ဆွေးနွေးချက်: What is a Contributor ?
View Single Post
Old 10-07-2010, 03:55 PM
  post #1
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,384 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
What is a Contributor ?

What is a Contributor ?


Contribute လုပ်တယ်ဆိုတာ ဘာလဲ ?? ကျွန်တော်တို့ အလွယ်သိကြတဲ့ မျှဝေတယ်ဆိုတဲ့ Contribute လုပ်တယ်ဆိုတာ - နယ်ပယ် အသီးသီးက မိမိတို့နဲ့ သက်ဆိုင်ရာ အလိုက် ကိုယ်တိုင် သိရှိထားပြီးသော နားလည်ထားပြီးသော - ဖတ်မှတ်လေ့လာ ခဲ့ဖူးပြီးသော အကြောင်းအရာ ကိစ္စရပ်တစ်ခုခုကို တစ်စုံတစ်ယောက် သိရှိနားလည်သွားအောင် မျှဝေတာကို Contribute လုပ်တယ်လို့ ခေါ်ပါတယ်။ တကယ်တော့ ဒါဟာ အတိုချုံးလိုက်တာပါ - Contribute လုပ်ခြင်းရဲ့ အကျိုးသက်ရောက်မှု နဲ့ သူ့ရဲ့ ရလာဒ်တွေကို အကျယ်ချဲ့ပြီး ကျွန်တော် ဆွေးနွေးသွားပါဦးမယ်။

ဒီအကြောင်းအရာကို အကျယ်မချဲ့ခင် ဘာကြောင့် ဒီ အကြောင်းအရာကို ရေးဖြစ်သွားလဲ ဆိုတာ ကျွန်တော် အရင်ရှင်းပြ ချင်ပါတယ်။ ကျွန်တော်တို့တွေ ခုဆို မြန်မာမိသားစု ဆိုတဲ့ ဖိုရမ်ထဲမှာ နေကြတယ်။ နေ့စဉ်နေ့တိုင်း ဖိုရမ် ဝင်ဖြစ်ကြတဲ့သူတွေ ရှိသလို - အားတဲ့ အချိန်လေးမှ ဖိုရမ် ဝင်နိုင်တဲ့ သူလည်း ရှိတယ်။ ဘယ်လို အကြောင်းနဲ့ပဲ ဖိုရမ်ကို ရောက်လာ ရောက်လာ ဖိုရမ်တစ်ခုရဲ့ သဘောသဘာဝကို သိနားလည်ထားဖို့ လိုပါတယ်။ ဖိုရမ်ဆိုတာ တစ်ခြား Website စာမျက်နှာတွေနဲ့ မတူပါဘူး- သူဟာ တစ်နေရာတည်းမှာ နယ်ပယ် အသီးသီးက ကျွမ်းကျင်သူ - လေ့လာဆဲ - beginners အားလုံးကို တစ်နေရာတည်းမှာ ရောသမမွှေထားတဲ့ နေရာတစ်ခုပါ - မြန်မာမိသားစု ဖိုရမ်ဟာ နည်းပညာအတွက် ရည်ရွယ်ပြီး တည်ထောင်ထားတဲ့ ဖိုရမ် တစ်ခုဆိုတာမှန်ပေမယ့် သူ့မှာ နည်းပညာနဲ့ မဆိုင်တဲ့ ဘာသာရေး - လူမှုရေး - ကိုယ်ရေးကိုယ်တာကဏ္ဍ အားလုံးကို တိုင်ပင်ဆွေးနွေးလို့ ရအောင် ဖြန့်ခွဲ ဖွင့်လှစ်ပေးထားတဲ့ ဖိုရမ်ခွဲတွေလည်း အများကြီး ရှိပါတယ်။ နည်းပညာဖိုရမ်လို့ ဆိုပြီး တစ်ခြားနည်းပညာနဲ့ မဆိုင်တဲ့ အကြောင်းအရာတွေကိုပါ - မြန်မာမိသားစု ဖိုရမ်မှာ ဘာကြောင့် ဖိုရမ်ခွဲတွေအနေနဲ့ ဖွင့်လှစ်ထား သလဲ - ဘာကြောင့်လဲ ဆိုတော့ - မြန်မာမိသားစု ဆိုတဲ့ စကားလုံးကြောင့်ပါပဲ - လူတိုင်းလူတိုင်းမှာ အခက်အခဲတွေ ရှိတယ် - အကျပ်အတည်းတွေ ရှိတယ် - အရေးပေါ် အခြေအနေဆိုတာတွေ ရှိကြတယ် - ကိုယ်တိုင်ဆုံးဖြတ်ဖို့ မလွယ်ပဲ တစ်ယောက်ယောက်ရဲ့ အကူအညီပါမှ ပြီးနိုင်မယ့် ပြဿနာရပ်မျိုးတွေ ရှိမယ် - တစ်ခါတစ်လေမှာ ကိုယ်တိုင်လုပ်ဆောင် နိုင်ပေမယ့် ကိုယ့်လုပ်ဆောင်ချက်ကို မှားလား မှန်လားဆိုတာကို အတည်ပြုပေးမယ့် တစ်စုံတစ်ယောက်ရဲ့ အားပေး အတည်ပြုချက်ကို ရယူချင်တဲ့ အခြေအနေမျိုးတွေလည်း ရှိမယ် - စသဖြင့် ကဏ္ဍနယ်ပယ် အသီးသီးက ပြဿနာရပ်တွေကို တစ်နေရာတည်းမှာ မိသားစု စိတ်ဓာတ်နဲ့ တိုင်ပင် ဖြေရှင်းနိုင်အောင် မြန်မာမိသားစုဖိုရမ်က နည်းပညာ တစ်ခုတည်းကိုသာမက တစ်ခြား နည်းပညာနဲ့ မသက်ဆိုင်တဲ့ ဖိုရမ်ခွဲတွေကိုပါ ဖြန့်ခွဲတည်ဆောက် ပေးထားတာပါ -

ဒါပေမယ့်လည်း ရည်ရွယ်ချက် ရှိရှိနဲ့ တည်ဆောက်ထားခဲ့တဲ့ ဖိုရမ်တစ်ခု - ရည်ရွယ်ချက် မပြည့်ဝနိုင်သေးပဲ အားနည်းချက်ပေါင်း များစွာနဲ့ ဖြိုဖျက်ဖို့ မလွယ်ကူနိုင်သေးတဲ့ အချက် ( ၂ ) ချက်ကို အံတုတွန်းခံပြီး လှုပ်ရှားလည်ပတ်နေရတာကို စိတ်မကောင်းစရာ တွေ့နေခဲ့ရ ရက်ပေါင်းတော်တော်ကြာခဲ့ပါပြီ။ ကျွန်တော်တို့ ဖိုရမ်တင်ပဲလား - ?? တကယ်တော့ ကျွန်တော်တို့ ဖိုရမ်တစ်ခုတည်း မဟုတ်ပါဘူး - မြန်မာဖိုရမ်တော်တော်များများ ဒီလို အခြေအနေနဲ့ပဲ ရပ်တည်နေကြရတာပါ။ အဲ့ဒီ့ အချက်နှစ်ချက်ကတော့ -

( ၁ ) ဖိုရမ်တစ်ခုရဲ့ သဘောသဘာဝကို ဖိုရမ်ဝင်သူတိုင်း ခုချိန်ထိ သဘော မပေါက်နိုင်ကြသေးတာရယ်
( ၂ ) သဘောပေါက်နားလည်ပေမယ့် လိုက်ပါလုပ်ဆောင်မှု - ထိရောက်တိကျစွာ ဝင်ရောက် ရေးသားဆွေးနွေးမှု မပြုကြ သေးတာရယ်ပါ။


ဒီအကြောင်းအရာတွေ အတွက် ကျွန်တော် တတ်နိုင်သမျှ မြန်မာမိသားစုဝင်တွေကို တွန်းအားပေး တိုက်တွန်းချက်လို့ ဒီစာကို ကျွန်တော် ရေးဖြစ်ခဲ့ပါတယ်။

ဖိုရမ်ဆိုတာဟာ စာဖတ်ဖို့ တစ်ခုတည်း ဖွင့်လှစ်ထားတဲ့ စာကြည့်တိုက်တစ်ခု မဟုတ်သလို ပြဿနာရှိမှ ရောက်လာပြီး ကိုယ့်ပြဿနာအတွက် ဖြေရှင်းပေးနိုင်မယ့်သူကို ရှာဖွေတဲ့ အတိုင်ပင်ခံ အဖွဲ့အစည်းလည်း မဟုတ်ပါဘူး - မြန်မာမိသားစုဝင် တော်တော်များများ ( လူတိုင်းကို မဆိုလိုပါ။ ) ဖိုရမ်ကို ရောက်လာကြတယ် - တော်တော်များများက ပြဿနာရှိလာရင် ရောက်လာ - မေးစရာရှိတာမေး - ပြီးရင်ပြန် - တစ်ခါတစ်လေ မေးချင်တာမေးပြီး ကိုယ်မေးထားတဲ့ မေးခွန်းကို ဖြေကြားပေးထားလား မပေးထားဘူးလား ဆိုတာတောင် ပြန်လာ မကြည့်တဲ့ သူတွေလည်း မနည်းပါဘူး - ကျွန်တော် တစ်ခု သိစေချင်တာ ဖိုရမ်ဆိုတာ လူနည်းစု အားကိုးနဲ့ လည်ပတ်ရပ်တည်နေတာ မဟုတ်ပါဘူး - နည်းပညာကနေ စလို့ လူမှုရေး အဆုံး ဘယ်လိုပြဿနာရပ်မျိုးပဲ မြန်မာမိသားစုဖိုရမ်မှာ ပေါ်ပေါ် မိသားစုဝင်အားလုံးမှာ တာဝန်ရှိပါတယ်။ ကျွန်တော်တို့ဟာ အုပ်ချုပ်သူ - ကြီးကြပ်ရေးမှုး - အထူးအသင်းဝင် ဆိုတဲ့ လက်တစ်ဆုပ်စာ လူနည်းစုနဲ့ လည်ပတ်ရပ်တည်နိုင်တယ်ဆိုပြီး ဖိုရမ်တစ်ခုကို တည်ဆောက်ထားတာ မဟုတ်သလို - ကျွန်တော်တို့တွေ အနေနဲ့ သိပ်သိလို့တတ်လို့ ဖြစ်သမျှပြဿနာ ကူညီနိုင်တယ် ဆိုပြီး ကြီးကြပ်သူတွေ အထူးအသင်းဝင်တွေ အဖြစ် လုပ်ဆောင်နေကြတာ မဟုတ်ပါဘူး - ကြီးကြပ်သူ - အထူးအသင်းဝင် - မွေးကင်းစကလေး ဆိုတာ တကယ်တော့ ဂုဏ်ပုဒ် တွေပါ - အဲတာတွေကြောင့် ကျွန်တော်တို့တွေ ကြားမှာ အများကြီး ထူးပြီး ခြားနားသွားစရာ မရှိပါဘူး။



ကျွန်တော်တို့ လိုအပ်တာ ဂုဏ်ပုဒ်တွေထက် ဖိုရမ်တစ်ခုရဲ့ အသက်ဖြစ်တဲ့ မျှဝေသူ - Contributors တွေလိုအပ်တာပါ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများရဲ့ ကိုးကွယ်ဆည်းကပ်ရာ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ရဲ့ မင်္ဂလာသုတ် တရားတော်မှာ ဒါနဉ္စ ဆိုတဲ့ - လှူဒါန်း ပေးကပ်း စွန့်ကြဲခြင်းသည် မြတ်သောမင်္ဂလာမည်၏ ဆိုတဲ့ မင်္ဂလာ တစ်ပါးရှိပါတယ်။ Contribute လုပ်တယ်ဆိုတာဟာ ပညာပါရမီကို ပေးကမ်းစွန့်ကျဲ ခြင်း တစ်မျိုးပါပဲ - ပညာရပ်ဆိုင်ရာ နည်းပညာဆိုင်ရာတွေကို မျှဝေမှ ဒါနပါရမီ မြောက်တာလား - မဟုတ်ပါဘူး - တစ်ခြားသူတစ်ယောက်ရဲ့ လူမှုရေး ပြဿနာ - စီးပွားရေး - အိမ်ထောင်ရေးက စလို့ - အချစ်ရေး - ခံစားချက်တွေအထိ ကြုံတွေ့နေရတဲ့ ပြဿနာရပ်ကို မိမိတတ်နိုင်တဲ့ အတိုင်းအတာ တစ်ခုထိ ဝင်ရောက်ဆွေးနွေး အဖြေရှာပေးတယ် ဆိုတာလည်း ပေးကမ်းမျှဝေခြင်း တစ်မျိုး ( ဝါ ) Contribute လုပ်ခြင်း တစ်မျိုးပါပဲ။

ဖိုရမ်ထဲမှာ နည်းပညာကနေ စလို့ တစ်ခြားလူမှုရေး ဆိုင်ရာ အခက်အခဲတွေအထိ တတ်နိုင်သလောက် လက်လှမ်းမှီသမျှ ကျွန်တော် အပါဝင် မိသားစုဝင် တော်တော်များများ ဆွေးနွေး ဖြေရှင်းပေးခဲ့ကြပါတယ် - နိုင်သလောက် အကြံဥာဏ်တွေ ပေးခဲ့ကြပါတယ်။ ဒါပေမယ့် တချို့ပြဿနာရပ်တွေ အခက်ခဲတွေမှာတော့ ကျွန်တော်တို့ နားလည်ထားတာနဲ့ လုံးဝမအပ်စပ်ပဲ ခေါင်းစဉ်ကွဲထွက်သွားတဲ့ အပိုင်းတွေ မေးမြန်း ထားတာမျိုးတွေလည်း တွေ့ခဲ့ဖူးပါတယ်။ အဲ့လို အခြေအနေမျိုးမှာတော့ ဖြီးဖြန်းကိုးကား ဖြေလိုက်တာထက် နားလည်သူ တစ်ယောက်ယောက် ဖြေပေးမလားဆိုပြီး ကျွန်တော်တို့ ရပ်ကြည့်နေလိုက် ရမျိုးတွေ ရှိပါတယ်။ ကိစ္စရပ်တိုင်းကို အချိန်တိုအတွင်း ဖြေကြားနိုင်ဖို့ဆိုတာ တစ်ဦးကောင်း တစ်ယောက်ကောင်းနဲ့ မဖြစ်နိုင်ပါဘူး - နာမည်ကြီးတဲ့ အောင်မြင်တဲ့ နိုင်ငံခြားဖိုရမ် တော်တော်များများကို ကြည့်ရင် Contributors တော်တော်များများ ရှိသလို ရှိတဲ့ Contributors တော်တော်များများဟာလည်း ကိုယ်ဘယ်လောက်ပဲ သိသိ ကိုယ်သိသလောက် ပမာဏ တစ်ခုကို မျှဝေချင်တဲ့သူ - ကွန်ပြူတာနဲ့ အင်တာနက်က လက်တစ်ကမ်းမှာ ရှိနေနိုင်တဲ့သူ ၊ နေရာတိုင်းမှာ အင်တာနက်ကို အလွယ်တကူ အသုံးချနိုင်သူတွေ ဖြစ်နေတာ တော်တော်များများ တွေ့ရပါတယ်။ ကျွန်တော်တို့ မြန်မာနည်းပညာ ဖိုရမ်တွေမှာတော့ Contributors တွေလည်း တော်တော်နည်းသေးသလို ရှိတဲ့ Contributors တွေဟာလည်း နိုင်ငံခြားကို အကြောင်းအမျိုးမျိုးနဲ့ ( ဥပမာ - အလုပ်လုပ်ဖို့ ၊ စာသင်ဖို့ ) ရောက်လာကြရင်း ကြုံကြိုက်လို့ Contributors အဖြစ် စေတနာ အလျှောက် ဝင်ရောက်လုပ်ကိုင်ကြတာမို့လို့ သူတို့အားလုံးမှာ သက်ဆိုင်ရာ အလုပ်လုပ်ချိန် ၊ စာသင်ချိန် - ဆိုတာတွေ ရှိပြီး အားလပ်ချိန်ကျမှပဲ ဖိုရမ်ရဲ့ ပြဿနာရပ်တွေကို ကူညီဖြေရှင်းပေးနိုင်ကြပါတယ်။


လူတစ်ယောက်ရဲ့ အခက်အခဲ ကို ကူညီဖို့ - တစ်ယောက်ရဲ့ အခက်အခဲကို တစ်ယောက် ဖေးမ ဖြေရှင်းပေးနိုင်ဖို့ - နည်းပညာအမွေ လက်ဆင့်ကမ်းဖို့ - ဆိုတာတွေအတွက် ကျွန်တော်တို့တွေမှာ အတွေ့အကြုံတွေ အများကြီး ရှိနေဖို့ - ပညာရပ်တိုင်းကို နှံ့စပ်ကျွမ်းကျင် နေဖို့ မလိုအပ်ပါဘူး - ကျွန်တော်တို့ တော်တော်များများ လွဲမှားနေတဲ့ ယုံကြည်ချက် ရှိပါတယ်။ အဲတာက ငါ ဟာ မျှဝေနိုင်လောက်အောင် ဘာမှ မပြည့်ဝသေးဘူး ဆိုတဲ့ သိမ်ငယ်စိတ်ပါ။ ပညာရပ်တစ်ခုကို မျှဝေတယ်ဆိုတာ ပြည့်ဝမှ ဝေမျှရမယ်လို့ ဘယ်သူမှ ကန့်သတ်မထားပါဘူး - မျှဝေလိုမှု ဆိုတဲ့ စိတ်တစ်ခုရယ် - ကိုယ့်ရဲ့ မျှဝေမှုကို ထိရောက်တဲ့ မျှဝေမှု ဖြစ်အောင် မပြတ်တမ်းလေ့လာလိုမှု ဆိုတဲ့ စိတ်ရယ် ရှိမယ် ဆိုရင် ဝလုံး တစ်လုံးတည်း ရေးတတ်တဲ့သူ ဖြစ်ပါစေ ဝလုံး မရေးတတ်သေးသူ တစ်ယောက်ကို မျှဝေပိုင်ခွင့် ရှိပါတယ်။

Thread အသစ်တင်ပြီး စာရေးနိုင်မှ Contributors ဖြစ်တာ မဟုတ်ပါဘူး - ကိုယ်နားလည်သလောက်ကို အကျိုးအကြောင်း ခိုင်ခိုင်လုံလုံနဲ့ ဝင်ဆွေးနွေးတာ - စတင်ဆွေးနွေးသူရဲ့ ဆွေးနွေးချက်မှာ အမှားတွေပါရင် အဲ့အမှားကို ထောက်ပြနိုင်တာ - ဖိုရမ်မှာ ဖြေရှင်းပြီးသား အကြောင်းအရာတစ်ခုခုကို တစ်ယောက်ယောက်က ဘယ်နားမှာဖြေရှင်းပြီးသားမှန်း မသိလို့ နောက်တစ်ခေါက် မေးမြန်းလာရင် တန်ဖိုးရှိတဲ့ Links တွေဆီ မေးမြန်းသူ တွေ့ရှိနိုင်အောင် ချိတ်ဆက်ဖော်ပြကူညီနိုင်တဲ့သူ ဆိုတာတွေဟာလည်း Contributors ပါပဲ -

တစ်နေ့တစ်နေ့ကို ဝင်ထွက်လေ့လာသူပေါင်း ၃၀၀ ~ ၄၀၀ ကြား ပတ်ဝန်းကျင်ရှိတဲ့ ကျွန်တော်တို့ ဖိုရမ်မှာ တော်တော်များများက လိုအပ်တာ အကူအညီတောင်း - နောက် စာဖတ် ပြန်သွားကြတာ စိတ်မကောင်းစရာ တွေ့ရပါတယ်။ ဆွတ်ချူစားသုံးသူများပြီး သီးတဲ့ အပင်အရေအတွက် နည်းနေမယ်ဆိုရင်တော့ ဒါဟာ နည်းပညာ လက်ဆင့်ကမ်းတဲ့နေရာ ဖြစ်လာမှာ မဟုတ်တော့ပါဘူး - ထိန်းသိမ်းမှု မရှိပဲ တစ်ချိန်လုံး ခုတ်လှဲနေမယ် ဆိုရင်တော့ ရခိုင်ရိုးမလည်း တစ်ချိန်မှာ တောင်ကတုံး ဖြစ်သွားမှာပါပဲ - ကျွန်တော်ဆိုလိုတာ မျှဝေသူတွေဆိုတာလည်း တစ်ချိန်လုံး တစ်သက်လုံး ဒီဖိုရမ်မှာ နေပြီး မျှဝေနိုင်သွားပါမယ်လို့ ဘယ်သူမှ အာမမခံနိုင်ဘူး - ဒီချိန်မှာ တတ်တတ်ကြွကြွနဲ့ ပါဝင်ဖြေရှင်း ပေးနေနိုင်ပေမယ်လို့ နောင်တစ်ချိန်မှာ ကိုယ့်ဘဝရဲ့ ဆိုင်ရာ လုပ်ငန်းခွင်တွေဆီ ပြန်ဝင်သွားကြရမှာပါ - အဲ့လိုအချိန်မှာ မျှဝေသူသာ မရှိတော့ရင် ဒီဖိုရမ်ကြီး ဘယ်လိုဆက်ပြီး ရပ်တည်မလဲ - ဖိုရမ်တည်တံ့နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေတာ မဟုတ်ပါဘူး - မြန်မာလူမျိုးနဲ့ ခွဲခြားရှုမြင်ဖို့ မဖြစ်နိုင်တဲ့ ပေးကမ်းစွန့်ကြဲမှု ဆိုတဲ့ ဒါနပါရမီ ကို ခြောက်ခန်း မသွားအောင် ကျွန်တော်တို့ ကြိုးစားနေတာပါ။

ဒါ့ကြောင့် ဖိုရမ်က မိသားစုဝင် အားလုံးရဲ့ ကိုယ်စား ကျွန်တော့် မိသားစုဝင်တွေဆီ မေတ္တာရပ်ခံချင်တာ မိမိပြဿနာ တွေကိုလည်း တင်ပြအကူအညီ တောင်းခံပါ - တစ်ခြားသူ တစ်စုံတစ်ယောက် ကြုံတွေ့လာရတဲ့ အခက်အခဲကိုလည်း နားလည်ထားသလောက် သုံးသပ်မိသလောက် ဝင်ရောက် ဆွေးနွေးပေးပါ - တစ်ယောက်ယောက် ဆွေးနွေးထားတဲ့ အကြောင်းရာနဲ့ ပတ်သတ်ပြီး အကျိုးအကြောင်း မခိုင်လုံဘူး - တင်ပြချက် မပြည့်စုံဘူး - ယူဆချက် အမှားတွေ ပါဝင်နေတယ်လို့ သုံးသပ်မိရင်လည်း မိသားစုစိတ်ဓာတ်နဲ့ ထောက်ပြ ဝေဖန်ပြီး လမ်းမှန်ကို ရောက်အောင် ပို့ဆောင်ပေးကြပါလို့ ကျွန်တော့် အနေနဲ့ တိုက်တွန်း ပြောကြားရင်း ကျွန်တော်တို့ မြန်မာမိသားစု ဖိုရမ်အတွက် လိုအပ်နေတဲ့ Contributors ကဏ္ဍမှာ ပါဝင်ကူညီကြဖို့ ရည်ရွယ်ရေးသားတဲ့ စာကို ဒီနေရာမှာပဲ အဆုံးသတ်ရင်း မြန်မာမိသားစု အတွင်းမှာ တတ်စွမ်းသရွေ့ ဝေမျှခဲ့ကြသော - ဝေမျှနေကြသော - ဝေမျှလာကြလာမယ့် Contributors များ အားလုံးနဲ့ မြန်မာမိသားစုဝင် အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ဒီနေရာကနေ ပြောကြားရင်း အဆုံးသတ်လိုက်ပါတယ်။


Quote:
Please give us ur hands for our future.

KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 13-04-2011 at 02:15 PM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 110 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
$ညိုမင်းလွင်$, ကိုဂျိန်း, ကိုစံငြိမ်း, ကိုပျင်း, ကိုဦး, ကိုမြင့်, ချစ်သမီး, စမောလေး, စနိုးလေး, ဆန်းမောင်, ဆိုင်ကျောက်, ဆွိ, တာတာ, နီထွန်းဦး, ပလူးစ်, ပိုင်စိုး2222, ပွင့်ဖူးမွန်, ယွန်းယွန်း, ရှင်းသန့်, လမ်းပြကြယ်, လူမုန်းနဒီ, ဝင်းကျော်ဦး, ဝင်းအောင်, သက်နိုင်, သန့်ဇင်ဌေး, သူရကျော်ထားဝယ်, သံပုရာချို1987, ဟိန်းဟိန်းမြတ်, အလတ်ကြီး, အိုက်ထွန်း, ဥိးသူရ, ဦးလေးကြီး,ု့min khant thu, ကျော်တိုး, ဇော်ရဲပိုင်, မေဇင်သော်, မေဦးမွန်, မောင်သံသရာ, မောင်ပေါ်ဦး, အောင်မိုးထွန်း, အောင်ကျော်လင်း, အေးမင်းမောင်, ငြိမ်းချမ်း, မြင့်မိုရ်, ၀တုတ်ပေါ, ၀တ်မှုံ, ဖြိုးယံလေး, ဖြိုးကောင်းကင်, နိုးတူး, alwslov, amaung344, Angelic Princess, arkaraung, athaylay1, Aung Aung, aungphyo, aungzawlin, aungzawoopde, AZM, blackNwhite, bonge, centurymg, daya, dusk, eitar, Empathlover, g00gle, hellboy, Hla Myo Thein, johnmoeeain, kankaung, kaung kin lu, khaing king, ko lin, ko myo, kooospt, kyaukphyu, kyawminkhoung, kyawsoe.06, lwanyathu1988, ma mee, MegaWooer, minlatt, minthike, minthumon, moe gyi, moe san dar, moe_poung, Mr Zayar, mr.vampire, Musa, Myo Min Zaw, myothazin, nainglynn, nyilinnge, pannuko, phoetharlay, putty, pyi kyaw, sAnDViper, smlat88, thitsarphyuwin, thurein, thureinsoe, tu tu, winkyway, yawnathan, Ye Aung, zinkomin, zo