View Single Post
Old 01-06-2010, 06:01 AM
  post #1
Myo Min Zaw
အထူးအသင်းဝင်
 
Myo Min Zaw's Avatar
 
အသင်းဝင်နေ့စွဲ: Nov 2009
တည်နေရာ: သပိတ်ကျင်း
ရေးသားချက်များ: 473
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 700
ပို့စ် 491 ခုအတွက် 3,061 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
Myo Min Zaw is on a distinguished road
Icon7 အချိန်တိုအတွင်း မိသားစုနဲ့အကျွမ်းဝင်)

မိသားစုဝင် ညီအစ်ကိုမောင်နှမအားလုံး မင်္ဂလာပါခင်ဗျာ
အသင်းဝင်အသစ်တွေအနေနဲ့ ကျနော်တို့ဖိုရမ်မှာ အလွယ်တကူလည်ပတ်နိုင်အောင် လိုမယ်ထင်တာလေးတွေကို ဗွီဒီယိုဖိုင်လေးတွေလုပ်ပြီး တင်သွားပေးပါမယ်ဗျာ
မသိသေးသော မိသားစုဝင်များကို ရည်ညွှန်းတာဖြစ်တဲ့အတွက် သိပြီးသားသူတွေကတော့ မျက်စိမှိတ်ထားပေးဗျ(နားပိတ်စရာမလိုအောင် အသံကိုပါဖျောက်ထားပြီးသားပါ)
စာတွေလိုက်ဖတ်လို့ မမှီရင် Space bar(pause) ဖမ်းပြီးကြည့်ပါ ကြည့်ရတာ သိပ်မကြည်ပါဘူးဆိုရင်တော့ Download ဆိုတာလေးကိုကလစ်ပေးပြီး ဒေါင်းပြီးကြည့်ပါ

အမြဲမေးနေကျ မှာလည်း ဝင်ဖတ်ပေးပါဦးခင်ဗျ

WinRAR archiver နဲ့ဖိုင်တွေ ခွဲမယ်၊ပြန်ဆက်မယ်



Code:

HJ Split နဲ့ ဖိုင်တွေခွဲကြမယ်၊ ဆက်ကြမယ်


Code:
Quote နဲ့ Multi-Quote ကိုအသုံးပြုကြမယ်
အရေးကြီးတယ်ဗျ.. လိုအပ်တာကို အတိအကျတောင်းနိုင်အောင်ပေါ့ဗျာ

Code:

အောက်ကကောင်လေးကတော့ လိုချင်တာကို အောက်မှာပြထားတဲ့ သူ့နေရာအလိုက် ရှာတာ မတွေ့တော့ရင် တောင်းဆိုရန် ရဲ့ သက်ဆိုင်ရာနေရာတွေမှာ တောင်းဆိုနည်းလေးပါပဲ။
ကွန်ပျူတာဆိုင်ရာ အခက်အခဲတွေကြုံတွေ့လာပြီဆိုရင် ဒီမှာ အနီးစပ်ဆုံးဖြစ်မယ်ထင်တာကို ရှာပြီးစမ်းကြည့်ပေးပါ
အဆင်မပြေဘူးဆိုရင်တော့ဒီမှာ ဝင်ပြီး ကိုယ့်ရဲ့ပြဿနာကို တတ်နိုင်သမျှအပြည့်စုံဆုံးလေး ဖြစ်အောင် ပြောပေးခဲ့ပါခင်ဗျာ
ဂိမ်းတွေလိုရင်တော့ ဒီမှာ သွားရှာကြည့်ဗျ.. လိုချင်တဲ့ကောင်မတွေ့ဘူးဆိုရင်တော့ ဒီ နေရာမှာ သွားတောင်းပေးပါ
Application Softwares တွေလိုတယ်ဆိုရင်တော့ ဒီမှာ သွားရှာကြည့်ပြီး မတွေ့ဘူးဆိုရင် ဒီ နေရာမှာ သွားတောင်းပေးပါ
Crack နဲ့ Serial တွေလိုနေတယ်ဆိုရင်တော့ ဒီမှာ သွားတောင်းပေးပါ
ရုပ်ရှင်ဇာတ်ကားတွေ လိုချင်တယ်ဆိုရင်တော့ ဒီကို ဝင်ဗျ.. ရှာမရရင်တော့ ဒီမှာ တောင်းနိုင်ပါတယ်
နောက်ဆုံး လိုချင်တာကို တောင်းဆိုဖို့ ခေါင်းစဉ်ရှာမရဖြစ်နေတယ်ဆိုရင်တော့ ဒီကို ဝင်တောင်းဗျ
( အောက်က ပို့စ်မှာ ညီလေးကျောက်ဖြူရှင်းပြပေးထားမယ့် ရှာဖွေနည်းလေးကိုလည်း သုံးကြည့်ဖို့ အကြံပေးလိုပါတယ်ခင်ဗျာ )
ခေါင်းစဉ် အသစ်တင်ပြီး တောင်းဆိုနည်းတွေကိုတော့ အောက်ကဗွီဒီယိုဖိုင်လေးမှာ ကြည့်လိုက်ပေါ့ဗျာ
(ကိုယ်ဘာကို တောင်းတယ်ဆိုတာကို ခေါင်းစဉ်မြင်ရုံနဲ့ တခြားသူနားလည်သွားအောင် ခေါင်းစဉ်တပ်ပေးပါ)

ခေါင်းစဉ်အသစ်ဖွင့်ပြီး တောင်းဆိုခြင်း

Code:

ဖိုရမ်မှာပို့စ်တွေတင်တဲ့အခါ ပုံတွေထည့်တာ အဆင်မပြေဘူးဆိုရင်တော့ ပုံလေးတွေထည့်ကြမယ်. မှာသွားလေ့လာကြည့်လိုက်ဗျ။
ဖိုရမ်မှာ ပို့စ်တွေ ဖောင်းပွမှာစိုးလို့ ကျေးဇူးတင်စကားနဲ့ပတ်သတ်လို့ မှာ မေတ္တာရပ်ခံထားတာလေးကိုလည်း လိုက်နာပေးပါခင်ဗျ
စကားမစပ် ..စကားဝိုင်းမှာ ကိုယ်ရေးလိုက်တာက မှားသွားတယ်ပဲထားပါတော့ လူမြင်မကောင်းဘူးထင်လို့ ပြန်ပြင်မယ်ဆိုရင် ပြန်ပြင်လို့ရအောင်ပါ.. စကားဝိုင်းဘေးနားလေးက down arrow လေးကိုနှိပ်လိုက်ပြီး ပြောခဲ့ကြတာလေးတွေ ကိုကလစ်ပေး Edit ကိုသုံးပြီး ပြန်ပြင်လို့ရပါတယ်ခင်ဗျာ
နောက်တစ်ခုက သူများပို့စ်တွေမှာ တင်ထားသလိုမျိုးလေး တင်ချင်တယ်ဆိုရင်တော့ Quote ကိုသုံးပြီးတော့ သူဘယ်လိုလုပ်ထားတယ်ဆိုတာ လေ့လာပြီး နမူနာကြည့်မယ် ဆိုတာနဲ့ စမ်းကြည့်လို့ရပါတယ်



နောက်ထပ် အလွယ်ရှာလို့ရအောင် ဖိုရမ်မှာရှိတဲ့ မာတိကာတွေကို ပေါင်းစည်းပေးလိုက်ပါတယ်ဗျာ

ကျနော်တို့ အခုရှင်းပြထားတာတွေနဲ့ အဆင်မပြေတော့ဘူးဆိုရင်တော့ ဖိုရမ်မှအခက်အခဲများ မှာအကျိုးအကြောင်းပြောပြပြီး အကူညီတောင်းကြည့်ပါ

ကဲ လိုအပ်မယ်ထင်တဲ့အပိုင်းလေးတွေ ရှင်းပြပြီးပြီဆိုတော့ နောက်ဆုံးအနေနဲ့ သတိပေးတောင်းဆိုချင်တာလေးတစ်ခုရှိတယ်ဗျ
ကျနော်ပြောချင်တာက ဘယ်အဖွဲအစည်းပဲဖြစ်ဖြစ် ၊ ဘယ်အလုပ်ပဲလုပ်လုပ် စနစ်တကျနဲ့ ရေရှည်တည်တန့်ဖို့ဆိုရင် စည်းကမ်းချက်လေးတွေ သတ်မှတ်ထားပေပြီး လိုက်နာဆောင်ရွက်ပေးမှ ဖြစ်မယ်မဟုတ်လား။ အဲ့ဒီလိုပဲ ကျနော်တို့ မြန်မာမိသားစုဖိုရမ်ရဲ့ အသင်းဝင်ဖြစ်ပြီဆိုရင်လည်း ဖိုရမ်မှာ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာပေးဖို့လိုတာပေါ့ဗျာ။ လိုရင်းကိုပြောရရင် ဖိုရမ်အသင်းဝင်တိုင်း စည်းကမ်းချက် ဆိုတဲ့ နေရာလေးကို ဝင်ဖတ်ပြီး ချမှတ်ထားတာလေးကိုတော့ လိုက်နာကူညီပေးကြဖို့ ကျနော့်အနေနဲ့ မေတ္တာရပါခံပါတယ်ခင်ဗျာ...
အားလုံးပဲ ဖိုရမ်မှာ အခက်အခဲကင်းကင်းနဲ့ လေ့လာနိုင်ပါစေဗျာ

Last edited by Myo Min Zaw; 05-06-2010 at 07:52 PM..
Myo Min Zaw is offline   Reply With Quote
အောက်ပါအသင်းဝင် 75 ဦးတို့မှ Myo Min Zaw အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
ကိုပျင်း, ကိုဦး, ကိုဖြိုးငြိမ်း, ခင်မေခ, ချစ်သမီး, ဆန်းမောင်, ဆိုင်ကျောက်, ဆွမ်းပေါင်, ဇင်မောင်မောင်ချစ်, တာတာ, ဒီဝန်းအိမ်, ဒဿဂီရိ, ဖိုးတာတေ, မိုးတိန်, ယွန်းယွန်း, လှိုင်သင်း, ဝင်းကျော်ဦး, ဝင်းအောင်, သရက်သီး, သားညို, သူသူလေး, ဟန်မိုးလွင်, ဟိန်းဟိန်းမြတ်, ကောင်းကင်လရိပ်, ကောင်းကင်ယံ2020, ကျော်ထွန်းလင်း, ဂေါ်ဖီထုတ်လေး, ဇော်ရဲပိုင်, နေမင်းမောင်, မေဦးမွန်, မောင်သံသရာ, မောင်အောင်ဇော်လင်း, မောင်အောင်ဟိန်းအေး, မွေဖု, ငြိမ်းချမ်း, မြတ်သဇင်နိုင်, ဖြိုးခန့်, ဖြိုးယံလေး, alwslov, amaung344, arkaraung, aungphyo, AZM, bonge, danielkam, g00gle, hellboy, hninthanzin, kaung kin lu, ko lin, kyawthantzin, KznT, maungwanna, mingalarmin, minthike, minthumon, minwain, Moe Lay, moe san dar, pannuko, phoetharlay, phyomyintthein, scorpion77, smlat88, thamadi, thetzin, thureinsoe, tm4592, tu tu, wunna313, yawnathan, Ye Aung, yewinnaung, zinkomin, zo