Old 24-05-2011, 12:41 AM
  post #1
ihack83
ကလေးပေါက်စ
 
အသင်းဝင်နေ့စွဲ: May 2010
တည်နေရာ: myanmar
ရေးသားချက်များ: 45
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 26
ပို့စ် 44 ခုအတွက် 481 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ihack83 is on a distinguished road
အွန်လိုင်းသုံးသူများသိထားသင့်သောအချƙ

ကျွန်တော် ဒီ topic အောက်မှာ ကျွန်တော် သိထားသမျှ အွန်လိုင်းသုံးသူများအတွက် အန္တရယ် ရှိတဲ့အချက်တွေနဲ့
ရှောင်ရန်ဆောင်ရန်တွေကို ရေးဖို့ ရည်ရွယ်ပြီး topic အသစ်ဖွင့်လိုက်တာပါ ။ topic ထပ်နေမှာလဲစိုးပါတယ်။ဒါပေ
မယ့် ကိုယ်ရေးချင်တဲ့ အချက်လေးတွေပေါ်လာရင် ဒီအောက်မှာ အလွယ်တကူ ရေးလို့ရအောင်ရယ်၊ဖတ်သူတွေလဲ
စုစုဝေးဝေးလေးဖတ်လို့ ရအောင်ရယ်ဆိုပြီး ဖွင့်လိုက်တာပါ။topic ထပ်နေရင်လဲ ခွင့်လွတ်ပါ။မည်သူမဆိုသိသမျှ
ဝင်ရောက်ဆွေးနွေးဖို့လဲဖိတ်ခေါ်ပါတယ်။

(၁) phishing

fake login page လုပ်ပြီး password ကို ရယူတဲ့နည်းပါ ။ gmail password နဲ့ အခြား website password တွေ
ပျောက်ရခြင်းရဲ့ အဓိက တရားခံလို့ ပဲဆိုချင်ပါတယ်။ဘာလို့ဆိုတော့ သူကလုပ်ရတာလွယ်ပြီး password ရဖို့လဲသေ
ချာနေတာကိုးဗျ။အဲ..သူက internet knowledge အတော်အတန်ရှိထားတဲ့ လူတွေကိုတော့ လှည့်စားလို့ မရပါဘူး။

သူ့ကိုဘယ်လိုလုပ်ထားတာလဲ????????

သူက မူလ website နဲ့ ခွဲမရအောင်တူတယ်ဗျာ။တူမှာပေါ့ဗျ....... မိမိ fake လုပ်ချင်တဲ့ site ကိုသွားပြီး right-click နှိပ်ပြီး view page source က ကုဒ်တွေယူပြီး notepad မှာထည့်ပြီး .html format နဲ့ ပြန် save ထားတာကိုးဗျ.... အဲ အလွယ်ဆုံးကတော့ save page as ဆိုတာနဲ့ web page တခုလုံးကို download ချလိုက်တာပါပဲ .. အဲမှာ image တွေပါပါတဲ့ အပြင် html file ပါပါတယ်လေ.... အဲဒါနဲ့ အတူ php နဲ့ရေးထားတဲ့ login form တခုကိုပါထည့်ပြီး host ပေါ်တင်လိုက်တာ..... web page အတုရဲ့ login action link နေရာမှာ ဒီ php ဖိုင်ကို ညွှ့န်းထားလိုက်တော့ user က login ဝင်လိုက်တာနဲ့ username နဲ့ password က text ဖိုင်တခုအနေနဲ့ မိမိ host က phishing page တင်ထားတဲ့ folder ထဲကို ရောက်လာပါလေရောဗျာ။
login ဝင်လိုက်ရင် gmail အစစ်လို login ဝင်မသွားပဲ ခဏ ပဲ loading ဖတ်ပြီး ပုံမှန်အတိုင်းပြန်ဖြစ်သွားပါ
တယ်....သတိထားမိတဲ့အချိန်မှာတော့ ကိုယ့် password က ပါသွားပြီလေ....တချို့ မသိတဲ့ သူတွေကျတော့
connection ကျတာပါလေဆိုပြီး web page ကို ပိတ်လိုက်တတ်တာလဲရှိပါတယ် ။

fake page ဆိုတာကို ဘယ်လိုသိနိုင်သလဲ????

အလွယ်လေးပါဗျာ...fake page ဆိုတာ သတိမရှိသူ၊ မသိသူတွေကိုပဲ လှည့်စားလို့ရတာပါ။ fake page ဆိုတာ ဘယ်လောက် မူလဆိုဒ်နဲ့တူအောင်လုပ်ထားလုပ်ထား link ကိုတော့တူအောင်လုပ်လို့မရပါဘူး ။
http://mail.goooogle.com ဆိုပြီး 0 လေးလုံးနဲ့ လုပ်ထားပေမယ့် မူလ https://mail.google.com ကိုတော့ တူအောင်လုပ်လို့မရဘူးဆိုတာသတိထားပါ ။။ ဒါကြောင့် login ဝင်တော့မယ်ဆိုရင် အမြဲ link ကိုစစ်
ဖို့မမေ့ကြပါနဲ့။ http://mail.google.com လို့  သုံးမယ်အစား http ရဲ့ နောက်မှာ s ထည့်ပြီး https://mail.google.com လို့  အမြဲသုံးပါ .. ဒီlink ကို ဘယ် fake ကမှတူအောင်မတုနိုင်ပါဘူး .. internet
ပေါ်မှာ တူညီတဲ့ domain နှစ်ခုမရှိဘူးဆိုတာ အမြဲသိထားရပါမယ် ။ ဒါကြောင့် ကိုယ်သုံးမယ့် site ရဲ့ link ဟာ
မှန်ရဲ့လားဆိုတာကို အမြဲ စစ်ဆေးကြပါ ။ မသင်္ကာရင် login မဝင်တာအကောင်းဆုံးပါပဲ....gtalk password ပျောက်မှာကြောက်တယ်လို့  online က ကိုကိုမမတွေတွေ့ရင်အမြဲပြောပါတယ် .။ fake mail နဲ့ fake login ကလွဲပြီး တခြား ဘယ် software မှ သုံးပြီး မရနိုင်ပါဘူး
ကျွန်တော်မသိသေးတာလဲဖြစ်နိုင်တာပါပဲ...software ရှိရင်တော့ ကျွန်တော်လဲ အစမ်းသပ်ခံကြည့်လိုက်ချင်ပါသေးတယ်ဗျာ password ပါသွားတော့လဲ အေးတာပေါ့ software ကိုပြောတာနော်...တခြားသိထားသင့်တဲ့ နည်းတွေရှိပါသေးတယ်။ကျွန်တော်ဆက်လက်ရေးသားပါအုံးမယ်..

[COLOR="Green"][SIZE="3"]"I'm Freelance web developer"[/SIZE][/COLOR]
[URL="http://phyowaithein.fav.cc"]My Portfolio[/URL]
[email]moetan.2011@gmail.com[/email]
ihack83 is offline   Reply With Quote
အောက်ပါအသင်းဝင် 19 ဦးတို့မှ ihack83 အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 26-05-2011, 12:45 AM
  post #2
mg lin
ကလေးပေါက်စ
 
အသင်းဝင်နေ့စွဲ: May 2011
ရေးသားချက်များ: 23
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 10
ပို့စ် 15 ခုအတွက် 44 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
mg lin is on a distinguished road
ပြန်စာ - အွန်လိုင်းသုံးသူများသိထားသင့်&#

ကျနော် သိသလောက် fake login တွေက ၂၄ နာရီဘဲ ခံတယ်ဗျ. webhosting တွေက သူတို့ ရဲ့  စည်းကမ်းချက်နဲ့ မကိုက်ညီဘူးဆိုပြီး အကောင့်ကိုပါ ပိတ်ပစ်တတ်ပါတယ်..
mg lin is offline   Reply With Quote
အောက်ပါအသင်းဝင် 6 ဦးတို့မှ mg lin အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 26-05-2011, 01:19 AM
  post #3
ihack83
ကလေးပေါက်စ
 
အသင်းဝင်နေ့စွဲ: May 2010
တည်နေရာ: myanmar
ရေးသားချက်များ: 45
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 26
ပို့စ် 44 ခုအတွက် 481 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ihack83 is on a distinguished road
ပြန်စာ - အွန်လိုင်းသုံးသူများသိထားသင့်&#

အဲဒီ 24 နာရီလောက်ခံတာတောင် ဘယ်လောက် အန္တရယ်ရှိတယ်..ဒုက္ခပေးတယ်ဆိုတာ ခင်ဗျားအသိဆုံးနေမှာပေါ့...ကိုလင်းရေ...ဟုတ်တယ်ဟုတ် security ပိုင်းကအသိလေးတွေလဲ မျှဝေပါအုံး...မျှော်နေမယ်နော် ( ချွန်လိုက်ပြီလို့ တော့မထင်ပါနဲ့ ... ပင့်လိုက်တာပါ )

အောက်က post လေးလဲဖတ်လိုက်အုံး ၊ဖြစ်နိုင်တယ်လို့ ထင်လား မထင်ဘူးလား .... စောင့်နေမယ်နော်...firefox latest version တွေမှာတော့ ကျွန်တော်လဲ မစမ်းသပ်ကြည့်မိသေးပါဘူး ။

firefox မှာ site တခုကို login ဝင်လိုက်ရင် password ကို remember လုပ်မလားလို့ မေးတာ တွေ့ ကြမှာပါ ။ အဲလိုပေါ်လာရင်တော့ ဘာအကြောင်းလဲဗျာ။ not now ကိုနှိပ်ပြီး မမှတ်လိုက်ယုံပဲပေါ့။အဲ....အဲလိုမမေးပဲ ကိုယ်တောင်မသိလိုက်ပဲ auto save လုပ်လိုက်ရင်တော့ ခက်ပြီဗျာ။ကိုယ်သုံးပြီးလို့  ပြန်သွားရင် ဆိုင်ကလူက အသာလေး tool >>security>>save password ထဲဝင်ကြည့်လိုက်ယုံပဲ။အဲလိုလုပ်လို့မရနိုင်ဘူးထင်နေသလား။မထင်နဲ့ဗျာ။အဲဒါ fire fox မှာပါတဲ့addon တခုပဲဗျ။
သူအလုပ်လုပ်တဲ့နေရာတွေက ---
* _onFormSubmit() in nsLoginManager.js

* promptToSavePassword in nsLoginManagerPrompter.js

* _showSaveLoginNotification in nsLoginManagerPrompter.js

* addLogin in nsLoginManager.js

အဲဒီနေရာတွေပဲဗျာ။ javascript နဲ့ ရေးထားတဲ့်function တွေပါ။ အဲဒီထဲက nslogin manager prompter.js ဖိုင်ကို အနည်းငယ်ပြင်လိုက်ရင် firefox ကြီးက auto save ပါလိမ့်မယ်ဗျာ။ဘာမှလဲမေးမှာမဟုတ်တော့ဘူး။သိတောင်သိလိုက်မှာမဟုတ်ဘူး။

ဘယ်လိုပြင်ရမလဲလို့တော့မမေးနဲ့ဗျာ...ဒီမှာမပြောချင်ဘူး...တော်ကြာ internet ဆိုင်ကလူတွေ သိသွားမှဖြင့် ..:D

မသိလို့မဟုတ်ဘူးနော်....ကျွန်တော် js ကိုကောင်းကောင်းနားလည်ပါ့ဗျာ...အဲ..js ကိုနားလည်တဲ့သူတွေလဲ အဲဒီဖိုင်ကို notepad နဲ့ဖွင့်ကြည့်လိုက်ရင် ဘယ်လိုပြင်ရင်ဖြစ်နိုင်တယ်ဆိုတာ သိမှာအမှန်ပဲ... js crazy တွေကိုပြောတာနော်....

ဒီတော့ ကိုယ်ဘာမှ မသိသေးဘူးဆိုရင် ဆိုင်မှာ သုံးပြီးတဲ့အခါ firefox ရဲ့ tool>>option>>security>>save password အဲလို အဆင့်ဆင့်ဝင်ပြီး ကိုယ့် username password တွေ့ရင် ဖျက်ဖို့မမေ့နဲ့ပေါ့ဗျာ...

[COLOR="Green"][SIZE="3"]"I'm Freelance web developer"[/SIZE][/COLOR]
[URL="http://phyowaithein.fav.cc"]My Portfolio[/URL]
[email]moetan.2011@gmail.com[/email]
ihack83 is offline   Reply With Quote
အောက်ပါအသင်းဝင် 13 ဦးတို့မှ ihack83 အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 26-05-2011, 01:30 AM
  post #4
Bayint Naung
အထူးအသင်းဝင်
 
Bayint Naung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2011
တည်နေရာ: Naypyidaw, Kanbawzathadi
ရေးသားချက်များ: 510
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 332
ပို့စ် 499 ခုအတွက် 2,417 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
Bayint Naung is on a distinguished road
ပြန်စာ - အွန်လိုင်းသုံးသူများသိထားသင့်&a

I believe that passwords would be encrypted. Isn't it?
http://lucato.it/firefox-password-encryption%20

The best ,especially if not using on your own computer, is to use incognito mode/private browsing.

Last edited by Bayint Naung; 26-05-2011 at 01:36 AM..
Bayint Naung is offline   Reply With Quote
အောက်ပါအသင်းဝင် 5 ဦးတို့မှ Bayint Naung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Reply

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 02:13 AM
Inactive Reminders By Icora Web Design