View Single Post
Old 26-05-2011, 10:03 PM
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,391 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
Youtube Clips များထည့်သွင်းဖော်ပြခြင်း

Youtube Clips တွေ ထည့်သွင်းဖော်ပြတာနဲ့ ပတ်သတ်ပြီး ဖိုရမ်မှာ ရေးထားပြီးသား ရှိပေမယ့် စုစုစည်းစည်း မဖြစ်တာရယ်ကြောင့် မိသားစုဝင်အသစ်များ နားလည်လွယ်အောင် ကျွန်တော် နောက်တစ်ကြိမ် ရေးသားဖော်ပြလိုက်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဖိုရမ်ရောက်စက Youtube သီချင်း မထည့်တတ်လို့ ရွာလည်ခဲ့ဖူးတယ်။ Youtube သီချင်းတွေကို ကိုယ်ရေးနေတဲ့ စာနဲ့အတူ တွဲစပ်ထည့်သွင်း ဖော်ပြချင်တဲ့ အခါ အဆင့် ( ၂ ) ဆင့် လုပ်ဆောင်ရပါတယ်။ အရင်ဆုံး ကျွန်တော်တို့ Youtube က ကိုယ်ထည့်ချင်တဲ့ သီချင်း ( Video clip ) ရှိတဲ့ နေရာကို သွားပါ။ ဥပမာ - ကျွန်တော်က Kina Grannis ရဲ့ Valentine သီချင်းကို ဖော်ပြချက် စာသားနဲ့ အတူ ထည့်ချင်တယ် ဆိုပါစို့ - ဒီလိုဆို သူ့ရှိရာ နေရာကို အရင်သွားပြီး ဖော်ပြပါ link နောက်က http://www.youtube.com/watch?v=840NbiFF1zM သီချင်းရဲ့ code နံပါတ်ကို ယူရပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ အတိုင်းပါ။


youtube မှာ တင်ထားသမျှ video clips တွေတိုင်းမှာ အဲ့ဒီ့ နံပါတ်က video clip တစ်ခုချင်းစီတိုင်းအတွက် သူ့နံပါတ်နဲ့ သူ ရှိပါတယ်။ အဲ့တာကို ယူပြီးသွားရင် အောက်မှာ ဖော်ပြထားတဲ့အတိုင်း video clip အတွက် ကိုယ်ထားချင်တဲ့ နေရာမှာ cursor ချပြီး Text editor က Youtube button လေးကို နှိပ်ပါ။


ဒီလိုဆို [youtube][/youtube] ဆိုပြီး ပေါ်လာပါလိမ့်မယ်။ အဲ့ဒီ့ [youtube][/youtube] ဆိုတာနှစ်ခုရဲ့ ကြားထဲမှာ ခုနက မှတ်ထားတဲ့ value ကို ထည့်ပေးလိုက်ပါ။

ဆိုလိုတာ -

Code:
[youtube]840NbiFF1zM[/youtube]
ပြီးရင် နမူနာ ကြည့်ကြည့်ပါ။ သဘောကျရင် တင်လို့ရပါပြီ။



KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 30-05-2011 at 10:14 PM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 36 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။