View Single Post
Old 22-03-2011, 09:01 PM
သန့်ဇင်ဌေး
အထူးအသင်းဝင်
 
သန့်ဇင်ဌေး's Avatar
 
အသင်းဝင်နေ့စွဲ: Oct 2009
တည်နေရာ: ချစ်သူရင်ခွင်
ရေးသားချက်များ: 538
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 3,650
ပို့စ် 479 ခုအတွက် 4,822 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
သန့်ဇင်ဌေး will become famous soon enough
quote နှင့် ပတ်သတ်ပီး....

ကျွန်တော် ဒီနေ့ ဖိုရမ်ပြင်ဆင်ရေး အပိုင်းလေးထဲ့မှာ လိုနေတာလေး တခုကို ကိုမြင့်မိုရ် ပြောလို့ သွားတွေ့မိတာလေး ရှိတယ် အဲ့တာနဲ့ပဲ့ ဒီပိုစ်ကို ရေးဖို့ ဆုံးဖြတ်လိုက်တာပါ။ တကယ်လည်း ဒီပိုစ်ကို နောက်ဖိုရမ်ဝင်တဲ့ လူငယ်တွေ မသိသေးသူတွေ အားလုံးကိုလည်း ဒီပိုစ်လေးကို ညွန်းပေးကြပါ ။ Quote လုပ်တဲ့ ကိစ္စလေးပါ ။ ကြီးကြပ်သူ အကိုအစ်မများအနေနဲ့ လိုက်ပီး ဖြေရှင်းပေးနေတာတွေ တော့ ရှိတယ် ဒါပေ့မယ် သိသင့်ရေးသင့်တယ် ထင်လို့ ကျွန်တော် ချရေးလိုက်တာပါ။
ပထမဆုံးတချက်ကတော့ ကျွန်တော်တို့ မိမိ လိုချင်တဲ့ ပိုစ် ညွှန်းချင်တဲ့ ပိုစ် ဒါမှမဟုတ် ကျွန်တော် တို့ ပြန်ညွှန်းလို့တဲ့ စာကြောင်းလေး တကြောင်းနှစ်ကြောင်း ရှိတာကို ပြန်ပြော ပြန်ဖော်ပြလိုတဲ့အခါမှာ ကျွန်တော်တို့ Quote ကို သုံးပီး ပြန်ညွှန်းကြပါတယ်။ နားရူပ်သွားမလား မျက်စိလည်သွားမလား မသိဘူး ကျွန်တော် ရှင်းအောင် အောက်မှာ ပုံတွေ နဲ့ ပြပါ့မယ်။
အရင်ဆုံး ကျွန်တော်တို့ အပေါ်မှာ ပိုစ့်တခု ရှိတယ် ဆိုပါစို့ . အဲ့ပိုစ်ထဲ့က မှ မိမိ နှစ်သက်တဲ့ စကားလုံး မိမိ လိုချင်တဲ့ စာအုပ်လင့်သော် လည်းကောင်း . အကုန်ပေါ့နော် .. အဲ့တာကို ကျွန်တော်တို့က( ဒီစကားလေးကို ကြိုက်မိပါတယ် )ဆိုတဲ့အကြောင်း (လင့်သေနေကြောင်းကို) ပြန်ညွန်းချင်ရင် Quote ကို အသုံးပြုပီးတော့ ပြန်တောင်းဆိုလို့ ရပါတယ်။ အဲလို တောင်းဆိုတဲ့နေရာမှာ ပိုစ်က တိုရင် ကိစ္စ မရှိပေ့မယ် ရှည်ရင် ကိစ္စ ရှိလာတာလေးကို အောက်က ပုံလေးကို ကြည့်လိုက်ပါ။ ပိုစ်တို့ တော့ ဘာမှ မဖြစ်ပါဘူး။
ပိုစ် ရှည်တွေထဲ့က ပြန်ညွှန်းပြန်ပြောချင်တဲ့ စကားလုံးလောက်ကို Quote ခံပီး မပြောတော့ပဲ့ တပိုစ်လုံးကိုပြန်ညွှန်းလိုက်တော့ ပိုစ်က အကြီးကြီး ဖြစ်သွားတယ် အဲ့ကြားတည်း ပုံလေးတွေ ပါ ပါလာရင် တော်တော် ကို ပိုစ်က ရှည်ပီး ပြန်ညွှန်းချင်တဲ့ စကားလုံး ပြန်ပြောချင်တဲ့ စကားလုံး မိမိ လိုချင်တဲ့ လင့် သေနေတာလေးတွေကို ရည်ညွှန်းရာ မရောက်တော့.. ပြန်ဖြည့်ပြောပေးဖို့ ကို ကြီးကြပ်သူ အကိုအစ်မများအနေနဲ့ လိုက်ပြင်ပေးရပါတယ်။ အောက်ကပုံလေးကိုကြည့်လိုက်ပါ ပိုစ်ရှည်တခုကို Quote လုပ်ပီး တပိုစ်လုံးကို ညွန်းမိတော့ ပိုစ်က အရှည်ကြီးဖြစ်နေတယ် ။ မိမိ ပြောလိုတဲ့ အဓိပ္ပါယ်ကို မရောက်တော့ဘူး ။

ဒီနေရာလေးမှာပြောချင်တာက ကျွန်တော်တို့ Quote လုပ်တယ် ဆိုတာက ပြန်ပီး ရည်ညွှန်းချက်တခုပါပဲ့ ။ အဲ့ရည်ညွန်းတဲ့နေရာမှာ လိုချင်တဲ့ စာသား မိမိ ညွန်းလို့တဲ့ နေရာလေးလောက်ပဲ့ ချန်ပီး ညွန်းပေးပါခင်ဗျာ။ အဲ့တာဆို ပိုစ်ကလည်း အဆင်ပြေပြေနဲ့ ပြန်ညှိနေစရာမလိုတော့သလို . အကို အစ်မတို့ ညွှန်းလိုတဲ့ စာသား နေရာကို လည်း တိတိ ကျကျ ထိရောက်အောင် ညွန်းနိင်လာမှာပါ။

နောက်တခုက မိမိ ရေးသားတဲ့ စာလေးတွေကို ရေးသားဖော်ပြရာမှာ ကျွန်တော်တို့ အကျယ်တ၀င့်ရေးမယ် ဆိုရင် ကျွန်တော်တို့ စာတွေ ညီအောင်လို့ ညာဘက် ထောင့်မှာ JUSTIFY ရှိပါတယ် . ညာဘက်ထောင်မှာ စာကြောင်းလေးတွေ ကို တပြေးညီ လုပ်ပြထားတဲ့ ပုံလေး နဲ့ ပါ စာတွေကို Select All လုပ်ပီးတော့ JUSTIFY လေးကိုနိပ်လိုက်ရင် မိမိ ရေးတဲ့ ပိုစ် စာလေးတွေ ညီသွားမှာဖြစ်ပါတယ် ဒါလေးက ကြူံလို့ ထည့်ပြောသွားတာပါ။


အကိုအစ်မ အားလုံး အဆင်ပြေချောမွေ့စွာနဲ့ ဘ၀ကို အောင်နိင်သူတွေ ဖြစ်ကြပါစေ.. လို ဆုတောင်းပေးလိုက်ပါတယ်။

ပရဟိတ စိတ် အပြည့်နဲ့ လူအများ အကူညီလိုအပ်မူတွေကို ကူညီကြပါစို့လား။

စိမ်းလန်းမြေ ပရဟိတ ဖိုရမ်

Thant Zin Htay

Last edited by သန့်ဇင်ဌေး; 22-03-2011 at 09:03 PM..
သန့်ဇင်ဌေး is offline   Reply With Quote
အောက်ပါအသင်းဝင် 28 ဦးတို့မှ သန့်ဇင်ဌေး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။