View Single Post
Old 15-02-2011, 01:47 AM
  post #4
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,388 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
Password မေ့လျှင် မည်သို့ လုပ်ဆောင်ရမည်နည်း။

မင်္ဂလာပါ ခင်ဗျာ -
ကျွန်တော်တို့ မြန်မာမိသားစု ဖိုရမ်ကို အရင်တစ်ချိန်က အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိလာခဲ့ကြပြီး အကြောင်းအမျိုးမျိုးနဲ့ ထပ်မံ ရောက်ရှိလာနိုင်ဖို့ ခက်ခဲနေကြသူများ အတွက် အကြောင်းခြင်းရာ တစ်စုံတစ်ရာ ထူးခြားမှုကြောင့် ကျွန်တော်တို့ဖိုရမ်ကနေပြီး အသိပေးစာ ပို့လွှတ် ဖိတ်ကြားခဲ့ရာမှာ မိသားစုဝင်ဟောင်းများ အနေနဲ့ မြန်မာမိသားစုဖိုရမ်မှာ တစ်ချိန်က မိမိ ပြုလုပ်ခဲ့ပြီးတဲ့ Username နဲ့ Password ကို မှတ်မိ မသိရှိနိုင်ကြပဲ - အခက်အခဲ တစ်ချို့ ရင်ဆိုင်ကြရတယ်လို့ ကျွန်တော်တို့ သိရှိရပါတယ်။

အဲ့လို အခက်အခဲမျိုး ကြုံတွေ့နေရသူ မိသားစုဝင်ဟောင်းများအတွက် Account အသစ်တစ်ခု ထပ်မံ လုပ်ဆောင်စရာ မလိုပဲ အရင်တစ်ချိန်က မိမိတို့ ပိုင်ဆိုင်ခဲ့တဲ့ Account ကိုပဲ ပြန်လည် ရယူသုံးစွဲနိုင်အောင် လုပ်ဆောင်ပုံ အဆင့်ဆင့်ကို ကျွန်တော်တို့ မြန်မာမိသားစု ဖိုရမ်ကနေ ပူးတွဲ ဖော်ပြပေးလိုက်ပါတယ်။

ဆိုကြပါစို့ ကျွန်တော်တို့တွေ ကိုယ့် Username နဲ့ Password ကို တစ်ခု မှတ်မိပြီး တစ်ခု မမှတ်မိသည် ဖြစ်စေ - နှစ်ခုစလုံးပဲ မမှတ်မိသည် ဖြစ်စေ - အောက်မှာ ဖော်ပြထားတဲ့ အတိုင်း - ပက်စ်ဝဒ်မေ့နေရင် ဆိုတဲ့ နေရာကို Click ပေးလိုက်ပါ။




နာက်တစ်ဆင့် အနေနဲ့ ရောက်ရှိလာတဲ့ အောက်ဖော်ပြပါနေရာမှာ ကိုယ် တစ်ချိန် မြန်မာမိသားစု ဖိုရမ်မှာ Account ဖန်တီးခဲ့စဉ်က Activate လုပ်ဖို့ သုံးခဲ့တဲ့ Email ကိုပြန်လည်ဖော်ပြထည့်သွင်းပေးပြီး အသင်းဝင်အမည် / စကားဝှက်အား ပြန်လိုချင်သည်ဆိုတာကို Click ပေးပေးပါ။




အထက်ဖော်ပြပါအတိုင်း လုပ်ဆောင်လိုက်မယ် ဆိုရင် အောက်ဖော်ပြပါအတိုင်း ကျွန်တော်တို့ Account ဖန်တီးခဲ့စဉ်က Activate လုပ်ဖို့ သုံးခဲ့တဲ့ Email ရှိရာဆီ Login details Email တစ်စောင် ပြန်လည် ဝင်ရောက်လာပါလိမ့်မယ်။



နောက်တစ်ဆင့် အနေနဲ့ ကျွန်တော်တို့ Mail ကို အောက်ဖော်ပြပါအတိုင်း ဝင်ကြည့်လိုက်ပါမယ်။ ပထမဆုံးအကြိမ် ဝင်လာတဲ့ Mail မှာ ဖော်ပြပါအတိုင်း Username ကို စတင်သိရပါလိမ့်မယ်။ ဒီနေရာမှာ ကျွန်တော်တို့ မေ့လျော့သူ အမျိုးအစား နှစ်မျိုး အတွက် ပြင်ဆင်ပေးထားပါတယ်။ လူတစ်ချို့က ကိုယ့် Username ကို သိတာနဲ့ Password ကို ပြန်မှတ်မိတတ်ပါတယ်။ အဲလို Username ကို သိတာနဲ့ Password ပြန်မှတ်မိသူ အတွက်တော့ ဒီနေရာမှာပဲ ကိစ္စပြီးပါပြီ။ အခု ပြန်ရတဲ့ Username ကို သုံးပြီး ကိုယ် မှတ်မိတဲ့ Password နဲ့ ဖိုရမ်ထဲကို ဝင်ရောက်ယုံပါပဲ။ ဒါပေမယ့် တစ်ချို့ Username ရော Password ပါ နှစ်ခုလုံး မမှတ်မိသူများ အတွက် လတ်တလော အခြေအနေမှာ အောက်ဖော်ပြပါအတိုင်း မိမိ Username ကို သိပေမယ့် Password မသိသေးတဲ့ အတွက်ကြောင့် အရင်က ကိုယ် ဖန်တီးထားခဲ့တဲ့ Password ကို Reset ပြန်ချဖို့ လိုပါသေးတယ်။ အဲ့အတွက် Password ကိုပါ မမှတ်မိသူများ အောက်ဖော်ပြပါအတိုင်း Password - Reset ချရမယ့် Link ကို ဆက်ပြီး Click ပေးပေးပါ။



အဲလို လုပ်ဆောင်လိုက်တဲ့ နောက်မှာ အောက်ဖော်ပြပါအတိုင်း ကိုယ်မမှတ်မိတဲ့ Password ကို ဦးနှောက်အခြောက်ခံ စဉ်းစားဖို့ မလိုပဲ - Auto Generate လုပ်ထားတဲ့ Password အသစ်တစ်ခု ကျွန်တော်တို့ဆီ နောက်ထပ် Mail တစ်စောင်အနေနဲ့ ထပ်မံပို့လွှတ်ပေးလိုက်ပြီ ဆိုတဲ့အကြောင်း တွေ့ရပါလိမ့်မယ်။




အောက်ဖော်ပြပါအတိုင်း Inbox ကို နောက်တစ်ကြိမ် စစ်ဆေးကြည့်လိုက်ပါ။ နောက်ထပ် Mail တစ်စောင် ရောက်နေတာ တွေ့ရပါလိမ့်မယ်။



ဖော်ပြပါ Mail ကို ဖွင့်လိုက်တဲ့ အချိန်မှာ အောက်ဖော်ပြပါအတိုင်း ကိုယ့်ရဲ့ Username နဲ့ တွဲလျှက် Password အသစ်တစ်ခုကို ပါ ပူးတွဲတွေ့ရှိရပါလိမ့်မယ်။ Auto Generate လုပ်ထားတဲ့ Password အသစ်ဟာ ကျွန်တော်တို့ စိတ်တိုင်းကျ မဖြစ်တာ - မှတ်မိလွယ်ဖို့ ခက်ခဲတာမျိုး ရှိကောင်း ရှိနိုင်ပါလိမ့်မယ်။ ဒါကြောင့် ပူးတွဲဖော်ပြပါဝင်လာတဲ့ Password အသစ်ကို မိမိစိတ်ကြိုက် မှတ်မိသိရှိလွယ်တဲ့ Password တစ်ခု အဖြစ် ပြင်ဆင်နိုင်ဖို့ အောက်ဖော်ပြပါ Username နဲ့ Password ကို မှတ်သားပြီး ဆက်စပ်ဖော်ပြပါ Link ကို သွားလိုက်ပါ။



အောက်ဖော်ပြပါ နေရာကို တွေ့ခဲ့ရင် ကိုယ့် Mail ထဲက Username နဲ့ Password ကို Copy / Paste လုပ်ပြီး ဝင်လိုက်ပါ။




ဒီလိုဆို အောက်ဖော်ပြပါ စာမျက်နှာကိုတွေ့ရှိပါလိမ့်မယ်။ ဖော်ပြပါ ထိပ်ဆုံးကွက်လပ် နေရာမှာ Mail ထဲကို ရောက်လာတဲ့ Password ကို ဖြည့်သွင်းပေးပြီး နောက်ကွက်လပ်များမှာ ဖိုရမ်ကို မိမိ ဝင်ရောက်ခဲ့ရင် မှတ်မိလွယ်တဲ့ Password မျိုး ဖြစ်စေမယ့် မိမိစိတ်တိုင်းကျ စကားဝှက် အသစ်တစ်ခုကို နှစ်ကြိမ် ဖြည့်သွင်းပေးလိုက်ပါ။ အားလုံး ပြင်ဆင် ပြီးသွားခဲ့ရင် ပြင်တာတွေ သိမ်းမယ်ကို Click ပေးပါ။




ဒီလိုဆိုရင် ကျွန်တော်တို့ မြန်မာမိသားစုဖိုရမ်မှာ တစ်ချိန်က မိမိ ပြုလုပ်ခဲ့ပြီး - ယခုအချိန်မှာ Username နဲ့ Password ကို မှတ်မိ မသိရှိနိုင်ကြပဲ - အခက်အခဲ တစ်ချို့ ရင်ဆိုင်နေကြရသူ မိသားစုဝင်များ အတွက် အထက်ဖော်ပြပါ လုပ်ဆောင်နည်း အဆင့်ဆင့်ကနေ ပြေလည်အောင် ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။


မြန်မာမိသားစု။


က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by tu tu; 30-08-2012 at 06:32 PM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 82 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
$ညိုမင်းလွင်$, ကိုဂျိန်း, ကိုပျင်း, ကိုဦး, ချင်းလေး, ချစ်သမီး, ချမ်းမင်း၈၁, ချမ်းမြေ့ ကျော်, ချယ်ရီမင်း, ငါပီ၇ည်, စစ်တွေသားချေ, စွမ်းကမ္ဘာ, ဆန်းမောင်, ဆိုင်နင်ဂျူး, တီဘွား, ဒီဝန်းအိမ်, ဒဿဂီရိ, ဖိုးတာတေ, မီးအိမ်ငယ်, မိုးတိန်, ယုယု, ယွန်းယွန်း, ရဲရဲလေး, ဝင်းအောင်, သင်းသင်းဟန်, သန့်ဇင်ဌေး, အသဲကွဲသမားလေးရင်ခွင်သစ်, ခေါက်ရောင်းသား, ဂေါ်ဖီထုတ်လေး, စောငယ်, ဇော်ရဲပိုင်, ဌေးဝင်း, နေမင်းမောင်, မေထူးမောင်, မောင်ရှိန်း, မောင်သံသရာ, မောင်ပေါ်ဦး, မောင်အောင်ဟိန်းအေး, ရွှေနေလ, အောင်ထွန်းလင်3း, ငြိမ်းချမ်း, မြင့်မိုရ်, ကြယ်စင်စိုး, amaung344, apri, arkaraung, aungphyo, Aye Chan Thu, AZM, bonge, chittharlay, g00gle, goldstar, htoo war, htun30, kaung kin lu, ko myo, kyaukphyu, kyawminkhoung, kyawswarl, laylwintthu2599, lu soe, mgwinhlaing, minthike, minthumon, moe san dar, nweni1972, Nyein Chan Thu 123, pannuko, phoetharlay, PyaitSone, sAnDViper, sawjonnie, sweetylemon7, thetzin, thura.it, tu tu, yawnathan, Ye Aung, yelinoo, zin min aung, zo