View Single Post
Old 26-01-2008, 08:22 PM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,276
ပို့စ် 1,015 ခုအတွက် 11,336 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

Bridge and Network Performance

Bridge တွေကိုအသုံးပြုခြင်းအားဖြင့် network တစ်ခုကို collision domain များစွာရအောင် စိတ်ပိုင်းနိုင်ကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့ bridge ၏ port တစ်ခုစီသည် collision domain တစ်ခုဖြစ်ပါတယ်။ ပုံကိုကြည့်ပါ။ port A သည် collision domain တစ်ခုဖြစ်ပြီး port B သည်လည်း collision domain တစ်ခုပင်ဖြစ်ပါတယ်။ ဒါကြောင့် segment A ထဲမှ ကွန်ပျူတာ တစ်လုံးလုံးက transmit လုပ်နေချိန်တွင် segment B ထဲမှ ကွန်ပျူတာတစ်လုံးလုံးမှနေပြီးတော့လည်း transmit လုပ်နိုင်ပါတယ်။ သဘောကတော့ network တစ်ခုတည်းမှာ collision domain ၂ ခုဖြစ်လာသည့်အတွက် ကွန်ပျူတာ ၂ လုံးတို့မှတပြိုင်နက် transmit လုပ်နိုင်ကြခြင်းဖြစ်ပါတယ်။


အဲ့ဒီလို network တစ်ခုအတွင်း collision domain အရေအတွက်များလာတာနှင့်အမျှ collision ဖြစ်ပွားမှုကိုလျော့နည်းစေခြင်းနှင့် ကွန်ပျူတာတစ်လုံးအတွက် bandwidth ကိုယ်တာပိုမိုရရှိစေခြင်းတို့ကြောင့် network performance ကိုတိုးမြှင့်စေပါတယ်။ ရှေ့မှာဖော်ပြခဲ့တဲ့ 24 – port hub လေးခုကို cascade ချိတ်သုံးထားတဲ့ network ထဲမှာ bridge တွေကိုထဲ့ပြီး တည်ဆောက်တဲ့အခါ ဘယ်လိုဖြစ်လာမလဲဆိုတာကိုစဉ်းစားကြည့်ရအောင်။



အထက်ဖော်ပြပါပုံအတိုင်း hub နှစ်ခုတို့အကြားမှ bridge တစ်ခုစီထည့်သွင်းတည်ဆောက်ခြင်းအားဖြင့်တစ်ချိန်တည်းတစ်ပြိုင်နက် transmit လုပ်နိုင်သည့် အရေအတွက်သည် ကွန်ပျူတာတစ်လုံးမှ လေးလုံးသို့တိုးမြှင့်လာပါလိမ့်မယ်။ ထိုနည်းတူစွာပင် ကွန်ပျူတာတစ်လုံးအတွက် ရရှိမည့် bandwidth ကိုယ်တာလည်းတိုးမြှင့်လာပါလိမ့်မယ်။ intelligence ရှိလာတယ်ဆိုတဲ့သဘောဖြစ်ပါတယ်။
Bridge တွေသည် OSI model ၏ data link layer မှာအလုပ်လုပ်ကြပါတယ်။ ဒါကြောင့် layer 2 device လို့လည်းခေါ်ဆိုကြပါတယ်။ယနေ့ network တွေမှာတော့ bridge အသုံးပြုမှုသည် အတော်လေးနည်းပါးသွားပါပြီ။သို့သော်ငြားလည်း bridge တို့ရဲအခြေခံလုပ်ဆောင်မှုလောက်ကိုတော့သိထားဘို့လိုအပ်လှပါတယ်။

Kaspersky KIS & KAV Latest keys တွေလိုချင်ရင် ဒီကို နှိပ်
Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင်မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။