View Single Post
Old 20-01-2008, 04:57 AM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,276
ပို့စ် 1,015 ခုအတွက် 11,336 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
Ye Aung is on a distinguished road
ကွန်ပျူတာမှသည်ကွန်ရက်ဆီသို့

ဒီနေရာမှာ လူကြီးမင်းတို့အနေနှင့် parallel နှင့် serial အကြောင်းကို သိထားပြီးသိထားကောင်းဖြစ်နေပါလိမ့်မယ်။
ဒါပေမယ့် ဒီအကြောင်းအနည်းငယ်လောက်ပြောရအောင်။ parallel transmission ဟာ ယှဉ်လျက်အပြိုင်သွာတာဖြစ်တာကြောင့် ပုရွက်ဆိတ်တွေလိုတန်းစီပြီးသွားတဲ့ serial transmission ထက်တော့ပိုမြန်ပါတယ်။ CPU ကပြိုင်လာတဲက data တွေကို serial အဖြစ် Network medium ပေါ်မပိုခင်အပြင်ကတန်းစီပြီး
ဝင်လာတဲ့ signal တွေ data bits အဖြစ် CPU အပြိုင်မပို့ခင် Network Adapter အပေါ်မှာ hold လုပ်ထားရသေးပါတယ်။မျက်စိထဲမြင်ကြသလားမသိဘူး။ပြောရရင် Network Adapter ပေါ်က memory မှာ hold လုပ်သေးတယ်လို့ပြောတယ်။ဒါကို buffer လို့ခေါ်တယ်။သေချာရှင်းအောင်ပြောရမယ်ဆိုရင်။ CPU ကနေ အပြင်ကိုထွက်ဘို့လာတဲ့ data တွေက parallel လာတာမဟုတ်လား။ ဒါတွေကို serial အဖြစ်စီတန်းဘို့လိုတယ်လေ။နောက်တစ်ခုက ၀င်လာတဲ့ data တွေကလည်းစီတန်းပြီးဝင်လာတာမဟုတ်လား အဲ့ဒါတွေကို
CPU ဆီမပို့ခင် parallel အဖြစ်ပြန်လည်စီတန်းရသေးတယ်။ ဒီအတွက်ကျွန်တော်တို့ဟာ စီတန်းဘို့စုရပ်တစ်ခုတော့ရှိရမယ်။
ဒါဟာ buffer လို့ခေါ်တယ်။

ကွန်ပျုတာစကား အရပြောရမယ်ဆိုရင်တော့ အဲ့ဒီလို data တွေအပြိုင်စုစည်းပြီး ပေးပို့တဲ့အခါမှာ အသုံးပြုတဲ့လမ်းကြောင်းကို BUS လို့ခေါ်ပါတယ်။ကွန်ပျူတာထဲမှာ data တွေဟာ တစ်နေရာမှ တစ်နေရာကိုသွားတဲ့အခါကျ
ဒီ BUS တွေကနေသွားတာဖြစ်ပါတယ်။ PC တွေရဲ့စစ ခြင်း ကနေဦး BUS တွေကတော့ 8 bits ဖြစ်ပါတယ်။ ဆိုလိုတာ အပြိုင် 8 လိုင်းသွားတယ်ပေါ့ဗျာ။ တခါသွားရင် တလိုင်းမှာ တစ်ခုနှင့်ဆိုတော့ ပေါင်း 8 ခု ပို့နိုင်တာပေါ့။ဒါကို BUS width လို့ခေါ်ပါတယ် BUS width ဆိုတာက BUS မှာ အပြိုင်ဘယ်နှစ်လိုင်းရှိတယ်ဆိုတာကိုပြောတာပါး။BUS မှာအပြိုင် 8 လိုင်းသွားနိုင်ရင် ဒီ BUS ရဲ့ BUS width က 8 bits အကျယ်ရှိတယ်လို့ဆိုလိုချင်တာဖြစ်ပါတယ်။ ISA BUS မှာဆိုရင်တော့ (၂) မျိုးရှိပါတယ်။ ISA 8 bits နှင့် ISA 16 bits တို့ဖြစ်ကြပါတယ်။ EISA နှင့် MCA တို့မှာလည်း 16 bits နှင့် 32 bits ဆိုပြီးရှိပါတယ်။ထို့အတူ PCI BUS မှာဆိုရင်လည်း 32 bits နှင့် 64 bits ဆိုပြီးရှိပါတယ်။
Network Adapter တစ်ခုဟာ data တွေကို network medium တွေမှ တဆင့် transmit လုပ်ဖို့ရာ ၎င်း network adapter မှာ transceiver ဆိုတာ ပါကိုပါရှိရမှာဖြစ်ပါတယ်။ ၎င်း ပါရှိတဲ့ transceiver ဟာလည်း network ကအသုံးပြုထားတဲ့ network medium (cable) လာတပ်မယ့်ခေါင်းနဲ့အတူ အလုပ်လုပ်နိုင်အောင်လည်းကိုက်ညီနေရပါမယ်။
ဥပမာ- network card က Ethernet တော့ Ethernet ပဲ ဒါပေမယ့် ဒီ Network card က 10 BaseT RJ-45 သုံးထားသလား။Thinnet ဖြစ်တဲ့ BNC ကိုသုံးထားသလား။ စသည့်အသုံးပြုထားတဲ့တစ်ခုနှင့်ကိုက်ညီတဲ့ အတွဲ အလုပ်လုပ်မယ့် transceiver မျိုးလည်းဖြစ်ရမယ်လို့ပြောတာပါ။
ဒီနေရာမှာ အကြောင်းစပ်လို့ Network Card ရဲ့ Connector တွေအကြောင်းပြောပြပါဦးမယ်။ ပုံမှာလည်ုးမင်တွေ့ရမှာပါ။Female BNC Connector ကတော့ Thinnet အတွက်ပဲဖြစ်ပါတယ်။ AUI Connector ကတော့ Thicknet အတွက်ပဲဖြစ်ပါတယ်။RJ-45 Connector ကတော့10 BaseT အတွက်ပဲဖြစ်ပါတယ်။ဒီနေရာမှာnetwork card ဟာ ဒါမျိုး Connector(၃)ခုစလုံးတစ်ခါတည်းပါချင်လည်းပါမယ်။နှစ်ခုပါချင်လည်းပါမယ်။တစ်ခုတည်းလည်းဖြစ်ချင်ဖြစ်မယ်။ဒီ Card ကအသုံးပြုထားတဲ့connector ပေါ်မူတည်ပြီးတော့ Card အလုပ်လုပ်ဆောင်မှု လျှပ်စစ်ပတ်လမ်းလည်းပြောင်းလဲတာပေါ့။ပြောရမယ်ဆိုရင်Thinnet နှင့်10BaseT ကိုသာသုံးထားတဲ့ Network Card ဟာ၎င်းConnectorအတွက်လိုအပ်တဲ့ Transceiver ဟာဒီNetwork Card ပေါ်မှာတင် ပါပါတယ်။ သီးခြားထပ်မလိုဘူး။ဆိုလိုတာက Thinnet နှင့်10BaseT အတွက်လိုအပ်တဲ့ Transceiver ကအဲ့ဒီ Network Card ပေါ်တွင်ပါပြီးသားဖြစ်ပြီး Thicknet အတွက် ကတော့ External Transceiver လိုအပ်ပါတယ်။ပြောရမယ်ဆိုရင်Thicknet အတွက် Transceiver ကOn Board (Built-in ပါပြီးသား)မဟုတ်ဘဲ အဲဒီ Network Card ရဲ့AUI Connector မှာ External Transceiver ကိုလာတပ်ပေးရမှာဖြစ်ပါတယ်။အဲ့သလိုမှမဟုတ်ဘဲ Network Card ဟာအခြားသောMediaတွေ ကိုပါသုံးထားဦးမယဆိုရင်ပေါ့ဗျာ။ဥပမာ-fiber Optic Cable အတွက် ဒါမှမဟုတ် အချို့သောWireless နည်းပညာများကိုပေါ့နော် စသဖြင့်တစ်ခုခု ကိုသုံးထားမယ်ဆိုရင်တော့ဒါအခြားသောသက်ဆိုင်ရာ နည်းပညာများအလိုက် သီးခြားသင်ခန်းစာများနှင့်ရှင်းမှဖြစ်ပါတော့မယ်။



Network Card အလုပ်လုပ်ပုံအကြောင်းကို ကျွန်တော် အခုရှင်းပြနေစဉ်မှာ CPU ကနေ parallel လာတဲ့ data တွေကို အပြင်သို့ပို့ရန် serial ပြောင်းချင်း ၊အပြင်လာတဲ့ Incoming Serial Signal များကိုCPU ဆီသို့မပို့မီ parallel ပြောင်းခြင်းစတဲ့ အလုပ်တွေကိုသိသွားပြီးနောက်မှာ အဲ့ဒီလိုဖြစ်စဉ်တွေကို serial ကနေ parallel ပြောင်း ၊parallelကနေ serial ပြောင်း ဒီကြားမှာ network Card ဟာ data များကိုထုတ်ပိုးခြင်းဆိုတဲ့ Data packaging အလုပ်ကိုပါလုပ်နေရတယ်ဆိုတာကိုပါ သိထားရမှာဖြစ်ပါတယ်။ဟုတ်ပါတယ်။ Network Card ဟာ data bits တွေကို packets အဖြစ်ဖြစ်လာအောင်အစီအစဉ်တကျပြုလုပ်ပေးရပါတယ်။ပြီးတာနဲ့ထုပ်ပိုးပြီးတဲ့ packets လေးတွေကို တစ်ခုပြီးတစ်ခုတန်းစီပြီး serial အဖြစ် network medium အပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်။အ၀င်message တွေအတွက်ကတော့ (Network medium ) ကလာတဲ့ data တွေ network card က ၀င်လာတဲ့ signal တွေကို ဦးဆုံး data packets အဖြစ် ပြန်ပြုလုပ်ရပါသေးတယ်။ ဒီတော့မှ Signals ကနေ data packets လေးတွေဖြစ်သွာြး့ပီး၎င်းတို့ကို တစ်ခါ data pacts အတွင်းပါရှိတာတွေကို ( Extracts) ဆွဲထုတ်ပြီးသကာလ parallel ဖြစ်အောင်ပြုလုပ်ပြီး CPU ဆီကိုပေးပို့ပါတယ်။ဒီနေရာမှာ ရင်းနှီးနေရမဲက အခေါ်အဝေါ်တစ်ခုကတော့ packets ဆိုတာပါဘဲ။ Network transmission မှာ ကdata တွေကိုပေးပို့ခြင်းလက်ခံခြင်းဆို့တဲအခါတွေမှာ data တွေကို ခုလိုpackets လေးတွေထုတ်ပြီးပေးပို့တာဖြစ်ပါတယ်။

နောက်တစ်ခုအရေးကြီးတာပြောရအုံးမယ် Network card ကလည်းအရေးကြီးလုပ်ဆောင်နေတဲ့ အချက်တွေဟာ packets တွေကိုပြုလုပ်ခြင်းပေးပို့ခြင်းနဲ့လက်ခံခြင်းမဟုတ်ဘူးဆိုတာပါဘဲ။ Network card ကဘာတွေထပ်လုပ်ရသေးလဲဆိုတော့ ဒီ packet တွေကိုပေးပို့တဲ့အခါမှာ ဖြစ်ပေါ်နိုင်မဲ့ packet level error တွေ ရောက်လာတဲ့ packet တွေပြည့်စုံမှုရှိမရှိဆိုတာတွေနောက်ပြီး ဖတ်လို့မရတဲ့ packet တွေ ဒါတွေနဲ့ပတ်သက်ပြီးလုပ်ဆောင်ပေးရသေးတယ်ဗျ။ Network card ၇ဲ့နောက်ထပ် အရေးကြီးလုပ်ဆောင်ရတဲ့ ကိစ္စ တစ်ခုကတော့ အသုံးပြုတဲ့medium မှာ data transmission ပြုလုပ်နိုင်ရန်အတွက် data တွေကို package လုပ်ပေးရခြင်းနှင့် transmission ပြုလုပ်ရန်ပြင်ဆင်ပေးရခြင်း နောက်ပြီးdata တွေကို ဘယ်အချိန်မှာပို့လွှတ်ရမလဲဆိုတာသိဘို့ medium ကို access လုပ်ရခြင်း ၎င်းဖြစ်စဉ်ကို manage လုပ်ရခြင်းဖြစ်ပါတယ်။

နောက်ပြီးNetwork adapter ဟာ သူ့ဆီကိုရောက်ရှိလာတဲ့ network packet လေးတွေမှာ အခြားသော ကွန်ပျူတာတစ်လုံးရဲ့ network card address ပါရှိလာမှုကိုရှာဖွေခြင်းများပြုလုပ်ရပါတယ်။ network card ဟာ တံခါးမှူးလို့ပေါ့ဗျာ ။ ၀င်လာတဲ့ Data တွေ ထွက်သွားမဲ့ data စတာတွေအတွက် တံခါးမှူးလုပ်ပေးနေရပြီး communication ဖြစ်အောင်လည်းလုပ်ပေးနေရတာပေါ့ ။
တချို့ network card တွေကျတော့ ထူးခြားတာက သူကဗျာ- network card က သူဆီကိုဝင်လာမဲ့ data packet လေးတွေကိုကြိုတင်ပြီးမြင်နေရတယ်။ ဒါတွေကဘယ်မှာသုံးသလဲဆိုတော့ network ကိုစောင့်ကြည့်တဲ့ scanning software တွေပေါ့။ အဲ့ဒီမှာ ၎င်း software က network မှာ သွားလာလှုပ်ရှားနေကြတဲ့ traffic ကိုခြုံပြီးကြည့်နေကြတယ်ပြီးတော့ ဒါမှမဟုတ်လည်း packet တစ်ခုချင်းဆီကိုအသေးစိတ်စစ်ဆေးပါတယ်။ ဒီတော့ network card ဟာ သူ့ဆီကိုလာမယ့် packets တွေကိုကြိုသိနေတယ်လို့အကျဉ်းချုပ်ပြောချင်တာပေါ့ဗျာ ။ဒီလိုနဲ့ မရွေးချယ်ချင်တဲ့ packets တွေရှိရင် network card ဟာ တံခါးမှူးတွေလိုဘဲ ဂိတ်ကိုပိတ်လိုက်ပါတယ်။ ဒီလိုအလုပ်လုပ်တဲ့ function ကို promiscuous လို့ခေါ်ပါတယ်။ အဓိပ္ပါယ်ကတော့ အလွယ်ပြောရရင် မရွေးချယ်ဘူးလို့ဆိုလိုချင်တာဖြစ်ပါတယ်။ ဒါဟာ တကယ်တော့ ပုံမှန် network အသုံးပြုသူတွေအတွက်မလိုအပ်လှပါဘူး။
Network card နှင့် ဂိတ်တံခါးမှူးတာဝန်ဟာ ဒီမှာတင်မပြီးဆုံးသေးပါဘူး။ အရေးကြီးတဲ့နောက်တခုရှိပါသေးတယ်။ ၀ိုင်ယာကြိုးကိုဖြတ်သန်းပြီးပေးပို့လိုက်တဲ့ data တွေဟာ ဘယ်ကိုသွားမှာလဲဆို့တဲ့ သက်ဆိုင်ရာ လက်ခံမည်သူကိုလည်း Network card က ဆုံးဖြတ်ရပါသေးတယ်။အိုး--ဖိုရမ်ဖတ်သူလူကြီးမင်း Network card တစ်ခုချင်းဆီမှာ မတူညီတဲ့သတ်မှတ်ချက်တွေရှိပါတယ်။ဒါကို network addressလို့ ခေါ်ပါတယ်။ဒီ address ကဘယ်ကလာသလဲဆိုတော့ ၎င်း network card ပေါ်က read only memory (ROM) ထဲ program လုပ်ထားတဲ့ data ဆီက ရတာဖြစ်ပါတယ်။ဒီအကြောင်းအရာက အတိုချုပ်ပြောရမယ်ဆိုရင် IEEE (Institute of Electrical & Electronics Engineer) က network card ထုတ်လုပ်ရာမှာ Network card wတစ်ခုချင်းဆီမတူညီတဲ့ network address ကို ဘယ်လိုပေးရမလဲဆိုတဲ့ addressing scheme ကို ဒီဇိုင်းသတ်မှတ်ပေးပြီးသားဖြစ်ပါတယ်။ဒီတော့ပြောရမယ်ဆိုရင် network card အသစ်တစ်ခုတည်ဆောက်ပြုလုပ်တိုင်းမှာမတူညီတဲ့ address တစ်ခုခြင်းစီပါပြီးသားဖြစ်တာကြောင့် network card တပ်ထားတဲ့ကွန်ပျူတာတိုင်းမှာ မတူညီတဲ့ network address တွေပိုင်ဆိုင်ထားကြပါတယ်။ ဒီတော့ network card ရဲ့ ဂိတ်တံခါးမှူးတာဝန်အကြောင်းကို ပြန်ဆက်ပြောရမယ်ဆိုရင်ဖြင့် decode လုပ်ထားတဲ့ packet ထဲက address bits ကိုကြည့်လိုက်ပြီးကိုယ့်ဆီက နေရင် ကိုယ့်ရဲ့ address နှင့်တိုက်ယူလိုက်တာဘဲဖြစ်ပါတယ်။ဒီလိုမှမဟုတ်လဲ။ သက်ဆိုင်ရာ address ဆီကို deliver ဖြစ်သွားမှာဖြစ်ပါတယ်။
Network card ရဲ့ address ပိုင်းဆိုင်ရာကိုဆက်ပြောရအုံးမယ်ဆိုရင်ဘယ်network card ပေါ်က address ပဲဖြစ်ဖြစ်
၎င်း address ကို MAC address လို့ ခေါ်ပါတယ် ။MAC ဆိုတာ (Media Access Control) ဖြစ်ပါတယ်။၎င်းဟာ network card ရဲ့ Media address Control function ကိုလုပ်ဆောင်ပေးတာဖြစ်ပါတယ်။ဒီ MAC အကြောင်းကို နောက်မှအသေးစိတ်ရှင်းပြပေးမှာဖြစ်တယ်။ ဒီ address ဟာ Hexadecimal format ဖြင့် 2 လုံးတွဲဆီကို colon ခြားကာအားလုံးခြောက်တွဲရှိတာဖြစ်ပါတယ်။ဥပမာ- ၎င်း ခြောက်တွဲထဲက ပထမသုံးတွဲကတော့ ထုတ်လုပ်သူကိုရည်ညွှန်းတာဖြစ်ပြီး နောက်သုံးတွဲကတော့ မတူညီတဲ့ Network Address ပဲဖြစ်ပါတယ်။ ကဲဒီလောက်ဆိုရင် network card ရဲ့လုပ်ဆောင်ချက်တွေကိုသိလောက်ပါပြီ Network card ဟာ data တွေကို network မှ CPU ၊ CPU မှ Network အပြန်ပြန်အလှန်လှန်ပေးပို့ခြင်းကို transfers လုပ်ရတဲ့အပြင် parallel နှင့် serial ပြောင်းခြင်းစတာတွေကိုလုပ်ရတယ်။နောက်ပြီးအသုံးပြုထားတဲ့ network medium ကိုလိုက်ပြီးဘယ်လို data transmit လုပ်ရမယ်ဆိုတာကိုလဲဆုံးဖြတ်ရပါတယ်။ network card ရဲ့လုပ်ဆောင်ချက်တွေကိုစာဖွဲ့ပြီးမပြောဘဲ အချက်နဲ့ပြောရမယ်ဆိုရင်--

၁) Network card ဟာ ကွန်ပျူတာမှ data များကို network medium မှာ flow ဖြစ်သွားစေရန်အတွက်ပြင်ဆင်ပေးရမယ်ပြုလုပ်ပေးရမယ်။
၂) ပြီးရင်ကွန်ပျူတာတွေဆီကိုအချက်အလက်များပေးပို့ခြင်းကိုတာဝန်ယူရမယ်။
၃) အဲ့ဒီလိုအချက်အလက်တွေပေးပို့တဲ့အခါမှာလည်း network medium မှာ traffic flow ဖြစ်မှုကိုထိန်းချုပ်ပေးရမယ်။
၎) ကွန်ပျူတာဆီကို cable တွေဆီမှ တဆင့်ရောက်ရှိလာတဲ့ အချက်အလက်တွေကို CPU နားလည်စေမယ့် bits အဖြစ်ပြန်လည်ပြောင်းပေးရမယ်စတာတွေဘဲဖြစ်ပါတယ်။




Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင်မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။