View Single Post
Old 08-08-2010, 12:12 PM
  post #6
hellboy
MF Contributor
 
hellboy's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: hellboy's page
ရေးသားချက်များ: 117
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,424
ပို့စ် 106 ခုအတွက် 929 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
hellboy is on a distinguished road
ပြန်စာ - အချိန်တိုအတွင်း မိသားစုနဲ့အကျွ&

ကျနော် မြန်မာမိသားစုဖိုရမ်မှာ မိသားစုဝင်ဖြစ်တာ တစ်နှစ်ပြည့်ပါတော့မယ်. မိတ်တောင်မဆက်ဖူးသေးပါဘူးဗျာ. ပို့စ် တင်တယ်ဆိုတာကတော့ ဝေးပေါ့. ယူစရာရှိတာယူပြီး ဖိုရမ်ရဲ့ကောင်းကျိုးကို တစ်ခါမှမလုပ်ဆောင်သေးဖူးပါဘူးဗျာ.
မနေ့ကတော့ အကြံလေးတစ်ခုပေါ်လာတယ်. ကျနော့်ရဲ့ သူငယ်ချင်းတွေကို ဖိုရမ်ကို ဝင်ရောက်ဖို့ ဖိတ်ဖူး . ပြောဖူးပါ တယ်. အာ. မရဘူး မလုပ်တော့ဘူး. မဝင်တော့ဘူးကွာ ဆိုတာတွေပဲ ပြန်ကြားရတယ်. ကျနော်ဖိုရမ်မှာ စစချင်း မှတ်ပုံ တင်တုန်းကလည်း user name လေးပြန်ပြင်ရုံကလွဲပြီး အားလုံးအဆင်ပြေပြေပါပဲ. သူတို့ကျမှ ဘာခက်နေမှန်းမသိ. အဲဒါကြောင့် မိသားစုဝင်တွေမှာလည်း ကိုယ့်သူငယ်ချင်းတွေကို ဖိတ်ချင်တယ်. သူတို့လည်း အဆင်ပြေပြေ မှတ်ပုံတင် နိုင်အောင်လို့ဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့ ဒီဗီဒီယိုလေးကို လုပ်ဖြစ်ပါတယ်.ဖိုရမ်က invitation link နဲ့အတူ ထည့်ပေးနိုင် တာပေါ့ဗျာ. အဆင်မပြေတာလေးတွေလည်း ရှိမှာပေါ့ဗျာ.ခွင့်လွှတ်ကြပါလို့ . ဒါပေမယ့် ဒီလုပ်ကွက်လေးဟာ ဖိုရမ်က ကျနော့်အပေါ်ကောင်းတာတွေနဲ့တော့ နှိုင်းယှဉ်လို့မရသေးပါဘူး. တစ်ခုလောက် ကောင်းကျိုးလုပ်ပေးလိုက်နိုင်ရင်လည်း မဆိုးလောက်ပါဘူးဆိုတဲ့ အတွေးနဲ့ပါ.အတတ်နိုင်ဆုံးတော့ လုပ်ထားပါတယ်ဗျာ. ပြီးတော့ နောက်ခံသီချင်း၊လင့်ခ်တင်ပုံတွေ၊လိုဂိုတွေကို စိတ်ရှည်ရှည်နဲ့ ပြောပြပေးခဲ့တဲ့ အစ်မ tutu၊ စကားဝိုင်းလေးမှာမေးနေ တုန်း ညီလေးရေတဲ့ မြန်မာမိသားစုလိုဂိုက facebook မှာရှိတယ်လို့ ပြောပေးသွားတဲ့ ကိုရဲအောင်. ဒီဖိုင်လေးကိုပြုလုပ် ရာမှာ အသုံးပြုခဲ့တဲ့ software ရဲ့လိုင်စင်ကီးလေးကို သီးသန့်ပေးခဲ့တဲ့ ကိုဖြိုးယံလေး နဲ့ မြန်မာမိသားစုမှ ကျေးဇူးတင် ထိုက်သူ များအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ. မိသားစုဝင်များလည်း မိမိရဲ့ သူငယ်ချင်းမိတ်ဆွေ မိသားစုများနဲ့ အတူ မြန်မာမိသားစု ဝင်အဖြစ် နေထိုင်ရင်း. ပညာရဲ့ ကောင်းကျိုးတွေကို မျှဝေခံစားနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဗျာ..




youtube မှာကျနော်တင်တာတော့ နည်းနည်းမှုန်တယ်ဗျာ. အောက်ကလင့်ကတော့ တော်တော်လေးကို ကြည်ပါတယ်..


သူငယ်ချင်းများအားလုံး ကျန်းမာရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ

Download
စေတနာကောင်းလျှင် ကံကောင်းမည်...
hellboy is offline   Reply With Quote
အောက်ပါအသင်းဝင် 38 ဦးတို့မှ hellboy အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။