View Single Post
Old 24-03-2011, 04:32 PM
  post #8
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,374 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာရေးသားခြင်း

ဒီနေ့ မြန်မာမိသားစုဖိုရမ် အသုံးပြုနည်းမှာ ရေးဖို့ ကျန်နေတဲ့ အပိုင်းတွေထဲက ပြန်စာရေးသားခြင်း အကြောင်း ရှင်းပြချင်ပါတယ် - မိသားစုဝင် တော်တော်များများ ဒီအကြောင်းအရာကို သိပြီးသား ဖြစ်နိုင်ပေမယ့် ဖိုရမ်ဝင်လေ့ဝင်ထ မရှိတဲ့ မိသားစုဝင်တစ်ချို့က Post Reply နဲ့ New Thread ဆိုတာရဲ့ ကွာခြားချက်ကို မသိကြသေးပါဘူး -

New Thread


သက်ဆိုင်ရာ ဖိုရမ်ခွဲ အသီးသီးအောက်ကို ဝင်လိုက်ရင် အထက်ဖော်ပြပါအတိုင်း တွေ့ရမယ့် New Thread ဆိုတာ ဒီဖိုရမ်ခွဲထဲမှာ ကိုယ့်အနေနဲ့ ဘယ်သူမှ မဆွေးနွေးရသေးတဲ့ ခေါင်းစဉ်အသစ်စက်စက်တစ်ခုကို ကိုယ်ကစပြီး ဆွေးနွေးချင်တဲ့ အခါမှာ အသုံးပြုပါတယ် - တစ်ဖက်လှည့်နဲ့ ပြောရရင် Thread Creator ပေါ့ - ဖိုရမ်မှာ New Thread ဖန်တီးတာနဲ့ ပတ်သတ်ပြီး အများကြီး ကန့်သတ်ချက် မရှိပေမယ့် လိုက်နာသင့်တဲ့ အချက်တစ်ချို့ ရှိပါတယ် - အဲ့တာက New Thread တစ်ခုကို မဖန်တီးခင်မှာ -
  • ကိုယ်ဖန်တီးချင်တဲ့ Thread နဲ့ အကြောင်းအရာတူ - ခေါင်းစဉ်လွဲ / အကြောင်းအရာတူ - ခေါင်းစဉ်တူ Thread ဟောင်းတစ်ခု ရှိနှင့်ပြီးသလား ဖြစ်မဖြစ် စစ်ဆေးကြည့်ပါ ( ဥပမာ ကျွန်တော်တို့က Prince Of Persia ဆိုတဲ့ ဂိမ်းအကြောင်း ဆွေးနွေးချင်တယ် ဆိုပါစို့ - ဒီလိုဆို ကွန်ပျူတာဂိမ်းတွေအကြောင်း ဆိုတဲ့ ကဏ္ဍအောက်ကို ဝင်ပြီး ကိုယ်ရေးချင်တဲ့ Prince Of Persia ဂိမ်းအကြောင်း ဆွေးနွေးထားတဲ့ Thread တစ်ခု အရင်ရှိနှင့်ပြီးသား ဖြစ်မဖြစ် တစ်ချက်ကြည့်ကြည့်ပါ - အဲ့လို ရှာကြည့်လိုက်ရင် အောက်ဖော်ပြပါအတိုင်း ကိုယ်ဆွေးနွေးချင်တဲ့ အကြောင်းအရာနဲ့ တိုက်ဆိုင်မယ့် ဆွေးနွေးချက်ဖြစ်ဖြစ် ခေါင်းစဉ်ဖြစ်ဖြစ် ဆင်တူတဲ့ အကြောင်းအရာမျိုး တွေ့ကောင်းတွေ့ပါလိမ့်မယ် )

  • Thread အဟောင်း ရှိမရှိ နောက်ထပ် အလွယ်ကူဆုံး ရှာဖွေနိုင်မယ့် နည်းလမ်းတစ်ခုက Forum ရဲ့ Search function ကို သုံးတဲ့နည်းပါ - ဥပမာ Prince Of Persia ဆိုတဲ့ ခေါင်းစဉ်နဲ့ Thread အဟောင်းတစ်ခု ရှိမရှိ ရှာဖွေချင်တယ်ဆိုရင် အောက်ဖော်ပြပါအတိုင်း ရှာကြမယ်ကနေ တစ်ဆင့် ရှာဖွေကြည့်နိုင်ပါတယ်။

  • အဲ့လိုရှာဖွေလိုက်လို့ ရှိနှင့်ပြီးသား Thread အဟောင်းတစ်ခု တွေ့ခဲ့မယ် ဆိုရင် အဲ့ဒီ Thread အဟောင်းအောက်ကို ဝင်ရောက်ပြီး New Thread အစား Post Reply အနေနဲ့ ဆွေးနွေးပေးခြင်းအားဖြင့် ဖိုရမ်တိုင်းမှာ အဖြစ်များနေတဲ့ Threads ဖောင်းပွမှု ပြဿနာကို မိမိအနေနဲ့ ကူညီထိန်းသိမ်းပြီးသား ဖြစ်သွားပါတယ် - လေ့လာမယ့် သူတွေ အနေနဲ့လည်း အကြောင်းအရာ တစ်ခုတည်းကို နှစ်နေရာခွဲပြီး သွားနေစရာမလိုတော့ပဲ နေရာတစ်ခုတည်းအောက်မှာ ပြည့်ပြည့်စုံစုံ ဖတ်ရှုနိုင်ပါလိမ့်မယ်။

တကယ်လို့ အဲ့လို သက်ဆိုင်ရာကဏ္ဍ အသီးသီးအောက်မှာ Thread အသစ်မရေးသားခင် နည်းမျိုးစုံနဲ့ ရှာဖွေကြည့်ပေမယ့် အကြောင်းအရာတူ - ခေါင်းစဉ်လွဲ / အကြောင်းအရာတူ - ခေါင်းစဉ်တူ Thread ဟောင်းတစ်ခု ရှာလို့ မတွေ့ခဲ့ဘူးဆိုရင် ကိုယ်ရေးချင်တဲ့ အကြောင်းအရာသစ်ကို New Thread ထုတ်ပြီး ရေးသာရေးချလိုက်ပါ - ဘာကိုမှ စိုးရိမ်ဖို့ မလိုပါဘူး - စတင်အသုံးပြုခါစ မိသားစုဝင်တွေအနေနဲ့ ဖိုရမ် အသုံးပြုနည်းနဲ့ ပတ်သတ်ပြီး အကျွမ်းဝင်မှု မရှိနိုင်တာ - ဘယ်နားမှာ ဘယ် Thread ရှိနှင့်ပြီးသားကို မသိနိုင်တာကို ဖိုရမ်ထိန်းသိမ်းသူများ သဘောပေါက်ကြပါတယ် - တကယ်လို့ သင့်တော်မယ့် Thread အဟောင်း တစ်ခုတွေ့ခဲ့ရင် အဲ့ဒီကိုယ်ရေးထားတဲ့ Thread အသစ်ကိုပဲ ဖိုရမ်ထိန်းသိမ်းသူများက သင့်တော်တဲ့ Thread အဟောင်းအောက်ကို ရောက်ရှိအောင် ရွှေ့ပြောင်းပေးသွားပါလိမ့်မယ်။

Post Reply


Post Reply ဆိုတာကတော့ တစ်စုံတစ်ယောက် အစပျိုးရေးသားထားပြီးသား အကြောင်းအရာအောက်မှာ ဒီ Thread နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာကိုပဲ ကိုယ့်အတွေး / ကိုယ့်အမြင် / ကိုယ့်ဗဟုသုတ နဲ့ ပတ်သတ်ပြီး ဆက်စပ်ဆွေးနွေးဖို့ ရေးသားတာကို ခေါ်ပါတယ် - ဒီလို Post Reply ရေးသားဖို့ ဆိုရင် သက်ဆိုင်ရာ ဖိုရမ်ခွဲ အသီးသီးအောက်ကိုတင် မကပဲ - ဆွေးနွေးချက်အသီးသီးအောက်ကိုပါ ထပ်မံ ဝင်ရောက်ဖို့ လိုမှာ ဖြစ်ပါတယ် - ရေးသားလိုတဲ့ အကြောင်းအရာ ခေါင်းစဉ်အောက်ကို ရောက်ပြီဆိုရင် အထက်ဖော်ပြပါအတိုင်း Post Reply Button ကို နှိပ်ပြီး အကြောင်းအရာ သစ်တစ်ခု စတင်ရေးသား နိုင်ပါပြီ - Post Reply နဲ့ ပတ်သတ်ပြီး ဒီနေရာမှာ သိထားသင့်တာလေး တစ်ချို့ ပြောပေးပါဦးမယ် -

Post Reply နှင့် Quick Reply ၏ ကွာခြားချက်

ကျွန်တော်တို့ ဖိုရမ်တင်မက တစ်ခြား မြန်မာဖိုရမ်အားလုံးလိုလိုမှာ Thread တစ်ခုကို Reply ပြန်ဖို့ အတွက် စနစ်နှစ်မျိုး ထားထားပေးပါတယ် - အဲ့တာကတော့ Post Reply နဲ့ Quick Reply ပါ -


Thread တစ်ခုရဲ့ ထိပ်ဆုံး ( ဒါမှမဟုတ် ) အောက်ဆုံးမှာ ရှိတဲ့ Post Reply ဆိုတာ သက်ဆိုင်ရာ Thread နဲ့ပတ်သတ်ပြီး ကိုယ့်အတွေး / ကိုယ့်အမြင် / ကိုယ့် ယူဆချက်တွေကို တစ်ခန်းတစ်နားနဲ့ အကျယ်ချဲ့ ပြန်ကြားရေးသားဖို့ ဖြစ်ပါတယ်။ အဲ့ဒီ့ Post Reply ကို သုံးမယ် ဆိုရင် ပုံမှန် Text editors တွေ သုံးလို့ ရမှာ ဖြစ်သလို - တစ်ခြား ပေါင်းတာထည့်တာလေးတွေလည်း အများအပြား လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ် -


တကယ်လို့ အမြန်ပြန်ပို့စာ ဆိုတဲ့ နေရာကနေ ရေးသားမယ် ဆိုရင်တော့ Text editors တွေ စုံစုံလင်လင် သုံးရမှာ မဟုတ်ပါဘူး - ဒီလိုနေရာက အချိန်မရတော့တဲ့ အခြေအနေ - ကြီးကြီးမားမား ဆွေးနွေးချက်မျိုး မဟုတ်ပဲ လိုတိုရှင်း ပြန်ကြားချက်တွေ ရေးသားဖို့ နေရာဖြစ်ပါတယ်။ တကယ်လို့ Quick Reply ကနေတဆင့် လိုတိုရှင်း ရေးနေရာကနေ ကိုယ်ရေးရမယ့် အကြောင်းအရာက များလာလို့ Text editors တွေ စုံစုံလင်လင်ရှိတဲ့ Post Reply ကိုပြန်ပြောင်းချင်တယ် ဆိုရင်လည်း အထက်မှာ ဖော်ပြထားတဲ့ အတိုင်း အကျယ်တဝင့်ရေးမည် ဆိုတဲ့ နေရာကနေ တဆင့် ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။


ပြန်စာရေးသားခြင်းနဲ့ ပတ်သတ်ပြီး ထိထိရောက်ရောက် အသုံးပြုနိုင်ကြပါစေ။


KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 24-03-2011 at 05:05 PM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 71 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
$ညိုမင်းလွင်$, ကိုခိုင်ကြီး, ကိုဂျိန်း, ကိုစံငြိမ်း, ချင်းလေး, ချစ်သမီး, ချမ်းမင်း၈၁, စွမ်းကမ္ဘာ, စွမ်းထက်မောင်, ဆိုင်နင်ဂျူး, တာတာ, တီဘွား, ဒဿဂီရိ, နီထွန်းဦး, မိုးတိန်, မိုးလွင်, ယုယု, ရဲရဲလေး, ဝင်းအောင်, သင်းသင်းဟန်, သန့်ဇင်ဌေး, သရက်သီး, ဟိန်းသက်အောင်, ဟိန်းဟိန်းမြတ်, ဦးလေးကြီး, ခေါက်ရောင်းသား, ဂေါ်ဖီထုတ်လေး, ဇော်ရဲပိုင်, နေမင်းမောင်, မေဦးမွန်, မောင်မဲညို, မောင်သံသရာ, မောင်ပေါ်ဦး, မောင်အောင်ဟိန်းအေး, ငြိမ်းချမ်း, မြင့်မိုရ်, amaung344, apri, AZM, bagothar85, bonge, futurestar, g00gle, gandamar, goldstar, Hlwamkoko, htun30, kaung kin lu, komyatthu, lu soe, ma mee, mgwinhlaing, MilkyWay, minlatt, minthike, minthumon, mjkomg012@gmail.com, pannuko, papaya, phoetharlay, PyaitSone, sawehlor, sweetylemon7, thetzin, thura.it, tu tu, Ye Aung, yelinoo, yemyatlin, zin min aung, zo