Go Back   မြန်မာမိသားစုဖိုရမ် » အမြဲမေးနေကျ » မြန်မာမိသားစု အသင်းဝင်များအတွက် အလိုအပ်ဆုံး မေးခွန်းများ
မြန်မာလက်ကွက်

ရှာမယ် ရှာမယ်
ရှာချင်တဲ့စာလုံး(များ)ကို:
ဒီပုံစံအတိုင်း:
ဒီနေရာတွေမှာ:

ဖိုရမ်တွင် အလိုရှိသည်များကိုသာ ရွေး၍ ရှာဖွေနိုင်ပါသလား။ ?

အသင်းဝင်များသည် ဖိုရမ်တွင် မိမိတို့ လိုအပ်နေသော ပို့စ်များ ၊ သရက်ဒ်များကို ဖိုရမ်ရှိ Search box တွင် username အားဖြင့်သော်လည်းကောင်း ၊ ရှာလျှင်ထွက်ပေါ်လာမယ့် ပို့စ်တွင် ပါဝင်သော စကားလုံး ၊ စကားစုများ အားဖြင့် သော်လည်းကောင်း မိမိတို့ ရှာဖွေလိုသော အကြောင်းအရာများအား နေ့စွဲအလိုက် ၊ သက်ဆိုင်ရာ ဖိုရမ်ငယ်များအလိုက် စသဖြင့် ရှာဖွေနိုင်သည်။

ဖိုရမ်ရှိ Search Engine အား အသုံးပြုရန်အတွက် ဖိုရမ်စာမျက်နှာတိုင်း၏ အပေါ်ဆုံးတွင် ရှိနေသော Navigation Bar ရှိ " Search " အား နှိပ်၍ ကွက်လပ်တွင် မိမိရှာလိုသော အကြောင်းအရာ ၊ ပို့စ် ၊ သရက်ဒ် များကို ရှာဖွေနိုင်သည်။ အသေးစိတ် စနစ်တကျ ရှာဖွေလိုပါက "Advanced Search" အားအသုံးပြု၍ ရှာဖွေနိုင်သည်။

သို့ရာတွင် အက်ဒမင်မှ ကန့်သတ်ထားသော ဖိုရမ်များ တွင်ရှာဖွေခြင်းကိုမူ ခွင့်ပြုထားသော အသင်းဝင်များသာ Search လုပ်သော စာရင်း၌ ထိုဖိုရမ်များ ပါဝင်မည်ဖြစ်သည်။ ကျန်အသင်းဝင်များအတွက် ပါဝင်မည် မဟုတ်ချေ။


Forum မှတဆင့် အခြားသူများထံသို့ email ပို့နိုင်ပါသလား။ ?

အသင်းဝင်များသည် ဖိုရမ်မှတဆင့် အခြားသော အသင်းဝင်များထံသို့ Via Email စနစ်အား အသုံးပြုကာ email ပေးပို့နိုင်သည်။ ထိုသို့ mail ပို့ရန်အတွက် member list ရှိ email button အား နှိပ်ခြင်းဖြင့် လည်းကောင်း ၊ အဆိုပါ မိမိ email ပို့လိုသော အသင်းဝင် ရေးသားထားသော ပို့စ်တိုင်းတွင် ရှိနေသည့် Email button အား နှိပ်ခြင်းဖြင့်လည်းကောင်း အခြားအသင်းဝင်များထံသို့ email ပေးပို့နိုင်သည်။

Email button အား နှိပ်လိုက်သည်နှင့် email ရိုက်ရန် စာမျက်နှာသို့ ရောက်ရှိသွားမည်ဖြစ်သည်။ ထိုစာမျက်နှာတွင် လိုအပ်သည် များကို ဖြည့်စွက်ခြင်း ၊ မိမိပြောလိုသော အကြောင်းအရာများကို ရိုက်ပြီးပါက "Send Email" button အားနှိပ်လိုက်သည်နှင့် တဖက်အသင်းဝင်ထံသို့ ချက်ချင်း ရောက်ရှိသွားမည် ဖြစ်သည်။ ထိုသို့ email ပို့သည့်အခါတွင် တဖက်မှ လက်ခံသူ၏ email address အား email ပို့သူအသင်းဝင်မှ လုံးဝ သိရှိမည်မဟုတ်ပေ။ Email လက်ခံသူ၏ mail လုံခြုံရေးအတွက် ဖိုရမ်မှ အလိုအလျှောက် ဖုံးကွယ်ထားမည် ဖြစ်သည်။

အကယ်၍ အထက်ပါ Email button အား member list တွင်သော်လည်းကောင်း ၊ ပို့စ်များတွင်သော်လည်းကောင်း မတွေ့ရှိပါက အကြောင်းအရာ နှစ်မျိုးကြောင့်ဖြစ်နိုင်ပေသည်။ ပထမတစ်မျိုးမှာ အက်ဒမင်မှ email system အား အသုံးပြုခွင့် ပိတ်ထား၍ မတွေ့ရှိခြင်းနှင့် အခြားတစ်မျိုးမှာ မိမိ email ပေးပို့လိုသော အသင်းဝင်မှ အခြားအသင်းဝင်များထံမှ email များကိုပါ လက်ခံမည် ဟူသော ရွေးချယ်မှုအား မပြုလုပ်ထား၍ မတွေ့ရှိရခြင်း တို့ဖြစ်ပေသည်။


Private Messaging ဆိုတာဘာလဲ။ ?

Private Messaging ဆိုသည်မှာ ဖိုရမ်အသင်းဝင်အချင်းချင်း ကိုယ်ရေးကိုယ်တာသတင်းစကားများ အပြန်အလှန်ပေးပို့နိုင်ရန် ဖိုရမ်ကြီးကြပ်သူများမှ ခွင့်ပြုထားသော ကိုယ်ပိုင်စာပို့စနစ်တစ်မျိုးဖြစ်သည်။

Private Messages များပေးပို့ခြင်း

Private Message များသည် အီးမေးလ်နှင့် ဆင်တူသော်လည်း ၎င်းသည် မြန်မာမိသားစုဖိုရမ်၌ မှတ်ပုံတင်ထားသော အသင်းဝင်များအချင်းချင်း အသုံးပြုရန်အတွက်သာ ကန့်သတ်ထားသည်။ အသင်းဝင်များသည် မိမိတို့ပို့ချင်သောစာ၌ vB Code များ၊ ရယ်ရွှင်ဖွယ်ပုံလေးများနှင့် ပုံရိပ်များကို ထည်းသွင်းနိုင်သည်။ ထိုစာများသည် မိမိ၏ကိုယ်ပိုင်စာများဖြစ်သောကြောင့် ဖိုရမ်၏စာမျက်နှာများပေါ်၌ မြင်နိုင်မည်မဟုတ်ပေ။

သင်သည် ဤဖိုရမ်မှအသင်းဝင်တစ်ဦးအား private message ပေးပို့ချင်သည်ဆိုပါက သင်၏ User Control Panel စာမျက်နှာရှိ private messaging အပိုင်းမှ 'Send A Private Message' ကိုနှိပ်ခြင်းဖြင့်လည်းကောင်း (သို့မဟုတ်) မိမိပေးပို့လိုသော အသင်းဝင်၏ပို့စ်စာမျက်နှာများရှိ Send Private Message ခလုတ်အားနှိပ်ခြင်းဖြင့်လည်းကောင်း ပေးပို့နိုင်သည်။

စာတစ်စောင်အားပေးပို့သည့်အခါ ထိုစာကိုသင်၏ ပေးပို့ပြီးစာများထားသည့်နေရာ (Send Items folders) တွင် မိတ္တူတစ်စောင်သိမ်းထားရန် ရွေးချယ်ထားနိုင်သည်။

Private Message Folders

ပုံသေအားဖြင့် သင်၏ကိုယ်ပိုင်စာများထားရာနေရာ၌ စာတိုက်ပုံး(Inbox) နှင့် ပို့ပြီးစာများ(Sent Items)ဟူ၍ folder နှစ်ခုအမြဲတမ်းရှိမည်။

စာတိုက်ပုံး Inbox folder တွင် အသစ်လက်ခံရရှိသောစာများရှိပြီး ရရှိပြီးသောစာဟောင်းများကိုလည်း ပြန်လည်ကြည့်ရှုနိုင်သည်။ စာများအားလုံးတွင် သင့်ထံစာပေးပို့သူ၏အမည်၊ ပေးပို့သည့်ရက်စွဲနှင့် ရောက်ရှိသည့် အချိန်ကာလ စသည်တို့ဖော်ပြပါရှိသည်။

ပေးပို့ပြီးစာများသိမ်းဆည်းရာနေရာ Sent Items folder တွင် အခြားအသင်းဝင်များထံသို့ သင်ပေးပို့ပြီးသောစာအားလုံး၏ မိတ္တူများကိုသိမ်းဆည်းရန်နေရာဖြစ်ပြီး နောင်တွင်ကိုးကားရန် မိတ္တူကူးထားစေလိုကြောင်း ကြိုတင်သတ်မှတ်ပေးထားနိုင်သည်။

သင်သည် 'Edit Folders' link ကိုနှိပ်ခြင်းအားဖြင့် မိမိအလိုရှိရာနောင်ထပ် folder များတည်ဆောက်နိုင်ပါသည်။

စာများကိုသိမ်းဆည်းရာ folder များအားလုံးတွင် အလိုရှိရာစာများကိုရွေးချယ်၍ ၎င်းရွေးချယ်ထားသောစာများကို မိမိနှစ်သက်ရာ နေရာများသို့ရွှေ့ခြင်း၊ အပြီးအပိုင်ဖျက်ခြင်း၊ မိမိကွန်ပျူတာအတွင်းသို့ သိမ်းဆည်းခြင်း စသည့်လုပ်ငန်းများကိုဆောင်ရွက်ရန် လုပ်ဆောင်မှုများပါရှိသည်။ မိမိအလိုရှိရာ folder တွင်း၌ရှိသော စာများအား အခြားဖိုရမ်အသင်းဝင်တစ်ဦးထံသို့ တစ်ဆင့်လွှဲပြောင်းပေးနိုင်သည့် ခလုတ်တစ်ခုလည်းပါရှိသည်။

ဖိုရမ်ကြီးကြပ်သူများသည် အသင်းဝင်တိုင်း၏ စာတိုက်ပုံး(Inbox)ထဲရှိ အများဆုံးသိမ်းနိုင်သည့် စာအရေအတွက်အား ကြိုတင်သတ်မှတ်ထားနိုင်သောကြောင့် သင်သည် သင်၏မလိုအပ်တော့သော စာဟောင်းများအား မှန်မှန်ဖျက်ပေးရန်လိုအပ်သည်။ အကယ်၍ သင်၏စာတိုက်ပုံးသည် ကြိုတင်သတ်မှတ်ထားသော စာအရေအတွက်သို့ ရောက်ရှိနေပါက(စာတိုက်ပုံးပြည့်နေပါက) စာဟောင်းအချို့အားမဖျက်မချင်း သင်သည်နောက်ထပ်စာများအား ထပ်မံ၍ပေးပို့(သို့)လက်ခံနိုင်မည်မဟုတ်ချေ။

စာတစ်စောင်အားဖတ်နေစဉ်အတွင်း သင်သည်ထိုစာအား ပြန်စာပေးပို့ခြင်း (သို့မဟုတ်) ဖိုရမ်မှအခြားအသင်းဝင်တစ်ဦးထံသို့ ထိုမူရင်းစာအား တစ်ဆင့်ထပ်မံပေးပို့ခြင်း စသည်တို့လုပ်ဆောင်နိုင်သည်။ ထို့ပြင် သင်၏ရောင်းရင်းမှတ်တမ်းမှ တစ်ဥိးထက်ပိုသော အသင်းဝင်များထံသို့လည်း ထိုစာအား တစ်ပြိုင်တည်းတစ်ဆင့်ပေးပို့နိုင်သည်။

Message Tracking

စာတစ်စောင်အားပေးပို့သည့်အခါ မိမိ၏စာအား အခြားအသင်းဝင်မှဖတ်ရှုကြောင်း အကြောင်းပြန်စာပြန်လည်ပေးပို့ရန် တောင်းဆိုထားနိုင်သည်။ Private Message Tracking စာမျက်နှာအားဝင်ရောက်ကြည့်ရှုခြင်းဖြင့် မိမိစာအားလက်ခံသူမှ ဖတ်သည်၊မဖတ်သည်ကို စစ်ဆေးနိုင်သည်။

ထိုစာမျက်နှာအား မဖတ်ရသေးသောစာများ(unread messages) နှင့် ဖတ်ပြီးစာများ(read message) ဟူ၍ နှစ်ပိုင်းခွဲခြားထားသည်။

မဖတ်ရသေးသောစာများ အပိုင်းတွင် သင် read-receipt request ဖြင့်ပေးပို့ပြီး လက်ခံရရှိသူမှ မဖတ်ရသေးသော စာများအားလုံးကို ဖော်ပြထားသည်။

ဖတ်ပြီးစာများ အပိုင်းတွင် သင် read-receipt request ဖြင့်ပေးပို့ပြီး လက်ခံရရှိသူမှ ဖတ်ပြီးသောစာအားလုံးကို ဖတ်သည့်အချိန်နှင့်တကွ ဖော်ပြထားသည်။

ပေးပို့ထားသောစာများကို ဖတ်၊ မဖတ်ထောက်လှမ်းခြင်းအား အဆုံးသတ်စေလိုပါက မိမိအလိုရှိသောစာကိုရွေးချယ်၍ [end tracking] ခလုတ်အားနှိပ်ပေးရမည်။

သင်သည် စာတစ်စောင်အား အထက်ပါ read-receipt request ဖြင့် လက်ခံရရှိခဲ့ပါက ထိုသို့ပေးပို့သူထံသို့ မိမိထိုစာအားဖတ်ရှုကြောင်း အကြောင်းမပြန်စေဘဲ စာကိုဖွင့်ဖတ်နိုင်သည်။ ထိုသို့ပြုလုပ်ရန်အတွက် ထိုစာအားဖတ်ရှုရန် ယခင်ကကဲ့သို့ စာခေါင်းစဉ်အားမနှိပ်ဘဲ 'deny receipt' link အားနှိပ်ခြင်းဖြင့် ဆောင်ရွက်နိုင်သည်။


Member List ကို ဘယ်လို အသုံးပြုမလဲ။ ?

Member List တွင် ဤဖိုရမ်၌ register လုပ်ထားသော အသင်းဝင် အားလုံးတို့၏ အချက်အလက်များကို ရှာဖွေ တွေ့ရှိနိုင်သည်။

အသင်းဝင်တစ်ဦးသည် Member List အား username များကို အက္ခရာစဉ်အလိုက် စီခြင်းဖြင့်သော် လည်းကောင်း ၊ အသင်းဝင်များ၏ ဖိုရမ်သို့ စတင် register လုပ်သည့် ရက်စွဲအလိုက် သော်လည်းကောင်း ၊ အသင်းဝင် တစ်ဦးစီမှ တင်ပို့ခဲ့သော Post အရေအတွက် အနည်းအများ အလိုက် စီစဉ်ခြင်းဖြင့် သော်လည်းကောင်း ရွေးချယ် ကြည့်ရှုနိုင်သည်။

Member List တွင် Search Function ပါ ပါရှိပြီး ၄င်း function တွင် ပါရှိသည့် အသေးစိတ် အချက်အလက်များ အတိုင်း ရွေးချယ်ကြည့်ရှု နိုင်သည်။


ပြက္ခဒိန်ကို ဘယ်လိုအသုံးပြုမလဲ။ ?

ဖိုရမ်များအတွက် အသုံးပြုသောပြက္ခဒိန်သည် အမျိုးအစားအမျိုးမျိုးဖြစ်နိုင်ပါသည်။ ပြက္ခဒိန်တစ်ခုတွင် သင်ကြည့်ရှုစရာ အဖြစ်အပျက်များပါဝင်နိုင်သကဲ့သို့ မွေးနေ့များကိုလည်း မှတ်တမ်းတင်ထားနိုင်သည်။

ပြက္ခဒိန် တစ်ခုပေါ်ရှိ အဖြစ်အပျက်များကို normal events နှင့် recurring events ဟူ၍ အမျိုးအစားနှစ်မျိုး ခွဲခြားနိုင်သည်။

Normal Events များသည် အဖြစ်အပျက်တစ်ခုစတင်ချိန်မှ ပြီးဆုံးချိန်ကြား ကာလတစ်ခုကို ညွှန်ပြသည်။

Recurring Events သည် မိမိတို့လိုအပ်ချက်များ၊ သတ်မှတ်ချက်များပေါ်မူတည်၍ ထပ်ကာထပ်ကာဖြစ်ပျက်နေသော ကာလအပိုင်းအခြားတစ်ခုဖြစ်သည်။ ဥပမာ လတစ်လ၏ ပထမဆုံးတနင်္လာနေ့တိုင်းတွင် ဖြစ်ပျက်သော ဖြစ်ရပ်တစ်ခုသည် Monthly recurring event အမျိုးအစားတစ်ခုဖြစ်ပြီး သင်္ကြန်ပွဲတော်၊ ခရစ္စမတ်ပွဲတော် စသည်တို့သည် Annual recurring events အမျိုးအစားတွင် ပါဝင်သည်။

ဖိုရမ်ကြီးကြပ်သူများသည် မှတ်ပုံတင်ထားသော အသင်းဝင်များအား ၎င်းတို့ကိုယ်တိုင် ဖြစ်ရပ်များဝင်ရောက်ရေးသားရန် ခွင့်ပြုထားကောင်းထားနိုင်သော်လည်း များသောအားဖြင့် သင်သည် မိမိတစ်ဦးးတည်းသာ မြင်တွေ့ကြည့်ရှုနိုင်သော ကိုယ်ရေးကိုယ်တာဖြစ်ရပ်များကိုသာ ရေးသားနိုင်သည်။

မွေးနေ့များအား ဖိုရမ်ကြီးကြပ်သူများမှ ခွင့်ပြုထားပါက ပြက္ခဒိန်ပေါ်တွင် မြင်တွေ့နိုင်သည်။ သင်သည် သင်၏ profile(ကိုယ်ရေးကိုယ်တာစာမျက်နှာ) တွင် မိမိမွေးနေ့အား ထည့်သွင်းခဲ့ပါက သင်၏မွေးနေ့သည် ပြက္ခဒိန်ပေါ်တွင် အလိုအလျောက် ပြသပြီးဖြစ်လိမ့်မည်။ မှတ်ချက် - သင်သည် Profile ကိုပြင်ဆင်စဉ်က မွေးဖွားသည့်ခုနှစ်အား မဖြည့်ခဲ့ပါက သင်၏အသက်အား ပြက္ခဒိန်ပေါ်၌ ဖော်ပြလိမ့်မည်မဟုတ်ချေ။

သင်၏မွေးနေ့အား ဖြည့်သွင်းခဲ့ပါက သင့်မွေးနေ့ကျရောက်သည့်အခါတိုင်း ဖိုရမ်၏ အဖွင့်စာမျက်နှာ အောက်ခြေရှိ ယနေ့မွေးနေ့ရှင်ကဏ္ဍ၌ သင်၏အမည်အား မြင်တွေ့ရမည်။


Announcements ဆိုတာ ဘာလဲ။ ?
Announcements များသည် အက်ဒမင် ၊ မော်ဒရောတာများမှ အသင်းဝင်များသို့ ပြောကြားလိုသည်များကို ရေးသားထားသော ပို့စ်များပင်ဖြစ်သည်။ သို့ရာတွင် အသင်းသားများသည် Announcements များအား reply ပြုလုပ်နိုင်ခြင်းမရှိချေ။ ကြေညာချက်များနှင့် ပတ်သက်ပြီး ဆွေးနွေးလိုပါက နှစ်သက်ရာ ဖိုရမ်တစ်ခုခုတွင် Thread တစ်ခု အသစ် ဖွင့်၍ ဆွေးနွေးပြောဆိုနိုင်သည်။

Thread တစ်ခုကို ဘယ်လိုအဆင့်သတ်မှတ်ဆန္ဒမဲပေးမလဲ။ ?

အသင်းဝင်များတင်ထားသော Thread စာမျက်နှာများ၏အပေါ်ဘက်တွင် ၎င်းတို့အစပြုထားသော Thread ကိုအဆင့်သတ်မှတ်ပေးရန် ရွေးချယ်နိုင်သော 'rate thread' ဆိုသည့် menu အသေးလေးတစ်ခုကို တွေ့ရပါမည်။ ၎င်းကိုနှိပ်၍ ပေါ်လာသော 'rate this thread' ပေါ်မှ နံပါတ် (၁) မှ (၅) (သို့မဟုတ်) ကြယ်(၁)ပွင့်မှ (၅)ပွင့်စသဖြင့် ရွေးချယ်ပေးခြင်းဖြင့် မိမိ၏ကိုယ်ပိုင်ဆန္ဒဖြင့် အဆင့်သတ်မှတ်ပေးနိုင်ပါသည်။ ကြယ်(၅)ပွင့်သည် စိတ်ကျေနပ်ဖွယ်ရာအကောင်းဆုံး၊ ကြယ်(၁)ပွင့်သည် စိတ်ပျက်စရာအကောင်းဆုံး၊ ကြယ်(၃)ပွင့်သည် အလယ်အလတ်တန်းစသဖြင့် အဆင့်သတ်မှတ်သည်။

သင်ဖတ်ရှုနေသော အသင်းဝင်တစ်ဦး၏ Thread များအား အဆင့်သတ်မှတ်မဲပေးခြင်းသည် မလုပ်မနေရ လုပ်ဆောင်ရမည့် လုပ်ငန်းတစ်ခုမဟုတ်ပါ။ Thread တစ်ခုသည် လက်ဖျားခါလောက်အောင် ကောင်းမွန်သည်ဟု သင်ထင်ပါက ကြယ်(၅)ပွင့်အဆင့် ဆန္ဒမဲပေးနိုင်ပြီး၊ ထို့အတူ Thread တစ်ခုသည် ပြန်ပြောစရာစကားရှာမရအောင် သင့်ကိုစိတ်ပျက်စေပါက ကြယ်(၁)ပွင့်အဆင့် ဆန္ဒမဲပေးနိုင်သည်။

လုံလောက်သောမဲပေးရွေးချယ်မှုကို ပြုလုပ်ပြီးပြီဆိုပါက thread စာရင်းထဲရှိ ၎င်း Thread ၏ခေါင်းစဉ်ဘေးတွင် ကြယ်အစုအဝေးတစ်ခုကို မြင်ရပါမည်။ ထိုကြယ်အရေအတွက်သည် ၎င်း Thread အတွက် အသင်းဝင်များမှ ဆန္ဒပြုမဲပေးထားသော အဆင့်များအားလုံးပေါ်တွင် ပျမ်းမျှယူ၍တွက်ချက်ဖော်ပြထားခြင်းဖြစ်သည်။ Thread များထောင်ချီ၍ရှိနေပြီး ဖတ်စရာ၊ လေ့လာစရာများပြားလှသောဖိုရမ်ထဲသို့ သင်ရောက်ရှိနေသည်ဆိုလျှင် ထိုကဲ့သို့ Thread တစ်ခုကိုမဖတ်မီ ၎င်း၏အဆင့်အတန်းကိုဖော်ပြသော ကြယ်အရေအတွက်ကို မြင်ရခြင်းဖြင့် မည်သည့် Thread သည် အချိန်ကုန်ခံ၍ဖတ်ရှုရန် ထိုက်ထန်ကြောင်း သင်မှန်းဆနိုင်သည်။


လမ်းညွှန်ချက်များ(referrals)ဆိုတာဘာလဲ။ ?

ဖိုရမ်ကြီးကြပ်သူများသည် အသင်းဝင်အသစ်များကို မြန်မာမိသားစုဖိုရမ်သို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်လမ်းညွှန်ခဲ့သူများအား ကျေးဇူးတုံ့ပြန်ရန်အတွက် လမ်းညွှန်ချက်စနစ်ကို ဖန်တီးပေးထားပါသည်။

သင်သည် သင့်အတွက်သီးသန့်သတ်မှတ်ထားသော လမ်းညွှန်စာသားကိုအသုံးပြု၍ မြန်မာမိသားစုဖိုရမ်အား အသင်းဝင်ဦးရေ တိုးတက်များပြားလာစေခြင်းဖြင့် လမ်းညွှန်သူတစ်ယောက်ဖြစ်နိုင်ပါသည်။ လမ်းညွှန်စာသားအဖြစ် သင်အသုံးပြုရမည့်စာသားမှာ -

http://www.myanmarfamily.org/forum/index.php?referrerid=0 ဖြစ်သည်။

တစ်စုံတစ်ဦးသည် သင်မျှဝေပေးသော လမ်းညွှန်စာသားအတိုင်း လိုက်နာဆောင်ရွက်၍ မြန်မာမိသားစုဖိုရမ်၌ အသင်းဝင်အသစ်အဖြစ် မှတ်ပုံတင်သည့်အခါတိုင်း သင်၏လမ်းညွှန်သူအရေအတွက်သည် တစ်ယောက်စီတိုးနေပါလိမ့်မည်။ သင်၏လမ်းညွှန်သူအရေအတွက်အား သင်၏ကိုယ်ရေးအချက်အလက်စာမျက်နှာ Profile တွင် သွားရောက်ကြည့်ရှုနိုင်ပါသည်။

ဖိုရမ်ကြီးကြပ်သူများမှ လမ်းညွှန်သူများအတွက် ကျေးဇူးတုံ့ပြန်မှုများ(ရာထူးတိုးပေးခြင်း၊ သင်တန်းအခမဲ့ပေးခြင်း...စသည်) အား အခါအားလျော်စွာ ထုတ်ပြန်ကြေငြာသွားမည်ဖြစ်ပါသည်။ သို့သော် အသင်းဝင်များအနေဖြင့် မြန်မာမိသားစုဖိုရမ်အား မိတ်ဆက်ရာတွင် တစ်ဘက်သား၏ဆန္ဒအား အယဉ်ကျေးဆုံးတောင်းခံရန်လိုအပ်ပြီး လမ်းညွှန်သူအရေအတွက်တိုးပွားစေရန် ရည်ရွယ်ချက်သက်သက်ဖြင့် မိမိ၏သီးသန့်လမ်းညွှန်စာသားအား တစ်ဖက်သားအား ကြိုတင်အသိမပေးဘဲ အတင်းအကျပ်ပေးပို့ခိုင်းစေခြင်းများအား လုံးဝမပြုလုပ်ရန် တားမြစ်ပါသည်။


Thread တွေကိုပုံစံမျိုးစုံ ကြည့်ရှုနိုင်တယ်ဆိုတာဘာလဲ။ ?
Thread များကိုကြည့်ရှုသောအခါ အောက်ပါပုံစံလေးမျိုးမှ ရွေးချယ်ကြည့်ရှုနိုင်ပါသည်။

  1. Linear Mode (Oldest First) - ဤပုံစံတွင် အဟောင်းဆုံးပို့စ်များကို အဦးဆုံးမြင်တွေ့ရပြီးလျှင် အသစ်ဆုံးပို့စ်များအား နောက်ဆုံးမှအစဉ်အတိုင်း မြင်တွေ့ရပါမည်။ ပို့စ်များစွာကို စာတစ်မျက်နှာဆံ့သရွေ့ တစ်ဆက်တည်း မြင်နေရပါမည်။
  2. Linear Mode (Newest First) - ဤပုံစံတွင် ပို့စ်များစီစဉ်ပုံ ပြောင်းပြန်ဖြစ်သွားသည်မှလွဲ၍ အပေါ်မှပုံစံအတိုင်းအားလုံးတူညီသည်။ ထို့ကြောင့် ဤပုံစံတွင် အသစ်လွင်ဆုံးပို့စ်များအား ရှေးဦးစွာမြင်တွေ့ရမည်ဖြစ်သည်။
  3. Threaded Mode - ဤပုံစံတွင် ပို့စ်တိုင်းအတွက် စာမျက်နှာအပေါ်ပိုင်းတွင် Post Tree List (ဆက်နွယ်လမ်းကြောင်း)တစ်ခု ပြသပေးမည်ဖြစ်ပြီး ပို့စ်ကိုစတင်ရေးသားသူနှင့် ပြန်လည်ပြောကြားသူများ၏ ဆက်သွယ်မှုကို အစဉ်အတိုင်း မြင်တွေ့နိုင်သည်။ ပို့စ်တစ်ခုမှတစ်ခုသို့ ကူးပြောင်းရာတွင် ပို့စ်ခေါင်းစဉ်များအားနှိပ်ခြင်းဖြင့်လည်းကောင်း၊ Post Tree List အောက်ခြေရှိ Pre - Next စသည့် ခလုတ်များအား နှိပ်ခြင်းဖြင့်လည်းကောင်း လုပ်ဆောင်နိုင်သည်။ စာတစ်မျက်နှာတွင် ပို့စ်တစ်ခုကိုသာ ပြသမည်ဖြစ်သည်။
  4. Hybrid Mode - ဤပုံစံသည် Linear နှင့် Threaded ပုံစံနှစ်မျိုးအား ရောနှောအသုံးပြုခြင်းဖြစ်သည်။ စာမျက်နှာအပေါ်ပိုင်းတွင် Threaded ပုံစံအတိုင်း Post Tree List တစ်ခုရှိမည်ဖြစ်ပြီး ပို့စ်များအားပြသရာတွင်မူ Linear ပုံစံအတိုင်း စာတစ်မျက်နှာစာဆံ့သရွေ့ အစဉ်အတိုင်းပြသမည်ဖြစ်သည်။

RSS feed (အသစ်ဖြည့်စွက်ချက်သတင်း) တွေကို ဘယ်မှာရှာတွေ့နိုင်မလဲ။ ?

ဖိုရမ်ကြီးကြပ်သူများသည် ဖိုရမ်မှကြေငြာချက်များ၊ အသစ်ဖြည့်စွက်ချက်သတင်းများ စသည်တို့ကို ဖိုရမ်သို့ဝင်ရောက်ရန်မလိုပဲ သိရှိစေရန်အလို့ငှာ RSS စနစ်ကို ဖန်တီးပေးထားနိုင်ပါသည်။

သတင်းများကို RSS နှင့် RSS v2 ဟုခေါ်သည့် ပုံစံစနစ်နှစ်မျိုးဖြင့် ပံ့ပိုးပေးထားသည်။ စနစ်နှစ်ခုအကြား ကွာခြားချက်များမှာ -

  • RSS 0.91 - ဤသတင်းစနစ်အမျိုးအစားသည် netscape ပေါ်တွင် မူလအခြေခံထားခြင်းဖြစ်ပြီး ဆက်သွယ်ရန် link တစ်ခုနှင့် Thread ခေါင်းစဉ်တို့ကို ပံ့ပိုးပေးသည်။
    http://www.myanmarfamily.org/forum/external.php?type=rss
  • RSS 2.0 - ဤသတင်းစနစ်အမျိုးအစားတွင် Thread သတင်းတစ်ခုရှိ ပထမဆုံးပို့စ်၏ခေါင်းစဉ်၊ ရေးသားသူ၊ ရေးသားသည့်ရက်စွဲ၊ မာတိကာစဉ် စသည်တို့ပါဝင်သည်။
    http://www.myanmarfamily.org/forum/external.php?type=rss2

Yahoo! ရှိ မိမိကိုယ်ပိုင်စာမျက်နှာ (MyYahoo!) ၏ RSS Headlines Module သို့ ဤဖိုရမ်ကိုထည့်သွင်းရန် ဤအရာ ကိုနှိပ်ပါ။ ထုံးစံအားဖြင့် သင်သည် Yahoo ID တစ်ခုရှိရမည်ဖြစ်ပြီး ထို ID ဖြင့် Yahoo သို့ဝင်ရောက်ပြီးဖြစ်ရမည်။ MyYahoo RSS Headlines Module အကြောင်းအသေးစိတ်ကို http://my.yahoo.com/s/rss-faq.html တွင်လေ့လာနိုင်သည်။

သင်သည် ဖိုရမ်မှအပြင်လူများအား ကြည့်ရှုခွင့်ပြုထားသော အထူးသတ်မှတ်ထားသော စာမျက်နှာများကို ကြည့်ရှုလိုသောအခါမျိုးတွင် သင်ကြည့်ရှုမည့် URL စာသားနောက်တွင် ဖိုရမ်နံပါတ်ကို အောက်ပါအတိုင်းပေါင်းထည့် ကြည့်ရှုနိုင်သည်။
http://www.myanmarfamily.org/forum/external.php?type=rss2&forumids=123

အကယ်၍ ဖိုရမ်အများအပြားမှ ဖန်တီးပေးသော content များကိုလိုချင်သောအခါမျိုးတွင် မိမိကြည့်ရှုလိုသော ဖိုရမ်နံပါတ်များအား comma များဖြင့်ခွဲခြား၍ ရိုက်သွင်းပါ။



ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 06:27 PM
Inactive Reminders By Icora Web Design