View Single Post
Old 25-04-2011, 03:04 PM
  post #9
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,392 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
Reputation ဆိုသည်မှာ

Reputation နဲ့ ပတ်သတ်ပြီး မိသားစုဝင်တော်တော်များများ ခုချိန်ထိ သဘောက်မပေါက်ကြသေးသလို - ဒီ Feature ကို သိပ်လည်း သုံးတာ မတွေ့ရသေးပါဘူး - Reputation ဆိုတာ ဖိုရမ်မှာ ကျွန်တော်တို့ ပို့စ်တွေ ရေးရတယ် - Threads အသစ်တွေ တင်ကြတယ် - ဒါမျိုးက မိသားစုဝင်တိုင်း လုပ်ပိုင်ခွင့် ရှိတယ် - မိသားစုဝင်ဖြစ်တာနဲ့ လုပ်ပိုင်ခွင့်လည်း ပေးထားတယ် - ဒါပေမယ့် ပို့စ်တွေ ရေးတိုင်း - Threads အသစ်တွေ တင်တိုင်း အများအကျိုးပြုတဲ့ ပို့စ်တွေလား - Threads တွေလားဆိုတော့ မဟုတ်ဘူး - တစ်ချို့က Credit မပေးပဲ သူများဖိုရမ်တွေ ဘလော့တွေကနေပို့စ်တွေ ကူးတင်တာ ရှိတယ် - တစ်ချို့က တစ်ကြောင်းစ နှစ်ကြောင်းစ ဝင်ရေးတာ ရှိတယ် - တစ်ချို့လည်း တကယ်ကို အားစိုက်ပြီး အပင်ပန်းခံ ရေးပေးနေတာတွေ ရှိတယ် - စသဖြင့် ဘယ်လိုစာမျိုးပဲ ရေးသည်ဖြစ်စေ အဲ့ဒီ့ မိသားစုဝင်တစ်ယောက် ရေးလိုက်တဲ့ အကြောင်းအရာက တစ်ခြားလူတစ်ယောက်အတွက် အကျိုးရှိစေသလား - အများစုအတွက် အကျိုးဖြစ်စေသလား ဆိုတာကို ကျွန်တော်တို့က Reputation ကိုကြည့်ပြီး ဆုံးဖြတ်ပါတယ် - ပြောရရင် သူရေးတဲ့ ပို့စ်တွေ - Threads တွေ အတွက် လူအားလုံးက ကောင်းမကောင်း ဝိုင်းပြီး အတည်ပြုပေးကြတဲ့ သဘောပေါ့ - မဲပေးတဲ့ သဘောမျိုးလို့လည်း ပြောလို့ ရတယ်။ အဲ့တော့ ဖိုရမ်မှာ တစ်ယောက်ယောက်ရေးတဲ့ အကြောင်းအရာကို ဖတ်လိုက်ရလို့ စိတ်ထဲမှာ သဘောကျတယ် - သူ့ရေးသားချက်ကို သဘောတူတယ် - လက်ခံတယ် - အများအတွက် အကျိုးရှိတယ်လို့ ယူဆရင် သက်ဆိုင်ရာ ပို့စ်ရဲ့ ဘယ်ဘက်အောက်ထောင့်မှာ ချိန်ခွင်ပုံလေးနဲ့ Add to ....'s Reputation. ဆိုတာ ရှိပါတယ်။ အဲ့တာလေးကို ကလစ်ပေးပါ - ဒါဆို အောက်မှာ ပြထားတဲ့ အတိုင်း box တစ်ခု ကျလာပြီး ဒီပို့စ်နဲ့ ပတ်သတ်တဲ့ ကိုယ့်ထင်မြင်ချက်ကို Reputation ပေးနိုင်ပါပြီ -


တစ်ခုရှိတာက ဘယ်သူ ဘာပေးပေး - ကောင်းတာပေးသည် ဖြစ်စေ ဆိုးတာ ပေးသည် ဖြစ်စေ - Reputation အပေးခံရသူက ဘယ်သူ ဘာပေးတယ်ဆိုတာ မသိနိုင်ပါဘူး - ကိုယ်ရေးတဲ့ပို့စ် ကောင်းလား မကောင်းဘူးလား ဆိုတာ ကိုယ့်ရှေ့မှာ မဲပုံး တစ်ပုံးချထားပြီး လူတိုင်းက မဲလိပ်ထဲမှာ ကောင်းတယ်လို့ ထင်ရင် "ကောင်း" - မကောင်းဘူးလို့ ထင်ရင် "မကောင်း" ဆိုပြီး သူတို့ဘာသာ စိတ်ထဲရှိတဲ့အတိုင်း မဲပေးတဲ့သဘောပါပဲ - Reputation ကောင်းတယ် မကောင်းဘူး အပေးခံရတာ များလာတဲ့ အပေါ်မူတည်ပြီး အောက်ဖော်ပြပါအတိုင်း User is on distinguished road. အစရှိသဖြင့် Title တွေလည်း ပြောင်းသွားတယ် - အဲ့ဒီ့စာကို အောက်ဖော်ပြပါအတိုင်း Profile က Reputation icon ပေါ်မှာ ထောက်လိုက်ရင် မြင်နိုင်ပါတယ်။



User is on distinguished road. ဆိုတဲ့ Title ဟာ ဖိုရမ်စဝင်ခါစ မိသားစုဝင်တိုင်း အဲ့ဒီ့ Title ကို ရပါတယ် - ဒါပေမယ့် ကျွန်တော်တို့လည်း ဘာကြောင့် အဲ့ဒီ Title ပဲ ဖြစ်နေလည်း ဆိုတော့ မိသားစုဝင်တော်တော်များများ ဒီ Reputation ပေးတာနဲ့ ပတ်သတ်ပြီး သဘောမပေါက်ကြလို့ပါ - အဲ့တော့ ကျွန်တော်ဆို ပို့စ် ၁၀၀၀ ကျော်ရေးပြီးပေမယ့် ခုချိန်ထိ Reputation ၂၀ ပဲ ရသေးတယ် Reputation အကောင်းအဆိုး အပေးခံရတာ များလာတာနဲ့ အမျှ အောက်ဖော်ပြပါ Title အသီးသီးကို ပြောင်းလဲသွားပါတယ်။ ထိပ်ဆုံးက အမြင့်ဆုံးပါ -

REPUTATION LEVELS:

Quote:
User has a reputation beyond repute 2000
User has a brilliant future 1500
User has much to be proud of 1000
User is a splendid one to behold 650
User is a name known to all 550
User is a glorious beacon of light 450
User is just really nice 350
User is a jewel in the rough 250
User has a spectacular aura about 150
User will become famous soon enough 50
User is on a distinguished road 10 ( Users အသစ်တိုင်း ဒီ level ကနေ စပါတယ်။ )
User is an unknown quantity at this point 0
User has a little shameless behavior in the past -10
User can only hope to improve -50
User is infamous around these parts -99999
ကိုယ်ရေးတဲ့ ပို့စ်နဲ့ ပတ်သတ်ပြီး သဘောမကျဘူးလို့ Reputation အပေးခံရတာများလေ Title ကလည်း တဖြေးဖြေး ဆိုးလေပါပဲ - ကောင်းတာရေးမယ် အကျိုးပြုတာလုပ်မယ်ဆိုရင် လူအများရဲ့ ထောက်ခံမှုကို ရပြီး Reputation + ရပါမယ် - ဒီလိုဆို Title ကလည်း တဖြေးဖြေး ကောင်းသထက်ကောင်းတဲ့ ဘက်ကို ရောက်သွားပါလိမ့်မယ်။ ကိုယ့် Reputation ဘယ်လောက်ရနေပြီလဲ ဆိုတာ UserCP အောက်မှာ ကြည့်နိုင်ပါတယ်။ တကယ်လို့ ရှိနေရင် ခုလို မြင်ရပါလိမ့်မယ်။


ဘယ်သူမှ Reputation ပေးမထားရင် ဘာမှ မြင်ရဦးမှာ မဟုတ်ပါဘူး - အဲ့တာကြောင့် ဒီနေ့ကစပြီး မိသားစုဝင်များကို အကြံပြုချင်တာ အားလုံး တက်ညီလက်ညီနဲ့ ပို့စ်တွေကို ဖတ်ကြည့်ပြီးရင် မိမိရဲ့ ထင်မြင်ချက် Reputation လေးတွေ ပေးပေးကြပါ - ဒါဟာ Thanks ပေးတာထက် သဘောတရား ပိုလေးနက်သလို ဖိုရမ်တစ်ခုမှာ ရပ်တည်နေတဲ့ ပံ့ပိုးကူညီသူတွေကိုလည်း အားပေးရာရောက်ပါတယ်။ တစ်ဖက်လှည့်နဲ့ ပြောရရင် ဖိုရမ်ကို ပျက်စီးအောင် ဖျက်ဆီးနေတဲ့ ကဖျက်ရဖျက် သမားတွေကိုလည်း သူတို့လုပ်ရပ်အတွက် အသိပေးရာရောက်ပြီးသား ဖြစ်သွားပါတယ်။ အားလုံးဝိုင်းဝန်းကူညီကြပါ။ ဒီအကြောင်းကိုပဲ အင်္ဂလိပ်လို အကျယ်ဖတ်ချင်ရင် ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

KznT.

( မှတ်ချက် - ဒီအကြောင်းက ကိုဘဘကြီး မေးထားလို့ စရေးလိုက်တာ - နောက်တော့ သူက မေးထားတာကို ပြန်ဖျက်သွားတယ် - အဲ့တာနဲ့ အားလုံးလည်း သိရအောင် ဒီ မသိမဖြစ်ကဏ္ဍမှာ ထည့်ထားလိုက်ပါတယ်။ )


က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 25-04-2011 at 03:08 PM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 63 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
$ညိုမင်းလွင်$, ကိုခိုင်ကြီး, ခင်မျိုးစစ်, ချင်းလေး, ချစ်သမီး, ချမ်းမင်း၈၁, ငပြုံး, စွမ်းကမ္ဘာ, စွမ်းထက်မောင်, စနိုးလေး, ဆိုင်နင်ဂျူး, တာတာ, ဒီဝန်းအိမ်, ဒဿဂီရိ, ဘဘကြီး, မိုးတိန်, ယွန်းယွန်း, ရဲရဲလေး, ရှင်းသန့်, သင်းသင်းဟန်, ဟိန်းဟိန်းမြတ်, ဦးလေးကြီး, ခေါက်ရောင်းသား, ဂေါ်ဖီထုတ်လေး, ဇော်ရဲပိုင်, တောဂေါ်လီ, နေမင်းမောင်, မေဦးမွန်, မောင်သံသရာ, မောင်ပေါ်ဦး, မောင်အောင်ဟိန်းအေး, ငြိမ်းချမ်း, မြင့်မိုရ်, amaung344, apri, arkaraung, AZM, blackNwhite, bonge, daya, Empathlover, g00gle, goldstar, htoo war, htun30, kaung kin lu, ko lin, kyawminkhoung, ma mee, mgwinhlaing, MilkyWay, minlatt, minthike, minthumon, moekabyar, phoetharlay, PyaitSone, runner.zaw, thura.it, tu tu, yelinoo, zin min aung, zo