View Single Post
Old 27-05-2008, 06:19 PM
  post #1
ဂျစ်တူး
အုပ်ချုပ်သူ
 
ဂျစ်တူး's Avatar
 
အသင်းဝင်နေ့စွဲ: Mar 2007
တည်နေရာ: ရန်ကုန်(လန်ဒန်)
ရေးသားချက်များ: 2,594
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 57
ပို့စ် 438 ခုအတွက် 1,224 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ဂျစ်တူး is on a distinguished road
Icon17 ပင်မစာမျက်နှာရဲ့သတင်းများဆိုတာ

ကျနော်အခု ဖိုရမ်ပင်မစာမျက်နှာရဲ့ သတင်းကဏ္ဍအကြောင်းကို နည်းနည်းရှင်းပြချင်ပါတယ်ခင်ဗျာ။ ကျနော်တို့ အခုသတင်းများ ဆိုတာလေးကို ဖိုရမ်ပင်မစာမျက်နှာလေးမှာ ထည့်သွင်းရခြင်းဟာ ဖိုရမ်က ညီအကိုမောင်နှမများအတွက် အရေးကြီးသတင်းများနှင့် ဖိုရမ်ကို လည်ပတ်ရင်း လွယ်ကူရအောင် အရေးကြီးတာလေးကို ပင်မစာမျက်နှာမှာ သတင်းအနေနဲ့ ရှင်းပြတင်ပေးလိုက်ရတာပါ။ ပင်မစာမျက်နှာဆိုတာ လာရောက်လည်ပတ်တဲ့သူတွေအတွက် ပထမဆုံး တွေ့ရမယ့် စာမျက်နှာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာမိသားစုဆိုတာ ဘာလဲဆိုတာ သူတို့စတွေ့ရမယ့် စာမျက်နှာဆိုလည်း မမှားဘူးပေါ့။ ဒါကြောင့် ပင်မစာမျက်နှာက အလွန်အရေးကြီးပါတယ်။ အကယ်လို့ ပင်မစာမျက်နှာမှာ ပေါ့ပျက်ပျက်အရေးမကြီးတာတွေ ရောက်နေရင် ပထမဆုံးလာရောက်လည်ပတ်သူတွေ တစ်မျိုးတစ်မည်ထင်သွားနိုင်ပါတယ်။ ကျနော်ဘယ်သူ့ကိုမှ ရည်ရွယ်ပြောဆိုခြင်းမဟုတ်ပါ။ ဒါက မြန်မာမိသားစုရှေ့ရေးအတွက် ကျနော်ပြောဆိုနေရခြင်းဖြစ်ပါတယ်။ ဒါကြောင့်နားလည်ပေးစေချင်ပါတယ်ခင်ဗျာ။ ဒါကြောင့် ကျနော်တို့တွေ ပင်မစာမျက်နှာမှာရှိတဲ့ သတင်းများဆိုတာလေးကို ကျနော်တို့ ဖိုရမ်ရဲ့ အရေးကြီးတာလေးတွေ မြန်မာမိသားစုဆိုတာ ဘယ်လိုဖိုရမ်လေးလဲ ဘယ်လိုကူညီနေလဲ ဘာတွေပေးအပ်နေလဲဆိုတာကို ရေးပေးနိုင်ရင် ပထမဆုံး လာရောက်လည်ပတ်တဲ့သူတွေ အတွက်ပိုပြီး မြန်မာမိသားစုကို လေးစားစိတ် ပျော်ရွှင်မှုတွေနဲ့ မြန်မာမိသားစုထဲကို ၀င်ရောက်လာမှာ အမှန်ပင်မဟုတ်လား။ ကျနော်တို့တွေ မြန်မာမိသားစုကြီးအတွက် ဒီဟာလေးကို ကျနော်တို့ ထိန်းသိမ်းကြရအောင်။ အားလုံးလဲ နားလည်ပေးနိုင်မယ်လို့ ကျနော်ထင်မြင်မိပါတယ်။ ကျနော်တို့မှာ ဖိုရမ်ကြီးဆိုတာ လုပ်ပေးထားပါတယ် အဲ့ဒီမှာ ရေးချင်တာလေးတွေ ရေးလို့ရပါတယ်ခင်ဗျာ။ အကယ်လို့ မသင့်တော်ဘူးဆိုရင် မောဒ့်တွေက ပြင်ဆင်ပေးသွားမှာဖြစ်ပါတယ်။
အခုကျနော် သတင်းတင်ပေးခဲ့တဲ့ ညီအကိုမောင်နှမတွေကို ကျနော်အပြစ်တင် ပြောဆိုတာမဟုတ်ပါဘူး။ အရင်က ကျနော်တို့ ဒီပင်မစာမျက်နှာရဲ့ သတင်းကဏ္ဍလေး အကြောင်းကို ကြိုမပြောခဲ့လို့ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အခုကျနော့် အသိပေးချက်ဖြင့် ညီအကိုမောင်နှမအားလုံး ကျနော်ပြောသလိုလေး နားလည်ကူညီပေးနိုင်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။ အားလုံးကိုကျေးဇူးတင်ရှိပါတယ်။

မြန်မာမိသားစုဖိုရမ်လေးမှ အားလုံးကို လှိုက်လှဲစွာ ကြိုဆိုပါသည်။ တစ်ခုခုဖိုရမ်မှာ အခက်အခဲရှိရင် ဆက်သွယ်လိုက်ပါ myanmarfamilyhelpbyjit@googlemail.com

Last edited by ဂျစ်တူး; 27-05-2008 at 06:24 PM..
ဂျစ်တူး is offline   Reply With Quote
အောက်ပါအသင်းဝင် 15 ဦးတို့မှ ဂျစ်တူး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။