View Single Post
Old 14-02-2011, 08:19 PM
  post #2
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,384 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
မည်သည့်နေရာမှ စတင်လေ့လာရမည်နည်း။

မြန်မာမိသားစုဖိုရမ်ကို ရောက်ရှိလာတဲ့ မိသားစုဝင်များအဖို့ ဘယ်နေရာကနေ စတင်လေ့လာရမလဲ ဆိုတာကို မလေ့လာခင်မှာ မြန်မာမိသားစုဖိုရမ်ကို ဘယ်ကဏ္ဍတွေနဲ့ ဖွဲ့စည်းတည်ထောင်ထားသလဲ ဆိုတာ အဦးဆုံး သိရှိထားဖို့ လိုအပ်ပါတယ်။

မြန်မာမိသားစုဖိုရမ်ကို ကဏ္ဍကြီးပေါင်း ( ၁၄ ) ခုနဲ့ ဖွဲ့စည်းတည်ဆောက်ထားပြီး ၎င်းတို့ရဲ့ အောက်မှာ သက်ဆိုင်ရာကဏ္ဍတိုင်းအတွက် ဖိုရမ်ခွဲများ သီးသန့် ဖွဲ့စည်းထားရှိပါတယ်။ မြန်မာမိသားစုဖိုရမ်မှာ တွေ့ရှိရမယ့် ကဏ္ဍကြီး ( ၁၄ ) ခုကတော့ အောက်ဖော်ပြပါအတိုင်းပါ -
  • ကြေညာချက်များကဏ္ဍ ( ဒီကဏ္ဍဟာ မိသားစုဝင် အသစ်များအတွက် သိရှိထားရမယ့် စည်းကမ်းချက်၊ အသိပေးချက်များ၊ မသိမဖြစ်သိထားရမယ့် အချက်များကို ရေးသားဖော်ပြထားမယ့် နေရာဖြစ်ပါတယ်။ )
  • မိသားစုဝင်တို့အတွက်ကဏ္ဍ ( ဒီကဏ္ဍဟာ ဖိုရမ်ရဲ့ မိသားစုဝင်အသစ်နဲ့ မိသားစုဝင် အဟောင်းများကို ခဏတာအတွင်း ရင်းနှီးကျွမ်းဝင်မှု ရှိသွားနိုင်အောင် မိမိကိုယ်ကိုယ် မိက်ဆက်စကား ပြောကြားပေးဖို့နဲ့ ဖိုရမ်က မိမိရဲ့ ခင်မင်ရင်းနှီးသူများ အချင်းချင်း မွေးနေ့မင်္ဂလာ တောင်းဆုပြုပေးနိုင်မယ့် နေရာဖြစ်ပါတယ်။ )
  • ကွန်ပျူတာနယ်ပယ်ကဏ္ဍ ( ဒီကဏ္ဍကတော့ ကွန်ပြူတာနဲ့ ပတ်သတ်တဲ့ Applications တွေ၊ E-Books နဲ့ Tutorials တွေ၊ အသုံးပြုလို့ သင့်တော်မယ့် Operating Systems တွေ၊ Linux နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ၊ Hardware တွေအကြောင်း၊ Software တွေအကြောင်း၊ Network တွေအကြောင်း၊ Windows နှင့်သက်ဆိုင်တဲ့ ဆွေးနွေးချက်များနဲ့၊ ကွန်ပျူတာဆိုင်ရာ ဗဟုသုတ ဖြစ်ဖွယ်များ၊ Web Development နဲ့ Programming Languages ဆိုင်ရာများကို လေ့လာရေးသား နိုင်မယ့် နေရာဖြစ်ပါတယ်။ )
  • ဆေးပညာနှင့်အင်ဂျင်နီယာကဏ္ဍ ( ဒီကဏ္ဍမှာတော့ ကျန်းမာရေးကဏ္ဍ၊ အင်ဂျင်နီယာနည်းပညာနဲ့ သက်ဆိုင်တဲ့ ဆွေးနွေးချက်များ၊ လေ့လာစရာများ၊ စာအုပ်စာတမ်းများကို ရယူဝေမျှနိုင်မယ့် နေရာဖြစ်ပါတယ်။ )
  • Mobile Fields ကဏ္ဍ ( ဒီကဏ္ဍကတော့ ကိုယ်လိုချင်တဲ့ Mobiles Theme တွေ၊ Mobile Softwares တွေ၊ Mobile Games တွေ၊ Ringtones and Wallpapers တွေနဲ့ တစ်ခြား Mobile Phone များနဲ့ ပတ်သက်တဲ့ စာအုပ်စာတမ်း ဆွေးနွေးချက်များကို ဖတ်ရှုလေ့လာ မျှဝေနိုင်မယ့် နေရာဖြစ်ပါတယ်။ )
  • လူငယ်သဘာဝဂိမ်းလောကကဏ္ဍ ( ဒီနေရာကတော့ Games ဝါသနာပါသူ Gamers များအတွက် လိုချင်တဲ့ ကွန်ပျူတာဂိမ်းတွေ ရယူနိုင်ဖို့နဲ့ မိမိတို့ ဝါသနာပါရာ ကွန်ပျူတာဂိမ်းတွေအကြောင်း ဆွေးနွေးနိုင်ကြဖို့ ဖြစ်ပါတယ်။ )
  • မြန်မာမိသားစုစာအုပ်စင် ( ဒီကဏ္ဍမှာတော့ မြန်မာမိသားစု အသင်းဝင်များကိုယ်တိုင် အပင်ပန်းခံ ရိုက်တင်မျှဝေပေးနေတဲ့ သုတရသ စာအုပ်ကောင်းတွေ၊ ဝတ္ထုတိုနဲ့ ဆောင်းပါး၊ ဝတ္ထုရှည်များ၊ ကာတွန်းနဲ့ ဟာသ၊ ကဗျာနဲ့ ဂျာနယ်မဂ္ဂဇင်းများကို ရယူမျှဝေနိုင်မယ့် နေရာဖြစ်ပါတယ်။ )
  • ရုပ်ရှင်နှင့်ဂီတကဏ္ဍ ( ဒီကဏ္ဍမှာတော့ အင်တာနက်ကနေ တိုက်ရိုက်ကြည့်ရှုလို့ ရမယ့် ရုပ်ရှင်တွေ၊ နောက်ဆုံးထွက် မြန်မာရုပ်ရှင် ၊ နိုင်ငံခြားရုပ်ရှင်၊ မြန်မာသီချင်း ၊ နိုင်ငံခြားသီချင်းများကို ဒေါင်းလုပ် ရယူနိုင်ဖို့နဲ့ ရုပ်ရှင် - ဂီတ လောကနဲ့ ပတ်သတ်တာတွေကို ဆွေးနွေးပြောကြားနိုင်မယ့် နေရာဖြစ်ပါတယ်။ )
  • ဆွေးနွေးကြမယ်ကဏ္ဍ ( ဒီကဏ္ဍမှာတော့ နိုင်ငံခြားရောက် မြန်မာလူငယ်များ အမိမြန်မာနိုင်ငံကို လွမ်းဆွတ်ချိန်မှာ ခံစားချက်လေးတွေ ရေးသားနိုင်ဖို့၊ ဘာသာ ၊ သာသနာနဲ့ ပတ်သတ်တာတွေ မျှဝေနိုင်ဖို့၊ မိမိတို့ရင်ဆိုင်ဖြတ်သန်းခဲ့ရသော ဘ၀အတွေ့အကြုံ လေးတွေ ဖလှယ်နိုင်ဖို့၊ ဘ၀မှာတွေ့ကြုံရတဲ့ အခက်အခဲတွေ ၊ စိတ်ပင်ပန်းဖိစီးမှုတွေ ပြောပြရင်ဖွင့်နိုင်ဖို့၊ တစ်ခြားသူတွေကလည်း စိတ်ညစ်နေသူကို အားပေးကူညီနိုင်ဖို့ ၊ အတိအကျ ခေါင်းစဉ်တပ်မရတဲ့ ဆွေးနွေးချက်တွေ ရေးသားနိုင်ဖို့ ကဏ္ဍဖြစ်ပါတယ်။ )
  • သုတပဒေသာကဏ္ဍ ( ဒီကဏ္ဍမှာတော့ အသင်းဝင်တွေရဲ့ ကိုယ်ပိုင်ခံစားချက် ကဗျာ ၊ ဆောင်းပါး ၊ ၀တ္ထု ဘာသာပြန် တွေ ဝင်ရောက်ရေးသားနိုင်သလို၊ အခြား သိမှတ်ဖွယ်ရာတွေ၊ ဂီတအခြေခံနှင့် အင်္ဂလိပ်စာနဲ့ ပတ်သတ်တဲ့ ဆောင်းပါးတွေ ၊ မြန်မာမိသားစုဂျာနယ် ထုတ်ဝေရေးကိစ္စနဲ့ ပတ်သတ်တဲ့ အကြောင်းအရာများကို ရေးသား မျှဝေနိုင်မယ့် နေရာဖြစ်ပါတယ်။ )
  • ဖက်ရှင်ကျကျ အလှအပကဏ္ဍ ( ဒီကဏ္ဍမှာတော့ မြန်မာယောကျာင်္းလေး လူငယ်များ မြန်မာမှာသာမက ကမ္ဘာ့အလည်မှာပါ ပွဲလယ်တင့်လာစေဖို့ ဝတ်စားဆင်ယင်သင့်တဲ့ ပုံစံ၊ မြန်မာမိန်းကလေးများ ခေတ်နဲ့ အညီ ယဉ်ကျေးလှပတဲ့ မိန်းမပျိုလေးများ အဖြစ် စတိုင်လ်ကျကျ ဝတ်စားဆင်ယင် ရမယ့် ပုံစံများ လေ့လာနိုင်မယ့် နေရာဖြစ်သလို - မိမိသိနားလည်ထားတဲ့ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု ပုံစံများကိုလည်း ဝင်ရောက် ဆွေးနွေးနိုင်မယ့် နေရာဖြစ်ပါတယ်။ )
  • အားကစားနှင့်သတင်းပဒေသာကဏ္ဍ ( ဒီကဏ္ဍမှာတော့ အားကစားနည်းတွေအကြောင်း ၊ ကမ္ဘာ့သတင်း၊ မြန်မာ့သတင်း၊ လူမှုရေးသတင်း စတဲ့ သတင်းကဏ္ဍခွဲ အစုံနဲ့ လုပ်ငန်းလမ်းညွှန် တွေကို လေ့လာရေးသားနိုင်ပါတယ်။ )
  • တောင်းဆိုရန်ကဏ္ဍ ( ဒီကဏ္ဍမှာတော့ ဖိုရမ်နဲ့ လည်ပတ်သွားလာနေတဲ့ ကာလတစ်လျှောက် Applications တွေလိုရင်၊ ဂိမ်းတွေရှာမရဖြစ်နေရင်၊ Crack နဲ့ Serial တွေလိုနေရင်၊ ကိုယ်ကြည့်ချင်တဲ့ ရုပ်ရှင်ကားလေးတွေ မရှာတတ်ရင်၊ ရှာရခက်နေတဲ့ နိုင်ငံခြား သီချင်း - မြန်မာသီချင်းတွေ တောင်းဆိုချင်ရင်၊ E-Books နဲ့ Tutorials တွေလိုအပ်လာရင်နဲ့ ဒါတင်မက ခေါင်းစဉ်ရှာမရတဲ့ တောင်းဆိုချင်တာမျိုး ရှိနေခဲ့ရင် ဖော်ပြတောင်းဆိုခဲ့နိုင်မယ့် နေရာဖြစ်ပါတယ်။ )
  • အကူအညီယူရင်းအကြံပြုကြမယ် ( ဒီကဏ္ဍမှာတော့ ဖိုရမ်မှ download လုပ်ရာမှာဖြစ်စေ ၊ ဖတ်ရှုရာမှာဖြစ်စေ ၊ ဖိုရမ်က ပေးတဲ့ applications တွေနဲ့ ပတ်သက်လို့ဖြစ်စေ အခက်အခဲတစ်ခုခု ဖြစ်ရင် ပြောကြားနိုင်သလို၊ ကိုယ် ကြုံတွေ့နေရတဲ့ ကွန်ပျူတာ ပညာရပ်ဆိုင်ရာ အခက်အခဲ အသီးသီး ကိုလည်း မေးမြန်းနိုင်ပါတယ်။ ဒါတင်မက မိမိသိနားလည်ထားတာ ရှိရင်လည်း တစ်ခြား အခက်အခဲရှိနေတဲ့ မိသားစုဝင်များကို ကူညီပေးနိုင်မယ့် နေရာဖြစ်ပါတယ်။

ဖော်ပြပါ ကဏ္ဍကြီး ( ၁၄ ) ခုရဲ့ ဖော်ပြချက်ခေါင်းစဉ်များတွေနဲ့ သက်ဆိုင်ရာ ရှင်းလင်းချက်တွေကို ဖတ်ရှုပြီးရင် ဘယ်နေရာကနေ စတင်လေ့လာရမလဲ ဆိုတာ မိသားစုဝင်များ နားလည်နိုင်ကြလိမ့်မယ် ထင်ပါတယ်။

မြန်မာမိသားစု။


က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 28-03-2011 at 05:04 AM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 102 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
$ညိုမင်းလွင်$, ကိကိ, ကိုစံငြိမ်း, ကိုပျင်း, ကိုသဝေထိုး, ခင်မျိုးစစ်, ချင်းလေး, ချစ်သမီး, ချမ်းမင်း၈၁, ချမ်းမြေ့ ကျော်, ချယ်ရီမင်း, စစ်တွေသားချေ, စိုင်းသန့်ဇင်အောင်, စွမ်းကမ္ဘာ, စွမ်းထက်မောင်, ဆန်းမောင်, ဆွိ, ဒဿဂီရိ, နတ်နေမင်း, နီထွန်းဦး, ပုထုဇဉ်, ဘိုဘိုကျော်, ဘုန်မောင်, မီးအိမ်ငယ်, မိုးတိန်, ယွန်းယွန်း, လွမ်းဟေမာန်, ဝင်းအောင်, သင်းအိဖြူ, သန့်ဇင်ဌေး, သာခေါင်, သူရကျော်ထားဝယ်, သူသူလေး, ဟန်မိုးလွင်, ဟိန်းဟိန်းမြတ်, အသဲကွဲသမားလေးရင်ခွင်သစ်, အရောင်, ဥိးသူရ, ခေါက်ရောင်းသား, ဂေါ်ဖီထုတ်လေး, စောငယ်, ဇော်ရဲပိုင်, ဇော်ဇော်87, ဒေါက်တာညီညီဝေယံဇော်, နေမင်းမောင်, မေထူးမောင်, မောင်သံသရာ, မောင်ပေါ်ဦး, မောင်အောင်ဟိန်းအေး, မွေဖု, အောင်လွင်ဦး, ငြိမ်းချမ်း, မြင့်မိုရ်, ဖြိုးကောင်းကင်, amaung344, apple3, apri, arkaraung, AZM, babykyawmoe, bagothar85, bonge, chittharlay, fairywin, g00gle, goldstar, Htet Arcar, htun30, kaung kin lu, ko lin, ko myo, kyaukphyu, kyawminkhoung, kyawswarl, KZaw, lu soe, mgwinhlaing, minthike, minthumon, moe san dar, Mr Zayar, nightman1190, pannuko, phoetharlay, PyaitSone, sawjonnie, sinpauk, soekoko85, Swann Linn Htet, thetzin, Thi Han oo, thura.it, tu tu, wanted, warior, yawnathan, Ye Aung, yelinoo, yemyatlin, yethway, zawwinoo, zo