ဒီနေ့ ဒီပိုစ်ကို ရေးဖို့ အစီစဉ် မရှိပါဘူး ဘာကြောင့်ရေးဖြစ်တယ်ဆိုတာလေးကို နဲနဲ့ပြောပြချင်မိတယ်။ သူငယ်ချင်းတယောက်ရဲ့ ကောင်းကြိုးလေးလို့ ဆိုရမှာပေါ့ ဖိုရမ်မှာလည်းရေးထားတာလေးတွေ လည်းရှိပါတယ်။ ကျွန်တော်ရေးမှာနဲ့ ပတ်သတ်လို့၊ ခုနောက်ပိုင်း အဲ့ပိုစ်တွေကို မဖတ်မိဘူး ထင်တယ်ဗျ၊အဲ့တာနဲ့ပဲ့ ဒီပိုစ့်ကို တင်ဖို့ကို ကျွန်တော် အချိန်ပေးရေးဖို့ စဉ်းစားမိတာရယ် ကိုယ်တိုင်ဇောချွေးပြန်ခဲ့ရတာတွေ ကြောင့်လည်း ကျွန်တော် ရေးဖို့ အစီစဉ် ဆွဲခဲ့တာပါ ။ ကျွန်တော် တကယ်ပြောရမယ်ဆိုရင် ကျွန်တော့ တသက်လုံးမှာ ဒီဖေဖ၀ါရီ ၂၁ ရက်နေ့ကို မမေ့နိင်တော့တဲ့ နေများ အကြောင်းဆိုပီးတော့ တောင် ဆောင်းပါး တပုဒ်ရေးရမယ်ထင်တယ် ။ပျော်စရာလည်း အရမ်းကောင်းတယ် လေ။ ပျော်လွန်းလို့ ဇော်ချွေးတွေ တောင် အရည်ပျော်ကျရတဲ့ အဖြစ်မျိုး။ဘယ်သူကိုမှ ထိခိုက်ရေးနေတာမဟုတ်ပါဘူး ဒီပို့စ်ကိုတော့ မဖြစ်မနေ ဖတ်ဖို့ ဖိုရမ်ဝင်လာသူတိုင်းကိုတိုက်တွန်းပေးပါဦး အကို အစ်မများ။ ဒီလင့်လေးမှာလည်း သွားဖတ်ကြည့်ပေးပါ။
ကျွန်တော် ဖိုရမ် စ၀င်လာကတည်းက နည်းနည်း သတိထားမိပါတယ် ။ ပို့စ်တိုင်းကို မဖတ်မိတာကိုတော့ လက်ခံပါတယ် ဒါပေ့မယ် အကိုအစ်မတွေ ဖတ်သင့်တဲ့ မဖြစ်မနေ့ သိသင့်တာတွေကိုတော့ သိထားဖို့ လိုပါတယ် ။ ပီးတော့ အမေး တခု မေးချင်တယ်ဆိုရင် ဘယ်လိုမေးရမယ်ဆိုတာကို ကိုကေဇတ် ဒီလင့်မှာရေးပေးထားပါတယ်
ပီးရင် မဖြစ်မနေ ဖတ်သင့်တာ ဒီပိုစ်ပါ။
နားလည်အောင် ဖတ်ပါ ပီးရင် ဒီပိုစ်လေးကို ဆက်ဖတ်ပေးပါ ပျော်စရာလေးတွေ ရယ်မောစရာလေးတွေ တောင် ဖြစ်နေမယ်ထင်တယ် ဒီပို့စ်ဖတ်ရင်းနဲ့။ကျွန်တော် ဒီတွေ့ကြုံခဲ့ရတဲ့ ပြသနာလေးကတော့ ကွန်ပျုတာ စသုံးတဲ့လူတွေ အဖြစ်များတဲ့ ဖြစ်ရပ်လေး တခုပါ ဒါပေ့မယ် မေးတာထက် ကိုယ်ကိုတိုင်က ဘာမှ မသိလို့ ကျွန်တော်တို့ ဖြေလိုက်တဲ့ အဖြေကို ဘာမှ သိမှာ မဟုတ်ပါဘူး ကျွန်တော်တို့လည်း မြန်မာလို့ ရှင်အောင် နားလည်အောင် သေချာ ကိုပြောပြပါတယ် Eng လိုမပါအောင် အတက်နိင်ဆုံးပြောပြပါတယ် ။ဒါပေ့မယ် စာမေးတဲ့ လူက အမေး ပဲ့ ရှိတယ် အဖြေကို သိအောင်ပြောပြနေတာတောင် ဘယ်က စလုပ်ရမှန်းမသိတော့ခက်တယ်ဗျာ။ ဒီလိုဗျာ ကျွန်တော်တို့ window စတင်တင်ပီးပီးချင်းမှာ မြန်မာ လက်ကွက်ဖောင့်ကို မရဘူး အဲ့တာကြောင့်
Zawgyi ကို ကျွန်တော်တို့ ရမ်းကြတယ် ။ အဲ့တာက ပြသနာစတက်တာပဲ့ ရမ်းတက်တယ်။ မရှာတက်ဘူး ဒါကြောင့်
Hosting တခုခု မှာတင်ပေးထားတဲ့ လင့် တခုကိုပေးပီးဒေါင်းလုပ်ချခိုင်းတယ် ။ အဲ့တာကိုတော့ ဒေါင်းတက်ကြမယ်ထင်ပါတယ်။ မဒေါင်းတက်မှာ စိုးလို့ရယ် နောက်ထပ
် Error အများစုတွက်ရယ်ဆိုပီး ကျွန်တော် အပိုင်း ၄ ပိုင်းခွဲပီးတော့ ပြောပြမယ်လို့ စီစဉ်လိုက်မိတယ်။
zawgyi ကို ဖိုရမ်မှာ တော်တော် မျာများ တင်ပေးထားတာတွေ့ရပါတယ် ။ ( zawgyi ဆိုတာ ဥပမာ ပြောတာပါ) ဖိုရမ်ထဲ့ကို လည်း သေချာရှာစေချင်ပါသေးတယ် ။နောက်ထပ် ကတော့ ကျွန်တော်တို့ မေးချင်တဲ့ အကြောင်းအရာ တော်တော်များများက ဖိုရမ်မှာ တင်ထားပေးပီးသား ပြောပြထားပီးသားတွေ များပါတယ် ။
၁။ဒေါင်းလုပ်ချနည်းနဲ့ ZIP ,Rar, ဖြည်နည်း နှင့် HJ split ဖိုင်ကို ပေါင်းခြင်း
၂။ဖိုရမ်မှာ တက်နိင်ရင် တကန့်ချင်းဆီ ရှာခြင်း နှင့် အလွယ်ရှာယူခြင်း
၃။ မိမိ ကိုယ်တိုင် မမေးခင် အရင်နည်းနည်းလေ့လာကြည့်ခြင်း
၎။ ဖိုရမ်မှာ ပုံတင်ခြင်းနှင့် ပိုစ့်တင်ခြင်း
၁။ ဒေါင်းလုပ်ချနည်းနဲ့ ZIP ,Rar, ဖြည်နည်း နှင့် HJ split ဖိုင်ကို ပေါင်းခြင်း
ဒေါင်းတယ်ဆိုတာ ဘာမှ မခက်တဲ့အလုပ်ပါ.။ Free hosting မှာ တင်ထားတဲ့ ဖိုင်ကိုပဲ့ ကျွန်တော်တို့ ဒေါင်းခိုင်းကြတာများပါတယ်။ ကျွန်တော်တို့ အတင်အများဆုံး ဆိုဒ်တွေကတော့
အဲ့လင့်တွေကနေ တင်ပေးတာ များပါတယ် ဒီလင့်တွေမှာ ဆိုရင်
http://www.mediafire.com/ နှင့်
http://ifile.it/ နဲ့က ပြောစရာ မလို့ပါဘူး အပေါ်မှာလည်း ကိုကျောက်ဖြူ နဲ့ ကိုမျိုးမင်းဇော် Video ဖိုင်တွေ နဲ့ ပြသွားတာတွေ ရှိပါတယ်။ နိပ်လိုက်ရင် ဒေါင်းဖို့နေရာတွေ ကို တန်းတွေ ပါတယ် ။ တခြား Hosting ဆိုဒ်တွေ ကျတော့် တလင့်တည်းကို နိပ်လိုက်ရင် ဘာသွားတွေ့လည်းဆိုတော့( ဥပမာ
http://up4vn.com/ လို လင့်မျို့း )ဘာဖြစ်လာလည်းဆိုတော့ တလင့်ပေးလိုက်ပေ့မယ် ဒေါင်းလုပ်ချခွင့်ပေးတဲ့နေရာက ၄ နေရာလောက်က ဖြစ်သွားတော့ ၄ နေရာလုံးက ဒေါင်းလုပ်ချရမှာလား ပြန်မေး? ………..အဖြေက NO ပါ တနေရာ တလင့်လင့်က ဒေါင်းရင် ရပါပီ ဥပမာ ပုံကိုကြည့်ပါ
တနေရာကဆိုရပါပီ ကဲ့ဟုတ်ပီ ဒီတနေရာက ဒေါင်းလို့ ဖိုင်ကို ရသွားပီ ကျွန်တော်တို့က
Zip ဒါမှ မဟုတ်
rar နဲ့ ချုပ်ထားတယ် ။အဲ့တာကို rar ပြန်ဖြည့်ပေးမှ ကျွန်တော်တို့ လိုချင်တဲ့ဖိုင်ကို ဖိုရာနဲ့ ရပါမယ်။အဲ့တာမှ အဆင်ပြေပါမယ် ။
Winrar ရှိဖို့ လိုလာပီ ပြန်ဖြည်ပေးဖို့တွက် ဒါဆို ဒီနေရာမှာ ကိုကေဇတ်တင်ပေးထားပါတယ်
Fullversion သွားယူလည်း ရပါတယ်
အဲ့လိုမှ မလုပ်ချင်ဘူး ဆိုလည်း
http://ninite.com/ တို့
http://www.filehippo.com/ တို့မှာ သွားဒေါင်းပီးရမ်းလည်းရပါတယ်။ ဖိုင်ဖြည်ပါဆိုတော့ ဘယ်လိုဖြည်ရမလည်း ဆိုတော့ ဒေါင်းလုပ်ချလို ရလာတဲ့ ဖိုင်ကို
Right click ထောက် ပီးတော့
Extract here ပေါ့ အဲ့လို လုပ်လိုက်ယုံလေးပါ။ အောက်ကပုံကို ကြည့်ရင်သိမယ် မြင်မယ် ထင်ပါတယ်။ Right click ဆိုတာ ညာကလစ်လားလို့တော့ မမေးပါနဲ့တော့လား :P ပီးတော့
Extract here ကိုတော့ တွေ့ကောင်းပါရဲ့ ။ဒီအောက်က ပုံလေးက တော့
winrar ရမ်းပီးရင် ပေါ်နေမယ် ပုံစံလေးပါ rar ဖိုင်ပဲ့ ဖြစ်ဖြစ် zip ဖိုင်ပဲ့ ဖြစ်ဖြစ် အဲ့လို ပေါ်နေမှာ ပါ။ အပေါ်မှာ
Video နဲ့ ပြထားတာတွေ ရှိပါတယ် တချို့ မြန်မာ က လူတွေ ကြည့်လို့ မရရင် ဒေါင်းပီးကြည့်ဖို့ နေရာလေးတွေ ပါပေးထားပါတယ် ခုတော့ ကျွန်တော်က ပုံလေး နဲ့ ပြပါမယ်။
HJ Split နဲ့ ပြန်ဆက်တာလည်း သဘောတရားက တူတူပါပဲ့ ဖိုရမ်က ဒီနေရာမှာလည်း ရေးပေးထားတာ ရှိပါတယ် ဒါလေးကိုတော့ ကြုံလို့ တခါတည်း ထည့်ပြောသွားလိုက်တာပါ ။ ဘာမှ မခက်ပါဘူး ဒီလင့်လေးကို သွားကြည့်လိုက်ယုံပါပဲ့  ။
အရမ်းမခက်တဲ့ အရာတွေ မလို့ ဆက်မရေးပေးလိုက်တော့ပါဘူး ။ပုံတွေ နဲ့ ပြထားပီးသားတွေ မလို့ မရေးပေးလိုက်တော့ပါဘူး ။
ဖိုရမ်မိသားစု အားလုံး ကျန်းမာ ချမ်းသာ ကြပါစေဗျာ...