Old 30-03-2011, 12:25 AM
  post #1
g00gle
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Nov 2010
ရေးသားချက်များ: 751
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 12,278
ပို့စ် 754 ခုအတွက် 6,476 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
g00gle will become famous soon enough
Web Apps or Web Applications

ကျွန်တော်သိသလောက် Web Apps များအကြောင်း

အရင်က ကျွန်တော် လုပ်နေကျတခု ရှိတယ်။ Internet ကနေ Softwares တွေ Download လုပ်၊ ပြီးရင် စက်ထဲသွင်းပြီး တခုပြီး တခုစမ်။ Photoshop ကောင်းတယ်ဆိုလို. Photoshop CD ဝယ်၊ နောက် GIMP က Photoshop Alternative ဆိုတော. Download လုပ်၊ Picasa က မဆိုးဘူးဆိုတော. Picasa ကို စမ်းကြည်.တာနဲ.။ နောက် Photoshop က စက်လေးတယ်ဆိုပြီး ပြန် Uninstall လုပ်၊ GIMP ကလဲ သုံးလို.မတတ်တာနဲ. ပြန်ဖြုတ်၊ Picasa ကလဲ ကြီးကြီးမားမား ပြင်ဆင်လို.မရတာနဲ. မသုံးဖြစ်။ စက်ကတော. Install လုပ်လိုက်၊ Uninstall လုပ်လိုက်နဲ.၊ ဗျောင်းဆန်နေတာပေါ.။ အခုတော. ဒီလို မဟုတ်တော.ဘူး။ Photoshop လား၊ စိတ်မဝင်စားဘူး။ GIMP လာကို မပြောနဲ.။ ငါ Install လုပ်ပြီး မသုံးချင်တော.ဘူး ဖြစ်လာပြီ။ Web Apps or Web Applications ပဲသုံးတော.တယ် ဆိုပြီး ဖြစ်လာတယ်။

လူတွေရဲ. Computer သုံးစွဲပုံပြောင်းလဲလာတာကြောင်. Web Apps တွေရဲ. အခန်းက တမျိုးပြောင်းလာခဲ.တယ်။ တနေ.တနေ. အိမ်ပြန်ရောက်လာရင် ဘာသုံးလဲ မေးကြည်.လို.ရတယ်။ ကွန်ပျူတာဖွင်.၊ Chrome သို.မဟုတ် Mozilla Web Browser လေးဖွင်.။ Email အတွက် Webmail ကိုသုံးတယ်။ စာစီစာရိုက်အတွက် Online Office Apps တွေသုံးတယ်။ Video ကြည်.ဖို. Hulu, Youtube, Netflix တို.ကို သုံးတယ်။ သီချင်းနားထောင်ဖို. Youtube, Grooveshark, Pandora တွေကို သုံးတယ်။ DVD ခွေထဲ.ပြီး ရုပ်ရှင်ကြည်.တာတို.၊ သီချင်းနားထောင်တာတို.က မရှိသလောက်ဖြစ်နေပြီ။ Browser တွေ သူ.ထက်ငါ အပြိုင်အဆိုင် မြန်အောင် လုပ်လာတယ်။ Chrome Webstore လိုမျိုး Web Apps တွေ အများအပြား ပေါ်လာတယ်။ Internet အလွယ်တကူရတဲ. နေရာမှာ ကွန်ပျူတာရဲ. ရည်ရွယ်ချက်တွေ ပြောင်းကုန်ပြီ။ ဒါကြောင်.လဲ Google က Browser အခြေခံ Chrome OS ထုတ်ဖို.ကြိုးစားလာတယ်။ တခြားကုမ္ပဏီတွေကလဲ Web Browsing ကို အဓိကထားတဲ. မြန်မြန်ဆန်ဆန်သုံးလို.ရတဲ. Operating System တွေ ထွင်လာကြတယ်။ ဥပမာပြောရရင် JoliCloud တို.၊ Splashtop OS တို.လိုမျိုးပေါ.။

ဒီတော. လူတွေ အခုသုံးနေကြတဲ. Web Apps ဆိုတာဘာလဲ။
အလွယ်တကူ ပြောရရင်တော. Web Apps ဆိုတာ Browser တခုကို သုံးပြီး Internet ပေါ်မှာ အလုပ်တခုခုလုပ်ဖို. ထွင်ထားတဲ. Applications တခုခုပါပဲ။ ပုံမှန်သုံးနေကျ Softwares တွေရေးသလိုမျိုးပဲ၊ Web Apps တွေကို ဖန်တီးဖို.အတွက် Flash, Silverlight, JavaScript, HTML & CSS, Java နဲ. အခြား programming languages တွေသုံးဖို.လိုတယ်ပေါ.။ ပုံမှန် Applications တွေက Windows တို.၊ Linux တို.လို Operating System တွေလိုတယ်။ Web Apps ကတော. Chrome တို.၊ Firefox တို.လို Browser တခုလိုတယ်ပေါ.။

ကျွန်တော် JoliCloud ပေါ်လာတုန်းက စမ်းသုံးလိုက်သေးတယ်။ အဲဒီတုန်းက သူ.မှာပါတဲ. Apps တွေကို သဘောမကျဘူး။ Gmail App ဆိုပြီး နှိပ်လိုက်ရင် Gmail ကို ရောက်သွားတယ်။ Google Docs App ကို နှိပ်လိုက်ရင် Google Docs Website ကို ရောက်သွားတယ်။ ဒါကို Apps လို. ဘယ်ပြောလို.ရမလဲဆိုပြီး Email ပို. ရန်တွေ.လိုက်သေးတယ်။ နောက် Chrome Webstore ပေါ်လာတယ်။ JoliCloud လိုမျိုးပဲ။ Box.net ကို နှိပ်ရင် Box.net ကိုရောက်သွားတယ်။ တော်တော်များများ Apps တွေကို နှိပ်ရင် သူ.ရဲ. Websites တွေကို ရောက်သွားတယ်။ ဒီတော. မကျေနပ်ဖူးပေါ.။ Bookmarks တွေကို Web Apps ဆိုပြီးပြောတယ်ဆိုပြီးဖြစ်လာတယ်။ တနေ.တော. web.appstorm.net မှာ ဒီလိုရေးထားတာကို သွားတွေ.တယ်။

A web application is an application utilizing web and [web] browser technologies to accomplish one or more tasks over a network, typically through a [web] browser.

နောက် သူကပဲ Chrome Web Apps ကို Bookmarks လို.ပြောတာကို မကျေမနပ်နဲ. ဘယ်လိုပြောခဲ.လဲဆိုတော.

Since the introduction of the Chrome Web Store (CWS), Iíve had an increasing number of people tell me that apps listed in the CWS that are essentially bookmarks to existing web apps, arenít actually apps because they donít use Chrome to run. Thatís silly! The apps these people are talking about are no less web apps than the apps built to run specifically in Chrome.

ဒီတော. Bookmarks ဆိုတာဘာလဲ သိအောင် လုပ်ရတော.တာပေါ.။ Wikipedia မှာရေးထားတာကတော. Bookmarks ဆိုတာ Internet က အကြောင်းအရာ တခုကို နောင်အလွယ်တကူ ရှာဖွေနိုင်အောင် Web Browsers မှာ သိမ်းဆည်းထားတဲ.နေရာပေါ.။ Internet က အကြောင်းအရာတခုဆိုတာက URL သို.မဟုတ် Web Address တခုခုကို ဆိုလိုပါတယ်။ Internet Explorer မှာတော. Favourites လို.ခေါ်တယ်။

အမှန်အတိုင်းပြောရရင် အခုအချိန်ထိ Web Apps ဆိုတာဘာမှန်း မသဲကွဲသေးပါဘူး။ ကျွန်နော်ပဲလားဆိုတော.၊ မဟုတ်ပါဘူး။ ကမ္ဘာတဝန်းက ပညာရှင်တွေ၊ လူတွေ Web Apps ဆိုတာ Glorified Bookmarks သို.မဟုတ် Links တွေပဲဆိုပြီး ငြင်းခုန်နေကြပါတယ်။ တချို.တွေက New York Times လိုမျိုး Apps မျိုးမှ Web Apps အစစ်။ ကျန်တာက Links တွေ။


တချို.ကတော. New York Times တောင်မှ HTML5 ရတဲ. Browsers မှာသုံးလို.ရလို. Web Apps လို.မခေါ်ဘူးနဲ.ပေါ.။ Lifehacker တောင်မှ The Five Best Chrome Webapps That Arenít Just Bookmarks ဆိုပြီးရေးလိုရေး။ ဘာကို အမှန်ယူရမှန်းမသိတော.ဘူး။

နောက်ဆုံးတော. ကျွန်တော် web.appstorm.net ရဲ. ယူဆချက်လေးတခုကို ယူလိုက်ပါတယ်။

ကိုယ်.ကိုယ်ကို ပြန်မေးလိုက်ပါ။ ďDoes it do something?Ē Even if it only does something small and specific, itís still a web app. Googleís search engine is a web app, yet its root concept is hardly different from a phone directory that enables you to search names or numbers.

ကျွန်တော် ဒီအချက်လေးကို ကြိုက်တယ်။ သူ. Definition နဲ.လဲ ကိုက်တယ်။ အဓိကက ကိုယ်.အတွက် အသုံးဝင်ရင် ပြီးတာပါပဲ။ သူများကကိုယ်.ကို ကြီးကြပ်သူမခေါ်လဲ ကိုယ်က သူများကို ကြီးကြပ်လို.ရရင် ကိုယ်ကတော. ကြီးကြပ်သူပါပဲ ။ ကျွန်တော်.အတွက်ကတော. Flash game လေးတွေကလဲ Web Apps ပါပဲ။ Gmail ကလဲ Web Apps ပါပဲ။ Google Docs လဲ Web Apps ပါပဲ။ နောက်ဆုံး Facebook တောင်မှ Web Apps ပါပဲ။

အချိန်ရရင်တော. ကောင်းနိုးရာရာ Web Apps တွေကို ရေးပေးပါမယ်။ ၀င်ရောက် ဆွေးနွေးဖို. တိုက်တွန်းပါတယ်။

If something doesn't work, break it and create a BETTER one.

Last edited by g00gle; 12-09-2011 at 02:57 AM..
g00gle is offline   Reply With Quote
အောက်ပါအသင်းဝင် 13 ဦးတို့မှ g00gle အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 30-03-2011, 09:41 AM
  post #2
g00gle
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Nov 2010
ရေးသားချက်များ: 751
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 12,278
ပို့စ် 754 ခုအတွက် 6,476 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
g00gle will become famous soon enough
ပြန်စာ - Web Apps Or Web Applications

Web OS သို.မဟုတ် Web Desktop

Web Apps တွေ အကြောင်း မပြောခင် Web Operating System (Web OS) အကြောင်းစပြောပါမယ်။ ပထမဆုံးမေးခံထိတဲ. မေးခွန်းကတော. Web OS ဆိုတာဘာပါလဲ။ မေးခွန်းလေးက ရိုးရှင်းပေမဲ. တော်တော် ဖြေရခက်တဲ. မေးခွန်းပါ။ လွယ်လွယ်ကူကူ ဖြေရရင် Internet ကို အဓိကထားပြီး အသုံးပြုရတဲ. Operating System တခု။ ဒါလဲ မဟုတ်သေးပြန်ဘူး။ Operating System ဆိုတာက hardware နဲ့ software တွေကို ထိန်းချုပ်ပြီး အတူတကွအလုပ်လုပ်စေတဲ. အရာတခု။ အခု Web OS က Hardware တွေ၊ Softwares တွေကို ထိန်းချုပ်ပြီး အတူတကွ အလုပ်လုပ်စေလို.လား။ ဝေးလာဝေးသေးပါပဲ။ ဒါကြောင်. တချို.တွေက Web OS လို.ခေါ်ရမှာထက် Web desktop တို.၊ Webtop Software တို.ခေါ်ကြတယ်။ HowStuffWorks ကတော. Web ပေါ်မှာ ပုံမှန် ကွန်ပျူတာတလုံး သုံးနေရသလိုမျိုး၊ Files တွေဖန်တီးနိုင်၊ Applications တွေ အသုံးချနိုင်တဲ. User Interface တခုပါပဲလို. ဖွင်.ဆိုပါတယ်။ နောက်ပြီး Web OS ဆိုတဲ. နာမည်နဲ. ပတ်သတ်ပြီး ပြဿနာ တခုက Web OS ဆိုတာက အရင်က Palm ဖုန်းတွေမှာ သုံးတဲ. mobile operating system တခုဖြစ်နေတာပါပဲ။ နောက်ပိုင်းမှာ HP ကယူပြီး HP WebOS ဆိုပြီး နာမည်ပေးခဲ.တယ်။ ဒါပေမဲ. ဒီနှစ်ထဲမှာပဲ HP ကနေ 2012 ကျရင် Web OS ကို HP Computers တွေမှာ ထဲ.သွင်းလာမယ်ဆိုပြီး ကြေငြာလိုက်ပါတယ်။ ဒီတော. နဂိုကထဲက ရုပ်ထွေးနေတဲ. Web OS ကြီး ပိုပြီး လုံးထွေးသွားတာပေါ.။

နာမည်တွေ အသာထားပြီး Web OS ကနေ ဘာလုပ်လို.ရလဲ တချက်ကြည်.ရအောင်။ Operating System ဆိုတဲ. အတိုင်းပဲ အခြေခံ လိုအပ်တဲ. Applications တွေဖြစ်တဲ.
1. File Manager - Folders & Files တွေကို create လုပ်နိုင်၊ Edit လုပ်နိုင်တယ်။ Upload၊ Download လုပ်နိုင်တယ်။
2. File Storage - Hard Drive တလုံးမှာ Data သိမ်းသလိုမျိုး Web ပေါ်မှာ သိမ်းဆည်းလို.ရတယ်။
3. Office Programs - Microsoft Words, Excel, Powerpoint လိုမျိုး Applications တွေပါတယ်။
4. Photos & Videos Management - ဓာတ်ပုံတွေ၊ သီချင်းတွေ၊ Videos အချို.ကို သီးသန်. Softwares မလိုပဲ ကြည်.နိုင်အောင်လုပ်ထားတယ်။
5. Productivity - Calendar, Address Books တို.လို၊ To Do List တို.လို မျိုးတွေပါတယ်။
6. Internet - Email, RSS Reader, Instant Messaging တွေပါတယ်။
နောက် တခြား Applications တွေကိုလဲ Install လုပ်လို. ရပါသေးတယ်။

စမ်းသုံးကြည်.ချင်တယ်။ ဘာအမျိုးအစားတွေရှိသလဲ။ Web OS တွေက တမျိုးပြီး တမျိုး ပေါ်ထွန်းခဲ.ပေမဲ.လဲ ထွန်းထွန်းပေါက်ပေါက် ဖြစ်သွားတာဆိုပြီး သိပ်မရှိပါဘူး။ တချို.တွေဆို စမ်းသပ်ဆဲကနေ လုံးဝရပ်ဆိုင်းလိုက်တာမျိုး ရှိသလို (YouOS)၊ Stable Version ထိရောက်လာတဲ. Web OS တွေလဲရှိခဲ.တယ်။ ဘာလို. Web OS ကျရှုံးရသလဲဆိုတာကို တွေးကြည်.တော. အကြောင်းတွေ အများကြီးပဲ။ နှေးကွေးတယ်။ Bugs တွေများတယ်။ မြင်ကွင်းသေးတယ်။ အဓိကကတော. ရည်ရွယ်ချက်တခုထဲအတွက် ထုတ်တဲ. Web Apps တွေကို မယှဉ်နိုင်တာပါပဲ။ Email ဆိုပဲကြည်.။ ဘယ်သူက ဒီ Email ကို သုံးမလဲ။ Gmail ပဲ သုံးမှာပေါ.။ Web OS ကပေးတဲ. Features တွေက မက်စရာမရှိသလို ဖြစ်နေတယ်။ ဘာပဲပြောပြော နောင်တချိန်တော. WebOS တွေ ဆက်လက်ရှင်သန်မလား၊ ကျရှုံးမလား၊ ပိုထွန်းပေါက်မလားကိုတော. စောင်.ကြည်.ရမှာပါပဲ။ ဒီကြားထဲ စမ်းသုံးကြည်.ချင်တယ်ဆို သုံးလို. မဆိုးတဲ. Web OS လေးတွေရှိတယ်။

1. Glide OS
PC World Magazine ရဲ. Top 100 Tech Products of 2009 မှာပါတယ်။ Free အနေနဲ. 30 GB Storage ရမှာဖြစ်ပါတယ်။ Browsers Extension အနေနဲ.လဲ သုံးလို.ရပြီး၊ Windows, Linux, OS X ကို Support လုပ်ပါတယ်။ Documents တွေကို html အမျိုးအစားနဲ. Save လုပ်လို.ရပါတယ်။ Browsers မှာ စာလုံး ကြီးကြီးနဲ. ရှင်းရှင်းလင်းလင်းဖတ်လို.ရလို. ကျွန်တော် လက်ရှိ သုံးနေပါတယ်။


2. eyeOS
သုံးရတာ မဆိုးတဲ. OS တခုပါပဲ။ Glide OS ထက်ပိုပေါ.ပါးပါတယ်။ Stable Version 1x & 2x ဆိုပြီး နှစ်ခုရှိတယ်။ Version 2x ကတော. လောလောဆယ်ဆယ် Maintenance လုပ်နေတယ်ဆိုပြီး သုံးလို.မရသေးပါဘူး။


3. iCloud
မရှိတော.ပါ။

4. Zimdesk OS
eyeOS နဲ. ပုံစံဆင်ပါတယ်။ သူကတော. Linux ပုံစံအတိုင်းပဲ Dock လိုမျိုး Panel ကို Screen အပေါ်မှာတင်ထားပါတယ်။


5. Cloudo
သူကတော. ရှင်းရှင်းလေးနဲ. တော်တော်လှပါတယ်။ မကောင်းတာက Beta ဖြစ်နေတာရယ် Word Processor က တခြားဟာတွေလောက် မကောင်းပါဘူး။ Basic Features လောက်ပဲပါပြီး WordPad နဲ.ပိုတူပါတယ်။


6. JoliCloud
သူကတော. Netbook တွေမှာသုံးဖို. ထွင်ထားတဲ. OS တခုပါ။ Ubuntu Linux ကို အခြေခံထားပါတယ်။ Chrome, Frefox ပေါ်မှာ စမ်းသုံးကြည်.လို. ရပါတယ်။ Reviews တွေမှာ တော်တော် ချီးမွမ်းကြတဲ. OS တခုပါ။ ဒါပေမဲ. အခုထိ ဘယ်လို အသုံးပြုရမလဲ ကျွန်တော် မသိသေးပါ။


7. SilverOS
Microsoft SilverLight လိုပါတယ်။

8. CorneliOS

9. myGoya Online Desktop

If something doesn't work, break it and create a BETTER one.

Last edited by g00gle; 12-09-2011 at 03:03 AM..
g00gle is offline   Reply With Quote
အောက်ပါအသင်းဝင် 14 ဦးတို့မှ g00gle အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 30-03-2011, 07:10 PM
  post #3
လမ်းပြကြယ်
အရွယ်ရောက်သူ
 
အသင်းဝင်နေ့စွဲ: Oct 2008
တည်နေရာ: ကွန်ပျူတာ
ရေးသားချက်များ: 198
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 567
ပို့စ် 175 ခုအတွက် 1,065 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
လမ်းပြကြယ် is on a distinguished road
ပြန်စာ - Web Apps Or Web Applications

ကို google ရေ ...
အချိန်ရရင် Glide OS အသုံးပြုပုံလေး ရှင်းပြပေးပါလား။ free 30 GB Storage ဆိုတော. စိတ်ဝင်စားတယ်။ပြီးတော. ကျနော်လည်း Storage နဲ. ပတ်သက်ပြီး ခေါင်းစဉ်တစ်ခုတင်စရာရှိလို.ပါ။

[MARQUEE][CENTER][B][I][COLOR="Blue"]:1: ဖြစ်အောင်လုပ်မယ်ဆိုတဲ့  သူအတွက် ဖြစ်နိုင်တဲ့ နည်းလမ်းကောင်းတွေ တစ်မျိုးပြီးတစ်မျိုးတွေ့ မှာသေချာတယ် :1:[/COLOR][/I][/B][/CENTER][/MARQUEE]


[center][COLOR="DarkRed"] GUIDESTAR [/COLOR][/CENTER]
လမ်းပြကြယ် is offline   Reply With Quote
အောက်ပါအသင်းဝင် 5 ဦးတို့မှ လမ်းပြကြယ် အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 30-03-2011, 11:43 PM
  post #4
g00gle
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Nov 2010
ရေးသားချက်များ: 751
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 12,278
ပို့စ် 754 ခုအတွက် 6,476 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
g00gle will become famous soon enough
ပြန်စာ - Web Apps Or Web Applications

ဒီနေရာမှာသာ ကြည်.လိုက်ပါ။ DropBox လိုမျိုး Syn Features သုံးချင်တယ်ဆိုရင်တော. ဒီနေရာက Softwares လေးတွေ လိုလိမ်.မယ်။

If something doesn't work, break it and create a BETTER one.
g00gle is offline   Reply With Quote
အောက်ပါအသင်းဝင် 7 ဦးတို့မှ g00gle အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 17-04-2011, 01:35 PM
  post #5
g00gle
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Nov 2010
ရေးသားချက်များ: 751
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 12,278
ပို့စ် 754 ခုအတွက် 6,476 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
g00gle will become famous soon enough
ပြန်စာ - Web Apps Or Web Applications

Online Office Suite

ဒီနေ.တော. Microsoft Office အစားထိုး Online Office Suite အကြောင်းကို ဆွေးနွေးသွားပါမယ်။ Microsoft Office ကို မသုံးဖြစ်တာ ၂ နှစ်လောက်တောင် ရှိတော.မယ်။ အရင်က Computer မှာ Microsoft Works ပါတာက တကြောင်း၊ OpenOffice ကို စမ်းသပ်နေတာက တကြောင်း၊ အကြောင်း ၂ ကြောင်းကြောင်. Microsoft Office အခွေလဲ မဝယ်ဖြစ်ခဲ.ပါဘူး။ ဒါပေမဲ. Internet အလွယ်တကူရလာတော. နဂိုက နှစ်သက်ခဲ.တဲ. Microsoft Works တို.၊ OpenOffice တို.ထက် ပိုကောင်းတဲ. အစားထိုးစရာတွေ သွားတွေ.ပါတယ်။ Online Office Suite တွေပါ။ ကျွန်တော် စသုံးတဲ. အချိန်က Google Docs ဆိုတာ နာမည် သိပ်မရှိသေးဘူး။ အဲဒီအချိန်က နာမည်ကြီးတာက Thinkfree ပါ။ အခုတော. Google Docs က ကျော်တက်သွားပြီပေါ.။ ကဲပါလေ Google Docs အပါအဝင် သုံးလို. မဆိုးတဲ. Office Suites လေးတွေ အကြောင်းစပြောကြတာပေါ.။

1. Google Docs


ပထမဆုံးကတော. အခုလူတွေ အများကြီး သုံးနေကြတဲ. Google Docs ပေါ.။ Google Docs အကြောင်း ကို KznT လဲ ခဏခဏ ရေးဖူးတယ်။ အကြမ်းပြောရရင်တော. Google Docs က 1 GB Storage ရှိပါတယ်။ ပုံမှန် Word File, Powerpoint လို Presentation, Excel လိုမျိုး Spreadsheet တွေကို ဖန်တီးလို. ရပါတယ်။ ကိုယ်. Computer မှာရှိတဲ. Files တွေကိုလဲ Google Docs ဆီတင်ပြီး သိမ်းထားလို. ရပါတယ်။ Upload တင်တဲ.အခါမှာ Word, Presentation, Spreadsheets တွေသာမကပဲ ကိုယ်ကြိုက်တဲ. Files တွေကို တင်လို. ရပါတယ်။ ကိုယ်ရဲ. Files တွေကို သူများတွေကို Share ပေးချင်ရင်လဲ အလွယ်တကူ Share ပေးလို.ရပါတယ်။ Google Docs ကို မသုံးတတ်တဲ.သူတွေအတွက်လဲ အလွယ်တကူ သုံးလို.ရအောင် Google Docs အတွက် Support Center ထားထားပါတယ် Google Docs ရဲ. အသစ်အသစ်သော Update သတင်းတွေကို ဖတ်ရှုဖို.လဲ Google Docs Blog လေးလဲ ထားရှိထားပါတယ်။

2. Microsoft Office Web Apps


Google Docs က Microsoft Office ရဲ. နေရာကို လုလာတယ်။ နောက် တခြား Google Docs လို Websites တွေလဲ အလျင်အမြန် တိုးတက်လာတော. Microsoft က နောက်ကျမကျန်စေဖို. Windows Live SkyDrive နဲ. Office Web Apps ဆိုပြီး ထုတ်လိုက်ပါတယ်။ Skydrive ကတော. Google Docs ထက် Storage ကိုပိုပြီးပေးထားပါတယ်။ 25 GB ပါ။ Office Web Apps ကလဲ တကယ်. Microsoft Office ကို Online မှာ သုံးနေရသလိုမျိုးပါပဲ။ Word, Powerpoint, Excel files တွေကို ဖန်တီးလို. ရပါတယ်။ Files တွေကို Upload လုပ်လို.ရပါတယ်။ File Size limit ကတော. 50 MB ပါ။ နောက်ပြီး တကယ်လို. Microsoft Office ကို စက်ထဲမှာ သွင်းထားတယ်ဆိုရင် Web နဲ.၊ စက်နဲ. အပြန်အလှန် Switch လုပ်ပြီး သုံးလို. ရပါတယ်။ Google Docs လိုမျိုးပဲ သူများကို Share လုပ်ချင်တယ် ဆိုရင်လဲ Share လုပ်ပေးလို.ရပါတယ်။ Office Web Apps ကို ဘယ်လို သုံးရမလဲဆိုတာကို ဒီနေရာမှာ ဖော်ပြထားပါတယ်။ Facebook Page ကို သွားကြည်.ပြီးတော.လဲ Update သတင်းတွေ၊ Tips တွေကို သင်ယူနိုင်ပါသေးတယ်။

3. Zoho Docs


Google Docs လိုပဲ နာမည်ကြီးတဲ. Office Suite တခု ရှိပါသေးတယ်။ Zoho Office Suite ဖြစ်ပါတယ်။ Zoho က Google Docs လိုမျိုး Google ပြီးတော.မှ Google Docs ဆိုပြီး ထွက်လာတာမျိုး မဟုတ်ပါဘူး။ အစကတည်းက Thinkfree နဲ. အပြိုင် Office Suite သီးသန်.ထွက်ခဲ.တာပါ။ နောက်ပိုင်းမှာ Email, Wiki, Share စသဖြင်. အမျိုးမျိုး အဆင်.မြှင်.ခဲ.ပါတယ်။ အခုအချိန်ထိ ဆက်လက် ရပ်တည်နေတာကတော. ချီးကျူးပါတယ်။ Google Docs ကို လူတွေ ကြိုက်ကြပေမဲ. ကျွန်တော်ကတော. မကြိုက်ပါဘူး။ ဘာလို.လဲဆိုတော. Zawgyi-one Web Text Editor ကနေ မြန်မာစာတွေ copy ကူးတဲ.အခါ Google Docs မှာ ပုံမကျပန်းမကျ ထွက်လာလို.ပါ။ Microsoft ရဲ. Office Web Apps ကျပြန်တော. Files တွေကို Organize လုပ်ရတာ ခက်ခဲပါတယ်။ ဒါကြောင်. ရိုးရိုးရှင်းရှင်းရှိတဲ. Zoho Docs ကိုပဲ လက်ရှိ အသုံးပြုနေပါတယ်။ Zoho လဲ Gmail, Live Mail တို.လိုပဲ Zoho Mail ရှိတဲ. အတွက် Sign Up လုပ်လိုက်ရင် Zoho Docs ကို အသုံးပြုနိုင်သလို Email တခုလဲ ရရှိနိုင်ပါတယ်။ Zoho Docs က Storage အနေနဲ. 1 GB free ပေးထားပါတယ်။ သူလဲ Documents တွေကို Create လုပ်နိုင်၊ Upload လုပ်နိုင်ပါတယ်။ ထူးခြားချက်တခုက Google Docs ကနေ Files တွေကို Import လုပ်လို. ရပါတယ်။ ကန်.သတ်ချက်ကတော. တခါကို 5 Files ပဲ Import လုပ်လို. ရတာပါ။ နောက်ပြီး Folder ကို Zip ချုံ.ပြီး Upload တင်၊ Zoho Docs ထဲမှာ Unzip ပြန်လုပ်လိုက်ရင် Folder အလိုက် တင်ထားသလို ဖြစ်သွားပါမယ်။ File Size Limit ကတော. 50 MB ပါ။ စိတ်မကောင်းစရာတခုကတော. Google Chrome Browser ကို Support လုပ်တယ်လို. မကြေငြာထားပါဘူး။ Google နဲ. ပြိုင်ဆိုင်နေလို. တမင် Support မလုပ်တာလဲ ဖြစ်နိုင်ပါတယ်။ ဘယ်လို အသုံးပြုလဲ သိချင်ရင်တော. FAQ မှာ ဝင်ကြည်.လို.ရပါတယ်။

4. Acrobat


နောက်တခု မိတ်ဆက်ပေးမှာကတော. Adobe ရဲ. Acrobat.com ပါ။ Adobe ကလဲ နောက်ကျန်မနေပဲ Web တိုက်ပွဲထဲကို Photoshop.com နဲ. Acrobat.com ဆိုပြီး ဝင်လာပါတယ်။ Photoshop.com ကတော. Basic Photo Editing လုပ်လို.ရပါတယ်။ Acrobat.com ကတော. Web Conferencing အတွက်လုပ်ထားတာပါ။ Free Account အနေနဲ. 2 GB Storage ရပါတယ်။ Acrobat က စတာ သိပ်မကြာသေးတဲ. အတွက် Features တွေကတော. သိပ်မစုံသေးပါဘူး။ Word/PDF file တွေကို ဖန်တီးဖို. Buzzword ဆိုပြီး နာမည်တတ်ထားတဲ. Program ကို သုံးပါတယ်။ Presentations နဲ. Spreadsheets ကတော. beta အဆင်.မှာပဲ ရှိပါသေးတယ်။ တခြား services တွေလိုပဲ Files တွေကို upload လုပ်လို. ရပါတယ်၊ Share လုပ်ပေးလို. ရပါတယ်။ Acrobat.com မှာ ကြိုက်တာ တခုကတော. အမြင်ပိုင်း အရမ်းကို လှပတာပါပဲ။ Google Docs ကတော. လုံးဝကို မယှဉ်နိုင်ပါဘူး။ အားနည်းချက်အနေကတော. Flash Player လိုပါတယ်။ Acrobat.com မှာ Account လုပ်ပြီး ဝင်လိုက်ရင် Buzzword ကို ဘယ်လို သုံးရမလဲဆိုတဲ. File လေးတခု ကို တွေ.ရပါမယ်။ အဲဒီကနေ သုံးပုံသုံးနည်းကို ကြည်.လို.ရသလို၊ Community Questions မှာလဲ သွားရောက် ကြည်.ရှုနိုင်ပါတယ်။

5. Thinkfree



ွှ့Thinkfree ကတော. ကျွန်တော် ဟိုးအရင်ကထဲက စစမ်းကြည်.တဲ. Office Suite ဖြစ်ပါတယ်။ အစောပိုင်းလောက်ကထဲက Computer မှာရှိတဲ. Files တွေနဲ. Thinkfree Online Office နဲ.ကို Sync လုပ်ပေးပါတယ်။ အစက Dropbox လိုမျိုးတွေ သိပ်မထင်ရှား သို. မရှိသေးတော. Thinkfree က တော်တော်ကို လေးစားစရာဖြစ်နေပါတယ်။ ဒါပေမဲ. Java လိုတာရယ်၊ နှေးကွေးလွန်းတာရယ်ကြောင်. သိပ်မသုံးဖြစ်တော.ပါဘူး။ အခုထိ ဆက်လက် ရပ်တည်နေတာကတော. အံ.သြပါတယ်။ Storage အနေနဲ.တော. 1 GB ပေးပါတယ်။ Word, Powerpoint, Excel files တွေကို ဖန်တီးနိုင်ပါတယ်။ Upload လုပ်လို.လဲ ရပါတယ်။ နှေးကွေးလွန်းတာကြောင်. သုံးဖို. မသင်.တော်တဲ. အမျိုးအစားထဲမှာ ပါပါတယ်။ ဒါပေမဲ. Online Office Suite ရဲ. ရှေ.ဆောင်လမ်းပြတခု ဖြစ်လို. အမှတ်တရ မိတ်ဆက်ပေးတာပါ။

နောက်ပိုင်း Live Documents လိုမျိုး Office Suite လေးတွေလဲ ရှိပါသေးတယ်။ သူကတော. Microsoft Office ပုံစံကို တုပထားပါတယ်။ သုံးရတာလဲ မဆိုးပါဘူး။ တခြား ကျွန်တော် မဖော်ပြတာတွေလဲ ရှိပါသေးတယ်။

ကျွန်တော် ဖော်ပြထားတာကတော. Service ကို တော်ရုံ မဖျက်ဘူးလို. ထင်ရတဲ. Web Apps တွေပါ။ တခြား Word သီးသန်.၊ Powerpoint သီးသန်.၊ Spreadsheet သီးသန်. Web Apps တွေလဲ အများကြီးပါပဲ။ စာရေးချင်စိတ် ပေါ်လာရင်တော. ဆက်ပါမယ်။

If something doesn't work, break it and create a BETTER one.

Last edited by g00gle; 12-09-2011 at 03:06 AM..
g00gle is offline   Reply With Quote
အောက်ပါအသင်းဝင် 9 ဦးတို့မှ g00gle အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Reply

Tags
web apps, websites

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !

အခြားဆင်တူဆွေးနွေးချက်များ
ဆွေးနွေးချက် စတင်ရေးသားသူ ကွပ်ပျစ်ဝိုင်း ပြန်စာများ နောက်ဆုံးပို့စ်
Torrent ဘာလဲ Torrent ဘယ်လဲ ?? KznT အထွေထွေဗဟုသုတ 27 06-04-2015 01:06 AM
ပြောင်းလဲနိုင်သော Ubuntu applications များ KznT Linux များ (သို့) Linux နှင့်ဆိုင်ရာများ 7 02-08-2011 11:14 PM
အသင့်သုံး Portable Apps Suites များ KznT Software များဆိုင်ရာ 1 03-01-2011 07:16 PM
7 applications you should try ! KznT Software များဆိုင်ရာ 0 06-04-2010 10:24 PM
Build Your Own AJAX Web Applications mmmaung E-books များ 0 28-01-2008 03:54 PM


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 05:44 AM
Inactive Reminders By Icora Web Design