View Single Post
Old 05-08-2012, 12:16 AM
nyi.nyi
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Jan 2011
တည်နေရာ: yangoon
ရေးသားချက်များ: 154
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 783
ပို့စ် 150 ခုအတွက် 1,033 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
nyi.nyi is on a distinguished road
ပြန်စာ - Excel အကြောင်းလေးပြောကြည့်ရအောင်

@popularsn မင်္ဂလာပါ။ တွေ့ ရတာ ၀မ်းသာပါတယ်။ Excel နဲ့  Access ကို link လုပ်တာ လွယ်ပါတယ်။ ပထမ Access ထဲကို excel ထဲက table ကို သွင်းချင်တယ် ဆိုရင် access ထဲမှာ (Microsoft office 2010)
Menu > External Data > excel ကို နှိပ်


Get External Data ဆိုတဲ့ window ပွင့်လာရင် အဲ့ဒီမှာ File name နေရာမှာ သွင်းချင်တဲ့ excel file ကို ရွေး
အဲ့ဒီမှာ option ၃ ခု ရှိတယ်

1) Import the source data into a new table in the current database
2) Append a copy of the records to the table
3) Link to the data source by creating a linked table


အောက်ဆုံး တစ်ခု က excel ထဲက table ကို access ထဲကို read only link လုပ်ယူလိုက်တာပါ။
အဲ့ဒီ table ကို access ထဲမှာ ပြင်လို့ မရပါဘူး။ excel ထဲမှာ ပြင်သမျှ အဲ့ဒီ access ထဲက table မှာလဲ လိုက်ပြောင်း ပါလိမ့်မယ်။











တကယ်လို့  read only link table အနေနဲ့  မယူချင်ဘဲ excel ထဲက data တွေကို import လုပ်ရုံ သက်သက် ဆိုရင်တော့ အပေါ်က option ၂ ခု ကို သုံးပါ။

Excel ထဲကို access database ထဲက data တွေ ယူချင်တယ် ဆိုရင်လည်း အဲ့ဒီ နည်း အတိုင်းပါဘဲ။
Excel ထဲမှာ Menu မှာ Data ကို သွားပြီး
Get External Data နေရာမှာ From Access ကို ရွေး



နောက် link ချင်တဲ့ Access file ကို ရွေး
table ကို ရွေး

အဲ့ဒီ table ကို ထားမယ့် နေရာ cell ကို ရွေး
Ok နှိပ် ဒါဆို Access ထဲက table ကို တွေ့ ရပါလိမ့်မယ်။








အဲ့ဒီ Access ထဲက table မှာ ပြင်သမျှ ဒီ excel ထဲက table မှာလဲ သူ့ အလိုလို လိုက်ပြင် သွားပါလိမ့်မယ်။
တကယ်လို့  သူ့  အလိုလို လိုက်မပြင်ဘူး ဆိုရင် အပေါ်က menu မှာ Refresh All ဆိုတာကို နှိပ်လိုက်ရင် ပြင်သွားပါလိမ့်မယ်။


တခြား database ဒါမှမဟုတ် query တစ်ခု ကို ဆက်ချင်တယ် ဆိုရင်လည်း အဲ့ဒီလိုပါဘဲ
Excel Menu > Data > Get External Data > From Microsoft Query
Choose Data Source ဆိုတဲ့ နေရာမှာ ကိုယ့်ရဲ့  datasource (ဥပမာ MS Access Database)
Database file ကိုရွေး
Table နဲ့  column ကို ရွေး
အဲ့ဒီမှာ ကိုလိုချင်တဲ့ filter နဲ့  sorting ထည့်
Excel မှာ ထည့်ချင်တဲ့ နေရာ ကို ပေး ok နှိပ်
ဒါဆို ရပါပြီ။





















ဒါက နောက်တနည်းပါ













nyi.nyi is offline   Reply With Quote
အောက်ပါအသင်းဝင် 9 ဦးတို့မှ nyi.nyi အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။