Old 25-03-2011, 09:00 PM
  post #1
thureinsoe
MF Contributor
 
thureinsoe's Avatar
 
အသင်းဝင်နေ့စွဲ: Mar 2010
တည်နေရာ: ရန်ကုန်
ရေးသားချက်များ: 580
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,093
ပို့စ် 525 ခုအတွက် 3,955 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
thureinsoe will become famous soon enough
Icon11 အိုင်တီလောကမှာ ခေတ်စားလာတဲ့ cisco

Code:
ဒီပိုစ်လေးကို cisco ကိုအကြောင်းကိုစိတ်ဝင်စားသူများအတွက်အထောက်ကူဖြစ်အောင်
ကူယူဖော်ပြလိုက်ပါတယ် တစ်ဦးတစ်ယောက်အတွက်အထောက်ကူပြုနိုင်မယ်လို့မျှော့်လင့်ပါတယ်
Cisco Certified တွေ အခုအခါ ခေတ်စားလာသလို အိုင်တီလောက အတွက်လဲ အကျိုးကျေးဇူးများလာတာကို တွေ့ရပါတယ်။ တကယ်ကိုပဲ networking သမားတစ်ယောက်အတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုဖြစ်သလို Professional လုပ်စားမယ့်သူတွေအတွက်လဲ မရှိ မဖြစ် လိုအပ်လာတဲ့ အသိပညာရပ်တစ်ခုပါပဲ။ Cisco နဲ့ ပက်သက်တဲ့ စာမေးပွဲဝင်ဖြေရန် ကြိုးစားနေကြတဲ့ လူငယ်တွေနဲ့ Cisco အကြောင်း လေ့လာချင်တဲ့ စာဖတ်ပရိသတ်အတွက် ကျွန်တော် လေ့လာသိမီသမျှကို ပြောပြပါမယ်။

Cisco ဆိုတာက Networking System မှာ အဓိက အလုပ်လုပ် ဆောင်ပေးတဲ့ routers, bridges and switches. Devices ရဲ့ မူပိုင် OS ပါ။ Cisco Router မှာပါတဲ့ IOS ( Inter network Operation system) အကြောင်း သင်ယူရမှာ ဖြစ်ပါတယ်။ Cisco Network Device တွေကို အသုံးပြုမယ်ဆိုရင်တော့ သူ့ရဲ့ OS တွေကို မသိမဖြစ်သိထားရမဲ့ ဘာသာရပ် ပါ ။ ဆိုလိုတာက Microsoft OS ကို အသုံးပြုသူကတော့ Microsoft windows အကြောင်းသိမှ သုံးနိုင်မှာဖြစ်ပြီး Linux သုံးသူက Linux OS အကြောင်းသိမှ အသုံးပြုနိုင်မှာ ဖြစ်သလိုမျိုးပေါ့။ Cisco Router, Cisco Switch တွေ အသုံးပြုမဲ့သူတွေအတွက်ကတော့ Cisco ရဲ့ command တွေနဲ့ သူ့ အလုပ်လုပ်ဆောင်ပုံတွေကို သိမှဖြစ်မှာပါ။

Cisco Network ကို တကယ်တမ်း အသုံးပြုတဲ့ Network ဆိုတာ ကလဲ တကယ့်ကို ကြီးကျယ်တဲ့ Network တွေမှာပဲ တွေ့ရမှာပါ။ ISP level နဲ့ အလုပ်လုပ်တဲ့ Network တွေမှာ အများဆုံး တွေ့ရှိရပါတယ်။ ဒါကြောင့်လဲ Networking သမားတွေအတွက် မရှိမဖြစ်လိုအပ်လာပါတယ်။ ဒီလိုမျိုး အတွက်လဲ Cisco မှ တရားဝင်စာမေးပွဲတွေနဲ့အတူ အဆင့်ခွဲခြားပြီး Certificate တွေ ပေးထားပါတယ်။ ၀င်ဖြေဖို့ကတော့ တစ်ဘာသာကို 250 $, 150$ (CCENT) ဘာသာရပ်အလိုက် အသီးသီးနဲ့ဝင်ရောက် ဖြေဆိုခွင့် ပြုထားပြီး အကယ်၍ စာမေးပွဲကျပါက ၆ လတိတိ ထိုဘာသာကို ဖြေဆိုခွင့်ခဏပိတ်ထားမှာပါ။ Microsoft စာမေးပွဲကတော့ ကျရင် ကြိုက်တဲ့အချိန် ပြန်ဖြေခွင့်ရှိပါတယ်။ ဒါကြောင့် Cisco စာမေးပွဲဖြေဆိုမယ်ဆိုရင် သေချာ ပိုင်မှ ဖြေဆိုသင့်ပါတယ်။

စာမေးပွဲတွေကတော့ level အလိုက် သက်မှတ်ထားပါတယ်။ အဓိက လက်မှတ် Level 5 မျိုး သတ်မှတ်ထားပါတယ်။ အဲဒါတွေကတော့

- Entry Certification ( CCENT )

- Associate Certification ( CCNA)

- Professional Certification ( CCNP )

- Expert Certification ( CCIE)

- Architect Certification

တို့ ဖြစ်ပါတယ်။

Level အလိုက် Cisco Network Certification တွေကတော့

Entry

* IP Networking (CCENT)

Associate

* Design (CCDA)

* Routing and Switching (CCNA)

* Security (CCNA Security)

* Voice (CCNA Voice)

* Wireless (CCNA Wireless)

Professional

* Design (CCDP)

* Routing & Switching (CCNP)

* Security (CCSP)

* Service Provider (CCIP)

* Voice (CCVP)

* Wireless (CCNP Wireless)

Expert

* CCDE Design Expert

* CCIE SP Operations

* CCIE Routing and Switching

* CCIE Security

* CCIE Service Provider

* CCIE Storage Networking

* CCIE Voice

* CCIE Wireless

Architect

* Cisco Certified Architect

မိမိ အသက်မွေးဝမ်းကျောင်းပညာအတွက် လမ်းကြောင်းရွေးချယ်ဖို့ ကတော့

- Routing & Switching

- Design

- Network Security

- Service Provider

- Storage Networking

- Voice

- Wireless ဆိုပြီး (၇)မျိုး ရှိပါတယ်။ ကိုယ်ကြိုက်တဲ့အပိုင်းကို ၀င်ရောက်ဖြေနိုင်ပါတယ်။ ဒါက စာမေးပွဲအပိုင်းတွေပါ။ CCNA နဲ့ ပတ်သက် တဲ့ သင်တန်းကြေးတွေကတော့ မြန်မာငွေကျပ် သုံးသိန်းခန့် ရှိပါတယ်။

Cisco Network ကို စတင်လေ့လာမယ်ဆိုပါက အခြေခံအကျဆုံး Network module ဖြစ်တဲ့ Open Systems Interconnection(OSI)ရဲ့ သဘောကို နားလည်ရပါမယ်။ OSI Model ရဲ့ သိသင့်တဲ့ အကြောင်းအရာအလွှာ(၇)လွှာကတော့ -

(1) Application layer

(2) Presentation layer

(3) Session layer

(4) Transport layer

(5) Network layer

(6) Data-link layer

(7) Physical layer တို့ ဖြစ်ကြပါတယ်။




Application layer

Application layer က OSI Reference Model ရဲ့ အပေါ်ဆုံး layer ဖြစ်ပါတယ်။ သူက user interface အတွက် တည်ဆောက်ထားတာပါ။ ဥပမာအားဖြင့် telnet အပါအ၀င် TCP/IP applications တွေရယ်, FTP(File Transfer Protocol), HTTP(Hyper Text Transfer Protocol) and SMTP (Simple Mail Transfer Protocol) စတဲ့ Network Application တွေ အလုပ်လုပ်တဲ့ Layer ဖြစ်ပါတယ်။

Presentation layer

၆ လွှာမြောက်ဖြစ်တဲ့ presentation layer က အပေါ် Layer 7 ဖြစ်တဲ့ Application Layer ကို ထောက်ပံ့ပေးတဲ့ အလုပ်ကို လုပ်ဆောင်ပါ တယ်။ သူ့ရဲ့ အဓိကလုပ်ဆောင်မှု သုံးခု ရှိပါတယ်။

(1) data presentation

(2) data Compression

(3) data Encryption

Data Presentation ရဲ့သဘောကတော့ ဒီဘက်က ပို့လိုက်တဲ့ data တွေကို တစ်ဖက်လက်ခံသူဘက်က process လုပ်၍ ရနိုင်အောင် ပြောင်း ပေးခြင်း ဖြစ်ပါတယ်။ presentation layer protocols မှာ စံသတ်မှတ်ချက် အားဖြင့် ASCII, BMP, GIF, JPEG, WAV, AVI and MPEG တို့ ပါဝင်ပါတယ်။

Data Compression လုပ်ခြင်းကတော့ Network ပေါ်မှာ အရွယ် အစားငယ်အောင် compress လုပ်ပြီး နက်ဝက်အတွင်းထဲသို့ ပို့လွှတ်လိုက် ခြင်း ဖြစ်ပါတယ်။ လက်ခံသည့်စက်ရောက်မှ presentation layer မှ com-press လုပ်ပြီး ပို့လိုက်သမျှ data တွေ uncompress လုပ်ယူပါတယ်။

Data encryption ပြုလုပ်ခြင်းကတော့ လိုအပ်သော encrypt များ ကို လက်ခံသော ကွန်ပျူတာထံရောက်လာတဲ့အခါ presentation layer မှာ ပြန်လည် decrypt ပြန်လုပ်ခြင်းပါ။

Session layer

Session ကတော့ နက်ဝက်တွေအတွက် Device တစ်ခုမှ နောက်Device တစ်ခုရဲ့ကြား Data တွေ ချိတ်ဆက်နိုင်အောင် ပြုလုပ်တဲ့အပိုင်းကို တာဝန်ယူ လုပ်ဆောင်ပါတယ်။ သူက Transport Layer နဲ့တွဲဖက် အလုပ် လုပ်ဆောင်ပါတယ်။ ဥပမာ - RPCs နဲ့ NFS တို့ပါ။ Remote Procedure Call (RPC) & Network File System (NFS) Transmission rate ပေါ် မူတည်ပြီး သုံးမျိုးရှိပါတယ်။

အဲဒါတွေကတော့ -

(1) simplex

(2) half duplex (Data ကို တစ်ဖက်မှ ပို့ဆောင်နေချိန်အပြီးမှ နောက် တစ်ဖက်မှ ပြန်လည်ပို့ဆောင်နိုင်သည်။)

(3) full duplex (နှစ်ဖက်စလုံးမှ အပြန်အလှန် ပို့ဆောင်ချိတ်ဆက် နိုင်သည်။)

Transport layer

Transport Layer ဆိုသည့်အတိုင်း Data များကို Sending Host မှ အခြားလက်ခံမယ့် Receiver Host အထိ သယ်ယူပို့ဆောင်ရေးအပိုင်းကို လုပ်ပါတယ်။ Data တစ်ခုကို ပို့ဆောင်ပြီးနောက် လက်ခံမည့်သူ ရောက်ရှိချိန် တွင် ပို့လွှတ်လိုက်သော Data နှင့် လက်ခံရရှိပြီးသော Data တို့ ပြီးပြည့်စုံ ခြင်းရှိ/မရှိကို ပြန်လည်စစ်ရပါတယ်။ ဒါကို Acknowledgment လုပ်တယ် လို့ ခေါ်ပါတယ်။ ထိုကဲ့သို့ Data ပြန်စစ်ပြီး မပြည့်စုံခဲ့လျှင် နောက်တစ်ဖန် ပြန်လည်ပို့ဆောင်ပေးဖို့ (Retransmission) လုပ်ဆောင်ပါတယ်။ ထိုနည်းတူ စွာ Network ပေါ်မှ Transmission Speed ကို ထိန်းညှိပေးခြင်း (Flow Control)ကိုလည်း လုပ်ပေးပါတယ်။

Network layer

“Cisco Layer” လို့တောင် ခေါ်လို့ရတဲ့ အပိုင်းပါ။ ဘာလို့လဲဆိုတော့ ကွန်ရက်တွေပေါ်မှာ Data Packets တွေကို လမ်းကြောင်းလွှဲပေးခြင်း (Routing)နဲ့ လိပ်စာသတ်မှတ်ပေးခြင်း (Logical Addressing) တာဝန်တွေ ကို ထမ်းဆောင်ရပါ။

လိပ်စာသတ်မှတ်ခြင်းကတော့ IP address (Logical address) နှင့် MAC address ဆိုပြီး Device တစ်ခုမှာ IP နှစ်မျိုး ရှိပါတယ်။ MAC address ကတော့ physical address ဖြစ်ပြီး NIC ထုတ်စဉ်ကတည်းက တစ်ပါတည်း အသေထည့်သွင်းသတ်မှတ်ထားတဲ့အတွက် ပြောင်းလဲလို့ မရနိုင်ပါဘူး။ Network address (Logical address) ကိုတော့ network layer protocol တွေ ဖြစ်ကြတဲ့ IP/IPX တို့ကို အသုံးပြုပြီး သတ်မှတ်ပေးတဲ့ IP address ဖြစ်ပါတယ်။ Network layer မှာ source နှင့် destination address တွေဟာ IP address ဖြစ်ပါတယ်။

ဒီ Layer ကတော့ ပို့ဆောင်မဲ့ Data တွေကို အပိုင်းလေးတွေ ခွဲပြီး ပို့ဆောင်ဖို့ (Segments) လုပ်ဆောင်ပါတယ်။ ကွန်ယက်လမ်းကြောင်း ရှာခြင်း (Best Path Determination)၊ ပို့ဆောင်ခြင်း (Packet forwarding) အပိုင်းနဲ့ ထိမ်းချုပ်ခြင်း (Packet Filtering) အပိုင်းတို့ကို လုပ်ဆောင်ပါတယ်။ Hardware အနေနဲ့ပြောရရင် ဒီ layer မှာ အလုပ်လုပ်တဲ့ device တွေကို layer-3 device တွေလို့ ခေါ်ပါတယ်။ Router ဟာ အသုံးများဆုံး layer-3 device ဖြစ်ပါတယ်။

Data Link Layer

Data link layer ရဲ့ အဓိကလုပ်ဆောင်မှုကတော့ Layer 3 (Network layer) က လာတဲ့ packet တွေကို header နှင့် trailer ထည့်သွင်းပြီး frame အဖြစ်သို့ တည်ဆောက်တာကို လုပ်ဆောင်တယ်။ Header ထဲမှာဆိုရင် Source နှင့် destination address တို့ကို ထည့်သွင်းပေးရပါတယ်။ ဒီ layer မှာ ထည့်တဲ့ address တွေသည် MAC address ပဲ ဖြစ်ပါတယ်။ Data Link layer မှာ အလုပ်လုပ်တဲ့ device တွေကို layer -2 device တွေလို့ ခေါ်ပါတယ်။ bridge နှင့် switch တို့သည် အသုံးအများဆုံး layer-2 device များ ဖြစ်ပါတယ်။

Physical layer

အောက်ဆုံး Layer ဖြစ်တဲ့ Physical ကတော့ data link layer မှ လာသော frame များကို လက်ခံရယူပြီး signal များအဖြစ် ပြောင်းပေးတဲ့ တာဝန်ယူထားပါတယ်။



ဒါတွေကတော့ လက်မှတ် Layer (၅) မျိုးနဲ့ Layer (၇)မျိုးအကြောင်း ဖြစ်ပါတယ်။ အပေါ်ပုံကိုကြည့်ပြီး Layer တွေ ဘယ်လိုအလုပ်လုပ်တယ်ဆို တာ လေ့လာနိုင်ပါတယ်။ နောက်ပိုင်း အခွင့်သင့်ရင်လဲ Cisco နဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို တင်ပြပေးသွားပါမယ်။

Code:
credit to...http://www.knowledgebridge.net/

သူတည်းတစ်ယောက်ကောင်းဖို့ရောက်မူ သူတစ်ယောက်မှာပျက်လင့်ကာသာဓမ္မတာတည်း
နန္ဒသူရိယအမတ်ကြီး


phpcrazy.mm@gmail.com
thureinsoe is offline   Reply With Quote
Old 09-04-2011, 03:20 PM
  post #2
Lwin Thu
ဆယ်ကျော်သက်
 
အသင်းဝင်နေ့စွဲ: Sep 2010
တည်နေရာ: Nowhere
ရေးသားချက်များ: 63
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 3,139
ပို့စ် 49 ခုအတွက် 220 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
Lwin Thu is on a distinguished road
ပြန်စာ - အိုင်တီလောကမှာ ခေတ်စားလာတဲ့ cisco

ကျွန်တော်က networking ကိုအခုမှစတင်လေ့လာမှာဖြစ်လို့ CCENT certificate ကိုအထောက်အကူပြုစာအုပ်စာတန်းနဲ့ စံပယ်ဗွီဒီယို လေးများရှီ ရင် မျှကြပါအုံးခင်ဗျ
Lwin Thu is offline   Reply With Quote
Old 09-04-2011, 06:32 PM
  post #3
thureinsoe
MF Contributor
 
thureinsoe's Avatar
 
အသင်းဝင်နေ့စွဲ: Mar 2010
တည်နေရာ: ရန်ကုန်
ရေးသားချက်များ: 580
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,093
ပို့စ် 525 ခုအတွက် 3,955 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
thureinsoe will become famous soon enough
Icon12 ပြန်စာ - အိုင်တီလောကမှာ ခေတ်စားလာတဲ့ cisco

ဒီမှာလည် ကိုဘွဲ ဖွင့်ထားတဲ့ Cisco အကြောင်းလေး တစ်ယောက်နဲ့တစ်ယောက်ဝေမျှရအောင်

cisco ရဲ့ router , switch , hub အကြောင်းကိုဒီမှာရှိပါတယ်

Hub အကြောင်းသိကောင်းစရာ

CCNP Certification Training - General

Free CCNA, CCENT Tutorial


CCENT Study Guide

အဆင်ပြေပါစေ........

သူတည်းတစ်ယောက်ကောင်းဖို့ရောက်မူ သူတစ်ယောက်မှာပျက်လင့်ကာသာဓမ္မတာတည်း
နန္ဒသူရိယအမတ်ကြီး


phpcrazy.mm@gmail.com

Last edited by thureinsoe; 09-04-2011 at 06:48 PM..
thureinsoe is offline   Reply With Quote
အောက်ပါအသင်းဝင် 13 ဦးတို့မှ thureinsoe အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 14-04-2011, 12:20 PM
  post #4
Lwin Thu
ဆယ်ကျော်သက်
 
အသင်းဝင်နေ့စွဲ: Sep 2010
တည်နေရာ: Nowhere
ရေးသားချက်များ: 63
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 3,139
ပို့စ် 49 ခုအတွက် 220 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
Lwin Thu is on a distinguished road
ပြန်စာ - အိုင်တီလောကမှာ ခေတ်စားလာတဲ့ cisco

ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ
ကျွန်တော်ကြိုးစားလေ့လာ ပါ့မယ် . မြန်မာလိုစာအုပ်စာတန်း. ဂျာနယ်များ (for CCENT) ရှိရင်လည်းမျှကြပါအုံးခင်ဗျ

လွင်သူ
lwinthu2009@gmail.com
Lwin Thu is offline   Reply With Quote
Old 14-04-2011, 02:39 PM
  post #5
thureinsoe
MF Contributor
 
thureinsoe's Avatar
 
အသင်းဝင်နေ့စွဲ: Mar 2010
တည်နေရာ: ရန်ကုန်
ရေးသားချက်များ: 580
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,093
ပို့စ် 525 ခုအတွက် 3,955 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
thureinsoe will become famous soon enough
ပြန်စာ - အိုင်တီလောကမှာ ခေတ်စားလာတဲ့ cisco

ကိုလွင်သူ လို အပ် မဲ့ ထင်တဲ့ စာအုပ်များကို ကျွန်တော်
တွေ့ ထားသလောက် ကို တင်ပေးလိုက်ပါတယ်



CCNA IOS Commands Survival Guide



The CCNA exam is difficult and I would not have passed it if I did not have this book with me. The CCNA Exam Cram is an indispensable resource that guided me from the introduction of networking fundamentals to the application of networking theories. Whether you need to learn from scratch or just need a quick reference, this book is an excellent guide that will definitely reinforce your knowledge of Cisco networking and prepare you for the CCNA.” –Vincent Gov, CCNA

In this book, you learn how to:

* Develop perfect fluency in subnetting
* Connect Cisco® equipment, make initial configurations, and connect to other devices to build a network
* Configure Cisco routers and back up and restore your Cisco IOS® Software configurations
* Explain the functions of Ethernet switching and the Spanning Tree Protocol (STP)
* Configure PPP and Frame Relay for WAN connectivity
* Understand and apply wireless LAN concepts
* Mitigate network security threats and secure network devices
* Build scalable routed systems using dynamic routing protocols including RIPv2, EIGRP, and OSPF
* Create VLANs and distribute VLAN information using the VLAN Trunking Protocol (VTP)
* Filter traffic from one network to another with access control lists (ACL)
* Understand and implement IPv6

Deploy Network Address Translation (NAT)

WRITTEN BY CCNA Experts!

Mike Valentine has been in the IT field for 12 years, focusing on network design and implementation. He is currently a Cisco trainer with Skyline Advanced Technology Services and specializes in Cisco Unified Communications instruction as well as CCNA® and CCNP® courses.

Andrew Whitaker is the director of enterprise InfoSec and networking and senior training instructor for Training Camp. He has achieved several Cisco certifications and has written on several Cisco topics.

CD features new simulation questions!

This book includes a CD-ROM that features:

* Complete coverage of CCNA exam objectives
* Realistic exam questions for effective practice
* Detailed explanations of correct and incorrect answers
* Multiple exam modes
* Flash Card format

An electronic copy of the book


ဒါကကျွန်တော် တို့  ဖိုရမ် ရဲ့ အိုင်ကွန် တစ်ခု ဖြစ်တဲ့ အစ်ကိုကြီး kznt ရဲ့ blog မှာ ဆွေးနွေးတဲ့

CISCO Ebooks Collection
cisco စာအုပ်အတော်လေးစုံပါတယ်
အဆင်ပြေပါစေ.............



သူတည်းတစ်ယောက်ကောင်းဖို့ရောက်မူ သူတစ်ယောက်မှာပျက်လင့်ကာသာဓမ္မတာတည်း
နန္ဒသူရိယအမတ်ကြီး


phpcrazy.mm@gmail.com
thureinsoe is offline   Reply With Quote
အောက်ပါအသင်းဝင် 10 ဦးတို့မှ thureinsoe အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 12-01-2013, 02:01 PM
  post #6
Lwin Thu
ဆယ်ကျော်သက်
 
အသင်းဝင်နေ့စွဲ: Sep 2010
တည်နေရာ: Nowhere
ရေးသားချက်များ: 63
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 3,139
ပို့စ် 49 ခုအတွက် 220 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
Lwin Thu is on a distinguished road
ပြန်စာ - အိုင်တီလောကမှာ ခေတ်စားလာတဲ့ cisco

CCENT ကိုစင်္ကာပူ မှာဖြေ လို့ လျှင် ဘယ်လို register လုပ်ရတယ်၊ exam centers တွေနဲ့ exam fee ဘယ်လောက်ကုန် သလဲ ဆိုတာ သိတဲ့ သူရှိ ရင် ပြော ပြပေးပါ ခင် ဗျ

အားလုံးကို အမြဲ လေးစားလျက်
လွင်သူ

လွင်သူ
lwinthu2009@gmail.com
Lwin Thu is offline   Reply With Quote
Old 17-01-2013, 10:26 AM
  post #7
kokhing
လမ်းလျှောက်တတ်စ
 
kokhing's Avatar
 
အသင်းဝင်နေ့စွဲ: Oct 2012
တည်နေရာ: nay pyi taw
ရေးသားချက်များ: 18
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 104
ပို့စ် 10 ခုအတွက် 24 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
kokhing is on a distinguished road
ပြန်စာ - အိုင်တီလောကမှာ ခေတ်စားလာတဲ့ cisco

ကျေးဇူးတင်ပါတယ်အကိုတို့ရေ..........

ဒါပေမဲ့ လင့်ခ်တွေက သေကုန်ပြီ...... ပြန်တင်ပေးပါဦးနော်.......
kokhing is offline   Reply With Quote
အောက်ပါအသင်းဝင်မှ kokhing အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 17-09-2014, 04:25 PM
  post #8
march
ကလေးပေါက်စ
 
အသင်းဝင်နေ့စွဲ: Aug 2009
ရေးသားချက်များ: 25
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 3
ပို့စ် 13 ခုအတွက် 22 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
march is on a distinguished road
ပြန်စာ - အိုင်တီလောကမှာ ခေတ်စားလာတဲ့ cisco

ccna အတွက် စာမေးပွဲ ဖြေချင်ပါတယ်.။ ccna ရဖို့ ဆို. ccna တစ်ဘာသာပဲ တန်းဖြေရမှ အဆင်ပြေမှာလား
ဒါမှ မဟုတ် CCNA ရဖို့ . ၂ ဘာသာခွဲ ဖြေလို့ ရလား သိချင်ပါတယ.
နားမလည်လို့ ဝင်မေးတာပါ. ဖြေဖို့ လည်း ကြိုးစားနေလို့ ပါ။..။ ပိုက်ဆံ မရှိတော့. ၂ဘာသာခွဲ ဖြေရရင်တော့သိပ်
ကောင်းမှာပဲ ။ ................။
march is offline   Reply With Quote
Old 17-09-2014, 08:44 PM
  post #9
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,392 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - အိုင်တီလောကမှာ ခေတ်စားလာတဲ့ cisco

CCNA နဲ့ ပတ်သတ်ပြီး စာမေးပွဲဖြေချင်တယ် - သင်တန်းတက်ချင်တယ် - Certificate တွေ လိုချင်တယ်ဆိုရင် အရင်ဆုံး ကျွန်တော် အကြံပေးချင်တာကတော့ -

CCNA နဲ့ ပတ်သတ်ပြီး ဘာ Certificate တွေ ရှိလဲ ဆိုတာအရင် သိဖို့လိုတယ်။ အတိုချုံးပြီး ပြောရရင် CCNA ကို Cisco Certified Network Associate လို့ခေါ်တယ်။ သူ့အောက်မှာ Cisco Certified Entry Networking Technician (CCENT) ဆိုတဲ့ တစ်ဆင့်ရှိပြီး သူ့အထက်မှာ Professional > Expert > Architect ဆိုပြီး နောက်ထပ် သုံးဆင့် ကျန်သေးတယ်။ နောက်ပြီး CCNA မှာမှ တစ်ခြား အထူးပြု ဘာသာရပ်ခွဲတွေ ရှိတယ်။ ဆိုလိုတာ B.Sc ဆိုတဲ့ ဘွဲ့ကို သိပ္ပံအထူးပြုတိုင်းရပေမယ့် သူ့မှာ B.Sc(Maths), B.Sc(Physics) ... ဆိုပြီး ကွဲသွားသလိုပဲ - CCNA မှာမှ CCNA Routing and Switching ဆိုတာရှိတယ်။ CCNA Security ဆိုတာရှိတယ်။ နောက်ပြီး CCNA Service Provider ဆိုတာရှိတယ်။ CCNA Service Provider Operations ဆိုပြီးလည်း ရှိသလို နောက်ထပ် CCNA Data Center တို့ CCNA Wireless တို့ CCNA Video တို့ ဆိုတာတွေလည်း ရှိသေးတယ်။

အဲ့တော့ CCNA ဆိုတဲ့ စာမေးပွဲကြီးကို မဖြေခင်မှာ ကိုယ်က ဘယ်လိုင်းကို လိုက်မှာလဲ။ ကိုယ့်မှာ ခုနက ပြောခဲ့တာတွေထဲက ဘယ် Field အတွေ့အကြုံ ရှိထားသလဲ။ အဲ့တာပေါ်မူတည်ပြီး အရင်ဆုံး ကိုယ်အထူးပြုမယ့် Field ကိုရွေးရမယ်။ အဲ့လိုမှမဟုတ်ပဲ စမ်းတဝါးဝါးနဲ့ ကောင်းမယ်ထင်တာ ရွေးလိုက်မိတာမျိုး၊ သူများညွှန်းလို့ ယူလိုက်မိတာမျိုး ဆိုရင် နောင်တစ်ချိန်မှာ ခက်ခက်ခဲခဲ ကြိုးစားယူမှ ရမယ့် အနေအထားမျိုးတွေ ကြုံရလိမ့်မယ်။

နောက်ပြီး B.Sc ဘွဲ့လို့ တစ်ခါရ တစ်သက်လုံး သုံးစားလို့ ရနိုင်တာမျိုးလည်း မဟုတ်ပြန်ဘူး။ CCNA ရပြီးရင် သူသတ်မှတ်ထားတဲ့ နှစ်အကန့်အသတ်အတွင်းမှာပဲ CCNA Certificate ကို အသိအမှတ်ပြုတယ်။ အဲ့နှစ်ကျော်သွားရင် Recertify ပြန်လုပ်ရတယ်။ နောက်တစ်ခုက CCNA ပြီးယုံနဲ့လည်း ရပ်နေလို့မရဘူး။ နောက်ထပ် Level တွေဖြစ်တဲ့ Professional > Expert > Architect ဆိုတဲ့ Certificate တွေရဖို့ ထပ်ဖြေရလိမ့်ဦးမယ်။ အနည်းဆုံးတော့ Professional အဆင့်ထိ ဖြေထားသင့်တယ်။ အဲတာမှလည်း နိုင်ငံခြားထွက်ဘာထွက်ဆို မျက်နှာပန်းလှမယ်။ မြန်မာနိုင်ငံထဲမှာနေလည်း တစ်ခြားဘာမှမလုပ်တောင် CCNA နဲ့ ပတ်သတ်ပြီး စာသင်စားလို့ရတယ်။

ကုန်ကျစရိတ်အနေနဲ့ကတော့ ကိုယ်ဖြေမယ့် Level ကိုလိုက်ပြီး အနည်းနဲ့အများကွာခြားမှုရှိတယ်။ ဥပမာအနေနဲ့ CCNA Routing and Switching ကို 200-120 CCNA Routing and Switching ဆိုတဲ့ စာမေးပွဲ တစ်ခုပဲဖြေပြီး Certificate ယူမယ်ဆိုရင် USD 295.00 လောက်ကျမယ်။ နှစ်ခါခွဲပြီး 100-101 ICND1 နဲ့ 200-101 ICND2 ဆိုပြီး ဖြေမယ်ဆိုရင် Exam တစ်ခုကို USD 150.00 နဲ့ နှစ်ခုပေါင်း USD 300.00 လောက်ကျသွားမယ်။ ခုပြောတဲ့ဈေးက တစ်ခြား ဘာညာသာဓကာကြေးမှ မပါသေးဘူး။ သင်တန်းတွေကနေမှ တဆင့်ဖြေမယ်ဆိုရင် ဝန်ဆောင်ခတို့ဘာတို့က လာနိုင်သေးတယ်။ အဲ့တာကတော့ ကိုယ်တက်တဲ့ သင်တန်းပေါ် မူတည်လိမ့်မယ်။

ခုပြောခဲ့တာတွေ အားလုံးက CCNA နဲ့ ပတ်သတ်ပြီး စာမေးပွဲဖြေချင်တဲ့သူတွေ လေ့လာချင်သူတွေအတွက် အခြေခံတွေ ပြောခဲ့တာပါ။ အကျယ်သိချင်ရင် ကိုယ်တက်တဲ့ သင်တန်းမှာ စုံစမ်းနိုင်သလို http://www.cisco.com/ မှာလည်း လေ့လာနိုင်တယ်။ စာမေးပွဲကြေးတွေကိုတော့ http://www.vue.com/vouchers/pricelist/cisco.asp#prices မှာ ကြည့်နိုင်တယ်။

KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 17-09-2014 at 08:48 PM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 8 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Reply

Tags
networking knowledge

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !

အခြားဆင်တူဆွေးနွေးချက်များ
ဆွေးနွေးချက် စတင်ရေးသားသူ ကွပ်ပျစ်ဝိုင်း ပြန်စာများ နောက်ဆုံးပို့စ်
CISCO Ebook collections ကိုဇော် E-Books & Tutorials 31 13-08-2017 12:22 AM
Cisco အကြောင်းလေး တစ်ယောက်နဲ့တစ်ယောက်ဝေမျှရအောင် ကိုဘွဲ Network ပိုင်းဆိုင်ရာ 45 30-11-2015 05:23 PM
Family AIOs ဘိုးတော် Applications 43 08-09-2011 10:12 PM


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 10:38 PM
Inactive Reminders By Icora Web Design