Old 18-11-2010, 02:25 AM
  post #1
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,392 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
လူတိုင်းအတွက် Gmail Desktop Clients

Gmail အကြောင်းကိုတော့ ထူးပြီး မိတ်ဆက်ပေးဖို့ လိုမယ်မထင်ပါဘူး - ကျွန်တော် အပါအဝင် မြန်မာမိသားစုတော်တော် များများ အနည်းဆုံး Google account တစ်ခုစီတော့ ရှိကြမှာပါ - Gmail ကို ဘာကြောင့် ကြိုက်လဲဆိုရင် Free ပေးထားတယ် ဆိုပေမယ့် သူ့ Users တွေကို Google က ပစ်စလက်ခတ် ပစ်မထားဘူး - ပြင်ဆင်ရေးတွေ - မြှင့်တင်ရေးတွေ - Features အသစ်အသစ်တွေနဲ့ User friendly ဖြစ်အောင် Google က အမြဲ ပံ့ပိုးပေးနေတယ် - Google acc တစ်ခုရှိယုံနဲ့ တစ်ခြား အလကား သုံးလို့ ရတဲ့ Services တွေ Products တွေ ဆိုတာလည်း နည်းတာ မဟုတ်ဘူး - ဘယ်လောက်တောင် များလဲဆိုတာ ဒီနေရာ - ဒီနေရာ - ဒီနေရာ နဲ့ ဒီနေရာ တွေမှာ လေ့လာကြည့်နိုင်ပါတယ် - ဒါပေမယ့်လည်း လူသားပီသစွာ ရတာမလို - လိုတာမရ ဆိုသလို တစ်ခါတစ်လေ ကျွန်တော့် စိတ်ထဲမှာ ဖြစ်မိတာ တစ်ခုရှိတယ် - အဲတာက Browser ဖွင့်ဖွင့်ပြီး သုံးနေရတဲ့ Gmail ကို Outlook တို့ Thunderbird တို့လို Email client တွေ မသုံးပဲ ဆော့ဖ်ဝဲလ် install လုပ်ပြီး သုံးသလိုမျိုးလေးများ သုံးလို့ မရနိုင်တော့ဘူးလား ?? ကျွန်တော် ဒီလို မကြာခဏ တွေးမိပါတယ် -

ဘာကြောင့်လည်းဆို တစ်ခုခုလိုတိုင်း ဒီ Browser ကြီးပဲ ဖွင့်ဖွင့်နေရတာ ကြာတော့ ငြီးငွေ့လာပြီလေ - ဒီလို အတွေးမျိုး တစ်ချို့ မိသားစုဝင်တွေမှာလည်း ဖြစ်ခဲ့ဖူးလိမ့်မယ် ထင်ပါတယ် - ဒီ့အတွက်တော့ ကျွန်တော်တို့ အခု အဖြေရှိပါပြီ - ဒီ အဖြေကို သိပြီးတဲ့ နောက်မှာ ကျွန်တော်တို့ လိုချင်နေတဲ့ Browser ဖွင့်စရာမလိုပဲ Gmail ထဲကို ဝင်လို့ ရမယ် - ကိုယ့်ဆီလာတဲ့ စာဖတ်လို့ ရမယ် - Mail ပို့လို့ ရမယ် - ဒီလို ဝန်ဆောင်မှုမျိုး ဘယ်သူက လုပ်ဆောင်နိုင်တာလဲဆို Gmail desktop clients တွေက လုပ်ဆောင်နိုင် ပါတယ်လို့ ဖြေရပါလိမ့်မယ် -

Gmail desktop clients များအကြောင်း

GeeMail

ပထမဆုံး ကြားဖူးကြတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် - ဒီ Geemail က Browser သုံးစရာ မလိုတဲ့ Gmail အတွက် သီးသန့် Special application ပါ - တင်ပြီးသွားလို့ သူ့ကို Double click ပေးလိုက်တာနဲ့ Gmail ထဲတန်းရောက်ပါတယ် - သူ့ကို Install လုပ်ဖို့အတွက် Adobe Air တင်ထားပြီးသား ဖြစ်ရပါမယ် -


No Configuration Required : GeeMail က တစ်ခြား Email client တွေလိုမျိုး POP နဲ့ IMAP settings တွေ သီးခြား ပြင်ဆင်နေဖို့ မလိုပါဘူး - install လုပ်ပြီးတာနဲ့ Gmail ကို တိုက်ရိုက်တန်းပြီး access လုပ်နိုင်ပါတယ် -

Offline Support : တကယ်လို့ စာရိုက်နေတုန်း Connection ကျသွားရင်တောင် ရေးလက်စ Email ကို ဆက်ရေးပြီး - ပြီးသွားရင် Send ကိုသာ နှိပ်ထားလိုက်ပါ - GeeMail က Internet connection ကို သူဘာသာ detect လုပ်ပြီး Connection ပြန်ရချိန်မှာ ကိုယ် Send နှိပ်ထားတဲ့ Email ကို သူ့ဘာသာ ပို့ပေးသွားပါလိမ့်မယ် -

Gmail User Interface : Geemail ကို သုံးလို့ဆိုပြီး တစ်ခြား Email clients တွေ သုံးသလိုမျိုး New user interface နဲ့ ထိတွေ့စရာ မလိုပါဘူး - အရင်ကျွန်တော်တို့ သုံးနေကျ Online ပေါ်က Gmail UI နဲ့ပဲ တွေ့ရမှာပါ -

Cross Platform : GeeMail က Windows မှာသာမက Mac နဲ့ Linux မှာပါ အသုံးပြုလို့ ရပါတယ် -

Mozilla Lab Prism


Prism ဆိုတဲ့ application ကလည်း ပုံမှန် Browsers ထဲမှာပဲ access လုပ်လို့ ရတဲ့ Web applications တွေကို Browser တွင်းကနေ ဆွဲထုတ်ပြီး Desktop ပေါ်ကနေ တိုက်ရိုက် Run ခိုင်းလို့ ရတဲ့ app တစ်ခုပါ - Adobe AIR - Microsoft Silverlight တို့နဲ့ Prism ကွာသွားတဲ့ တစ်ချက်က Adobe AIR - Microsoft Silverlight ဆိုတာ Web applications တွေကို အစားထိုး လည်ပတ်ပေးနိုင်တဲ့ Platform မဟုတ်ပါဘူး - သူတို့တွေက Windows ထဲမှာ အဲ့ဒီ့ Web applications တွေကို ကိုယ်ပိုင် Own window နဲ့ run နိုင်အောင် ကူညီပေးနိုင်တဲ့ အဆင့်ပဲ ရှိပါတယ် - ဒါ့ကြောင့် Web applications တွေကို Browser မသုံးပဲ run ချင်တယ် ဆိုရင် Prism ကို ဒီနေရာမှာ သွားရောက် ရယူနိုင်ပါတယ် - အသုံးချနည်းကလည်း ရှုပ်ရှုပ်ရှပ်ရှပ် မရှိပါဘူး - install လုပ်ဆောင်ပြီးသွားတဲ့ အချိန်မှာ Prism ကို စ run လိုက်ပါ ဒီလိုဆို Web application dialog box ပေါ်လာပါလိမ့်မယ် - အဲ့ဒီမှာ ကိုယ်သုံးချင်တဲ့ Web app ရဲ့ URL ကို ပထမဆုံးထည့်ပေးရပါမယ် - ( ဥပမာ - mail.google.com ) - နောက် app အတွက် name ပေးတဲ့ နေရာမှာ ( ဥပမာ - Gmail ) စသဖြင့် ထည့်ပါမယ် - နောက် Shortcut ကို ဘယ်နေရာမှာ ထားမလဲ ဆိုတာ ရွေးပေးရပါမယ် - အောက်မှာ ဖော်ပြထားတဲ့ ပုံကို ကြည့်ပါ -


အားလုံး ပြီးသွားရင် OK ပေးပြီး စ run နိုင်ပါပြီ - ဒါက Prism ကို သုံးပြီး Gmail ထဲ ကျွန်တော်ဝင်ထားတဲ့ ပုံစံပါ -


GMDesk

GMDesk သူကတော့ application တစ်ခုတည်းကနေ Gmail, Google Calendar, Google Docs နဲ့ Google Maps ဆိုတာတွေ ကို stand-alone application တစ်ခုတည်း အနေနဲ့ Browser ဖွင့်စရာ မလိုပဲ အသုံးပြုနိုင်တဲ့ app တစ်ခုပဲ ဖြစ်ပါတယ် - GMDesk ကို သုံးတဲ့ အချိန်မှာ ( Windows နဲ့ Linux ) မှာဆို Alt-tab ကနေတစ်ဆင့် ( Mac ) မှာဆို Cmd-tab ကနေတစ်ဆင့် application တစ်ခုကနေ နောက်တစ်ခုကို အလွယ်တကူ ကူးပြောင်းနိုင်ပါတယ် -


GMDesk က Google Apps ကိုလည်း supports ပေးပါတယ် - GMDesk အတွက် Adobe Air application ရှိဖို့လိုပါတယ် -

Gmail desktop clients များအကြောင်း ဆွေးနွေးခဲ့ပြီးတဲ့ နောက်မှာ နောက်တစ်ခုအနေနဲ့ မဖြစ်မနေသိထားသင့်တဲ့ Email clients တွေ မှာ Gmail Settings ချပုံတွေကို ဆက်ပြီး လမ်းညွှန်ခဲ့ချင်ပါသေးတယ် -


Photo from sitemaker.umich.edu

Email clients တွေနဲ့ ပတ်သတ်ရင် တစ်ယောက်နဲ့ တစ်ယောက်က အကြိုက်ချင်း - အသုံးပြုတဲ့ sftware ချင်း မတူညီကြလို့ အားလုံးကို တစ်ပြိုင်နက် ပြောပြဖို့ ခက်ပါတယ် - ဒါ့ကြောင့် လူသုံးများ နာမည်ရတဲ့ Email clients အတွက် Gmail ကို ဘယ်လို configuration လုပ်ရမယ် ဆိုတာ အောက်မှာ ဖော်ပြထားတဲ့ နေရာတွေကနေ တစ်ဆင့် သွားရောက် လေ့လာကြည့်ပါ -

- Supported POP client list

- Supported IMAP client list


ဖော်ပြပါ နေရာတွေမှာ Mail clients တွေ အတွက်သာမက Wireless devices - Mobile devices တွေထိ Gmail ကို ဘယ်လို configuration လုပ်ရမယ် ဆိုတာ အသေးစိတ် ဖော်ပြပေးထားပါတယ် -
လေ့လာနိုင်သမျှ မျှဝေနိုင်ကြပါစေ -


KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 18-01-2011 at 07:50 PM..
KznT is offline   Reply With Quote
Reply

Tags
internet guide, internet howto, internet knowledge

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !

အခြားဆင်တူဆွေးနွေးချက်များ
ဆွေးနွေးချက် စတင်ရေးသားသူ ကွပ်ပျစ်ဝိုင်း ပြန်စာများ နောက်ဆုံးပို့စ်
Gmail အား Online Backup ပြုလုပ်ခြင်း KznT အထွေထွေဗဟုသုတ 4 25-08-2011 09:47 AM
မိမိ Gmail လေး အဓွန့်ရှည်တည်တံ့စေချင်သော် Lu Zein Chat software များဆိုင်ရာ 0 05-08-2010 11:18 AM
Gmail သမိုင်းကြောင်း မောင်ပေါ်ဦး Chat software များဆိုင်ရာ 0 25-03-2010 04:15 PM
Desktop Icon Toy 3.0 PyaitSone Applications 6 19-03-2008 02:03 AM


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 07:32 PM
Inactive Reminders By Icora Web Design