View Single Post
Old 01-04-2011, 09:46 PM
  post #4
သန့်ဇင်ဌေး
အထူးအသင်းဝင်
 
သန့်ဇင်ဌေး's Avatar
 
အသင်းဝင်နေ့စွဲ: Oct 2009
တည်နေရာ: ချစ်သူရင်ခွင်
ရေးသားချက်များ: 538
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 3,650
ပို့စ် 479 ခုအတွက် 4,822 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
သန့်ဇင်ဌေး will become famous soon enough
ပြန်စာ - ကွန်ပျုတာ.နည်းပညာစာအုပ်များနှင&

ဒီနေ့တော့ နောက်ဆုံး အပိုင်းလေးကို ရေးပေးဖို့ စီစဉ် စ မိတယ် ။ အကို အစ်မ များအနေနဲ့ စာအုပ်တွေ တိုင်းကို သေချာ ဖတ်ဖို့ ကိုတော့ ထပ်မံတိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့ စာဖတ်ရတဲ့ အချိန်ဟာ တော်တော် ပေးဆပ်ရတဲ့ အချိန်ပါ တော်တော် များများကို အချိန်တွေ ပေးပီး ဖတ်ကြည့်မှတ်ကြည့်ပါ.။ အားလုံးသော အကို အစ်မ တွေကို ကျွန်တော် လေမရှည်တော့ပါဘူး


မြန်မာ မိသားစုဖိုရမ်

ဒီစာအုပ်တွေကတော့ မြန်မာ မိသားစုဖိုရမ်က စာအုပ် တော်တော်များများပါပဲ့ မြန်မာမိသားစုဖိုရမ်မဂ္ဂဇင်း က အစ နည်းပညာစာအုပ်တွေ တော်တော်များများပါပါတယ်။ နောက်ထပ်လည်း ဖြေရှင်းထားဘူးတဲ့ Error အများကြီးကိုပါ ရေးထားတဲ့ စာအုပ်တွေ တော်တော်များများပါပါတယ်။ တကယ်တော့ ဒီစာအုပ်တွေက ဖတ်ရင်းဖတ်ရင်း ဒီလောက်များလာလိမ့်မယ်လို့ ထင်မထားခဲ့တာ နောက်ပိုင်း ပြန်ကြည့်မှ တော်တော်ကို များနေပီဆိုတာကို သတိထားမိလာတာ။ အဲ့ချိန်မှာ စာအုပ်တွေက အရမ်းများနေပီ ။ အကို အစ်မတို့ အနေနဲ့လည်း ဖိုရမ်တခုက ရတဲ့ စာအုပ်တွေကို သေချာလေ့လာဖတ်ကြည့်ပါ။ ဖိုရမ်တခုဆိုတာ Pirated ဆိုဒ်တွေနဲ့ မတူပါဘူး ။ တဦး တယောက်ရဲ့ အခက်ခဲ့ကို တဦးတယောက်တည်းရဲ့ အသော်ရတီနဲ့ ရေးထာားတာ မဟုတ်ဘဲ့ အများ က ၀ိုင်းပီးကူညီစဉ်းစားပေးတာ ဖြစ်သလို ဖြစ်ဘူးကြုံဘူးတဲ့ Error ကို ချပြပြောပြပေးတဲ့ နေရာလေး တခုလိုဖြစ်နေတာပါ။ တန်ဖိုးရှိတဲ့ စာအုပ်တွေပါ။ ဘ၀တွက် အမှတ်တရလည်းဖြစ်အောင် ကျွန်တော်က တော့ သိမ်းထားတယ်။ အကို အစ်မ ညီ ညီမလေးတွေက ရော????



Hardware


Hardware ဆိုတာကတော့ တကယ်တန်း ပြောရမယ်ဆိုရင် နားလည်လွယ်တဲ့ အရာတခုပါပဲ့ ။ ကျွန်တော်တို့ က Professional ကျအောင် Binary တွေက အစ အကုန်လိုက်လေ့လာနေစရာမလိုဘူးထင်တယ် ။ ကျွန်တော်တို့ကိုယ်တိုင် ဖန်တီးမှာ မဟုတ်သလို ဆားကစ်တွေက အစ ကျွန်တော်တို့ ထုတ်လုပ်မှာ မဟုတ်တဲ့တွက် ဟိုး အစ ထိလိုက်လေ့လာနေဖို့ မလိုဘူးထင်တယ် ။ ချွင်းချက်အနေနဲ့ကတော့ Professional ကျကျ လေ့လာချင်တယ်ဆိုရင်တော့ နိုက်နိုက်ချွတ်ချွတ် အသေးစိတ် လေ့လာရမှာပါ။ဒီနေရာမှာတော့ ကျွန်တော် ဆက်ပီး လေ မရှည်လိုတော့ပါဘူး။ အောက်က စာအုပ်တွေ ကို ဖတ်ကြည့်ခြင်းဖြင့် Hardware ကို ကောင်းကောင်း ကိုင်တွယ် ဖြေရှင်းနိင်သွားလောက်အောင်ထိတော့ နားလည်နိင်လောက်မှာပါ.။

Network

Network ရဲ့ သဘောတရားက အရမ်းကျယ်ပြန့်တယ် ။ တက်နိင်သလောက်လေ့လာထားဖို့ တကယ်ကိုလိုအပ်တယ် ။ Network တကယ်လေ့လာသင့်တဲ့ အရာတွေထဲ့မှာ ပါတယ်။ ဒါကြောင့် အကျယ် မလေ့လာနိင်ရင်တောင် သဘောတရားတွေ နားလည်နိင်အောင်လို့ ဒီအောက်က စာအုပ်တွေက အခြေံခံအထောက်ကူတော့ ပေးလိမ့်မယ် ထင်တယ်။





Ubuntu Ebook
Ubuntu ကို လေ့လာနေတဲ့ သူငယ်ချင်းညီအကို မောင်နှမများတွက်ပါ။ Ubuntu ကို စလေ့လာခါစတုန်းက ဆို ဘာမှ မလုပ်တက်မကိုင်တက်နဲ့ တော်တော်ကို အဆင်မပြေတာလေးတွေ နဲ့ Comment Line တွေထဲ့မှာ ချောင်ပိတ်နေခဲ့ဘူးတယ်။ သဘောတရားတွေကို နားလည်သွားတဲ့ချိန်မှာ Ubuntu က တော်တော်ကို သုံးရ လုပ်ရကိုင်ရတာ သဘောကျဖို့ကောင်းတယ်။ အဆင်မပြေမူလေးတွေ ဖြစ်ရင် ဖြစ်လိမ့်မယ် ဘယ်ပညာမဆိုပါ။ နဲနဲချင်း အကျွမ်းတ၀င်ရှိလာပီဆိုရင် လုပ်ရကိုင်ရတာ လွယ်ကူလာတယ် ။ အဲ့လို စလေ့လာကစကတည်းလောက်ကတည်းက နက်ပေါ်မှာ လေ့လာဖြစ်တာတွေ ရှိသလို စာအုပ်လေးတွေ ဒေါင်းထားမိတာလေးတွေလည်းရှိတယ်။ အဲ့တာတွေကို ကျွန်တော် တင်ပေးလိုက်ပါတယ်။ အခြေခံ တခုလောက်ထိတော့ အထောက်ကူပြုမယ်လို့ ယုံကြည်နေမိပါတယ်။



Code:
Ubuntu Ebook

နောက်ပိုင်းရ စာအုပ်များ

နောက်ပိုင်းရ စာအုပ်များဆိုပီး ကျွန်တော် ခေါင်းစဉ်တက်ထားတယ်။ ဘာလို့လည်းဆိုတော့ ခုနောက်ပိုင်းမှ နက်ပေါ်ကနေ ရတာ ကောင်တာလေးတွေကို သိမ်းထားမိတာလေးတွေကို ဒေါင်းထား တာတွေ ဖတ်မိ မှတ်ထားတာလေးတွေကို ကျွန်တော် တင်ပေးထားတာပါ။ အကိုအစ်မများအဆင်မပြေတဲ့ လင့်ကို ပြန်ပြောခဲ့ပါ။


Code:
Next book 1

window installation

window installation ကို ကျွန်တော်တို့ တော်တော်များများ တင်တက်နေပါပီ ခုနောက်ပိုင်းဆို တော်တော်များများ အဆင်ပြေပြေနဲ့ တင်တက်နေကြပါပီ။ ခုဒီထဲ့မှာတော့ USB က နေ တင်တာတွေ ပါသလို window installation လုပ်နေစဉ်မှာ တက်တဲ့ Error တွေကိုပါ ဖြေရှင်းထားတာလေးတွေကို ပါ ထည့်ပေးထားပါတယ်။ အကို အစ်မတို အဆင်ပြေအောင် တက်နိင်သလောက် ကြိုးစားပီး ဒေါင်းလုပ်ချ ဖတ်ကြည့်ပေးပါ။


ကျွန်တော်တင်ပေးခဲ့တာ စာအုပ်ပေါင်း ထောင်ကျော်ရှိပါတယ်။ ပေါင်း ၈ ဂစ်ကျော် ရှိပါတယ်။ ကျွန်တော် လင့်တွေ မသေအောင် ရယ် နောက်ထပ် နက်ကောင်းတဲ့နေရာတွေက နေ ဒေါင်းကာကျရင် တလင့်ချင်းဆီသာ ဒေါင်းနေရမယ်ဆိုရင် လင့် ၁၀၀၀ ကျော် နိပ် နေရမှာမို့ ကျွန်တော် ခေါင်းစဉ်လိုက်ကို အပိုင်းလိုက် Rar ချုပ်ပီး လင့်တွေ ထပ်ဖြည့်ပေးပါ့မယ်။ နောက်ပိုင်းလင့်တွေလည်း အသေနည်းအောင် ရယ် တစုတစည်းတည်းလည်း ရအောင်ရယ် လင့်တွေ ထပ်ဖြည့်ပါ့မယ်။

ဒီတပိုင်းကိုတော့ ဒီမှာ တင် ပီးပါပီ.နိဂုန်း အဆုံးသတ် အပိုင်းလေး ပီးပီမို့ ကျွန်တော် Video Editing ပိုင်းကို တချက်လှည့်ရေးပေးပါဦးမယ်။ အကို အစ်မတို့ လာရောက်ဖတ်ကြည့်ပေးပါဦး။

ပရဟိတ စိတ် အပြည့်နဲ့ လူအများ အကူညီလိုအပ်မူတွေကို ကူညီကြပါစို့လား။

စိမ်းလန်းမြေ ပရဟိတ ဖိုရမ်

Thant Zin Htay

Last edited by သန့်ဇင်ဌေး; 01-04-2011 at 10:12 PM..
သန့်ဇင်ဌေး is offline   Reply With Quote
အောက်ပါအသင်းဝင် 32 ဦးတို့မှ သန့်ဇင်ဌေး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။