Old 08-12-2007, 03:46 AM
  post #1
Ye Naung
အုပ်ချုပ်ရေးမှူး
 
Ye Naung's Avatar
 
အသင်းဝင်နေ့စွဲ: Mar 2007
တည်နေရာ: မင်္ဂလာဒုံ
ရေးသားချက်များ: 698
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 549
ပို့စ် 397 ခုအတွက် 5,034 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 128
Ye Naung is on a distinguished road
www.aznv.tv ကနေ ဒေါင်းလုဒ်ချကြမယ်

ဒီနေ့တော့ အထူးအသင်းဝင်များလောက်ပဲ သိသင့်တယ်လို့ ထင်ရတာကော ၊ သူတပါး အကျိုးစီးပွားကို မပျက်စီးစေချင်တာကြောင့်ရော ကျွန်တော်က ဒီလူနည်းစုကိုပဲ ပြောပြမယ့် အစီအစဉ်လေးပါ။ အဲဒါက ဘာလဲဆိုတော့ ကိုအောင်မြင့် မေးထားတဲ့ www.aznv.tv ကနေ ရုပ်ရှင်တွေ ဒေါင်းလုဒ် ချနည်းလေးပါပဲ။ မခက်ပါဘူး။ တကယ် လွယ်ပါတယ်။ အောက်မှာ ပြထားမယ့် အဆင့်လေးတွေ အတိုင်း လိုက်လုပ်ကြည့်ပါ။


၁။ www.aznv.tv မှာ အကောင့်တစ်ခု ဖွင့်လိုက်ပါ။ ပြီးရင် login ၀င်လိုက်ပါ။ အပေါ်ဆုံးက Drama ဆိုတာကို ကလစ်လုပ်ရင် ရုပ်ရှင်စာရင်းတွေ ပေါ်လာပါမယ်။ အဲဒီ့အခါမှာ အောက်က ပုံမှာ ပြထားသလို ကိုယ်ကြည့်ချင်တဲ့ ရုပ်ရှင်ရဲ့ ခေါင်းစဉ် ကိုပဲ ကလစ်လုပ်ရမှာ ဖြစ်ပါတယ်။ ဒါမှ ကြည့်ဖို့ လင့်တွေ ပေါ်လာမှာပါ။ ပုံပေါ်ကို ကလစ်လိုက်ရင် ရုပ်ရှင်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေပဲ ပေါ်မှာမို့ မျက်စိလည်ပါလိမ့်မယ်။ အောက်ကပုံကိုကြည့်လိုက်ပါ။





အဲဒီ့နောက် ရုပ်ရှင်တွေကို ကြည့်ဖို့ပေးထားတဲ့ Play ဆိုတဲ့ ခလုတ်လေးကို နှိပ်လိုက်ပါ။ ပုံမှာကြည့်ပါ။





အဲဒီလို နှိပ်လိုက်တာနဲ့ အောက်ကပြထားတဲ့ ပုံမှာလို ကြည့်ရမယ့် ရုပ်ရှင်ကို WinAMP Player နဲ့ဖွင့်ကြည့်ဖို့ လင့်လေး ကျလာပါမယ်။ Save ဆိုတာလေးကို နှိပ်လိုက်ပါ။







ပြီးတာနဲ့ နောက်တဆင့်မှာ အောက်ကပုံမှာ ပြထားသလို Desktop ပေါ်ကို သွားသိမ်းပါ။









Desktop ပေါ်က ခုန ချလိုက်တဲ့ ရုပ်ရှင်ဖိုင်ကို အောက်ကပုံမှာ ပြထားသလို Note Pad , Notepad2 , Text Pad စတာ တစ်ခုခုနဲ့ ဖွင့်လိုက်ပါ။







တကယ်လို့မှ ဖိုင်ကို ဖွင့်ရမယ့် စာရင်းထဲမှာ Notepad က ပေါ်မနေဘူးဆိုရင် ဒီအောက်က ပုံလေးမှာ ပြထားသလို Choose Program... ဆိုတာကို နှိပ်လိုက်ပါ။









ပြီးတာနဲ့ ပေါ်လာတဲ့ windows မှာ အောက်ကပုံမှာ မြှားပြထားသလို Notepad ဆိုတာကို လိုက်ရှာပါ။ ကျွန်တော်က ရွေးပြီးသားမိုလို့ အပေါ်မှာ ရှိနေတာပါ။ မရွေးရသေးတဲ့သူများက အောက်က Other Programs ဆိုတဲ့ အုပ်စုထဲမှာ ရောက်နေပါလိမ့်မယ်။









ဒေါင်းလုဒ်ချထားတဲ့ ဖိုင်းကို Notepad နဲ့ ဖွင့်အပြီးမှာ အောက်ကပုံမှာ ပြထားသလို http:// နဲ့ စတဲ့ နေရာလေးကို စာသားတွေထဲမှာ လိုက်ရှာပါ။









ပြီးတာနဲ့ http:// က " h " ရဲ့ရှေ့ မှာ cursor လေးကို ချပြီး Enter နှစ်ချက်လောက် ခေါက်လိုက်ပါ။ အောက်ကပုံမှာလို ဒေါင်းလုဒ်ချရမယ့် လင့်က ကွဲကွဲပြားပြား ဖြစ်သွားပါပြီ။








အဲဒီလို လုပ်ပြီး သွားတာနဲ့ ခုန http:// ကနေစပြီး ခု ပုံမှာ ပြထားတဲ့ အဆုံးမှာ .nsv နဲ့ ဆုံးတဲ့ အထိ လင့်ကို ကော်ပီယူပါ။










ပြီးတာနဲ့ Browser က Address Bar မှာ ကူးလာတဲ့ လင့်ကို အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Paste ချပါ။ ပြီးတာနဲ့ Go ကိုနှိပ်လိုက်ရုံပါပဲ။









အဲဒီ့အခါမှာ ဒေါင်းလုဒ် လင့်က အောက်ကပုံမှာ ပြထားသလို ကျလာပါပြီ။ ဒီတစ်ခု ကျလာတဲ့ လင့်က ရုပ်ရှင်ဖိုင်ပါ။ အဲဒီ့ဖိုင်က WinAMP Player နဲ့ပဲ ကြည့်လို့ရပါမယ်။ ပုံမှာ ပြထားတဲ့အတိုင်း Save ကိုနှိပ်ပြီး Desktop ဒါမှမဟုတ် သင်ရုပ်ရှင်ဖိုင်ကို သိမ်းချင်တဲ့ နေရာမှာ သွားသိမ်းပါ။ ဒေါင်းလုဒ် ချနေပါလိမ့်မယ်။









တကယ်လို့ ပိုမြန်အောင် Internet Download Manager ကို အသုံးပြုလိုသူများ အတွက်ကတော့ ခုနကော်ပီလုပ်ထားတဲ့ လင့်ကို ယူ။ အောက်ကပုံမှာ ပြထားသလို အိုင်ဒီအမ်က Add URL ကို နှိပ်ပြီး အက်လိုက်ပါ။









အဲဒီ့အခါ အောက်ကပုံမှာ ပြထားသလို ပေါ်လာပါမယ်။ လွယ်လွယ်လေးပါ။ OK ခလုတ်လေးကို နှိပ်လိုက်ရုံပါပဲ။









အဲလို OK ပေးလိုက်တာနဲ့ အိုင်ဒီအမ် က ရုပ်ရှင်ဖိုင်ကို သူ့ဘာသာ ဒေါင်းလုဒ်ချပါလိမ့်မယ်။ အိုင်ဒီအမ်နဲ့ ချတာက အမြန်ဆုံးပါပဲ။ အောက်မှာကြည့်ပါ။











ဒေါင်းလုဒ်ချတာပြီးသွားတာနဲ့ WinAMP Player ကိုဖွင့်ပါ။ အောက်မှာ ပြထားတဲ့ အတိုင်း အပေါ်ဆုံးက File -----> Play File... ကိုသွားပါ။









နောက်ထပ်ပေါ်လာတဲ့ window မှာ ခုန သင်ဒေါင်းလုဒ်ချခဲ့တဲ့ .nvs နဲ့ ဆုံးတဲ့ဖိုင်ကို ရွေးပြီး Open ပေးလိုက်တာနဲ့ သင် www.aznv.tv ကရုပ်ရှင်တွေကို မိမိစက်ပေါ်မှာ စိတ်တိုင်းကျ ပျော်ရွှင်စွာ ကြည့်နိုင်ပါပြီ။ အောက်က ပုံလေးမှာ ကြည့်လိုက်ပါ။








ဒေါင်းလုဒ်ချထားတဲ့ ဖိုင်တွေထဲကနေ ဘယ်ဟာက ရုပ်ရှင်ကို ဒေါင်းဖို့ ကျလာတဲ့ဖိုင် ၊ ဘယ်ဟာက ရုပ်ရှင်ဖိုင် ရွေးဖို့က လွယ်ပါတယ်။ Mouse လေးကို ဖိုင်တွေပေါ် တင်ကြည့်လိုက်တာနဲ့ Mb အများကြီး ရှိနေတာ ရုပ်ရှင်ဖိုင်တွေပေါ့။ Kb လောက်လေးပဲ ရှိတာက ရုပ်ရှင်တွေကို ဒေါင်းလုဒ်ချဖို့ ကျွန်တော်တို့ ဟက်ထားတဲ့ ဖိုင်လေးပဲပေါ့။ တစ်ခု သတိပြုရမှာက ရုပ်ရှင်ဖိုင်တွေ ဒေါင်းလုဒ်ချမယ့် လင့်ဖိုင်တွေကို အရင်ဆုံး ကိုယ့်စက်ပေါ် ရောက်အောင် ဒေါင်းလုဒ်ချထားလိုက်ပါ။ ဘာကြောင့်လဲဆိုတော့ ကြည့်တဲ့ လူအားက များတော့ တခါတလေ ကြည့်ဖို့လင့်တောင် မကျလာတာ ဖြစ်တတ်ပါတယ်။ စိတ်ချရအောင်ပေါ့။ ရုပ်ရှင်ဒေါင်းဖို့လင့်တွေ ကိုယ့်စက်ပေါ်ရောက်ပြီ ဆိုတာနဲ့ ကျန်တာ အားလုံးက စိတ်အေးလက်လေး လုပ်လို့ရပါပြီ။ အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေ။


မှတ်ချက်။ ။ www.aznv.tv သည် များပြားလှသော ရုပ်ရှင်ကြည့် ပရိသတ်များကို တင်ဆက်နိုင်ရန် Premium User များထံမှ ရရှိသော ရန်ပုံငွေဖြင့် တင်ဆက်နေရခြင်း ဖြစ်ပါသည်။ သို့ဖြစ်ရာ ကျွန်တော်ရှင်းပြသော နည်းလမ်းကို လူတိုင်းသာ သိရှိသွားမည်ဆိုပါက ၄င်းတို့၏ ဆာဗာ ဒေါင်းသွားမည် ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်ရှင်းပြသော နည်းလမ်းကို မိမိတို့ မိတ်ဆွေများကို ပြောပြချင်သည် ဆိုပါက မြန်မာအချင်းချင်းသာ ပြောပြ လုပ်ဆောင်ကြစေလိုပါသည်။ တပါးသူ၏ ကိုယ်ကျိုးစီးပွားကို ထိခိုက်နစ်နာစေပါလျှင် တင်ပြရသော ကျွန်တော်လည်း စိတ်ကောင်းမည် မဟုတ်ပါ။ ဤအချက်အား အထူးသတိပြု ဆင်ခြင်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Knowledge is power.

Last edited by Ye Naung; 08-12-2007 at 04:45 AM..
Ye Naung is offline   Reply With Quote
အောက်ပါအသင်းဝင် 4 ဦးတို့မှ Ye Naung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 08-12-2007, 01:53 PM
  post #2
ကိုပိုင်
အုပ်ချုပ်သူ
 
ကိုပိုင်'s Avatar
 
အသင်းဝင်နေ့စွဲ: Mar 2007
တည်နေရာ: စလုံး.. လယ်လုံး..ေ
ရေးသားချက်များ: 380
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 92
ပို့စ် 213 ခုအတွက် 1,337 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ကိုပိုင် is on a distinguished road
ကိုရဲ... ကိုအောင်မြင့်ပြောတဲ့ အာရှမူဗီဆိုက်က.. www.azntv.com ဖြစ်လိမ့်မယ်ဗျ။ www.aznv.tv ဟုတ်လောက်ဘူး။ အဲဒီဆိုက်ကတော့ ဒေါင်းလုတ်ချဖို့ခက်မယ်ထင်တယ်။ ကျနော်လည်းပြန်ဖြေမလို့ပြင်နေတုန်း... ခုကိုရဲသတိပေးတာကိုတွေ့ရတော့.. ဖြေတော့ပါဘူး။ ၀က်ဘ်ပေါ်က ခဏခဏပြန်ပြန်ဖျက်တတ်တဲ့ မူဗီတွေအတွက်ပဲ သရက်သက်သက်ဖွင့်ပြီး ပြောလိုက်တော့မယ်။

ကိုပိုင်

Happy Moments @ myanmarfamily.org



ကိုပိုင် is offline   Reply With Quote
Old 08-12-2007, 07:47 PM
  post #3
Ye Naung
အုပ်ချုပ်ရေးမှူး
 
Ye Naung's Avatar
 
အသင်းဝင်နေ့စွဲ: Mar 2007
တည်နေရာ: မင်္ဂလာဒုံ
ရေးသားချက်များ: 698
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 549
ပို့စ် 397 ခုအတွက် 5,034 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 128
Ye Naung is on a distinguished road
မဟုတ်ဘူးဗျ။ ကျွန်တော်ရှင်းပြထားတဲ့ ဆိုက်မှန်ပါတယ်။ ညက ကိုအောင်မြင့်ကိုယ်တိုင် ၀င်ကြည့်ပြီးပြီ။ www.aznv.tv ပါ။ အဲဒီက သူ့ပရီမီယမ် အကောင့်နဲ့တောင် ကျွန်တော် စမ်းကြည့်သေးတယ်။ ဟဲ... ဟဲ။

Knowledge is power.
Ye Naung is offline   Reply With Quote
Old 11-12-2007, 10:12 AM
  post #4
aung myint
အလှူရှင်
 
aung myint's Avatar
 
အသင်းဝင်နေ့စွဲ: Nov 2007
ရေးသားချက်များ: 605
ကျေးဇူးတင်စကား: 177
ပို့စ် 153 ခုအတွက် 408 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
aung myint is on a distinguished road
စမ်းကြည့်ပြီးပြီလားမသိ..

ကိုရဲ aznv.tv က ရိုးရိုးမန်ဘာနဲ့ဆို ဒေါင်းလို့ရတယ် ပရီမီယမ်နဲ့ဆို မရဖူး
အကိုလည်း ပရီမီယမ်နဲ့မရလို ရိုးရိုးမန်ဘာတခု ၀င်ပြီးဒေါင်းကြည့်တာရတယ်။
ကိုရဲ ပရီမီယမ်နဲ့ကော စမ်းကြည့်ပြီးပြီလားမသိ..
aung myint is offline   Reply With Quote
Old 11-12-2007, 10:16 AM
  post #5
Ye Naung
အုပ်ချုပ်ရေးမှူး
 
Ye Naung's Avatar
 
အသင်းဝင်နေ့စွဲ: Mar 2007
တည်နေရာ: မင်္ဂလာဒုံ
ရေးသားချက်များ: 698
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 549
ပို့စ် 397 ခုအတွက် 5,034 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 128
Ye Naung is on a distinguished road
Quote:
Originally Posted by aung myint View Post
ကိုရဲ aznv.tv က ရိုးရိုးမန်ဘာနဲ့ဆို ဒေါင်းလို့ရတယ် ပရီမီယမ်နဲ့ဆို မရဖူး
အကိုလည်း ပရီမီယမ်နဲ့မရလို ရိုးရိုးမန်ဘာတခု ၀င်ပြီးဒေါင်းကြည့်တာရတယ်။
ကိုရဲ ပရီမီယမ်နဲ့ကော စမ်းကြည့်ပြီးပြီလားမသိ..
ဆက်မစမ်းအားသေးလို့ အကို။ ညီစာတမ်းအပြီးလုပ်နေရတယ်။ သိပ်မကြာခင် စမ်းပေးပါမယ်။ ဖိုရမ်ကိုလည်း နည်းနည်းကြည့်နေရလို့။ စာတမ်းက ကြာသာပတေး ပြရမှာ။ မပြီးသေးဘူး။ ခဏသည်းခံနော်။

Knowledge is power.
Ye Naung is offline   Reply With Quote
Old 30-05-2009, 02:28 AM
  post #6
ngwe
ကြီးကောင်ဝင်စ
 
အသင်းဝင်နေ့စွဲ: Apr 2008
တည်နေရာ: နေပြည်တော်
ရေးသားချက်များ: 115
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 18
ပို့စ် 27 ခုအတွက် 51 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ngwe is on a distinguished road
ပြန်စာ - www.aznv.tv ကနေ ဒေါင်းလုဒ်ချကြမယ်

အစ်ကိုရေ invitation code:ဆိုတာဘာကိုပြောတာလဲမသိဘူး
ပြောပြပေးပါဦး
ngwe is offline   Reply With Quote
Old 30-05-2009, 06:30 AM
  post #7
tu tu
ကြီးကြပ်ရေးမှူး
 
tu tu's Avatar
 
အသင်းဝင်နေ့စွဲ: Oct 2007
ရေးသားချက်များ: 4,384
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 15,532
ပို့စ် 3,056 ခုအတွက် 13,948 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 171
tu tu is on a distinguished road
Icon12 ပြန်စာ - www.aznv.tv ကနေ ဒေါင်းလုဒ်ချကြမယ်

အဲဒီမှာ member ဖြစ်ပြီးသား တစ်ယောက်ယောက်က ကိုယ့်ဆီကို invitation code ပို့ပေးရမှာပါ။

ဒီမှာပြောထားတဲ့နည်းနဲ့ အခု ဒေါင်းလို့ မရတော့ဘူးနော်။

ဝ,လုံး ရေးဖို့ကျောက်တံသွေးနေသူ
tutu@myanmarfamily.org
tu tu is offline   Reply With Quote
အောက်ပါအသင်းဝင်မှ tu tu အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 02-10-2009, 04:27 PM
  post #8
ဇော်ရဲပိုင်
အထူးအသင်းဝင်
 
ဇော်ရဲပိုင်'s Avatar
 
အသင်းဝင်နေ့စွဲ: Mar 2008
တည်နေရာ: မြန်မာ
ရေးသားချက်များ: 1,427
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,926
ပို့စ် 1,304 ခုအတွက် 6,794 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ဇော်ရဲပိုင် is on a distinguished road
ပြန်စာ - www.aznv.tv ကနေ ဒေါင်းလုဒ်ချကြမယ်

www.aznv.tv ဒီလင့်ကနေ ရုပ်ရှင်ကြည့်ရတာ အရင်လို အခက်အခဲ မရှိတော့ပါဘူး..အခုမှ ကြုံလို့ ပြောပြတာပါ...အရင်တုန်းကတော့ သိလည်း မသိလို့ ကြည့်လည်း မကြည့်ဖူးပါဘူး..
နဲနဲတော့ ကြာပြီဗျ...မမိုးမိုးထိုက်လား မသိဘူး winamp နဲ့ ကြည့်တာ အဆင်မပြေဘူးဆိုပြီး မေးထားတုန်းက အဲ့ဒီဆိုဒ်မှာ အကောင့်ဖောက်ပြီး ၀င်ကြည့်ရင်းကနေ ကိုယ်ကြိုက်တဲ့ ဇတ်လမ်းလေးတွေ ကြည့်ဖြစ်သွားတယ်...
အဲ့ဒီဆိုဒ်မှာ ဇတ်လမ်းကြည့်ချင်ရင် အကောင့်ဖောက်ဖို့ရယ် (free ရပါတယ်..) ၊ winamp player စက်ထဲမှာ (install)
ရှိဖို့ပဲ လို ပါတယ်...အဲ့ဒါဆိုရင် တိုက်ရိုက်ကြည့်လည်းရပါတယ်..ဒါမှ မဟုတ် မအားရင်လည်း ဒေါင်းထားလိုက်ပေါ့..
ကြည့်ချင်တဲ့ သူတွေ ရုပ်ရှင် ကြိုက်တဲ့သူတွေအတွက် ဒီတော့ပစ်လေး ဖတ်မိလို့ သတိရတာနဲ့ ပြောလိုက်တာပါ..
အရင် ကိုရဲနောင်တို့တုန်းက ၂၀၀၇ လောက်တုန်းကလို မခက်ခဲတော့ပါဘူး...အဆင်ပြေပြေကြည့်နိုင်ပါပြီ...

တကယ်စစ်မှန်တဲ့ မေတ္တာဟာ တစ်ဖက်သားအတွက် အကောင်းဆုံးဆိုတာကို လိုလားတယ်

ဓမ္မစကားနေ့တိုင်းကြားလိုပါက.........

Facebook တွင် ဖတ်ရှု့လိုပါက......
ဇော်ရဲပိုင် is offline   Reply With Quote
Reply

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !

အခြားဆင်တူဆွေးနွေးချက်များ
ဆွေးနွေးချက် စတင်ရေးသားသူ ကွပ်ပျစ်ဝိုင်း ပြန်စာများ နောက်ဆုံးပို့စ်
ကိုကို မမ များအတွက် G talk မှတ်စု maJunior Chat software များဆိုင်ရာ 159 25-07-2011 10:05 AM
Gtalk ကနေ Worldwide Miss Call ! wahgyi Chat software များဆိုင်ရာ 26 06-07-2011 06:06 PM


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 04:30 PM
Inactive Reminders By Icora Web Design