View Single Post
Old 16-02-2011, 03:23 PM
  post #5
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,374 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
အကြောင်းအရာသစ်တစ်ခု စတင်ခြင်း

မြန်မာမိသားစုဖိုရမ်ရဲ့ မိသားစုဝင်များအနေနဲ့ အကြောင်းအရာသစ်တစ်ခု စတင်မရေးသားခင်မှာ အရင်ဦးဆုံး မဖြစ်မနေ လေ့လာထားသင့်တဲ့ နေရာလေးနေရာရှိပါတယ် - အဲ့နေရာတွေကတော့ -

ဆိုတဲ့ နေရာတွေ ဖြစ်ပါတယ် - အဲ့ဒီ့ အကြောင်းအရာတွေမှာ မည်သည့်နေရာမှ စတင်လေ့လာရမည်နည်း။ ဆိုတဲ့ ခေါင်းစဉ်ကို ဖတ်ရှု့ထားခြင်းအားဖြင့် မြန်မာမိသားစုဖိုရမ်ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို မိသားစုဝင်အသစ်များအတွက် အလွယ်တကူ နားလည်နိုင်ပြီး မိမိအနေနဲ့ ဘယ်ကဏ္ဍရဲ့ အောက်မှာ ကိုယ်သိနားလည်ချင်/သိနားလည်ထားတာနဲ့ ပတ်သတ်ပြီး အကြောင်းအရာသစ်တစ်ခု ဖော်ပြဆွေးနွေးနိုင်မလဲဆိုတာ အလွယ်တကူ ဆုံးဖြတ်နိုင်ပါလိမ့်မယ်။ ဒါ့အပြင် အကြောင်းအရာသစ်တစ်ခု ရေးသားရာတွင် မည်သည့်အချက်များ လိုက်နာရမည်နည်း။ ဆိုတဲ့ ခေါင်းစဉ်ကို ဖတ်ရှု့ထားခြင်းအားဖြင့် အကြောင်းအရာသစ်တစ်ခု မရေးသားခင်မှာ ဘာတွေ သိနားလည်ထားဖို့လိုသလဲ ဆိုတာ နားလည်ပါလိမ့်မယ် - မျှဝေသူတစ်ယောက် သိရှိထားရမည့် အချက်များမှာ အဘယ်နည်း။ နဲ့ မျှဝေသူများတွင် ပြည့်စုံရမည့် အချက်များမှာ အဘယ်နည်း။ ခေါင်းစဉ်တွေကို ဖတ်ရှု့ထားခြင်းအားဖြင့် မျှဝေဆွေးနွေးသူ တစ်ယောက်အနေနဲ့ ဘယ်လိုအကြောင်းအရာတွေ သိနားလည်ထားဖို့ လိုမလဲ၊ မျှဝေသူတစ်ယောက် ပြည့်စုံသင့်တဲ့ ဆောင်ရန် ရှောင်ရန် အချက်တွေက ဘာတွေလဲ၊ ပြည့်ဝမှန်ကန်တဲ့ ဆွေးနွေးချက် တစ်ခုဖြစ်အောင် ဘယ်အချက်တွေပေါ်မှာ အခြေခံရမလဲ ဆိုတာ နားလည်နိုင်ပါလိမ့်မယ်။

အားလုံးကို သိရှိနားလည်ခဲ့ပြီ ဆိုရင်တော့ မိမိရေးသားလိုတဲ့ Thread အသစ်တစ်ခု စတင်ရေးသားဖို့ အချိန်တန်ပါပြီ - မြန်မာမိသားစုဖိုရမ်စာမျက်နှာ ကို သွားပြီး ကဏ္ဍအသီးသီးအောက်က မိမိပါဝင်ရေးသားမျှဝေလိုတဲ့ ဖိုရမ်ခွဲ အသီးသီးအောက်ကို ဝင်ရောက်လိုက်ပါ - ဥပမာ မိသားစုဝင်အသစ်များ တစ်ခုခု အကူအညီတောင်းချင်ကြပြီ ဆိုပါစို့ - ဒီလိုဆို အကူအညီယူရင်းအကြံပြုကြမယ် ဆိုတဲ့ ကဏ္ဍကြီးရဲ့အာက်က ဖိုရမ်နဲ့သက်ဆိုင်နေမယ့် အခက်အခဲများကို အကူအညီတောင်းခံနိုင်ဖို့ ဖိုရမ်မှအခက်အခဲများ ဆိုတဲ့ကဏ္ဍခွဲအောက်ကို ဖြစ်စေ - ကွန်ပြူတာအခက်အခဲ အသီးသီးကို အကူအညီတောင်းခံနိုင်ဖို့ အတွက် အခြားအခက်အခဲများ ဆိုတဲ့ ကဏ္ဍခွဲအောက်ကို ဖြစ်စေ ဝင်လိုက်ပါ - အဲ့လို ခေါင်းစဉ်ခွဲတွေရဲ့ အောက်ကို ဝင်လိုက်တာနဲ့ အကြောင်းအရာ အားလုံးရဲ့ ဘယ်ဘက်ထိပ်ဆုံးမှာ အောက်ဖော်ပြပါအတိုင်း New Thread ဆိုတာ တွေ့ပါလိမ့်မယ် -


အဲတာလေးကို Click ပေးပြီး မိမိရေးသားမိတ်ဆက်လိုတဲ့ အကြောင်းအရာသစ်တစ်ခုကို စတင်ရေးသားနိုင်ပါပြီ - အကြောင်းအရာသစ်ကို ဒီနေရာတစ်ခုတည်းက ရေးသားနိုင်တာ မဟုတ်ပါဘူး - ဥပမာ အကူအညီယူရင်းအကြံပြုကြမယ် ဆိုတဲ့ ကဏ္ဍကြီးရဲ့အာက်က ဖိုရမ်နဲ့သက်ဆိုင်နေမယ့် အခက်အခဲများကို အကူအညီတောင်းခံနိုင်ဖို့ ဖိုရမ်မှအခက်အခဲများ ဆိုတဲ့ကဏ္ဍခွဲအောက်ကို ဖြစ်စေ - ကွန်ပြူတာအခက်အခဲ အသီးသီးကို အကူအညီတောင်းခံနိုင်ဖို့ အတွက် အခြားအခက်အခဲများ ဆိုတဲ့ ကဏ္ဍခွဲအောက်ကို ဖြစ်စေ ဝင်လိုက်တာနဲ့ အကြောင်းအရာ အားလုံးရဲ့ ဘယ်ဘက်အောက်ဆုံးနားက အောက်ဖော်ပြပါ New Thread ဆိုတဲ့ button ကို Click ပေးပြီးတော့လည်း အကြောင်းအရာသစ်တစ်ခုကို စတင်ရေးသားနိုင်ပါတယ် -


တစ်ခြားကဏ္ဍခွဲတွေမှာလည်း ဒီသဘောပါပဲ -

Quote:
!!မှတ်ချက် >> တစ်ချို့ ကဏ္ဍခွဲတွေမှာ ( ဥပမာ - မိသားစုဝင်တို့အတွက် ဆိုတဲ့ ကဏ္ဍကြီးအောက်က ကိုယ့်ကိုယ့်ကိုယ် အရင်ဦးဆုံး မိတ်ဆက်ပေးမယ့် ကျွန်တော်သည် ဆိုတဲ့ ကဏ္ဍခွဲနဲ့ ကျွန်မသည် ဆိုတဲ့ ကဏ္ဍခွဲတွေမှာဆိုရင် အခြေခံသဘောတရား ဖော်ပြချက် တူညီမယ့် အကြောင်းအရာတွေ ဆင့်ကဲဆင့်ကဲ ရေးသားနေမှာမျိုးဖြစ်လို့ Thread မဖောင်းပွရအောင် မိတ်ဆက်ပါရစေ ဆိုတဲ့ Thread တစ်ခုတည်းအောက်မှာ Reply လုပ်ပြီး ရေးသားခိုင်းထားတာမျိုး ရှိပါတယ် - လုပ်ဆောင်ပုံချင်း တူတူပါပဲ )
မိသားစုဝင်များ ပျော်ရွှင်စွာ ရေးသားမျှဝေနိုင်ကြပါစေ -


မြန်မာမိသားစု။

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 17-02-2011 at 02:51 AM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 86 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
$ညိုမင်းလွင်$, ကိုကိုပိုင်, ကိုခိုင်ကြီး, ကိုဂျိန်း, ကိုပျင်း, ကိုဦး, ချင်းလေး, ချစ်သမီး, ချမ်းမင်း၈၁, ချမ်းမြေ့ ကျော်, ငါပီ၇ည်, စစ်တွေသားချေ, စိုးလင်းဇော်, စွမ်းကမ္ဘာ, ဆန်းမောင်, ဆလိုင်းသန့်ဇော်ဝင်း, တာတာ, တီဘွား, ဒီဝန်းအိမ်, ဒဿဂီရိ, နီထွန်းဦး, ဖိုးတာတေ, မီးအိမ်ငယ်, မိုးတိန်, ယုယု, ယွန်းယွန်း, ရဲရဲလေး, လွမ်းဧကရီ, ဝင်းအောင်, သင်းသင်းဟန်, သန့်ဇင်ဌေး, သားညို, ဟိန်းသက်အောင်, ဦးလေးကြီး, ခေါက်ရောင်းသား, ဂေါ်ဖီထုတ်လေး, ဇော်ရဲပိုင်, နေမင်းမောင်, မောင်မဲညို, မောင်သံသရာ, မောင်ပေါ်ဦး, မောင်အောင်ဟိန်းအေး, မွေဖု, ရွှေနေလ, အောင်လံလေး, ငြိမ်းချမ်း, မြင့်မိုရ်, မြန်အောင်သား, amaung344, apri, arkaraung, Aye Chan Thu, AZM, bonge, g00gle, goldstar, Hlwamkoko, Htet Arcar, htoo war, htun30, kaung kin lu, ko lin, kyaukphyu, kyawminkhoung, kyawsoemoe, lu soe, mgwinhlaing, minthike, minthumon, moe san dar, nyeinsaeya86, Nyi Nyi Zaw, phoetharlay, PyaitSone, sAnDViper, sawjonnie, sinpauk, thamadi, thetzin, tu tu, warior, Ye Aung, yelinoo, yemyatlin, zin min aung, zo