မြန်မာမိသားစုဖိုရမ်

မြန်မာမိသားစုဖိုရမ် (http://www.myanmarfamily.org/forum/index.php)
-   အထွေထွေဗဟုသုတ (http://www.myanmarfamily.org/forum/forumdisplay.php?f=209)
-   -   သူတို့ပြောတဲ့ အထင်ကရ စကားများ (http://www.myanmarfamily.org/forum/showthread.php?t=27987)

ဆောင်းနက်မယ် 27-07-2017 11:31 AM

သူတို့ပြောတဲ့ အထင်ကရ စကားများ
 
ကိုယ့်အိမ်မက်တွေကို တည်ဆောက်ပါ။ ဒါမှမဟုတ်ရင် တချို့သူတွေက သူတို့အိမ်မက်ကို တည်ဆောက်ဖို့ သင့်ကိုခိုင်းပါလိမ့်မယ်။"
Farrach Gray

"ကံကောင်းခြင်းဆိုတာ ချွေးစက်တွေပါပဲ။ သင် များများချွေးထွက်ရင်၊ သင်များများ ကံကောင်းမယ်"
Ray Kroc

"အောင်မြင်တဲ့သူနဲ့ မအောင်မြင်တဲ့သူကြား အခြားနားဆုံးအချက်က ခွန်အားတွေ၊ အသိဥာဏ်ပညာတွေ မဟုတ်ဘူး။ လုပ်ချင်ကိုင်ချင်စိတ်ပဲ။"
Vince Lombardi

"သင် လမ်းလျောက်တာကို စည်းမျဉ်းစည်းကမ်းတွေနဲ့ သင်ယူခဲ့တာမဟုတ်ဘူးး။ သင် လမ်းလျောက်တာကို လဲပြိုကျမှုတွေက သင်ယူခဲ့တာ။"
Richard Branson

"ကျွန်တော်တို့ထဲက တော်တော်များများက အိမ်မက်တွေနဲ့ အသက်ရှင်ဖို့ မကြိုးစားနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေက အကြောက်တရားတွေနဲ့ အသက်ရှင်နေရလို့ပါ။"
Les Brown

"ကမ္ဘာကြီးအတွက်ကတော့ သင်ဟာ လူတစ်ယောက်ပဲ။ လူတစ်ယောက်အတွက်ကတော့ သင်ဟာ ကမ္ဘာကြီး ဖြစ်နေနိုင်တယ်။"
Brandi Snyder

"သင်လုပ်နိုင်တယ်လို့ ယုံကြည်လိုက်တာနဲ့တင် သင်တစ်ဝက်လောက် လုပ်ပြီးပြီ။"
Theodore Roosevelt

"ကံကောင်းခြင်းဆိုတာ ချွေးစက်တွေပါပဲ။ သင် များများချွေးထွက်ရင်၊ သင်များများ ကံကောင်းမယ်။"
Ray Kroc

"အကောင်းဆုံး လက်စားချေနည်းကတော့ ပြင်းပြင်းထန်ထန် အောင်မြင်ပြလိုက်တာပါပဲ။"
Sean Stephenson

"ဘဝမှာ အကြီးကျယ်ဆုံး ရှာဖွေတွေ့ရှိချက်တစ်ခုကတော့ လူတစ်ယောက်ဟာ သူ့ရဲ့ attitude သဘောထားကို ပြောင်းလိုက်ရုံနဲ့ သူ့ရဲ့အနာဂတ်တစ်ခုလုံးတောင် ပြောင်းသွားနိုင်တယ် ဆိုတာပါပဲ။"
Oprah Winfrey


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 01:33 AM

မူပိုင်ဆော့ဖ်ဝဲ vBulletin® Version 3.8.0 မှဖြစ်ပြီး
မူပိုင်ခွင့် ©2000 - 2018, Jelsoft Enterprises Ltd ဖြစ်ပါသည်။
မြန်မာပြန်မူပိုင်ခွင့် 2007, မြန်မာမိသားစု မှဖြစ်ပါသည်။