View Single Post
Old 26-01-2008, 08:33 PM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,276
ပို့စ် 1,015 ခုအတွက် 11,336 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

Router

Bridge တွေသည် data link layer မှာအလုပ်လုပ်ကြသည့်အတွက် physical layer တွင် အလုပ်လုပ်သော repeater တွေထက် layer ပိုမြင့်သလို အသိဥာဏ်လည်းပိုပါတယ်။ဆိုရရင် repeater တွေကဲ့သို့ signal တွေထဲမှာ ဘယ်လို information (ဥပမာ MAC ၊ IP၊ data) တွေပါသလဲဆိုတာကိုလုံးဝမသိဘဲဝင်လာသမျှကိုအခြားတစ်ဖက်port ဆီ
Forward လုပ်ခြင်းမဟုတ်ပါဘူး။ ၀င်လာတဲ့အထဲက destination MAC address ကိုဖတ်မယ်ပြီးရင် တဖက် port ဆီကိုဆက်လက် forward လုပ်သင့်မလုပ်သင့် ဆုံးဖြတ်နိုင်ပါတယ်။
သို့သော် bridge တွေသည်လည်း MAC address လောက်ကလွဲပြီး frame ထဲမှာပါသည့် ကျန်တဲ့ information တွေကိုသိနိုင်စွမ်း မရှိပါဘူး ။Router တွေကတော့ network layer မှာအလုပ်လုပ်သည့်အတွက် IP address အထိ ဖတ်နိုင်ပါတယ်။ packet တစ်ခုဝင်လာပြီ ဆိုရင် destination IP address ကိုဖတ်ပြီး ဘယ် network ဆီသို့ လွှဲပေးရလဲဆိုတာကို သိကြပါတယ်။ ပြီးရင် အဲ့ဒီ network သို့အမြန်ဆုံးရောက်နိုင်မယ့် လမ်းကြောင်းကို ရွေးချယ် ဆုံးဖြတ်ပြီး ပေးပိုနိုင်ကြပါတယ်။
Router တစ်လုံးမှာဆိုရင် ပုံမှန်အားဖြင့် processor ၊operating system ၊ memory ၊ input output connector များနှင့် console port တို့ပါရှိပါတယ်။


Console port ဆိုတာကတော့ routing table ရေးခြင်း password ထည့်ခြင်းအစရှိတဲ့ management ကိစ္စများကိုရပ်ဖို့ရန် ကွန်ပျူတာနှင့်ချိတ်ဆက်ရသော port ဖြစ်ပါတယ်။ အဓိကအားဖြင့် modular နှင့် SOHO (small office home office ) ဆိုပြီး router နှစ်မျိုးရှိပါတယ်။


- Modular Router
Network Interface card များစွာစိုက်သွင်းတပ်ဆင်နိုင်ရန် slot များစွာပါရှိတဲ့ router ကို modular router လို့ခေါ်ပါတယ်။ ဆိုရရင် network interface လေးခုတပ်ဆင်နိုင်အောင် slot လေးခုပါပါက 4 slot modular router လို့ခေါ်ပါတယ်။ interface တစ်ခုသည် သီးခြား network ID တစ်ခုသာဖြစ်ပါတယ်။


- SOHO router
SOHO router မျိုးကတော့ ရှေ့က modular တွေလို configuration များစွာလုပ်စရာမလိုဘဲ သာမန်အိမ်သုံး ရုံးသုံး network ငယ်တွေမှာ အသုံးပြုနိုင်တဲ့ အမျိုးအစားဖြစ်ပါတယ်။အထူးသဖြင့် ADSL ၊ Broadband တို့ဖြင့်
အင်တာနက် ချိတ်ဆက်တဲ့ network တွေမှာ internet gateway အဖြစ်အသုံးပြုကြပါတယ်။ ဒီ router တွေသည် network ၂ ခု ကိုသာလျှင် route လုပ်ပေးနိုင်ပါတယ်။ ဆိုရရင် တဖက်က ISP network (WAN) နှင့် တဖက်က မိမိရဲ့ network (LAN) တို့ဖြစ်ကြပါတယ်။








Kaspersky KIS & KAV Latest keys တွေလိုချင်ရင် ဒီကို နှိပ်
Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင်မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။