Old 22-07-2011, 04:44 PM
  post #1
pannuko
MF Contributor
 
pannuko's Avatar
 
အသင်းဝင်နေ့စွဲ: Nov 2007
တည်နေရာ: yangon
ရေးသားချက်များ: 814
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 7,580
ပို့စ် 688 ခုအတွက် 3,943 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 4
pannuko will become famous soon enough
မြန်မာနိုင်ငံရဲ့ ပြည်တွင်းကဏ္ဍပေါင်းစု)

မြန်မာနိုင်ငံရဲ့ ပြည်တွင်းကဏ္ဍပေါင်းစုံအတွက် ပိုမိုအရေးပါ နေရာရလာတဲ့ လူမှုဆက်သွယ်ရေး ကွန်ရက်ဖေ့စ်ဘွတ်ခ်




နိုင်ငံလူဦးရေရဲ့ သုညဒသမ ၂ ရာခိုင်နှုန်းသာ အင်တာနက် သုံးစွဲခွင့်ရသေးတဲ့ မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်ခ်က တွင်ကျယ် လာသည်။
ဓာတ်ပုံ - ကောင်းထက်

ကမ္ဘာတစ်ဝန်းရှိ လူသန်းပေါင်းများစွာ အတွက် အပြောင်းအလဲတွေ ယူဆောင်လာတဲ့ လူမှုရေးကွန်ရက် ဖေ့စ်ဘွတ်ခ် (Facebook) ဟာ နိုင်ငံလူဦးရေရဲ့ သုည ဒသမ ၂ ရာခိုင်နှုန်းသာ အင်တာနက် သုံးစွဲခွင့် ရသေးတဲ့ မြန်မာနိုင်ငံမှာလည်း ကဏ္ဍပေါင်းစုံမှာ တစ်နေ့တခြားပိုမို အရေးပါလာတာကို တွေ့ရပါတယ်။

နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း ပထမဆုံးအဖြစ် ၂၀၁၀ နိုဝင်ဘာလ အတွင်းက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲပေးရေး မပေးရေးစတဲ့ နိုင်ငံ့အရေးကိစ္စကစလို့ လူငယ်တွေစုပြီး လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့တွေအပြင် သူငယ်ချင်း တွေကြားထဲမှာသတင်း အချက်အလက်တွေ ဖလှယ်ဖို့ အမြဲဆက်သွယ်ပေးနေတဲ့ အရာ တစ်ခုအဖြစ် ဒီလူမှုကွန်ရက်ရဲ့ လုပ်ဆောင်နိုင်စွမ်းဟာ ပိုမိုတွင်ကျယ် လာခဲ့ပါတယ်။

ဖေ့စ်ဘွတ်ခ်ဟာ မတော်တဆဖြစ်တာတွေ၊ ဗုံးပေါက်တာတွေ၊ သဘာဝဘေး အန္တရာယ်အကြောင်းနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်မှုတွေအပြင် ခေတ်နောက်ကျကျန်နေတဲ့ နိုင်ငံရေး၊ လူမှုရေးစနစ်တွေကို မီးမောင်းထိုးပြနိုင်တဲ့အထိ အစွမ်းထက်ပါတယ်။

ဖေ့စ်ဘွတ်ခ်ဟာ လူငယ်တွေ အများစု တွေ့ဆုံရာနေရာဖြစ်တဲ့အတွက် ဖေ့စ်ဘွတ်ခ်မှာအဖွဲ့ရဲ့ စာမျက်နှာကို လုပ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဖက်ရှင်ဓာတ်ပုံဆရာတစ်ယောက် ဖြစ်တဲ့ ကိုထက်အောင်ကျော်ကတော့ ဖေ့စ်ဘွတ်ခ်ဆိုတာကို အခမဲ့ကြော်ငြာ နိုင်တဲ့နေရာတစ်ခု အဖြစ်သုံးသပ်တယ်။

"ကျွန်တော် ဒီလိုပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာတစ်ယောက် မဖြစ်လာခင် ဓာတ်ပုံရိုက်ဝါသနာပါတော့ ပုံလေးတွေ ရိုက်ပြီး ဖေ့စ်ဘွတ်ခ်မှာတင်တယ်။ အဲဒီပုံ တွေမြင်ပြီးအထူးသဖြင့် မိန်းကလေးတွေ ဓာတ်ပုံရိုက်ချင်တယ်လို့ ကျွန်တော့ကို ပြောတယ်။ အဲဒီကနေ ကျွန်တော်ဒီလို ဓာတ်ပုံဆရာတစ်ယောက်ဖြစ်လာတာ" လို့ သူကပြောပါတယ်။

ပရော်ဖက်ရှင်နယ်တစ်ယောက်ဖြစ်လာပြီးချိန်မှာလည်း သူ့အတွက် ဖေ့စ်ဘွတ်ခ်ဟာ လိုအပ်နေဆဲပါတဲ့။

"ခုဆိုရင်ကျွန်တော်ရိုက်ပြီးတဲ့ပုံတွေကိုတင်တယ်။ အဲဒီမှာသူငယ်ချင်းတွေ၊ တချို့ပရိသတ်တွေက ဝေဖန်ကြတယ်။ အဲဒီအခါမှာ ကိုယ့် ကိုယ်ကိုယ် ပိုသိလာ၊ ပိုပြီးတိုးတက်လာတယ်။ အပြင်က လူတွေကို လိုက်ပြပြီးမေးနေမယ့် အစား ဒီမှာက ပိုလွယ်ပြီး ပိုထိရောက် တယ်"လို့ ကိုထက်အောင်ကျော်က ပြောပါတယ်။

သတင်းအချက်စီးဆင်းမှု အတိုင်း အတာတစ်ခုအထိ အကန့်အသတ်ရှိနေသေးတဲ့ မြန်မာနိုင်ငံလိုနေရာမျိုးမှာ ဖေ့စ် ဘွတ်ခ်ဟာ အကောင်းဆုံးနဲ့ အကျိုးအရှိဆုံး မီဒီယာတစ်ခုဖြစ်တယ်လို့ယုံကြည်ကြောင်း မြန်မာအီးဂရက်ကနေဖွင့်လှစ်တဲ့ Mass Communication သင်တန်း အမှတ်စဉ်(၄) ဆင်း ကိုနေမျိုးအောင်က ပြောပါတယ်။

"အဖွဲ့အစည်းအတွက်ပဲဖြစ်ဖြစ်၊ ကိုယ်ရေးကိုယ်တာအတွက်ပဲဖြစ်ဖြစ် အကောင်းဆုံးပဲ။ သာမန်မီဒီယာတွေ မရောက်နိုင်တဲ့နေရာမျိုးကို ဖေ့စ်ဘွတ်ခ်ကနေ ပေးနိုင်တယ်။ ထိရောက်မူ ပိုကျယ်ပြန့်တယ်"လို့ သူကဆိုပါတယ်။

ဒါ့ပြင် လူငယ်တွေ စုပေါင်းပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ အလှူအတန်းတွေ လုပ်ဆောင်ကြဖို့အတွက်မှာလည်း ဖေ့စ်ဘွတ်ခ်ဟာ တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေပါတယ်။

"ဘယ်နေရာမှာ ဘာလိုနေပြီလို့ တစ်ယောက်ယောက်ကပြောလိုက်ရင် အချင်းချင်းအသိပေးပြီး တတ်နိုင်သလောက် လုပ်ပေးဖြစ် တယ်။ တစ်ခါ တုန်းကဆိုရင် သွေးလိုနေတာကို ဖေ့စ်ဘွတ်ခ်မှာတွေ့ပြီး ကျွန်မတို့အဖွဲ့က မလှူနိုင်ပေမယ့် တခြားသွေးလှူတဲ့အဖွဲ့ တွေကို အသိလှမ်းပေးပြီးသွေးလှူဖို့ ကူညီနိုင်ခဲ့တယ်"လို့ National Youth Netowork အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မမြနန္ဒာက ပြောပါတယ်။

၂၀၀၇ ခုနှစ်ကတည်းက လူငယ်တွေ ရဲ့အင်အားနဲ့ ကလေးတွေကို အဓိက ဦးတည်ပြီး လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနေတဲ့ Children: Our Future (COF) ကိုတည်ထောင်သူ ကိုသိန်းထွန်းဦးက ၎င်းရဲ့လူမှုရေး လုပ်ဆောင်ချက်တွေမှာ လူမှုကွန်ရက်ရဲ့ အခန်းကဏ္ဍကို အခုလိုပြောပါတယ်။

"တစ်နေရာကို သွားတော့မယ်ဆိုရင် ဘယ်နေရာကိုသွားမယ်။ ဘယ်ရက်သွား မယ်ဆိုတာမျိုးတွေကိုကြိုတင်ထားတယ်။ အဲဒီအခါ လိုက်ချင်တဲ့လူတွေက ဆက်သွယ်တယ်။ တစ်ခါတစ်ရံပြောဆိုရင်းနဲ့ အလှူငွေထည့်ကြတဲ့လူလည်းရှိတယ်။ တစ်နေရာကနေ ပြန် ရောက်ပြီဆိုရင်လည်း ဓာတ်ပုံတွေရော၊ အဲဒီနေရာရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်တွေကိုပါ တင်ထားတယ်။ လှူတဲ့လူတွေလည်း ကြည့်လို့ရ သလို အဲဒီနေရာကို နောက်ထပ်သွားလှူချင်တဲ့ လူတွေလည်း ဆက်သွယ်လို့ရတယ်"လို့ သူက ပြောပါတယ်။

လူငယ်တွေစုပေါင်းပြီး ဖွံ့ဖြိုးရေး အလုပ်တွေလုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ၂၀၁၀ ဇူလိုင်လက စတင်ဖွဲ့စည်းခဲ့တဲ့ Myanmar Youths In Action ရဲ့ တည်ထောင်သူဖြစ်တဲ့ မတင်မြတ် ထက်ကတော့ ဖေ့စ်ဘွတ်ခ်ဆိုတဲ့လူမှု ကွန်ရက်ကြောင့်ပဲ ဒီအဖွဲ့လေးဖြစ်လာတယ် လို့ဆိုပါတယ်။ "လူငယ်တွေစုပြီးအလုပ်တွေလုပ်ချင် တယ်လို့စိတ်ကူးမိတဲ့အချိန်မှာ ကျွန်မ တစ်ယောက်တည်းပဲ။ ဘယ်သူမှမရှိဘူး။ အဲဒါနဲ့ ဖေ့စ်ဘွတ်ခ်မှာပဲဒီနာမည် လေးကိုယူပြီး ဒီလိုအလုပ်တွေလုပ်ချင်တယ်။ ရည်ရွယ်ချက်တွေက ဒီလို၊ စိတ်ဝင် စားတဲ့သူတွေကို ဖိတ်ခေါ်ပါတယ် ဆိုပြီး လုပ်လိုက်တော့စိတ်တူကိုယ်တူ တွေ စုမိပြီး ဒီအဖွဲ့လေးဖြစ်လာတာပါ"လို့ ဆိုပါတယ်။

MYIA ကနေ မိဘမဲ့ကလေးတွေနဲ့ ဘုန်းတော်ကြီးသင်ပညာရေးတွေကို ထောက်ပံ့တာမျိုးပြုလုပ်ပေမယ့် တစ်နေ့တခြား ပိုမိုဆိုးဝါး လာတဲ့ရာသီဥတု ပြောင်းလဲမူတွေကြောင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စတွေကို ပိုမိုဦးစား ပေးလုပ်ကိုင်နေပါတယ်။

ကိုယ်ပိုင်ဘ၀မှာလည်း ဖေ့စ်ဘွတ်ခ် ဟာ သူ့ရဲ့လူမှုရေးစွမ်းရည်ကို တိုးတက် စေပါတယ်လို့ ၎င်းကပြောပါတယ်။

"အလုပ်က လူတွေဆိုရင်လည်း ဖေ့စ်ဘွတ်ခ်မှာ share လုပ်ရင်းနဲ့ပိုပြီး ရင်းနှီးလာပြီး အလုပ်လုပ်ရတာ ပိုကောင်းလာတာလည်း ရှိတယ်။ နိုင်ငံတကာမှာ ကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲ တွေ၊ ညီလာခံတွေ ဆိုရင်လည်း ဖေ့စ်ဘွတ်ခ်ကနေသိပြီး လျှောက်ဖြစ် တာ၊ သွားတက်တာမျိုးတွေ လုပ်ဖြစ် တယ်"လို့ အသက် ၂၅ နှစ်အရွယ် မတင်မြတ်ထက်ကပြောပါတယ်။

ပြည်တွင်းအင်န်ဂျီအိုတစ်ခုမှာအလုပ် လုပ်နေတဲ့အသက်၂၆ နှစ်အရွယ်မဆိုင်း ပန်ကတော့ ဖေ့စ်ဘွတ်ခ်ကို သတင်း အချက်အလက် အတွက်သာ သုံးစွဲသူပါ။

"သတင်းအတွက်ကတော့ တစ်ခုခု ဆိုရင် ကျွန်မက အဲဒါနဲ့ ပတ်သက်တဲ့ သတင်းအားလုံးကို လိုက်မဖတ်ချင်ဘူး။ ဖေ့စ်ဘွတ်ခ်မှာ တချို့သူငယ်ချင်း တွေကကောင်းပြီဆိုမှ share လုပ်တာ မျိုးရှိတယ်။ အဲဒီအခါမှ အဲဒီသတင်း ကိုပဲ သွားဖတ်လိုက်တယ်"လို့၎င်းရဲ့ တစ်မူထူးခြားတဲ့ အသုံးချပုံကို ပြောပါတယ်။

အသက် ၂၃ နှစ် ရွယ်မမြတ်မေဇင်ကတော့ social network ဟာ GTalk ထက်ပိုပြီး သူ့ရဲ့သူငယ်ချင်းတွေနဲ့ပိုမို ရင်းနှီးစေပါတယ်တဲ့။

"တစ်နာရီအတွင်းမှာ သူငယ်ချင်းတွေ နဲ့အများကြီးတွေ့ရတယ်။ သူတို့တွေ ဘာတွေဖြစ်နေတယ်၊ ဘာတွေ ပြောနေ တယ်ဆိုတာ သိရတယ်။ ပြီးတော့ ကိုယ်ပြောချင်တာရှိရင်လည်း လူအများကြီး ကို တစ်ခါတည်းပြောလို့ရတယ်။ ခံစားချက်တွေ၊ အဖြစ်အပျက် တွေကို ဖလှယ် ကြတဲ့အတွက်ပိုပြီး ရင်းနှီးတယ်လို့ ခံစားရတယ်" လို့ ၎င်းကဆိုပါတယ်။

တစ်ဖက်မှာတော့ ဖေ့စ်ဘွတ်ခ်ဟာ ကိုယ့်ရဲ့ အချိန်တွေကိုအကျိုးမဲ့ဖြုန်းတီး စေနိုင်တဲ့ အရာတစ်ခုဖြစ်နိုင်သလို လူမှုကွန်ရက် အပျော် သဘောထက်ပိုပြီး သုံးစွဲသင့်တဲ့ အရာမဟုတ်ပါဘူးလို့ သုံးစွဲသူတချို့က သတိပေးကြတာတွေလည်း ရှိပါတယ်။

"အရင်ဆိုရင် အိပ်ရာထပြီဆိုတာနဲ့ ဖေ့စ်ဘွတ်ခ်ကိုဝင်တယ်။ စွဲသလိုဖြစ်ပြီး အချိန်တွေ အရမ်းကုန်ခဲ့တယ်"လို့ ကိုထက်အောင်ကျော်က သူ့ရဲ့အတွေ့ အကြုံကို ပြောပါတယ်။

European Press Agency ရဲ့ ဓာတ်ပုံသမားဖြစ်တဲ့ ကိုငြိမ်းချမ်းနိုင် အတွက်ကတော့ လူမှုကွန်ရက်အပျော် သဘောထက်ပိုပြီး သုံးစွဲသင့်တဲ့အရာ မဟုတ်ပါဘူးလို့ဆိုပါတယ်။

"ကျွန်တော်ရိုက်ပြီး ဖေ့စ်ဘွတ်ခ်မှာတင်ထားတဲ့ ပုံတွေကို အပြင်မီဒီယာတွေက နေယူပြီးဖြတ်၊ ညှပ်ပြီးသုံးလိုက်တဲ့ကိစ္စ ဖြစ်ခဲ့ဖူးတယ်။ ကျွန်တော့အတွက်လည်း မကောင်းဘူး။ ကျွန်တော့အလုပ် အတွက်လည်းမကောင်းဘူး"လို့ သူက ပြောပါတယ်။

မမြတ်မေဇင်ကတော့ လူမှုရေး ကွန် ရက်ကနေတစ်ဆင့် ရင်းနှီးသူတွေကို လက်တွေ့ဘ၀ထဲဆွဲသွင်းတာမျိုးမလုပ် သင့်ဘူးလို့ပြောပါ တယ်။

"သူဘယ်လိုလူမျိုးလဲ၊ ဘာပြဿနာတွေရှိလဲဆိုတာ ကိုယ်ကထဲထဲဝင်ဝင်မသိဘူး။ အကန့်အသတ်နှင့်ပဲကောင်းတယ်။ သူကျွမ်းကျင် ရာ၊ ကိုယ်ကျွမ်းကျင်ရာနယ်ပယ် အပြန်အလှန် ကူညီတာလောက်နဲ့ပဲ ရပ်တာကောင်းတယ်။ မိန်းကလေးတွေ ပိုပြီးသတိထားဖို့ လိုတယ်။ ကိုယ့်ဓာတ်ပုံတွေကိုယူပြီး တလွဲအသုံးချတာမျိုး တွေဖြစ်နိုင်တယ်"လို့ သူက အကြံပြုပါတယ်။

မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းရဲ့ တွဲဖက်အတွင်းရေးမှူး(၁)ဖြစ်သူ ဦးအောင်ကျော်မိုးက ဖေ့စ်ဘွတ်ခ်ဟာ ကျယ်ပြန့်တဲ့ social
network တစ်ခုဖြစ်ပြီးတော့ အသုံးပြုသူတစ်ဦး ချင်းစီရဲ့ အသုံးပြုပုံအပေါ်ကိုလိုက်ပြီးတော့ အကျိုးအမြတ်တွေကို ရရှိစေနိုင်ပြီး ဖေ့စ်ဘွတ်ခ် ပေါ်ကနေတစ်ဆင့် အလွဲသုံးစားမပြုမိဖို့လိုတယ် လို့ဆိုပါတယ်။

"အသုံးပြုသူတွေကို အကြံပေးချင်တာကတော့ ဖေ့စ်ဘွတ်ခ်ကကျယ်ပြန့်တယ်။ အဲဒီတော့ ကိုယ်ကဘယ်သူနဲ့ မိတ်ဆွေဖွဲ့မယ်၊ တွေ့မယ် ဆိုတာကို သတိထားပါ။ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ကိုယ်နဲ့ ရင်းနှီးတဲ့သူတွေလောက်က လွဲရင် တခြားသူတွေကို လွယ်လွယ်နဲ့ မယုံပါနဲ့။ နောက်ဖေ့စ်ဘွတ်ခ်ကို အသုံးပြုပြီးတော့ အလွဲသုံးစားမှုတွေမလုပ်ဖို့လည်း လိုတယ်"လို့ ပြောပါတယ်။


-- မြန်မာတိုင်းဂျာနယ်မှ ပြန်လည်ဖော်ပြထားပါသည်။

ဒီလောကကြီးက သင်တွေးထင်ထားတာထက် ကျယ်ပြန့်တယ်
သင့်ဘဝထွက်လမ်းမရှိဘူးလို့ .... မထင်လိုက်ပါနဲ့..... လူတိုင်းမှာ မမြင်ရတဲ့တောင်ပံတစ်စုံရှိတယ်၊ သင်ကိုယ်တိုင်ကလွဲပြီး ဘယ်သူကမှ သင်လွတ်လွတ်လပ်လပ်ပျံသန်းဖို့ တားဆီးမရနိုင်ပါဘူး .....
pannuko is offline   Reply With Quote
အောက်ပါအသင်းဝင် 10 ဦးတို့မှ pannuko အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 09-08-2011, 11:12 AM
  post #2
pannuko
MF Contributor
 
pannuko's Avatar
 
အသင်းဝင်နေ့စွဲ: Nov 2007
တည်နေရာ: yangon
ရေးသားချက်များ: 814
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 7,580
ပို့စ် 688 ခုအတွက် 3,943 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 4
pannuko will become famous soon enough
ပြန်စာ - မြန်မာနိုင်ငံရဲ့ ပြည်တွင်းကဏ္ဍပေ&

ဖေ့စ်ဘွတ်ကြောင့်
- ပေါ်ပြူလာမြန်မာဂျာနယ်ကဖတ်ရတဲ့ ဆောင်းပါးလေးက အားလုံးအတွက်စိတ်ဝင်စားစရာကောင်းတယ်ထင်လို့ ပြန်လည် ဝေမျှပေးလိုက်ပါတယ်။။


ဖေ့စ်ဘွတ်ကို တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် မာ့ခ်အိလိယော့ ဇူကာဘတ်သည် အသက်(၂၇)နှစ်သာ ရှိသေးသော်လည်း ဘီလျံနာတစ်ဦးဖြစ်နေလေပြီ။ သို့ရာတွင် သူ၏ဖေ့စ်ဘွတ်ကြောင့် လူမှုဆက်ဆံရေးနယ်ပယ်ဝယ် နစ်နာသော ပေးဆပ်ရခြင်းများလည်း ရှိနေပြန်၏။



ဖေ့စ်ဘွတ်ကဲ့သို့သော လူမှုကွန်ရက်ဝက်ဘ်ဆိုက်များကြောင့် ယင်းတို့ကို စွဲစွဲမြဲမြဲအသုံးပြုသူ လူငယ်များ၏ ဦးနှောက်တွင်းဝယ် ပြောင်းလဲမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ထင်ရှားသည့် သိပ္ပံပညာရှင်တစ်ဦးက ဆိုသည်။
ဖေ့စ်ဘွတ်၊ တွစ်တာနှင့် ဘေဘိုကဲ့သို့သော လူမှုကွန်ရက်များသည် လူငယ်တို့အပေါ် မိမိကိုယ် မိမိဗဟိုပြုသည့် အတ္တစိတ်မျိုးကို ပေါ်ပေါက်စေနိုင်ကြောင်း သူက ပြောခြင်းဖြစ်သည်။
ဦးနှောက်နှင့် အာရုံကြောဆိုင်ရာပညာရှင် စူဆန်ဂရင်းဖီးက ယင်းဝက်ဘ်ဆိုက်များအပေါ် အချိန်ပေးအလေးထားခြင်းကြောင့် အခြားအလုပ်များတွင် အာရုံစူးစိုက်မှုလျော့နည်းလာကာ ယင်းဝက်ဘ်ဆိုက်များသည်သာ တကယ့်ဘဝတစ်ခုဟု အထင်ရောက်လာပြီး အခြားသော စိတ္တဇ ဆန်သည့် လက္ခဏာများ ပေါ်ပေါက်လာတတ်ကြောင်း ရှင်းလင်းပြောကြားခြင်းပင်ဖြစ်သည်။
စူဆန် ဂရင်းဖီးသည် အောက် စဖို့တက္ကသိုလ်ကြီးမှ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ဌာနမှူးတစ်ဦး ဖြစ်ပြီး တော်ဝင်သိပ္ပံအသင်းကြီး၏ ဒါရိုက်တာတစ်ဦးလည်းဖြစ်ကာ လူမှုကွန်ရက် ဝက်ဘ်ဆိုက်များ သည် လူငယ်တို့၏ ဦးနှောက်ကို ပုံစံသစ်တစ်မျိုးအဖြစ် ပြောင်းလဲသွားစေနိုင်သည်ဟု ယုံကြည်သူ တစ်ဦး ဖြစ်သည်။
လူမှုကွန်ရက်များ ကို စွဲစွဲမြဲမြဲ သုံးနေကြသူ လူငယ်များသည် ကွန်ပျူတာမှ မျက်နှာခွာရမည်ကို စိုးရိမ်နေကြခြင်းကြောင့် အခြားကိစ္စရပ်များတွင် လစ်ဟင်းမှု၊နှောင့်နှေးမှုများ ပေါ်ပေါက်လာကြ ကြောင်း မိဘများနှင့် အုပ်ထိန်းသူများက တင်ပြလျက်ရှိကြသည်။
ဖေ့စ်ဘွတ်ကို အသုံးပြုသူ ပေါင်းများစွာတို့သည် ယင်းတို့၏ သူငယ်ချင်းများနှင့် အဆက်မပြတ်စေရေး၊ ဓာတ်ပုံများ မျှဝေဖြန့်ဖြူးရေးနှင့် မိမိတို့၏ အတွေးစိတ်ကူးများ၊ မိမိတို့၏ဆောင်ရွက်ချက်များကို ဖေ့စ်ဘွတ်မှတစ်ဆင့် မျှဝေရေးတို့တွင် အာရုံစူးစိုက်မှု လွန်ကဲသည် ထက်လွန်ကဲလာကြကြောင်း တွေ့ ရသည်။
ထို့အပြင် တွစ်တာဝက်ဘ် ဆိုက်ပေါ်တွင်လည်း အလားတူ ပြုမူလျက်ရှိကြကြောင်းတွေ့ရသည်။
ကွန်ပျူတာဂိမ်းများကို စွဲမြဲစွာ ကစားခြင်း၊ ဂျီတော့ကဲ့သို့သော အချင်းချင်းစကားပြောဆိုခြင်းနှင့် ရုပ်သံဇာတ်လမ်းတွဲများကို စွဲစွဲမြဲမြဲ ကြည့်ရှုခြင်းတို့သည်လည်း အလား တူ အကျိုးသက်ရောက်မှုမျိုးကို ဖြစ်ပေါ်စေနိုင်သည်ဟုသူကဆိုသည်။

ပါမောက္ခ စူဆန်ဂရင်းဖီး

ကလေးပေါက်စလေးတွေဟာ အရောင်တောက်တောက်တွေ နဲ့ ဆူဆူညံညံအသံတွေကို ကြိုက် ကြသလိုမျိုး ဦးနှောက်ရဲ့အခြေ အနေတွေ ကလေးဆန်သွားမှာကို ကျွန်မစိုးရိမ်မိတာပါ။ ကလေးတွေလိုပဲ ကိုယ်လုပ်တာမှန်သမျှကို ဖေ့စ် ဘွတ်မှာပြောပြနေကြ တာကို တွေ့ နေရတာကြောင့်ပါပဲ။ သူတို့အတွက် အချိန်ကုန်လို့လည်းကုန်မှန်းမသိ ဖြစ်နေကြတယ်လေဟု စူဆန်ဂရင်းဖီးက ပြောပါသည်။



မနက်စာစားပြီးပြီလား၊ ရေမချိုးသေးဘူးလား အစရှိသဖြင့်ပေါ့လေ ဖေ့စ်ဘွတ်ပေါ်မှာ ပြောနေရေး နေကြတာတွေကို တွေ့ရတော့ ကလေးပေါက်စလေးတွေ မေမေ ဒီမှာကြည့်စမ်း သားဒီဟာလုပ်နေတယ်ဟိုဟာလုပ်နေတယ် အစရှိသဖြင့် ပြောတတ်ကြတာ မျိုးတွေကို ကျွန်မပြေးသတိရမိတယ် ဟုလည်း သူကဆက်ပြောပါသေးသည်။
ဖေ့စ်ဘွတ်အသုံးပြုသူအချို့ သည် မိမိ၏အသိုင်းအဝိုင်းအတွင်း မိမိကို အများကစိတ်ဝင်စားခြင်း ခံရစေရန် လိုလားလျက်ရှိကြ ကြောင်းတွေ့ရသည်။ မိမိကို အများကအစဉ်စောင့်ကြည့်စေလိုခြင်း၊ မိမိ၏အပြောအဆို၊ လုပ်ဆောင်ချက်၊ မိမိ၏ဓာတ်ပုံများအပေါ် အားပေးမှုကို လိုလားနေကြခြင်းများ ပေါ်ပေါက်နေကြကာ ယင်းစိတ်အနေအထားရှိသူဦးရေမှာလည်း နေ့စဉ်ပင် တိုးပွားလာ ကြောင်း တွေ့ ရသည်။
ဖေ့စ်ဘွတ်ပေါ်တွင် ထင်ရှား ကျော်ကြားသူကလေးတစ်ဦး ဖြစ်လိုစိတ်မှာ ဖေ့စ်ဘွတ်အသုံးပြုသူ အတော်များများတွင် ရှိနေကြကြောင်း ပညာရှင်များက ထောက်ပြကြ သည်။

လူမှုကွန်ရက်ဝက်ဘ်ဆိုက်များနှင့် မျက်နှာမခွာလိုသူများသည် မိမိ၏ အစစ်အမှန် လောကနှင့် တဖြည်းဖြည်းကင်းကွာလာကာ အထီးကျန် ဆန်သည် ထက်ဆန် လာနိုင်ကြောင်း စူဆန်ဂရင်းဖီးက ပြောသည်



ယင်းမှာ သူတစ်ပါးက မိမိအကြောင်းကို သိနားလည်နေခြင်း ပုံစံဖြင့်သာ မိမိကိုယ်မိမိ သတ်မှတ် ပြဋ္ဌာန်းလိုစိတ် ဖြစ်ပေါ်နေခြင်းကြောင့် ဖေ့စ်ဘွတ်တွင် ထင်ရှားကျော်ကြားသူတစ်ဦး ဖြစ်ရေးကို အလေးပေး ဆောင်ရွက်နေကြခြင်း ဖြစ်၏။
လူမှုကွန်ရက် ဝက်ဘ်ဆိုက်များနှင့် မျက်နှာမခွာလိုသူများသည် မိမိ၏အစစ်အမှန်လောကနှင့် တဖြည်း ဖြည်းကင်းကွာလာကာ အထီးကျန်ဆန်သည်ထက် ဆန်လာနိုင်ကြောင်း စူဆန်ဂရင်းဖီးက ပြောသည်။
အဲဒီ လူမှုကွန်ရက်ဝက်ဘ်ဆိုက်တွေမှာ ပျော်မွေ့နေကြသူတွေဟာ သူတို့ရဲ့အင်တာနက်ပေါ်က ဘဝကိုတကယ့်ဘဝတစ်ခုလို့ အထင်ရောက်လာကြတယ်။ တကယ်တော့ ဒါဟာ တခြားသူတွေက သူ့ကိုအထင်နဲ့ သတ်မှတ်ပြဋ္ဌာန်း ထားတဲ့ဘဝ ဒါမှမဟုတ် မောက်စ်နဲ့ ကလစ်လုပ်ထားတဲ့ဘဝပဲ ဟု လည်း သူက ထပ်လောင်းပြောကြားသည်။

ဒီလောကကြီးက သင်တွေးထင်ထားတာထက် ကျယ်ပြန့်တယ်
သင့်ဘဝထွက်လမ်းမရှိဘူးလို့ .... မထင်လိုက်ပါနဲ့..... လူတိုင်းမှာ မမြင်ရတဲ့တောင်ပံတစ်စုံရှိတယ်၊ သင်ကိုယ်တိုင်ကလွဲပြီး ဘယ်သူကမှ သင်လွတ်လွတ်လပ်လပ်ပျံသန်းဖို့ တားဆီးမရနိုင်ပါဘူး .....

Last edited by pannuko; 09-08-2011 at 11:15 AM..
pannuko is offline   Reply With Quote
အောက်ပါအသင်းဝင် 11 ဦးတို့မှ pannuko အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 11-03-2012, 03:06 PM
  post #3
htun30
ကြီးကောင်ဝင်စ
 
အသင်းဝင်နေ့စွဲ: Mar 2011
တည်နေရာ: သန်လျင်,မြန်မာ
ရေးသားချက်များ: 117
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1,831
ပို့စ် 109 ခုအတွက် 989 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
htun30 is on a distinguished road
ပြန်စာ - မြန်မာနိုင်ငံရဲ့ ပြည်တွင်းကဏ္ဍပေ&

Facebook မှာ မိမိ.ရဲ. wall ကို မူလအတိုင်းမဟုတ်ပဲပြင် ဆင်
ပြီးတော.သုံးချင်လို.ပါ Layout လေးတွေနဲ.ပြင် ပြီးသုံး ချင်လို.ပါ
ကူပါအုံး ဗျာ နောက် Facebook သုံးနည်း PDF စာအုပ်လေးတွေ
ပါလိုချင်ပါတယ် စုကြည် ထွေး ရဲ. စာအုပ် တော.ရှိပါတယ်

ဘဝချင်း တူမှ ခံစားရတာချင်း တူနိုင်မယ်
စလုံးရေးဖီု့ ဆော့ပင် ရှာနေသူ
htun30 is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ htun30 အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 11-03-2012, 04:49 PM
  post #4
ရုပ်ဆိုး
MF Contributor
 
အသင်းဝင်နေ့စွဲ: Oct 2008
တည်နေရာ: ထိုင်ခုံပေါ်
ရေးသားချက်များ: 202
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1,291
ပို့စ် 185 ခုအတွက် 1,886 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ရုပ်ဆိုး is on a distinguished road
ပြန်စာ - မြန်မာနိုင်ငံရဲ့ ပြည်တွင်းကဏ္ဍပေ&

ဖေ့စ်ဘုတ်မှာ ကောင်းကျိုးတွေရှိနေသလို ဆိုကျိုးတွေလည်းရှိနေသည်ဟုယူဆသည် ။ အင်တာနက်နဲ့ အကျွမ်းတဝင် ရှိပြီးသားလူများအဖို့တော့ ကောင်းကျိုးသာလျှင်ပိုများမည်ထင်သည် ။
ကျွန်တော်တစ်ဦးတည်းအမြင်နဲ့ ယူဆချက်ပေးရလျှင် ဟိုးအရင် ခါတွေမှာ ကျွန်တော်တို့ တွေ ဘလော့တွေ ၊ ဆိုရှယ်နက်ဝေါ့ခ်တွေ ၊ ဖိုရမ်တွေမှာ ရံဖန်ရံခါ ပျော်မြူးခဲ့ကြသည် ။ နည်းပညာ ၊ ဘာသာရေး ၊ နိုင်ငံရေး လောက်သာ ထဲထဲဝင်ဝင်စာရေးသောသူများကိုတွေ့ဖူးသည် ။ ဖေ့စ်ဘုတ်ပေါ်လာသောအခါ သည်သို့မဟုတ်တော့ပါ မြန်မာပြည်မှာ ကျွန်တော်တို့ လူငယ်လယ်ဗယ်တန်းတွေ နယ်ပယ်စုံမှာ ခြေရည် လက်ရည်တက်နေတဲ့ ရွက်ပုံးသီးလေးများစွာကို သတိထားမိသည် ။ မြောက်များစွာသောသုံးသပ်ချက်တွေ ဖတ်ရသည်မှာလည်း အမြင်များစွာ ၊ ယူဆပုံများစွာ ဗဟုသုတရရှိလာစေသည် ။ သက်ဆိုင်ရာသတင်းဆိုပါက ချက်ချင်းပင် အပ်ဒိတ်ဖြစ်သည် ။ လူထူကွန်ယက် သို့ တဖြည်းဖြည်းချင်းကပ်လာနေသည်ဟု ထင်ရသည် ။ မကောင်းတာ ကို ကြီးမားစွာလုပ်သူတို့ အဖို့ ကွယ်ဝှက် နိုင်ဖို့ အတော်ခဲယဉ်းနေပေမည် ။ လူပေါင်းမြောက်များစွာ ပါဝင်လှုပ်ရှားနေသော နက်ဝေါ့ကြီးဖြစ်သည့် အတွက် ဆိုရှယ်နက်ဝေါ့ ခ် ဘလော့တွေမှာလို ဘလော့ ပိုင်ရှင်ကို မျက်နှာကြည့်ဖို့မလိုပါ ။ စိတ်ကြိုက်လွတ်လပ်စွာကွဲလွဲနိုင်ပါသည် ။ ဖေ့စ်ဘုတ်ပေါ် စာပေအရေးအသားများကိုလေ့လာကြည့်သောအခါ စာရေးနည်း စနစ်သစ်သို့ ချဉ်းကပ်နေသည့်အလားပင် ..။ ဟိုယခင် က စာရေးစရာတို့များစွာဟာ ရသဆိုလျှင်လည်း ဖွဲ့ဖွဲ့ နွဲ့ နွဲ့ နှင့် မွှန်းနေအောင်ရေးတက်ကြသည် ။
သုတဆိုလျှင်လည်း ဗဟုသုတရစရာများစွာကို လေးလေးနက်နက်ထည့်ပေးတက်ကြသည် ။ ဖေ့စ်ဘုတ်ပေါ်လာသောအခါ သည်သို့မဟုတ်တော့ပါ ။ ကျွန်တော်တို့ လူငယ်တွေအတွက် အချိန်တွေ ပိုလိုအပ်လာသလိုပင် ရေးသားသောစာတို့ မှာ အရေးအသားတိုတို ၊ ကျစ်ကျစ်လစ်လစ် ၊ ရင်ထဲမှာထိစရာ ဗဟုသုတပေးနိုင်တာတွေ ကို စာဖတ်သူစိတ်ရောက်အောင် အရွှန်းလေးဖောက်လို့ ရေးသားလာကြသည် ။
ဤသည်ကား ကျွန်တော်သတိထားမိသောဖေ့စ်ဘုတ်၏ ကောင်းကျိုးများပင်ဖြစ်သည် ။
ဖေ့စ်ဘုတ် ၏ ဆိုးကျိုးသည်ကား လူများစွာရှိသည် စရိုက်အထွေထွေ ၊ အသိဥာဏ်အဆင့် အတန်း အထွေထွေရှိသောကြောင့် လုပ်ကြံဇာတ်ဖန်တီးလိုသူတို့ အဖို့ အယုံသွင်းစရာ သားကောင်းများစွာ ရှိလေသည် ။
ထို အကြံအဖန်သမားများအတွက် ကား ဝမ်းမြောက်စရာဖြစ်ပေမယ့် အင်တာနက်ဆိုသော ဝေါဟာရကိုကောင်းစွာ မကျက် မိကြသေးသည့် လူငယ်များအတွက်တော့ ဘဝပျက်စရာပင် ။ သူတစ်ပါး အတွက် အကွက်ဆင် အပုပ်ချချင်သူတွေအတွက် လည်း ဖေ့စ်ဘုတ်ဟူသော နေရာကြီးကား အားရစရာကောင်းလောက်အောင် သောက်သောက်လဲ နာမည် ပျက်မည်မှာ အမှန်ပင်ဖြစ်သည် ။ Information , entertainment , social အသွယ်သွယ်သော အရာတွေကို သုံးစွဲသူလိုသမျှ အကုန်ရလေတော့ ဖေ့စ်ဘုတ်မှာ ဝင်ပေါက်သာရှိသည် ထွက်ပေါက်မရှိဆိုသည်မှာ အမှန်ပင်ဖြစ်ပါတော့သည် ။ ကျောင်းသူကျောင်းသား ငယ်ရွယ်သူ လူအများအဖို့တော့ ဖေ့စ်ဘုတ်မှာ အချိန်ကုန်
လေ့လာဖို့ မလုံလောက် တော့သည်မှာ နိုင်ငံတစ်ခုအတွက် မဟာအားနည်းချက်ဖြစ်သည် ။

ထိုထိုသောအကြောင်းအရာများမှာ ဖေ့စ်ဘုတ်နှင့် ပက်သက်ပြီး ကျွန်တော် တွေ့သမျှ သာ ။ ဒီထက်ပိုသောအရာများ ကျွန်တော် မသိသေးသောအရာများစွာလည်းရှိနေနိုင်ပါသေးသည် ။
ရုပ်ဆိုး is offline   Reply With Quote
အောက်ပါအသင်းဝင် 6 ဦးတို့မှ ရုပ်ဆိုး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 15-03-2012, 11:07 AM
  post #5
pannuko
MF Contributor
 
pannuko's Avatar
 
အသင်းဝင်နေ့စွဲ: Nov 2007
တည်နေရာ: yangon
ရေးသားချက်များ: 814
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 7,580
ပို့စ် 688 ခုအတွက် 3,943 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 4
pannuko will become famous soon enough
ပြန်စာ - မြန်မာနိုင်ငံရဲ့ ပြည်တွင်းကဏ္ဍပေ&

Facebook ၀င်ထွက်မှု လုံခြုံရေးနည်းလမ်း (ဖိုးဝလုံး)



နေ့စဉ်အင်တာနက်သုံးစွဲမှုတွေထဲက လူမှုကွန်ရက်ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Facebook ဟာ လူကြီးလူငယ်နဲ့ မိသားစုတွေ တစ်ဦးနဲ့ တစ်ဦး ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ အချင်းချင်းပေးပို့ဖလှယ်ကြရုံသာမက နိုင်ငံရေးမဲဆွယ် စည်းရုံး လှုပ်ရှားမှုတွေအတွက်ပါ အသုံးများ လာကြပါတယ်။

ဒါကြောင့် မိမိရဲ့ Facebook Account ကို လုံခြုံရေးအရ သေသေချာချာ ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။

ကွန်ပျူတာသုံးစွဲသူအများစုအနေနဲ့ ကိုယ့်ရဲ့ Account ကို ၀င်ထွက်ရာမှာ သတိထားသင့်တဲ့အချက်တွေရှိပါတယ်။

၁။ Keylogger လုံခြုံရေး

Keylogger ဆိုတာ ကိုယ်အသုံးပြုတဲ့ ကွန်ပျူတာမှာ ကီးဘုတ်ကရိုက်သမျှ စာတွေကို မှတ်သားသိမ်းယူတဲ့ ပရိုဂရမ်တစ်ခုဖြစ်ပါတယ်။ မိမိအသုံးပြုနေတဲ့ ကွန်ပျူတာမှာ Keylogger ရှိ မရှိ အလွယ်တကူမသိနိုင်တာကြောင့် ကိုယ့်ရဲ့ Account လုံခြုံရေး စကားဝှက်တွေ အလွယ်တကူ ရရှိသွားနိုင်ပါတယ်။ ဒါကြောင့် Keylogger ရန်က ကာကွယ်နိုင်ဖို့အတွက် OSK (On Screen Keyboard) ကို သုံးသင့် ပါတယ်။ OSK Tool u Windows 2000 မှ စပြီး ယခုနောက်ပေါ် Windows 7 အထိ အလိုအလျောက်ပါဝင်တာမို့ အလွယ်တကူ အသုံးပြုနိုင်ပါတယ်။ Run Box ကနေ OSK လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက် တာနဲ့ ကီးဘုတ်ပုံ ၀င်းဒိုးပေါ်လာပါလိမ့်မယ်။ Login ၀င်မယ့် User Name နဲ့ Password နေရာမှာ Cursor ထားပြီး ကီးဘုတ်ပုံ ၀င်းဒိုးပေါ်က Key တွေကို Mouse နဲ့နှိပ်ပြီးအသုံးပြု နိုင်ပါတယ်။

၂။ Login Notifications

Login Notifications က Facebook မှာ လုံခြုံရေးအတွက် ပေးထားတဲ့ Feature တစ်ခုဖြစ်ပါတယ်။ ဒီ Feature က ကိုယ့်ရဲ့ Account ကို ၀င်လိုက်တာနဲ့ နေရာ Verification တောင်းပြီး ကိုယ်အသုံးပြုတဲ့အီးမေးလ်ကို Notice ပေးပို့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ Account ၀င်ထွက်မှုနဲ့ပတ်သက်ပြီး အလွယ်တကူ သိရှိနိုင်တဲ့အတွက် ကိုယ်မသုံးဘဲ ဘယ်သူတွေ ၀င်ထွက်သွားသလဲဆိုတာ ချက်ချင်း သိနိုင်တဲ့အတွက် Facebook မှာ ဒီ Feature ကို ON ထား သင့်ပါတယ်။ Facebook ကို Login ၀င်ပြီးသွားရင် Account Settings ကို နှိပ်ပါ။ လက်ဝဲဘက်အပေါ်ထောင့်မှာရှိတဲ့ Security ကို နှိပ်ပါ။ Login Notification က Edit ကို နှိပ်ပါ။ Email Checkbox ကို နှိပ်ပြီးရွေးချယ်ပါ။ ပြီးရင် Save Change ကိုနှိပ်ပါ။ ဒါဆိုရင် Feature ကို ON ပြီးသွားပါပြီ။ Logout လုပ်ပြီး ပြန်ဝင်တာနဲ့ နေရာ Verification တောင်းမှာဖြစ်ပြီး ကိုယ်သုံးတဲ့နေရာကို ရိုက်ထည့်ပြီးဝင်ရမှာဖြစ်ပါတယ်။ Login ၀င်သွားတာနဲ့ ကိုယ့်ရဲ့ Gmail ကို Notic ရောက်သွားမှာဖြစ်ပါကြောင်း ဖော်ပြလိုက်ပါတယ်။

ဒီလောကကြီးက သင်တွေးထင်ထားတာထက် ကျယ်ပြန့်တယ်
သင့်ဘဝထွက်လမ်းမရှိဘူးလို့ .... မထင်လိုက်ပါနဲ့..... လူတိုင်းမှာ မမြင်ရတဲ့တောင်ပံတစ်စုံရှိတယ်၊ သင်ကိုယ်တိုင်ကလွဲပြီး ဘယ်သူကမှ သင်လွတ်လွတ်လပ်လပ်ပျံသန်းဖို့ တားဆီးမရနိုင်ပါဘူး .....
pannuko is offline   Reply With Quote
အောက်ပါအသင်းဝင် 6 ဦးတို့မှ pannuko အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Reply

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 05:41 AM
Inactive Reminders By Icora Web Design