Go Back   မြန်မာမိသားစုဖိုရမ်
မြန်မာလက်ကွက်

မြန်မာမိသားစုဖိုရမ်၏ စည်းကမ်းချက်များ။

" မြန်မာ့မိသားစုဖိုရမ် " အသင်းသားများအားလုံးလိုက်နာရန် စည်းကမ်းချက်မျာ:

(၁)ဤဖိုရမ်တွင် နိုင်ငံရေးနှင့် ပတ်သက်သော ပို့စ်များ ၊ တော့ပစ် များ လုံးဝ ( လုံးဝ ) ပိုခွင့်မပြု။ အထက်ပါ စည်းကမ်းကို မလိုက်နာသော အသင်းဝင်သည်Administrator,Moderator များမှ (၃)ကြိမ်တိတိ သတိပေးသည်ကို မလိုက်နာပဲ ဆက်လက် လုပ်ဆောင်ပါက အသင်းသားအဖြစ်မှ ရပ်စဲခြင်းခံရမည်။

(၂)ဖိုရမ်တွင် ညစ်ညမ်းစာသားများ ၊ ဆဲရေးတိုင်းထွာခြင်းများ ၊ ရိုင်းပြစွာ တဦးနှင့်တဦး ပြောဆိုဆက်ဆံခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံသည်။

(၃)ဖိုရမ်တွင် အသင်းသူ အသင်းသားများ၏ ချစ်ကြည်ရင်းနှီးမှုကို ပျက်ပြားအောင် သွေးထိုးလှုံ့ဆော်ခြင်း ၊ ရန်စ ပြောဆိုခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံသည်။မိမိတို့ ဖိုရမ်ကို မကျေနပ်သည်ဖြစ်စေ ၊ ပုဂ္ဂိုလ်တဦးချင်းစီကို မကျေနပ်သည်ဖြစ်စေ သက်ဆိုင်ရာ ဖိုရမ်တာဝန်ရှိသူများကို ပြောဆို တိုင်ကြားခြင်းဖြင့်သာ ဆုံးဖြတ်ကြရန် လိုပါသည်။

(၄)ဖိုရမ်တွင် ဘာသာရေးကို လွတ်လပ်စွာဆွေးနွေးခွင့်ပြုသည်။သို့ရာတွင် မိမိယုံကြည်ကိုးကွယ်ရာသည် တပါးသူ၏ ယုံကြည်ကိုးကွယ်မှုကို စော်ကားရာရောက်သော ၊ ထိခိုက်စေနိုင်သော စကားများပြောဆိုခြင်း ၊ မိမိကိုးကွယ်သော ဘာသာမှအပ အခြားဘာသာများကို နှိမ်ချခြင်း ၊ ကဲ့ရဲ့ပြစ်တင်ခြင်း ၊ ရိုင်းပြစွာဝေဖန်ပြောဆိုခြင်းများကို ပြင်းထန်စွာတားမြစ်ပါသည်။အသင်းဝင်များသည် မိမိတို့ယုံကြည်ကိုးကွယ်ရာကို အခြားဘာသာတူအသင်းဝင်များသို့ပါ ဖြန့်ဝေပေးခြင်း စနစ်ကိုသာလက်ခံပါသည်။

(၅)ဤဖိုရမ်သို့ နည်းပညာဆိုင်ရာ ပို့စ်များကို တင်ပို့သူများသည် အခြားဖိုရမ် ၊ ဆိုဒ်များမှ တိုက်ရိုက် ကူးယူ ပို့ခြင်းများ ပြုလုပ်ခဲ့ပါက မိမိပို့သော Links များကို " Code " ပြုလုပ်ထားရန်လိုသည်။ထို့အပြင်မိမိတို့ Links များယူဆောင်သော ဖိုရမ် ၊ ဆိုဒ်များ၏ လိပ်စာ အပြည့်အစုံကို ပိုစ့်၏ အောက်ဆုံးတွင် ရေးသားပေး၍ မည်သည့်ဆိုဒ် ၊ ဖိုရမ်မှယူကြောင်း ကိုးကားပေးရန် လိုသည်။ဤသည်မှာ ဖိုရမ်တိုင်း လိုက်နာ ကျင့်သုံးကြသော စည်းကမ်းဖြစ်၍ သတိပြုကြရန် ဖြစ်သည်။

(၆)ဤဖိုရမ်တွင် အခကြေးငွေဖြင့် နည်းပညာများ ရောင်းချခြင်း မဟုတ်၍ အမှားအယွင်း ရှိသည်များ ၊ လိုအပ်သည်များကို အေးချမ်းစွာ ဖြေရှင်းခြင်း ၊ ပျော်ရွှင်စွာ လာရောက် လည်ပတ်ခြင်းများဖြင့်သာ ကူညီကြပါရန် မေတ္တာရပ်ခံသည်။

(၇)ဤဖိုရမ်သည် နည်းပညာပြန့်ပွား တိုးတက်ရေးကို အဓိက ဦးတည်ပြီး အသင်းဝင်များ အချင်းချင်း ရင်းနှီးပျော်ရွင်စွာ ရှိစေချင်သောကြောင့် အထက်ပါ စည်းကမ်းချက်များနှင့် လွတ်ကင်းသော မည့်သည့် ကိစ္စ ၊ စကားရပ်များကိုမဆို လွတ်လပ်စွာ ပြောဆိုနိုင်ပါသည်။


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 06:18 PM
Inactive Reminders By Icora Web Design