ဆွေးနွေးချက်: Avatar ထားရအောင်
View Single Post
Old 04-04-2007, 01:51 PM
  post #1
Ye Naung
အုပ်ချုပ်ရေးမှူး
 
Ye Naung's Avatar
 
အသင်းဝင်နေ့စွဲ: Mar 2007
တည်နေရာ: မင်္ဂလာဒုံ
ရေးသားချက်များ: 698
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 549
ပို့စ် 397 ခုအတွက် 5,034 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
Ye Naung is on a distinguished road
Avatar ထားရအောင်

Avatar ဆိုတာ ကိုယ့် username အောက်မှာ ပုံလေးတွေ ထားတာပါ။ အချို့က လှုပ်ရှားနေတဲ့ ပုံလေးတွေ ဖြစ်တတ်ပါတယ်။ အချို့ကတော့ ရိုးရိုးပုံငယ်လေးတွေပေါ့။ ကျွန်တော်တို့ ဖိုရမ်မှာ သာမန်အသင်းဝင်ကစပြီး အက်ဒမင်အထိ အသင်းသားအားလုံး avatar တင်လို့ရအောင်လုပ်ပေးထားပါတယ်။ ဒီလိုလုပ်ပေးတဲ့နေရာမှာ avatar တွေကို ကျွန်တော်တို့ server ပေါ်မှာ လက်ခံသိမ်းထားရင် အသင်းဝင်များလာတာနဲ့ အမျှ server down သွားပါလိမ့်မယ်။ ဒီတော့ ကျွန်တော်တို့က ဒုတိယနည်းကို သုံးကြပါမယ်။ ဘယ်လိုလုပ်ရတယ်ဆိုတာ အသေးစိတ်ရှင်းပြပါမယ်။ အသင်းဝင် အသစ်တွေ လုပ်တတ်အောင်ပါ။ သေချာဖတ်ကြည့်လိုက်ရင် လွယ်ပါတယ်။

၁။ အရင်ဆုံး Home Page က User CP(ပြင်ဆင်ရန်) ကိုသွားလိုက်ပါ။ ပုံကိုကြည့်ပါ -




၂။ User CP ကိုရောက်ရင် Edit Avatar(သရုပ်ပြပုံငယ်ပြင်ရန်) ကို နှိပ်လိုက်ပါ။ ပုံမှာ မြှားပြထားပါတယ် -




၃။ ပြီးရင် အောက်ကပုံမှာ ၀ိုင်းပြထားတဲ့ နေရာလေးရှိပါတယ် ။ မှတ်ထားလိုက်ပါ။ ဘာမှလုပ်စရာမလိုသေးပါဘူး။ တစ်ခုသတိပြုရမှာက သူ့အောက်မှာ Option 2 ဆိုပြီး Upload avatar from your computer ဆိုတာရှိပါတယ်။ မသုံးကြပါနဲ့။ ကျနော်တို့ ဆာဗာ ပေါ်ကို
ဝန်ပိလို့ပါ။ အသင်းဝင် အားလုံးရဲ့ avatar တွေအားလုံးကိုသိမ်းပေးဖို့ နေရာမလောက်ပါဘူး။ ဒီတော့ Option 1 ကိုပဲအသုံးပြုပေးကြဖို့ပါပဲ။ ကျွန်တော်တို့ မော်ဒရေတာတွေလဲ စစ်နေမှာပါ။ ဆိုဒ်ကို ဒါရိုက် avatar တွေ upload လုပ်နေကြတယ်ဆိုရင်တော့ သာမန်အသင်းသားများ avatar သုံးလို့မရဖြစ်သွားမှာပါပဲ။ ကူညီကြပါ။




၎။ ခုကျွန်တော်တို့ avatar လုပ်မယ့် ပုံလေးကို အခြား ဆိုဒ်မှာ host လုပ်မယ်ဗျာ။ ဒီတော့ http://www.imageshack.us ကိုသွားလိုက်ပါ။ ပုံမှာပြထားတဲ့ site ကိုရောက်သွားပါမယ် -




၅။ အဲဒီက Browse ဆိုတာကနေ သင့် ကွန်ပျူတာပေါ်မှာ ရှိနေတဲ့ avatar လေးကိုသွားရွေးလိုက်ပါ။ ပြီးတော့ Open ပေးလိုက်ပေါ့။ပုံမှာကြည့်ပါ -




၆။ ပြီးတာနဲ့ အောက်ကပုံမှာဝိုင်းထားတဲ့ Host it ဆိုတာလေးကို နှိပ်လိုက်ပါ -




၇။ Upload ပြီးသွားတဲ့ အခါမှာ လင့်တွေပေါ်လာပါမယ်။ အဲဒီ့အထဲက စတုတ္ထမြောက် လင့် " Direct Link to image " ဆိုတာကို copy လုပ်ပါ -




၈။ ခု ဖိုရမ်ကို ပြန်သွားမယ်။ ဖိုရမ်က စောစောက မြှားပြထားပြီး ဘာမှမလုပ်ရသေးတဲ့ နေရာလေးမှာ ရှိနေတဲ့ အရင် စာသားတွေကို ဖျက်ပါ။ ပုံကိုကြည့်လိုက်ပါ -




၉။ ပြီးတာနဲ့ ခုန ကော်ပီယူလာတဲ့ လင့်ကို ဒီကွက်လပ်လေးမှာ Paste ချလိုက်ပါ -




၁၀။ အဲဒါပြီးတာနဲ့ အောက်ကပုံမှာပြထားတဲ့ Save Changes ဆိုတာလေးကို နှိပ်လိုက်ပါ -




၁၁။ အဲဒီ့နောက်မှာတော့ သင့်ကိုယ်ပိုင် avatar လေးကို ခုလိုမြင်ရမှာဖြစ်ပါတယ် -







အပြည့်အစုံရှင်းပြထားပါတယ်။ လုပ်ကြည့်ပါ။ မခက်ပါဘူး။ သူများလုပ်ပေးလို့မဟုတ်ပဲ ကိုယ်တိုင်သိသွားလို့ ပျော်ရတာက ပိုကောင်းပါတယ်။ ဒါကြောင့်ရှင်းပြပေးတာပါ။ အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေ။

Knowledge is power.

Last edited by Aung Aung; 08-11-2008 at 04:30 PM..
Ye Naung is offline   Reply With Quote
အောက်ပါအသင်းဝင် 14 ဦးတို့မှ Ye Naung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။