Go Back   မြန်မာမိသားစုဖိုရမ် » ..:: ကြေညာချက်များ ::.. » မသိမဖြစ်
မြန်မာလက်ကွက်

မသိမဖြစ် ဖိုရမ်က အသင်းသားတွေ ဖိုရမ်မှာ လည်ပတ်ရတာ ၊ ဖတ်ရှုရတာ ၊ ဒေါင်းလုဒ် လုပ်ရတာ စသဖြင့်ပေါ့ အားလုံးအဆင်ပြေအောင် မသိမဖြစ် လိုအပ်တာလေးတွေကို ဒီမှာ ထည့်ပေးထားပါတယ်။

Reply
 
Bookmark and Share တန်ဆာပလာများ ဖော်ပြမှုပုံစံ
Old 05-06-2011, 12:44 PM
  post #1
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,374 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
Copy posts များနှင့် အနာဂတ် အလားအလာ

ဖိုရမ်က မိသားစုဝင်များကို အသိပေးချင်လွန်းလို့ ခဏခဏ ရေးပြီး - ရေးပြီးတိုင်းလည်း ပြန်ပြန်ဖျက်ပစ်မိခဲ့တဲ့ အကြောင်းအရာလေး တစ်ခု ပြောပြပါရစေ။ ဒီအကြောင်းကို ပြောချင်လွန်းလို့ ခဏခဏရေးဖြစ်ခဲ့ပေမယ့် အားနာလွန်းလို့ မတင်ဖြစ်ပဲ ခဏခဏပြန်ပြန်ဖျက်ခဲ့ပါတယ်။ ဒါပေမယ့် တစ်ချို့ကိစ္စတွေမှာ အားနာတာက လမ်းဆုံးကို တွန်းပို့နေသလို ဖြစ်စေတယ်။ မှားနေတာကို ထောက်မပြပဲ ဆိတ်ဆိတ်နေလိုက်ရင် တစ်ဖက်လှည့်နဲ့ တွန်းအားပေးနေသလို ဖြစ်သွားမှာ စိုးမိတယ်။ ဒါကြောင့်ပဲ ဒီစာကို ရှေ့မျက်နှာနောက်ထားပြီး နောက်တစ်ကြိမ် ထပ်ရေးခဲ့ပါတယ်။

အကြောင်းကတော့ ဖိုရမ်ရပ်တည်ခဲ့တဲ့ လေးနှစ်ကျော် ငါးနှစ်တာ ကာလတစ်လျှောက် မပြတ်တမ်း ရင်ဆိုင်ခဲ့ရတဲ့ Copy posts တွေ ကိစ္စပါ။ Copy posts ဆိုတာတွေမှာ အမျိုးအစား အမျိုးမျိုး ရှိပါတယ်။ ဥပမာ ပြောရရင် - သူများရေးထားတဲ့ စာအုပ်ထဲက စာကို ရိုက်တင်လည်း ကော်ပီပဲ။ သူများရေးထားတဲ့ စာကို Ctrl+c / Ctrl+v လုပ်တာလည်း ကော်ပီပဲ။ သူများရိုက်ထားတဲ့ ဓာတ်ပုံကို ခွင့်မတောင်းပဲ ယူသုံးတာ - ခွင့်ပြုချက် မတောင်းပဲ ဒီဘက်ကစာ ဟိုဘက်ကိုသယ်။ ဟိုဘက်ကစာ ဒီဘက်ကို ယူလာ ဆိုတာတွေကလည်း ကော်ပီပဲ။ ကော်ပီအမျိုးမျိုး လုပ်နေကြတာ ရှိပေမယ့် အရာအားလုံးကို ကော်ပီ မလုပ်ရလို့ ကျွန်တော်တို့ မကန့်သတ်ပါဘူး။ မြန်မာမိသားစုဖိုရမ် တည်ထောင်ရခြင်းရဲ့ ကနဦး ရည်ရွယ်ချက်ဟာ နည်းပညာပိုင်းဆိုင်ရာပံ့ပိုး ကူညီပေးနိုင်ရေးကို အဓိက ဦးတည်ချက်ထားပြီး တည်ထောင်ခဲ့တာ မို့လို့ နည်းပညာ တိုးတက်ပြန့်ပွားရေးကို အနှောင့်အယှက် အတားအဆီး ဖြစ်စေနိုင်တဲ့ အပြုအမူ မှန်သမျှ ဟန့်တားနိုင်ဖို့ ကျွန်တော်တို့ အမြဲကြိုးစားခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ နည်းပညာနဲ့ သက်ဆိုင်တဲ့ Copy posts တွေကို အဓိက ကန့်သတ်ခဲ့ပါတယ်။ ဒါ ကျွန်တော်တို့ ဖိုရမ်ရဲ့ Pride ပါ။


မိသားစုဝင်များ Copy > Paste မလုပ်ခင် ကိုယ်ကိုယ်တိုင် တစ်ချက်လောက် ပြန်စဉ်းစား ကြည့်ကြစေချင်တာက နည်းပညာနဲ့ ပတ်သတ်ပြီး အင်တာနက်ထဲက နေရာတစ်ခုမှာ မြန်မာလိုရေးထားပြီးသား အကြောင်းအရာတစ်ခုကို ဒီအတိုင်း အလွယ်တကူ Copy > Paste နဲ့ ဖိုရမ်မှာလာဖော်ပြလိုက်ခြင်း အားဖြင့် ဘယ်သူ့အတွက် ဘယ်လိုတွေ အကျိုးဖြစ်ပြီး ဘာတွေ ဘယ်လို အကျိုးယုတ်သွားစေသလဲ။

Copy လုပ်ဆောင်ခြင်း၏ ကောင်းကျိုး / ဆိုးကျိုးများ

Gain
  1. နေရာစုံအောင် မရောက်ဖြစ်တဲ့ မိသားစုဝင်တွေအတွက် ပြန်လည်မျှဝေရာ ရောက်တယ်လို့ ယူဆလို့ရတယ်။
  2. မြန်မာပြည်တွင်းကနေ Access လုပ်လို့ မရတဲ့ တစ်ချို့ ဝက်ဘ်ဆိုဒ်တွေ ၊ ဘလော့တွေက သတင်းတွေကို ကူးယူဖော်ပြပေးနိုင်တာမို့လို့ နေရာစုံက အကြောင်းအရာတွေကို ကိုယ့်ဖိုရမ်တစ်ခုတည်းကနေ သိရှိနိုင်မယ်လို့ ထင်စရာရှိတယ်။
  3. ဘာတစ်ခုမှ အသစ်မရေးနိုင်တာထက်စာရင် ဖတ်စရာလေးတစ်ခုစ နှစ်ခုစ ရှိနေတာက စာဖတ်သူအတွက် ဗဟုသုတ ရေအေးတစ်ခွက်တော့ တိုက်ကောင်း တိုက်နိုင်လိမ့်မယ်လို့ ယုံကြည်ကောင်း ယုံကြည်နိုင်လိမ့်မယ်။

ဒါပေမယ့် -

Lost
  1. အင်တာနက်ထဲက နေရာတစ်ခုမှာ ရေးသားဖော်ပြထားပြီးသား အကြောင်းအရာကို ၏သည်၍ မလွဲ ( လွဲလည်းနည်းနည်း ) ပြန်လည် ကူးယူဖော်ပြတာ ဖြစ်လို့ ၁ + ၁ = ၂ ဖြစ်မလာဘူး။ ၁ = ၁ ပဲ။ ဟိုနားက ပို့စ် ဒီ ရောက်လာတာပဲ ရှိတယ်။ မြန်မာလိုရေးသားထားပြီးသား နောက်ထပ် အကြောင်းအရာသစ်တစ်ခု စာဖတ်သူအတွက် တိုးလာတာ မဟုတ်ဘူး။ ( ပညာရေး ဆုံးရှုံးမှု )
  2. တစ်ခါတစ်လေမှာ ကူးယူဖော်ပြချက်ကို ကိုယ်ကိုယ်တိုင်ပဲ ရေးထားသယောင် ဟိုပြင်ဒီပြင် လုပ်တာမျိုးတွေ ပါလာရင် မူရင်းစာရေးသူရဲ့ အာဘော်နဲ့ လိုလားချက် ပျောက်ပြီး ၁ - ၁ = ၀ ဖြစ်သွားနိုင်သေးတယ်။ ( နည်းပညာ ဆုံးရှုံးမှု )
  3. နည်းပညာနယ်ပယ်မှာ ကျွန်တော်တို့အတွက် လိုအပ်တာ အကြောင်းအရာသစ်။ IDEA အသစ်။ အကြောင်းအရာဟောင်း IDEA ဟောင်းကို အဖန်တလဲလဲ ဖော်ပြချက် မဟုတ်ဘူး။ ( နည်းပညာ ဆုံးရှုံးမှု )
  4. ဒီကြားထဲ ကူးယူဖော်ပြချက်မှာ Credit ပေးမထားရင် စာရေးသူက သူလိုလို ကိုယ်လိုလိုနဲ့ စာဖတ်သူကို ဇဝေဇဝါ ဖြစ်စေတယ်။ ( အတွေးအခေါ် နှင့် ယုံကြည်ချက် ဆုံးရှုံးမှု )
  5. Credit ဘယ်လိုပဲပေးပေး အကြောင်းအရာတည်ရှိရာ မူလရင်းမြစ်က စာရေးသူ နဲ့ သူ့စာဖတ်ပရိတ်သတ်ရဲ့ ရင်းနှီးကျွမ်းဝင်မှုကို ကိုယ်က အတိုင်းအတာတစ်ခုထိ ကန့်သတ် စည်းခြားပစ်ရာကျသွားတယ်။ ( လူမှုရေး နှင့် ယုံကြည်ချက် ဆုံးရှုံးမှု )
  6. ဖိုရမ်တစ်ခုရဲ့ ကိုယ်ပိုင် အတွေးအခေါ်နဲ့ လုပ်ဆောင်ချက် ပျောက်ပြီး အင်တာနက်ထဲက ဝက်ဘ်ဆိုဒ် အသီးသီးမှာ သူများဖော်ပြထားပြီးသား အကြောင်းအရာကို မှီခိုနေရတဲ့ ပုံစံမျိုးဖြစ်သွားလိမ့်မယ်။ ( နည်းပညာ ၊ အတွေးအခေါ် နှင့် ယုံကြည်ချက် ဆုံးရှုံးမှု )
  7. လူ့စိတ်ဆိုတာ အလွယ်ရတာမှန်ရင် သည်းခြေကြိုက်ကြတာ ဓမ္မတာပဲ။ အဲ့တာကြောင့် ဒီလို Copy posts တွေတဖြည်းဖြည်း များလာတဲ့အခါ ဖိုရမ်မိသားစုဝင်တိုင်းရဲ့ စိတ်ထဲမှာ ကိုယ်ပိုင် အားထုတ်ချင်စိတ်ဆိုတာ ပျောက်ပြီး အလွယ်ရတဲ့ ကူးယူတင်ပြချင်စိတ်တွေပဲ ကြီးစိုးလာလိမ့်မယ်။ ( နည်းပညာ ၊ အတွေးအခေါ် ၊ ယုံကြည်ချက် နှင့် ခံယူချက် ဆုံးရှုံးမှု )
  8. ကူးယူဖော်ပြချက်ဟာ ကိုယ်ပိုင်ရေးသားချက် မဟုတ်လို့ ဖော်ပြချက် အကြောင်းအရာနဲ့ ပတ်သတ်ပြီး ပညာရပ်ပိုင်းဆိုင်ရာ စာဖတ်သူ မေးမြန်းလာမယ့် လိုလားချက်ကို လုံလောက်ပြည့်စုံအောင် ပြန်ကြားပေးနိုင်မယ့် စံပြအဖြေမျိုး ကူးယူသူ ကျွန်တော်တို့မှာ ရှိမနေနိုင်ဘူး။ ( ပညာရေး ၊ နည်းပညာ ၊ အတွေးအခေါ် ယုံကြည်ချက်နှင့် ခံယူချက် ဆုံးရှုံးမှု )

အဲ့တော့ Gain နဲ့ Lost နှစ်ခုကို အချိုးချကြည့်တဲ့ အချိန်မှာ Lost က ပိုများနေတာ မိသားစုဝင်များ သတိထားမိကြပါလိမ့်မယ်။ ဆုံးရှုံးမှုများနေတာကို သိလျက်နဲ့ မဖာထေးနိုင်ကြရင် ဖိုရမ်ကိုပါ နောက်ဆုံး ကျွန်တော်တို့ ဆုံးရှုံးရပါလိမ့်မယ်။ ဖိုရမ် lost ဖြစ်တာထက် ပိုကြောက်ဖို့ ကောင်းတာ အတွေးအခေါ် နဲ့ ခံယူချက် ဆုံးရှုံးမှုပါ။ လူမှုအသိုင်းအဝိုင်းတစ်ခုမှာ အတွေးအခေါ်နဲ့ ခံယူချက် ဆုံးရှုံးသွားရင် နိုင်ငံတစ်ခုရဲ့ အနာဂတ်မျှော်လင့်ချက်တွေပါ ပျက်စီးပျောက်ဆုံးသွားစေတတ်ပါတယ်။ ကျွန်တော်တို့ ဖိုရမ်က မိသားစုဝင်တွေမှာ ဒီလို အတွေးအခေါ်နဲ့ ခံယူချက်ဆုံးရှုံးမှုမျိုး ကျွန်တော်တို့ ဘယ်နည်းနဲ့မှ အဖြစ်မခံနိုင်ပါဘူး။ အဲ့လိုမဖြစ်ရအောင် ကြီးကြပ်သူတွေ အုပ်ချုပ်သူတွေကနေ မိသားစုဝင်များ ရေးသမျှကို မျက်စိဒေါက်ထောက်ကြည့်ပြီး Copy posts ဟုတ်မဟုတ် လိုက်လံစစ်ဆေး တည်းဖြတ်နေရတာတွေရှိပေမယ့် အဲ့တာတွေကလည်း ထိရောက်တဲ့ ကာကွယ်နည်း မဟုတ်ပါဘူး။ အဲ့နည်းက ဆေးမြီးတိုပါ။ ကျွန်တော်တို့ လိုအပ်နေတာ မိသားစုဝင်တိုင်း ကိုယ့်လုပ်ဆောင်ချက်ကို ကိုယ်ကိုယ်တိုင် ဆန်းစစ်ပြီး ဝိုင်းဝန်းကူညီကြတာမျိုး ဖြစ်စေချင်ပါတယ်။

Copy posts ဟာ Lost များတာ မှန်ပေမယ်လို့ Gain တစ်ချို့လည်း ရှိနေသေးတာကြောင့် ကျွန်တော်တို့အနေနဲ့ Copy မလုပ်ရလို့ တိုက်ရိုက်မကန့်သတ်ပါဘူး။ ဒါပေမယ့် အကြံပြုချင်တာ နည်းပညာနဲ့ သက်ဆိုင်တဲ့ အင်တာနက်ထဲက နေရာတစ်ခုမှာ မြန်မာလိုဖော်ပြရေးသားထားပြီးသား အကြောင်းအရာ တစ်ခုကို အတတ်နိုင်ဆုံး Copy မလုပ်ပါနဲ့။ အတတ်နိုင်ဆုံး လမ်းညွှန်ပါ။ အကယ်၍ အများအကျိုးအတွက် ရည်ရွယ်ပြီး ကူးယူဖော်ပြချင်တာ သေချာရင် Lost မများရအောင်

  • စာရေးသူ အမည် နဲ့
  • ပို့စ် တည်နေရာ


ဆိုတာတွေကို မပျက်မကွက် ထည့်သွင်းပေးကြပါ။ အဲ့ထက်မှ တတ်နိုင်မယ်ဆိုရင် အကြောင်းအရာတစ်ခုလုံးကို Copy > Paste လုပ်ပြီး တင်လိုက်တာမျိုးထက် - Copy > Paste လုပ်မယ့် အကြောင်းအရာမစတင်ခင် ကနဦးမှာ ဒီပို့စ်အပေါ် ကိုယ်မြင်မိတဲ့ ထင်မြင်ချက် - ပေးတဲ့ ရသ နဲ့ ဒီပို့စ်ကနေ စာဖတ်သူအတွက် ရရှိနိုင်မယ့် ဗဟုသုတ ဆိုတာမျိုးတွေကို နိဒါန်းလေးအဖြစ်နဲ့ ထည့်သွင်းဖော်ပြပေးပါ။ ဒါဟာ မူရင်းစာရေးသူရဲ့ ဂုဏ်ကို မြှင့်တင်ရာရောက်သလို - Copy posts ဆိုပေမယ့် စာဖတ်သူကိုလည်း ဆွဲဆောင်ရာရောက်ပါတယ်။ Credit ပေးတယ်ဆိုပေမယ့် အရင်းအမြစ် ဘယ်ကမှန်း မသိတဲ့ မေးလ်ထဲမှ ဖော်ပြသည်တို့ - Forward mail မှ ကူးယူသည်ဆိုတာမျိုး မလုပ်ကြပါနဲ့။ အကြောင်းအရာထဲက စာလုံး လေးငါးလုံးကို Copy လုပ်ပြီး Google မှာ Paste လုပ်လိုက်တာနဲ့ ဘယ်ဆိုဒ်က ဘယ်သူရေးတယ်ဆိုတာ တန်းကနဲတွေ့နိုင်ပါတယ်။ အဲ့လိုရှာလိုက်လို့ မူရင်းဘယ်ကမှန်းမသိတဲ့ ကိုယ်လိုသူလို Copy blogs တွေချည်း တွေ့တယ်ဆိုရင်လည်း အဲ့ထဲက blog တစ်ခုရဲ့ လိပ်စာကိုသာ ထည့်သွင်းဖော်ပြပေးလိုက်ပါ။ ဒါဟာ ကျွန်တော်တို့ အားလုံးအတွက် အပြစ်ကင်းပါတယ်။


ဒီအချက်လေးတွေကို မိသားစုဝင်များ ကိုယ်ကိုယ် သိရှိနားလည်ကြပြီး ပူးပေါင်းကူညီကြဖို့ မေတ္တာရပ်ခံလိုပါတယ်။

လေးစားစွာဖြင့်။
မြန်မာမိသားစု။

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 06-06-2011 at 02:30 PM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 55 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
ကိုစံငြိမ်း, ချစ်သမီး, ဆန်းမောင်, ဇာနည်စိုး, တာတာ, တီဘွား, ဒဿဂီရိ, ပလူးစ်, မိုးတိန်, မျိုးဟန်ထက်, လမ်းပြကြယ်, သန့်ဇင်ဌေး, ဟန်မိုးလွင်, အယ်သား, ဦးသာကြီး, ဂေါ်ဖီထုတ်လေး, ဇော်ရဲပိုင်, ဇေကြီး, မေဦးမွန်, မောင်သံသရာ, မောင်ပေါ်ဦး, မောင်အောင်ဟိန်းအေး, အောင်မိုးထွန်း, အေးမင်းမောင်, ငြိမ်းချမ်း, မြင့်မိုရ်, arkaraung, bagothar85, blackNwhite, bonge, Empathlover, futurestar, g00gle, htun30, kaung kin lu, ko myo, kyawminkhoung, Lwin Thu, minnthu, minthike, minthumon, nightman, pannuko, Pho Sel, phoetharlay, phyomyintthein, putty, PyaitSone, smlat88, thureinsoe, tu tu, yawnathan, Ye Aung, Zin Zin Win, zo
Old 06-06-2011, 01:24 PM
  post #2
born
ကလေးပေါက်စ
 
အသင်းဝင်နေ့စွဲ: Jun 2011
ရေးသားချက်များ: 29
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5
ပို့စ် 16 ခုအတွက် 25 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
born is on a distinguished road
ပြန်စာ - Copy posts များနှင့် အနာဂတ် အလားအလာ

အတွေးအခေါ်လေးတွေ အရမ်းကောင်းတာပဲ ဒီလိုအတွေးအခေါ်မျိုးရှိတဲ့ မြန်မာဖိုရမ်မှာ member ဖြစ်ရတာဂုဏ်ယူပါတယ်။လေးလည်း လေးစာပါတယ်။
born is offline   Reply With Quote
အောက်ပါအသင်းဝင် 6 ဦးတို့မှ born အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Reply

Tags
mf guide

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !

အခြားဆင်တူဆွေးနွေးချက်များ
ဆွေးနွေးချက် စတင်ရေးသားသူ ကွပ်ပျစ်ဝိုင်း ပြန်စာများ နောက်ဆုံးပို့စ်
( Untouched ) Copy လား ?? ( Touched ) Copy လား ?? KznT Software များဆိုင်ရာ 1 11-02-2011 09:33 AM
Plato DVD Copy v7.70 KZaw Applications 2 06-08-2008 04:49 PM


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 12:43 PM
Inactive Reminders By Icora Web Design