View Single Post
Old 28-01-2008, 02:10 PM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,276
ပို့စ် 1,015 ခုအတွက် 11,336 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

Coaxial Cable Connector



Cable Standard (Coaxial Cable)
Cable standard သည်အသုံးပြုမည့် cabel အမျိုးအစား၊ segment တစ်ခုအဖြစ်ထားရှိအသုံးပြုနိုင်မည့်ကြိုးအရှည် အစရှိသော အချက်အပေါ်မူတည်ပြီးကွဲပြားကြတယ်ဆိုတာကို ရှေ့စာမျက်နှာပေါ်မှာဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ coaxial cable ကို bus topology ဖြင့်တည်ဆောက်တဲ့ network တွေမှာ
အသုံးပြုကြပါတယ်။
Coaxial cable အမျိုးအစားပေါင်းများစွာရှိသည့်အနက်က network media အဖြစ်အသုံးပြု၍ ရနိုင်တဲ့ coax က
၂ မျိုးသာရှိပါတယ်။ ပထမ တစ်မျိုးက ethernet network ရယ်လို့ကနဦးမူလအစက တည်းကိုကအသုံးပြုလာခဲ့ကြတဲ့ RG-8 coaxial ဖြစ်ပါတယ်။ ၎င်း cable သည် လုံးပါတ်အချင်း 1 cm ခန့်ရှိပါတယ်။ ဒုတိယတစ်မျိုးက RG-58 cable ဖြစ်ပြီး လုံးပတ်မှာ 0.64cm ခန့်ရှိပါတယ်။ထို coax ၂ မျိုးတို့ပေါ်မူတည်၍ 10 BASE-5 နှင့် 10 BASE-2 ဆိုပြီး cable standard နှစ်မျိုးရှိပါတယ်။




10BASE -5 (Thincknet)
10BASE -5 ကိုthicknet လို့လည်းခေါ်ကြပါတယ်။ ထို့အတူ RG-8 ကို thicknet cable ရယ်လို့ခေါ်ဆိုလေ့ရှိပါတယ်။ 10 BASE-5 တွင်ပါရှိသည့်ရှေ့က 10 သည် 10 Mbps ၊ BASE သည် baseband transmission နှင့် 5 သည် cable segment တစ်ခုအဖြစ်ထားရှိအသုံးပြုနိုင်မည့်ကြိုးအရှည် 500m ကိုရည် ညွှန်းပါတယ်။ ယနေ့အချိန်မှာတော့အသုံးပြုမှုမရှိတော့သော cable standard တစ်ခုဖြစ်ပါတယ်။

10BASE-2 (Thinnet)
10BASE-2 ကို thinnet လို့လည်းလူသိများပါတယ်။ အသုံးပြုရတဲ့ cable ကတော့ RG-58 cable ဖြစ်ပါတယ်။ thinnet cable လို့လည်းခေါ်ကြပါတယ်။ 10 BASE-2 မှာပါရှိတဲ့ ရှေ့က 10 သည် 10Mbps BASE သည် baseband transmission နှင့် 2 သည်အမြင့်ဆုံးသွယ်တန်းနိုင်သည့်ကြိုးအရှည် 185m( အကြမ်းအားဖြင့် 200 m) ကိုရည်ညွှန်းပါတယ်။ အကွာအဝေးအားဖြင့်မီတာ 500 မီတာအထိသွယ်တန်းနိုင်သည့် thicknet cable ကိုမမှီပါဘူး သို့သော်လည်း ကြိုးအလုံးသေးသည့်အတွက်ပိုမိုပျော့ပြောင်းပြီး install လုပ်ရာတွင်လွယ်ကူစေပါတယ်။ ဈေးနှုံးကလည်း
သက်သာပါတယ်။ဒါကြောင့် thicknet ထက်ပိုမိုလူကြိုက်များပြီး 1980 တ၀ိုက်က ethernet network တွေမှာတွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့သော cable standard တစ်ခုလည်းဖြစ်ပါတယ်။

Kaspersky KIS & KAV Latest keys တွေလိုချင်ရင် ဒီကို နှိပ်
Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင်မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။