မြန်မာမိသားစုဖိုရမ်

မြန်မာမိသားစုဖိုရမ် (http://www.myanmarfamily.org/forum/index.php)
-   ဆွေးနွေးချက်များ (http://www.myanmarfamily.org/forum/forumdisplay.php?f=137)
-   -   php and asp (http://www.myanmarfamily.org/forum/showthread.php?t=10410)

taungporthar 06-11-2008 08:16 PM

php and asp
 
အစ်ကို တို့ အစ်မ တို့ ခင်ဗျာ...ကျတော်က php လေ့လာနေပါတယ်ခင်ဗျာ...php အဓိပ္ပယ်နင့် သူ့ရဲ့ အားသာချက် အားနည်း ချက် နှင့် ASP နှင့် PHP ဘယ်လိုကွာတယ်..PHP က ASP ထက် ဘာတွေပိုကောင်းတယ်..ဘယ်ဟာတွေ သာသလည်း..Website တော်တော်များများကိုတော့ PHP နဲ့ရေးတာ တွေ့ရတယ်...ASP ကကော ဘာတွေ အားနည်းလည်း...ဖြစ်နိုင်ရင် မြန်မာလို ရှင်းပြပေးပါခင်ဗျာ...

ကျေးဇူးတင်လျက်....

Desert Fox 07-11-2008 08:48 PM

ပြန်စာ - php and asp
 
That is Language war. U can find 2 many blogs/discussion on net about this. But for me U need to learn if u interest & U can decide which should use depend on u r requirement.

အကောင်းဆုံးဆိုတာမရှိပါ။ လိုအပ်ချက်ပေၞမူတည်ပြီးတော့ ကိုယ်ကဆုံးဖြတ်ရမှာပေါ့။ ဒါမှမဟုတ် ဘော့စ် ခိုင်းတာလုပ်လိုက်လည်း ပြီးတာပါပဲ။

သေချာတာကတော့ မကောင်းတဲ့အရာတွေက မရပ်တည်နိုင်ပါဘူး။ အားသာချက်အားနည်းချက်ကတော့ အမြဲတမ်းရှိတယ်။ အဲဒါတွေကို ပါနားလည်ထားရင် ပိုကောင်းတာပေါ့။

မြတ်ဘုန်းမို 10-11-2008 03:23 PM

ပြန်စာ - php and asp
 
မြတ် .. . သိလွန်းတတ်လွန်းလို့မဟုတ်ပါဘူး . . . ထင်တာလေးနည်းနည်လောက်ပြောပြချင်လို့ပါ . .
မှားတာရှိရင်လဲ ပြင်ပေးကြပါလို့ . . .


၁) asp.net က သုံးစွဲရလွယ်ကူတယ် . . . php ထက်စာရင် ရေးရတဲ့ coding line တွေနည်းတယ် . .
၂) .net platform က programming language တော်တော်များများကို support လုပ်ပေးတဲ့အတွက် programmer တွေက လွယ်လွယ်ကူကူ learn လုပ်နိုင်တယ် . . .
၃) သူ့မှာ built-in ပါတဲ့ function တွေတော်တော်များတယ် . . . အဲဒီ function တွေကို learn လိုက်ရုံနဲ့ web page တစ်ခုကို လွယ်လွယ်ကူကူနဲ့ဖန်တီးနိုင်တယ်. . .
၎) asp.net က restrict များတယ် . . . . သူပေးထားတဲ့ဘောင်နဲ့လိုက်လျောညီထွေဖြစ်အောင် ရေးရတယ်. . .
အချုပ်ပြောရရင်တော့သုံးရစွဲရလွယ်ကူတယ် . . . page design လေးတွေလဲ စိုစိုပြည်ပြည်နဲ့ လှတယ် . .
ဒါပေမယ့် server ကို processing လုပ်ရတာ များတဲ့အတွက် performance ကျတယ်လို့ပြောလို့ရတယ် . . .

Php ကကျတော့ . . .
၁) html tag, javascript တွေများများသုံးရတယ် . . .
၂) php ကို learn မယ်ဆိုရင် javascript ကိုတော့တော်တော်သုံးနိုင်မှ web page က မြိုင်မယ် ..
၃) php က open source ဖြစ်တဲ့အတွက် နည်းနည်းလောက်ခက်လာရင် internet ပေါ်တက်ရှာလိုက်ရုံပဲ . . :8:
၎) php က လွတ်လွတ်လပ်လပ် create လုပ်လို့ကောင်းတယ် . . . ကိုယ် idea ရှိရင်ရှိသလို စိတ်ကြိုက်ကွန့်လို့ရတယ် . .
php က html တွေ၊ javascript တွေ စတဲ့ client site script တွေကိုများများသုံးပြီး လိုအပ်တဲ့အချိန်မှ server ကို process လုပ်လို့ performance မြန်တယ် . . . သူ့ရဲ့ page design ကတော့ နည်းနည်းခြောက်ကပ်ကပ်နိုင်သလိုပဲ . .(မြတ်ထင်တာကိုပြောတာနော်):11:

မြတ်ကိုယ်တိုင်ကတော့ php နဲ့ရေးရတာကို ပိုကြိုက်ပါတယ် . . . . php က စဉ်းစားရတာပိုလွတ်လပ်တယ်လို့ထင်လို့ပါ . .

မြတ်ပြောသွားတဲ့အထဲမှာ အမှားအယွင်းလိုအပ်ချက်တွေပါရင် ခွင့်လွှတ်ပါလို့ . . .
ဘာကိုမှ reference မလုပ်ဘဲ ကိုယ့်အတွေ့အကြုံလေးနဲ့ ကိုယ့်အယူအဆကိုပဲပြောသွားတာမို့လို့ အယူအဆချင်းမတူရင်မြတ်ကိုခွင့်လွှတ်ပါ . . . မှားတာရှိလဲ ထောက်ပြပါနော် . . .

ကျေးဇူး

မြတ်

taungporthar 11-11-2008 12:56 PM

ပြန်စာ - php and asp
 
မြတ် ပြောသလို ဆိုရင် PHP က ASP ထက် ပိုကောင်းတယ်ပေါ့....ကျေးဇူး အရမ်းကိုတင်ပါတယ်ခင်ဗျာ..နောက်လည်း မသိရင် မေးပါဦးမယ်...ASP က Microsoft ကထုတ်တာဆိုတော့ Restrict များတာပေါ့...နောက်ပြီး သူ့ရဲ့ IIS Server လည်း အလားကား မရဘူးလို့ပြောတယ်...PHP မှာကြတော့ Apache server က သုံးရတာ အရမ်း အဆင်ပြေတယ်နော်...မြတ် ကို ကျေးဇူး အရမ်းတင်ပါတယ် ခင်ဗျာ...

taungporthar 11-11-2008 01:05 PM

ပြန်စာ - php and asp
 
$_GET['varname']
$_POST['varname']
$_SESSION['varname']
$_COOKIE['varname']
$_REQUEST['varname']
ဥပမာ တစ်ခုစီ နဲ့ ဘယ်လိုနေရာတွေမှာ သုံးတာလည်း လို့ ရှင်းပြပါဦး...နည်းနည်း လေး ရောနေလို့....ပုံစံ က နည်းနည်း ဆင်တော့ နားမလည် ဘူး ဖြစ်နေတယ် လုပ်ပါဦး အစ်ကို အစ်မ များ....

မြတ်ဘုန်းမို 15-11-2008 11:08 AM

ပြန်စာ - php and asp
 
မြတ် connection မကောင်းလို့ ခွဲပြီးတင်ပေးမယ်နော် . . . .

$_GET['varname'] ဆိုတာက
url ကနေပေးလာတဲ့ variable ရဲ့ value ကိုပြန်ခေါ်တာ . . . .
ဥပမာ .....

မြတ်က page(2) ကိုသွားမယ်ဆိုပါစို့ . . . .

thispage(url name)?page=2 လို့ address bar မှာပေးလိုက်မယ်ဆိုရင် .. . .

မြတ်တို့က 2 ဆိုတဲ့ value ကို ပြန်လိုချင်တဲ့အခါ . . .
$_GET['page'] နဲ့ဖမ်းရတယ် . . .

echo $_GET['page'];

လို့ရိုက်ကြည့်လိုက်မယ်ဆိုရင် 2 လို့မြင်ရတယ် . . . .

မြတ် connection လည်းမကောင်းလို့ နည်းနည်းလည်းမအားလို့ ခွဲပြီးတင်ပေးမယ်နော် . . . .


မြတ်

မြတ်ဘုန်းမို 15-11-2008 12:49 PM

ပြန်စာ - php and asp
 
$_POST['varname'] ဆိုတာက တော့
submit button နဲ့တွဲသုံးတယ်လို့ပြောရမလား . .. .
ဥပမာ -
<?php
if(isset($_POST['btnsubmit']))
{
echo $_POST['txtname'];
}
?>
<html>
<head>
</head>
<body>
<form method="POST">
<input type="text" name="txtname" value="">
<input type="submit" name="btnsubmit" value="Click Me">
</form>
</body>
</html>

ဆိုတဲ့ coding တစ်ခုဆိုပါစို့ . . . .

၁) if(isset($_POST['btnsubmit'])) ဆိုတာက btnsubmit post ဖြစ်သလားလို့ စစ်တာပါ . . .
၂) post ဖြစ်တယ်ဆိုရင် txtname က post လာတဲ့ value ကို
echo နဲ့ရိုက်ပြခိုင်းရင် . . . . txtname က post လာတဲ့ value ကိုမြင်ရမှာပါ . . .


မြတ်

မြတ်ဘုန်းမို 21-11-2008 03:32 PM

ပြန်စာ - php and asp
 
$_SESSION('varname')
ဆိုတာကတော့ အလွယ်ပြောရင် -
ဥပမာ - myanmar family ထဲကို မြတ်က ၀င်လာပြီဆိုပါတော့ . . .
မြတ်ရဲ့ user name နဲ့ password ကိုသိမ်းထားမယ် . . . မြတ်က logout မလုပ်မချင်းသိမ်းထားမှာနော် . . .
အဲလိုမျိုး ဘယ်page ကိုပဲ load လုပ်လုပ် data တွေကိုသိမ်းထားချင်တယ်ဆိုရင် . . . မြတ်တို့က $_SESSION ('variable') ကိုသုံးရပါတယ် . . .
အဲဒီ session ထဲမှာ variables, objects, strings ဘာပဲဖြစ်ဖြစ်သိမ်းထားလို့ရတယ် . . .
class တစ်ခုလုံးကိုတောင်သိမ်းထားလို့ရပါတယ် . . .
session ကိုသုံးမယ်ဆိုရင် php မှာ မသုံးခင် .
session_start(); လို့ကြေညာပေးရပါတယ် ....
ဥပမာ -
<?php
session_start();
$save_this_one = 19;
$_SESSION[‘save_this’] = $save_this_one;
?>

ဆိုပြီးဒီဘက် page မှာမြတ်တို့က ကြေညာထားပေးတယ်ဆိုရင် . . .
ဒီ session ကို ပြန်ခေါ်သုံးချင်တဲ့နေရာမှာ . .

<?php
session_start();
$saved_from_prev_page = $_SESSION[‘save_this’];
......
?>

အဲဒါဆိုရင် $saved_from_prev_page ဆိုတဲ့ variable ထဲမှာ session ထဲက value ရှိနေပြီ .. . .
မြတ်တို့ က echo $saved_from_prev_page; လို့ရိုက်ကြည့်လိုက်မယ်ဆိုရင် . . . 19 လို့မြင်ရမှာပါ. . . အဲဒီ session ကို သုံးဖို့မလိုတော့ဘူးဆိုရင် . .
unset($_SESSION('save_this');
လို့ပြန်ဖျက်ပေးရပါမယ် . . .
ဒါမှမဟုတ် မြတ်တို့က session တွေကို အများကြီးသုံးထားတယ်ဆိုရင်
အဲဒီ session တွေအားလုံးကိုဖျက်မယ်ဆိုရင်
session_destroy(); ကိုသုံးပေးရပါမယ် . .
session_unset( ); လို့သုံးရင်လည်းရပါတယ်.....

example - login.php

<?php
session_start( );
$_SESSION['username'] = $txtusername;
$_SESSION['password'] = $txtpassword;
....
...
...
?>

at logout.php
<?php
session_start( );
...
...
...
session_destroy( );
?>

မြတ်

မြတ်ဘုန်းမို 21-11-2008 07:58 PM

ပြန်စာ - php and asp
 
$_COOKIE['varname'] ဆိုတာကတော့ မြတ်တို့ရဲ့ private data တွေကို hard disk မှာ တစ်နေရာစာသွားသိမ်းပေးထားတာပါ . . . မြတ်တို့ login ၀င်လိုက်ရင် remember your account? လို့မေးတာဟာ . . . မင်းရဲ့ hard disk ထဲမှာ မင်းရဲ့ ဒီ web site နဲ့သက်ဆိုင်တဲ့ private data တွေကိုသိမ်းမလားလို့မေးတာပါ . . .
$_SESSION နဲ့ ဘာကွာလဲဆိုတော့ $_SESSION က browser ပိတ်လိုက်တဲ့အခါမှာ close ဖြစ်သွားပါတယ် . .. ဘာကြောင့်လဲဆိုတော့ $_SESSION က host မှာသိမ်းလို့ပါ . . . $_COOKIE ကတော့ ကိုယ့်ရဲ့ hard disk မှာသိမ်းတဲ့အတွက် browser ပိတ်သော်လည်း ပျက်မသွားပါဘူး . . . clear private data မှာ Cookie ကိုဖျက်ပါလို့ပြောမှသာလျှင်ဖျက်ပါတယ် . . . ဒါပေမယ့် user က setting မှာ cookie တွေကိုမသိမ်းပါဘူးလို့ပြောထားရင်လည်း cookie ကိုသုံးလို့မရနိုင်ပါဘူ . . . ဒါမှမဟုတ် cookie ဟာ အလုပ်မလုပ်ပါဘူ. . .
cookie ကို ဒီလိုသုံးပါတယ် . .
အရင်ဆုံး cookie ကို set လုပ်လိုက်မယ် . ..
-
<?php
setcookie("user", "Alex Porter", time()+3600);
?>

ပြီးတော့ cookie ထဲက value ကို ဒီလို ပြန်ရိုက်ပြမယ် .....
-
<html>
<body>

<?php
if (isset($_COOKIE["user"]))
echo "Welcome " . $_COOKIE["user"] . "!<br />";
else
echo "Welcome guest!<br />";
?>

</body>
</html>

$_REQUEST ကတော့ $_GET သုံးတဲ့ပုံစံနဲ့ အတူတူပါပဲ . . .


မြတ်ပြောသွားတဲ့ထဲမှာ အမှားအယွင်း၊ လိုအပ်တာများရှိရင်ထောက်ပြပါနော် . .
အားလုံးကို ကျေးဇူးတင်ပါတယ် ..

မြတ်

taungporthar 23-11-2008 06:14 AM

ပြန်စာ - php and asp
 
Quote:

Originally Posted by မြတ်ဘုန်းမို (Post 110570)
$_COOKIE['varname'] ဆိုတာကတော့ မြတ်တို့ရဲ့ private data တွေကို hard disk မှာ တစ်နေရာစာသွားသိမ်းပေးထားတာပါ . . .
...............................
...............................................

မြတ်ပြောသွားတဲ့ထဲမှာ အမှားအယွင်း၊ လိုအပ်တာများရှိရင်ထောက်ပြပါနော် . .
အားလုံးကို ကျေးဇူးတင်ပါတယ် ..

မြတ်

ဟိုင်း မြတ်.....

မရောက်ဖြစ်တာနဲ့ မြတ် တင်လိုက်တဲ့ ပိုစ့် တွေ ကို မဖတ်နိုင်ဘူး ဖြစ်နေတာ။အခုမှ ဘဲ ဖတ်ဖြစ်တော့တယ်။ကျတော့ အဖို့ နားမလည် နိုင်တာ ကို ရှင်းပြ ပေးတဲ့ မြတ် ကို ကျေးဇူး အရမ်းတင် ပါတယ် ခင်ဗျာ။အခု နည်းနည်းတော့ နားလည် လာပြီ။ ဆက်ပြီးလေ့လာဦးမယ်ဗျာ။မြတ်နဲ့ ဆက်သွယ်လို့ ရနိုင်မလား။
My Email

toat 26-11-2008 01:06 PM

ပြန်စာ - php and asp
 
php languageနဲ့ ရေးချင်လို့ wamp ဆိုတဲ့server ကိုတင်လိုက်ပါတယ်.ဒါပေမယ့် ဘယ်လိုpost လုပ်ပြီး run ရမလဲဆိုတာမသိလို့ပြောပြကြပါခင်ဗျာ------:7::7::7:

ကိုဦး 26-11-2008 03:28 PM

ပြန်စာ - php and asp
 
ကျေးဇူးပဲအမ ...
ဆက်လက်ပြီ ဖေၞပြပေးပါအုန်း ...
အမသိတဲ့ အကြောင်းလေးတွေကိုပေါ့ ...
ကျွန်တော်လည်း လေ့ လာဆဲဆိုတော့ ၀င်ရောက်ဆွေးနွေးနိုင်မှာမဟုတ်ဘူး ....
သူများဆွေးနွေးမှပဲသိရမှာ ..း))))

မြတ်ဘုန်းမို 04-12-2008 02:06 PM

ပြန်စာ - php and asp
 
ကျေးဇူးတင်ပါတယ် . . . .
မြတ်က သိသလောက်ပြောပြချင်ပါတယ် . . .
တခါတလေ ဘယ်က စပြောရမှန်းမသိလို့ပါ . .
မေးတဲ့သူရှိရင်တော့ မြတ် တတ်သလောက်၊ မှတ်သလောက် ပြောပြပါ့မယ် . .
အခုလို အားပေးတဲ့ ကိုဦးကိုလည်း ကျေးဇူးတင်ပါတယ် . . . . .

မြတ်

zawnaingxxx 04-12-2008 05:07 PM

ပြန်စာ - php and asp
 
ကျွန်တော့ ကိုလဲကူညီပါဦး
ကျွန်တော်ကPHP စလေ့လာနေပြီး Web site တခု စမ်းရေးကြည့်နေပါတယ်.... အဲဒီ့ မှာ Search (Web search) ဘယ်လိုများ လုပ်နိုင် (ရေးရ) ပါလဲ ... ရှင်းပြ လို့ရရင် ရှင်းပြပေးပါနော်... မြတ်ရဲ့ ရှင်းလင်းချက်တွေက ကောင်းလို့ ပါ...
ကျေးဇူး အထူးပါ..

runner.zaw@gmail.com
Quote:

Originally Posted by မြတ်ဘုန်းမို (Post 113061)
ကျေးဇူးတင်ပါတယ် . . . .
မြတ်က သိသလောက်ပြောပြချင်ပါတယ် . . .
တခါတလေ ဘယ်က စပြောရမှန်းမသိလို့ပါ . .
မေးတဲ့သူရှိရင်တော့ မြတ် တတ်သလောက်၊ မှတ်သလောက် ပြောပြပါ့မယ် . .
အခုလို အားပေးတဲ့ ကိုဦးကိုလည်း ကျေးဇူးတင်ပါတယ် . . . . .

မြတ်


code4freedom 05-12-2008 03:35 AM

ပြန်စာ - php and asp
 
Quote:

Originally Posted by မြတ်ဘုန်းမို (Post 110570)

$_REQUEST ကတော့ $_GET သုံးတဲ့ပုံစံနဲ့ အတူတူပါပဲ . . .


မြတ်

$_REQUEST ကိုသုံး၇င် $_GET , $_POST variables တွေအားလုံးကိုမြင်၇ပါလိမ့်မယ်......

ဆိုလိုတာက GET method နဲ့ပို့ပို့ POST နဲ့ပဲပို့ပို့ တွေ့၇ပါလိမ့်မယ်

မြတ်ဘုန်းမို 05-12-2008 03:20 PM

ပြန်စာ - php and asp
 
Quote:

Originally Posted by zawnaingxxx (Post 113107)
အဲဒီ့ မှာ Search (Web search) ဘယ်လိုများ လုပ်နိုင် (ရေးရ) ပါလဲ ... ရှင်းပြ လို့ရရင် ရှင်းပြပေးပါနော်...
runner.zaw@gmail.com

အားပါးပါး . . . အစ်ကို ရေ . .
မြတ်က အရမ်းခက်ရင်တော့ မသိဘူးနော် . . . .
နည်းနည်းပါးပါးပဲသိတာ . . .
အစ်ကိုပြောတာက search engine လိုမျိုးတခြား site တွေကပါ ရှာချင်တာလား . . . .
ကိုယ့် site မှာတင်ထားတဲ့ post တွေထဲကပဲရှာချင်တာလား . . .
ဘယ်လိုမျိုးလဲ . . .
ကိုယ့် site ရဲ့ post တွေထဲကပဲရှာချင်ရင်တော့ query ရေးပြီးရှာလို့ရပါတယ် . . .
အရမ်းအကြီးကြီးဆိုရင်တော့ မြတ်မသိဘူးနော် . . ။


မြတ်

မြတ်ဘုန်းမို 05-12-2008 03:25 PM

ပြန်စာ - php and asp
 
Quote:

Originally Posted by code4freedom (Post 113181)
$_REQUEST ကိုသုံး၇င် $_GET , $_POST variables တွေအားလုံးကိုမြင်၇ပါလိမ့်မယ်......

ဆိုလိုတာက GET method နဲ့ပို့ပို့ POST နဲ့ပဲပို့ပို့ တွေ့၇ပါလိမ့်မယ်

ဟုတ်ကဲ့အစ်ကို . . .
အခုလိုပြောပြပေးတာ အများကြီးကျေးဇူးတင်ပါတယ် . . ..

မြတ်တစ်ခုလောက်မေးချင်လို့ . . .

IIS server မှာ ကိုယ့် url ကို user တွေကိုပေးမမြင်စေချင်ဘုးအစ်ကို . . . .
ဘယ် page ကို ပဲ run run၊ index.php လို့ပဲပေါ်စေချင်တယ် . . . .
အဲဒါ ဘယ်လိုလုပ်ရပါ့မလဲ . . . .
apache မှာတော့ option index ကို on/of လုပ်ပေးလို့ရတယ်ဆိုတာဟုတ်ပါသလား . . . .

ကျေးဇူး

မြတ်

zawnaingxxx 06-12-2008 04:27 PM

ပြန်စာ - php and asp
 
ဖြေပေးတဲ့ အတွက်ကျေးဇူးပါ...
အခြား Site တွေ မဟုတ်ပါဘူး... ကိုယ်ရေးထားတဲ့ Site အတွင်းမှာပါ....search လုပ်လိုက်လို့ ရလာတာတွေကိုLink ပါရစေချင်တာပေါ့ဗျာ... ရရင်ဖြေပေးပါဦးနော်

ကျေးဇူးပါ

Quote:

Originally Posted by မြတ်ဘုန်းမို (Post 113258)
အားပါးပါး . . . အစ်ကို ရေ . .
မြတ်က အရမ်းခက်ရင်တော့ မသိဘူးနော် . . . .
နည်းနည်းပါးပါးပဲသိတာ . . .
အစ်ကိုပြောတာက search engine လိုမျိုးတခြား site တွေကပါ ရှာချင်တာလား . . . .
ကိုယ့် site မှာတင်ထားတဲ့ post တွေထဲကပဲရှာချင်တာလား . . .
ဘယ်လိုမျိုးလဲ . . .
ကိုယ့် site ရဲ့ post တွေထဲကပဲရှာချင်ရင်တော့ query ရေးပြီးရှာလို့ရပါတယ် . . .
အရမ်းအကြီးကြီးဆိုရင်တော့ မြတ်မသိဘူးနော် . . ။


မြတ်


code4freedom 08-12-2008 08:18 PM

ပြန်စာ - php and asp
 
မြတ်မေးတာ Directory browsing ကိုပိတ်တာလား။

for example, if you type http://yourdomain.com/images/ , then if you are seeing all files list in the browser,,,,, then your directory browsing(indexing) is on. If your indexing is off, it will say "access denied". You will not see any files. You could do it from IIS's control panel. There is a check mark called "Directory browsing". Just take it off.

မေးတာနဲ့ ဖြေတာကိုက် မကိုက်တော့မသိဘူး ။ အဲဒါမဟုတ်၇င် sorry ပါ။ Server configuration တွေသိပ်မသိသေးပါဘူး။ အလုပ်ထဲမှာတော့ server admin ကလုပ်ပေးပါတယ်။အကိုတို့မလုပ်ရပါဘူး။
Apache + Linux ကိုပဲသုံးရတာများပါတယ်။

Quote:

Originally Posted by မြတ်ဘုန်းမို (Post 113261)
ဟုတ်ကဲ့အစ်ကို . . .
အခုလိုပြောပြပေးတာ အများကြီးကျေးဇူးတင်ပါတယ် . . ..

မြတ်တစ်ခုလောက်မေးချင်လို့ . . .

IIS server မှာ ကိုယ့် url ကို user တွေကိုပေးမမြင်စေချင်ဘုးအစ်ကို . . . .
ဘယ် page ကို ပဲ run run၊ index.php လို့ပဲပေါ်စေချင်တယ် . . . .
အဲဒါ ဘယ်လိုလုပ်ရပါ့မလဲ . . . .
apache မှာတော့ option index ကို on/of လုပ်ပေးလို့ရတယ်ဆိုတာဟုတ်ပါသလား . . . .

ကျေးဇူး

မြတ်


unlimited 12-12-2008 06:47 AM

ပြန်စာ - php and asp
 
Quote:

example - login.php

<?php
session_start( );
$_SESSION['username'] = $txtusername;
$_SESSION['password'] = $txtpassword;
....
...
...
?>

at logout.php
<?php
session_start( );
...
...
...
session_destroy( );
?>
Dear sis, is it call Session Control for web page ? If it is, i wanna learn how the code is look like. So can u upload the whole source code for Session Control ? I really appreciate all of ur posts. Thanks A lot.
(I m using computer from school libiary, that's why i cant type in burmese. Sorry for inconvinience case.)

code4freedom 12-12-2008 08:59 PM

ပြန်စာ - php and asp
 
Hi all,

Myat's post about sessions is actually perfect.

If someone still wants to learn with sample source code, please go to http://php.codenewbie.com/articles/p...ns-Page_1.html

That tutorial is very simple and clean. It shows you how to check user name and password against your user table in database, and assign to session variables, reuse in another page.

It is just a beginner tutorial, so there will be no error handling, preventing sql injection attacks, etc....


If you can't go there for some reasons, for example, your ISP banned that site, let me know and I will copy and paste all codes in here.

မြတ်ဘုန်းမို 15-12-2008 10:46 AM

ပြန်စာ - php and asp
 
Quote:

Originally Posted by code4freedom (Post 113782)
မြတ်မေးတာ Directory browsing ကိုပိတ်တာလား။

ဟုတ် . . . အဲလိုလဲပိတ်ချင်တယ် . . . ပြီးတော့ ဘယ် file ကိုပဲဖွင့်ဖွင့် သူ့ရဲ့ url မှာ index.php လို့ပဲမြတ်က ပေါ်ချင်တာ . . . . ဥပမာ . . . www.mydomani.com/home/home.php ဆိုရင် မြတ်က www.mydomain.com/home/index.php အဲလိုပဲပေါ်ချင်တာ . . . .
အဲလိုလုပ်လို့ရလားဟင် . . . . . ဖြေပေးတာ ကျေးဇူးပါအစ်ကိုရေ . . .

မြတ်

code4freedom 16-12-2008 12:44 AM

ပြန်စာ - php and asp
 
မြတ်ဘာကြောင့်အဲလိုလုပ်ချင်တာလဲ သိပ်နားမလည်ဘူး။ တစ်ခုရှိတာက တော့ Apache မှာ
URL REWRITING ဆိုတာရှိပါတယ်။ IIS မှာမရဘူးထင်တယ်။
For example,
your file on your site:
http://yourdomain.com/product_info.p...category_id=22

But your visitors can access to your file as follows:
http://yourdomain.com/products/2/22
or another example, http://yourdomain.com/products.html,2,22
( you can also change your file's extension for the visitors although your actual file name is product_info.php)

Purpose of doing that url rewriting is to get "search engine friendly urls and they are easy to remember, and less security risk". ဘာကြောင့်သုံးကြလဲဆိုတာရှိအုံးမှာပါ။ သိသလောက်ပြောပြတာပါ။
Website တွေရေးရင် search engine တွေမြန်မြန်ကိုယ့်ဆိုက်ကိုတွေ့ရင် ပိုကောင်းမှာပါ။

.htaccess file မှာ ၀င်ရေးရပါတယ်၊ ရေးတာမှားရင် ဆိုက်တစ်ခုလုံးမတက်တော့ပါဘူး။

http://www.alistapart.com/articles/urls/
http://www.htmlist.com/how-to/a-simp...rite-tutorial/
http://www.seoconsultants.com/articles/1000/urls.asp

Hope it helps.

code4freedom 16-12-2008 01:14 AM

ပြန်စာ - php and asp
 
ASP.NET ကောင်းတာတွေရှိသလို php ကလဲ စိတ်ဝင်စားစရာကောင်းပါတယ်။ အစ်ကိုအရင်တုံးက internet email တစ်ခုကိုသုံးလို့မရပါဘူး။ ထုံးစံပဲ။ သိမှုာပါ။

အဲဒီတုံးက asp ကိုသုံးနေပါတယ်။ free asp hosting တွေမှာ အစ်ကို့ရဲံ email ဖတ်တဲ့page တွေကိုတင်ကြည့်ပါတယ်။ အဲဒီတုံးက asp နဲ့ POP3 port ကိုဖတ်လို့မရပါဘူး။ third party software လိုပါတယ်။

ဒါနဲ့ php ကို သွားတွေ့ပါတယ်။ php မှာ fsockopen function ကိုတွေ့သွားပါတယ်။ အဲဒါကိုသုံးပြီး အကို့ email တွေကို read/send လုပ်လို့ရသွားပါတယ်။ အဲဒီတုံး က POP3 ကို ပိတ်ထားတယ်လေ။ အဲဒီတော့ အကို့ရဲ့ php file တွေကို free php hosting တစ်ခုကို တင်ပြီး တဆင့်ဖတ်ခိုင်းလိုက်တာပါ။ အဲဒီကစပြီး အကိုနဲ့ php "fall in love" ဖြစ်သွားတာပါ။ ကြုံလို့ပြောပြတာပါ။ ဘာမှတော့မဆိုင်ပါဘူး။

Site design ကတော့ designer နဲ့ပဲဆိုင်ပါတယ်။ ASP or PHP ဘာပဲသုံးသုံးပါ။
design resources တွေအများကြီးရှိပါတယ်။

http://www.smashingmagazine.com/
http://www.webresourcesdepot.com/
http://www.noupe.com/
http://ajaxrain.com/ -->(interesting ajax javascripts)

မြတ်ဘုန်းမို 16-12-2008 08:54 AM

ပြန်စာ - php and asp
 
Quote:

Originally Posted by code4freedom (Post 115189)
မြတ်ဘာကြောင့်အဲလိုလုပ်ချင်တာလဲ သိပ်နားမလည်ဘူး။ တစ်ခုရှိတာက တော့ Apache မှာ
URL REWRITING ဆိုတာရှိပါတယ်။ IIS မှာမရဘူးထင်တယ်။

မြတ်က အစ်ကိုရယ် . . . မြတ်ရေးမယ့်ဆိုဒ်ကို account ပေးရောင်းမှာ . . . . application site ကလေး လိုမျိုးပေါ့ . . . မြန်မာနိုင်ငံထဲက လူတွေပဲသုံးမှာပါ . . . မြတ်ရဲ့ဆိုဒ်ကို လူတစ်ယောက်က account ၀ယ်ထားတယ် ဆိုပါတော့ . . . . တခြားတစ်ယောက်က လာကြည့်ရင် ပေးမမြင်ချင်ဘူး . . . . browser တွေရဲ့ history မှာကျန်ခဲ့တဲ့ url ရဲ့ name ကိုလည်း ဒီurl ပဲဖြစ်စေချင်တာ . . . မြတ်ရဲ့ security အတွက်ပဲအစ်ကိုရယ် . . . search engin တွေနဲ့လည်းရှာမတွေ့စေချင်ဘူး . . . . ပြောရရင် မြတ်သုံးစေချင်တဲ့လူတွေကလွဲလို့ မြတ်ရဲ့ဆိုဒ်ကို ဘယ်သူ့ကိုမှပေးမတွေ့စေချင်ဘူး . . . အဲလိုမျိုး . . .:8:
apache မှာရရင်တော့ မြတ် apache နဲ့ပဲစမ်းကြည့်လိုက်ဦးမယ် . . . တိုးတိုးလေးပြောရရင် . . . . . မြတ်က programmer သက်က (၁)နှစ် . . . php ရေးသက်က (၆) လပဲရှိသေးတာအစ်ကိုရဲ့ . . .
ပြောပြပေးတာအားလုံးအတွက်ကျေးဇူးတင်ပါတယ် . . . . နောက်အားရင်လဲ . . . မြတ်တို့လို learner လေးတွေဗဟုသုတရမယ့် အကြောင်းလေးတွေပြောပြပေးပါဦးနော် . . .


မြတ်

မြတ်ဘုန်းမို 16-12-2008 10:07 AM

ပြန်စာ - php and asp
 
Quote:

Originally Posted by zawnaingxxx (Post 113483)
အခြား Site တွေ မဟုတ်ပါဘူး... ကိုယ်ရေးထားတဲ့ Site အတွင်းမှာပါ....search လုပ်လိုက်လို့ ရလာတာတွေကိုLink ပါရစေချင်တာပေါ့ဗျာ
ကျေးဇူးပါ

အစ်ကိုရေ . . .
မြတ်ရှင်းပြမလို့ပါပဲ . . . မြတ် မအားလို့ပါ . . . .
link ပဲရှာပေးလိုက်တယ်နော် . . . .
စမ်းကြည့်လိုက်ပါဦး . .

ဒီမှာ ....

မြတ်

code4freedom 17-12-2008 11:17 PM

ပြန်စာ - php and asp
 
င်္For that kind of thing, I think just control with authentication.
Even some people can see in history, they can't view the pages without correct login/password. IF password is wrong, redirect them to index page ( or home page, or whatever page you want them to see..).

It's taking too much time for me when I try to type in burmese. That's why I use English most of the time. Still trying to type in burmese faster and correctly :4:

I am a learner as well, as long as we are still alive, we have to keep on learning...... especially in IT, technology is really moving fast. I'd like to share the stuffs I know, so I will help if I can, otherwise, I will look for the answer (mostly googling ) and drop it in here as soon as possible.




Quote:

Originally Posted by မြတ်ဘုန်းမို (Post 115236)
မြတ်က အစ်ကိုရယ် . . . မြတ်ရေးမယ့်ဆိုဒ်ကို account ပေးရောင်းမှာ . . . . application site ကလေး လိုမျိုးပေါ့ . . . မြန်မာနိုင်ငံထဲက လူတွေပဲသုံးမှာပါ . . . မြတ်ရဲ့ဆိုဒ်ကို လူတစ်ယောက်က account ၀ယ်ထားတယ် ဆိုပါတော့ . . . . တခြားတစ်ယောက်က လာကြည့်ရင် ပေးမမြင်ချင်ဘူး . . ......

မြတ်


ညီနေမင်း 02-06-2009 08:45 AM

ပြန်စာ - php and asp
 
မြတ်ဘုန်းမို ရေ ဖြစ်နိုင်မယ်ဆိုရင် အခြေခံကစပြီးတော့ သင်ပေးတာ ပိုအဆင်ပြေမလားလို့ ... ကျွန်တော်တို့က ဒီဖက်အပိုင်းတွေမှာကျတော့ လက်လှမ်းမမီသေးဘူးဗျ .. ဖြစ်နိုင်ရင် မမြတ်ဘုန်းမိုတို့ သင်ခဲ့ရသလို အခြေခံကနေစပြီး သင်ပေးရင်တော့ အရမ်းကောင်းမှာပဲ .. ဘာဖြစ်လို့လဲဆိုရင် နောက်အဖွဲ့ဝင်အသစ်တွေလဲ တစ်ခါတည်း ၀င်ဖတ်လို့ရတာပေါ့ .. ကျေးဇူးအများကြီးတင်ပါတယ် မြတ်ဘုန်းမို

thurein53 16-11-2012 06:55 PM

ပြန်စာ - php and asp
 
မဂ်လာပါခဗျာ ကူညီကြပါအုံးခဗျာ<html>
<body>
<form action="now.php" method="POST" enctype="multipart/form_data">
Filename:<br><input type="text" name="name"><br/>

Extension:<br><input type="text" name="extension"><br/>
Words:<br><input type="text" name="word"><br/>
<input type="reset" value="Reset"><br/>
<input type="submit" value="Submit">
</form>
</body>
</html>
ဒီ html script နဲ့
<html>
<body>
<form action="now.php" method="POST" enctype="multipart/form_data">
Filename:<br><input type="text" name="name"><br/>

Extension:<br><input type="text" name="extension"><br/>
Words:<br><input type="text" name="word"><br/>
<input type="reset" value="Reset"><br/>
<input type="submit" value="Submit">
</form>
</body>
</html>
ကိုရေးပြီ php script နဲ့
html >name မှာ ဖိုင်နာမည်
့html>extension မှာ txt or php
့html> word မှာ လိုချင်တဲ့ စာလုံးရဲ့ ရှေ့ဆူံးစာလုံးရိုက်လိုက်တာနဲ့
စာပိုဒ်တစ်ပိုဒ်မှာရှိတဲ့ ကိုယ်ရိုက်လိုက်တဲ့ စာလုံးနဲ့ဆိုင်ရာတွေကိုoutput ထုက်ပေးအောင်ဘယ်လို php script ရေးရမလဲ ခဗျာ~~ဥပမာ html> word ဘောက်ထဲမှာ pro လို့ရိုက်ထည့်လိုက်တယ်ထား စားပိုဒ်ထဲက pro နဲ့စတဲ့ စာလုံး process ,project , production စသည်ဖြင့် အကုန်လုံးကိုoutput ထုတ်ပေးတာကိုပြောတာပါခဗျာ~~
php script ဘယ်လိုရေးရမယ်ဆိုတာကို ဆွေးနွေးပေးကြပါခဗျ ~~ ကျွန်တော်ကလဲ လေ့လာတာ အခုမှ တစ်လလောက်ပဲရှိပါသေးတယ် ဘာမှမသိသေးပါခဗျာ~~

thurein53 16-11-2012 09:53 PM

ပြန်စာ - php and asp
 
Quote:

Originally Posted by taungporthar (Post 108910)
$_GET['varname']
$_POST['varname']
$_SESSION['varname']
$_COOKIE['varname']
$_REQUEST['varname']
ဥပမာ တစ်ခုစီ နဲ့ ဘယ်လိုနေရာတွေမှာ သုံးတာလည်း လို့ ရှင်းပြပါဦး...နည်းနည်း လေး ရောနေလို့....ပုံစံ က နည်းနည်း ဆင်တော့ နားမလည် ဘူး ဖြစ်နေတယ် လုပ်ပါဦး အစ်ကို အစ်မ များ....

ကျွန်တော်လဲ လေ့လာတာ တစ်လ မပြည့်သေးပါဘူးသိသလိုလေးပြန်ပြောပြတာပါ ~~နားလည်သလိုလေးပေါ့~~ $_POST/GET/REQUEST['name'];ဆိုတာက တူပါတယ်~~html formက
နေပို့လာတဲ့ data ကို ဖမ်းတာပါ~~ ဥပမာ ဖောင်လေးရေးပြလိုက်ပါ့မယ်
<html>
<body>
<form action="welcome.php" method="POST">//postနေရာမှာ get ,requestရေးလဲတူပါတယ်
Username:<br><input type="text" name="name"><br/>
Password:<br><input type="text" name="password"><br/>
<input type="submit" value="Submit">
</form>
</body>
</html>
//php script
ဒါလေးကိုတော့ welcome.php နဲ့save ရပါမယ်
<?php
echo $_POST['name'];
echo $_POST['password'];
?>
post,request ,get က ဒီလိုနေရာတွေမှာသုံးပါတယ်~~


$_SESSION['varname']
$_COOKIE['varname']
ကတော့ ကျွန်တော်သိပ်နားမလည်သေးပါဘူး မလေ့လာရသေးပါဘူး သိသလောက်တော့ပြောပြပေးပါ့မယ်
$_session['varname'] ကတော့ data ကို server မှာ ခဏသိမ်းထားတာပါ ဒါပေမယ့် ပိတ်လိုက်တာနဲ့
အားလုံးဟာdelete ဖြစ်သွားပါတယ်~~

$_COOKIE['varname']
ကတော့ data ကို hard disk ထဲကိုပဲ သိမ်းထားတာဖြစ်တယ်လို့သိရပါတယ်~~ကျွန်တော်လဲအဂ်လိပ်လို့ဖတ်ထားတာဖြစ်တဲ့ အတွက် မလေ့လာရသေးတော့ သိပ်နားမလည်သေးလို့ပါ ~~ မှားလို့ချင်ရင်လဲနားလည်ပေးပါခဗျာ~~:2: ပြင်ပေးလို့ရပါတယ်ခဗျာ~~


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 07:25 PM

မူပိုင်ဆော့ဖ်ဝဲ vBulletin® Version 3.8.0 မှဖြစ်ပြီး
မူပိုင်ခွင့် ©2000 - 2018, Jelsoft Enterprises Ltd ဖြစ်ပါသည်။
မြန်မာပြန်မူပိုင်ခွင့် ©2007, မြန်မာမိသားစု မှဖြစ်ပါသည်။