟုခေါ်ဝေါ်သုံးစွဲကြတယ်။





PCMCIA


Built-in NIC မပါသော laptop ကွန်ပျူတာတွေမှာ PCMCIA NIC ကိုတပ်ဆင်အသုံးပြုနိုင်ကြပါတယ်။



Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင်မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 20-01-2008, 07:23 PM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့


USB NIC

USB port မှတပ်ဆင်အသုံးပြုရတဲ့ network adapter အမျိုးအစားဖြစ်ပါတယ်။ USB သည် printer ၊ modem၊ scanner network adapter အစရှိတဲ့ peripherial အမျိုးမျိုးတပ်ဆင် အသုံးပြုနိုင်တဲ့ standard interface တစ်ခုဖြစ်ပါတယ်။ USB 1.1 နှင့် USB 2.0 ဆိုပြီး standard နှစ်မျိုးရှိပါတယ်။ USB 1.1 ရဲ့အမြင့်ဆုံး data transfer rate သည် 12 mbps ဖြစ်ပြီး USB 2.0 သည် 480 mbps ဖြစ်ပါတယ်။ ယနေ့ဈေးကွက်အတွင်းရရှိနိုင်တဲ့ ကွန်ပျူတာသစ်တွေမှာပါတဲ့ port တွေသည် USB 2.0 ဖြစ်ပါတယ်။အောက်ပါပုံကတော့ USB NIC တစ်ခုရဲ့ပုံဖြစ်ပါတယ်။ တစ်ဖက်က USB connector ဖြစ်ပြီး အခြားတစ်ဖက်စွန်းမှာတော့ RJ-45 connector ပါရှိပါတယ်။



Onboard NIC (built-in)

ယနေ့နောက်ပိုင်း ကွန်ပျူတာအများစုတို့မှာဆိုရင် motherboard ပေါ်မှာတပါတည်းအသေထည့်သွင်းတည်ဆောက်ထားတဲ့ onboard NIC တွေပါတတ်ပါတယ်။ အဲ့ဒီ NIC တွေအသုံးပြုခြင်းအားဖြင့် ကွန်ပျူတာထဲမှာ slot နေရာလွတ်တွေ ပိုမိုရရှိပြီး အခြား peripherial တွေကိုပိုမိုချိတ်ဆက် အသုံးပြုနိုင်စေပါတယ်။ ကွန်ပျူတာတစ်လုံးမှာ on-board NIC ပါရှိတယ်ဆိုရင် RJ -45 connector ကို desktop ကွန်ပျူတာတွေရဲ့နောက်ဖက်မှာ laptop ကွန်ပျူတာတွေရဲ့ဘေးဘက်မှာတွေ့ရပါလိမ့်မယ်။ (အချို့ laptop ကွန်ပျူတာမှာတော့ နောက်ဘက်မှာတွေ့ရပါလိမ့်မယ်။)







Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင်မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 20-01-2008, 07:31 PM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

Bus အကြောင်း

Network Card လာတပ်မယ့် Bus တွေနှင့်ပတ်သတ်လို့ရှင်းပြချင်ပါသေးသည်။ ပြီးမှ connector အကြောင်းရှင်းပြပါမယ်။ Cableတပ်ဆင်ပုံကတော့ ပြီးခဲ့တဲ့သင်ခန်းမှာဖော်ပြပြီးဖြစ်ပါတယ်။ ကဲBus တိုတာတကယ်တော့ ကွန်ပျူတာ Hardware သင်ခန်းစာနှင့် ဆက်နွနေတာဖြစ်ပါတယ်။ဒီစာအုပ်မှာBusနှင့် Connector သင်ခန်းစာကိုတော့ တစ်လက်စတည်းဖော်ပြလိုက်ပါတော့မယ်။ ကွန်ပျူတာတွေစတင်လာကတည်းက Bus ဆိုတာကရှိခဲ့တာလားဗျ။အဲ့ဒီတုန်းကတော့8bit Bus ပေါ့။ ကဲဒီတော့ PC Bus ရဲ့ အဓိက Bus များကို အောက်မှာရှင်းပြလိုက်ပါတယ်။


ISA(Industry Standard Architecture)


ဒီ ISA Bus ကတော့ ကွန်ပျူတာတွေစတင် ကတည်းက ပထမဦးဆုံး ပါလာတဲ့ Bus တွေပဲဖြစ်ကြ ပါတယ်။၎င်းဟာ8Bit ရှိပါတယ် ။ အဲဒါပေမယ့် ၁၉၈၄ ခုနှစ်မှာ IBM ကAdvanced Technology လို့ဆို တဲ့ AT PC တွေကို ထုတ်လုပ် လိုက်တဲ့အခါမှာတော့ ၄င်းဟာ 16 bit ဖြစ်သွားပါတယ်။ ဒီAT ကွန်ပျူတာ တွေမတိုင်ခင်တုန်းကတော့ Extended Technology လို့ခေါ်တဲ့ XT PC တွေပေါ့။ဒီTSA Bus တွေရဲ့ speed က 10 MHZ လောက်ထိရှိပါတယ်။ အြောရမယ်ဆိုရင် 286 Processor တွေစတင် တဲ့ Speed နှင့်တူတူ လောက်ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါဒီ ISA Bus တွေဟာ ဒီနေ့ထက်ထိ ကွန်ပျူတာတွေမှာLow Performance Bus အတွက် ရှီနေရဆဲပဲဖြစ်ပါတယ်။အထူးသုဖြင့်တော့ Slow Devices တွေဖြစ်ကြတဲ့ floppy Drives တို့Speed နှေးတဲ့ serial interface အတွက် ရှိနေရဆဲပဲဖြစ်ပါတယ်။

EISA(Extended ISA)

၁၉၈၈ လောက်တုန်းကပေါ့။ တကယ့်ကိုစွမ်းဆောင်ရည် မြင့်မားတဲ့High- End Network Server တွေမှာအသုံးပြုတဲ့ ဒီPc bus တွေဟာ16 bit လောက်နဲ့တော့ လုံလောက်တဲ့စွမ်းဆောင်မှုမျိုးမပေးနိုင်တော့ပါဘူး။ဒီတော့PC clone Verdor အဖွဲ့ အစည်းကနေပြီးတော့Compaq Computer ကိုဦးဆောင်စေကာ 32 bit EISA Bus ကိုထုတ်လုပ်ခဲ့ပါတယ်။ ဒီEISA Bus မှာထူးခြားတာက Mechanical ပိုင်း ရောElectrical ပိုင်းရော လှည့်စားမှု တစ်ခုပေါ့ဗျာ ။အဲဒါကဘာလဲဆိုတော့ ဒီEISA Slot မှာ32 bit EISA Adapter လာစိုက်လို့လည်း ရသလို 16 bit ISA Adapter လည်း လာစိုက်လို့ရသဗျ။ ဒီ EISA Slot ဟာ Slot မြောင်းကနည်းနည်းနက်နက်ထား တယ်ပေါ့ ။32 bit ကနက်တယ်။ အဲ့ဒီ EISA Bus မှာ ISA 16 bit Adapter ကိုစိုက်လိုက်ရင် အဲဒီလောက်အနက်ထိမသွားဘူး။ပြန်ပြောပြမယ်။EISA bus မှာISA 16bit Card လာစိုက် ရင် Slot မြောင်းရဲ့ အောက်ဆုံးအနက်ထိ စိုက်ဝင်မသွားဘူး။နောက်အနက်အထိဝင်သွားရင် 32 bit ဖြစ်သွားရော ဒီတော့ EISA slot မှာ 32 bit EISA လာစိုက်မှ အောက်ခြေဆုံးအနက်ထိ ၀င်သွားမယ်။EISA BUS ရဲ့ width က 32 bit ဖြစ်ပေမယ့် BUS speed ကတော့ ISA 16 bit နှင့်အတူတူပါဘဲ။ 10 MHz ပဲဖြစ်ပါတယ်။ဒါပေမယ့် EISA က နောက်ဆုံးပေါ်(အဲ့ဒီတုန်းကပေါ့နော်) ဆန်းသစ်တဲ့ BUS control တွေပါလာပါတယ်။ ISA ထက်စာရင်ပေါ့နော် ဘယ်လိုBUS control လဲဆိုတော့ ပြောရရင် BUS mastering ပေါ့။ BUS mastering က အချုပ်ပြောရရင် အချက်အလက်တွေကို အခြားပစ္စည်းတွေဆီကို ပေးပို့ရာမှာ CPU ကိုစောင့်နေစရာမလိုပါဘူး။

MCA (Micro Channel Architecture)

အပေါ်ကရှင်းပြခဲ့တဲ့ EISA ဖြစ်ပေါ်လာချိန်နဲ့တပြိုင်နက်တည်းမှာလဲ IBM ဟာ သူရဲ့ PS /2 ကွန်ပျူတာတွေမှာ 32 bit MCA BUS ကိုစတင်မိတ်ဆက်လာပါတော့တယ်။MCA BUS က 16 bit နှင့်ဘဲ ဖြစ်စေ 32 bit နှင့်ဘဲဖြစ်စေ BUS speedsအမျိုးမျိုး support လုပ်နိုင်ပါတယ်။ MCA ဟာ PC မဟုတ်တဲ့အပိုင်းတွေပါ။ 66 MHz အထိလုပ်နိုင်ပြီးတော့ PC တွေမှာဆိုရင်ဖြင့် 5 MHz မှ 20 MHz အထိအလုပ်လုပ်ပေးနိုင်တာကြောင့် ISA ထက်တော့ပိုပြီးမြန်တယ်လို့ပြောရပါမယ်။နောက်ပြီးသူက BUS mastering လည်း လုပ်ပေးနိုင်ပါတယ်။ဒါပေမယ့်ပေါ့ခင်ဗျာ IBM က ၎င်း ရဲ့ MCA ကိုဈေးကွက်အတွက်ဖွင့်မပေးခဲ့ဘူးခင်ဗျ။ဒါကြောင့်အားလုံး MCA ကို ကြားဘူးချင်မှကြားဘူးပါလိမ့်မယ့် IBM ဟာ ၎င်း PC တွေမှာ ISA နှင့် PCI ကို support လုပ်နေသည့်တိုင် ၎င်းရဲ့ RISC /6000 နှင့် ES/9370 ကွန်ပျူတာတွေမှာ MCA ကိုအသုံးပြုနေဆဲပဲဖြစ်တယ်။

PCI (Peripheral Component Interface)

သိပ်ကိုမြန်ဆန်လာတဲ့ CPU တိုင်းဟာ ပိုမိုမြန်ဆန်တဲ့ BUS ကိုလိုအပ်စမြဲ့ဘဲ အဲ့ဒီမှာထုတ်လုပ်သူတွေဟာ Local BUS ကိုထုတ်လုပ်ဖို့အကြံရှိခဲ့ကြပါတယ်။ ၎င်းဟာ ယခင်နည်းပညာဟောင်များလိုပါဘဲ CPU ဟာ RAM နှင့် အဆက်အသွယ်ပြုလုပ်ပြီးတော့ co-processor က အခြားသော peripherals တွေနှင့်အဆက်အသွယ်ပြုလုပ်ပါတယ်။ ဒီ ၁၉၉၀ နှစ်များဝန်းကျင်တွေမှာ ဒီ Local Bus ဟာ စံ စနစ်တွေအမျိုးမျိုးပေါ်ပေါက်လာခဲ့သော်လည်း ၁၉၉၅ ခှုနှစ်မှာ Intel ရဲ့ PCI BUS ဟာ 32 bits ဖြင့် စံပေါ်ပေါက်လာခဲ့တာကြောင့် local BUS လည်းရပ်တန့်ခဲ့ရပါတယ်။ ယနေ့ခေတ်မှာတော့ PCI bus တွေဟာ 64 bits နှင့် ဖြစ်ကြပြီး နောက်ပိုင်းမှာတော့ 128 bits ဖြစ်ပေါ်လာဘို့ရှိပါတယ်။ PCI ရဲ့ BUS speed ဟာ 33 MHz ဖြစ်ပေမယ့် PCI 2.1 ကတော့ 66 MHz ဖြစ်ပါတယ်။ PCI ဟာ BUS mastering လဲရပါတယ်။ နောက်ပြီးတော့ပြောရမယ်ဆိုရင် မိုက်ကရိုဆော့(ဖ်) ရဲ့ plug and play နည်းပညာ နဲ့အလုပ်လုပ်တဲ့ ပထမဦးဆုံးသော BUS လည်းဖြစ်ပါတယ်။နောက်တခုပြောရမယ်ဆိုရင် PCI က interrupt ကိုလည်း sharingလုပ်ပေးနိုင်ပါတယ်။ဒါဟာကောင်းတဲ့အချက်တခုပေါ့။ ဘာလို့လဲဆိုတော့ PCI adapter တွေကို တခုထက်မက ကွန်ပျူတာတွေမှာတပ်ထားမယ်ဆိုရင် ၎င်းတို့ဟာ adapter တစ်ခုချင်းစီအတွက် မတူညီတဲ့ IRQ တွေမလိုအပ်ဘဲ IRQ တစ်ခုထဲမှာပင် shared လုပ်ပြီးသုံးနိုင်ပါတယ်။ ဆိုလိုချင်တာက ကွန်ပျူတာထဲက PCI card မှန်သမျှ အားလုံးအတွက်လွတ်နေတဲ့ free ဖြစ်တဲ့ IRQ တစ်ခုဘဲလိုအပ်ပါတယ်။

Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင်မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 20-01-2008, 11:06 PM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့



ကျွန်တော်ဒီနေရာမှာ ပဲခဏ နားပြစေ၊ စာရိုက်ရတာလဲမောလာတယ်။ နောက် ကျွန်တော်တင်ပြဆွေးနွေးခြင်တာတွေကတော့ အများကြီး အခုဟာတွေက အခြေခံ
နဲ့သူတို့ရဲ့သဘောတရားလေးတွေပါ။ သူတို့ရဲ့အလုပ်လုပ်ပုံတွေကိုသိထားတော့
ပညာတွေလက်ဆင့်ကမ်းလို့ရသွားတာပေါ့ ။ ကျွန်တော်နောက်အခန်းတရပ်အနေနဲ့ဆက်လက်ဆွေးနွေးသွားမှာကတော့
နက် ၀ပ်(က်) တော်ပေၞလော်ဂီ အကြောင်းဘဲဖြစ်ပါတယ်။ နောက်တပတ်မှ အေးအေး ဆေးဆေး ပြန်တွေ့ကြတာပေါ့ ။ဒီလိုရေးဖြစ်အောင် အများကြီးကူညီခဲ့တဲ့ ကိုကြီးရဲနောင် ။ နောက်လဲ ဆက်လက်လေ့လာပြီးရေး
သွားအုံးမှာပါ ။ ကျန်းမာရေးကသိပ်မကောင်းချင်ဘူးဗျာ။အိပ်ကပ်ထဲပိုက်ဆံမရှိရင် နေလို့ ထိုင်လို့မကောင်းခြင်ဘူး။ခေါင်းကကိုက်သလိုလို ရင်ဘတ်ကအောင့်သလိုလိုနဲ့ ။ ရောဂါကဆိုးပါတယ်ဗျာ။ ဆေးကတော့ ကိုရဲနောင်ဆီမှာရှိတယ်လို့ကြားတယ်။
သွားတောင်းကြပါလား ။ ဒါဘဲနော် -----ဘိုင်
Ye Aung is offline   Reply With Quote
Old 26-01-2008, 04:11 PM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

ကဲ ဒီတပတ်မှာတော့ဗျာ --ကျွန်တော်ဆွေးနွေးသွားမယ့် ခေါင်းစဉ်
အချို့ကို အနည်းငယ် တင်ပြလိုတယ်။ ပထမပိုင်းမှာတော့ နက်ဝပ် ကြားခံအသုံးပြုတဲ့ ပစ္စည်းတွေဖြစ်တဲ့ ။Repeater ၊ Hub ၊ Switch တို့အကြောင်းနှင့်သူတို့ရဲ့ လုပ်ငန်းတာဝန်တွေနဲ့နယ်ပယ်အသီးသီးမှာ လုပ်ဆောင်ချက်တွေကိုဆွေးနွေးမှဖြစ်ပါတယ်။ နောက် တခုက Ethternet နဲ့ သူတို့ရဲ့ အဆင့်အတန်းတွေ လုပ်ဆောင်ချက်တွေ ယနေ့မှာဘယ်လို အဆင့်အတန်းမျိုးတွေကိုဘဲသုံးနေတယ်ဆိုတာတွေပေါ့။နောက်တပိုင်းမှာတော့ ကေ ဘယ် တွေအကြောင်း နက်ဝပ် ရယ်လို့စပေါ်လာတယ်ဆိုတဲ့အချိန်ကတည်းက ဘယ်လိုကေဘယ်မျိုးကိုသုံး လာခဲ့တယ် ယနေ့တိုးတက်နေတဲ့မြန်နှုန်းမြင့် အင်တာနက် ခေတ်ကြီးမှာဘယ်လိုကေဘယ်တွေကို သုံးနေကြတယ်။ စသဖြင့် အကြောင်းအရာတော်တော်များများကို ရှင်းလင်းဆွေးနွေးသွားမှာဖြစ်ပါတယ်။
တကယ်တမ်းတော့ဗျာ--- ကျွန်တော်တို့တတွေက နည်းပညာခေတ် မှာမြန်နှုန်းမြင့်နှုန်းနဲ့ ကြားကနေ ဖြတ်လိုက်ရတော့ အခြေခံဆိုတာတွေကို မေ့နေတတ်ကြပါတယ်။ အခြေခံကိုသိမှ လဲနောက်လာမဲ့များစွာသောမျိုးဆက် သစ်တွေကိုမွေး ဖွားပေးနိုင်မှာပါ။ ကျွန်တော် ဆွေးနွေးသွားမှာကတော့ တကယ်ကို Networking ရဲ့ အခြေခံအကျဆုံးအပိုင်းတွေပါဘဲ ။ရှေ့မှာလဲတော်တော် များများ ကိုဆွေးနွေးပြီးပါပြီ။ နိဒါန်းပျိုးလိုက်တာပါ။

Kaspersky KIS & KAV Latest keys တွေလိုချင်ရင် ဒီကို နှိပ်
Ye Aung is offline   Reply With Quote
Old 26-01-2008, 04:24 PM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

Network Medium ကြားခံပစ္စည်းများအကြောင်း


Repeater

Repeater ဆိုတာက cable ကိုအသုံးပြု၍ရနိုင်တဲ့ အရှည်ထက် ပိုမိုသွယ်တန်းလိုတဲ့အခါမျိုးတွေမှာကြားခံအသုံး
ပြုရတဲ့ device တစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် coaxial cable ကို backbone အဖြစ်အသုံးပြုရတဲ့ network တွေမှာအသုံးများလာခဲ့ပါတယ်။ ယနေ့အချိန်မှာတော့ အသုံးပြုမှုမရှိသလောက်နည်းပါးလာတဲ့ device အမျိုးအစားတစ်ခုလည်းဖြစ်ပါတယ်။

ရူပဗေဒသဘောအရကြည့်မယ်ဆိုရင် ကြားခံmedium (ဥပမာ copper )တစ်ခုပေါ်မှာ ဖြတ်စီးနေသော လျှပ်စစ်စီးကြောင်း (current) သည်အကွာအဝေးတစ်ခုကိုရောက်တဲ့အခါ distortion ဖြစ်သွားတတ်ပါတယ်။ ဒီသဘောပါဘဲ network cable တစ်ချောင်းပေါ်မှတဆင့် ပို့လွှတ်လိုက်တဲ့digital signal တွေသည်လည်း အကွာအဝေးတစ်ခုကိုကျော်လွန်သွားတဲ့အခါ ပုံသဏ္ဍာန်ယိုယွင်းသွားတတ်ပါတယ်။သို့သော်မူလ transmit လုပ်တဲ့ဆီကနေ ဘယ်နေရာလောက်ထိဆိုရင် signal တွေသည်များစွာယိုယွင်းမှု မရှိသေးပါဘူးလို့ အာမခံနိုင်တဲ့ အကွာအဝေး သတ်မှတ်ချက် အတိအကျရှိပါတယ်။ အဲ့ဒါကတော့ အသုံးပြုတဲ့ cable အမျိုးအစားပေါ်မူတည်ပြီးကွာခြားချက်တွေရှိပါတယ်။ဥပမာ- thinnet coaxial ကို 185 m ထိ သွယ်တန်းနိုင်တယ်ဆိုတာမျို့ပေါ့ အကယ်၍များ 185 m ထက်ပိုတဲ့နေရာထိသွယ်တန်းဖို့လိုလာပြီဆိုရင်တော့ ကြားမှာ repeater ကိုအသုံးပြုဘို့လိုလာပါလိမ့်မယ်။


Repeater တို့ရဲ့အဓိကလုပ်ဆောင်မှုကတော့ တစ်ဖက်က၀င်လာတဲ့ signal တွေကိုမူလအခြေအနေတိုင်းပြန်
လည်ရောက်ရှိအောင် မြှင့်တင်ပြီးမှရှေ့ဆက် transmit လုပ်ပေးခြင်းဖြစ်ပါတယ်။ ဆိုရရင်source တစ်ခုကနေ transmit လုပ်လိုက်တဲ့ signal တွေသည် 185 m အကွာဝေးရောက်တဲ့အခါအနည်းငယ်ယိုယွင်းလာပါတယ်။ အဲ့ဒီအခါ repeater ကမူလအခြေအနေအတိုင်းပြန်လည်ရရှိအောင် repeat လုပ်ပြီး transmit လုပ်တဲ့အခါ နောက်ထပ် 185 m အကွာအဝေးကိုဆက်သွားနိုင်မယ်ပေါ့။



Kaspersky KIS & KAV Latest keys တွေလိုချင်ရင် ဒီကို နှိပ်
Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင်မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 26-01-2008, 05:18 PM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

HUB

Twisted pair cable ကိုအသုံးပြုတည်ဆောက်တဲ့ network တွေမှာဆိုရင်ကွန်ပျူတာတစ်လုံးစီ(၀ါ) device တစ်ခုစီသည်ကိုယ်ပိုင် cable တစ်ချောင်းစီဖြင့်HUB ကိုဗဟိုထား၍ လာရောက်ချိတ်ဆက်ကြရပါတယ်။ coaxial cable ကိုသုံးတဲ့ network တွေမှာတော့ device အားလုံးတို့သည် တစ်ခုတည်းသော coaxial backbone ဆီသို့ချိတ်ဆက်တပ်ဆင်ကြရပါတယ်။ hub ကိုအသုံးပြုလာတဲ့အချိန်ကစပြီး INC connector vampire tap တို့ရဲ့ အခန်း ကဏ္ဍမှေးမှိန်ခဲ့ရပါတယ်။အောက်ဖော်ပြပါပုံသည် hub ၊ twisted pair တို့ဖြင့် တည်ဆောက်ထားသော networkနှင့် coaxial ကိုအသုံးပြုထားသော networkတို့ရဲ့ သရုပ်ဖော်ပုံများဘဲဖြစ်ပါတယ်။


လုပ်ဆောင်မှုအရကြည့်မယ်ဆိုရင် hub တွေသည် repeater နှင့်အတူတူပင်ဖြစ်ကြပါတယ်။ ဆိုရရင် OSI physical layer မှာအလုပ်လုပ်ကြတာခြင်းတူသလို ၀င်လာတဲ့ signal တွေကိုမူလအခြေအနေအတိုင်း ပြန်လည်ရရှိအောင် repeat လုပ်ပြီး transmit လုပ်ကြချင်း လည်းတူပါတယ်။ ဒါကြောင့် hub ကို port များစွာပါသော repeater (multi-port repeater လို့လည်းခေါ်ကြပါတယ်။ ဟိုးယခင်တုန်းကတော့hub အသုံးပြုမှုလွန်စွာတွင်ကျယ်ခဲ့ပါတယ်။ ယနေ့အချိန်မှာတော့ network performance ကိုပိုမိုတိုးမြှင့်စေရန် hub တို့၏နေရာတွင် switch တို့ဖြင့်အစားထိုးအသုံးပြုလာနေကြပြီဖြစ်ပါတယ်။
ဒီနေရာမှာ hub ကိုအသုံးပြုမှုနှင့် network performance တို့ဘယ်လို ဆက်နွယ်သလဲဆိုတာကိုအနည်းငယ်ရှင်းပြလိုပါတယ်။ hub တစ်ခုသည် သူ၏ port တစ်ခုကနေ၀င်လာတဲ့ signal တွေကို ကျန်ရှိသမျှ port အားလုံးဆီတပြိုင်နက် forward လုပ်ပါတယ်။ ဥပမာ- port - ၈ခုပါတဲ့ 8- port hub ၏ port နံပါတ် 1 မှာတပ်ဆင်ထားတဲ့ကွန်ပျူတာကနေ transmit လုပ်လိုက်တယ်ဆိုပါစို့။ ထိုအချိန်အတွင်းမှာ port 2 ကနေ port-8 အထိမှာ တပ်ဆင်ထားသမျှသော ကွန်ပျူတာအားလုံးတို့ကို transmit မလုပ်နိုင်အောင် တားမြစ်ထားပြီး ၀င်လာတဲ့ signal ကိုသာလက်ခံရယူနိုင်ကြပါလိမ့်မယ်။ တနည်းဆိုရရင် collision မဖြစ်အောင်အချိန်တစ်ခုတွင် ကွန်ပျူတာတစ်လုံးမှသာ transmit လုပ်နိုင်စေခြင်းဖြစ်ပါတယ်။ အဲ့ဒီ အချိန်တစ်ခုမှာ ကွန်ပျူတာတစ်လုံးမှသာ transmit လုပ်နိုင်သည့် ဖြစ်စဉ်တွင်ပါဝင်နေသော network တစ်ခုအတွင်းရှိကွန်ပျူတာတွေသည် collision domain တစ်ခုဖြစ်ပါတယ်။ ဆိုရရင် 8 port hub မှာ တပ်ဆင်ထားတဲ့ကွန်ပျူတာ ၈ လုံးသည် collision domain တစ်ခုကိုကိုယ်စားပြုသည်။



ဒါဆိုရင် 24 –port hub လေးလုံးကို cascade ချိတ်ဆက်ပြီး port အရေအတွက်ည96 ခုထိပါရှိတဲ့ network တစ်ခုမှာ collision domain ဘယ်နှခုရှိသလဲဆိုတာကိုစဉ်းစားကြည့်ရအောင် အောက်ဖော်ပြပါပုံ ကတော့ 24 port လေးခုကို cascade ချိတ်ဆက်ထားပုံဖြစ်ပါတယ်။



Port အရေအတွက် စုစုပေါင်း ၉၆ ခုရှိသော်လည်း ကွန်ပျူတာချိတ်ဆက် တပ်ဆင်အသုံးပြုနိုင်သည့် port သည် ၉၀ သာ ရှိလိမ့်မယ်။ ၆ ခုကcascade ချိတ်ဆက်ရန်အတွက် အသုံးပြုကြရပါတယ်။ သဘောကတော့ကွန်ပျူတာ အလုံး ၉၀ ပါရှိတဲ့ network ပေါ့။
Hub တို့သဘာဝအတိုင်း port တစ်ခုကနေ၀င်လာတဲ့ signal ကိုကျန် port များအားလုံးဆီဖြန့်ဝေပေးပို့သည့်အတွက် မည်သည့် hub ၏ port တစ်ခုကနေမဆို transmit လုပ်တိုင်းကျန်hub နှင့် port များအားလုံးဆီသို့ရောက်ရှိကြပါတယ်။ ဖော်ပြပါပုံ အရဆိုရင်ကွန်ပျူတာတစ်လုံးက transmit လုပ်နေချိန်တွင်ကျန်ကွန်ပျူတာ ၈၉ လုံးတို့သည် transmit မလုပ်နိုင်ဘဲ ၀င်လာသည် signal ကျစောင့်ဆိုင်းလက်ခံကြရပါတယ်။
ဒါကြောင့် မည်သို့ပင် ကွန်ပျူတာတွေ hub တွေများနေစေကာမူ အချိန်တစ်ခုတွင် ကွန်ပျူတာ တစ်လုံးမှသာ transmit လုပ်နိုင်ကြသည့်အတွက် ၎င်းကွန်ပျူတာအလုံး ၉၀ တို့သည် collision domain တစ်ခုတည်းသာဖြစ်တယ်။
ဒီနေရာမှာ သိထားဘို့ရန်အရေးကြီးလာတာက collision domain တစ်ခုတည်းအောက်မှာရှိသော ကွန်ပျူတာတွေသည် transmit လုပ်တဲ့နေရာမှာ network bandwidth ကိုမျှဝေသုံးစွဲရတယ်ဆိုတာဘဲဖြစ်ပါတယ်။
ဒါကြောင့် collision domain တစ်ခုမှာ transmit လုပ်လိုတဲ့ကွန်ပျူတာအရေအတွက်များလာတာနှင့် အမျှကွန်ပျူတာတစ်လုံးအတွက် ရရှိမည့် bandwidth ကိုယ်တာလျော့နည်းလာပါလိမ့်မယ်။ bandwidth ကိုမျှဝေသုံးစွဲခြင်းသည် 8 port hub တစ်ခုလောက်သာအသုံးပြုတဲ့သာမန် network ငယ်တွေမှာ မသိသာပေမယ့် ဖော်ပြခဲ့တဲ့ ဥပမာလိုမျိုး hub လေးခုလောက်ကို cascade ချိတ်ပြီးကွန်ပျူတာများစွာဖြင့်တည်ဆောက်ထားတဲ့ network တွေမှာတော့ network speed သည်အတော်လေးကိုသိသာလှပါတယ်။
ဥပမာ-ကွန်ပျူတာ ၉၀ ပါတဲ့ network သည် 100 mbps ဖြင့်လုပ်ဆောင်တဲ့ fast Ethernet network ဆိုပါတော့ အကယ်၍ များတိုက်တိုက်ဆိုင်ဆိုင် ၎င်း ကွန်ပျူတာ ၉၀ စလုံးမှ transmit လုပ်ဖို့ရှိလာပြီဆိုရင် ကွန်ပျူတာတစ်လုံးအတွက်ရရှိလာမည့် bandwidth ကိုယ်တာသည် အောက်ပါအတိုင်း ဖြစ်လာပါလိမ့်မယ်။

Bandwidth available = 100mbps/90 = 1.1 mbps

ဒါကအဆုံးစွန်ဆုံးအခြေအနေထိတွက်ပြီးပြောတာပါ။ တကယ့်လက်တွေ့မှာတော့ အချိန်တစ်ခုတည်းအတွင်းမှာကွန်ပျူတာအားလုံးတစ်ပြိုင်နက် transmit လုပ်ဖို့ရန်ရှိကြမှာမဟုတ်ပါဘူး။ သို့သော်ငြားလည်း hub အသုံးပြုထားသော network အတွင်းရှိကွန်ပျူတာအရေအတွက် ၈၀ ရာခိုင်နှုန်းလောက်က transmit လုပ်ဖို့ရန်ရှိလာပြီဆိုရင်တောင်မှ အတော်လေးနှေးလာတာကိုကြုံရတတ်ပါတယ်။

ဒီနေရာမှာ ဖြတ်ပြီးပြောချင်တာက collision domain အကြောင်းပါဘဲ ။ hub ကိုသုံးမယ်ဆိုရင် သူ့အကြောင်းကိုသိဘို့လိုလာပါတယ်။






Kaspersky KIS & KAV Latest keys တွေလိုချင်ရင် ဒီကို နှိပ်
Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင်မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 26-01-2008, 05:24 PM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

Collision Domain

ပို့လိုတဲ့ data တွေကို frame တစ်ခုထဲမှာထည့်သွင်းခဲ့ပြီးပြီဆိုရင် LAN (network) ပေါ်ပို့ဖို့ရန်အဆင်သင့်ဖြစ်သွားပါပြီ။ ဒါတောင်ပို့ချင်သလိုပို့လိုမရသေးပါဘူး Ethernet standard အရ သတ်မှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာရပါဦးမယ် ။ဥပမာဆိုရင်ကားတစ်စီးကိုမောင်းတဲ့အခါမိမိသွားလိုတဲ့
နေရာရောက်အောင်မောင်းချင်တိုင်းမောင်းသွားလို့မရပါဘူး။ မီးနီပြရင် ရပ်ရမယ်၊တစ်ကြိမ်မှာ ကားတစ်စီးသာဖြတ်သန်းခွင့်ပြုထားတဲ့ တံတားပေါ်မှာအခြားကားတစ်စီးစီး မောင်းနေရင်စောင့်ရမယ်။ရှင်းသွားပြီဆိုမှ ဖြတ်သန်းမောင်းနှင်ရမယ်အစရှိတဲ့ စည်းမျဉ်းစည်းကမ်းဥပဒေတွေကို လိုက်နာရပါသေးတယ်။ ဥပဒေလက်လွတ်မောင်းချင်သလိုမောင်းကြမယ်ဆိုရင်တော့ ယဉ်တိုက်မှုတွေဖြစ်ပြီပေါ့။ကားတွေလိုပဲ့ LAN ပေါ်မှာ ဖြတ်သန်းနေတဲ့ frame တွေသည်လည်း တစ်ခုနှင့်တစ်ခု တိုက်မိတတ်ကြပါတယ်။ အဲ့ဒီဖြစ်စဉ်ကို collision လို့ခေါ်ပါတယ်။


Collision သည် frame နှစ်ခု(သို့) နှစ်ခုထက်ပိုတဲ့ frame တွေသည် network cable (twisted pair) တစ်ချောင်း ၏ တစ်နေရာရာမှာ တစ်ချိန်တည်း တစ်ပြိုင်နက် ဆုံမိတဲ့အခါမျိုးတွေမှာ ဖြစ်လေ့ရှိပါတယ်။
ယဉ်စည်းကမ်းတွေလိုပဲ Ethernet standard အရ frame တွေကိုဘယ်အချိန်မှာ ဘယ်လိုပို့ရမယ်။ဘယ်အချိန်မှာတော့ဖြင့်မပို့ရ ဆိုပြီးသတ်မှတ်ချက်တွေရှိပါတယ်။ ၎င်း Ethernet စည်းကမ်းတွေသည် frame တစ်ခုနှင့်တစ်ခုတိုက်မိခြင်းဆိုတဲ့ collision မဖြစ်အောင် ကာကွယ်ပေးထားပါတယ်။ ဒီနေရာမှာ စိတ်ဝင်စားစရာကောင်းတာကတော့ hub ကိုအသုံးပြုတဲ့ LAN တွေမှာဆိုရင် Ethernet စည်းမျဉ်းစည်းကမ်းတွေကိုဘယ်လောက်ပင်လိုက်နာလိုက်နာ collision domain ဖြစ်နိုင်တယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။


Kaspersky KIS & KAV Latest keys တွေလိုချင်ရင် ဒီကို နှိပ်
Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင်မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 26-01-2008, 09:08 PM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

How to Choose a HUB
Ethernet network တည်ဆောက်ရန် hub တစ်ခုကိုရွေးချယ်တဲ့နေရာမှာအောက်ဖော်ပြပါအချက်များပေါ်မူတည်၍ စဉ်းစားကြရပါတယ်။
၁) The Type of Media Connection
ပုံမှန်အားဖြင့် hub အများစုတို့တွင် RJ-45 port များသာပါရှိတတ်ပါတယ်။ဒါပေမယ့် အချို့သော 10 base T hub တွေမှာတော့ RJ-45 port တို့နှင့်အတူ BNC port တစ်ခုပါရှိတတ်ပါတယ်။
၂) The Number of port
အများအားဖြင့် hub တစ်ခုတွင် port အရေအတွက် 4 ခုကနေ 24 ခုထိပါလေ့ရှိပါတယ်။ 24 port hub လေးခုကို cascade ချိတ်ပြီး port အရေအတွက် 96 ထိအသုံးပြုနိုင်ပါတယ်။ port အရေအတွက် စုစုပေါင်း 96 ခုရှိသော်လည်း ကွန်ပျူတာချိတ်ဆက် တပ်ဆင်အသုံးပြုနိုင်သည့် port သည် 90 သာဖြစ်ပါလိမ့်မယ် ။ခြောက်ခုက cascade ချိတ်ဆက်ရန်အတွက်အသုံးပြုကြပါတယ်။
၃) Speed
ပုံမှန်အားဖြင့် hub တွေသည် 10mbps နှုံးဖြင့် transmit receiver လုပ်ဆောင်ကြပါတယ်။ နောက်ပိုင်းထုတ်လုပ်တဲ့အချို့သော hub တွေသည် 10 mbps နှင့် 100 mbps တို့ထဲက တစ်မျိုးမဟုတ်တစ်မျိုးဖြင့်လုပ်ဆောင်နိုင်ကြပါတယ်။
၎) Manage and Unmanage HUB
Hub တစ်ခု၏လုပ်ဆောင်မှု သည်ပုံမှန်အခြေအနေတွင်ရှိမရှိဆိုတာကို ကွန်ပျူတာတစ်လုံးလုံးကနေပြီး software ဖြင့်ဝင်ရောက်ကြည့်ရှု့စစ်ဆေးနိုင်ပါက manage hub ဖြစ်ပါတယ်။ အဲ့ဒါမျိုးလုပ်လို့ မရဘူးဆိုရင်တော့ unmanage hub ကဲဖြစ်ပါတယ်။



Kaspersky KIS & KAV Latest keys တွေလိုချင်ရင် ဒီကို နှိပ်
Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင်မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 26-01-2008, 09:13 PM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

Bridge

Bridge သည် repeater တို့ကဲ့သိုပင် network segment နှစ်ခုတို့ကို ကြားခံချိတ်ဆက်ရာတွင် အသုံးပြုရသည့် device တစ်ခုပင်ဖြစ်ပါတယ်။ အပြင်ပန်းအရကြည့်မယ်ဆိုရင်လည်း repeater တို့ကဲ့သိုပင် အ၀င် port တစ်ခုနှင့် အထွက် port တစ်ခုတို့သာပါရှိပါတယ်။ ဒါပေမယ့် လုပ်ဆောင်မှုအရတော့ မတူပါဘူး။ ဆိုရရင် repeater တို့ကဲ့သို့ဝင်လာတဲ့ signal တိုင်းကို repeat လုပ်ပြီးအခြားတစ်ဖက် port ကနေထုတ်ပေးခြင်းမျိုးမဟုတ်ပါဘူး။ ဒီဘက် segment တစ်ခုကနေ လာသည့် signal (၀ါ) frame တွေထဲမှာပါတဲ့ MAC address ကိုကြည့်ပြီး အခြားတစ်ဖက်က segment ဆီသို့ ဆက်လက်ပေးပို့ဖို့လိုမလိုဆိုတာကိုဆုံးဖြတ်ပြီးလိုအပ်မှ forward လုပ်မှာဖြစ်ပါတယ်။



Bridge တစ်ခုရဲ့လုပ်ဆောင်မှုတွေကိုခွဲခြားကြည့်မယ်ဆိုရင် အဓိကအားဖြင့် ၂ ပိုင်းရှိပါတယ်။
၁) Bridge တွေထဲမှာ bridging table ဆိုတာကိုတည်ဆောက်ထားပါတယ်။ အဲ့ဒီ table ထဲမှာဆိုရင် network segment တစ်ခုစီမှာရှိနေတဲ့ ကွန်ပျူတာတို့ရဲ့ MAC address တွေကိုထည့်သွင်းမှတ်သားထားပါတယ်။
၂) Frame တစ်ခုရောက်လာပြီဆိုရင် destination MAC ကိုကြည့်ပြီး အဲ့ဒီ frame ကိုဆက်လက်forward လုပ်သင့်မလုပ်သင့် ဆုံးဖြတ်ရပါတယ်။ ဥပမာအနေနှင့် ပုံကိုကြည့်ရအောင်ပေါ့။ Segment A ကွန်ပျူတာ A မှ ကွန်ပျူတာ 2 ထံသို့ ပေးပို့လိုတယ်ဆိုပါစို့ ဒါဆိုရင် ကွန်ပျူတာ 1 မှပို့လိုက်တဲ့ frame သည် segment A ထဲရှိ hub မှတဆင့် ကျန်ကွန်ပျူတာ 2၊ 3 နှင့် bridge တို့ထံသို့တပြိုင်နက် ရောက်ရှိသွားပါလိမ့်မယ်။ Bridge သည် frame ထဲမှာရှိတဲ့ destination MAC (ကွန်ပျူတာ 2 ရဲ့ MAC ) ကိုဖတ်ရှူပြီး bridging table ထဲမှာတိုက်ဆိုင်စစ်ဆေးရှာဖွေပါတယ်။ အဲ့ဒီအခါမှာ ကွန်ပျူတာ 2 သည် port A ဘက်ခြမ်းမှာပင် ရှိတယ်ဆိုတာသိရှိပြီး frame ကို port B ဘက်သို့ဆက်လက် forward မလုပ်တော့ဘဲ filter လုပ်လိုက်ပါလိမ့်မယ်။ ထိုအချိန်အတွင်းမှာပင်ကွန်ပျူတာ 1 မှပို့လိုက်တဲ့ frame သည် hub မှတဆင့်ကွန်ပျူတာ 2 ထံသို့ရောက်ရှိလက်ခံပြီးဖြစ်ပါလိမ့်မယ်။
နောက်တခါကွန်ပျူတာ 1 မှ ကွန်ပျူတာ 5 ထံသို့ပေးပို့မှု ဖြစ်စဉ်ကိုကြည့်ရအောင် ၊ကွန်ပျူတာ 1 မှ ပို့လိုက်တဲ့ frame သည် bridge ထံသို့ရောက်ရှိလာတဲ့အခါ bridge သည် destination MAC (ကွန်ပျူတာ 5 ၏ MAC ကိုကြည့်ပြီး bridging table ထဲမှာတိုက်ဆိုင်စစ်ဆေးရှာဖွေပါလိမ့်မယ်။ စစ်ဆေးပြီးသွားတဲ့အခါ ကွန်ပျူတာ 5 သည် port B ဘက်မှာရှိတယ်ဆိုတာသိရှိပြီး frame ကို port B သို့ဆက်လက် forward လုပ်လိုက်ပါတယ်။ ဤနည်းဖြင့် frame သည် segment B ထဲရှိ hub မှတဆင့်ကွန်ပျူတာ 5 ထံသို့ရောက်ရှိပါလိမ့်မယ်။


Kaspersky KIS & KAV Latest keys တွေလိုချင်ရင် ဒီကို နှိပ်
Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင်မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 26-01-2008, 09:22 PM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

Bridge and Network Performance

Bridge တွေကိုအသုံးပြုခြင်းအားဖြင့် network တစ်ခုကို collision domain များစွာရအောင် စိတ်ပိုင်းနိုင်ကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့ bridge ၏ port တစ်ခုစီသည် collision domain တစ်ခုဖြစ်ပါတယ်။ ပုံကိုကြည့်ပါ။ port A သည် collision domain တစ်ခုဖြစ်ပြီး port B သည်လည်း collision domain တစ်ခုပင်ဖြစ်ပါတယ်။ ဒါကြောင့် segment A ထဲမှ ကွန်ပျူတာ တစ်လုံးလုံးက transmit လုပ်နေချိန်တွင် segment B ထဲမှ ကွန်ပျူတာတစ်လုံးလုံးမှနေပြီးတော့လည်း transmit လုပ်နိုင်ပါတယ်။ သဘောကတော့ network တစ်ခုတည်းမှာ collision domain ၂ ခုဖြစ်လာသည့်အတွက် ကွန်ပျူတာ ၂ လုံးတို့မှတပြိုင်နက် transmit လုပ်နိုင်ကြခြင်းဖြစ်ပါတယ်။


အဲ့ဒီလို network တစ်ခုအတွင်း collision domain အရေအတွက်များလာတာနှင့်အမျှ collision ဖြစ်ပွားမှုကိုလျော့နည်းစေခြင်းနှင့် ကွန်ပျူတာတစ်လုံးအတွက် bandwidth ကိုယ်တာပိုမိုရရှိစေခြင်းတို့ကြောင့် network performance ကိုတိုးမြှင့်စေပါတယ်။ ရှေ့မှာဖော်ပြခဲ့တဲ့ 24 – port hub လေးခုကို cascade ချိတ်သုံးထားတဲ့ network ထဲမှာ bridge တွေကိုထဲ့ပြီး တည်ဆောက်တဲ့အခါ ဘယ်လိုဖြစ်လာမလဲဆိုတာကိုစဉ်းစားကြည့်ရအောင်။



အထက်ဖော်ပြပါပုံအတိုင်း hub နှစ်ခုတို့အကြားမှ bridge တစ်ခုစီထည့်သွင်းတည်ဆောက်ခြင်းအားဖြင့်တစ်ချိန်တည်းတစ်ပြိုင်နက် transmit လုပ်နိုင်သည့် အရေအတွက်သည် ကွန်ပျူတာတစ်လုံးမှ လေးလုံးသို့တိုးမြှင့်လာပါလိမ့်မယ်။ ထိုနည်းတူစွာပင် ကွန်ပျူတာတစ်လုံးအတွက် ရရှိမည့် bandwidth ကိုယ်တာလည်းတိုးမြှင့်လာပါလိမ့်မယ်။ intelligence ရှိလာတယ်ဆိုတဲ့သဘောဖြစ်ပါတယ်။
Bridge တွေသည် OSI model ၏ data link layer မှာအလုပ်လုပ်ကြပါတယ်။ ဒါကြောင့် layer 2 device လို့လည်းခေါ်ဆိုကြပါတယ်။ယနေ့ network တွေမှာတော့ bridge အသုံးပြုမှုသည် အတော်လေးနည်းပါးသွားပါပြီ။သို့သော်ငြားလည်း bridge တို့ရဲအခြေခံလုပ်ဆောင်မှုလောက်ကိုတော့သိထားဘို့လိုအပ်လှပါတယ်။

Kaspersky KIS & KAV Latest keys တွေလိုချင်ရင် ဒီကို နှိပ်
Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင်မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 26-01-2008, 09:26 PM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

Switch

အခြေခံအားဖြင့် switch ဆိုတာport များစွာပါရှိသည့် bridge တစ်မျိုးဖြစ်ပါတယ်။လုပ်ဆောင်ပုံကိုကြည့်မယ်ဆိုရင်လည်း bridge တို့နှင့်ဆင်တူပြီး data link layer မှာပင်အလုပ်လုပ်ကြပါတယ်။ switch မှာပါရှိတဲ့ port တစ်ခုစီသည် ကိုယ်ပိုင် collision domain တစ်ခုကိုကိုယ်စားပြုပါတယ်။ဒါကြောင့် switch port တစ်ခုမှာတပ်ဆင်ထားသော ကွန်ပျူတာသည် ကျန် port တွေမှာ တပ်ဆင်ထားသောကွန်ပျူတာတွေနှင့် bandwidth ကိုမျှဝေ အသုံးပြုစရာမလိုပါဘူး။ switch တပ်ဆင်ထားသောကွန်ပျူတာ တိုင်းသည် bandwidth ကိုအပြည့်အ၀ အသုံးပြုခွင့်ရကြပါတယ်။


ဒါ့အပြင် switch တွေသည် မိမိထံမှာချိတ်ဆက်တပ်ဆင်ထားသော device တို့၏ MAC address တို့ကို ၎င်း device တပ်ဆင်ထားသော port နံပါတ်တို့နှင့်အတူယှဉ်တွဲမှတ်သားထားပါတယ်။ ဒါ့အပြင် port တစ်ခုကနေ ၀င်လာတဲ့ frame တွေကို forward လုပ်တဲ့နေရာမှာ ရည်ရွယ်ရာ device တစ်ခုတည်းသို့သာဦးတည်ပေးပို့နိုင်ကြသည့်အတွက် network အတွင်းမလိုလားအပ်သောလမ်းကြောင်းပိတ်ဆို့မှုများကိုရှင်းလင်းဖယ်ရှားနိုင်ပါတယ်။
အဲ့ဒီလို network performance ကိုတိုးမြှင့်စေနိုင်ခြင်းဆိုတဲ့ အချက်တွေကြောင့်လည်း switch တွေကိုမဖြစ်မနေ ထည့်သွင်းအသုံးပြုရမည့် device တစ်ခုအဖြစ် သဘောထားလာပြီ လို့ဆိုရလောက်အောင် လူသုံးများလာ ကြပြီဖြစ်တယ်။ အပြန်အလှန်အားဖြင့် အသုံးများတွင်ကျယ်လာခြင်းနှင့်အတူ ဈေးနှုံးမှာလည်း hub တို့နှင့်နှိုင်းယှဉ်နိုင်လောက်အောင် တဖြေးဖြေးကျဆင်းလာနေသည့်အတွက် ယနေ့ network အများစုတို့မှာ hub တို့၏
နေရာတွင် switch တွေကိုအသုံးပြုလာနေကြပြီဖြစ်ပါတယ်။




Kaspersky KIS & KAV Latest keys တွေလိုချင်ရင် ဒီကို နှိပ်
Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင်မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 26-01-2008, 09:33 PM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

Router

Bridge တွေသည် data link layer မှာအလုပ်လုပ်ကြသည့်အတွက် physical layer တွင် အလုပ်လုပ်သော repeater တွေထက် layer ပိုမြင့်သလို အသိဥာဏ်လည်းပိုပါတယ်။ဆိုရရင် repeater တွေကဲ့သို့ signal တွေထဲမှာ ဘယ်လို information (ဥပမာ MAC ၊ IP၊ data) တွေပါသလဲဆိုတာကိုလုံးဝမသိဘဲဝင်လာသမျှကိုအခြားတစ်ဖက်port ဆီ
Forward လုပ်ခြင်းမဟုတ်ပါဘူး။ ၀င်လာတဲ့အထဲက destination MAC address ကိုဖတ်မယ်ပြီးရင် တဖက် port ဆီကိုဆက်လက် forward လုပ်သင့်မလုပ်သင့် ဆုံးဖြတ်နိုင်ပါတယ်။
သို့သော် bridge တွေသည်လည်း MAC address လောက်ကလွဲပြီး frame ထဲမှာပါသည့် ကျန်တဲ့ information တွေကိုသိနိုင်စွမ်း မရှိပါဘူး ။Router တွေကတော့ network layer မှာအလုပ်လုပ်သည့်အတွက် IP address အထိ ဖတ်နိုင်ပါတယ်။ packet တစ်ခုဝင်လာပြီ ဆိုရင် destination IP address ကိုဖတ်ပြီး ဘယ် network ဆီသို့ လွှဲပေးရလဲဆိုတာကို သိကြပါတယ်။ ပြီးရင် အဲ့ဒီ network သို့အမြန်ဆုံးရောက်နိုင်မယ့် လမ်းကြောင်းကို ရွေးချယ် ဆုံးဖြတ်ပြီး ပေးပိုနိုင်ကြပါတယ်။
Router တစ်လုံးမှာဆိုရင် ပုံမှန်အားဖြင့် processor ၊operating system ၊ memory ၊ input output connector များနှင့် console port တို့ပါရှိပါတယ်။


Console port ဆိုတာကတော့ routing table ရေးခြင်း password ထည့်ခြင်းအစရှိတဲ့ management ကိစ္စများကိုရပ်ဖို့ရန် ကွန်ပျူတာနှင့်ချိတ်ဆက်ရသော port ဖြစ်ပါတယ်။ အဓိကအားဖြင့် modular နှင့် SOHO (small office home office ) ဆိုပြီး router နှစ်မျိုးရှိပါတယ်။


- Modular Router
Network Interface card များစွာစိုက်သွင်းတပ်ဆင်နိုင်ရန် slot များစွာပါရှိတဲ့ router ကို modular router လို့ခေါ်ပါတယ်။ ဆိုရရင် network interface လေးခုတပ်ဆင်နိုင်အောင် slot လေးခုပါပါက 4 slot modular router လို့ခေါ်ပါတယ်။ interface တစ်ခုသည် သီးခြား network ID တစ်ခုသာဖြစ်ပါတယ်။


- SOHO router
SOHO router မျိုးကတော့ ရှေ့က modular တွေလို configuration များစွာလုပ်စရာမလိုဘဲ သာမန်အိမ်သုံး ရုံးသုံး network ငယ်တွေမှာ အသုံးပြုနိုင်တဲ့ အမျိုးအစားဖြစ်ပါတယ်။အထူးသဖြင့် ADSL ၊ Broadband တို့ဖြင့်
အင်တာနက် ချိတ်ဆက်တဲ့ network တွေမှာ internet gateway အဖြစ်အသုံးပြုကြပါတယ်။ ဒီ router တွေသည် network ၂ ခု ကိုသာလျှင် route လုပ်ပေးနိုင်ပါတယ်။ ဆိုရရင် တဖက်က ISP network (WAN) နှင့် တဖက်က မိမိရဲ့ network (LAN) တို့ဖြစ်ကြပါတယ်။








Kaspersky KIS & KAV Latest keys တွေလိုချင်ရင် ဒီကို နှိပ်
Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင်မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 26-01-2008, 09:37 PM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့


Brouters
Brouters ဆိုရာမှာ B ဆိုတာက Bridge ကိုဆိုလိုချင်တာပါ။ဒီတော့ရှင်းနေပြီ။အဲ့ဒီပစ္စည်းက Bridge နှင့် Router ပေါင်းထားတာလို့ပြောလို့ရတယ်။တကယ်တော့ Brouter ဆိုတာ Router မှာနောက်ထပ် Bridge Function ထပ်ဆောင်းထားတာပါ။ Brouter တွေဟာ network Protocol Information တွေကို အခြေခံပြီး Data Backup တွေ သယ်ယူပို့ဆောင်တာပါ။အကယ်၍ Support မလုပ်တဲ့ Protocol တွေအတွက် Brouter ထဲက Bridge က Bridge တွေရဲ့ ထုံးစံအတိုင်း Node တွေရဲ့ Address နှင့် Data Packets တွေကိုပို့ဆောင်ပေးပါတယ်။



ထပ်မံရှင်းပြရရင်တော့ဗျာ။ Brouter ဟာဦးတည်ရာလိပ်စာပါတဲ့ Routable Packet ကိုအကောင်းဆုံးလမ်းကြောင်းနှင့်ပို့ဆောင်နိုင်ဖို့ Router သကဲ့သို့အလုပ်လုပ်ဆောင်ပါတယ်။ဒါပေမယ့် Brouter ဟာ Router လုပ်မပေးနိုင်သော Packet တစ်ခုလက်ခံရရှိချိန်မှာ ပုံမှန် Router တွေသကဲ့သို့ပယ်ဖျက်ခြင်းမပြုဘဲ Brouter ဟာ Bridge ပုံစံသကဲ့သို့အလုပ်လုပ်ပြီး Packet ရဲ့ Hardware Address အတိုင်း Packet ကိုပေးပို့ပါတယ်။ ဒီလိုလုပ်နိုင်ဖို့ရာ Brouter ဟာ hardware Address တွေပါဝင်သော Bridging Table ရော Network Address တွေပါသော Routing table ရောကိုပါ တည်ဆောက်ရပါတယ်။
Brouters အထူးသဖြင့် Hybrid Networks တွေဖြစ်တဲ့ Routable (လွှဲနိုင်သည်ရော) NonRoutable Protocols (မလွဲနိုင်သည်ရော)စတဲ့ရောကျော်ဖြစ်နေတဲ့ Network တွေမှာ အထူးအသုံးဝင်ပါတယ်။ ဥပမာပြောရရင် TCP/IP နှင့် NetBEUI နှစ်ခုသုံးထားတဲ့ Network မှာ Traffic ကိုစစ်ထုတ်ချင်တယ်ဆိုရင် Brouter အသုံးပြုခြင်းဖြင့် TCP/IP Packets တွေကိုလိုရာအရပ်သို့ Router Function ဖြင့်ပို့ဆောင်ပေးနိုင်မည့်အပြင် NetBEUI Packets တွေကြပြန်တော့ Bridge Function ဖြင့်လိုရာသို့ပို့ဆောင်ပေးနိုင်ပါသည်။





Kaspersky KIS & KAV Latest keys တွေလိုချင်ရင် ဒီကို နှိပ်
Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင်မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 26-01-2008, 09:40 PM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

Gateways အကြောင်း

Gateways ဆိုတာကတော့ မတူညီတဲ့ Data Function ဒါမှမဟုတ် မတူညီတဲ့ Network နည်းပညာနှစ်ခုအကြား အချက်အလက်တွေကို ဘာသာပြန်ပေးနိုင်မယ့် ရှုပ်ထွေးနက်နဲတဲ့ Network သုံးပစ္စည်းတစ်ခုပါ ဘဲ။ ဥပမာပြောရရင် Gateway ဟာ SNA(System Network Architecture) သုံးထားတဲ့ IBM Mainframe System နှင့် TCP/IP LAN အကြား Network ဆက်သွယ်မှုကိုပြုလုပ်ပေးနိုင်ပါတယ်။ နောက် ဥပမာတစ်ခုထပ်ပြောရမယ်ဆိုရင်တော့ Internet ကိုအသုံးပြုပြီး Microsoft Mail ကနေ SMTP လို့ဆိုတဲ့ Simple Mail Transport Protocol ကိုပြောင်းပေးနိုင်တဲ့ စနစ်လည်းဖြစ်ပါတယ်။
ထပ်ရှင်းပြမယ်နော်။ Routers တွေက OSI Model ရဲ့ Network Layer မှာအလုပ်လုပ်တာဖြစ်တာကြောင့် Packets တွေကို မတူညီတဲ့ network နည်းပညာသုံးထားတဲ့ ဥပမာ Ethernet ကနေ Token Ring ဆီကိုပေးပိုဆိုပေး ပို့နိုင်ပါတယ်။ ဒါပေမယ့် Same Protocol (Protocol တူရမယ်) Ethernet, Token Ring ရောဟာတူညီတဲ့ Protocol ကိုဘဲသုံးထားရမယ်။ Gateways ကြတော့ Protocol မတူလည်း Packet တွေကို Route လုပ်ပေးနိုင်ပါတယ်။ Routers တွေဟာ Data တွေကိုမတူညီတဲ့ Frame အဖြစ်ပြန်လည်ထုပ်ပိုး နိုင်တယ်ဆိုခဲ့တယ်။ Gateways ကြတော့ Data ရဲ့ တကယ့် Format ကိုတောင်ပြောင်းလဲပစ်နိုင်ပါတယ်။
Gateway ဟာ PC ကနေ Mainframe ကွန်ပျူတာအထိတောင်ချိတ်ဆက်နိုင်ပါတယ်။ ဒါပေမယ့် အများစု Gateway တွေကတော့ သေးငယ်တဲ့ Network တွေမှာဘဲတွေ့ရတတ်ပါတယ်။ Gateway ဟာ NetBEUI ဒါမှမဟုတ် TCP/IP အဲ့ဒီအပြင် Apple Talk အားလုံးကို Translation လုပ်နိုင်ပါတယ်။ Packet တွေဟာ Gateway ကိုရောက်ရှိချိန်မှာ အဲ့ဒီ Packets ရဲ့ Raw Data ကလွဲလို့ အားလုံးသော network information တွေကိုဖယ်ရှားလိုက်ပါတယ်။ ပြီးတော့မှ Gateway ဟာ Data တွေကို ဘာသာပြန် ၊ပုံစံအသစ် New Format ပြုလုပ်ကာ OSI အလွှာအတိုင်း ပြန်ဆင်းပြီးပေးပို့ရမယ့်ကွန်ပျူတာ (Destination System)ရဲ့ Network Protocol ကိုသုံးပြီး ပြန်ပို့ ပေးပါတယ်။ ဘာဖြစ်လို့ OSI ကိုအတက်အဆင်းလုပ်ရလဲဆိုတော့ Gateway က data တွေကို translate လုပ်ရာမှာ ယေဘုယျအားဖြင့် OSI Model ရဲ့ Upper အလွှာတွေမှာအလုပ်လုပ်တာဖြစ်တယ်။ ဥပမာ Application အလွှာပေါ့။ဒါပေမယ့် အချို့ Gateway တွေကတော့ Network ဒါမှမဟုတ် Session Layer မှာတင် Translate လုပ်နိုင်ကြပါတယ်။
Gateway ဟာ ယေဘူယျအားဖြင့် အခြား Network ပစ္စည်းတွေထက် Install လုပ်ရတာခက်ခဲတယ်။ နှေးကွေးတယ်။ ကုန်ကျစရိတ်လည်းပိုများတယ်။



Kaspersky KIS & KAV Latest keys တွေလိုချင်ရင် ဒီကို နှိပ်
Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 26-01-2008, 09:47 PM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

Network Standards



1980 ပြည့်ဖေဖော်ဝါရီလတွင် IEEE သည် networking standard တွေကိုသတ်မှတ်ရန်အတွက် ကော်မတီတရပ်ကို ဖွဲ့စည်း ပြီး 802 project ကိုစတင်ဖော်ဆောင်ခဲ့ပါတယ်။ ၎င်း ကော်မတီမှသတ်မှတ်ထားသော standard တစ်ခုစီသည် ရှေ့တွင် 802 ဖြင့်စပါတယ်။ 802 ဆိုတာကတော့ ကော်မတီဖွဲ့စည်း သည့် 1980(90) ဖေဖော်ဝါရီ(2) ကို ရည် ညွှန်းပါတယ်။ 802 standards တစ်ခုစီရဲ့နောက်တွင် . (dot) ပါပြီး ၎င်း .(dot)နောက်တွင် ဂဏန်းတစ်လုံး(သို့) နှစ်လုံးပါတတ်ပါတယ်။ (ဥပမာ- 802.3၊ 802.11) တို့ကိန်ဂဏန်းတွေသည် 802 အောက်တွင် ရှိသော သီးခြား standard တစ်ခုစီကိုရည်ညွှန်းပါတယ်။
Standard တစ်ခုစီသည် network speed ၊ access method အသုံးပြုရမည့် cable အမျိုးအစား ၀ယ်ယူရမည့် NIC အမျိုးအစား ၊ Topology အစရှိသည့် တို့ကိုသတ်မှတ်ပေးပါတယ်။ ယနေ့ အချိန်ထိအောင် IEEE ( I triple E)မှသတ်မှတ်ပေးထားသော network standard ဆယ့်နှစ်မျိုး ရှိပါတယ်။ အဲ့ဒီ standard တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။


IEEE 802 Networking Standards



Standard Topic

802.1 LAN/MAN Management (and Media Access Control Bridges)
802.2 Logical Link control
802.3 CSMA/ CD
802.4 Token Bus
802.5 Token Ring
802.6 Distributed Queue Dual Bus(DQDB) Metropolitan Area Network(MAN)
802.7 Broad band Local Area Networks
802.8 Fiber-Optic LANs and MANs
802.9 Isochronous LANs
802.10 LAN/MAN Security
802.11 Wireless LAN
802.12 Demand Priority Access Method
802.15 Wireless Personal Area Network
802.16 Wireless Metropolitan Area Network
802.17 Resilient Packet Ring
802.18 LAN/MAN Standards Committee


အဲ့ဒီထဲက အချို့ကိုယနေ့ထက်တိုင်အောင် အသုံးပြုနေကြဆဲဖြစ်သလိုအချို့ကတော့အသုံးမပြုသလောက်နည်း
နေပြီဖြစ်ပါတယ်။ယနေ့ network တွေ တည်ဆောက်တဲ့နေရာမှာအဓိကအားဖြင့်IEEE 802.3(Ethernet) ၊IEEE 802.5(Token Ring) ၊ 802.11 (Wireless) တို့သုံးမျိုးထဲမှ ရွေးချယ်နိုင်ပါတယ်။ဒါပေမယ့် Ethernet သည် အသုံးများဆုံးဖြစ်ပါသည်။ ဘယ်လောက်အထိအသုံးများ သလဲဆိုလျှင် ယနေ့ network ရယ်လိုဆိုလိုက်တာနှင့် Ethernet ပင်ဖြစ်ပါလိမ့်မည် ။အောက်မှာတော့ 802.3 နှင့် 802.5 ကိုဘဲရှင်းပြသွားမှာဖြစ်ပါတယ်။ 802.11(Wireless)
ကိုတော့ နောက်ဆုံးပိုင်းကြမှဘဲဆက်ရှင်းပါတော့မယ်။

ကဲစလိုက်ကြရအောင်--

Ethernet (802.3)

Ethernet ကို 1970 ပြည့်နှစ် တွင် Xerox corporation မှစတင်ဖော်ဆောင်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ DEC ၊ Intel၊ နှင့် Xerox တို့သုံးဦးပေါင်းပြီး ပိုမိုဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ခဲ့ကြတယ်။ အဲ့ဒီအချိန်တုန်းကတော့ ထိုကုမ္ပဏီ သုံးခုတို့၏ ရှေ့စာလုံးသုံးခုပေါင်းပြီး DIX Ethernet လို့ခေါ်ဆိုခဲ့ကြတယ်။ထိုအစောဆုံး Ethernet version မှာဆိုရင် coaxial cable ကိုသုံးပြီး 3Mbps ဖြင့် လုပ်ဆောင်နိုင်ပါတယ်။ သိပ်မကြာခင်မှာပင် 10Mbps သို့ရောက်ရှိခဲ့ပါတယ်။ 1980 ပြည့်နှစ်ရောက်တဲ့အခါမှာ တော့ IEEE ၏ 802 project ကော်မတီမှ Ethernet ကို 802.3 လိုသတ်မှတ်ခဲ့ပါတယ်။
၎င်း 802.3 standard ကိုပင်လွန်ခဲ့သည့် ဆယ်စုနှစ်(၂)ခုအတွင်း Ethernet version အမျိုးမျိုးတို့ဖြင့် ပြုပြင်ပြောင်းလဲအသုံးပြုခဲ့ကြသည့်အတွက် အခေါ်အဝေါ်တွေမှာ အနည်းငယ်ရှုပ်ထွေးမှုရှိခဲ့ပါတယ်။ version ပြောင်းတာနဲ့အမျှ အဓိကပြောင်းလဲမှုရှိတာက speed ပင်ဖြစ်ပါတယ် ဆိုရရင် 3Mbps ဖြင့်စခဲ့တဲ့ Ethernet သည်လွန်ခဲ့သည့် ၁၀ နှစ်တာကာလအတွင်း (1990) မှာ 100Mbps ၊ 1000Mbps (Gbps) ထိအောင် တိုးတက်လုပ်ဆောင်နိုင်ခဲ့ပြီး ယနေ့အချိန်မှာတော့ fiber cable တွေကို အသုံးပြုပြီး 10 Gigabit Ethernet အဖြစ်အသုံးပြုနေနိုင်ပြီဖြစ်ပါတယ်။

အဲ့ဒီလိုတိုးတက်ပြောင်းလဲမှုပေါင်းများစွားဖြင့် speed အမျိုးမျိုးတို့ဖြင့် Ethernet version အမျိုးမျိုးပြောင်းလဲခဲ့သော်လည်း Ethernet တွေမှာမပြောင်းလဲနိုင်တဲ့အရာတစ်ခုရှိပါတယ်။အဲ့ဒါကတော့ Ethernet standard တွေကိုလိုက်နာအသုံးပြုတဲ့ network မှာရှိတဲ့ ကွန်ပျူတာတွေတစ်လုံးနှင့်တစ်လုံး ဘယ်လိုဆက်သွယ်လုပ်ဆောင်ကြမလဲဆိုတဲ့ access method ဖြစ်ပါတယ်။ ethernet network တွေမှာ အသုံးပြုတဲ့ access method ကို CSMA/CD လို့ခေါ်ပါတယ်။ CSMA /CD ရဲ့ အဓိကလုပ်ဆောင်ပုံတွေကို ခြုံငုံမိအောင် ဦးစားပေးရှင်းလင်းဖော်ပြသွားမှာဖြစ်ပါတယ်။

CSMA /CD တွင် ကွန်ပျူတာတစ်လုံးမှ data ပို့လိုတဲ့အခါပထမဦးစွာ transmission media လို့ခေါ်တဲ့ cable ပေါ်မှာ အခြားကွန်ပျူတာတစ်လုံးလုံးမှ transmit လုပ်ထားသော signal (carrier) တွေရှိမရှိဆိုတာကိုထောက်လှမ်း(sense) ရပါတယ်။ မအားဘူးဆိုရင် ခေတ္တစောင့်ဆိုင်းပြီးနောက်တစ်ကြိမ် ထပ်မံထောက်လှမ်းရပါတယ်။ အားသွားပြီဆိုမှ မိမိပို့လိုက်တဲ့ data တွေကို စတင် transmit လုပ်နိုင်မှာဖြစ်ပါတယ်။ ဒီအထိ သည် carrier sense ဖြစ်ပါတယ်။
သဘောကတော့ transmission media အားနေတယ်လို့ ထောက်လှမ်းသိရှိပြီးဆိုတာနှင့် မည်သည့်ကွန်ပျူတာကနေမဆို transmit လုပ်နိုင်ကြပါတယ်။( multiple access ဖြစ်ပါတယ်။) အကယ်၍များ network အတွင်းမှာရှိတဲ့ ကွန်ပျူတာနှစ်လုံးသည် တစ်ချိန်တည်း တစ်ပြိုင်နက် transmission media ကိုထောက်လှမ်းမယ် ။ transmission media ပေါ်မှာဘာ signal တွေ တစ်ခုနှင့်တစ်ခုထပ်သွားပြီး ပုံသဏ္ဍာန်ပျက်ယွင်းသွားကာ ဘာကိုဆိုလိုသလဲဆိုတာကိုအဓိပ္ပာယ်ဖော်မရတော့ပါ။ အဲ့ဒီဖြစ်စဉ်ကို collision လို့ခေါ်ပါတယ်။

CSMA/CD ၏နောက်ဆုံးအပိုင်းဖြစ်တဲ့ CD (collision detection) သည် collision ဖြစ်တာကိုအမြန်ဆုံးသိရမယ်။ သိပြီးတဲ့အခါ ဘယ်လိုဆက်လက်ဖြေရှင်းမလဲဆိုတဲ့နည်းလမ်းကိုရည်ညွှန်းပါတယ်။ ဆိုရရင် ကွန်ပျူတာတစ်လုံးသည်မိမိ transmit လုပ်လိုက်တဲ့ data တွေ collide ဖြစ်သွားပြီလို့သိတာနှင့် ချက်ချင်းရပ်လိုက်ကာ အချိန်တစ်ခုစောင့်ဆိုင်းပြီးမှ ပြန်လည် transmit လုပ်ကြပါတယ်။ အဲ့ဒီ wait and retransmission လုပ်ငန်းစဉ်ကို data ပေးပို့ခြင်းလုံးဝအောင်မြင်သည်အထိ ထပ်ခါတလဲလဲ လုပ်ဆောင်ကြပါတယ်။

Ethernet Feature
Speed 10Mbps, 100Mbps,(Fast Ethernet), 1000Mbps(Gigabit Ethernet)and
10,000 Mbps(10G Ethernet)
Access Method CSMA/CD
Topology Star,bus(bus is not widely use today)

Media Copper wire and fiber –optic cable



Token Ring (802.5)

ယနေ့အချိန်မှာတော့ ring network တွေတည်ဆောက်အသုံးပြုမှုနည်းပါးလာခြင်းနှင့်အတူ token ring ကိုအသုံးပြုမှုသည်လည်းအတော်လေးကိုနည်းပါးလာနေပါတယ်။ ဒါပေမယ့်လည်း networking ကိုလေ့လာတဲ့နေရာမှာသိထားသင့်သော access method တစ်ခုဖြစ်ပါတယ်။ token ring ကို 1980 ၀န်းကျင်ခန့်က IBM ကစတင်ဖော်ဆောင်ခဲ့ပြီး 1988ခုနှစ်မှာတော့ IEEE/ANSI တို့မှ 802.5 လို့သတ်မှတ်ခဲ့ကြပါတယ်။ 1990 ပြည့်နှစ်အစောပိုင်းကာလတွေတုန်းက ethernet နှင့်အပြိုင် လူသုံးများသော access method တစ်ခုလည်းဖြစ်ပါတယ။်အဲ့ဒီအချိန်လောက်မှာဘဲ ကုန်ကျစရိတ် သက်သာခြင်း speed ပိုမြန်ခြင်းတို့တွင် ethernet သည်လျှင်မြန်စွာဖွံ့ဖြိုးတိုးတက်လာခဲ့သည့်အတွက် token ring သည်နောက်ကောက်ကျခဲ့ရပါသည်။
Token ring network တွေမှာဆိုရင် ကွန်ပျူတာတစ်လုံးနှင့်တစ်လုံး သို့ data ပေးပို့ရယူကြရန် token လို့ခေါ်သည့် 3 bytes အရွယ်အစားရှိ packet ကိုအသုံးပြုကြရပါတယ်။ ၎င်း token သည် free နှင့် busy ဆိုတဲ့ အခြေအနေ နှစ်ခုထဲမှ တစ်ခုမှာ အမြဲတမ်းရှိနေပါတယ်။ network အတွင်း ရှိမည်သည့် ကွန်ပျူတာကမှ transmit လုပ်ဖို့မရှိဘူးဆိုရင် ၎င်း token သည် စက်ဝိုင်းပုံ ring တစ်လျှောက် အဆက်မပြတ် လှည့်ပတ်နေပါလိမ့်မယ် ။အဲ့ဒီ အခြေအနေမှာဆိုရင် token သည် free token ဖြစ်ပါတယ်။ ကွန်ပျူတာ တစ်လုံသည် transmit လုပ်ဖို့ရန် ရှိလာပြီဆိုရင် free token ကို လက်ဝယ်ရရှိအောင် စောင့်ဆိုင်းရယူရပါသည်။ free token ကိုလက်ဝယ် ရရှိပြီဆိုရင် header ၊ data ၊ trailer တို့ကိုထည့်သွင်းပြီး frame တစ်ခုအဖြစ်သို့ ပြောင်း၍ ring ပေါ်သို့ တင်ပေးလိုက်ပါတယ်။ အဲ့ဒီအခြေအနေမှာဆိုရင် busy token ဖြစ်သွားပါပြီ။



ဥပမာ- ပုံမှာရှိတဲ့ ကွန်ပျူတာ A သည်ကွန်ပျူတာ C ထံသို့ data ပေးပို့ရန် free token ကို ရယူလိုက်ပါတယ်။ အဲ့ဒီနောက်မှာ ကွန်ပျူတာ C ၏ လိပ်စာထည့်သွင်းပြီး busy token အဖြစ်ပြောင်း၍ ring ပေါ်သို့ တင်ပေးလိုက်ပါတယ်။ ကွန်ပျူတာ B သို့ရောက်ရှိတဲ့အခါ token ထဲတွင်ပါလာသော destination address ကိုကြည့်၍ မိမိအတွက် မဟုတ်ဘူးဆိုတာသိရှိပြီး token ကို ring ပေါ်သို့ ပြန်တင် ပေးလိုက်ပါတယ်။
ကွန်ပျူတာ C သို့ရောက်ရှိလာတဲ့အခါမှာတော့ မိမိအတွက် ဆိုတာသိရှိပြီး token ထဲတွင် ပါလာသော data များကို မိတ္တူကူးပါလိမ့်မယ်။ရယူပြီးသွားတဲ့အခါမှာ လက်ခံရရှိပါတယ် ဆိုတဲ့ ACK (acknowledgement) ကို ၎င်း token ထဲထပ်ပေါင်းထည့်ပြီး ring ပေါ်သို့ပြန်တင်ပေးလိုက်ပါတယ်။ထို busy token သည် ကွန်ပျူတာ D ကို ဖြတ်ပြီး မူလပေးပို့သူ ကွန်ပျူတာ A ထံသို့ ပြန်လည်ရောက်ရှိသွားပါလိမ့်မယ်။အဲ့ဒီအခါကွန်ပျူတာ A မှ မိမိပို့လိုက်သည့် token သည် network တစ်ပတ်ပြည့်အောင် သွားပြီးပြီဆိုတာသိရှိပြီး data များကိုဖျက်၍ free token အဖြစ် ring ပေါ်သို့ပြန်တင်ပေးလိုက်ပါတယ်။
နောက်ထပ် install လုပ်မည့်သူမရှမခြင်း ၎င်း free token သည် networking တစ်လျှောက် အဆက်မပြတ်လှည့်ပတ်နေပါလိမ့်မည်။ token passing ရဲ့လုပ်ဆောင်နေပုံ ကိုစဉ်းစားကြည့်မယ်ဆိုရင် token သည် ring တစ်လျှောက် အဆက်မပြတ် လှည့်ပတ်နေရသည့်အတွက် နှေးလိမ့်မယ်လို့ ထင်စရာရှိပါတယ်။ဒါပေမယ့် token သည်အလင်းအလျှင်၏ ၇၀ ရာခိုင်နှုန်းခန့်ဖြင့် လှည့်ပတ်နေသည့်အတွက် network တစ်ခုကိုတစ်စက္ကန့်တွင်အကြိမ်ပေါင်း တစ်သောင်းခန့် ပတ်နိုင်ပါတယ်။
Token ring ရဲ့ထူးခြားသိသာတဲ့အားသားချက်ကတော့ collision လုံးဝမဖြစ်နိုင်ခြင်းဖြစ်ပါတယ်။သို့သော် ပိုမိုကုန်ကျပါတယ်။ ဒါ့အပြင် ဆက်ကြောင်တစ်နေရာမှာ ချွတ်ယွင်းချက်ရှိနေပြီဆိုရင် network တခုလုံးလုံး သုံးမရဖြစ်စေတတ်တဲ့အားနည်းချက်တွေလည်းရှိပါတယ်။ token rintoken ring network တွေသည် 4 (သို့) 16 (သို့) 100 Mbps နှုန်းဖြင့်လုပ်ဆောင်နိုင်ပါတယ်။ အမြင့်ဆုံး 100 Mbps ဖြင့် လုပ်ဆောင်နိုင်သည့် token ring standard ကို HSTR (high –speed token ring )လို့ခေါ်ပါတယ်။ HSTR ကို twisted pair (သို့) fiber cable တို့သုံးပြီးတည်ဆောက်နိုင်ပါတယ်။





Kaspersky KIS & KAV Latest keys တွေလိုချင်ရင် ဒီကို နှိပ်
Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင်မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 26-01-2008, 10:18 PM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

Network Topology



အခြေခံအားဖြင့် topology ဆိုတာကကွန်ပျူတာတွေ ပရင်တာတွေအစရှိတဲ့ node တွေကိုဘယ်လိုနေရချပြီးnetwork တစ်ခုတည်ဆောက်ထားသလဲဆိုတဲ့ အခင်းအကျင်းပုံသဏ္ဍာန်ပင်ဖြစ်ပါတယ်။တစ်နည်းအားဖြင့် network တစ်ခုရဲ့မြေပုံတစ်ခုလို့လည်းဆိုနိုင်ပါတယ်။ topology ၄ မျိုးရှိပါတယ်။
- BUS
- STAR
- RING
- MASK
တို့ဖြစ်ကြပါတယ်။ အချို့သော network တွေကို အဲ့ဒီလေးမျိုးထဲက ၂ မျိုးဖြစ်စေ ၃ မျိုးနဲ့ဖြစ်စေပေါင်းစပ်တည်ဆောက်ထားခြင်းမျိုးလည်းရှိပါတယ်။အဲဒီလို ကပြား network မျိုးတွေကို hybrid topology network လို့ခေါ်ဆိုနိုင်ကြပါတယ်။
Network တစ်ခုကိုတည်ဆောက်ဖို့ရန်ပုံစံမထုတ်ခင်မှာဖော်ပြခဲ့တဲ့ topology လေးမျိုးအကြောင်းကိုသိထားဘို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ topology ပြောင်းတာနဲ့ network အမျိုးအစား(ethernet ၊ token ring) အသုံးပြုရမည့် cable နှင့် သွယ်တန်းချိတ်ဆက်ထားရှိမှုအခင်းအကျင်းအစီအမံ connective device လို့ခေါ်တဲ့ switch နှင့် NIC အမျိုးအစား တို့မတူဘဲကွဲပြားခြားနားစွာ လိုအပ်ကြမှာဖြစ်ပါတယ်။ဒါအပြင် network မှာ ချွတ်ယွင်းချက် ရှိလာလို့ troubleshoot လုပ်ရန်ဘဲဖြစ်ဖြစ် network infrastructure ကိုပြောင်းလဲဖို့ရန် ကွန်ပျူတာတွေ ပရင်တာတွေ ထပ်တိုးတပ်ဆင်ဖို့ရန် လိုအပ်လာတဲ့ အခါမျိုးတွေမှာ network topology ကိုသိထားမှသာလျှင် ဖြေရှင်းနိုင်ကြမှာဖြစ်ပါတယ်။

BUS Topology
BUS သည်တစ်ချိန်တုန်းကတော့ အသုံးပြုမှုအများဆုံး network topology ဖြစ်ပြီးယနေ့အခါမှာတော့ အတော်လေးကိုတွေ့ရခဲတဲ့ topology မျိုးဖြစ်ပါတယ်။ BUS topology ဖြင့်တည်ဆောက်တဲ့အခါ network ရဲ့ တဖက်အစကနေ အခြားတစ်ဖက်အဆုံးအထိ ကန့်လန့်ဖြတ် cable (coaxial cable ) တစ်ချောင်းကိုသွယ်တန်းရပါမည်။ပြီးမှလိုတဲ့နေရာကနေ T-connector ၊ BNC –connector တို့ဖြင့် ကွန်ပျူတာတွေကိုချိတ်ဆက်တပ်ဆင်ရပါတယ်။ ၎င်းကျောရိုး single cable ကို BUS လို့ခေါ်ပါတယ်။ cable အမျိုးအစားကတော့ coaxial cable ဖြစ်ပါတယ်။

အဲ့ဒီလို cable တစ်ချောင်းတည်းဖြင့်ကွန်ပျူတာတွေအားလုံးကိုချိတ်ဆက်ထားသည့်အတွက်ကွန်ပျူတာတစ်
လုံးနှင့်တစ်လုံး data တွေပေးပို့ဖလှယ်ကြတဲ့နေရာမှာ ၎င်း cable ကိုပင်အားလုံးမျှဝေ သုံးစွဲကြရပါတယ်။ ဒါကြောင့် အချိန်တစ်ခုတွင် ကွန်ပျူတာတစ်လုံးတည်းမှသာ transmit လုပ်နိုင်ကြပါတယ်။


ကွန်ပျူတာ တစ်လုံးမှအခြားတစ်လုံးဆီသို့ data ပို့မယ်ဆိုရင် ပို့လိုတဲ့ ကွန်ပျူတာမှ data တွေပို့လိုက်ပြီဆိုတာကို network ပေါ်မှာ broadcast လုပ်ပါတယ်။ broadcast လုပ်လိုက်သည့်အတွက်ကွန်ပျူတာတစ်လုံးမှ တစ်လုံးသို့ဖြတ်သန်းပြီး network ထဲမှာရှိတဲ့ ကွန်ပျူတာအားလုံးတို့ထံသို့ signal များရောက်ရှိလာမှာဖြစ်ပါတယ်။ဒါပေမယ့် အဲ့ဒီ signal တွေထဲမှာ ဘယ်ကွန်ပျူတာအတွက်သာဆိုတဲ့ လိပ်စာပါရှိသည့်အတွက် signal များကိုလက်ခံရရှိသော်လည်း မသက်ဆိုင်သည့်ကွန်ပျူတာများအနေနှင့်၎င်း signal တွေကို လစ်လျူရှုလိုက်မှာဖြစ်ပါတယ်။
သက်ဆိုင်ရာ ကွန်ပျူတာမှသာလျှင် signal တွေထဲမှာပါရှိတဲ့လိပ်စာကိုကြည့်၍ မိမိအတွက်ဆိုတာသိရှိပြီး data တွေကိုလက်ခံမှာဖြစ်ပါတယ်။ တနည်းဆိုရရင် BUS topology network မှာရှိတဲ့ကွန်ပျူတာတွေသည် cable (BUS) တလျှောက်signal တွေရွေ့လျားဖြတ်သန်းခြင်းနှင့်ပတ်သက်ပြီး မည်သည့်တာဝန်မှမရှိပါဘူး။ ၎င်းတို့ဆီ ဦးတည်ရောက်လာတဲ့ signal တွေကိုမိမိနှင့်ဆိုင်၊မဆိုင် သတိထားစောင့်ကြည့်ရုံသာဖြစ်ပါတယ်။
BUS network တွေရဲ့အစနှင့် အဆုံး(သို့) cable bus ရဲ့အစနှင့်အဆုံးနေရာတွေမှာ terminator လို့ခေါ်တဲ့ 50 ohm resistor တွေရဲ့အဓိကလုပ်ဆောင်မှုကတော့သူတို့ထံရောက်လာတဲ့ signal တွေကို cable ပေါ်ကနေပျောက်သွားအောင် အဆုံးသတ်ရှင်းထုတ်ပေးခြင်းဖြစ်ပါတယ်။ အကယ်၍များ terminator တွေသာ တပ်ဆင်မှုထားမှုမရှိဘူးဆိုရင် signal တွေသည် cable ရဲ့ အစွန်းနှစ်ဖက်ကြားမှာ အဆုံးမရှိရွေ့လျားဖြတ်သန်းနေပါလိမ့်မယ်။ ဒါဆိုရင် cable (bus) ပေါ်မှာ signal တစ်ခုရှိနေသမျှ ကာလပတ်လုံးနောက်ထပ် signal သစ်များကိုထပ်မံ transmit မလုပ်နိုင်တော့ပါ။ အဲ့ဒီဖြစ်စဉ်ကို signal bounce လို့ခေါ်ပါတယ်။
signal bounce ကိုပိုမိုသဘောပေါက်နားလည်အောင်အနီးစပ်ဆုံးဥပမာဆောင်ရရင် ပဲတင်သံ ဖြစ်နိုင်တဲ့လှိုဏ်ခေါင်းထဲမှာ လူနှစ်ယောက်ဟိုဘက်ဒီဘက်ရပ်ပြီး စကားအော်ပြောကြပုံနှင့်တူတယ်လို့ဆိုနိုင်ပါတယ်။ တဖက်ကပြောတဲ့စကားသံတွေသည်ပဲ့တင်သံများဖြစ်ပေါ်နိုင်ပါတယ်။ ဒါဆိုရင် ရှေ့ကပြောခဲ့တဲ့ စကားသံကြောင့် ပဲ့တင်ထပ်ပြီး ဆူညံနေသည့်အတွက် အချိန်တစ်ခုကြာပြီးသည့်တိုင် နောက်ထပ် စကားပြောနိုင်ကြမှာမဟုတ်ပါ။ဒီနေရာမှာ ပဲ့တင်သံသည်ဘယ်တော့မှ အသံတိမ်မသွားနိုင်ဘဲ ဒီအတိုင်းဆက်မြည်နေမယ်လို့စဉ်းစားကြည့်မယ်ဆိုရင် နောက်ထပ်လည်းစကားဆက်ပြောနိုင်ကြတော့မည်မဟုတ်ပါ BUS network တွေမှာတော့အဲ့ဒီလိုပြဿနာမျိုးမဖြစ်ရလေအောင် terminator တွေသူတို့ဆီရောက်လာတဲ့ signal တွေ တနည်းဆိုရရင် ရှေ့က signal တွေကို အဆုံးသတ်ရှင်းလင်းဖယ်ရှားခြင်းဖြင့်နောက်ထပ် signal အသစ်များ transmit လုပ်စေနိုင်ပါတယ်။
BUS network တွေရဲ့အဓိက အားနည်းချက်ကတော့ ကွန်ပျူတာတွေထပ်တိုးတပ်ဆင်တာနှင့်အမျှ network ရဲ့လုပ်ဆောင်မြန်နှုန်းကျဆင်းလာခြင်းပင်ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ကွန်ပျူတာအားလုံးသည် bus တစ်ခုတည်းကိုမျှဝေသုံးစွဲရသည့်အတွက် တစ်လုံးက transmit လုပ်နေချိန်မှာ ကျန်တာတွေက စောင့်ဆိုင်းပြီး အလှည့်ကျ transmit လုပ်ရပါတယ်။ ဒါကြောင့် အရေအတွက်များလာတာနှင့် အမျှ transmit လုပ်မည့်ကွန်ပျူတာများလာမှာဖြစ်သလိုမိမိအလှည့်ကျဖို့ရန်အချိန်ပေးပြီး စောင့်ဆိုင်းရပါလိမ့်မယ်။ အဲ့ဒီလိုစောင့်ဆိုင်းရတာကို အသုံးပြုသူအနေနှင့်မသိနိုင်ပါဘူး။ data transfer လုပ်ရတာ နှေးတယ်လို့ ပဲခံစားရမှာဖြစ်ပါတယ်။
နောက်တမျိုးအားနည်းချက်ကတော့ cable ရဲ့ဘယ်နေရာမှာချွတ်ယွန်းချက်ရှိနေသလဲဆိုတာကို troubleshoot လုပ်ဖို့ရန် ခက်ခဲခြင်းဖြစ်ပါတယ်။ ဘာကြောင့်ခက်ခဲရသလဲဆိုတာကိုငယ်ငယ်တုန်းကနို့ဆီခွက်မှာ အပေါက်ဖေါက်ပြီးကြိုး
နှင့်တန်းပြီးလူလေးငါးယောက် ဆက်သွယ်စကားပြောကြတဲ့ တယ်လီဖုန်းဆက်ကစားနည်းနှင့်ယှဉ်ပြီးစဉ်းစားရအောင် ထိုကစားနည်းတွင် တစ်ဖက်အစွန် ပထမတစ်ယောက် ခွက်နားကပ်ပြီး အကြောင်းအရာတစ်ခုကိုခပ်တိုးတိုးပြောမယ်။ဒုတိ
ယလူကသူကြားတဲ့အတိုင်း တတိယတစ်ယောက်ကိုပြန်ပြောမယ်။အဲ့ဒီလိုနည်းနှင့် နောက်ဆုံးတစ်ယောက်နားထဲကို ရောက်မယ်ပေါ့။ တခါတလေမှာ ဒုတိယ၊တတိယ အစရှိတဲ့ ကြားလူတွေကကြားတာတွေကို နားလည်သလို ပြန်ပြောရင်းနဲ့ နောက်ဆုံးတစ်ယောက်ရောက်တဲ့အခါ ပထမဆုံးတစ်ယောက်ဘာပြောလိုက်သလဲဆိုတာကိုနားမလည်နိုင်
လောက်အောင်ဖြစ်တတ်ပါတယ်။ အဲ့ဒီဖြစ်စဉ်တွင် ဘယ်သူကြောင့် ဘယ်နေရာမှာ မှားသွားသလဲဆိုတာကို အဖြေရှာဖို့အတော်လေးခက်ပါလိမ့်မယ်။ BUS network တွေမှာလည်း ထိုနည်းလည်းကောင်းပါဘဲ။ ပို့တဲ့ကွန်ပျူတာကတော့ပို့လိုက်တာဘဲ။ လက်ခံတဲ့ကွန်ပျူတာရောက်တဲ့အခါမှာတော့ error occured လို့သာပြောနိုင်တယ်။ဘယ်နေရာ ဘယ် point ၏ချွတ်ယွင်းချက်ကြောင့်လဲဆိုတာကိုရှာဖွေဖို့ရန်ခက်ခဲတတ်ပါတယ်။

နောက်ဆုံးအားနည်းချက်ကတော့ BUS ရဲ့တစ်နေရာရာမှာဆက်သွယ်မှုပြတ်တောက်နေပြီဆိုတာနှင့် network တစ်ခုလုံးသုံးမရဖြစ်စေတတ်ပါတယ်။ အဲဒီလိုအားနည်းချက်တွေကြောင့်အခြား network တွေနဲ့ယှဉ်လျှင်ကုန်ကျစရိတ်သက်သာသော်လည်း ယနေ့အခါမှာတော့ အသုံးပြုမှုမရှိသလောက်နည်းပါးလာတာကိုတွေ့
ရပါတယ်။




Kaspersky KIS & KAV Latest keys တွေလိုချင်ရင် ဒီကို နှိပ်
Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင်မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 26-01-2008, 10:33 PM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

Ring Topology

Ring topology မှာဆိုရင်ကွန်ပျူတာတစ်လုံးစီသည် ဘေး ၂ ဘက်မှာရှိတဲ့အနီးဆုံးကွန်ပျူတာ ၂ လုံးစီသို့ cable ဖြင့်ချိတ်ဆက်သွယ်တန်းပြီး network တစ်ခုလုံးကိုစက်ဝိုင်းပုံဖြစ်အောင်နေရာယူချိတ်ဆက်ထားပါတယ်။ဆိုရရင် နောက်ဆုံးကွန်ပျူတာသည် ပထမဆုံးနေရာချထားသောကွန်ပျူတာနဲ့ပြန်လည်ချိတ်ဆက်ထားသည့်အတွက် BUS မှာကဲ့သို့ အစနှင့်အဆုံး ဆိုတာမရှိဘဲ network တစ်ခုလုံးသည် စက်ဝိုင်းပုံဖြစ်နေပါလိမ့်မယ်။ ring network တွေမှာ အသုံးပြုတဲ့ cable သည် twisted pair (သို့) fiber cable ဖြစ်ပါတယ်။ IEEE သတ်မှတ်ချက်အရ ring topology network တွေသည် 802.5 ဖြစ်တယ်။



Ring network ပေါ်မှာ data တွေကို transmit လုပ်တဲ့အခါစက်ဝိုင်းပတ်လမ်းတစ်လျှောက်နာရီလက်တံအတိုင်း
လားရာတဖက်တည်းသွားပါတယ်။ကွန်ပျူတာတစ်လုံးစီသည်မိမိနှင့်သက်ဆိုင်သော(၀ါ) မိမိထံလိပ်စာတပ်ထားသော data packet တွေကိုသာလက်ခံရယူပြီးမသက်ဆိုင်ပါက ဆက်လက် forward လုပ်ပေးပါတယ်။ အဲဒီလို forward လုပ်တဲ့နေရာမှာကွန်ပျူတာတစ်လုံးစီသည် repeater အဖြစ်ပါလုပ်ဆောင်သည့်အတွက် ring topology network ထဲမှာဆိုရှိတဲ့ ကွန်ပျူတာတွေသည် data ပို့လွှတ်ခြင်းကိုအားလုံးပူးပေါင်းဆောင်ရွက်ရတယ်လို့ဆိုနိုင်ပါတယ်။
အဲ့ဒီအချက်သည် bus topology နှင့်မတူတဲ့အချက်ဖြစ်ပါတယ်။ ဒါကြောင့် bus topology ကို passive topology လို့ခေါ်ပြီး ring topology ကို active topology လို့ခေါ်ကြတယ်။နောက်ထပ်မတူညီတဲ့အချက်က ring topology သည်အဆုံးအစမရှိသည့်အတွက် ပို့လွှတ်လိုက်တဲ့ data (busy token) တွေသည်မူလပေးပို့သည့်ကွန်ပျူတာဆီပြန်ရောက်တဲကအခါခရီးစဉ် အဆုံးသတ်ပါတယ်။
Ring network တစ်ခုမှာကွန်ပျူတာတွေကို တစ်လုံးနှင့်တစ်လုံး စီတန်းချိတ်ဆက်ပြီး network တစ်ခုလုံးကိုစက်ဝိုင်းပုံဖြစ်အောင်တည်ဆောက်ထားတယ်လို့ဆိုခဲ့ပါတယ်။သို့သော် ring network တစ်ခုကိုအပြင်ပန်းအ
ရကြည့်မယ်ဆိုရင် တည်ဆောက်ပုံမှာ star topology network တွေနှင့်အတူတူပင်ဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။ star topology network တွေနှင့်တူတယ်ဆိုရင်ဘယ်မှာစက်ဝိုင်းပုံရှိလို့တုန်းလို့မေးစရာရှိလာပါလိမ့်မယ်။
အပြင်ပန်းတည်ဆောက်ပုံအရတော့ star network တွေမှာ switch (သို့) hub တွေကိုဗဟိုထားပြီးကွန်ပျူတာတွေကလာရောက် ချိတ်ဆက်ကြသလို ring network တွေမှာလည်းထိုနည်းအတိုင်းဖြစ်သည့်အတွက်အတူတူဘဲလို့ထင်စရာရှိပါတယ်။ ဒါပေမယ့် star network တွေမှာ ethernet technology ကိုအသုံးပြုပြီး ring network မှာတော့ token ring technology ကိုအသုံးပြုပါတယ်။အဲ့ဒီကွာခြားချက်အရပင် star နှင့် ring network တွေမှာအသုံးပြုတဲ့ switch တို့ NIC တို့သည်လည်း မတူကြပါဘူး။ ethernet switch ၊ ethernet adapter (NIC) ၊ token ring switch (MAU ) ၊ token ring adapter (NIC) အစရှိသဖြင့်အမျိုးအစားမတူဘဲကွဲပြားကြပါတယ်။
Token ring switch တွေသည် ethernet switch တွေနှင့် ပုံသဏ္ဍာန်အရဆင်တူသော်လည်း အတွင်းပိုင်းမှာ data သွားတဲ့အခါရှေ့မှာ ဖော်ပြခဲ့သလိုပင်စက်ဝိုင်းပုံဖြစ်အောင်တည်ဆောက်ထားပါတယ်။ အောက်ဖော်ပြပါပုံတွင်ကြည့်ပါ။ လိုင်းတွေသည် cable များကို ရည် ညွှန်းပြီးအစက်ချထားတဲ့လိုင်းတွေကတော့ ဖြတ်သန်းစီးဆင်းပုံဖြစ်ပါတယ်။


Ring topology ရဲ့အဓိကအားနည်းချက်ကတော့ ကွန်ပျူတာတစ်လုံးပျက်ပြီဆိုရင် network တစ်ခုလုံးသုံးမရဖြစ်စေပါတယ်။ ဥပမာဆိုရရင် ကွန်ပျူတာ A ကနေ D ကို message တစ်ခုကိုပို့မယ်ဆိုပါစို့။ဒါဆိုရင် ကွန်ပျူတာ A မှ ပို့လိုက်သည့်  message သည် ကွန်ပျူတာ D သို့မရောက်ခင်ကြားမှာရှိတဲ့ ကွန်ပျူတာ B နှင့် C တို့မှ
NIC ၂ ခုကိုဖြတ်သန်းသွားရပါမယ်။ အကယ်၍များကွန်ပျူတာ B နှင့် C တို့ထဲက တစ်လုံးလုံးသည် ပုံမှန်လုပ်ဆောင်နိုင်မှုမရှိတော့ဘူးဆိုရင်ကွန်ပျူတာ A မှ ပို့လိုက်တဲ့ message သည်ကွန်ပျူတာ D ထံသို့ရောက်ရှိနိုင်တော့မည်မဟုတ်ပေ။ဒါအပြင် data transmit လုပ်တဲ့နေရာမှာ network အတွင်းရှိကွန်ပျူတာအားလုံးပါဝင်လုပ်ဆောင်ကြရသည့်အတွက် ကွန်ပျူတာ အရေအတွက်များလာတာနှင့်အမျှ အချိန်ပိုကြာလာတာကိုကြုံတွေ့နိုင်ပါတယ်။အဲ့ဒီလိုအားနည်းချက်တွေကြောင့် ယနေ့ network တွေမှာ ring topology ကိုအသုံးပြုမှုနည်းလာတာကိုတွေ့ရပါလိမ့်မယ်။





Kaspersky KIS & KAV Latest keys တွေလိုချင်ရင် ဒီကို နှိပ်
Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 26-01-2008, 10:44 PM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့


Mesh Topology





Mesh topology မှာဆိုရင်ကွန်ပျူတာတစ်လုံးစီကနေ network အတွင်းမှာရှိတဲ့အခြားကွန်ပျူတာအားလုံးစီကို
သီးခြား cable တစ်ချောင်းစီဖြင့် point –to –point ချိတ်ဆက်ထားပါတယ်။ ဥပမာဆိုရရင် ကွန်ပျူတာလေးလုံးကို full mesh ဖြင့်ချိတ်ဆက်မယ်ဆိုရင် connection အားလုံးဘယ်လောက်ရှိမလဲဆိုတာကိုအောက်ဖော်ပြပါပုံသေနည်းဖြင့်တွက်
ထုတ်နိုင်ပါတယ်။

စုစုပေါင်း connection အရေအတွက် = n(n-1)/2
= 4(4-1)/2
= 6

n သည်ကွန်ပျူတာအရေအတွက်ဖြစ်ပါတယ်။ဒါကြောင့် connection အားလုံး ၆ ခုရှိမှာဖြစ်ပြီး ကွန်ပျူတာတစ်လုံးစီမှာ (၀ါ) node တစ်ခုစီမှာ NIC ၃ ခုစီရှိမယ်လို့ အဓိပ္ပါယ်ရပါတယ်။ ကွန်ပျူတာအရေအတွက်များလာ
တာနဲ့အမျှ connection အရေအတွက်များလာမှာဖြစ်ပြီး network တည်ဆောက်မှုနှင့်စီမံခန့်ခွဲမှုကိစ္စတွေမှာ များစွာအခက်အခဲရှိနိုင်လာစေသော topology မျိုးဖြစ်ပါတယ်။
ဘာကြောင့်အသုံးပြုသလဲဆိုရရင်တော့သူရဲ့အားသာချက်ဖြစ်တဲ့ fault-tolerance မြင့်ခြင်းကြောင့်ဖြစ်တယ်
လို့ဆိုရမှာဖြစ်ပါတယ်။ point-to –point connection တစ်ခုမှာချွတ်ယွင်းချက်ရှိနေပြီဆိုရင် data သည်အခြား connection များမှဖြတ်သန်းပြီးရည်ရွယ်ရာnode ဆီသို့ရောက်အောင်ပေးပို့နိုင်ကြပါတယ်။ဥပမာ ကွန်ပျူတာ A၊ B၊ C သုံးလုံးပါတဲ့ mesh topology network တစ်ခုကိုကြည့်ရအောင်။


ကွန်ပျူတာ A မှ C သို့ message တစ်ခုပို့လိုက်တယ်ဆိုပါစို့။ အကယ်၍များ A နှင့် C ကြားမှာချိတ်ဆက်ထား
တဲ့ connection ပြတ်တောက်သွားမယ်ဆိုရင် A မှပို့လိုက်တဲ့ message များသည် B ဘက်ကနေပတ်ပြီး C ထံသို့ရောက်ရှိသွားမှာဖြစ်ပါတယ်။ အဲဒီလိုအခြား network မျိုးတွေထက်ပိုပြီး အမှားခံနိုင်မှုမြင့်မားသော်လည်း အခြားတစ်ဖက် ကကြည့်မယ်ဆိုရင် cable အများကြီးသုံးရမယ်။ကုန်ကျစရိတ်အလွန်များမယ်ပေါ့။ ဒါကြောင့် LAN တွေမှာအသုံးပြုမှု ဟာအတော်လေးကိုရှားပါတယ်။ LAN တွေကိုစုပေါင်းချိတ်ဆက်တဲ့ WAN တွေမှာသာ အသုံးပြုလေ့ရှိပါတယ်။



WAN ထဲမှာရှိတဲ့ site တစ်ခုကနေ အခြား site အားလုံးစီကိုတိုက်ရိုက်ချိတ်ဆက်မယ်ဆိုရင် full mex wan လို့ခေါ်ပါတယ်။ WAN ကြီးလာတာနှင့်အမျှကုန်ကျစရိတ်ကလည်းဆတိုးတက်လာမှာဖြစ်ပါတယ်။ကုန်ကျစရိတ်လျော့ချ
ရန်အတွက်မဖြစ်မနေ တကယ့်အရေးကြီးတဲ့ site တွေကိုဘဲ mesh topology ကို အသုံးပြုပြီး ကျန်တာတွေကို star topology တစ်ခုခုတို့ဖြင့်ချိတ်ဆက်လေ့ရှိကြပါတယ်။ အဲဒီလို network မျိုးတွေကို partial mesh topology လို့ခေါ်ပါတယ်။ ယနေ့အချိန်မှာတော့ ကုန်ကျစရိတ်သက်သာတဲ့ partial mesh topology ကိုအသုံးပြုမှုပိုများပါတယ်။




Kaspersky KIS & KAV Latest keys တွေလိုချင်ရင် ဒီကို နှိပ်
Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင်မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 26-01-2008, 10:48 PM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

Star topology


Star topology မှာဆိုရင် device အားလုံးတို့သည်ကိုယ်ပိုင်cable တစ်ချောင်းစီဖြင့် central device လို့ခေါ်တဲ့ switch (သို့) hub ဆီသို့ချိတ်ဆက်တပ်ဆင်ကြရပါတယ်။ အပြင်ပန်းအရကွန်ပျူတာတွေနေရာချထားပုံကိုကြည့်မယ်ဆိုရင်တစ်လုံးနှင့်တစ်လုံး ဘေးချင်းယှဉ်ပြီး ချထားတာမျိုးတွေ့နိုင်သလို အဆောက်အဦးအနှံ့ဟိုတစ်လုံး ဒီတစ်လုံး ဖြန့်ချတာမျိုးလည်းတွေ့နိုင်ပါတယ်။ မည်သို့ပင်ရှိနေစေပါစေ။ကွန်ပျူတာတစ်လုံးမှတစ်လုံးပေးပို့ရယူသမျှ data အားလုံးတို့သည် ဗဟိုပြုထားသော hub (သို့) switch ကိုဖြတ်သန်းသွားရပါတယ်။ star network တွေကိုတည်ဆောက်တဲ့နေရာမှာ twisted pair (သို့) fiber ကိုအသုံးပြုနိုင်ပါတယ်။ fiber cable ကိုအသုံးပြုတည်ဆောက်နိုင်တယ်ဆိုတာက သိထားရုံဖြစ်ပါတယ်။ star network အားလုံးနီးပါးတို့တွင် twisted pair ကိုအသုံးပြုတည်ဆောက်ကြပါတယ်။ အောက်ဖော်ပြပါပုံသည် star topology ကိုပုံဖော်ထားခြင်းဖြစ်သည်။


ကွန်ပျူတာတစ်လုံးအတွက် ကိုယ်ပိုင်သီးသန့် cable တစ်ချောင်းစီအသုံးပြုခြင်းဖြစ်သည့်အတွက်ကွန်ပျူတာတ
စ်လုံးမှာချွတ်ယွင်းချက်ရှိလာပြီဆိုရင် network ပေါ်ရှိအခြားကွန်ပျူတာများအပေါ်မှာမည်သည့်အကျိုးအပြစ်မှသက်ရော
က်မှုမရှိပါဘူး။ တနည်းဆိုရရင် ချွတ်ယွင်းချက်ရှိနေသည့် အဲ့ဒီကွန်ပျူတာကိုသာ network ပေါ်မှာအသုံးမပြု၍ မရနိုင်ဘဲ
ကျန်ရှိသောအခြားကွန်ပျူတာများကိုပုံမှန်အတိုင်းဆက်လက်အသုံးပြုရနိုင်ပါတယ်။
ဒါအပြင် အခြား user တွေအသုံးပြုနေမှုကိုအနှောက်အယှက်မဖြစ်စေဘဲ network တွင်းသို့ကွန်ပျူတာတွေ ထပ်တိုးခြင်း၊မလိုအပ်ဘဲ ကွန်ပျူတာတွေဖယ်ရှားခြင်း အစရှိသည့်စီမံခန့်ခွဲခြင်းလုပ်ငန်းများအားအလွယ်တကူ လုပ်ဆောင်နိုင်ကြပါတယ်။ trouble shooting နှင့်ပတ်သက်ရင်လည်း အခြားသော Ring ၊ BUS၊ Mash တွေနှင့်ယှဉ်ရင်ပို
မိုလွယ်ကူစေပါတယ်။ ဒါကြောင့် STAR သည်ယနေ့ လူသုံးအများဆုံး topology ဖြစ်ပါတယ်။ဘယ်လောက်အထိများသလဲဆိုရင် ယနေ့ network လို့ဆိုလိုက်တာနှင့် topology သည် star ပင်ဖြစ်ပါတယ်။



Kaspersky KIS & KAV Latest keys တွေလိုချင်ရင် ဒီကို နှိပ်
Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင်မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 26-01-2008, 10:49 PM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

Hybrid topology


သာမန်အိမ်သုံး network အသေးစားတွေကလွဲပြီးအတော်အတန်ကြီးတဲ့ network တွေမှာဆိုရင် topology တစ်မျိုးတည်းသီးသန့်သုံးပြီးတည်ဆောက်တာမျိုးကရှားပါတယ်။ star နှင့် BUS ပေါင်းမယ်။ star နှင့် ring ပေါင်းမယ် အစရှိသဖြင့် topology တွေကိုပေါင်းစပ်အသုံးပြုမှုကပိုများပါတယ်။ဥပမာ-အနေနှင့် star နှင့် bus ပေါင်းတဲ့network တစ်ခုကိုအောက်ပုံမှာလေ့လာနိုင်ပါတယ်။



Kaspersky KIS & KAV Latest keys တွေလိုချင်ရင် ဒီကို နှိပ်
Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 26-01-2008, 10:51 PM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

ခဏနားအုံးမယ်ဗျာ ဒါပြီးရင်Network Media(or) Transmission Media သင်ခန်းစာကို ဆက်လက်ဆွေးနွေးမယ်။

Kaspersky KIS & KAV Latest keys တွေလိုချင်ရင် ဒီကို နှိပ်
Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင်မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 28-01-2008, 02:56 PM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

Network Media(or) Transmission Media

Network အတွင်းမှာရှိတဲ့ကွန်ပျူတာတွေတစ်လုံးနှင့်တစ်လုံး data တွေကိုအပြန်ပြန်အလှန်လှန်ရယူလိုကြတဲ့နေရာမှာ
ကြားခံ media အမျိုးမျိုးကို အသုံးပြုလာကြတယ်။ copper ၊ glass နှင့် air တို့သည်အဓိကအသုံးများဆုံး transmission
Media တွေဖြစ်ကြတယ်။အဲ့ဒီသုံးမျိုးထဲကမှ ဟိုးယခင်ကနေယနေ့တိုင်အောင် network တွေကိုတည်ဆောက်အသုံးပြု
တဲ့နေရာမှာ copper ဖြင့်ပြုလုပ်ထားသော cable တွေကို အသုံးပြုမှုသည်အများဆုံးဖြစ်ပါတယ်။ copper cable အမျိုးအစားတွေကတော့ coaxial cable ၊ Unshield Twisted Pair (UTP) နှင့် Shield Twisted Pair (STP) တို့ဖြစ်ကြသည်။ မြန်နှုံးမြင့် network မျိုးကိုအလိုရှိတဲ့အဖွဲ့အစည်းတွေကတော့glass နှင့်ပြုလုပ်ထားသော fiber optic media ကိုရွေးချယ်အသုံးပြုကြပါတယ်။ ဒါ့ အပြင် cable လုံးဝအသုံးမပြုတဲ့ wireless network တွေသည်data ကိုလေထဲမှတဆင့်ပေးပို့ကြတဲ့အတွက် လေသည် ၎င်း တို့ရဲ့ transmission media ဖြစ်ပါတယ်။အထူးအသဖြင့် cable ဖြင့်သွယ်တန်း install လုပ်ဖို့ရန်မဖြစ်နိုင်တဲ့နေရာမျိုးတွေမှာ wireless နည်းပညာကိုအသုံးပြုလေ့ရှိပါတယ်။
Network media တစ်မျိုးစီသည် network တစ်ခု၏လုပ်ဆောင်နိုင်မှု performance ပေါ်မှာများစွာသက်ရောက်မှုရှိပါတယ်။ အရေးကြီးတာကတော့ မိမိတို့ရဲ့ လိုအပ်ချက်နှင့်ကိုက်ညီတဲ့ media ကို ရွေးချယ်နိုင်ဖို့လိုပါတယ်။ ဆိုရရင်ethernet network ရယ်လို့စကတည်းကိုက အသုံးပြုလာခဲ့ကြသည့် ရှေးအကျဆုံး coaxial cable ဖြင့်တည်ဆောက်ထားတဲ့ network တွေသည် 10 Mbps ထိသာ support လုပ်နိုင်ပါတယ်။ အဲ့ဒီအချိန်အခါ 1980 ၀န်းကျင်တ၀ိုက်တုန်းက အသုံးပြုသူတို့၏လိုအပ်ချက်နှင့် ၎င်း speed (10Mbps) သည်ကောင်းစွာလုံလောက်ပါတယ်။ ဒီဘက်ခေတ်ရောက်တဲ့အခါမှာတော့အသုံးပြုပုံတွေပြောင်းလာခဲ့ပြီး bandwidth လိုအပ်ချက်တွေ များလာတဲ့အတွက် 10Mbps သည်လုံလောက်မှုမရှိပါဘူး အနည်းဆုံး 100 Mbps နှင့်အထက်လုပ်ဆောင်နိုင်တဲ့ network မျိုးတွေဖြစ်ဖို့ လိုအပ်လှပါတယ်။
ဒါကြောင့် 10 Mbps ဖြင့်သာလုပ်ဆောင်နိုင်တဲ့ coaxial တို့ရဲ့ အခန်းကဏ္ဍမှေးမှိန်သွားပြီး အနည်းဆုံး 100 Mbps ကို support လုပ်ပေးနိုင်တဲ့ UTP နှင့် fiber ၂မျိုးတို့ကိုအစားထိုးအသုံးပြုလာကြပါတယ်။ အဲ့ဒီ၂ မျိုးထဲကမှ ကုန်ကျစရိတ်လည်းသက်သာမယ်၊တပ်ဆင်အသုံးပြုရတာလည်း လွယ်ကူမယ် ယနေ့အသုံးပြုမှုလိုအပ်ချက်နှင့်လည်း
ကိုက်ညီသော speed ဖြင့်လိုက်ပါလုပ်ဆောင်နိုင်သော UTP (cat 5) သည်အသုံးပြုမှုသည် အများဆုံးဖြစ်ပါတယ်။ ဒါကြောင့် network media (၀ါ) transmission media တွေအကြောင်းကို ရှင်းတဲ့နေရာမှာ UTP cable ကိုဦးတည်ပြီးသိသင့်သိထိုက်သည်များကို ဦးစားပေးရှင်းလင်းသွားမှာဖြစ်ပါတယ်။

Kaspersky KIS & KAV Latest keys တွေလိုချင်ရင် ဒီကို နှိပ်
Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 28-01-2008, 02:57 PM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

Cable Standard
Cable standard အမျိုးမျိုးရှိကြပါတယ်။ ယနေ့ network တွေကိုတည်ဆောက်တဲ့နေရာမှာ အသုံးပြုတဲ့ cable standard တွေသည်ရှေ့ကအသုံးပြုခဲ့သော standard တွေကိုအခြေခံပြီး ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါတယ်။ ဒါကြောင့်အချို့သော cable standard တွေကိုယနေ့အချိန်မှာ အသုံးမရှိတော့ပါဘူး။ သို့သော်လည်း ရှေ့ကသုံးခဲ့တဲ့ standard တွေကိုနားလည်သဘောပေါက်ထားခြင်းအားဖြင့် ယနေ့သုံးစွဲနေတဲ့ standard တွေကိုလေ့လာတဲ့နေရာမှာ
များစွာ အထောက်အကူရစေလိမ့်မယ်။ အထူးသဖြင့် cable standard တစ်ခုအောက်မှာ အကျုံးဝင်တဲ့အသုံးပြုရမည့် cable အမျိုးအစား ၊ segment တစ်ခုအဖြစ် အများဆုံးသွယ်တန်း အသုံးပြုနိုင်မည့် ကြိုးအရှည် network speed ၊ cable အမျိုးအစားပေါ်မူတည်ပြီး cable standard ကွဲပြားမှုတွေရှိပါတယ်။
ဥပမာအားဖြင့် cable standard ၂ ခုဖြစ်တဲ့ 100 BASE-T နှင့် 100 BASE-F တို့ကိုယှဉ်ကြည့်ရအောင် ။ 100 BASE-T မှာရှိတဲ့ 100 သည် network speed ဖြစ်သော 100 Mbps ကိုရည်ညွှန်းပြီး T က cable အမျိုးအစား သည် twisted pair ဆိုတာကိုရည်ညွှန်းပါတယ်။ 100 BASE-F မှာပါရှိတဲ့ နောက်က F ကတော့ fiber cable ကိုရည်ညွှန်းပါတယ်။ ၎င်း cable standard ၂ခုတို့သည် လုပ်ဆောင်နေသောspeed ခြင်းတူသော်လည်း cable type ပေါ်မူတည်ပြီးကွဲပြားကြပါတယ်။
Cable type တူသော်လည်း network speed မတူညီသည့်အတွက် cabel standard ကွဲလွဲပုံကိုလေ့လာကြည့်ရအောင် ဥပမာ- 10 BASE-T နှင့် 100 BASE-T ဆိုပါတော့ ၎င်း standard ၂ ခုစလုံးမှာအသုံး
ပြုတဲ့ cable သည် twisted pair ပင်ဖြစ်ပါတယ်။ဒါပေမယ့် network speed သည် 10 Mbps ဖြစ်ပါက 10 BASE-T ဖြစ်ပြီး 100 Mbps ဖြစ်ပါက 100 BASE-T ဖြစ်ပါလိမ့်မယ်။
Network တစ်ခုကိုစတင်တည်ဆောက်တဲ့အခါမှာပဲဖြစ်ဖြစ် ရှိပြီးသား network ထဲမှာ device (switch ၊ hub) တွေထပ်တိုးတပ်ဆင်လိုတဲ့အခါမျိုးမှာပဲဖြစ်ဖြစ် cabel standard သည်လွန်စွာအရေးပါပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ယနေ့အခါ device တစ်ခုရဲ့ specification ကိုဖော်ပြတဲ့နေရာတွင် 100 BASE-T၊ 1000 BASE-T အစရှိသဖြင့် cable standard ဖြင့်ဦးစားပေးဖော်ပြလေ့ရှိပါတယ်။ ဒါကြောင့် device တစ်ခုကိုဝယ်ယူတော့မယ်ဆိုရင် cabel standard ကိုကြည့်တာနှင့် ဘယ်လောက် speed ဖြင့်လုပ်နိုင်သလဲ ဘယ် cable အမျိုးအစားကိုသုံးရမှာလဲ။ ဘယ် topology မှာသုံးရမှာလဲ ဆိုတာကိုနားလည်သဘောပေါက် ထားနိုင်မှသာလျှင် မိမိလိုအပ်ချက်နှင့်ကိုက်ညီတဲ့ device ကိုရွေးချယ်နိုင်မှာဖြစ်ပါတယ်။

Kaspersky KIS & KAV Latest keys တွေလိုချင်ရင် ဒီကို နှိပ်
Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင်မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 28-01-2008, 03:00 PM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

Coaxial Cable(Coax)
Coax လို့ခေါ်တဲ့ coaxial cabel ကို 1970 ခုနှစ်မှစပြီးနှစ်ပေါင်းအတော်ကြာသည်အထိ network ရဲ့အဓိက transmission media အဖြစ်ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြပါတယ်။ ယနေ့ထိတိုင်အောင်လည်း အချို့သော network တွေမှာ ဆက်လက်အသုံးပြုနေကြဆဲဖြစ်ပါတယ်။ သို့သော်ယနေ့တည်ဆောက်တဲ့ network တွေမှာတော့ twisted pair နှင့် fiber cable တို့သည် coax တို့နေရာတွင် အစားထိုးနေရာယူသွားကြပြီဖြစ်ပါတယ်။
Coaxial cable အလယ်အူတိုင်တွင် copper core တစ်ချောင်းပါရှိပြီး ၎င်း ကို insulation၊ metal shield ၊ jacket
တို့ဖြင့် အထပ်ထပ်ဖုံးအုပ်ထားပါတယ်။ copper core သည် signal များကိုသယ်ဆောင်ရန်ဖြစ်ပြီး shield ကတော့ပြင်ပက EMI သက်ရောက်ခြင်းများမှကာကွယ်ရန်နှင့် signal အတွက် ground ဖြစ်ပါတယ်။



Insulation ကတော့အများအားဖြင့် PVC(poly Vinyl Chloride ) လို့ခေါ်တဲ့ပလပ်စတစ်တမျိုးဖြစ်ပါတယ်။ ၎င်း copper coer နှင့် shield တို့ထိကပ်မှုမရှိအောင် ကြားခံဖြစ်ပါတယ်။ အကယ်၍ core နှင့် shield တို့တနေရာရာမှာ ထိတာနှင့် short circuit ဖြစ်ပြီးအသုံးပြု၍မရနိုင်ပါ။ အပေါ်ဆုံးအလွှာ jacket သည်ပြင်ပ ပယောဂကြောင့်အလွယ်တကူထိခိုက်ပျက်စီးခြင်းမျိုးမဖြစ်အောင် ကာကွယ်ပေးပါတယ်။ PVC သို့မဟုတ် ဈေးပိုကြီးတဲ့ မီးခံပလပ်စတစ်တမျိုးလည်းဖြစ်နိုင်ပါတယ်။

Shield ပါရှိသည့်အတွက် coaxial cable တွေသည် ပြင်ပပတ်ဝန်းကျင် noise တို့၏ အနှောက်အယှက်မှပိုမိုခံနိုင်ရည်ရှိပါတယ်။ သည့်အတွက်ကြောင့် segment တစ်ခုရဲ့အရှည်ကို 100 m ထိသာအသုံးပြုနိုင်တဲ့ twisted pair တွေထက်ပိုသော အကွာအဝေးထိအသုံးပြုနိုင်ပါတယ်။ အခြားတစ်ဖက်ကကြည့်မယ်
ဆိုရင် coax သည် twisted pair တွေထက်ဈေးပိုကြီးပါတယ်။ဘာဖြစ်လို့လဲဆိုတော့ coax ထုတ်လုပ်ရန် ကုန်ကြမ်းအသုံးပြုရခြင်းသည်အဓိကအကြောင်းအရင်ဖြစ်ပါတယ်။
Specification ပေါ်မူတည်ပြီး coxial cable အမျိုးအစားပေါင်းရာနှင့်ချီပြီးရှိပါတယ်။ (အိမ်တွေမှာ TV နှင့် အင်တီနာ ချိတ်ဆက်တဲ့နေရာမှာသုံးတဲ့ကြိုးသည်လည်း coax အမျိုးအစားပေါင်းများစွာထဲက တစ်မျိုးဖြစ်ပါတယ်။)အဲ့ဒီ
များစွာထဲက ၂ မျိုးလောက်သာ network cable အဖြစ်အသုံးပြုကြပါတယ်။ အမျိုးအစားတစ်ခုကို RG number တစ်ခုအဖြစ် သတ်မှတ်ခေါ်ဆိုကြပါတယ်။ ဥပမာ- RG -8၊ RG-58)၊ RG ဆိုတာကတော့ radio guide ကိုရည်ညွှန်းပါတယ်။



Kaspersky KIS & KAV Latest keys တွေလိုချင်ရင် ဒီကို နှိပ်
Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင်မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 28-01-2008, 03:10 PM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,330 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

Coaxial Cable Connector



Cable Standard (Coaxial Cable)
Cable standard သည်အသုံးပြုမည့် cabel အမျိုးအစား၊ segment တစ်ခုအဖြစ်ထားရှိအသုံးပြုနိုင်မည့်ကြိုးအရှည် အစရှိသော အချက်အပေါ်မူတည်ပြီးကွဲပြားကြတယ်ဆိုတာကို ရှေ့စာမျက်နှာပေါ်မှာဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ coaxial cable ကို bus topology ဖြင့်တည်ဆောက်တဲ့ network တွေမှာ
အသုံးပြုကြပါတယ်။
Coaxial cable အမျိုးအစားပေါင်းများစွာရှိသည့်အနက်က network media အဖြစ်အသုံးပြု၍ ရနိုင်တဲ့ coax က
၂ မျိုးသာရှိပါတယ်။ ပထမ တစ်မျိုးက ethernet network ရယ်လို့ကနဦးမူလအစက တည်းကိုကအသုံးပြုလာခဲ့ကြတဲ့ RG-8 coaxial ဖြစ်ပါတယ်။ ၎င်း cable သည် လုံးပါတ်အချင်း 1 cm ခန့်ရှိပါတယ်။ ဒုတိယတစ်မျိုးက RG-58 cable ဖြစ်ပြီး လုံးပတ်မှာ 0.64cm ခန့်ရှိပါတယ်။ထို coax ၂ မျိုးတို့ပေါ်မူတည်၍ 10 BASE-5 နှင့် 10 BASE-2 ဆိုပြီး cable standard နှစ်မျိုးရှိပါတယ်။




10BASE -5 (Thincknet)
10BASE -5 ကိုthicknet လို့လည်းခေါ်ကြပါတယ်။ ထို့အတူ RG-8 ကို thicknet cable ရယ်လို့ခေါ်ဆိုလေ့ရှိပါတယ်။ 10 BASE-5 တွင်ပါရှိသည့်ရှေ့က 10 သည် 10 Mbps ၊ BASE သည် baseband transmission နှင့် 5 သည် cable segment တစ်ခုအဖြစ်ထားရှိအသုံးပြုနိုင်မည့်ကြိုးအရှည် 500m ကိုရည် ညွှန်းပါတယ်။ ယနေ့အချိန်မှာတော့အသုံးပြုမှုမရှိတော့သော cable standard တစ်ခုဖြစ်ပါတယ်။

10BASE-2 (Thinnet)
10BASE-2 ကို thinnet လို့လည်းလူသိများပါတယ်။ အသုံးပြုရတဲ့ cable ကတော့ RG-58 cable ဖြစ်ပါတယ်။ thinnet cable လို့လည်းခေါ်ကြပါတယ်။ 10 BASE-2 မှာပါရှိတဲ့ ရှေ့က 10 သည် 10Mbps BASE သည် baseband transmission နှင့် 2 သည်အမြင့်ဆုံးသွယ်တန်းနိုင်သည့်ကြိုးအရှည် 185m( အကြမ်းအားဖြင့် 200 m) ကိုရည်ညွှန်းပါတယ်။ အကွာအဝေးအားဖြင့်မီတာ 500 မီတာအထိသွယ်တန်းနိုင်သည့် thicknet cable ကိုမမှီပါဘူး သို့သော်လည်း ကြိုးအလုံးသေးသည့်အတွက်ပိုမိုပျော့ပြောင်းပြီး install လုပ်ရာတွင်လွယ်ကူစေပါတယ်။ ဈေးနှုံးကလည်း
သက်သာပါတယ်။ဒါကြောင့် thicknet ထက်ပိုမိုလူကြိုက်များပြီး 1980 တ၀ိုက်က ethernet network တွေမှာတွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့သော cable standard တစ်ခုလည်းဖြစ်ပါတယ်။

Kaspersky KIS & KAV Latest keys တွေလိုချင်ရင် ဒီကို နှိပ်
Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင်မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Reply

Tags
networking ebooks, networking faqs, networking guide, networking howto, networking knowledge

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 10:37 PM
Inactive Reminders By Icora Web Design