View Single Post
Old 01-07-2011, 01:18 PM
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,384 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - မြန်မာမိသားစုဖိုရမ် အသုံးပြုနည&

မေးမြန်းချက် မေးခွန်းပေါင်း ( ၉၀ ) ခုနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာမိသားစုဖိုရမ် အသုံးပြုနည်းကို ဒီနေ့ အချောသတ်ပါပြီ။ တတ်အားသရွေ့ ပါဝင်ကူညီ အားဖြည့်ရေးသားခဲ့ကြသူများ အားလုံး ကျေးဇူးအထူးပါ။

ကျွန်တော်တာဝန် ယူထားတဲ့ တစ်ချို့အပိုင်းတွေထဲက ရေးဖို့ ကျန်နေတဲ့ အပိုင်းတွေကို အားတဲ့ / စိတ်ပါတဲ့ နေ့လေး နှစ်ခုစ သုံးခုစ လှည့်လှည့် ရေးနေရာကနေ နောက်ဆုံးရေးဖို့ မေးခွန်း ( ၈ ) ခုလောက်ကျန်တော့မှ တော်ယုံနဲ့ လှည့်မရေးဖြစ်တော့ဘူး။ မေးခွန်း ( ၈ ) ခုရေးဖို့ တစ်ခုချင်းစီ ပြန်လိုက်စစ်တော့ အားလုံးကို ခေါင်းစဉ်ခွဲ တစ်ခုတည်းအောက်မှာပဲ ပေါင်းရေးလို့ ရတာနဲ့ မေးခွန်း ( ၈ ) ခုလုံးကို ပြန်ဖျက်ပြီး ခေါင်းစဉ် တစ်ခုတည်း အောက်မှာ ပေါင်းစုရေးသား လိုက်ပါတယ်။

မိသားစုဝင် အဟောင်းတွေ အတွက်တော့ ဒီအကြောင်းအရာ အားလုံး နားလည်ပြီးသား ဖြစ်မှာပါ။ မိသားစုဝင် အသစ်များအတွက် နားလည်နိုင်စေဖို့က ဒီရွေးချယ်မှုများပြင်ရန် ဆိုတဲ့ နေရာဟာ ဖိုရမ်က Default အနေနဲ့ သတ်မှတ်ပေးထားတဲ့ Options တွေကို မိသားစုဝင် တစ်ဦးချင်းစီအလိုက် မိမိတို့ရဲ့ ကိုယ်ပိုင်လိုလားချက်ကို လိုက်ပြီး ပြင်ဆင်ယူနိုင်စေဖို့ ဖြစ်ပါတယ်။

သူ့အောက်မှာ ဘာတွေကို ပြင်ဆင်နိုင်မလဲဆိုရင် -
  • ကိုယ့်ဆီကို ဖိုရမ်နဲ့ ပတ်သတ်တဲ့ အီးမေးလ်တွေ မကြာခဏ ရောက်လာတာမျိုး မနှစ်သက်တဲ့အခါ ပြင်ဆင်နိုင်မယ်။
  • ဖိုရမ်မှာရှိနေတဲ့ အသင်းဝင်တစ်ဦးနဲ့ တစ်ဦး စာချွန်လွှာ ပို့တဲ့စနစ်တွေကို မနှစ်သက်ရင် ရပ်တန့်ထားနိုင်မယ်။
  • ကိုယ့်ရဲ့ ကိုယ်ရေးဖိုင်ကို ၀င်ရောက်ကြည့်ရှုသူတွေဆီက ဝေဖန်ချက်တွေ လက်မခံချင်တာ ရှိရင် ပြင်ဆင်နိုင်မယ်။
  • ရေးသားချက်အပိုင်းတွေမှာ ထိုးမြဲလက်မှတ်တို့ သရုပ်ပြပုံငယ်တို့ မပြချင်ရင် ဖျောက်ထားနိုင်မယ်။
  • ဆွေးနွေးချက် ဖော်ပြချက် ပုံစံတွေ ပြင်ယူနိုင်မယ်။
  • အရင်က စာမျက်နှာတစ်ခုတည်းမှာ ကိုယ်မြင်ရတဲ့ ပို့စ်အရေအတွက်တွေ နည်းနေတယ်လို့ ထင်ရင် တိုးယူနိုင်သလို အင်တာနက် မကောင်းလို့ loading time နည်းအောင် ပို့စ်အရေအတွက် လျော့ပြစေချင်ရင်လည်း ပြင်နိုင်မယ်။
  • ဆွေးနွေးချက်တွေကို သက်တမ်းအလိုက် ပြစေချင်ရင်လည်း ပြင်ဆင်နိုင်မယ်။
  • ဒေသစံတော်ချိန်တွေ ဖိုရမ်စတိုင်လ် ဆိုတာတွေကိုလည်း ပြင်ဆင်နိုင်ဦးမယ်။

အားလုံးကို တစ်နေရာတည်းကနေ ထိန်းချုပ်ထားတဲ့ ရွေးချယ်မှုများ ပြင်ရန် ဆိုတဲ့ တည်နေရာကို မြန်မာမိသားစုဖိုရမ်ရဲ့ Control Panel အောက်က -


အောက်ဖော်ပြပါ နေရာမှာ တွေ့ရှိနိုင်ပါတယ်။


က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 37 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။