Go Back   မြန်မာမိသားစုဖိုရမ် » အမြဲမေးနေကျ » မြန်မာမိသားစု အသင်းဝင်များအတွက် အလိုအပ်ဆုံး မေးခွန်းများ
မြန်မာလက်ကွက်

ရှာမယ် ရှာမယ်
ရှာချင်တဲ့စာလုံး(များ)ကို:
ဒီပုံစံအတိုင်း:
ဒီနေရာတွေမှာ:

ဘာကြောင့် Register လုပ်သင့်သလဲ။ ?
ကျွန်တော်တို့ ဖိုရမ်မှာ ပေးထားတဲ့ အခွင့်အရေးတွေကို ပြည့်ဝစွာ အသုံးပြုနိုင်ဖို့ မဖြစ်မနေ Register လုပ်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အက်ဒမင်များ အနေနဲ့လဲ ဒီလို Register လုပ်မှသာလျှင် မိတ်ဆွေတို့ကို အပြည့်အ၀ ယုံကြည်စိတ်ချနိုင်မှာ ဖြစ်ပြီး အသင်းဝင်များရဲ့ လိုအပ်ချက်များကိုပါ ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။ Register လုပ်ပြီးပါက အောက်ပါအချက်အလက်များကို မိတ်ဆွေများ အသုံးပြုနိုင်မည် ဖြစ်ပါသည် -
  • Post new threads ( သရက်ဒ် အသစ်တင်ခြင်း )
  • Reply to other peoples' threads ( အခြားသူများ၏ သရက်ဒ်ကို ပြန်စာပို့ခြင်း )
  • Edit your posts ( မိမိရေးသားထားသော ပို့စ်ကို တည်းဖြတ်ခြင်း )
  • Receive email notification of replies to posts and threads you specify ( မိမိ ၀င်ရောက်ဖတ်ရှုခဲ့သော ပို့စ်များ ၊ သရက်ဒ်များမှ အခြားသူများ၏ ပြန်စာများကို မိမိ email တွင်လက်ခံရရှိနိုင်ခြင်း )
  • Send private messages to other members ( အခြား အသင်းဝင်များထံသို့ လျှို့ဝှက်စာတို ပို့ဆောင်နိုင်ခြင်း )
  • Enter events in the forum calendar ( ဖိုရမ်မှ ပြက္ခဒိန်တွင် မိမိတို့အတွက် အရေးပါသည်များကို မှတ်သားနိုင်ခြင်း )
  • Set up a 'buddy-list' to quickly see which of your friends are currently online (မိမိ၏ အပေါင်းအသင်း ၊ အသိမိတ်ဆွေများ ဖိုရမ်တွင် online ရှိနေ ၊ မနေကို Buddy-list တွင် ထားရှိနိုင်ခြင်း

Register လုပ်ရန်အတွက် မိမိကြိုက်နှစ်သက်ရာ username , password ကိုအသုံးပြုနိုင်ပြီး လက်ရှိမိမိအသုံးပြုနေသော email တစ်ခုကို အသုံးပြုရမည် ဖြစ်သည်။ မိမိဖိုရမ်တွင် အသုံးပြုသော email သို့အခြားသူများမှ Spam လုပ်ခြင်းကို ကာကွယ်ရန်အတွက် သင်၏ email ကို Hide လုပ်ထားနိုင်သည်။ အခြားအသင်းဝင်များမှ သင့်ထံသို့ ဖိုရမ်မှတဆင့် email ပို့နိုင်သော်လည်း အဆိုပါ ပို့သူအား သင်၏ email address ကို မည်သည့်နည်းနှင့်မှ သိရှိစေမည် မဟုတ်ပေ။ အကယ်၍ ဖိုရမ် အက်ဒမင်မှ Register လုပ်ရာတွင် email verification စနစ်အား ထည့်သွင်းပါက သင်၏ register လုပ်ရာတွင် အသုံးပြုသော email သည် လက်ရှိအသုံးပြုနေသော email ဖြစ်မှသာလျှင် သင်၏ account အား email တွင်ပါဝင်သည့် Link အား Click လုပ်ခြင်းဖြင့် Account Activation ပြုလုပ်နိုင်မည်ဖြစ်သည်။

ဤဖိုရမ်တွင် Cookies စနစ်အား အသုံးပြုပါသလား။ ?
ဤဖိုရမ်တွင် cookies စနစ်ကို အသုံးပြုထားပါသည်။ ထိုသို့ အသုံးပြုခြင်းမှာလည်း သမားရိုးကျ နည်းလမ်းတစ်ခုသာ ဖြစ်ပါသည်။ Cookies စနစ်ကို မိမိတို့ ဖိုရမ်တွင် နောက်ဆုံးလာရောက် လည်ပတ်ပြီးသည်မှ စတင်၍ အသစ်ထပ်မံပို့ထားသော ပို့စ်များ ၊ သရက်ဒ်များကို ညွှန်ပြရာတွင် လည်းကောင်း ၊ ဖိုရမ်သို့ ၀င်ရောက်နေရင်းမှ အကြောင်းကိစ္စတစ်ခုခုကြောင့် အဝေးသို့ထွက်ခွာသွားပြီး ပြန်လည်ရောက်ရှိလာသည့် အခါ ဖိုရမ်တွင် ယခင် ၀င်ရောက်နေဆဲ အနေအထားအတိုင်း အသုံးပြုနိုင်စေရန် ဆောင်ရွက်ထားရာတွင် လည်းကောင်း စသည့် လုပ်ဆောင်ချက်များကို ပြုလုပ်စေရာတွင် အသုံးပြုပါသည်။

ဖိုရမ်သို့ မိမိတို့ စတင် Register လုပ်သည်နှင့် 'Automatically login when you return to the site' ( သင်ဖိုရမ်သို့ ပြန်ဝင်သည်နှင့် အလိုအလျှောက် login လုပ်စေသည် ) ဟူသည့် လုပ်ဆောင်မှုအား ရွေးချယ်မည်လားဟု မေးပါလိမ့်မည်။ အဆိုပါ လုပ်ဆောင်မှုအား ရွေးချယ်လိုက်သည်နှင့် သင်၏ username နှင့် password အား အသုံးပြုနေသော ကွန်ပျူတာရှိ Browser ၏ cookies စနစ်တွင် မှတ်သားလိုက်မည် ဖြစ်သည်။ အကယ်၍ သင်သည် အများနှင့် မျှဝေသုံးစွဲနေသော ကွန်ပျူတာ ( ဥပမာအားဖြင့် အင်တာနက်ကဖေး ၊ ကျောင်း ၊ ရုံး စာကြည့်တိုက် ) များဖြစ်လျှင်သော် လည်းကောင်း ၊ အခြားသူများမှ သင်သုံးစွဲနေသော ကွန်ပျူတာအား လာရောက် သုံးစွဲနိုင်သည်ဟု ယူဆရလျှင်သော် လည်းကောင်း ဤ လုပ်ဆောင်မှုအား မရွေးချယ်ရန် ကျွန်ုပ်တို့မှ သတိပေးအပ်သည်။

ဤဖိုရမ်တွင် မိမိတို့ ဖိုရမ်၌ လည်ပတ်ကြည့်ရှုနေစဉ်အတွင်း မိမိတို့၏ နောက်ဆုံး လုပ်ဆောင်မှုများကို မှတ်သားရန်အတွက်လည်း cookie စနစ်ကို အသုံးပြုပါသည်။အကယ်၍ သင်သည် အဆိုပါ လုပ်ဆောင်မှုကို မရွေးချယ်ပြန်ပါကလည်း အလိုအလျှောက် မှတ်သားထားခြင်း မရှိသည့်အတွက် သင်လုပ်ဆောင်မှု တစ်ခုလုပ်တိုင်း တစ်ခါ မှတ်သားရသည့်အတွက် သင်၏ အင်တာနက် speed ကျဆင်းခြင်း ၊ error များတက်ခြင်း ၊ proxy server များအသုံးပြုသူဖြစ်ပါက ပြဿနာများတက်ခြင်း ၊ တူညီသော proxy တစ်ခုအောက်တွင် မျှဝေသုံးစွဲနေခြင်း တို့ ဖြစ်ပါက သုံးစွဲသူအားလုံး၏ Internet speed တွင် ပြဿနာဖြစ်ခြင်းများ ကြုံတွေ့ရတတ်ပါသည်။ သို့ဖြစ်ရာ အကောင်းဆုံးသော နည်းလမ်းမှာ cookies စနစ်မှ အလိုအလျှောက် လုပ်ဆောင်မှုအား ရွေးချယ်သင့်ပြီး သင်ဖိုရမ်တွင် လည်ပတ် ဖတ်ရှုပြီးစီး၍ ပြန်လည် ထွက်ခွာပါက cookies များကို ပြန်လည် ဖျက်ခဲ့သော စနစ်သည်သာလျှင် အကောင်းဆုံးဖြစ်ကြောင်း သိစေအပ်ပါသည်။

မိမိ Cookie တွေကို ဘယ်လိုပြန်ဖျက်မလဲ။ ?

ဖိုရမ်သို့ ၀င်ရောက်လေ့လာ ဖတ်ရှု ပြီးစီးသည့်အခါ ပြန်ထွက်ပါက မိမိ username အား မဖြစ်မနေ Log out လုပ်သင့်ပါသည်။ ထိုသို့လုပ်ရန်အတွက် ဖိုရမ်မှ သင်၏ cookie ကိုမှတ်ထားခြင်းအား ပြန်ဖျက်ပေးရမည်။ Cookies များကို ဖျက်ရန်အတွက် ဤ Link ကိုနှိပ်ခြင်း ဖြင့် ဖျက်နိုင်သည်။ ပို၍သေချာစေရန် ဖိုရမ် မူလစာမျက်နှာသို့ ပြန်ဝင်ကြည့်ပါ။ ထိုကဲ့သို့ဝင်ကြည့်ပါက သင်၏ username သည် login ဖြစ်နေသေးပါက အောက်ပါအတိုင်း ပြုလုပ်ရမည်ဖြစ်သည် -

Windows XP ၏ Internet Explorer 6 တွင် -
  1. Menu Bar တွင် "Tools" ကိုနှိပ်ပါ။
  2. ပေါ်လာသော Menu list တွင် "Internet Options"ကိုရွေးပါ။
  3. ပေါ်လာသော Menu window ရှိ "General" tab တွင် "Delete Cookies" ဟုရေးထားသော Button ကို နှိပ်ပါ။
  4. ပြီးလျှင် Apply ကိုနှိပ်၍ Ok ပေးပါ။
Mozilla Firefox တွင် -
  1. Menu bar တွင် "Tools" ကို နှိပ်ပါ။
  2. ပေါ်လာသော Menu list တွင် "Clear Private Data" ကို နှိပ်ပါ။
  3. Clear Private Data window ပေါ်လာသည့်အခါ "Cookies" ဟုရေးထားသည့် နေရာတွင် check ( အမှန်ခြစ် ) လုပ်ပါ။
  4. ပြီးလျှင် "Clear Private Data Now" Button အား နှိပ်ပါ။


  5. အထက်ပါနည်းများဖြင့် မိမိတို့ အသုံးပြုခဲ့သော cookies များကို ပြန်ဖျက်နိုင်သည်။ ထိုကဲ့သို့မဖျက်မိပါက အခြားသူများက သင်၏ usernameဖြင့် ၀င်ရောက်ပြောဆိုခြင်း ၊ သင်ပို့ခဲ့သော လျှို့ဝှက် စာတိုများကို ပြန်လည်ဖတ်ရှုနိုင်ခြင်း ၊ သင်၏ အမည်ဖြင့် မသင့်တော်သော ကိစ္စများတွင် ဆောင်ရွက်ခြင်းများကို ခံရမည် ဖြစ်သည်။ သို့ဖြစ်ပါ၍ မိမိတို့ ဖိုရမ်တွင် ၀င်ရောက် လည်ပတ်ပြီးပါက Logout လုပ်ရန် ( သို့မဟုတ် ) Cookies များကို ပြန်ဖျက်ခဲ့ရန် အရေးကြီးပါသည်။

မိမိတို့ Profile ရှိအချက်အလက် များကို ဘယ်လိုပြောင်းလဲ မလဲ။ ?
အသင်းဝင်များသည် မိမိတို့၏ Profile တွင် ဖြည့်စွက်ထားသော အချက်အလက်များကို အစဉ်အမြဲ ပြင်ဆင် ပြောင်းလဲနိုင်သည်။ အသင်းဝင်များသည် မိမိတို့ Register လုပ်စဉ်က အသုံးပြုခဲ့သော username မှလွဲ၍ ကျန်အချက်အလက်အားလုံးကို လွယ်ကူစွာ ပြင်ဆင် ပြောင်းလဲနိုင်သည်။ Username အား ပြောင်းလဲမည်ဆိုပါက အက်ဒမင် တဦးဦးအား ဆက်သွယ်ရမည်ဖြစ်ပြီး ထိုအက်ဒမင်အား သင်၏ username ပြောင်းလဲရခြင်း၏ အကြောင်းရင်းအား သေချာ ပြည့်စုံစွာ ရှင်းလင်းပြောကြားပေးရန် လိုအပ်မည် ဖြစ်သည်။ အက်ဒမင်မှ သင်၏ အကြောင်းပြချက်မှာ ဖြစ်သင့်သည် ၊ ခိုင်လုံသည်ဟု ယူဆရပါက ပြောင်းလဲပေးမည် ဖြစ်သည်။

အသင်းဝင်များသည် မိမိတို့ Profile ရှိ အချက်အလက်များကို အလိုရှိသလို ပြင်ဆင်နိုင်ရန်အတွက် Menu bar ရှိ "User CP" ကို နှိပ်ပြီး ၀င်ရောက် ပြင်ဆင်နိုင်သည်။ ဤနေရာကိုနှိပ်ခြင်း ဖြင့်လည်း သွားရောက် ပြင်ဆင်နိုင်သည်။

Signature ဆိုတာဘာလဲ။ ?
အသင်းဝင်များ ဖိုရမ်သို့ register လုပ်ပြီးသည်မှ စ၍ မိမိတို့၏ Signature များကို ထားရှိနိုင်သည်။ Signature ဆိုသည်မှာ စာသားအတို ( သို့မဟုတ် ) သေးငယ်သော ရုပ်ပုံငယ် ဖြစ်ပြီး ဖိုရမ်တွင် မိမိတို့ တင်သော post , thread တိုင်း၏ အောက်တွင် ဖော်ပြနေမည် ဖြစ်သည်။

အကယ်၍ အက်ဒမင်မှ Signature ထားရှိမှု စနစ်အား ခွင်ပြုထားမည် ဆိုပါက အသင်းဝင်များသည် ၄င်းတို့ တင်သော ပို့စ်တိုင်း၏ အောက်ခြေတွင် signature ထားရှိနိုင်ရန်အတွက် ရွေးချယ်ခွင့် ရှိမည်ဖြစ်သည်။ အသင်းဝင်သည် အချို့ ပို့စ်များတွင် signature မထားရှိလိုပါက ပို့စ်ကို submit မလုပ်မီတွင် 'Show Signature' checkbox ၌ "Unckeck" ( အမှန်ခြစ်ကိုဖယ်ရှားခြင်း ) ပြုလုပ်ခြင်းဖြင့် မိမိ signature မထားရှိလိုသော ပို့စ်များအတွက် လုပ်ဆောင်နိုင်သည်။

အကယ်၍ ပို့စ်တိုင်းအတွက် မထားရှိလိုပါက User CP ရှိ Edit Options အားနှိပ်ပါ။ ပြီးနောက် Thread Display Options တွင် Show Signature နေရာတွင် အမှန်ခြစ်အား ဖယ်ရှားခြင်းဖြင့် ပို့စ်တိုင်း၏ အောက်ခြေတွင် signature ထားရှိခြင်းကို ပယ်ဖျက်နိုင်သည်။

Signature ထားရှိလိုသူများသည် User CP ရှိ Edit Signature ကို နှိပ်ပါ။ ထို့နောက် "Edit Signature" ကွက်လပ်တွင် သင်ထားရှိလိုသည့် စာသားကို မြန်မာလို ( သို့မဟုတ် ) အင်္ဂလိပ်လို နှစ်သက်ရာ ရေးသားနိုင်သည်။ ပုံထည့်သွင်းလိုပါက "Signature Picture " ကွက်လပ်တွင် "Option 2 - Upload Image From Your Computer" ဟူသော နေရာမှ တဆင့် Browse ကိုနှိပ်ပြီး သင်ထားရှိလိုသည့် ပုံငယ်ကို Open ပေးကာ Save Change ကိုနှိပ်ခြင်းဖြင့် ထားရှိနိုင်မည် ဖြစ်သည်။

ဤ စနစ်ကို ထားရှိပြီးပါက ထပ်မံ၍ တင်သော ပို့စ် အသစ်မှ စတင်ပြီး signatur သည် မိမိတင်သော ပို့စ်အောက်တွင် ပါရှိနေမည်ဖြစ်သည်။ ပို့စ်အသစ် မတင်မချင်း signature သည် အသက်ဝင်မည် မဟုတ်ချေ။

Signatur Picture ကွက်လပ်တွင် "Option 1 - Enter the URL to the Image on Another Website" ကိုအသုံးပြုလိုသူများသည် ဤ Link တွင် အသေးစိတ် သွားရောက် ဖတ်ရှုနိုင်သည်။

သင့် Password ကိုမေ့သွားရင် ဘယ်လိုပြန်ပြင်မလဲ။ ?
သင် အသုံးပြုနေကျ Password အားမေ့သွားပါက loging page တွင်ရှိနေသော " Forgotten Your Password " link အား နှိပ်ခြင်းဖြင့် သင်၏ password ကို ပြန်လည် ပြင်ဆင်နိုင်သည်။

Password ကို ပြန်လည် ပြင်ဆင်ရန်အတွက် အထက်ပါ link အား click လုပ်ပြီးသည့်အခါ ပေါ်လာမည့် စာမျက်နှာတွင် သင် register လုပ်ရာ၍ အသုံးပြုခဲ့သော email address အား ဖြည့်သွင်းရမည် ဖြစ်သည်။ ထို့နောက် အဆိုပါ email သို့ဝင်ရောက်ပြီး ဖိုရမ်မှ ပို့လိုက်သော mail အား ဖွင့်ပါ။ထိုမေးလ်တွင် ပါဝင်သော password reset လုပ်ရန် ပေးထားသည့် link ကို နှိပ်ပါက ဖိုရမ် စာမျက်နှာ အသစ်ပွင့်လာပါမည်။ ထိုစာမျက်နှာတွင် သင်၏ password အား သင်မှတ်မိနိုင်သော password ဖြင့် ပြန်လည် ပြင်ဆင်နိုင်သည်။

မိမိတို့ Profile မှာ ကိုယ်ပိုင် သတ်မှတ်ချက်များကို ဘယ်လိုထားနိုင်မလဲ။ ?
အကယ်၍ အက်ဒမင်မှ အသင်းဝင်များအတွက် ကိုယ်ပိုင် အဆင့်သတ်မှတ်ချက်အား ထားရှိခွင့်ပြုခဲ့ပါက အသင်းဝင်များသည် မိမိတို့ အလိုရှိသော ၊ ထားရှိချင်သော သတ်မှတ်ချက် စာတိုများကို Profile တွင်ထားရှိနိုင်မည် ဖြစ်ပြီး အဆိုပါ စာတိုများသည် ၄င်းတို့ တင်သော post များ၌ username ၏ အောက် ၊ avatar ၏ ဘေးတွင် ပေါ်ပေါက်နေမည် ဖြစ်သည်။ သို့ရာတွင် အထက်ပါ စနစ်သည် ဖိုရမ်များ၌ အဆင့်သတ်မှတ်ရာတွင် များစွာ အနှောင့်အယှက်ပေးသည် ဖြစ်သောကြောင့် အက်ဒမင်များမှ ဤစနစ်အား ခွင့်ပြုထားသည် ဟူ၍ မရှိပေ။

မိမိရဲ့ username အောက်မှာ ပုံငယ်လေးတွေ ဘယ်လိုထည့်မလဲ။ ?
မိတ်ဆွေတို့ အနေနဲ့ ဖိုရမ်မှာ အခြား အသင်းဝင်တွေက သူတို့နာမည်အောက်မှာ ပုံငယ်လေးတွေ ထည့်သွင်းထားတာ မြင်ဖူးပါလိမ့်မယ်။ အဲဒီ့ ပုံငယ်လေးတွေကို Avatar လို့ခေါ်ပါတယ်။ Avatar တွေကို အခြေအနေ နှစ်မျိုးကနေ ထည့်သွင်းနိုင်ပါတယ်။ ပထမ တစ်မျိုးကတော့ အက်ဒမင်မှ အသင့်ပေးထားတဲ့ avatar များထဲမှ မိမိ နှစ်သက်ရာကို ရွေးချယ်အသုံးပြုခြင်း ဖြစ်ပြီး ၊ ဒုတိယ တစ်မျိုးကတော့ မိမိတို့ အသုံးပြုနေတဲ့ ကွန်ပျူတာပေါ်မှာ ရှိနေတဲ့ avatar ကို ဖိုရမ်ပေါ်သို့ တင်ပို့ခြင်း တို့ပဲ ဖြစ်ပါတယ်။

အက်ဒမင်က ပေးထားတဲ့ avatar ကိုသုံးမယ်ဆိုရင်တော့ User CP ကို သွားပါ။ ရောက်ရင် Edit Avatar ကိုနှိပ်ပါ။ပြီးရင် "Pre-defined Avatars" မှာ မိမိကြိုက်နှစ်သက်ရာကို ရွေးချယ်ပြီး Save Change ကို နှိပ်လိုက်ရုံပါပဲ။

မိမိတို့ ကွန်ပျူတာပေါ်မှာ ရှိနေတဲ့ avatar ကို အသုံးပြုချင်တယ် ဆိုရင်တော့ "Custom Avatar" မှာ Option-2 ဖြစ်တဲ့ "Upload Image From Your Computer" ကနေ Browse ကိုအသုံးပြုပြီး မိမိအသုံးပြုမယ့် avatar ရှိရာကိုသွားပါ။တွေ့ရင် Open ပေးပြီး "Save Change" ပေးလိုက်ရုံပါပဲ။

Buddy နှင့် Ignore lists ဆိုတာ ဘာတွေလဲ။ ?
Buddy List ဆိုတာကတော့ အသင်းဝင်များဟာ ဖိုရမ်မှ အခြား မိမိနှင့် ခင်မင်ရင်းနှီးသော အသင်းဝင်များကို တနေရာတည်းတွင် စုစည်းထားသော စာရင်း ဖြစ်သည်။ Navigation Bar တွင် ရှိနေသော "Quick Links" မှ "Open Buddy List" ကိုနှိပ်ခြင်းဖြင့် မိမိမိတ်ဆွေများ စာရင်းကို အလွယ်တကူ သွားရောက်နိုင်သည်။

စာရင်းတွင် ရှိနေသော လူများ၏ ဖိုရမ်တွင် online , offline ဖြစ်နေမှု အခြေအနေများကို ကြည့်ရှုနိုင်ပြီး လျှို့ဝှက်စာတို ( Private Message ) များကိုပါ ၄င်းတို့ထံသို့ အလွယ်တကူ ပို့ဆောင်နိုင်သည်။ Buddy List တွင် အခြား မိတ်ဆွေ အသင်းဝင်များကို ထည့်သွင်းထားခြင်းဖြင့် အဆိုပါ ထည့်သွင်းထားသူများထံသို့ Private Message များကို တပြိုင်တည်း ပို့ဆောင်နိုင်မည်လည်း ဖြစ်သည်။

အသင်းဝင်တစ်ယောက်သည် မိမိ၏ Buddy / Ignore Lists သို့ အခြားအသင်းဝင်များ ထည့်သွင်းခြင်းကို ၄င်းတို့၏ Profile များတွင်ကြည့်ရှုပြီး မိမိ list သို့ထည့်သွင်းခြင်းဖြင့် လည်းကောင်း ၊ မိမိထည့်သွင်းချင်သော အသင်းဝင်၏ username ကို copy လုပ်လာပြီး User CP ရှိ Miscellaneous အောက်တွင်ရှိနေသော "Buddy / Ignore Lists" တွင် paste ချပြီး ပေါင်းထည့်ခြင်းဖြင့် လည်းကောင်း ထည့်သွင်းနိုင်သည်။

အသင်းဝင်တစ်ဦးသည် အခြားအသင်းဝင် တစ်ဦးကိုဖြစ်စေ ၊ တစ်ဦးထက် ပိုသူများကိုဖြစ်စေ ၊ ၄င်း၏ "Ignore lists" သို့ ထည့်သွင်းလိုက်ပါက အဆိုပါ စာရင်းတွင် ပါဝင်သူများ ရေးသားသော ပို့စ်များကို မိမိဖတ်ရှုသော Thread များတွင် မြင်တွေ့ရတော့မည် မဟုတ်ပေ။


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 07:17 AM
Inactive Reminders By Icora Web Design